DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်


နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ခန့် တန်ဖိုးရှိသည့် အမေကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့်  ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။

လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က “ငွေကြေး ကွာဟ
မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် ပေးနေသည့် မဲဆောက်အခြေစိုက် ဌာန ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းနှင့် မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းထားသည်။

ကိုအောင်ထွန်းသည် ၂ဝဝ၆ ခုနှစ် မဲဆောက်အခြေစိုက် DVB ဌာနခွဲ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး Burma VJ အဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

DVB ရဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကွာဟမှုဖြစ်နေတဲ့နေရာဟာ မဲဆောက်ရုံးက အဓိကလို့ DVB ဘုတ်အဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုနေတာတွေဟာ တကယ်အမှန်ပဲလားခင်ဗျ။

“ဒါကဒီလိုပါ။ ဒါရိုက်တာ အပါအဝင် ဘုတ်အဖွဲ့ဝင် ဦးဟန်ညောင်ဝေတို့ ပြောသွားသလိုမျိုး မဲဆောက်မှာ အဓိက
ငွေကွာဟမှုဖြစ်တယ်လို့ ပြောသွားတာတွေ စွပ်စွဲချက်တွေက အပေါ်ယံပါ။ ဒီကိစ္စက မဲဆောက်တင် မဟုတ်ဘဲနဲ့
အော်စလိုက တာဝန်ခံပြီး လက်မှတ်ထိုးထားတဲ့ ကိုခင်မောင်ဝင်းတို့ စသဖြင့် အားလုံးပါဝင်ပတ်သက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စကို မဲဆောက်ရုံးဆိုပြီးတော့မှ ဦးဟန်ညောင်ဝေက မကွဲမပြား ပြောသွားတာရှိပါတယ်။ သူ့စကားကို ပြန်ကြည့် လိုက်ရင်လည်း တာဝန်ရှိသူ ၃ ယောက်ဆိုတာက စီနီယာတွေ မန်နေဂျာတွေ ကျနော် အပါအဝင် ပေါ့လေ အဲဒီ လူတွေကို ဆိုလိုတာလား ဒါမှမဟုတ် အောစလိုမှာရှိတဲ့ ဒီ Network တခုလုံးရဲ့ အကြီးအကဲ တယောက်ဖြစ်တဲ့ တယောက်ကို ဆိုလိုတာလား စသဖြင့် သူတို့က ကွဲကွဲပြားပြား မပြောတဲ့ အချိန်မှာ ကျနော်တို့ကလည်း ဘာမှ
ပြန်မပြောနိုင်ပါဘူး။”

“ဒီကိစ္စ စဖြစ်ကတည်းက လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက သူတို့က ဒီလိုကွာဟမှု ရှိနေတယ်ဆိုတာ
နှုတ်နဲ့ အကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီမှာ စရင်းဇယားတွေ ကိုင်နေရတဲ့လူတွေ ပြုလုပ်ပေးနေရတဲ့
လူတွေကို ဘယ်နေရာတွေမှာ ကွာဟတယ်။ ဘယ်လိုဆိုတာကို တိတိပပ တရားဝင် အီးမေးနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်
ဖြစ် အကြောင်းကြားခဲ့တာ မရှိပါဘူး။”

“ဒီဟာကို နှုတ်နဲ့ပဲပြောလာတော့ ကျနော်တို့က ဒီအပ်ါမှာ ဖြေရှင်းခဲ့ပါတယ်။ သူတို့က ဒီဟာကို ပြေလည်မှု မရှိဘဲနဲ့
နောက်ဆုံး ထိုင်းနိုင်ငံကို ကိုအေးချမ်းနိုင် ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်ထဲကလာတဲ့ သတင်းထောက်တွေ စီမံနေရတဲ့ လူတွေနဲ့ ဒီဟာကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာမှ သေချာ အဖြေမရှာသွားဘဲနဲ့
အောက်တိုဘာ ၁ ရက်နေ့မှာ မီဒီယာ ထုတ်ပြန်ချက်အနေနဲ့ တဘက်သတ် လုပ်လိုက်တဲ့သဘောမျိုးပါ။”

မဲဆောက်ရုံးရဲ့ တာဝန်က ဘာလဲ။ DVB ရဲ့ အဓိက ဘယ် Program အတွက်၊ ဘာတွေ လုပ်ပေးနေရ
တာလဲ။


“မဲဆောက်ရုံးဆိုတာက ပြည်တွင်း Network အားလုံးကို အုပ်ချုပ်နေတဲ့ ဌာနချုပ်နေရာပါ။ နဂိုကတည်းက ပြည်တွင်း
က လာတဲ့သတင်းရုပ်သံ အကြမ်းတွေကို သက်ဆိုင်ရာ တခြားဌာနတွေကို ပို့ပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ကြတော့ ရွှေဝါရောင်လိုကာလမှာ Network မျိုးမှာ ပိုမိုအောင်မြင်လာပြီးတော့ အလုပ်တွေ ပိုအောင်မြင်လာတဲ့ ကာလမှာ။ ကျနော်တို့ကလည်း သတင်းအချောလုပ်ရတဲ့ အနေအထားတွေပါ လုပ်လာရပါတယ်။”

“အခြေခံအားဖြင့်တော့ ကျနော်တို့ဒီမှာကတော့ သတင်းအချော သတင်းရုပ်သံအတွက် ပုံမှန်သတင်းတွေအပြင် Feature  မှတ်တမ်းတွေပါ လုပ်ရပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းထောက်တွေကို သင်တန်းပေးတာမျိုးတွေ
ပြည်တွင်း သတင်းထောက်တွေ လာတဲ့အခါမှာ လာတဲ့အခါမှာ ဆက်ဆံရတဲ့အခါ၊ နိုင်ငံတကာ သတင်းထောက်
တွေ လာတဲ့အခါတွေမှာ ကူညီဆောင်ရွက်ပေးတာမျိုးတွေ လုပ်ငန်းဆောင်တာတွေကတော့ အများကြီးရှိပါတယ်။”

မဲဆောက်ရုံးကို စထောင်တာ ဘယ်တုန်းကလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ။

“၂ဝဝ၆ နှစ်ဆန်းကတည်းက ဒီမှာ ရုံးအနေနဲ့ ရှိခဲ့တာပါ။ လူဦးရေကတော့ ပုံမှန်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ လတ်မှတ်တွေကလည်း မရှိဘူးဆိုတော့ ဒုက္ခသည်စခန်းထဲမှာ သွားနေရတဲ့ အခါမျိုးတွေ၊ ပြည်တွင်း ပြန်ဝင်
နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ ပုံမှန် ပျမ်းမျှအားဖြင့်တော့ ဒီမှာ ၁၅ ယောက်လောက် ရှိပါတယ်။”

မဲဆောက်ရုံးက တာဝန်ခံရတဲ့ ပြည်တွင်း သတင်းထောက် ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လိုတွေလုပ်ကိုင်ရလဲ။

“ပြည်တွင်းမှာ ကျနော်တို့ Network မှာပျမ်းမျှအားဖြင့် လူ ၅၀ ဝန်းကျင်လောက်ရှိတာပေါ့။ စာရင်းဇယား အတိအကျ ကိုတော့ ကျနော်မသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက အမြဲတမ်းအဝင်အထွက်ရှိတယ်။ တချို့တွေက Network အပေါ် အဖွဲ့ဝင်အဖြစ်အနေနဲ့ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေသေးသလို စိတ်ဓါတ်အရ ပါဝင်ကူညီပေးနေ
တဲ့ လူတွေလည်း ရှိပါတယ်။”

“ဒါပေမယ့် အဲဒီမှာ အယောက် ၅ဝ လုံးကတော့ ကင်မရာကိုင်၊ ဘောလ်ပင်၊ စာရွက်ကိုင်ပြီးလုပ်နေတဲ့ သတင်းထောက်တွေ လို့တော့ ပြောလို့မရပါဘူး။ တချို့တွေက သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍတွေကို တာဝန်အသီးသီး ခွဲယူရတာပါ။ တချို့တွေက ဗွီဒီယို ရိုက်ကူးနေတဲ့ အချိန်မှာ တချို့တွေက အင်တာနက်ဆိုင် ကနေပြီးတော့ ဒီဘက်ကို ပြန်တင်ပေးနေတာ၊ တချို့ကလည်း လူကိုယ်တိုင်သယ်ပြီးတော့ ထိုင်းကို လာပို့တာမျိုး၊ သုတေသနတွေရှိတယ်။”

ဒီကဏ္ဍတွေကိုကတော့ ချင်းမိုင်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်တာလား အော်စလိုနဲ့ တိုက်ရိုက် ချိတ်ပြီး လုပ်တာလား။ ဘယ်သူက ဦးဆောင်လုပ်ပေးလဲခင်ဗျ။

“ကျနော်တို့က နဂို Network စတည်ထောင်ကတည်းက နော်ဝေးမှာရှိတဲ့ ထိပ်တန်း အကြီးအကဲတွေ ဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုအေးချမ်းနိုင်နဲ့ အယ်ဒီတာတချို့လောက်ပဲ သိခဲ့တာပါ။ ဒီချင်းမိုင် မှာရှိတဲ့ သတင်းရုံးနဲ့ မဲဆောက်မှာရှိတဲ့ တခြားသတင်းရုံးတွေက လူတွေတောင် ကျနော်တို့ ဒီမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ လောက်
က တိတိပပ သိခဲ့တာမဟုတ်ဘူး။”

အခုကွာဟနေတယ်ဆိုတဲ့ ငွေကြေးတွေဟာ ဘယ်ကာလတုန်းက ဖြစ်တာလဲ။ ဘယ်ကဏ္ဍတွေမှာ
ဖြစ်သွားတာလဲ။ ဘယ်လို စသိတာလဲ။


“ငွေရေးကြေးရေး Report  လုပ်ရတဲ့ အပိုင်းကို ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးက ပြန်တင်တဲ့ အခါမျိုးမှာ အကြမ်းလုပ်တဲ့ လုပ်ငန်းနဲ့ Output ကိုပဲ အစပိုင်းမှာ အကြမ်း လုပ်တဲ့ စရင်းဇယားတွေပဲ ရှိပါတယ်။
နောက်ပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ ရံပုံငွေတွေ ပိုချပေးတဲ့အခါကြတော့ စရင်းဇယားစနစ်က အမြဲတမ်း ဒီအော်စလို
က ဦးခင်မောင်ဝင်းတို့ တောင်းနေတဲ့ ပုံစံ စနစ်တွေက အမြဲတမ်းပြောင်းလဲနေတာ။ သူတို့ Donors တွေကို
ပြန်တင်ပြတဲ့ အခါမျိုးမှာလား ဒါမှမဟုတ် စရင်း ဇယား အသစ်အတွက်လားဆိုတာ ကျနော်တို့ အတိအကျ မသိပါ
ဘူး။”

“ကျနော်တို့ဘက်မှာလည်း ဘယ်သူက ဘာရာထူးနဲ့ ဆိုတာ ခွဲထားတာမရှိပါဘူး။ လုပ်နိုင်တဲ့လူက ပိုလုပ်နေပြီးတော့ မလုပ်နိုင်တဲ့လူတွေက အခါအားလျော်စွာ အပတ်စဉ်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ဘက် ကလည်း နားလည်ပြီးတော့ လူဦးရေ အတိအကျ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဥပမာအားဖြင့် သတင်းထောက်
မောင်ဖြူ၊ မောင်မဲ၊ မောင်နီ စသဖြင့် အဆင်ပြေအောင် စရင်းဇယားမှာ ထည့်လိုက်ပါပေါ့။ လစာကိုလည်း အဆင်ပြေ
အောင်ထည့်လိုက်ပါ စသဖြင့် ဒါတွေက အဲလိုမျိုး တင်ပေးခဲ့တာရှိတယ်။”

“ကျနော်တို့က နဂိုကတည်း က Ground မှာလုပ်နေတဲ့ဟာတွေနဲ့က တူနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက အုပ်စုလိုက် မျှဝေပြီး သုံးနေရတဲ့ အနေအထားတွေရှိပါတယ်။  ၂ဝဝ၉ ၊ ၂ဝ၁ဝ နောက်ပိုင်းမှာ ဒီစနစ်နဲ့ပဲ Network ကကြီးထွားလာတယ်။ ငွေကြေးသုံးစွဲမှုများလာတယ်။ စသဖြင့်ရှိခဲ့ပေမယ့်လည်း အားလုံးသွားနေတဲ့ စနစ်က ဒီပုံစံအတိုင်းပါပဲ။”

“ဒါပေမယ့် ၂ဝ၁၁ နောက်ပိုင်းမှာ စရင်းစဇယားတွေ ကွာဟနေပါတယ်။ စရင်းကိုင်က တွေ့ရှိပါတယ်ဆိုပြီး အကြောင်းကြားလာပြီး ဘက်ဂျက် ဖြတ်တာမျိုး သြဂုတ်လက စလုပ်လာပါတယ်။ စလုပ်လာတဲ့ အခါမျိုးကျတော့ ကျနော်တို့က ဒီဘက်ဂျက်နဲ့ ရှိတဲ့ လူဦးရေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့ဆီက တခုခု တုန့်ပြန်ချက်တောင်းတဲ့အခါမှာ ပြန်လည်ပြောကြားနိုင်ခြင်းမရှိပဲနဲ့ ဦးအေးချမ်းနိုင် ကိုယ်တိုင် ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပြည်တွင်းထဲက သတင်းထောက်တွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ဆက်လုပ်ဖို့ ကိစ္စတချို့ ဆွေးနွေးခဲ့ပါတယ်။”

“သူတို့က စရင်းကိုင်ဘက်က သိတာလို့ နောက်ပိုင်းမှာပြောတယ်။ ဘယ်လိုကွာတာလဲ။ ဘယ်လိုကနေ ရှာဖွေတွေ့
ရှိပြီးတော့ ကွာတာလဲ။ အဲဒီလိုတိတိကျကျ မေးတဲ့အခါအမှာ တိတိကျကျ ခုချိန်ထိကို မရှိသေးပါဘူး။ မရှိတဲ့ အခါကြ
တော့ Ground မှာ လုပ်နေတဲ့လူတွေကရော ဒီဘက်မှာ Network အားလုံးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ သူတွေ ကရော ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။”

ဒီလောက် ငွေကွာဟမှုကြီးကိုဘာဖြစ်လို့ခုမှ သိရတာလဲခင်ဗျ။

“ဒီလိုမျိုးကွာတယ်။ မကွာဘူးဆိုတာက တချို့လုပ်ငန်းတွမှာ ပြည်တွင်းမှာ လုပ်ငန်းကိစ္စအားလုံးကို လူပုဂ္ဂိုလ် တချို့ရဲ့
နိုင်ငံရေးသိက္ခာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေး စသဖြင့် အတိအကျ မပြောနိုင်တာဘဲ ရှိပါတယ်။ အဲဒီအခါမျိုးကျရင် နှုတ်အား
ဖြင့် ဖြစ်စေ စရင်းဇယားနဲ့ Network ဦးဆောင်လှုပ်ရှားနေတဲ့ လူတွေကလည်း ပြောထားတဲ့ဟာတွေရှိပါတယ်။”

“ဒါကိုစရင်းဇယားမှာ အဆင်ပြေသလိုမျိုး သူတို့ လုံခြုံရေးအရ ထည့်သွင်းလိုက်ရတာတွေ ရှိပါတယ်။ နောက်ပိုင်း
ကြတော့ ဒီစရင်းဇယားတွေကို စစ်ဆေးတဲ့အခါမျိုးကြတော့  ဒါကို နဂိုကတည်းက သိရှိခဲ့တဲ့လူတွေက မသိရှိတော့ ပါဘူး။ ဒါမျိုးက မဖြစ်ခဲ့ပါဘူး။ ပြန်လည်ပြီးတော့ အစဖေါ်ပြီးတော့ တာဝန်ခံမှုမရှိတော့ပဲနဲ့ အဲဒီနေရာတွေကနေ ဆွဲထုတ်လိုက်ပြီးတော့ ကွာတယ်ဆိုပြီး ဖြစ်လာတာပါ။ အဲဒီတော့ သူတို့ ဘယ်လိုကွာသလဲ၊ တွေ့ရှိလဲဆိုတာကတော့ သူတို့ စရင်းကိုင်တွေပဲပြောနိုင်မယ်ထင်ပါတယ်။”

“ကျနော်တို့အနေနဲ့ကတော့ ဒီဟာတွေ ဘယ်လိုသုံးစွဲခဲ့တယ်။ ပြည်တွင်းမှာ သတင်းကိစ္စတွင် မဟုတ်ဘဲနဲ့ သတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းရင်းမြစ်တွေ မှာသုံးစွဲနေတဲ့ ကိစ္စတွေမှာ နှုတ်အားဖြင့် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။”

ဒီအဖြစ်အပျက်က ဘာကြောင့်ဖြစ်သွားရတယ်လို့ ထင်လဲ။

“ဒီစရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ၂ဝဝ၆ ကတည်းက နိုင်ငံတကာ လုပ်ပုံကိုင်ပုံတွေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာက စရင်းဇယားကျွမ်းကျင် ပိုင်နိုင်တဲ့လူ ရှိခဲ့တာမှမဟုတ်ဘဲ။ ကျနော်တို့က မြေအောက်လုပ်ငန်း ဆန်ဆန် သတင်းတွေ ထုတ်လုပ်ရေး ထွက်ရှိရေးအတွက် အလုပ်ဖြစ်ရေးတာ ဦးတည်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစရင်းဇယားတွေက တကယ့် Ground က ပုံစံနဲ့ ကြည့်လိုက်ရင် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူတို့သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။”

“ဒါပေမယ့် ဒီဘက်နှစ်ကာလမှာ ဒီ Network တွေကို အော်စလိုကလူတွေက တိုက်ရိုက်ချုပ်ကိုင် မောင်းနှင်လိုလာတဲ့ အတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေကို ဖယ်ရှားလိုတဲ့အတွက်၊ ငွေရေးကြေးရေးတွေကို အကြောင်းပြပြီးတော့ စွဲဆိုတယ်လို့ပဲ ကျနော်က မြင်ပါတယ်။”

ဒါဆိုရင် ပြည်တွင်း Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မဲဆောက်က အဖွဲ့တွေဟာ လုံးဝ ရပ်ဆိုင်း လိုက်ပြီ ဆိုတဲ့ သဘောလားခင်ဗျ။

“စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အားလုံးသဘောတူဆန္ဒနဲ့ DVB နဲ့ဆက်လုပ်နိုင်မယ့် အနေအထား မရှိတော့
ဘူး။ ကိုအေးချမ်းနိုင်လာတုန်းက ကျနော်တို့က တခြားနည်းလမ်းနဲ့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းရှိရင် လုပ်မယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတဲ့အတွက် ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။”

“တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် DVB နဲ့ဆက်ပြီးလုပ်ကိုင်သူတွေရှိပါတယ် အများစုကတော့ ၉ဝ ရာခိုင်နှုန်းကတော့ ကျနော်တို့လိုပါပဲ။ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့ကြီးတခုလုံး ဆက်လက်ရပ်တည် လှုပ်ရှားနိုင်အောင် လမ်းစဉ်တွေကို ကျနော်တို့ ရှာနေတာပါ။”

“ကျနော်တို့အနေနဲ့ နှုတ်ကတိတွေနဲ့ သဘောတူခဲ့တဲ့ ကိုခင်မောင်ဝင်းတို့ အနေနဲ့လည်း ဒီလိုအချိန်မှာ တာဝန်ကနေ ယာယီနှုတ်ထွက်ပြီးရှောင်သွားတဲ့ဟာကလည်း ကျနော်တို့အပေါ်မှာတာဝန်မဲ့ရာ ကျပါတယ်။”

ဒီကိစ္စနဲ့ ပါတ်သက်ပြီး တရားရုံး တင်မယ်ဆိုတော့ ဒါနဲ့ပါတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

“ဒီကိစ္စတွေစဖြစ်ကတည်းက တာဝန်ရှိတဲ့ အော်စလိုက အုပ်ချုပ်သူက ဒါတွေက လူတဦးတယောက်တည်းပေါ်မှာ ပုံချလို့ရတာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အတွင်းမှာ တာဝန်ခံစီစဉ်နေရတဲ့ တာဝန်ခံ မန်နေဂျာတွေကိုလည်း
ခေါ်ယူပြိးတော့ တကယ်သုံးစွဲခြင်း ရှိမရှိ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ စရင်းဇယားတခုတည်းကို ကိုင်တွယ်ပြီး
ပြောမယ်ဆိုရင် မြေအောက်လှုပ်ရှားခဲ့တဲ့ စရင်းဇယားတွေအရ လုပ်ခဲ့တဲ့ တချို့ဟာတွေက တိကျမှုရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူသက်သေပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ Burma VJ မှာ ပါဝင်ခဲ့တဲ့ သူတယောက်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့ အလုပ်နဲ့ လူသက်သေတွေနဲ့ပဲ ပြနိုင်အောင် ကျနော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။”

ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ



w71_03
ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။

ခေါင်းမာသူ

သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှအထိမခံဘူး။ ဒါကြောင့် လူအတော်များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာမဟုတ်ဘူး။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်ချိန်ကစပြီး ဖြည်းဖြည်းချင်း လျော့ချသွားတာပေါ့တို့ ၊ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့အသံတွေ ကျယ်လောင်လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ'ယိမ်းကတဲ့ထဲ ၀င်မပါဘူး'ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။တကယ်လည်း ဘာမှမရေးခဲ့ဘူး။ ကိုယ့်မူအတိုင်းရပ်ခဲ့တယ်။

သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ

သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေးသမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ်ပေးတာဖြစ်တယ်။ ပါတီကို အမြဲနာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လုပ် နိုင်တယ်။ ပါတီထဲမှာရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေးပါတီတိုင်း ချမှတ်ထားရမြဲ စည်းကမ်းဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေလုပ် ကုန်ကြမှာပေါ့။
အတွင်းစိတ်က သတ်မှတ်တာ

သတင်းသမားမူဆိုတာက ပါတီအဖွဲ့အစည်းတစ်ခုက ချမှတ်တာမဟုတ်ဘူး။ ဘယ်ပြင်ပပုဂ္ဂိုလ်ကမှ ညွှန်ကြားတာလည်းမဟုတ်ဘူး။ သတင်းသမားကိုယ်တိုင်ရဲ့အတွင်း အဇ္ဈတ္တစိတ်ကလေးက သတ်မှတ်တာဖြစ်တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက်ပေးတယ်။ သူ့အတွက် အမှားအမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသားမှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တစိတ်ကလေးက ဖန်တီးပေးလိုက်တဲ့အတိုင်း လိုက်ပါလုပ် ဆောင်နေကြရတာ ဖြစ်တယ်။

ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်

သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှမနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကိုမှလည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဋ္ဌာန်းသတ်မှတ်လိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ  နာခံစရာမလိုဘူး။ ဘယ်သူ့မျက်နှာမှလည်း ထောက်စရာမလိုဘူး။ ရေးစ ရာရှိရင် ရဲရဲရေးပြီးပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသားပြောရမယ်။

ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ  . . .
ဘယ်အာဏာရှင်မှမကြိုက်

သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင်စနစ်ကိုလည်း မထောက်ခံ ဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိ တိမေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်းဖြေလိုက်ပါမယ်။ ကွန်မြူနစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေသွေး စုပ်မခံရအောင် အကာအကွယ်ပေးတဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆတွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲဖြစ်တယ်။
စောင့်ကြည့်ဆဲ

ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံခဲ့သလို သူ့ကိုဆက်ခံတဲ့ အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံဘူး ဆိုတာလည်း သတင်း မီဒီယာတွေကတစ်ဆင့် အတိအလင်းပြောခဲ့တယ်။  ဦးသိန်းစိန်အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲရှိသေးတယ်။
ပထမဆုံးမိန့်ခွန်း

သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလား သူအားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာဆောင်တယ်လို့ ချက်ချင်းစိတ်ထဲမှာ မှတ်သားထား လိုက်တယ်။

ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့
အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူတာတွေအသာထားပြီး တူတာတွေပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်း ချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပရောက်သွားသူတွေ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေထဲက တစ်ယောက်ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ပြောခဲ့တယ်။

တိုးတက်မှုလို့ ပြောနိုင်
အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲမြင်တွေ့လိုက်ရတော့ ပြည်သူတွေအားလုံး အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့မနက်ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့အထိဖြစ်သွားတယ်။ ပြည် သူအားလုံး ၀မ်းသာကြိုဆိုကြတယ်။
အရှိကိုအရှိအတိုင်း
အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ဦးဝင်းတင်ရဲ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါးကို ဖော်ပြခွင့်ရလာတယ်။ ဒါတွေ အားလုံးဟာ လွန်ခဲ့တဲ့ခြောက်လကျော် ကအိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်းဖြစ်တယ်။ သတင်းသမားဆိုတာ အရှိကိုအရှိ အတိုင်းတင်ပြရတယ်။ ဒါတွေဟာ လက်တွေ့မြင်တွေ့နေရတဲ့ အရှိတရားတွေဖြစ်ပြီး အကောင်းဘက်ကိုဦး တည်နေကြတယ်။
အနှုတ်လက္ခဏာဆောင်တာတွေ

အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

အကဲခတ်ဆဲ
ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီအရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေကြပုံရတယ်။ အကဲ ခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အနှစ် နှစ်ဆယ်လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေက ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲလာတယ်ဆိုတာ သံသယဖြစ်မှာပဲ။ ဒါ သဘာဝကျတယ်ဆို တာကို တစ်ဖက်က နားလည်ပေးသင့်တယ်။ အလားတူပဲ သမ္မတဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းလာပေမယ့် သူတို့ရဲ့ မူလဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက်ထားကြရမယ်။
သံသယစိတ်နဲ့
ဦးသိန်းစိန်ကိုယ်တိုင်က အရင် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။ စစ်တပ်များရဲ့ သဘောသဘာဝကိုလည်း နားလည်ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကိုအဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုးမဆို လုံခြုံရေး မျက်စိနဲ့ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလားဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေးစမ်းသပ်တယ်။ ရာနှုန်းပြည့်စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါ သူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်းခံရမှာဖြစ်တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက်နေထိုင်ပြီး ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့မရဘူးဆိုတာ အခုမှ နားလည်စပြုလာချိန်ဖြစ်တယ်။
ထိလွယ် ရှလွယ်
ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာဖြစ်တယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွးမှုကို အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ် မွေ့တဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားနိုင်သလို ရုတ်တရက်ချက်ချင်း အဆိုးဘက်ရောက်ပြီး ဒုံရင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက်စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာထား ပြီးဆောင်ရွက်ကြဖို့လိုတယ်။ ဒုံရင်းပြန်ရောက်သွားရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်တယ်။
ခဏစောင့်ကြည့်
ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက်နိုင်တာကလည်း ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစားနေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှတစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ်တွေ့ရုံနဲ့ 'ဟပ်ချလောင်း'ဆိုပြီး ချက်ချင်းပြောင်းမသွားနိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့်သင့်တယ်။

ခဏကြီး၊ ခဏလေး

ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကိုပြောတာမဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာလွန်းပြီး ခါးသီးလှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုးကြည့်နိုင်တယ်။ (၁) ထောင်ထဲကလူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့ စံ။

နှစ်ချက်စလုံးဆောင်ရွက်ဆဲ

ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်က ထောက်ခံထားပြီးဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်များကပါ ထောက်ခံတယ်။ တပ်မတော်သားဆိုတာ အထက်အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရတာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ်ဆိုတာဟာ တပ်မတော်တစ်ခုလုံးက ထောက်ခံတယ်လို့ပဲ မှတ်ယူနိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစံ လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။

နည်းနည်းအချိန်ပေးပါ

ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက်နှစ်ချက်စလုံးကို ငြင်းပယ်မယ်ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များ ကြိုဆို

we7110a
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးက ပြည်သူ လူထုရဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေ ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို မှာကြားလိုက်တယ်လို့  နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ တော့ ပြည်သူရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျွန်မဒါကို ကြိုဆိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
we7110b
ဦးတင်ဦး (ဒုတိယဥက္ကဌ၊ NLD)
ထို့အပြင် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း “အခုလို သမ္မတကြီး ကိုယ်တိုင်ကနေပြီး တော့ သူ့သက်တမ်းအတွင်းမှာ ဒါကို မလုပ်တော့ဘူး၊ ရပ်ဆိုင်းလိုက်တယ် ဆိုတဲ့အတွက် အင်မတန်မှ နှစ်ထောင်းအားရ ၀မ်းသာဝမ်းမြောက်ပါတယ်။ ဒါတင်မကဘူး နောင်လာမယ့် သမ္မတ အဆက်ဆက် ဧရာဝတီမြစ်ကြီးရဲ့ သဘာဝအလျောက် ဆင်းသက်ရာ ဆင်းသက်ကြောင်း အားလုံး ပြေပြေလည်လည် ဖြစ်အောင် စိတ်ချရအောင် သူ့သမ္မတသက်တမ်းတင် မဟုတ်ဘဲ နောင်အဆက်ဆက်မှာလည်း ဧရာဝတီ မြစ်ကြီးကို ရှင်သန်အောင် ထားပါဆိုတဲ့ သဘောထားရှိပါတယ်။ သူတို့ကလည်း သူတို့အကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့အကျိုးကျေးဇူးကို လုပ်ရမှာပါပဲ။  သမ္မတကြီးက ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်တာပဲ။ ကြွေးကြော်သံလည်း ရှိတာပဲ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူ့တို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် စသည်ဖြင့် ရှိတာပဲ။ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ မီဒီယာလောကရော ရေးသားနေကြတဲ့ အတိုင်းအတာအားလုံးကိုရော ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားရမယ်၊ အိမ်နီးနားချင်းကောင်းဆိုတာ ပီသရပါမယ်။ ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင် အချိန်မရွေး အိမ်နီးချင်းကောင်း ပီသပါမယ်၊ ချစ်ကြည်မှု မပျက်ပါဘူး။ ဒါပဲ။ သို့သော်လည်း ပဲ အကျိုးအမြတ် ကြည့်တဲ့နေရာမှာ ဒီ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ရှိတဲ့ တိုင်းရင်းသား အားလုံးတွေနဲ့ ပြည်သူ ပြည်သားတွေရဲ့ဆန္ဒကို သူတို့ လေးစားထိုက်တယ်ပေါ့ဗျာ”ဟု ပြောကြားခဲ့သည်။
“တကယ်လို့ အိမ်နီးနားချင်းကောင်း အနေနဲ့ ကျွန်တော်တို့နိုင်ငံကို တကယ်ချစ်မြတ်နိုး လေးစားတယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုတွေကို လေးစားဖို့လိုတယ်။ အစိုးရချင်းက အစိုးရချင်း တစ်ပိုင်းထား၊ အမှန်က တရုတ်ပြည်သူလူထုနဲ့ မြန်မာပြည်သူလူထု ဒီဟာနဲ့ပတ်သက်တာ အားလုံးကို ချစ်ကြည်ရေး မပျက် နေသွားကြမယ်ဆိုတာက အမြဲတမ်းရည်မှန်းထားတဲ့ ကျွန်တော်တို့ရဲ့ အခြေခံ နိုင်ငံခြားရေး သဘောထားပဲ။ တရုတ်ပြည်ကို ချစ်မြတ်နိုး လေးစားပါတယ်။ အိမ်နီးနားချင်းကောင်း ပီသပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူး ကြည့်တဲ့အခါ ကိုယ့်နိုင်ငံရဲ့အကျိုးကျေးဇူးကို အဓိကကြည့်ရမယ့်သူ အနေနဲ့ကတော့  ဒီနိုင်ငံမှာ သမ္မတကြီးရဲ့ဆုံးဖြတ်ချက်က မှန်တယ်ပဲ ပြောရမှာပဲ။ ကျန်တာတွေနဲ့ ပတ်သက်တာ အားလုံးကို ညှိကြ ပြုကြ၊ ဒါပဲပေါ့။ ကျွန်တော်တို့ကတော့ ချစ်ကြည်ရေးစကားပဲ ပြောကြရမှာပေါ့။ ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးကြရမှာပေါ့ဗျာ။ သူတို့လည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အပေါ်မှာ တိုးတက်ကောင်းမွန် ကြီးပွားချမ်းသာတာ လိုချင်တယ်ဆိုရင် သူတို့လည်းပဲ မျှတညှိနှိုင်းပြောဆို ဆောင်ရွက်ကြရမှာပဲ။ အခြားအခြားသော လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိပါ သေးတယ်။ ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် မြန်မာတစ်ပြည်လုံးမှာ လုပ်စရာအများကြီးပါ။ တကယ် စေတနာမှန်နဲ့ လုပ်မယ်ဆိုရင် အခြားမထိခိုက်နိုင်ဘဲ လုပ်စရာတွေ အများကြီးပါ။ လုပ်စရာရှိတဲ့အထဲမှာ လုပ်ကြကိုင်ကြ ဆွေးနွေးကြပေါ့ဗျ” ဟု  ၎င်းကပင် ဆက်လက်ပြောကြားခဲ့သည်။
we7110c
ဦးဝင်းတင်(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ NLD)
NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် ကလည်း “ကျွန်တော်ပြောချင်တာ က ဦးသိန်းစိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အသံ၊ ပြည်သူ့ စကားကို နားထောင်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဦးသိန်းစိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့ရဲ့ထောက်ခံမှု၊ ပြည်သူတွေ လိုလားတဲ့ဆန္ဒတွေနဲ့ အပြည့်အ၀ ဆက်စပ်နေတယ်လို့ ပြောချင်ပါတယ်။ ဦးသိန်းစိန်အစိုးရ ရဲ့ဆုံးဖြတ်ချက်ကို သူတို့ကပေါ့ပေါ့လေးလည်း မတွေးစေချင်ကြဘူး။ ဒါဟာ အတွင်းမှာ ဖြစ်နေတဲ့ပြဿနာ မဟုတ်ဘဲ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်နေတဲ့ ပြဿနာမို့လို့ပါ။ ဒုတိယအချက် ပြောချင်တာက တရုတ်ကိစ္စ တရုတ်အစိုးရအနေနဲ့က ၀င်ပြီးတော့ ရပ်တည်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို မှတ်မိတဲ့ ပုံသဏ္ဍာန်နဲ့တောင် တစ်မျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေ ဘယ်လောက် ပြဿနာကြီးမားသလဲ ဆိုတာ ပြောကြတယ်။ တရုတ်ပြည်က သူတို့ဝင်လာတယ်ဆိုရင် သူတို့ကုမ္ပဏီက လူတွေပဲသွင်းလာတယ်။ မြန်မာပြည်က အလုပ်သမားတွေက ဘာမှသုံးခြင်းပြုခြင်း မရှိဘူး။  နောက်ပြီး ယနေ့ကမ္ဘာမှာ လူတိုင်းသိနေတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါဘာလဲဆိုတော့ Transfer of Technology  ပေါ့ဗျာ။ သူတို့ရဲ့နည်းပညာ လွှဲပြောင်းပေးတယ်။ လုပ်ငန်းတစ်ခုလုပ်တယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းများရဲ့ ကျင့်ဝတ်တစ်ခုပဲဗျ”ဟုလည်း ပြောပြခဲ့သည်။
ဆက်လက်၍ ဦးဝင်းတင်က “နောက်တစ်ခုက တရုတ်အစိုးရက ပြည်သူလူထု လုံးဝမလုပ်ချင်တဲ့ စီမံကိန်းတစ်ခု ရပ်စဲသွားတယ်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ရပ်တည်လာမယ်။ ပြောဆိုလာမယ်ဆိုရင်တော့ ကျွန်တော်တို့က နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတော့ ကျွန်တော်တို့က တရုတ်အစိုးရကို ကန့်ကွက်ရုံပဲ ရှိတော့မှာပေါ့။ ဒီအစိုးရကို ကန့်ကွက်စရာ မလိုတော့ဘူး။ ဒီစီမံကိန်း ကိုဆက်လုပ်ဖို့ တိုက်တွန်းနေမယ် ဆိုရင် တိုက်တွန်းတဲ့သူကိုပဲ ကန့်ကွက်ရတော့မှာပေါ့။ တရုတ်နိုင်ငံဆိုတာ ကျွန်တော်တို့ အိမ်နားနီးချင်းနိုင်ငံပါ။ အိမ်နားနီးချင်းနိုင်ငံဆိုတာက ပြောင်းလဲလို့မရဘူး။ ကျွန်တော်တို့ မြန်မာပြည်ကို အမေရိကားနားကို ရွှေ့ထားကြည့်ပါလား။ သူတို့ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ က တရုတ်အစိုးရနဲ့ ပတ်သက်လာရင် အမြဲတမ်း ချစ်ကြည်ရင်းနှီးစွာနဲ့ နှစ်နိုင်ငံ အမြဲတမ်း ပြည်သူများရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့ နည်းနဲ့ဆွဲဆောင်မယ်ဆိုတဲ့ သဘောထားက နှစ်ပေါင်းများစွာ ရှိခဲ့ပါတယ်။ သို့သော် အဲဒီရှိနေတဲ့ဟာက နှစ်နိုင်ငံ အကျိုးစီးပွားကို မထိခိုက်တဲ့နည်းနဲ့ အကျိုးဖြစ်ထွန်းစေတဲ့ နည်းနဲ့ရှိမှသာလျှင် ဒီသဘောထားက တည်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်တရုတ် အစိုးရအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံး ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်း အစား အခြားသောနည်းလမ်းနဲ့ ၀ယ်ယူရရှိနိုင်အောင် နည်းလမ်းတွေ ရှာသင့်တယ်။ နှစ်နိုင်ငံ အကျိုးစီးပွားကို မထိခိုက်စေတဲ့နည်းနဲ့သာ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့၊ အဲဒီစီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ရပ်တည်ပေးဖို့ လိုလိမ့်မယ်။ အဲဒါမှ နှစ် ပေါင်းများစွာရှိခဲ့တဲ့ ဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်စေမှာပါ”ဟု ပြောပြခဲ့ပါသည်။
we7110d
ဦးဥာဏ်ဝင်း (NLD ပြောရေးဆိုခွင့်ရှိသူ)
NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “မြစ်ဆုံကိစ္စ သမ္မတကြီးရဲ့သ၀ဏ်လွှာကို ဖတ်ပြီးတော့ ရန်ကုန်ကို သတင်းရောက်တဲ့ အချိန် ကျွန်တော်တို့က တိုတိုလေးပဲ သိရတာ။ အရှည်ကတော့ ဒီနေ့မှ သိရတာ။ အတိုသိကတည်းက ကျွန်တော်ပြောတယ်။ ဒီဥစ္စာမြစ်ဆုံ စီမံကိန်းကို ပယ်ဖျက်တာ မဟုတ်ဘူး။ ရပ်ဆိုင်းတာ။ ဒီအစိုးရ လက်ထက်ရပ်တယ် ဆိုတာလည်း ဒီနေ့ မနက်မှသိရတာ။ ရပ်ဆိုင်းပြီးတော့ ဒါတွေက ဆက်ဆွေးနွေးရမှာ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီပန်ကြားချက်နဲ့ ကွက်တိပဲလို့ ကျွန်တော်က အဲဒီထဲကပြောတာ။ ဒီဥစ္စာက ပြန်လည်သုံးသပ်ဖို့ လိုတယ်။ သုံးသပ်တယ်ဆိုတာ ဖျက်တာလည်း ဖြစ်ရင်ဖြစ်မယ်။ လျော့တာလည်း ဖြစ်ရင်ဖြစ်မယ်။ အမျိုးမျိုး ဖြစ်မှာပေါ့။ ဒီဥစ္စာက ပညာရှင်တွေနဲ့ လုပ်ရမယ့်ကိစ္စပါ။ သူရဲ့ဧရာဝတီ ပန်ကြားချက်ကလည်း ဒါကိုပြော တာ။ ကျွန်တော်လည်း အခုလို အစကတည်းက မြင်ပါတယ်။ လာဘ်ပေး လာဘ်ယူကိစ္စပြောရရင် လာဘ်ပေး လာဘ်ယူဆိုတာ ယူတာတင်မဟုတ်ဘူး။ ပေးတာလည်း အပြစ်ရှိတယ်။ ဒါနိုင်ငံတကာ ဥပဒေမှာလည်း ဒီလိုပဲ။ လာဘ်ပေးပြီးလုပ်တယ်လို့ အခြေအနေတစ်ရပ်ပေါ်ရင် ဒီပဋိညာဉ်က ပျက်သွားမှာ။ ဘာပေါ်လာမလဲတော့ မသိဘူး။ ဒီလိုမျိုးပေါ်လာရင် တာဝန်ပိုင်းတွေ အကုန်ပျက်သွားမှာ” ဟု ပြောကြားခဲ့သည်။
we7110e
ဦးစိုးဝင်း (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် NLD)
ထို့ပြင်NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နှင့် လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်ဦးစိုးဝင်း ကလည်း “မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ရပ်ဆိုင်းထားမယ်ဆိုပြီး ပြည်သူတို့ရဲ့ဆန္ဒ၊ ပြည်သူတို့ရဲ့ စိုးရိမ်ပူပန်မှုများကို အလေးပေး ဖြေရှင်းဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီကိစ္စကြီးပေါ်မှာ တစ်စိုက်မတ်မတ် ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြသူ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ ပန်ကြားခဲ့သလိုပါပဲ၊ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း နှစ်နိုင်ငံချစ် ကြည်ရေး၊ ဧရာဝတီကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်အသွယ်သွယ်မှ ကာကွယ်ရေးနဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံက တိုင်းရင်းသား ညီအစ်ကို မောင်နှမများရဲ့ သွေးစည်းညီညွတ်ရေးတို့ကို အလေးပေး တန်ဖိုးထားပြီး ညှိနှိုင်း လုပ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်မြန်မာ ကုန်တိုက် အတွင်းရှိ ဆိုင်ခန်းများကို သော့ဖျက် ရိုက်ဖွင့်


အစိုးရက လေလံတင် ရောင်းချ လိုက်ပြီးနောက် အငြင်းပွားမှုများ ဖြစ်ပွားနေသော ပြည်မြန်မာ ကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းတွင် ရဲများနှင့် အာဏာပိုင်များက သော့များ ရိုက်ချိုးပြီး ဖွင့်လှစ် လိုက်သည်ကို တွေ့ရသည်။

အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၂ နာရီမှ စတင်ပြီး ပြည်မြန်မာ ကုန်တိုက် အတွင်းရှိ ဆိုင်ခန်းများကို နယ်မြေခံရဲများ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ကုန်တိုက် လုံခြုံရေးများ၊ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် လူအင်အား ၂ဝ ကျော်က သော့များ ရိုက်ဖျက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။

" ပိုင်ရှင်တွေက ဆိုင်ခန်းသော့တွေကို မပေးလို့ ရိုက်ဖျက်တာလို့ ကြားတယ်။ ဆိုင်ရှင်တွေက ပစ0x081စည်းတွေ အကုန်သယ်ပြီး ဆိုင်ခန်းတွေကို အာဏာပိုင်တွေက ချိတ်ပိတ်ထားတာလို့ ပြောတယ် " ဟု ပြည်မြန်မာ ကုန်တိုက် အနီးတွင် ဈေးရောင်းချ နေသူ ပျံကျဈေးသည် တစ်ဦးက ရှင်းပြသည်။

ယင်းနေ့ နေ့လယ်ပိုင်းက ပြည်မြန်မာ ကုန်တိုက်အတွင်းရှိ ဆိုင်ခန်းပိုင်ရှင် ၂ဝ ကျော်က ဆန0x081ဒပြခဲ့ ကြပြီး အာဏာပိုင်များက ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ခန်းပိုင်ရှင်များကို ခေါ်ဆောင် သွားခဲ့သည်ဟု ကုန်တိုက်အနီးတွင် နေထိုင်သူ အခိျု့ထံမှ သိရှိရသည်။

ပြည်မြန်မာ ကုန်တိုက် အတွင်းသို့ တစ်ဦးတစ်ယောက်မှ မဝင်နိုင်ရန် သော့များ ခတ်ထားပြီး " နိုင်ငံတော်ပိုင်မြေ ဝင်ရောက် ကျူးကျော်လျှင် ဥပဒေအရ အရေးယူခံရမည် " ဆိုသော အနီရောင် ဆိုင်းဘုတ်များကို ကုန်တိုက်အတွင်း နေရာအနှံ့အပြားတွင် ကပ်ထားသည်။

ပြည်မြန်မာ ကုန်တိုက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ယခုနှစ်အတွင်း လေလံတင် ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချလိုက် ပြီးနောက် ကုန်တိုက်အတွင်း ဝန်ကြီးဌာနမှ ငှားရမ်းထားသော ဆိုင်ခန်းများမှာ ပြောင်းရွှေ့ ပေးလိုက်ရကြောင်း၊ ဆိုင်ခန်းများကို ဝန်ကြီးဌာနမှ မူလငှားရမ်း ထားသူများက တစ်ဆင့်ပြီး တစ်ဆင့်ရောင်းချမှုများ ရှိခဲ့ပြီး ဆိုင်ခန်းများကို တန်ဖိုး သိန်းရာချီ ပေးဝယ်ယူ ထားရသူ အများစု ဖြစ်ကြောင်း၊ ထို့ကြောင့် ဆိုင်ခန်းများ လက်လွတ်ဆုံးရှုံး လိုက်ရချိန်တွင် အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကုန်တိုက်အနီးရှိ ဒေသခံများကို ဆက်လက် မေးမြန်း စုံစမ်းချက်အရ သိရှိရသည်။

ရန်ကုန် မြို့တော်တွင် လူအစည်ကားဆုံး နေရာတစ်ခုတွင် ပါဝင်သည့် လှည်းတန်း လမ်းဆုံရှိ ပြည်မြန်မာ ကုန်တိုက်တွင် ဆိုင်ခန်း ဖွင့်လှစ်ထားသူများ စုပေါင်း၍ အစိုးရဌာန အသီးသီးသို့ အကြောင်းကြားစာများ ပေးပို့ကာ နစ်နာကြေး ပြန်လည်ရရှိရန် တောင်းဆိုထားကြောင်း အငှားဆိုင်ရှင်များက ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့စဉ် The Voice Weekly သို့ ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧပြီ ၃ ရက်နေ့တွင် ဆိုင်ခန်းငှားရမ်းခြင်းကို ရပ်ခဲ့ပြီး မေလ ၃၁ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ပေးရန် နှစ်ပတ်ကြိုတင် အကြောင်းကြားခဲ့ခြင်းကြောင့် အငှားဆိုင်ရှင်များက ယင်းသို့ ပြန်လည် တောင်းဆိုကြခြင်း ဖြစ်သည်။

"အဲဒီတည်းက စောင့်နေတာ ဘာလုပ်ပေးမလဲလို့၊ ကျွန်တော်တို့က ငွေကြေးဖြစ်ဖြစ် နေရာဖြစ်ဖြစ် စီစဉ်ပေးမယ် ထင်ခဲ့တာ ခုတော့ ချက်ချင်း ပြောင်းခိုင်းတယ်၊ သက်ဆိုင်ရာကို စောင့်ဆိုင်းဖို့ စာတင်တော့လဲ စာက ပြန်ကျမလာဘူး" ဟုမြေအောက်ထပ်မှ အငှားဆိုင်ခန်းရှင်အခိျု့က ပြောကြသည်။

ယင်းကုန်တိုက်နှင့် ဝင်းအတွင်းမှ ဆိုင်ခန်းများ အားလုံးအား ဇွန် ၁ရက်နေ့မှ စတင်ချိတ်ပိတ်ထားပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းတွင် ငွေကြေးတတ်နိုင်သူ အခိျု့သာ အခန်းအနည်းငယ် ပြန်လည် ငှားရမ်းနိုင်ပြီး အများစုမှာ ပြန်လည် ငှားရမ်းခြင်း မပြုနိုင်ပဲ ဆိုင်ပိတ်ထားရခြင်း၊ ယင်းအခြေအနေကြောင့် အနီးနားရှိ ဆိုင်ခန်းဈေးများလည်း မြင့်တက်လျက် ရှိခြင်း၊ ယခင်က ဆိုင်ခန်းဆောက်ရာတွင် အငှားဆိုင်ရှင်များ၏ ငွေကြေးဖြင့် ဆောက်သော်လည်း ဖယ်ခိုင်းရာတွင် မည်သည့်ပစ0x081စည်း တစုံတရာမှ ဖြုတ်ယူခွင့် မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အငှားဆိုင်ခန်းရှင်များက ပြောကြားသည်။

အထက်ပါ အကြောင်းရင်းများကြောင့် ဇွန်လ ၂ရက်နေ့ နံနက်တွင် ဆိုင်ခန်းပေါင်း ၆ဝကျော်က အငှားဆိုင်ခန်းရှင်များ သဘောတူ လက်မှတ်ထိုးကာ နေ့လည်၂နာရီတွင် စီးပွားကူးသန်းမှ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် သွားရောက် တွေ့ဆုံလျက်ရှိကြောင်း 0x158င်းတို့ ယာယီဖွဲ့စည်းထားသည့် ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းများ သာယာရေးကော်မတီ အဖွဲ့ဝင်များက ရှင်းပြသည်။

ယင်းကုန်တိုက်အား AA အုပ်စုနှင့် MMRD (Myanmar Marketing Research Development) တို့က လေလံအောင် ခဲ့ကြသည်ဟု အငှားဆိုင်ရှင်များထံမှ သိရသည်။

လေလံအောင်ခဲ့သည့် AA အုပ်စုမှ ဥက0x081ကဌ ဦးမြတ်သင်းအောင်အား ဇွန်၂ရက် နေ့လည်ပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ 'ကျွန်တော်တို့က မသိဘူးလေ၊ အစိုးရဆီက ဝယ်တာလေ၊ လွှဲပေးတဲ့နေ့ ယူရမှာပဲလေ' ဟု ပြန်လည် ဖြေကြားသည်။

ယင်းကိစ0x081စနှင့် ပတ်သတ်၍ ဘားလမ်းတွင် အလုပ်ခန်း ဖွင့်ထားသည့် အထက်တန်း ရှေ့နေတစ်ဦးအား ဆက်သွယ်မေးမြန်းရာ "အစိုးရဆီက ငှားရင် စာချုပ်ရှိမှာပဲ ငှားရမ်းသူအနေနဲ့ နစ်နာကြေး တောင်းခံခွင့် ရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ရောင်းရင် ဖယ်ပေးရမယ် ဆိုတဲ့အချက်ပါရင် လျော်ကြေး တောင်းလို့ မရဘူး၊ နစ်နာတာတွေ တင်ပြပြီး ယာယီအစားထိုး နေရာဖြစ်ဖြစ် လုပ်ပေးဖို့ တောင်းဆိုနိုင်တယ်၊ လူမှုရေး ရှုထောင့်အရပေါ့၊ ဒါမှမဟုတ် လေလံရသွားတဲ့ ကုမ0x081ပဏီကိုလည်း ပြောပြပြီး ညှိနှိုင်းတောင်းဆိုပေါ့၊ ဆိုင်ခန်း အရေအတွက်ရဲ့ တဝက်ပါရင် စာတင်လို့ရပြီ၊ ကျူးကျော်တွေတောင် ဖယ်ရင် နေရာ ပြန်ပေးတာပဲလေ" ဟု 0x158င်းက ဥပဒေ နည်းလမ်းနှင့်အညီ ရှင်းပြသည်။

တောင်းဆိုထားသူ တစ်ဦးဖြစ်သည့် အငှားဆိုင်ခန်းရှင် ဦးစိုးမြင့်အောင်နှင့် အခြား ဆိုင်ခန်းရှင်များက "စာချုပ်ထဲမှာ ဝန်ကြီးဌာနက ရောင်းရင်ဖြစ်ဖြစ် တစ်ခုခု လုပ်ရင်ဖြစ်ဖြစ် ဖယ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ပါပါတယ်၊ ကျွန်တော်တို့က ဆိုင်ခန်း ဆောက်ခဲ့ရတာတွေနဲ့ အခု အလုပ်အကိုင် ပျက်ရတာမျိုး တခြား နစ်နာတာတွေအတွက် တောင်းဆိုတာပါ၊ လေလံအောင်ရင် ဖယ်ပေးရမယ် ဆိုတာတော့ သိပါတယ်" ဟု ပြောဆိုကြသည်။

ယင်း ပြည်မြန်မာ ကုန်တိုက်အဆောက်အဦးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၉၈ ခန်းနေရာများအား ၁၉၉၈ - ၉၉ မှ စတင်ငှားရမ်းထားပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လေလံတင်ခဲ့ခြင်း ဖြစ်ကြောင်း အငှားဆိုင်ခန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားငွေ လဲလှယ်စင်တာများ ဖွင့်လှစ်

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်း တရားဝင် သတ်မှတ်လာခဲ့သည့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေ လဲလှယ်စင်တာများ ယနေ့ ဖွင့်လှစ်လိုက်သည့် ပုဂ0x081ဂလိကဘဏ် ခြောက်ခုတွင် အမေရိကန်ဒေါ်လာ ၂၀၀ဝ အထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားသည်ကို တွေ့ရသည်။နိုင်ငံခြားငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ၊ FEC၊ ယူရိုနှင့် စင်ကာပူဒေါ်လာ လေးမျိုးကို ရောင်းဝယ်နေပြီး လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ဒေါ်လာ ၂၀၀ဝ ပမာဏထက် ပိုပါက ရောင်းဝယ်လိုသည့် အကြောင်းပြချက်ကို ခိုင်လုံစွာ တင်ပြရမည်ဟု တရားဝင် ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။" ဒေါ်လာ ၂၀၀ဝ အထိတော့ မှတ်ပုံတင် ပြပြီး ရောင်းချင်ရောင်း၊ ဝယ်ချင်ရင် ဝယ်။ အဲဒီ ပမာဏထက် များရင်တော့ ဘာကြောင့် ဝယ်ချင်၊ ရောင်းချင်တယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ် " ဟု အစိုးရ တစ်ပိုင်း ပုဂ0x081ဂလိက တစ်ပိုင်း ဘဏ်တစ်ခု၏ နိုင်ငံခြားငွေလဲ ကောင်တာမှ ဝန်ထမ်းတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ယနေ့တွင် အဆိုပါ ကောင်တာများရှိ အီလက်ထရောနစ် သင်ပုန်းများ၌ အမေရိကန် တစ်ဒေါ်လာ ဝယ်ဈေး ၈၃ဝ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ FEC တစ်ယူနစ်လျှင် ဝယ်ဈေး ၈၃ဝ ကျပ်၊ ရောင်းဈေး ၈၃၅ ကျပ်၊ ယူရို တစ်ဒေါ်လာ ဝယ်ဈေး ၁၀၈ဝ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိ၊ စင်ကာပူ တစ်ဒေါ်လာ ဝယ်ဈေး ၆၃၅ ကျပ်၊ ရောင်းဈေး ဖွင့်ထားခြင်း မရှိဖြင့် ဈေးကွက် စတင် ဖွင့်လှစ်ခဲ့ပြီး ရောင်းသူ၊ ဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်ကို တွေ့ရသည်။

ကန့်သတ်ချက်များသည့် တရားဝင် နိုင်ငံခြားငွေလဲကောင်တာ စဖွင့်

ဧရာဝတီ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၆ ခုက နိုင်ငံခြားငွေလဲ ကောင်တာများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကန့်သတ်ချက် များပြားလွန်းနေကြောင်း သိရသည်။

thein-pyi
သိမ်ဖြူ နိုင်ငံခြားငွေလဲစင်တာမှ ကောင်တာတခု မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေး စင်တာ” အမည်ရှိ အဆိုပါ ငွေလဲလှယ်ရာ ဌာနတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော နိုင်ငံခြားငွေ လဲလှယ်သူများစာရင်းကို ပြည်ထဲရေး ၀န်ကြီးဌာနထံ တိုက်ရိုက် အစီရင်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေများကို လဲလှယ်ကြရာတွင် ၀င်ငွေရရှိခဲ့သည့် နည်းလမ်းနှင့် သက်သေခံ လက်မှတ်များ ပြသရန်လည်း စည်းကမ်း သတ်မှတ်ထားသည်ဟု သူက ဆိုသည်။

“ကျပ် သိန်းတထောင်နဲ့အထက် ဒေါ်လာ လာဝယ်တဲ့သူတွေကို မှတ်တမ်းတင်ပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီး ဌာနဆီ သတင်းပို့ရမယ်။ အဓိက ငွေမည်း ခ၀ါချတွေမဖြစ်အောင်ပါ” ဟု နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားသည့် အင်းဝဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံခြားငွေ လာရောင်းဝယ် သူတိုင်း မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူး လက်မှတ် ပြရမည်ဖြစ်ကာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူယူထား၍ ကွန်ပျူတာ စာရင်းသွင်းမည်ဖြစ်ကြောင်း၊ ဒေါ်လာ အရောင်းအ၀ယ် လုပ်သူတိုင်း လက်မှတ်ထိုး ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါငွေလဲစင်တာတွင် FEC၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို လဲလှယ်ရောင်းဝယ်မည်ဖြစ်ပြီး နေ့စဉ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရောင်းဝယ်သွားမည် ဖြစ်ကြောင်း၊ FEC ကို အများပြည်သူအားလုံး ကန့်သတ်ချက် မရှိ လဲလှယ်ရောင်းဝယ်နိုင်ကြောင်း သိရသည်။

ယင်းငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ထားရာ အောက်တိုဘာလ ၂ ရက်နေ့က FECတယူနစ် ၀ယ်ဈေး ၈၃၀ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ အမေရိကန်တဒေါ်လာ ၀ယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ တယူရိုလျှင် ၀ယ်ဈေး ၁၀၈၀ ကျပ်၊ စင်ကာပူတဒေါ်လာလျှင် ၀ယ်ဈေး ၆၃၅ ကျပ် ဖြစ်သည်။

ပုဂ္ဂလိက ဘဏ် ၆ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် တရားမ၀င် နိုင်ငံခြားငွေကြေး ဈေးကွက် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမား များက ပြောသည်

“၀င်ငွေရလမ်း ပြရမှာတို့ဘာတို့ ကန့်သတ်ချက်တွေက ရှိနေတော့ တရားမ၀င်ဈေးကွက်က ဆက်ပြီးရှိနေမှာပါ။ ငွေလဲတဲ့ ဈေးနှုန်းကတော့ တရားဝင်ဈေးကွက်နဲ့ တရားမ၀င်ဈေးကွက် တူလိမ့်မယ်။ တရားဝင်ဈေးကွက်က လွတ်လပ်မှုမရှိတော့ တရားမ၀င် ဈေးကွက်က အများကြီးအားသာ နိုင်တယ်။ ပိုပြီး အလုပ်ဖြစ်နေဦးမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဂုဏ်ပြု


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အတွက် မမှိတ်မသုံ ဆက်လက် ဦးဆောင် လှုပ်ရှားနေမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကြီး Johnannesburg တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
University of Johannesburg
တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ယိုဟန်းနက်စဘတ် တက္ကသိုလ် အဆောက်အဦ။
လူ့အခွင့်အရေးအတွက် မဆုတ်မနစ်တဲ့ လုံ့လနဲ့ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက တက္ကသိုလ်တွေကလည်း အင်မတန် လေးစား စံပြုကြတယ်လို့ တောင်အာဖရိက အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Free Burma Campaign အဖွဲ့ဝင် ကိုမျိုးနိုင်က ပြောပါတယ်။
ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကနေ အင်တာနက် ဗီဒီယိုက တဆင့် တိုက်ရိုက် မိန့်ခွန်းပြောဆိုမှာ ဖြစ်သလို မေးခွန်းတွေကိုလည်း ပြန်လည် ဖြေကြားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခမ်းအနား အစီအစဉ်မှာ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ဗီဒီယို မိန့်ခွန်းကိုလည်း ပြသမှာ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ခမ်းခမ်းနားနား ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အဝေးရောက် ညွန့်ပေါင်း အစိုးရ၀န်ကြီးချုပ် ဦးစိန်ဝင်းက ဂုဏ်ပြုဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။

KIA/Oနှင့် အစိုးရတိုက်ပွဲအတွင်းမှာရိုက်ကူးထားသော (ရုပ်/သံ)


ခလရ ၂၁ မှ ဗိုလ်ကြီးထွန်းထွန်းဝင်း (ကြည်း - ၃၆၈၂၉) 

DVB သူခိုးလက်သူဝှက်လု



ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီးဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီးဂုဏ်သရေရှိရှိဆက်ခိုးကြဘို့သာရှိပေသည်။        

မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလိုဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကိုဝေစားမျှစားလုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့်သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကိုသွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။

သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ ဆဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီသုံးရင်းတိုင်းရင်းသားခေါင်းဆောင်များ၏နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့“တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB  က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို  ဖလော်ရီဒါမှာ အခုရှိနေတဲ့  ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ  တချိန်ကျရင် ရွှေဖြစ်မှာ"  လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို  ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့မပေါ်အောင်စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။ NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး  ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
 ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး“ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါဘဲ”အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ကိုယ်ကျိုးရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။ 

တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်

မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။
 Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.

It’s a shameful story for us. The Burmese "Super Thief caught Thieves" in Norway because Harn Yawnghwe is well known as a super corrupter among the Burmese.If the Norway donors is continue to use these corrupted management, it will be obviously reflected as neglected democratic societies of Burma.
K K O
Bertil Lintner ရဲ့စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ စာရေးဆရာ Samaranyake ဟာ သမတကြီး စပ်ရွှေသိုက် ရဲ့သမီးနဲ့လက်ထပ်ခဲ့သူ Peter Simms ဟာဗြိတိန်အစိုးရရဲ့စပိုင်တယောက်ဖြစ်နေတာစာရေး ဆရာ ကသိပုံမပေါ်ဘူး လို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့အမကြီးယောက်ျားပေါ့။
“During that time he also met Peter Simms, an Englishman turned Buddhist who had married one of the daughters of Myanmar's first president, Sao Shwe Thaike, and become an adviser to one of the country's newspaper editors. What Samaranayake probably did not know was that Simms was also a British intelligence agent,”
Book Review Asia Times October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of Burma Days 1940-1958 by F Smaranayake
Reviewed by Bertil Lintner

http://www.facebook.com/photo.php?v=2245830358180
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်.. အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်.


By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.

Audio interview with Htet Aung Kyaw, a freelance journalist based in Norway on DVB

http://www.shwemedia.com မှ ကူးယူးဖော်ပြသည်

လှည်းတန်းပြည်မြန်မာကုန်တိုက်က ဆိုင်ရှင်တွေဆန္ဒပြ

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပိုင်တဲ့ ပြည်မြန်မာကုန်တိုက်မှာ ငှားထားတဲ့ ဆိုင်ခန်းတွေကို ဖယ်ခိုင်းထားတာဟာ သတ်မှတ်ရက်ကျော်နေတယ်ဆိုပြီး စီးပွားကူးသန်းက၀န်ထမ်းတွေက ဒီကနေ့မှာ လာဖျက်ခဲ့တာပါ။ စီးပွားကူးသန်း ၀န်ထမ်း ၁၅ယောက်က ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေအတင်းဆွဲထုတ်ပြီး ဆိုင်ခန်းတွေဖျက်နေတဲ့အကြောင်းကို ဆိုင်ခန်းရှင်တယောက်က ခုလိုပြောပြပါတယ်။ ဆိုင်ခန်းနေရာက အတင်းဆွဲထုတ်တယ်။ ပစ္စည်းတွေကဖယ်နေရတယ်။ တောင်းဆိုနေတာကို ကျနော်တို့ကို ဘယ်လိုမှ မလိုက်လျောဘူး။ အခုက ပစ္စည်းတွေအကုန်လုံးဆွဲ ကားပေါ်တင်၊ သူတို့သိမ်းတာတော့ မဟုတ်ဘူး။ ကျနော်တို့ထားမယ့်နေရာကို လိုက်ပို့တာ။ ကျနော်တို့က ဘယ်လိုဆက်လုပ်ရမလဲဆိုတော့ ဆက်ပြီးတော့ သမတကြီးကို အသနားခံစာတွေ ဆက်တင်ရမယ်။ ကျနော်တို့က တောင်းဆိုချင်တာက နစ်နာကြေးပေးဖို့ ဒါမှမဟုတ် ကျနော်တို့ကို နေရာအစားထိုး ပြန်ပေးဖို့ပဲ အဲလိုတောင်းဆိုချက်တွေမပေးဘဲ အတင်းဖယ်ရှားခိုင်းကြောင့် ဒီကနေ့မနက်မှာ ဆိုင်ခန်းရှင် ၂၀ ကျော်က သူတို့နစ်နာကြေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ။ ပထမကုန်တိုက်ဝန်းထဲမှာ ဆန္ဒထုတ်ဖေါ်တုန်းက ဘာမှမဖြစ်ပေမယ့် ဒုတိယအကြိမ် တောင်းဆိုချက်ဆိုင်းဘုတ်ကိုင်ဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်အရောက်မှာ လူစုခွဲခိုင်းပြီး အမျိုးသမီး၂ယောက်ကို မြိုနယ်အုပ်ချုပ်ရေးမှူးရုံးက စစ်ဆေးစရာရှိတယ်ဆိုကာ ခေါ်သွားတဲ့အကြောင်း ခုနက ဆိုင်ခန်းရှင်ဆက်ပြောတာက
မနက်ခင်းက တခါပြတယ်ခင်မျ။ ၂ ခါ။ တခါကတော့ ကျနော်တို့ ၀င်းထဲမှာပဲပေါ့နော်။ နောက်တော့ ဒေသအာဏာပိုင်တွေက ကျနော်တို့ကို မလုပ်ဖို့ တားတယ်။ အဲ့ဒီမှာ ၂ ယောက်ခေါ်သွားတယ်။ မခင်စိုးနွဲ့နဲ့ နောက်တယောက်နဲ့ပေါ့။ မယက ရုံးမှာလို့ပြောတယ်။ ပြန်မရောက်သေးဘူးခင်မျ။ ကျန်တဲ့သူတွေကတော့ မခေါ်ပါဘူး။ သူတို့ကိုပဲ ခေါ်သွားတယ်။ ကျန်တဲ့သူတွေကတော့ အခု နောက်ကနေ လိုက်သွားကြတယ်။ သူတို့ ဗီနိုင်လ်းတွေကိုင်ပြီး သွားတဲ့အတွက်ကြောင့် သူတို့ကို ခေါ်သွားတယ်။ ဗီနိုင်လ်းမှာက ဒီဟာကို ကျနော်တို့ ကုန်တိုက်ကြီး ပြန်ဖွင့်လှစ်ပေးဖို့၊ နောက်ပြီးတော့ သမတကြီးကနေပြီးတော့ ဒီဟာကို တရားမျှတစွာနဲ့ ဆုံးဖြတ်ပေးဖို့အတွက် အခုအတင်းဖယ်ရှားခံရတဲ့ ဈေးဆိုင် ၉၈ ခန်းက ဒီဆိုင်ခန်းရှင်တွေဟာ ၁၉၉၅ ခုနှစ်ကတည်းက ဒီဆိုင်ခန်းနေရာတွေကို စီးပွားကူးသန်းဝန်ကြီးဌာနကနေ ငှားရမ်းရောင်းချခဲ့တာဖြစ်ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနက ဒီပြည်မြန်မာကုန်တိုက်ရဲ့ ပေ ၈၀၊ ပေ၁၂၀ အကျယ်အ၀န်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အေအေမယ်ဒီကယ်ပရေဒတ်နဲ့ ရန်ကုန်လမ်းညွန်တို့ကို လေလံတင်ရောင်းချထားတာကြောင့် မေလက ဆိုင်ခန်းရှင်အားလုံးကို ကုန်တိုက်ကနေထွက်ခိုင်းခဲ့ပေမယ့် ဖယ်မပေလို့ ခုလိုအင်အားသုံးဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ခန်းရှင်အများစုကတော့ ဆိုင်ခန်းတွေကို ကိုယ့်စရိတ်နဲ့ကိုပြင်ဆင်ထားရတာ တခန်းကို သိန်း ၁၀၀ လောက်ကုန်ကျထားလို့ နစ်နာကြေးရဖို့ သမတဦးသိန်းစိန်ဆီ ထပ်မံအကူညီတောင်းသွားမယ်လို့ ပြောပါတယ်။ သတင်းမလွှင့်ခင်နောက်ဆုံးအချိန်မှာ ထပ်မံဆက်သွယ်ကြည့်တော့ စစ်ဆေးနေတဲ့အမျိုးသမီး ၂ယောက်ကို ပြန်လွှတ်လိုက်ပြီး ကုန်တိုက်ကိုတော့ ဘယ်သူမှမ၀င်ရအောင် သော့ပိတ်ထားလိုက်တယ်လို့ သိရပါတယ်ခင်များ။ ပြည်မြန်မာကုန်တိုက်မှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ

ဌာနဆိုင်ရာလုပ်ရပ်များ လူထုရှေ့မှောက်တွင် စစ်ဆေးမေးမြန်း


ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ ဌာန ဆိုင်ရာ တာဝန်ရှိသူများအား မြို့တော်ခန်းမတွင် ခေါ်ယူပြီး ဌာနအတွင်း လုပ်ငန်းနှင့် ပါတ်သက်ပြီး မတရားလုပ်ဆောင်မှုများအပေါ် ၀န်ကြီး ချုပ်ဟုန်း ငိုင်က စစ်ဆေးမေးမြန်း မှုပြုလုပ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က ဟားခါးမြို့နယ်အဆင့် စီအဲန်ပီပါတီမှ ဌာနဆိုင်ရာ ၀န်ထမ်းများ ၏ ပြည်သူထံ ငွေမတရားကောက်ခံမှုများအပေါ် အရေးယူပေးရေး တင်ပြချက်ကြောင့် ယခုကဲ့သို့ ခေါ်ယူခြင်းဖြစ်ပြီး ဟားခါးမြို့ပေါ် ရပ်မိရပ်ဖများလည်း ဖိတ်ကြားထားကြောင်း  ၀န်ကြီးအားလုံး
စုံလင်စွာတက်ရောက်ကြောင်း သတင်းရရှိသည်။
ပြည်နယ်အစိုးရဟာ Clean Government , Good government ဖြစ်ဖို့လိုတယ်၊ ဌာနဆိုင်ရာ တွေအနေနဲ့ ၄င်းတို့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူထံ ငွေမတရားကောက်ခံနေတာကို ၀န်ကြီးချုပ်ထံ တင်ပြတယ်၊ ဗဟို အစိုးရကိုလည်း မိတ္တူပေးတယ်ပေါ့ ဟု ဟားခါးမြို့နယ် စီအဲန်ပီ လူကြီးတဦးက ပြောသည်။
စီအဲန်ပီ၏ စာထဲတွင် အဓိကအားဖြင့် အခွန်၊ စည်ပင်သာယာရေး၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး ဌာနများမှ ပြည်သူအပေါ် ငွေကောက်ခံမှုနှင့် ပါတ်သက်ပြီး အစိုးရက ကြပ်မတ်ပေးရန်နှင့် အိန္ဒိယထုတ် ခိုင်နီး၊ ရာဂျာများ ပိတ်ပင်တားဆီးပေးရေး၊ အိုဘီအရက်များ တားမြစ်ပေးရေးများ ပါရှိကြောင်း သိရ သည်။
စီအဲန်ပီ၏ စာထဲတွင် အခွန်ဦးစီးဌာနက အခွန်လွတ်ငြိမ်းခွင့်ပုံစံ (၁၇) ရယူလိုသူ များအပေါ် ကျပ်ငွေ (၂၀၀၀၀) ကောက် ခံခြင်း၊ အခွန်ကိစ္စဆင့်ခေါ်ခံရာတွင် အမှုတွဲထိန်းခ ဆိုပြီး အနည်းဆုံး ကျပ်ငွေ ၂၀၀၀မှ အထက် လစဉ် ကောက်ခံခြင်း၊ စည်ပင်သာယာက မြို့ပေါ် လမ်းမီးပုံမှန်မပေးပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း၊  အမှိုက်သိမ်း ကျုံးပေးခြင်းမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်းများအပေါ် ကြပ်မတ်ပေးရန် ဟု ပါရှိသည်။
ဝန်ကြီးချုပ်မေးမြန်းချက်အပေါ် ” စည်ပင်မှူးက လမ်းမီးအတွက် တကျပ်တောင်မကောက်ဘူး၊ ငယ်သားတွေက ကောက် တာ ဖြစ်ယင် အရေးယူ ဆောင်ရွက်မယ် လို့  ပြန်ပြောတယ်”  ဟု ၀န်ထမ်းတဦးက ပြောပြသည်။
ကျောင်းဆရာများက ကျောင်းသားများထံ ထင်းမီးများ ကောက်ခံနေခြင်းအပေါ် မပြုလုပ်သင့်ကြောင်း အခွန်ဌာနက ပုံစံ ၁၇ အတွက် ကျပ်ငွေ ၂၀၀၀၀ ကောက်ခံမှုအပေါ် ၀န်ကြီးချုပ်က သုည တလုံး ထပ် ပေါင်းပြီး ကောက်ခံသင့်ကြောင်း ပြောသည်ဟု ကြားသိရသည်။
ခိုင်နီး၊ ရာဂျာနှင့်  ၉၂ ခိုးသွင်းလာသူများအတွက် သတင်းပေးသူအား ဆုငွေ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ဆုချသင့် ကြောင်း ၊ ယင်းကိစ္စအတွက် ရဲ၊ ပြည်သူမှာ တာဝန်ရှိကြောင်း ၀န်ကြီးချုပ်က ထပ်မံပြောသည်ဟု ပြောကြသည်။
ယင်းတွေ့ဆုံပွဲသည် သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ကြောင်း အစိုးရနှင့် ပြည်သူအကြား ပထမအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း ဒီမိုကရေစီဆန်လာကြောင်း၊ သို့သော် ၀န်ကြီးချုပ်သည် စစ်သားပီပီ လူထုနှင့် ပြည်သူအား ပြောဆိုဆက်ဆံမှုသည် အမိန့်သံပါနေသေး ကြောင်း ဟားခါးမြို့ ရပ်မိရပ်ဖ တဦးက ပြောသည်။

ချင်းပြည်နယ်ရှိအစိုးရဌာနများ၏ ဂုတ်သွေးစုတ်မှုများ


ချင်းပြည်နယ်အစိုးရ၏ လက်ရှိ အုပ်ချုပ်ရေးယန္တရား၊ အစိုးရဌာနများ၏ နေ့စဉ်လုပ်ငန်း လည်ပတ်မှု အနေအထားကို ကြည့်ပါက ယခင်နအဖ အစိုးရရဲ့ အမွေခံ ဒုံယင်းအစိုးရသာဖြစ်ကြောင်း ချင်းပြည်သူတွေ ထံမှ လေသံများ နေ့စဉ်နဲ့ အမျှကြားနေရသည်။
ဝန်ကြီး (၉)နေရာဖြင့် ဖွဲ့စည်းထားသည့် ချင်းပြည်နယ်အစိုးရမှာ ယူအက်စ်ဒီပီမှ  (၄) ဦး၊ စီပီပီမှ (၁) ဦး၊ စီအဲန်ပီမှ (၁)ဦး စုစုပေါင်း (၆) ဦးတို့သည် ပြည်သူ့မဲဆန္ဒဖြင့် အရွေးခံကြသည်ဟု ဆိုပါတော့၊ ကျန် (၃) ဦးသည် စစ် တပ်မှ စေလွတ် ထား သည့် ပုဂ္ဂိုလ်များသာဖြစ်သည်။ ပြည်သူ့မဲဆန္ဒဟု ဆိုရာတွင် ကြံ့ဖွံ့ပါတီက နည်းအမျိုးမျိုးဖြင့် ရရှိသည့် မဲကိစ္စကိုမူ အား လုံးအသိမို့ အသေးစိပ် မပြောလိုတော့ပါ။
ဖလမ်းမြို့နယ်၊ ချင်းတိုးတက်ရေးပါတီမှ အရွေးခံ ပြည်နယ်ကိုယ်စားလှယ် ဦးနာ့ထန်းကမူ ” လူထုတွေက ကျနော်တို့ကို သူတို့ ကိုယ်စားလှယ်ဆို မှန်းတောင်မသိကြဘူး၊ အစိုးရဌာန ၀န်ထမ်းတွေကလည်း ကျနော်တို့ကို ဂရုစိုက်တာ မဟုတ်ဘူး၊ ယခင် တပ်မတော်အစိုးရပုံစံအတိုင်းပဲ၊ စနစ်ကိုက တကယ့်ဒီမိုက ရေစီအပြောင်းအလဲ  မဟုတ်သေးဘူး ” ဟုပြောခဲ့ပြီးပြီ။
ဟိုတနေ့က ဟားခါးမြို့ပေါ်က တက္ကသိုလ်ဘွဲ့ရလူငယ်များနှင့် စကားလက်ဆုံကျခဲ့ရာတွင် လက်ရှိပြည်နယ်အစိုးရနှင့် ယခင်တပ်မ တော် အစိုးရ ကာလ အတွင်း ဟားခါးမြို့ပေါ် တိုးတက်မှူ၊  ခြားနားချက်စသဖြင့် သူ့အမြင်ကို ပြောပြခဲ့သည်။
” ယခု အစိုးရလက်ထက်မှာက ပိုပြီး စည်ကားလာသလိုပဲ၊ ၀န်ကြီးကားတွေ လုံခြုံရေးစစ်ကား တွေ နဲ့ နေ့စဉ်နဲ့အမျှ မြို့ တွင်းမှာ တ၀ီဝီနဲ့ သွားသွားလာလာလုပ်နေတာကိုက အသစ်အဆန်းတခုပေါ့၊ အပြောင်းအလဲဆိုလို့ အဲဒါပဲမြင်တယ်” ဟု ပြောပြခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ချင်းပြည်နယ်အစိုးရက ပြည်သူလူထုအပေါ် ဘာတွေလုပ်ပေးနေပြီလဲ၊ ဘာတွေလုပ်ခဲ့သလဲ ၊ နေ့စဉ် အုပ်ချုပ်ရေးယန္တရား ဘယ်လို လည်ပတ်နေသလဲ တင်ပြချင်သည်။
ယနေ့ ချင်းပြည်နယ်အစိုးရသစ်တွင် အစိုးရဌာနများအတွင်း ပြည်သူလူထုအားနည်းအမျိုးမျိုးဖြင့် ငွေကောက်ခံမှုများရှိနေ သည်။ ဖြတ်ပိုင်းမပါ ပဲလည်းကောင်း၊ ဖြတ်ပိုင်းရှိ ငွေပမာဏထက် ပိုမိုပြီးလည်းကောင်း၊ အကောင်အထည်ဖော်ပေးမှုမရှိပဲ လည်းကောင်း ငွေကောက်ခံခြင်းများ ရှိနေ သည်ဟု သိရသည်။ ပိုမိုအသေးစိပ်သွားမည်ဆိုပါက-
(က) ဖြတ်ပိုင်းမပါပဲငွေကောက်ခံခြင်း
- အခွန်လွတ်ငြိမ်းခွင့်ပုံစံ (၁၇) ရယူလိုသူ များအပေါ် ကျပ်ငွေ (၂၀၀၀၀) ကောက်ခံခြင်း၊
- အခွန်ကိစ္စဆင့်ခေါ်ခံရာတွင် အမှုတွဲထိန်းခ ဆိုပြီး အနည်းဆုံး ကျပ်ငွေ ၂၀၀၀မှ အထက် လစဉ်ကောက်ခံခြင်း
- အိမ်ယာ မြေကွက်များ တိုင်းတာပေးရာတွင် အနည်းဆုံး ကျပ်ငွေ ၂၀၀၀၀ မှ အထက် အကန့်အသတ်မရှိကောက် ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့် ရရှိရေးအတွက် အကန့်အသတ်မဲ့ ကောက်ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့်လျှောက်နိုင်ရေးအတွက် အဆင့်ဆင့်သော ထောက်ခံစာများရယူရာတွင် အနည်းဆုံး သောင်းဂ ဏန်းအထက် အကန့် အသတ်မရှိ ကောက်ခံခြင်း၊
- မြေငှားစာချုပ်သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းအတွက် အကန့်အသတ်မရှိ ကောက်ခံခြင်း၊
- အိမ်သုံးဖုန်းနှင့် လျှပ်စစ်မီးပြုပြင်ခအတွက် ကျပ်ငွေ နှစ်ထောင်မှ အထက် ကောက်ခံခြင်း
(ခ ) ဖြတ်ပိုင်းပါ ငွေပမာဏထက် ပိုမိုကောက်ခံခြင်း
-       ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် ဖြတ်ပိုင်းပါ သင့်ငွေထက် ပိုမိုကောက်ခံခြင်း ( မော်တော်လိုင်စင် သက် တမ်းတိုးရာတွင် ဖြတ်ပိုင်းရှိသင့်ငွေ ကျပ်ငွေ ၁၇၀၀၊ အမှန်ကောက်ခံငွေ ကျပ်ငွေ ၁၉၀၀၀ မှ ၂၅၀၀၀၊)
-       မြို့ပေါ် မြေငှားခွန်ကောက်ခံရာတွင် ပြေစာပါသင့်ငွေထက် အဆ ၃၀ ပိုမိုကောက်ခံခြင်း
-       အိမ်သုံးဖုန်းများခများအတွက် ဘီလ်ပါ ကျသင့်ငွေထက် ကျပ်ငွေ ၅၀၀ ပိုမိုကောက်ခံခြင်း
-       ယာဉ်လိုင်စင်လျှောက်ခွင့်မရှိသည့် ယဉ်ပိုင်ရှင်များ ငွေညှစ်ခံနေရခြင်း
မှတ်မှတ်ယယပြောလိုသည်မှာ ဟားခါးမြိ့ ကုန်းလမ်းညွန်ကြားရေးဌာန (ကညန) မှ ယဉ်လိုင်စင် လျှောက်ခွင့် ပိတ်ပင်ပြီးနောက်ပိုင်း ယာဉ်လိုင် စင်မရှိသည့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များသည် မော်တော်ပီကေများ၏ မတရားငွေညှစ်ခြင်းခံနေကြသည်။ သက်ဆိုင်ရာက ယဉ်လိုင်စင် လျှောက်ခွင့်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ မှ စပြီး ပိတ်ပင်လိုက်သောကြောင့် ယဉ်လိုင် စင်မရှိသေးသည့် ဆိုင်ကယ် ပိုင်ရှင်များသည် မော်တော် ပီကေများ၏ စစ်ဆေးငွေညှစ်ခြင်းကို ခံနေကြကြောင်း သိရသည်။
” ယဉ်မောင်းလိုင်စင်တော့ လုပ်လို့ရပေမဲ့ ယာဉ်လိုင်စင်ကို နံပါတ် ၁၉/ယ အထိသာ လုပ်ပေးတယ်၊ ယဉ်လိုင်စင် မရှိသူ တွေကို တွေ့ယင် အနည်းဆုံး ကျပ်ငွေ နှစ်သောင်း တောင်းတယ်၊ ” ဟု မော်တော်ဆိုင် ကယ်ပိုင်ရှင် တဦးက ပြောသည်။ တချို့မော်တော်ပီကေတွေဟာ ထန်တလန်နှင့် ဖလမ်းမြို့အ၀င်တွေမှာ နယ်က တက်လာတဲ့ ခရီးသည်တွေကို စောင့်ဖမ်း စစ်ဆေးပြီး ဒါဏ်ငွေ
ဆောင်ခိုင်းလေ့ရှိကြောင်း နယ်မှ တက်လာသည့် မော်တော်ဆိုင်ကယ်များသည် အများအားဖြင့် လိုင် စင်မဲ့များသာဖြစ်သည်။
(ဂ) အကောင်အထည်ဖော်ပေးမှုမရှိသော ငွေကောက်ခံခြင်း
- သောက်သုံးရေ ရရှိဖူလုံရေးအတွက် ဆောင်ရွက်ပေးမှုမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၈၀၀၀ ကောက်ခံခြင်း
- မြို့ပေါ် လမ်းမီးပုံမှန်မပေးပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း
- အမှိုက်သိမ်းကျုံးပေးခြင်းမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း
အမှန်ဆိုယင် ချင်းပြည်နယ်အစိုးရဌာနများအတွင်း အခွန်ဈေးနှုန်းသတ်မှတ်ပေးသင့်သည်။ ပြည်နယ်အစိုးရသည်သာ ပြည်သူအစိုးရ၊ ပြည်သူ့ကိုယ်စားလှယ်များဟု ခံယူပါက ဌာနဆိုင်ရာများ၏ လုပ်ရပ်ကို ကြပ်မတ်ရန်တာဝန်ရှိသည်။ ၀န်ကြီးတွေဟာ ပြည်သူလူထု၏ နေ့စဉ်နဲ့ အမျှ ကြုံတွေ့ နေ ရသည့် အခက်အခဲများကို ဖြေရှင်းပေး သင့်သည်။
ပြည်သူများ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရသည့် လူမှုဒုက္ခများအနက် အာဏာပိုင်တွေက ၄င်းတို့အပေါ် နည်းအမျိုးမျိုး ဖြင့် သွေးစုတ်နေခြင်းသည် အဓိကအခန်းက ပါဝင်ကြောင်း အစိုးရဌာနတွေရဲ့ လုပ်ရပ်က သက်သေထူနေသည်။
ထို့ကြောင့် စစ်အစိုးရ အဆက်ဆက် လူမှုဒုက္ခများကို မခံစားနိုင်တော့သော ချင်းပြည်သူများသည် ပြည်ပနိုင်ငံများသို့ ဒုက္ခ သည် ဘ၀ဖြင့် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်
” ဘယ်သူက ကိုယ့်နေရပ်ကို မခင်တွယ်ပဲနေမလဲ၊ ကိုယ့်နေရပ်မှာ နေချင်ကြတာချည်းပဲ၊ စားဝတ်နေရေးကျပ် တည်းလွန်း လို့သာ ကျတော်ဒေလီကို ရောက်ရှိနေရတာ” ဟု အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်တဦးက ပြောခဲ့သည်။
သို့သော် မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြည်ပြန်ရန် ခေါ်နေပြီ် ဟူသော သတင်းသည် ချင်းပြည်သူလူထုအပေါ် ဂယက်ရိုက်နေသည်။ ဂယက်ရိုက်သည် ဆိုရာတွင် ပြည်ပရောက်ချင်းပြည် သူများ သည် သက်ဆိုင်ရာနိုင်ငံတွေက တကယ့်တကယ် ပြန်ပို့ တော့မှာလည်း စိုးရိမ်နေကြခြင်းဖြစ်သည်။
” ကျတော် ဘုရားမှာ ညတိုင်းဆုတောင်းတယ်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေး နဲ့ ဒီမိုကရေစီရရှိပြီးပါက ပြည်တွင်းက ဆွေမျိုးတွေနဲ့ အတူတူ ပြန်ဆုံပြီး အတူတကွ နေထိုင်နိုင်ရေးအတွက်ပေါ့နော်၊ ဒါပေမဲ့ အခုအုပ်ချုပ်ရေးအခြေအနေက ပြန်ဖို့ မဖြစ်သေးဘူး” ဟု ဒေလီရောက် ချင်းဘာသာရေးလူကြီး တဦးက ပြောသည်။
ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ရောင်ခြည်သန်းနေပြီဟု ကြွေးကြော်နေသည့် ယနေ့ မြန်မာအစိုးရသစ် ဒီမိုကရေစီ သည် ပြည်သူက အစိုးမရ သော ပြည်သူအုပ်ချုပ်ရေး စနစ်သာဖြစ်နေသည်ကိုမူ အားလုံး သတိချပ်ကြမှာပါ၊

နော်ဝေနိုင်ငံ၏ပံ့ပိုးမှုဖြင့် အင်းလေးကန်နှစ်ရှည် ထိန်းသိမ်းရေးစီမံကိန်း

အင်းလေးကန် ထိန်းသိမ်းရေးအတွက် ဒေသခံလူထုနှင့်ပူးပေါင်း ဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်းတစ်ခုကို နော်ဝေနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
ထို့အပြင် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ် ဝန်းကျင်အခြေအနေများ ထိန်းသိမ်း ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအ စီအစဉ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး နှစ်ရှည်စီမံကိန်းများ ဆောင်ရွက်ရန် လည်း အသေးစိတ်အစီအမံများ ရေးဆွဲညှိနှိုင်းလျက်ရှိကြောင်း သိရ သည်။
အင်းလေးကန်သည် ကန်အတွင်းရှိ ကျေးရွာများ၌ လူဦးရေ၊ အိမ်ခြေတိုးလာခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများနှင့် အညစ်အကြေးများ စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း၊ စနစ် တကျသန့်စင်သည့် စနစ်များမရှိခြင်း တို့ကြောင့်လည်းကောင်း၊ အင်းလေးကန်အတွင်း ရေခြံစိုက်ပျိုးရေးလုပ် ငန်း၊ ငါးနှင့်တိရစ္ဆာန်မွေးမြူရေးလုပ် ငန်းများ တိုးမြှင့်လုပ်ဆောင်လာခြင်း တို့ကြောင့်လည်းကောင်း၊ အင်းလေး ကန်ရေပြင် ပမာဏလျော့ကျလာခြင်း၊ ရေအရည်အသွေးကျဆင်းလာ ခြင်းနှင့် ရေကောင်းရေသန့်ရှားပါး လာသည့် အခက်အခဲများဖြစ်ပေါ် လာနေသည်ဟု ၄င်းကပြောသည်။
ထို့အတွက် ရေအရည်အသွေး ကောင်းမွန်စေရန် ဓာတုဓာတ် မြေ သြဇာနှင့် ပိုးသတ်ဆေးများ အလွန် အကျွံအသုံးပြုခြင်းမရှိစေရေးနှင့် စနစ်တကျအသုံးပြုစေရေး ထိန်း ချုပ်ဆောင်ရွက်ခြင်း၊ သဘာဝမြေသြဇာသုံးနည်းစနစ်များ လက်တွေ့ကျင့်သုံးစေရေးဆောင်ရွက်ခြင်းနှင့် သရုပ်ပြပညာပေးခြင်း၊ အညစ်အ ကြေးစွန့်ပစ်ခြင်းနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ပေးခြင်း၊ စွန့်ပစ်ရန် နေရာများသတ်မှတ်ပေးခြင်း၊ ကန်ရေပြင်အတွင်း အညစ်အကြေး စွန့်ပစ်မှုများကို ကန့်သတ်တားမြစ်ခြင်း၊ ဇီဝမိလ္လာအိုးများသုံးစွဲစေခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ ကြွပ်ကြွပ်အိတ်သုံးစွဲ မှုကန့်သတ်တားမြစ်ခြင်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက် များအားနေရာသတ်မှတ်စွန့်ပစ်စေခြင်း၊ စည်းကမ်းသတ်မှတ်၍ ကြီးကြပ်စစ်ဆေးခြင်း၊ ကန်အတွင်းသွားလာလျက်ရှိသည့် စက်တပ်ရေယာဉ် များမှ စက်ဆီယိုဖိတ်မှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ရိုးရာဓလေ့ထုံးစံအရ သင်္ဂြိုဟ်မှုများကိုလည်း ရေကန်အတွင်း ပြုလုပ်မှုအစား ပြင်ပသို့ သယ်ဆောင် သင်္ဂြိုဟ်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက် ရှိကြောင်း ၄င်းကဆက်လက်ပြောသည်။
၂ဝ၁၁ ခုနှစ်၊ သြဂုတ်လအ တွင်း မှတ်တမ်းများအရ အင်းလေး ကန်အတွင်း စီးဝင်သော ရေပမာဏနှင့် ရေလှောင်ပမာဏများသည် ယမန်နှစ်ကထက် ပိုမိုတိုးတက်မှု ရှိ လာသည်ကို တွေ့ရှိရပါကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့နိုင်မှသာ ရေပမာဏနှင့် ရေအရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အဓိက တာဝန်ရှိကြသည့် ဒေသနေပြည်သူများနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများက တစ်ခဏအကျိုးနှင့် ထာဝရအကျိုးနှိုင်းဆကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခံယူချက် များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
PN – 044

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ



အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ

ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော လက်ရှိအစိုးရအသစ် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအတိုက်အခံလွှတ်တော်အတွင်း၊အပြင် ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ကိုလိုနီဖြစ်လာလိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲသတင်းများအရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။

တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများနှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။

ထို့အပြင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘောတူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့်ရေကာ တည်ဆောက်ရေးကိုရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။
 ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသိ့သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကိုသိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့”မင်းတို့အစိုးရကိုယ်တိုင်သဘောတူလို့ငါတို့လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာငါတို့နှင့်မဆိုင်ဘူး၊ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။
သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။

-ဗိုလ်မှူးအောင်လင်းထွဋ်
၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉  ရက်
 ဝါရှင်တန်မြို့

 မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီးဆွေးနွေးရန် တရုတ်တောင်းဆို

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံတွင် ဆည်ဆောက်မည့်စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

မြစ်ဆုံတွင် ဆည်ဆောက်မည့်ကိစ္စကို မြန်မာနိုင်ငံတွင် လူထုက ကန့်ကွက်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ကာ ဆည်စီမံကိန်းကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုစဉ်က မြန်မာအစိုးရနှင့် စတင်အဆိုပြု ဆွေးနွေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သဘောတူ ကန်ထရိုက်စာချုပ်ကို အေးရှားဝါးလ်ကုမ္ပဏီနှင့် တရုတ်စွမ်းအင်ကုမ္ပဏီ (CPI) တို့က ဆည်ဆောက်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ''တရုတ်ကုမ္ပဏီများ၏ တရားဝင်မှု အခွင့်အရေးကို နိုင်ငံများက အာမခံသင့်ကြောင်း၊မြစ်ဆုံဆည်သည် တရုတ်နှင့်မြန်မာအကြား ပူးတွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း၊နှစ်ဖက်စလုံးက ဆက် လက်လေ့လာ ဆုံးဖြတ်သင့်ကြောင်း'' ထုတ်ပြန်ခဲ့သည်။

''နှစ်ဖက်စလုံးက ခင်မင်းရင်းနှီးစွာ အကြံပြုပြီးတော့ ဒီလုပ်ငန်းစဉ်နဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို သင့်တော်သလို ဆောင်ရွက်သင့်ပါတယ်'' ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ဆောက်ရန်စီစဉ်ခဲ့သည့် ဆည်သည် အိမ်နီးချင်းတရုတ်အတွက် အဓိကပံ့ပိုးပေးရန် ရည်ရွယ်သည့်ကိစ္စဖြစ်ခဲ့ပြီး ထွက်ရှိမည့်စွမ်းအင် ၉၀ ရာခိုင်နှုန်းကိုပံ့ပိုးရမည်ဖြစ်ကာ  စင်ကာပူနိုင်ငံအရွယ်အစားရှိ ရေလွှမ်းဧရိယာ ၇၆၆ စတုရန်းကီလိုမီတာ( ၂၉၆ စတုရန်းမိုင်)မျှ ရှိမည်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသည် တရုတ်မှ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုကြောင့် မဖြစ်မနေ လက်ခံခဲ့ရသော်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာခေါင်းဆောင်များသည် မြန်မာပြည် သူတို့၏ဆန္ဒကို ဦးစားပေးဆောင်ရွက်စရာအဖြစ် မှတ်ယူလာခဲ့ကြသည်။

China raps Myanmar over dam project


Activists urged China Power Investment to remove workers and equipment from the site and to allow local villagers who were forced to relocate to go home. - File photo
BEIJING: Beijing has urged Myanmar to protect the rights of Chinese companies after the government halted construction of a $3.6 billion China-backed mega dam following public opposition to the project.
Myanmar President Thein Sein on Friday ordered work on the Myitsone Dam on the Irrawaddy River to stop — a decision hailed by the United States as a sign the military-backed leadership was listening to its people.
Chinese foreign ministry spokesman Hong Lei on Saturday urged “relevant countries to guarantee the lawful and legitimate rights and interests of Chinese companies”.
“The Myitsone power station is a jointly invested project between China and Myanmar” and it has been “rigorously examined by both sides”, Hong said in a statement.
Hong called for both sides to “properly handle” the matter through “friendly consultations”.
Beijing and the Myanmar government have a close relationship and the comments are a rare public display of discord between them.
The dam in the northern state of Kachin was backed by energy giant China Power Investment Corp.
Environmentalists warn the dam project would inundate an area about the size of Singapore, submerging dozens of villages, displacing at least 10,000 people and irreversibly damaging one of the world’s most biodiverse areas.
Friday’s announcement marked an unexpected U-turn by the Myanmar regime.
Local media had quoted the minister for electric power as saying earlier in September that construction of the dam would go ahead despite public concerns.
For the people of Kachin, the Myitsone dam has come to symbolise the struggles they have faced for decades as a marginalised ethnic group in the repressed nation under almost half a century of military rule.
Activists urged China Power Investment to remove workers and equipment from the site and to allow local villagers who were forced to relocate to go home.
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်