ကားဝယ်စီးချင်လား . . . ၊ ဈေးထပ်ကျဦးမယ်

713a
ကားဈေးများ ထပ်ကျဦးမည် ဆိုသည်ကို ကားဝယ်စီးသူများ တွက်ချက်ကြည့်ရန်လိုပြီး ကားဝယ်စီးလျှင် ရှုံးမည်ဆိုသည်ကို သတိပြုသင့်သည်ဟု ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ မြန်မာနိုင်ငံနှင့် ကားမူဝါဒ အပေါ် လေ့လာနေသူများက သုံးသပ် ပြောကြားခဲ့ပါသည်။
ကားဟောင်းအပ်ပြီး စလစ် တစ်ရွက်အား ကျပ်သိန်း ၁၂၀ အထိ ဈေးခေါ်ဈေးကစားခြင်း၊ လေးဘီး နှင့် ဆလွန်းတိုက်ရိုက်လဲခြင်း၊ အမြတ်ကြီးစားထားသည့် ၀န်ဆောင်ခဈေးများနှင့် ကားသွင်းပေးမည့် ကုမ္ပဏီများကြားတွင် ကားဝယ်စီးခြင်းဖြင့် ဈေးမှန်မဖြစ်နိုင်၍ ရှုံးမည် ဟု ဆိုကြသည်။

၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူးဆလွန်းကို မြန်မာပြည်ဆိပ်ကမ်း အရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာ နဲ့ဆို ၁၉၀၀၀ ၀န်းကျင် ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင်  .  .  .
ထပ်မံ၍မကြာမီ ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်မည် ဆိုပါက ၀ယ်ယူစီးနင်းရမည့် ကားဈေး၊ ပို့ကုန်လုပ်ငန်းရှင်နှင့် နိုင်ငံခြားငွေရသည့် လုပ်ငန်းလုပ်ကိုင်နေသူများ၊ နိုင်ငံခြားငွေရရှိနေသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းလာပါက ကျသင့်မည့်ကားဈေးများဖြင့် တွက်ချက် နှိုင်းယှဉ်ခြင်းဖြင့်လည်း ယခုဈေးများဖြင့် ၀ယ်စီးသူများအနေဖြင့် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ကို သတိပြုသင့်ကြောင်း သုံးသပ်ကြခြင်း ဖြစ်ပါ သည်။
ကားတစ်စီး အပြီးအစီးတန်ဖိုး တွက်ပြီးပြီလား  .  .  .
“ကားဟောင်းတစ်စီးဝယ်ရင် အခု လေးဘီးက ကျပ် ၁၀၅ သိန်း၊ ကားပြန်သွင်းမယ်ဆိုရင် အခု ကုမ္ပဏီတွေ ဈေးခေါ်ထားတာ စီးပွားကူးသန်းက တင်သွင်းခွင့်ပေးထားတဲ့ CIF   ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀ တန် ၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူး ဆလွန်းကို မြန်မာပြည်ဆိပ်ကမ်းအရောက်  ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာနဲ့ဆို  ၁၉၀၀၀ ၀န်းကျင်ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် ၂၅၅ သိန်း။ အခွန်ဆောင်ရမှာက ကညနမှာ ၀ယ်ရင်းဈေး FOBဈေး ဒေါ်လာ ၃၅၀၀၊ အကောက်ခွန်မှာ CIF  ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၄၀ ရာခိုင် နှုန်းနဲ့ ဒေါ်လာ ၂၀၀၀၊ ကုန်သွယ် လုပ်ငန်းခွန်က CIF  ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁၂၅၀ ဆိုရင် စုစုပေါင်း ဆလွန်းကားတစ်စီး အတွက် ဒေါ် လာ ၆၇၅၀ ကျမယ်။ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ရင် ကျပ် ၅၄ သိန်း။ ဒီတော့ ကားဟောင်းတစ်စီး ၀ယ်ပြီး ဒေါ်လာ ၃၅၀၀ တန်ကားတစ်စီး သွင်းမယ့်သူက စုစုပေါင်းကျပ် ၃၀၉ သိန်းကုန်မယ်။ ကားဟောင်းရှိတဲ့သူ ကိုယ်တိုင်သွင်းရင်တောင် ၂၀၄ သိန်းလောက် ကုန်မယ့်ကိန်းပါ။ ၂၀၀၂ မတ်တူးကို ပြောတာ ဟိုဟာကုန် ဒီဟာကုန်နဲ့ဆိုရင် ကျပ်သိန်း ၂၁၀ လောက် ကျသင့်မယ်။ ကားဟောင်း ၀ယ်သွင်းမယ့်သူက တစ်ခြားကုန်ကျစရိတ်နဲ့ဆို ကျပ်သိန်း ၃၂၀ နဲ့ အထက်မှာကုန်မယ်”ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
713
နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်
“အခုကားဟောင်းဈေး၊ ကားအပ်ပြီး စလစ်မှာ ၀င်ကစားတဲ့ ပွဲစား စလစ်ဈေး၊ ခါတော်မှီလုပ်စား မယ့် ကားသွင်းပေးမယ့် ကုမ္ပဏီအချို့ကြောင့် ကားဟောင်းအပ်ပြီး သွင်းမယ့်သူတွေ မကုန်သင့်တာ ကုန်ကျနိုင်တယ်။ ဒါပေမယ့် ကားတစ်စီး သွင်းရင် ကျပ်သိန်း ၂၀၀ နဲ့ ၂၅၀ ဆိုတာ အများဆုံးပဲ ကျသင့်တယ် ဆိုတာ သတိပြုသင့်ပါတယ်”ဟု ကားဈေးကွက် လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။
အစိုးရ ခွင့်ပြုချက်ကို ကပျက်ယပျက် လုပ်သူများစနက်နဲ့ ကားဈေး  .  .  .
ကားဟောင်းအစီးရေ ၅၀၀၀၀ ကျော်အား ကားသစ်ဖြင့်လဲလှယ်ပေးရန် ဆောင်ရွက်နေသည့် အချိန်တွင် တစ်ဖက်၌လည်း ကားတင်သွင်းပေး မည့် ကြားခံပွဲစားကုမ္ပဏီအချို့က မည်သို့ အမြတ်ထုတ်ရမည်ကို ကြိုတွက်ကာ အကွက်ချစီစဉ်လျက်ရှိနေသည်ဟု သတင်းထွက်ပေါ်လာသည်။
ထိုသို့ ကြားခံ ပွဲစားကုမ္ပဏီများ၏ မတန်တဆ ဈေးခေါ်မှုများသည်လည်း ကားဟောင်းလဲကာ ကားသစ်တင်သွင်းသူများ အပေါ်များစွာ ထိခိုက်နိုင်ပြီး ကားသစ်များ၊ ကားသန့်များစီးရစေရန် ရည်ရွယ်ချက်ဖြင့် အစိုးရမှ ခွင့်ပြုပေးသည့်အပေါ် ၌ပါ ၎င်းတို့၏ လုပ်ရပ်မှာ သက်ရောက်မှု ရှိနိုင်သည်ဟု သုံးသပ်ကြပါသည်။
“စီးပွားကူးသန်းက မြန်မာ ဆိပ်ကမ်းအရောက် CIF  ဈေး ဒေါ်လာ ၅၀၀၀ အထိသတ်မှတ်ပေးတယ်။ ပြည်ပ၀ယ်ရင်းဈေးက အမေရိကန်ဒေါ်လာ ၃၅၀၀ ပေါ့။ အ ခုကားသွင်းပေးမယ်လို့ ကြေညာနေတဲ့ ကုမ္ပဏီတစ်ချို့ကတော့ စီးပွားကူးသန်းက သတ်မှတ်ပေးထားတဲ့ မြန်မာပြည်ဆိပ်ကမ်း အရောက် CIF  ဈေး ဒေါ်လာ ၅၀၀၀ အတန်းအစား ထဲမှာပါတဲ့ ၂၀၀၂ မော်ဒယ် Toyota မတ်တူးဆိုရင် ကျပ်သိန်း ၁၅၀ အထိဈေးခေါ်တယ်။ မြန်မာပြည် ဆိပ်ကမ်း အရောက်ဈေးပေါ့။ ဒီတော့ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ဦး ဒေါ်လာ ၁၉၀၀၀ ၀န်းကျင်အထိ ကျသင့်နေပြီ။ ဒါက အခွန်လုံးဝ မပါသေးဘူး။ ကားဟောင်းကားစုတ်လေး ပိုင်တဲ့သူက ဒီဈေးနဲ့သာ သွင်းရရင်သေရော။ ဘာမှမထူးဘူး။ တစ်ကယ်တော့ အစိုးရက ကားဟောင်းစီးနေရတဲ့သူတွေ ကားသန့်သုံးရပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ပေးတာ။ ဒီရည်ရွယ်ချက်ကို ပါ ကပျက်ယပျက် လုပ်နေတယ်လို့ မြင်ပါတယ်။ ၀ယ်တဲ့သူကိုကလည်း တစ်ခြားကား အမျိုးအစားဝယ်ရင် ဈေးသက်သာမှန်းသိရဲ့နဲ့ ရွှေငါးမှ ရွှေငါးဖြစ်နေတာကြောင့်လည်း ပါတယ်။ ရွှေငါးကိုမှီပြီး တခြားကား တွေကိုပါ ဈေးတင်လာမှာကို သတိထားသင့်တယ်”ဟု ကားတင်သွင်းရန် ကုမ္ပဏီ တစ်ခုသို့ စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။
“သွင်းတဲ့သူတွေ အနေနဲ့လည်း ဒီလို မတန်တဆ ဈေးခေါ်တဲ့ကုမ္ပဏီမျိုးကို လက်ရှောင်လို့ ရပါတယ်။ ကုမ္ပဏီတစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ သူတို့တောင်းတိုင်း မပေးပဲ ကုမ္ပဏီတွေ စုံအောင် စုံစမ်းပြီးမှ ၀ယ်တာ အကောင်းဆုံးပါပဲ။ အခု ကြားတာက ကားတစ်စီတင်သွင်းခ ၀န်ဆောင်ခအဖြစ် ကျပ် ငါးသိန်းလို့ကြားတယ်။ အစီး ၅၀၀၀၀ ကျော်မှာ သုံးသောင်းပဲသွင်းတယ် ထားဦး ကုမ္ပဏီတွေ လက်ထဲကို ၀န်ဆောင်ခအဖြစ် ရောက်သွားမှာက ကျပ်သန်းပေါင်း ၁၅၀၀၀ လောက်ရှိ ပါတယ်။ ဂျပန်မှာ လေလံဆွဲတဲ့သူ တွေများလို့ ကားကောင်းတစ်စီး ထွက်တာနဲ့ဈေး မတန်တဆပေးဆွဲရင်း ၀ယ်ရင်းဈေးများ ကုန်တယ်တဲ့။ ဒါပေမယ့် ၀ယ်တဲ့သူတွေ အနေနဲ့က တော့ ရွှေငါးကို လက်ရှောင်လိုက်တာ ပိုပြီးကောင်းပါတယ်။ နောက်ပိုင်း ကားသစ်တွေ သွင်းလာရင်၊ ကားအရောင်းပြခန်းတွေဖွင့်ရင် ရွှေငါးလည်း ဈေးကျသွားမှာပဲလေ။ အခုကတည်းက သင့်တင့်တဲ့ ကားပဲဝယ်စီးတာ အမှန်ဆုံးလို့ ထင်ပါတယ်”ဟု ဂျပန်ဈေးကွက်တွင် ကားဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

ဝယ်စီးသူတွေ သတိပြုရမယ့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ ဖြစ်လာမယ့် ကားဈေး  .  .  .
“နောက် သုံးလေးလဆို ကား အရောင်းပြခန်းတွေ ဖွင့်တော့မယ်။ နိုင်ငံခြားငွေ ရတဲ့လုပ်ငန်းလုပ်တဲ့သူ၊ ပြည်ပမှာ နိုင်ငံခြားငွေရအောင်အ လုပ်လုပ်နေတဲ့သူတွေ မကြာခင် ကားသစ်သွင်းတော့မယ်။ အားလုံး ပြီးစီးတဲ့အခါ အများပြည်သူကိုပါ လွတ်လပ်စွာ ၀ယ်ယူတင်သွင်း ခွင့်ပေးဖို့အထိ ထုတ်ပြန်ထားတယ်။ အဲဒီအချိန်မှာဖြစ်လာမယ့် ကားဈေး၊ ကားအရောင်းပြခန်းတွေ ဖွင့်ပြီးတဲ့ အခါ ဖြစ်လာမယ့် ကားဈေးတွေကို အခု ကားဝယ်စီးမယ့်သူတွေ သတိပြုသင့်ပါတယ်။ သွင်းတဲ့အခါ ၂၀၁၁ မော်ဒယ် Toyota Corolla Sedan လို မော်ဒယ်မြင့်ကို သွင်းတယ်ထားဦး အဲဒီကားသစ်က ဒေါ်လာ ၁၅၉၀၀ ပဲ ရှိတယ်။ ဒီကားအတွက် အခွန်ရော ကားအရင်းနဲ့ သယ်ယူစရိတ်ပါ ပေါင်းရင်တောင် စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ ကျော်ပဲကျမယ်။ ကျပ်သိန်း ၄၀၀ ကျော်ပဲ အလွန်ဆုံးရှိမယ်။ ၂၀၁၁ မော်ဒယ်ကားသစ်က ကျပ်သိန်း ၄၀၀ ပဲရှိမယ်။ ၂၀၀၂ မော်ဒယ်ကို ရဖို့ ကားဟောင်းဝယ်တာနဲ့ သွင်း တာက ကျပ်သိန်း ၃၂၀ နဲ့အထက် ကျမယ်။ ဒါဆိုရင် ဘာကိုရွေးမလဲ။ အရောင်း ပြခန်းတွေလာလဲ ဒီလိုပဲ အခွန်ဆောင်ပြီး လွတ်လွတ်လပ်လပ် ၀ယ်ရင် ဒီဈေးထက်ကျဦးမှာ။ ကိုယ့်ဟာ ကိုယ်တွက်ကြည့်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ အဲဒီအချိန် ဖြစ်မယ့် ကားဈေးတွက် ရင်ကားဈေးကကျကိုကျမယ်”ဟု မြန်မာနိုင်ငံ၏ ကားမူဝါဒထုတ်ပြန် ထားချက်အပေါ် လေ့လာထားသူ တစ်ဦးကလည်း ထောက်ပြခဲ့သည်။

ကားစီးရင် ရှုံးမှာပဲ . . .
မည်သည့် အခြေအနေ၌ ဖြစ်စေ ရှေ့ဆက် ကားဝယ်စီးလိုသူများ သတိပြုသင့်သည့် အချက်မှာ ကားစီးလျှင် ရှုံးမည်သာဖြစ်သည် ဆိုသော အချက်ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။
“ကားစီးရင် ရှုံးမယ်။ ပြခန်း တွေလာရင် အခုထက်ပိုဆိုးမယ်။ အခုလည်း ကားဟောင်းလဲပေးတဲ့ကိစ္စ နဲ့ ကားဈေးတွေ ထက်ဝက်နီးပါး ထိုးဆင်းသွားတာ ခံစားနေကြရတာ ပဲ။ တစ်ချို့ဆို ကားတွေ လက်ထဲမှာ အများကြီးနဲ့ တန်ဖိုးကျဆင်းသွားလို့ စီးပွားနဲ့ ဘ၀ကိုတောင် ရိုက်ခတ်ခံနေရသူတွေ ရှိနေတာ လက်တွေ့ပါပဲ။ ဒီတော့ ကားဝယ်စီးရင် စီးပါ အခုဈေးတွေနဲ့ အဟောင်း ၀ယ်ပြီး အသစ်သွင်းရင်လည်း ရှုံးဦးမှာပဲ”ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။
“ကားတန်ဖိုးတွေသာ ကျပြီး ကားအတွက် ကုန်ကျမယ့် စရိတ်က ပိုလာမယ်လို့ သုံးသပ်ထားပါတယ်။ ယာဉ်ရပ်နားခတွေတိုးလာနိုင်တယ်၊ ကားပြင်ဆင်စရိတ်တွေ တိုးလာနိုင်တယ်။ ကားတွေ များလာမယ်ဆို ဘယ်မှာထားကြမလဲ။ မြို့ထဲမှာ ဘယ်နေရာမှာ ကားရပ်ကြမလဲ။ ဒီအတွက် ကားပါကင်တွေပေါ်လာလိမ့် မယ်။ ကားပါကင်တွေကလည်း ကားရပ်နားခ ဈေးမြင့်တောင်းလာမှာ ပဲ။ ကားဝယ်စီးမယ့်သူတွေ သတိပြုရမှာက ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ခွင့်ပြုမယ့် ကားမူဝါဒအရရော ကားနဲ့ လမ်း၊ ကားနဲ့ ကားပါကင် အခြေအနေအရရော အခုဈေးတွေနဲ့ ကားဝယ်စီးရင် ရှုံးမှာပါပဲ။ ကားတန် ဖိုးသာကျမယ် ကားအတွက် နောက်ဆက်တွဲ ကုန်ကျစရိတ်က တက်နေ မှာပဲ”ဟု ကားဈေးကွက်အပြင် ယာဉ်ရပ်နားမှုနှင့် မြို့ပြအပေါ် လေ့လာထားသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

ကေအိုင်အေ တပ်ရင်း (၉) နေရာသို့ မြန်မာစစ်တပ် ထိုးစစ်ဆင်


စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကေအိုင်အေ တပ်ရင်း (၉) နေရာဖြစ်သော ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရစစ်တပ်မှ သတ်မှတ်ထားသည့် နေရာကို ကျူးကျော်ကာ စစ်သည်အင်အား ၂၀၀ ကျော်ဖြင့် ကျူးကျော်ထိုးစစ်ဆင်လာကြောင်းသိရသည်။
-
-
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ  ခလရ (၄၅)၊ ခလရ(၁၄၄)၊ ခလရ (၁၂၃)၊  နှင့် သိန္ဒီမြို့အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ  ခလရ (၆၈)၊ ခလရ (၆၉)၊ ခမရ (၅၀၇)၊ ခမရ (၅၂၂)၊ ခလရ (၂၄၂)၊ ခမရ (၅၆၇) နှင့် လားရှိုးအခြေစိုက် မစခ (၉၀၂) (အမြောက်တပ်ရင်း)  ၁ ၇င်း  စုစုပေါင်း တပ်ရင်း ၁၀ ရင်းပေါင်းကာ စစ်မျက်နှာသုံးခု ဖွင့်ကာ ထိုးစစ်ဆင်နေကြောင်းသိရသည်။ စစ်မျက်နှာ ၂ ခုသည် ကေအိုင်အေ တပ်ရင်း ၉ သို့ ထိုးစစ်ဆင်ပြီး၊ စစ်မျက်နှာ ၁ ခုသည် ကေအိုင်အေ တပ်ရင်း (၂) ရှိရာသို့ အပြင်းအထန်ထိုးစစ်ဆင်နေကြောင်းသိရသည်။
-
မြန်မာအစိုးရစစ်တပ်များသည် မူဆယ်မြို့နယ် ဒီမားကျေးရွာနှင့် ကွတ်ခိုင်မြို့နယ် ဟိုဖျက်ကျေးရွာထဲတွင် တပ်စွဲကာ ကေအိုင်အေ တပ်မဟာ (၉) ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။ ကွတ်ခိုင်မြို့နယ် ဒတ်နိုင်ကျေးရွာတွင် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တွင် ထမင်းချက်နေသူ ပလောင်တိုင်းရင်းသူတစ်ဦးသေဆုံးသွားကြောင်းသိရသည်။
-
ကေအိုင်အေ တပ်မဟာ (၂) နေရာဖြစ်သော ကွတ်ခိုင်မြို့နယ်၊ မန်ဂျယ်ကျေးရွာတွင် မြန်မာအစိုးရစစ်တပ်မှ နေရာယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။ ကျေးရွာသားများအား လူသားဒိုင်းအဖြစ် အသုံးချခံရမည်ကို စိုးရိမ်သဖြင့် ကေအိုင်အေမှ ပစ်ခတ်ခြင်းမပြုပဲ၊ ဘေးကင်းရာသို့ စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၃ နာရီခွဲ နောက်ဆုံးထားပြီး ပြောင်းရွေ့ပေးကြရန် အကြောင်းကြားခဲ့သည်။
-
 သို့သော်လည်း ကျေးရွာအတွင်း ၀င်ရောက်နေရာယူထားသည့် မြန်မာအစိုးရစစ်တပ်မှ ရွာသားများအားရွာပြင်ထွက်ရန်အခွင့်မပေးကြောင်း၊ ရွာပြင်ထွက်ရန် ကြိုးစားသူကို ပစ်ခတ်သွားမည်ဟု  ပြန်လည်ခြိမ်းခြောက်ထားကြောင်းသိရသည်။ ထို့ပြင် မှုဆယ်မြို့နယ် ဒီမားကျေးရွာတွင်လည်း မြန်မာအစိုးရစစ်တပ်မှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်း စသည့် အရပ်ဖက် အဆောက်အဦများတွင် တပ်စွဲထားကြောင်းသိရသည်။

သမ္မတ ဦးသိန်းစိန် တဦးတည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့မရ

နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon) ပေးပိုင်ခွင့်ရှိသော်လည်း လွတ်ငြိမ်းချမ်းသာ ခွင့် (Amnesty) ပေးနိုင်ရန်မူ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက် လိုအပ်ကြောင်း သိရသည်။
          ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခြင်း နှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း တို့နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၅ ၊ အုပ်ချုပ်ရေး၊ ပြည် ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော် သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များထဲတွင် ပြဋ္ဌာန်းထားပါသည်။
          ယင်းတို့နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ တွင် ပြ ဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မတ သည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ထောက်ခံချက်နှင့်အညီလွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် ဟူ၍   ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ အား အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားရာတွင် The President has : (a) the power to grant a pardon; (b) the power to grant amnesty in accord with the recommendation of the National Defence and Security Council. ဟူ၍ဖြစ်ပါသည်။

အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးလုပ်ဆောင်မှုနှင့် ပတ်သက်၍ အကျဉ်းကျခံနေရသူများနှင့် ပတ်သက်၍လည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ပြည်တွင်းရှိ အဖွဲ့အစည်းအချို့နှင့်နိုင်ငံသားအချို့ သာမက ပြည်ပနိုင်ငံအချို့ကပါ လိုလားနေ  .  .  .

          “လက်ရှိပြည်သူအများစုက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အတူတူပဲ ထင်မှတ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သမ္မတကြီးက သူတစ်ဦးတည်း သဘောနဲ့ ပေးပိုင်ခွင့်ရှိတယ် လို့ ထင်ကြပါတယ်။ အမှန်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကြည့်ရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး သမ္မတကြီး ကို ပေးထားတဲ့လုပ်ပိုင်ခွင့်က မတူညီပါဘူး။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို Pardon ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို Amnesty ဆိုပြီး သုံးနှုန်းထားပါတယ်။ သမ္မတကြီးအနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကိုသာ သူ့သဘောနဲ့ ပေးပိုင်ခွင့်ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင်တော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထောက်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ပြည်သူတွေ မျှော်လင့်နေကြတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတကြီးက ပေးနိုင်ဖို့ဆိုရင် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောထားကြီးမှု အပေါ်မှာ အများကြီးမူတည်ပါတယ်” ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ရှင်းပြပါသည်။
          အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်သော သူများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတများ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတို့ဖြစ်ကြောင်း  သိရသည်။
          လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဆိုသည်မှာ သာမန်အားဖြင့် ပုဂ္ဂိုလ် တစ်ဦးတည်းအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူ လူတစ်စုသို့မဟုတ် အမျိုးအစား၊ အဖွဲ့အစည်းတစ်ခုအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို ဆိုလိုရင်းဖြစ်ကြောင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံ အကြီးအကဲ၏ သက်ညှာသည့်သဘောအရ ဆောင်ရွက်ချက်တစ်မျိုးဖြစ်ကြောင်း ထူးခြားသော အခါကြီးရက်ကြီး အဖြစ်အပျက် ဆောင်ရွက်ချက်ကြီး၊ ထမြောက်အောင်မြင်မှုကြီး စသည်တို့အတွက် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိကြောင်း သိရသည်။
          ပုံစံအားဖြင့် ဘုရင်အုပ်စိုးသည့် တိုင်းပြည်တွင် ဘုရင်နန်းတက်သည့် အခါပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် က ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်၊  ၁၉-၃-၇၄ နေ့ နိုင်ငံတော်ကောင်စီ ကြေညာချက်အမှတ်(၁)အရပေး သည့် လွတ်ငြိမ်းချမ်းသာခွင့်၊ အထိမ်းအမှတ် သဘောမဟုတ်စေကာ မူ အဖွဲ့အစည်းဖြင့်ပြစ်မှုကျူးလွန်နေ သူများ၊ တစ်ဦးချင်း သို့မဟုတ် အစုလိုက် ပြစ်မှုကျူးလွန်မိသူများ၊ ပြစ်ဒဏ်ကျခံနေရသူများအား သင်ပုန်းချေသည့်အနေဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းများလည်းရှိကြောင်း သိရသည်။
          ထို့ပြင် ၁-၄-၆၃ ခုနေ့တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် ပုံစံအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ဖြစ်ကြောင်း သိရသည်။ ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌရုံးက ထုတ်ပြန်ကြေညာခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်တွင် ဖော်ပြထားသည်မှာ (၁) ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားတစ်ဦးစီသည် ဤအမိန့်ထုတ်ပြန်သည့် နေ့ရက်မတိုင်မီက  စာပိုဒ်ခွဲ ၂ တွင် ဤအမိန့်နှင့် မသက်ဆိုင်စေရဟု ပြဋ္ဌာန်းထားသည့် ရာဇ၀တ်မှုများမှအပ အခြားရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်ခဲ့လျှင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး အစိုးရက အဆိုပါ အခြားရာဇ၀တ် ပြစ်မှုများအတွက် လုံးဝလွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်။(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး အစိုးရ၌ ပြည်သူပြည်သားတစ်ဦး၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အားလျော်စွာ ထိုပြည်သူပြည်သား တစ်ဦးက ၎င်းကိုယ်တိုင် ထိခိုက်နစ်နာခြင်းခံရသည်ဟု ၎င်း၏အခွင့်အရေးကို သုံးစွဲလျက် တိုင်ကြားခြင်းပြုသည့် လူသတ်မှု သို့တည်းမဟုတ် မုဒိမ်းမှုများ နှင့်လည်းကောင်း သူတစ်ဦးအားထိ ခိုက်နစ်နာစေသည့် သို့တည်းမဟုတ် ပုဂ္ဂလိကပိုင်ပစ္စည်းဆုံးရှုံးနစ်နာစေ သည့်ပြစ်မှုများနှင့်လည်းကောင်း ဤ အမိန့်သည် မသက်ဆိုင်စေရဟု ဖော်ပြထားပါသည်။ (၃) စာပိုဒ်ခွဲ ၂ တွင် သီးခြားဖော်ပြထားသော ရာဇ၀တ် ပြစ်မှုများအတွက် ဤအမိန့်အရလုံးဝ လွတ်ငြိမ်းချမ်းသာခွင့် မရသော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေး အစိုးရသည် သက်ညှာသော အားဖြင့် တည်ဆဲတရားဥပဒေတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ လူသတ်မှုအရ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ထိုပြစ်ဒဏ်ခံရသူသည် ထောင်ဒဏ် ၁၀ နှစ်ထက်ပို၍ မကျခံစေရ၊ ထို့အတူ အခြားရာဇ၀တ်ပြစ်မှု တစ်ခုခုအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်လည်း ထိုပြစ်ဒဏ်ခံရသူသည် ထောင်ဒဏ်သုံးနှစ်ထက်ပို၍ မကျခံစေရကြောင်း ထုတ်ပြန်ကြေညာချက် တွင်ဖော်ပြထားပါသည်။      
          လွတ်ငြိမ်းချမ်းသာခွင့် အမျိုးအစားတွင် အကျုံးဝင်သည့် အခြားသော လွတ်ငြိမ်းချမ်းသာခွင့် အမျိုးအစားများမှာ ပြစ်ဒဏ်ဆိုင်းငံ့ခြင်း (Reprieve or Suspension of Sentence)၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း (Respite)၊ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ကိုလျှော့ပေါ့ခြင်း၊ လျှော်ပစ်ခြင်း (Remission)၊ ပြစ်ဒဏ်လျှော့ချ ပြောင်းလဲပေးခြင်း (Commutation)၊ အမှုနှင့်ပတ်သက်၍ သက်ညှာခြင်း (Clemency)တို့ ဖြစ်ပါသည်။
          လက်ရှိအချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၌ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် စိတ်ဝင်စားသူများ များပြားနေပြီး အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးလုပ်ဆောင် မှုနှင့် ပတ်သက်၍ ပြစ်မှုမြောက်ကာ အကျဉ်းကျခံနေရသူများနှင့်ပတ် သက်၍လည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ပြည်တွင်းရှိအဖွဲ့အစည်း အချို့နှင့် နိုင်ငံသားအချို့သာမက ပြည်ပနိုင်ငံအချို့ကပါ လိုလားနေကြောင်း နိုင်ငံရေးလေ့လာလိုက်စား သူများထံမှ သိရသည်။
          ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကိုအမိန့်အမှတ် ၂/၈၀ ဖြင့် ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက် နေ့ကထုတ်ပြန်ခဲ့ရာ၌သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမ အကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး ပြီးမြောက်အောင်မြင်သည် ကိုနှစ်ထောင်းအားရစွာ ဂုဏ်ပြုသောအားဖြင့် ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းစိတ်ဓာတ်ကို ပွားများစေစိမ့်သောငှာ နိုင်ငံတော်ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ယင်းအမိန့်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်သည့်နေ့ မတိုင်မီက နိုင်ငံရေးပြစ် မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သူများ အား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟူ၍ ပါဝင်သည်ကို တွေ့ရပါသည်။  

ရွှေဝါရောင်လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် နှင့် အခြားသော ဒီမိုကရေစီအင်အားစုများ ပူးပေါင်းစီစဉ်ပြုလုပ်သော ရွှေဝါရောင်လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်ကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အား လေးစား အလေးထားသော ပြည်သူလူထုကြီးအား လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။

ရည်ရွယ်ချက်
- ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်း ခံထားရသော  နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာစေရန်။

- ပြည်တွင်းစစ်ရပ်စဲပြီး လွတ်လပ်၍တန်းတူ တွေ့ဆုံဆွေးနွေးသော နည်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန်။

- ပြည်သူလူထုဆန္ဒကိုလေးစားအသိအမှတ်ပြုသောအားဖြင့် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းအား လုံးဝဖျက်သိမ်းစေရန်။

- ရွှေဝါရောင်အား (လူထုသင်္ကေတ) အရောင်အဖြစ် သဘောထား၍ လူထုတစ်ရပ်လုံး ပါဝင်သော လွှတ်တော်ပြင်ပ လူထုအခြေခံနိုင်ငံရေး အားကောင်းစေရန်။

အစီအစဉ် ၁။ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)
အချိန် - ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
နေရာ - မကွေးပရိယတ္တိစာသင်တိုက်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ် (၅၀) ကွေ့အနီး။ ဇေယျာမင်း-၆၇/ ၆၁ အနီ / ၃၆BM ကားများစီးပါ။

အစီအစဉ် ၂။ ရွှေဝါရောင် (လူထုကိုယ်စားပြုအရောင်)
လှုပ်ရှားမှုအစီအစဉ်
နေ့စွဲ - ၂၆.၉.၂၀၁၁ (တနင်္လာ)
အချိန် - ၁း၀၀ နာရီ မှ ၂း၀၀ နာရီအထိ
နေရာ - ရွှေဝါရောင်အင်္ကျီများ ၀တ်ဆင်၍ ဆူးလေဘုရားမှတ်တိုင်(၄၅ ကားဂိတ်၊ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့နှင့် ဆူးလေဘုရား၌ ဆုတောင်းခြင်း အစီအစဉ်။


သတင်းနှင့်ပြန်ကြားရေးရာ ဆပ်ကော်မတီ

မစ္စ ယင်းလပ်ရှီန၀ဒ် မြန်မာပြည်သွားခွင့်ရဖို့စောင့်ဆိုင်းနေ

ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ရှီန၀ဒ် ဟာ လာမယ့်အောက်တိုဘာလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Torwijakchaikul က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
(၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပရာ နယူးယောက်မြို့မှာ မစ္စတာ Torwijakchaikul က ပြောကြားလိုက်တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ်အနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် မိတ်ဆက် နုတ်ဆက်တာ ဖြစ်တဲ့အတိုင်း ၀န်ကြီးချုပ် မစ္စ ယင်လပ် ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးပါပြီ။ လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာတော့ မစ္စ ယင်းလပ်ဟာ မလေးရှားနိုင်ငံကို သွားရောက်မှာပါ။
ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် မြန်မာအစိုးရရဲ့ အတည်ပြု ပြန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ သဘာပတိနေရာ ရယူရေးကို ထိုင်းနိုင်ငံက ထောက်ခံထားတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ကန့်သတ်ချက် များစွာပါဝင်


ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းမည့် 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဥပဒေမူကြမ်း' တွင် ဆန္ဒပြပွဲအတွင်း ပါဝင်မည့်သူ ခန့်မှန်းအရေအတွက်နှင့် တရားဟောမည့်သူ၏ ကိုယ်ရေး ရာဇဝင်များကို ကြိုတင်,တင်ပြရန် အပါအဝင် ကန့်သတ်ချက်များစွာ ပါဝင်နေသည်ဟု နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသော အမတ်များက ပြောသည်။

ဥပဒေမူကြမ်းကို လာမည့် တနင်္လာနေ့ အောက်လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်သည်။ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်းထားသည့် ယင်းဥပဒေတွင် ဆန္ဒဖေါ်ထုတ်မည့်သူ အရေအတွက်ကို ခန့်မှန်း တင်ပြရမည်ဖြစ်ပြီး လှည့်လည် ဆန္ဒထုတ်ဖေါ်မည့် လမ်းကြောင်းများနှင့် တရားဟောမည့်နေရာ တရားဟောသူ၏ ကိုယ်ရေးရာဇဝင်တို့ကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြရန် လိုသည်ဟု သိရသည်။

ယင်းအပြင် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည့်ခွင့်နှင့် စပ်လျင်း၍ အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သော နေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါနေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် 'စီတန်းခွင့်နှင့် စုဝေးခွင့်မရှိ' ဟုလည်း ဥပဒေက ပြဋ္ဌာန်းထားသည်။

'စုဝေးခွင့်နှင့် စီတန်းခွင့်' ဟူ၍ သုံးနှုန်းထားသော စာမျက်နှာ ၇ မျက်နှာပါ ဥပဒေမူကြမ်းသည် ဆန္ဒပြခြင်းကို ဦးဆောင်မည့်သူမှ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ ၇ ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ပြီး စီတန်းလှည့်လှည်ခွင့် ပြု,မပြုကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ အချက်အလက်များကို လိုက်နာပါမည့်အကြောင်း ဝန်ခံ လက်မှတ် ထိုးပြီးမှ ဆန္ဒဖေါ်ထုတ်ခွင့် ပြုမည်ဖြစ်ခြင်းကြောင့် "ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာပါမည်ဟူသည့် ခံဝန်ချက်လက်မှတ် ထိုးရမယ်၊ သူ့ဟာက ဘာမှ မလုပ်ရသေးဘူး။ ဝန်ခံချက် လက်မှတ်ထိုးရမယ် ဆိုကတည်းက အဓိပ္ပါယ်မရှိဘူး" ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အောက်လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

ဆန္ဒဖေါ်ထုတ်ခွင့် နေရာများ ကန့်သတ်ထားသည့် အဆိုပါ ဥပဒေနှင့် ပတ်သက်၍ "စက်ရုံတရုံက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်လို့ ဆန္ဒပြချင်တယ်ဆိုရင် စက်ရုံမှ သွားမပြလို့ ဘယ်နားသွားပြရမလဲ စက်ရုံမှာ ဖြစ်တဲ့အတွက်၊ စက်ရုံနားမှာ သွားပြမှ ဖြစ်တယ်ဆိုတော့ ကျနော်တို့က ဥပဒေနဲ့ လွတ်ကင်းအောင် ဘယ်လို လုပ်ရမလဲ" ဟု ဥပဒေ၏ အားနည်းချက်ကို ဦးခိုင်မောင်ရည်က ထောက်ပြပြောဆိုသည်။

ဥပေဒေမူကြမ်းတွင် "အများဖြစ်သူကို အနှောက်အယှက် ဖြစ်စေခြင်း၊ စိတ်ညိုငြင်စေခြင်း အန္တရယ် ဖြစ်စေခြင်း သို့မဟုတ် ထိခိုက် နစ်နာစေခြင်း ဖြစ်စေနိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူ မပြုလုပ်ရ" ဟုလည်း ပြဋ္ဌန်ထားပြီး အများပြည်သူ၏ စိတ်ညိုငြင်မှုကို မည်သို့ တိုင်းတာမည် ဟူသည်ကလည်း တနင်္လာနေ့ အဆိုပါ ဥပဒေမူကြမ်း ဆွေးနွေးပါက မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု အမတ်များကပြောသည်။

ဥပဒေမူကြမ်းတွင် "ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှု ထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ် ထက် မပိုသော ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။

ယင်းဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် ဆွေးနွေးပြီး သဘောတူပါက၊ အထက်လွှတ်တော်၏ သဘောထားကို ရယူအပြီး အထက်လွှတ်တော်မှ သဘောတူပါက ဥပဒေအဖြစ် အသက်ဝင်လာမည်ဖြစ်ပြီး အသေးစိတ်ကို နည်းဥပဒေအဖြစ် ထပ်မံ ထွက်ရှိလာဦးမည် ဖြစ်သည်။

ဒုက္ခသည် တစ်သောင်း အမေရိကန် ခေါ်ယူမည်

အမေရိကန်က ဒုက္ခသည် တစ်သောင်း ခေါ်ယူမည်
စက်တင်ဘာလ ၂၂ရက်။ စောခါးစူး (ကေအိုင်စီ)
အမေရိကန်အစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တစ်သောင်းခန့်ကို တတိယနိုင်ငံတွင် အခြေချနေထိုင်ခွင့် အစီ အစဉ်ဖြင့် ယခုနှစ်အတွင်း ခေါ်ယူမည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ၌ ယနေ့ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် အမေရိကန်သံအမတ် ခရစ္စတီးကန်နီ(Kristie Kenney)က ထိုင်း-မြန်မာနယ်စပ် ရတ်ချဘူရီခရိုင် စွန်ဖုမြို့နယ်အတွင်းရှိ ထမ်းဟင်စခန်း၏ အခြေအနေကို ယမန်နေ့က သွားရောက်ကြည့်ရှုအပြီး ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းများထဲရှိ လူမှုဘ၀အခြေအနေမှန်ကို နားလည်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် စခန်းအတွင်းရှိ လူများသည် “ယခုကဲ့သို့ အမြဲနေထိုင်ရန် မဖြစ်နိုင်ကြောင်း” The Nation သတင်းက သံအမတ်ကြီးကို ကိုးကား၍ ဖော် ပြထားသည်။
အမေရိကန်သံအမတ်ကြီးက ထမ်းဟင်စခန်း ခရီးစဉ်အပြီး ယခုလို သတင်းထွက်ပေါ်လာသော်လည်း ထမ်းဟင်စခန်းမှ လူမှုရေးတာဝန်ခံ စောမောင်ပြာက သူ့အနေဖြင့် တရားဝင် အစီအစဉ် မကြားသိရသေးကြောင်း ကေအိုင်စီသို့ ပြော သည်။
“မနေ့က သံအမတ်က စခန်းကိုလာတာ ဆေးခန်း၊ စာသင်ကျောင်းနှင့် လူနေအိမ်တွေကို ကြည့်ရှုလေ့လာခဲ့တယ်။ တတိယနိုင်ငံ ခိုလှုံခွင့်ကိစ္စတော့ ပြောမသွားဘူး။”ဟု ပြောသည်။
ထမ်းဟင်စခန်းမှ အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်ခွင့် အစီအစဉ်ဖြင့် ရောက်ရှိသွားသူ ဦးရေ ၆ထောင်ခန့်ရှိပြီ ဖြစ် သည်။ လက်ရှိ စခန်းအတွင်း နေထိုင်သူ ၈ထောင် ၀န်းကျင်ရှိနေသေးသည်ဟု သိရသည်။
တတိယနိုင်ငံသို့ မသွားရောက်ပဲ ဒုက္ခသည် စခန်းများအတွင်း ကျန်ရှိနေသူများကို ဆက်လက် ကူညီပေးသွားမည်ဟု လည်း အမေရကန် သံအမတ်ကြီးက The Nation ကို ပြောသည်။ အမေရိကန်နိုင်ငံသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းများကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၂ သန်း ကူညီလျှက်ရှိသည်။
Photo-KIC (Kristie Kenney မတ်လက မယ်တော်ဆေးခန်းရောက်ရှိစဉ်က)
ကရင်ဒုက္ခသည်များကော်မတီ-KRC ၏ မြောက်ပိုင်းတာဝန်ခံ စောတူးတူးက “ဒုက္ခသည်တွေကို ဒီထက် ခေါ်နိုင်ရင် ကောင်းတယ်။ အခု စခန်းတွေထဲမှာ ရတဲ့ အထောက်အပံ့က နည်းလာတော့ လူတွေ တတိယနိုင်ငံသွားရင် ကျန်တဲ့သူ နည်းနည်း သက်သာမယ်။”ဟု ပြောသည်။
ဒုက္ခသည်စခန်းများကို ပုံမှန်ကူညီပေးနေသည့် ပြည်ပအထောက်အပံ့တချို့ ၂၀၁၀ခုနှစ်မှစ၍ ဖြတ်တောက်ခံခဲ့ရသည်။
အမေရိကန်အစိုးရသည် ၂၀၀၆ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၆သောင်းကျော်ကို ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အစီအစဉ်မှတဆင့် ခေါ်ယူလက်ခံခဲ့ပြီ ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည် စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအ၀င် ဒုက္ခသည်စခန်း ၉ခု ရှိပြီး လူဦးရေ တစ် သိန်းကျော် ရှိသည်ဟု သိရသည်။

အလုံ NLD ငြိမ်းချမ်းရေးနေ့ကျင်းပ

ဒီကနေ့စက်တင်ဘာလ 21ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲကိုအလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများကနေ ဦးဆောင်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပကြပါတယ်။ နံနက်ပိုင်းမှာ သံဃာတော် အရှင်သူမြတ်ငါးပါး အာရုဏ်ဆွမ်းနဲ့ သင်္ကန်းများ ဆပ်ကပ်ပြီး နံနက်၉း၃၀မှ နေ့လည် ၁၁း၃၀ ထိ ဖိတ်ကြားထားသူများအား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါတယ်။
ထိုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးလှဖေ၊ ဦးဝင်းထိန်၊ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်မေ၀င်းမြင့်၊ဒေါ်လဲ့လဲ့၊ ရန်ကုန်တိုင်း စည်းအဖွဲ့ဝင် ဦးလှသိန်း၊ မြောင်းမြဦးဘဆွေ၊ ဒေါက်တာမျိုးအောင်၊ ဦးလှမင်း၊ ဒေါ်နော်အုံးလှနှင့် အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်သားများ၊ ၈၈ ဒီမိုကရေစီရေးတွင် ကွယ်လွန်သူ မ၀င်းမော်ဦးရဲ့ မိသားစုဝင်များ၊ ဖမ်းဆီးခံဒီမိုကရေစီအင်အားစုများရဲ့ မိသားစုဝင်များ နဲ့လူအင်အား ၃၀၀နီးပါတက်ရောက်ကြပါတယ်။
ထိုအထိမ်းအမှတ်ပွဲမှာ အန်အယ်လ်ဒီ ဒုဥက္ကဌဦးတင်ဦးမှအမှာစကားပြောကြားရာ ၄င်းမှ အိန္ဒိယ လွတ်လပ်ရေးနဲ့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီ ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုချုပ်ဟောင်း ဦးသန့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားရေးနဲ့ငြိမ်းချမ်းရေး ဆောင်ကြဉ်းခဲ့ပုံများကို ရှင်းပြခဲ့ပါတယ်။ ထို့နောက်ကဗျာဆရာလေးဦးမှ ငြိမ်းချမ်းရေးနေ့နှင့် ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဖတ်ကြားကြပါတယ်။
ဒီနေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဒုတိယအကြိမ် ဦးဆောင်ကျင်းပတဲ့ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တာဝန်ခံလည်းဖြစ်၊၂၀၀၇ စက်တင်ဘာ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူလည်း ဖြစ်သူ ကိုလူမော်လတ်မှ အထိမ်းအမှတ်ပွဲကျင်းပရတဲ့ အကြောင်းအရင်းနှင့် ငြိမ်းချမ်းရေးနေ့နဲ့ပတ်သက်တဲ့ သဘောထားကို ပြောကြားရာ တွင် နိုင်ငံရေး၊ စီးပွာရေး၊ လူမှုရေးတွေမှာ တစ်ယောက်ကြောင့်တစ်ယောက်၊ တစ်ဖွဲ့ကြောင့် တဖွဲ့နစ်နာနေတဲ့ တိုင်းပြည်ကို ဘယ်လိုမှ ငြိမ်းချမ်းတဲ့နိုင်ငံလို့ခေါ်လို့ မရကြောင်းနဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးခံ ဒီမိုကရေစီ အင်အားစုများကိစ္စ၊ မြစ်ဆုံကိစ္စ၊ လက်နက်ကိုင် တိုင်ရင်းသားများ ကိစ္စစတဲ့ ကိစ္စသုံးခုနဲ့ပတ်သတ်ပြီး စစ်မှန်သောဒီမိုကရေစီ အစိုးရများဆိုလျှင် ပြည်သူလူထုရဲ့ အသံကိုအလေးထားပေးပြီး အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှသာ တိုင်းပြည်မှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အကြောင်းပြောကြားပါတယ်။ ထို့နောက် အထိမ်းအမှတ်ပွဲကို ရန်ကုန်တိုင်းစည်းရုံရေးအဖွဲ့ဝင် ဦးလှသိန်းမှရုတ်သိမ်းခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒုဥက္ကဌ ဦးတင်ဦး၊ ဦးလှဖေ၊ ဦးဝင်းထိန်၊ ဗဟိုအမျိုးသမီးအဖွဲ့မှဒေါ်မေ၀င်းမြင့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်တို့မှ ဂျိုးငှက်များလွှတ်ပေးခဲ့ပါတယ်။ ဒီပွဲမှာဧရာဝတီကို ကယ်တင်ကြ စတစ်ကာများနှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ ကီးချိန်းများကို ဝေငှခဲ့ပါတယ်။ မှတ်တမ်း။ ။လူမော်လတ်

စိုင်တင် ရေအားလျှပ်စစ် စီမံကိန်း ဒီဇိုင်းရေးဆွဲသည့် အဆင့်၌သာ ရှိသေး

စီမံကိန်း စတင်တည်ဆောက်နေပြီဟုရခိုင်ပြည်သူ များအကြား ၀ါဒဖြန့်ထားသော အစိုးရ၏ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအချိန်တွင်ဒီဇိုင်း ရေးဆွဲသည့် အဆင့်မှာ သာ ရှိသေးကြောင်း သတင်း ရရှိသည်။
စက်တင်ဘာလ (၂၁) ရက်က တင်သွင်းခဲ့သော တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါင်တာ စံလိုင်၏ ဘူးသီးတောင် မြို့နယ်ရှိ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းမှာ ဒီဇိုင်း ရေးဆွဲသည့် အဆင့်မှာသာ ရှိသေးကြောင်း ယခုလို ပြောကြားသည်။

SieDaung610
" စိုင်းတင် စီမံကိန်းသည် ဘူမိဗေဒအနေထားကြောင့် အကောင်းဆုံးဖြစ်ရန် အတွက် စူးစမ်းလေ့လာခြင်းများ၊ ဒီဇိုင်း ရေးဆွဲခြင်းများ အချိန်ယူ ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် စိုင်းတင်စီမံကိန်းသည် နွေရာသီတွင်လည်း လျှပ်စစ် ဓါတ်အား ပိုမိုရရှိမည့် စီမံကိန်း တစ်ခု ဖြစ်ပါကြောင်း" ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အကြီးမားဆုံး ရေတံခွန်ကြီး တစ်ခု ဖြစ်သော စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအား ပြန်လည် စတင် အကောင်အထည်ဖေါ် တည်ဆောက်နေပြီဟု ရခိုင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် လက်ခံထားသော်လည်း ယခုအခါ ၀န်ကြီး၏ ဒီဇိုင်းရေးဆွဲသည့် အဆင့်၌သာ ရှိသေးသည်ဟု ပြောဆိုခြင်း ကြောင့် အများစု ပြည်သူများကို စိတ်ပျက်မူ ဖြစ်စေခဲ့ကြောင်း ဘူးသီးတောင်မြို့သင်္ဘောဆိပ် ရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောသည်။

စိုင်းတင် ရေအား လျှပ်စစ် စီမံကိန်အား မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစကပင် အကောင်အထည် ဖေါ် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည် မပေါ်လာသဖြင့် ရခိုင်ပြည်သူများမှာ အစိုးရ၏ ဆောင်ရွက်ချက်များကို စိတ်ပျက်နေပြီး လူမျိုးရေးအရ နှိမ်ထားလိုသဖြင့် ယခုကဲ့သို့ပြုလုပ်ထား ခြင်း ဖြစ်ကြောင်း အစိုးရကို ပြစ်တင် ဝေဖန်လျှက် ရှိနေကြသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် နေထိုင်နေသော ရန်ကုန် တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးလည်း ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံတွင် မင်းပြား သပိတ်ကော်မီတီ အထွေထွေ အတွင်းရေးမှူး အဖြစ်တာဝန်ယူ ခဲ့သူ ဦးကျော်မြသာ ထိုအမြင်ကို ယခုလို ထပ်လောင်း ပြောဆိုသည်။

" စိုင်းတင်ရေတံခွန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ရေတံခွန် တခုဖြစ်တယ်။ ပထမ အကြီးဆုံးက ဘက်တိုရီးယား ရေတံခွန် ၊ ဒုတိယအကြီးဆုံးက နိုင်ဂျာရေတံခွန်ဖြစ်တယ်။ စိုင်းတင်ရေတံခွန်ဟာ မီဂါဝပ်များစွာ ထွက်မှာ ဖြစ်တယ်။ စိုင်းတင်ရေတံခွန်သာ အောင်မြင်လာမယ်ဆိုရင် ရခိုင်ပြည်နယ်တခုလုံးနဲ့ ချင်းပြည်နယ် တခုလုံး လျှပ်စစ်ဓါတ်အားရမှာ ဖြစ်တယ်။ အဲဒီရေတံခွန်ကို ၁၉၅၄ ခုနှစ်ကပင် ဦးနုအစိုးရက ပြည်တော်သာ စီမံကိန်းကို ပြဌာန်းရာမှာ ထည့်သွင်းပြီးတော့ လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့်ပြည်တော်သာ စီမံကိန်းမှာ အစ လောက်ဘဲ လုပ်ခဲ့ပြီးတော့ အင်ဂျင်နီယာနှစ်ယောက်ကို သတ်ပြီးတော့ လျော်ကြေး ဒေါ်လာ ၁၀ သန်းပေးပြီး လုံခြုံမှု မရှိ ဆိုပြီးတော့ ရပ်တန့်ထားခဲ့တယ်။ အဲဒီ စိုင်းတင်ရေတံခွန်ကို နအဖ အစိုးရ လက်ထက်မှာလည်း လုပ်ဖို့ဆိုပြီးတော့ မြန်မာကျပ်ငွေ သန်း ၁၂၀၀ ချပြီးတော့စီမံကိန်းလုပ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို မလုပ်ဘဲနဲ့ စစ်တပ်တွေ ဖြန့်ကျက်ချထားပြီး ၀ါးတွေ သစ်တွေသာ ထုတ်လုပ် ရောင်းချ နေခဲ့ ကြတယ်။ ဒီစိုင်းတင် ရေတံခွန် လျှပ်စစ် စီမံကိန်းကို မြန်မာ အစိုးရ အဆက်ဆက်ကဘာအတွက် ကြောင့် မလုပ်ချင် သလဲဆိုရင် စိုင်းတင် ရေတံခွန်က ဓါတ်အားအောင်အောင်မြင်မြင်နဲ့ ထွက်လာရင်ရခိုင် ဒေသတခုလုံး လျှပ်စစ် ဓါတ်အားရမယ်။ စက်မှုလက်မှု တိုးတက်လာမယ်။ လူနေမှုအဆင့်မြင့်လာမယ်။ ချင်းပြည်နယ် တောင်ပိုင်း ဒေသ တွေလည်း လူနေမှု အဆင့်အတန်း မြင့်လာမယ်။ အဲဒါတွေကို မမြင်နိုင်တဲ့ အပြင် ရခိုင်ပြည်နယ် မတိုး တက်စေချင်လို့ မြန်မာ စစ်အစိုးရ အဆက်ဆက်ဟာ စိုင်းတင်ရေတံခွန် စီမံကိန်းကို မလုပ်ဘဲ ရပ်တန့်ထားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရေတံခွန်များ၊ မြစ်ချောင်းများ အထူးပေါများပြီး သဘာဝ ဓါတ်ငွေ့များလည်း အကြီးအကျယ် ရရှိထားသော ပြည်နယ် တစ်ခု ဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ် စွမ်းအား အနိမ့်ဆုံး သုံးစွဲသော ပြည်နယ်ဖြစ်ပြီး လျှပ်စစ်ဖိုးခမှာ တခြား ပြည်နယ်နှင့် တိုင်းများထက် အဆ နှစ်ဆယ် ပိုပေးရသော ပြည်နယ် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ် ဓါတ်အားကို ဒီဇယ်သုံး ဂျင်နရယ်တာများကို အသုံးပြုပြီး မြို့တိုင်တွင် မီးလင်းရေး ကော်မီတီဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်နေကြရသည်။ အနည်းဆုံး လျှပ်စစ် မီတာ တယူနစ်ကို ၄၀၀ မှ ၁၀၀၀ ကျပ်ထိ ပေးနေရသည်။ ပုဏ္ဍားကျွန်းမြို့တွင် တယူနစ်ကို ၁၀၀၀ ကျပ်ပေးသွင်းနေရသဖြင့် ရခိုင် ပြည်နယ်တွင် သာမက မြန်မာနိုင်ငံတွင်ပါ လျှပ်စစ် မီတာခ အကြီးဆုံး ကျခံနေရသော မြို့ဖြစ်သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် စိုင်းတင်ရေအား လျှပ်စစ်မီမံကိန်းမှာ ရခိုင်ပြည်သူများ မျှော်လင့်ချက် ဖြစ်သဖြင့် အာဏာရရှိလာသော မြန်မာ အစိုးရ အဆက်ဆက်သည် ရခိုင်ပြည်သူများ၏ ထောက်ခံမူကို ရရှိလိုသဖြင့် စိုင်းတင် စီမံကိန်းကို လုပ်ပေးမည်ဟု ဆိုကာ ချွေးသိပ်တတ်ကြောင်း ဦးကျော်မြသာက ပြောသည်။

" အခု တက်လာတဲ့ ဦးသိန်းစိန် အစိုးရကလည်း စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို နှိင်ငံခြား တိုက်ရိုက် ရင်းနှီး မြုပ်နှံမူ J.V / B.O.T စနစ်နဲ့ ဆောင်ရွက်နိုင်ရေး အတွက် သဘောတူညီမူ စာချွန်လွှာကို ဒီနှစ် ဇန္န၀ါရီလ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီလို့ ပြောဆိုပေမယ့် ယုံကြည်လို့ မရသေးဘူး။ အချိန်မရွှေး အကြောင်း အမျိုးမျိုးပြပြီး ဖျက်သိမ်းပစ်နိုင်တယ်" ဟု ပြောသည်။

အမှတ်(၁) လျပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက စိုင်းတင် စီမံကိန်းကို နှိင်ငံခြား တိုက်ရိုက် မြုပ်နှံမူနှင့် J.V / B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် အတွက် သဘော တူညီမူစာချွန်လွှာကို ၁၈-၁-၂၀၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း ။ အဆို စီမံကိန်း နှင့် ပတ်သတ်၍ ဂျပန်နှိင်ငံ NEWJEC ၏ နောက်ဆုံး စူးစမ်း လေ့လာချက်အရ ၂၀၁၀ပြည့်နှစ်တွင် တင်သွင်းသောအစီရင်ခံစာ၌ (၂၃ ဒသမ ၃၅)မဂ္ဂါဝပ် (၂)လုံး စုစုပေါင်း (၄၆ ဒသမ ၇)မဂ္ဂါဝပ်၊ ခိုင်လုံဓါတ်အား (၂၀) မဂ္ဂါဝပ်၊ နှစ်စဉ် ပျမ်းမျှ ဓါတ်အား ထုပ်လုပ်မူမှာ (၂၈၁) GWh၊ စက်၏ စွမ်းဆောင်ရည်(၉၆) ရာခိုင်နူန်းရှိသည်ကို ဖေါ်ပြထားပါကြောင်း၊ စက်တပ်ဆင်မူ လျှော့ကျ သွားသော်လေည်း နှစ်စဉ်ပျမ်းမျှ ဓါတ်အားထုတ်လုပ်မူ တိုးလာပြီး စွမ်းဆောင်ရည် (၉၆) ရာခိုင်နူန်း ရှိသဖြင့် နွေရာသီ၌ပင် လျှပ်စစ်ဓါတ်အား ခိုင်လုံမူ ရရှိ မည်ဟု စူးစမ်း လေ့လာ ဖေါ်ထုတ်တွေ့ရှိထားပါ ကြောင်း ပြောကြားသွားခဲ့သည်။

စစ်သားတွေ ဆုတ်ဖို့ ကာကွယ်ရေးဝန်ကြီးတွေ သဘောတူ


ဖရားဝိဟာဘုရားကျောင်းဝန်းကျင်က အငြင်းပွားနေတဲ့နေရာကနေ စစ်သားတွေဆုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး က ဆုံးဖြတ်တဲ့အတိုင်း လိုက်နာလုပ်ဆောင်ကြဖို့ ထိုင်းနဲ့ ကမ္ဗောဒီးယား ကာကွယ်ရေးဝန်ကြီးတွေက တနေ့က သဘော တူ လိုက်ကြပါတယ်။ ဒါပေမဲ့ ပြန်ဆုတ်မယ့်ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။
“ကျနော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့အမိန့်ကို လိုက်နာကြဖို့နဲ့ ဒီဒေသအတွင်း အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ အင်ဒိုနီးရှားအကဲခတ်တွေကို ခွင့်ပြုဖို့ သဘောတူကြတယ်” လို့ ဖနွမ်းပင်မှာ အလည်အပတ်ရောက်နေတဲ့ ကာ ကွယ်ရေးဝန်ကြီး ယုသာဆတ်ဆဆီဖရားပါနဲ့ မီးနစ် ၃၀ကြာ တွေ့ဆုံဆွေနွေးအပြီးမှာ ကမ္ဗောဒီးယားကာကွယ်ရေး ၀န်ကြီး တီးဘန်က ပြောပါတယ်။ ဒါပေမဲ့ စစ်သားတွေဆုတ်ခွာမယ့် ရက်အတိအကျကိုတော့ မသတ်မှတ်ရသေးဘူး။ ဒီ ကိစ္စကို နောင်မှာ နယ်စပ်ဒေသကော်မရှင်က ဆွေးနွေးကြမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၈ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာတရားရုံးက ကမ္ဗောဒီးယားနဲ့ထိုင်းနိုင်ငံကို ဖရားဝိဟာဘုရားကျောင်းနားက အငြင်းပွားနေတဲ့နယ်စပ်နေရာပေါ်က ယာယီသတ်မှတ်ထားတဲ့ စစ်မဲ့ဇုံကနေ စစ်သားတွေ ချက်ချင်းဆုတ်ပေးဖို့နဲ့ အပစ် ရပ်ရေးကို စောင့်ကြည့်ဖို့ အင်ဒိုနီးရှားအကဲခတ်တွေကို ၀င်ခွင့်ပြုဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒီအစီအစဉ်ကို ဥပဒေလိုအပ်ချက်နဲ့အညီ အမျိုးသားလုံခြုံရေးကာင်စီနဲ့ကက်ဘိနက်က အတည်ပြုပြီးနောက်မှာ နယ်စပ် ကော်မရှင်အစည်းအဝေးကို နိုဝင်ဘာလမှာ ကျင်းပဖို့ ထိုင်းနိုင်ငံက အသင့်ဖြစ်နေပါပြီ။ လို့ ဗိုလ်ချုပ်ကြီးယုသာဆတ်က ဖနွမ်းပင်ကို မထွက်ခွာခင် ဘန်ကောက်မှာ ပြောခဲ့ပါတယ်။ “လုပ်ထုံးစဉ်လာတွေ သင့်တင့်လျောက်ပတ်စွာ ခွင့်ပြုပြီးတာနဲ့ ကမ္ဗောဒီးယားနဲ့လုပ်မယ့်အစည်းအဝေးကို တက်ရောက်ဖို့ ကျနော်တို့ အသင့်ပါပဲ၊ နယ်စပ်ကော်မရှင်အစည်းအဝေးကို နိုဝင် ဘာလမှာ ကျင်းပမယ်လို့ ခန့်မှန်းရပြီး ဒါကို ကျနော်တို့ နိုဝင်ဘာလကုန်မှာ အပြီးသတ်ချင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ယုသာဆတ် က ပြောဆိုပါတယ်။
ဗိုလ်ချုပ်ကြီးယုသာဆတ်ဟာ တနေ့က ကမ္ဗောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့လည်း တွေ့ခဲ့ပါတယ်။ သူလျှိုမှုနဲ့ ဖနွမ်းပင် ထောင်ထဲမှာ ကျနေတဲ့ ၀ီးရဆုမ်ခွမ်ခစ်နဲ့ရာ့ထရီးဖီဖတ်ထနာဖိုင်ဘူးလ် တို့ ၂ယောက်ကို ကူညီရေးနည်းလမ်းတရပ် အနေ နဲ့ ထိုင်းနဲ့ကမ္ဗောဒီးယား ၂ နိုင်ငံကြား အကျဉ်းသားဖလှယ်ရေးလုပ်ငန်းစဉ်တခုကို ဟွန်ဆန်က အဆိုပြုလိုက်တယ်လို့ သူ က သတင်းထောက်တွေကို ပြောပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ၀ီရနဲ့ရာ့ထရီးတို့ ၂ယောက်သာမက၊ ကမ္ဗောဒီးယား ထောင် တွေထဲမှာ များသေားအားဖြင့် မူးယစ်ဆေးဝါးမှုနဲ့ကျနေတဲ့ ထိုင်း ၃၇ ယောက်စလုံးကိုပါ လွတ်စေမှာဖြစ်တယ်လို့ ဟွန် ဆန် ရဲ့ စကားကို ဗိုလ်ချုပ်ကြီးယုသာဆတ်က ကိုးကားပြီး ပြောပါတယ်။ ၀ီရနဲ့ရာ့ထရီးကို ထောင်ဒဏ် ၈နှစ်နဲ့ ၆နှစ် အ သီးသီး ချထားပါတယ်။
ဖရားဝိဟာဘုရားကျောင်းကို ယူနက်စ်ကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် သတ်မှတ်လိုက်တဲ့ ၂၀၀၈ခုနှစ် ဇူ လိုင်လ ၇ ရက်နေ့ကစလို့ ဒီအငြင်းပွားနေတဲ့နယ်စပ်မှာ တိုက်ပွဲတွေ ဟိုနေရာ ဒီနေရာတလျှောက် နေရာအနှံ့ ဖြစ်ပွားနေ တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလနဲ့ဧပြီလမှာ ဆီဆာခက်နဲ့ဆူရင်ပြည်နယ်အစပ်တွေမှာ တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၃ရက်နေ့ အထွေထွေရွေးကောက်ပွဲပြီးနောက် ဖွေ့ထိုင်းပါတီ အာဏာရလာကတည်း က စစ်ရေးတင်းမာမှုတွေ လျော့ပါးလာပါတယ်။
နယ်စပ်မျဉ်းရေးဆွဲရေးတာဝန်ရှိတဲ့ ပူးတွဲနယ်စပ်ကော်မရှင် ဥက္ကဋ္ဌ နေရာကို အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ က ဆစ်ပီရွန်ရဲ့ အကြံပေးဖြစ်တဲ့ အက်စ်ဒါကျာယန်နမ ကနေ အငြိမ်းစား အန္ဒိယသံအမတ်ကြီးဖြစ်တဲ့ ဘန်ဒစ်ဆော့တီ ပလာ ရစ် ကို ပြောင်းလဲခန့်ထားမှာ ဖြစ်ပါတယ်လို့ အခုနယူးယောက်မှာရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဆူရာဖုန်က ပြောပါ တယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ကမ္ဗောဒီးယားကို ဆန့်ကျင်ကန့်ကွက်တဲ့ အသင်းခေါင်းဆောင်လည်းဖြစ်၊ နယ် သာလန် ဆိုင်ရာထိုင်းသံအမတ်ကြီးလည်းဖြစ်တဲ့ ၀ီရာချိုင်းပလာဆိုင်းကိုတော့ ဖယ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ၀ီရာချိုင်းနဲ့ ဥပဒေရေးရာ ညွန်ကြားရေးမှူး ချတ်ထရီအတာကျန်နန့်ကတော့ ပူးတွဲနယ်စပ်ကော်မရှင်ရဲ့အကြံပေး ဟုတ်တော့မှာ မ ဟုတ်ဘူးလို့ ၀န်ကြီးက ပြောပါတယ်။ သူတို့နေရာမှာ ဖိလိပိုင်သံအမတ်ကြီး ဖရာဆပ်စ် ဖရာဆပ်စ်ဝိနစ်ချိုင်းနဲ့ အစ္စရေး သံအမတ်ကြီး နုသာ ၀ွတ်ဖိုတီဆာရိုတို့ကို အစားထိုးမှာဖြစ်တယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။
ဒီအပြောင်းအလဲတွေက နယ်မြေအငြင်းပွားမှုကိုဖြေရှင်းဖို့ ကမ္ဗောဒီးယားနဲ့ စေ့စပ်ညှိနှိုင်းတာတွေ ပိုမြန်စေမှာဖြစ်တယ်။ လို့ ၀န်ကြီးက ပြောပါတယ်။ “ကျနော်တို့အနေနဲ့ ဒီလူတွေကို မပြောင်းဘူးဆိုရင် နယ်စပ်မျဉ်းရေးဆွဲဖို့ စေ့စပ်ညှိနှိုင်းတာ တွေကို အရင်၂နှစ်တုန်းကလိုပဲ အပြီးသတ်နိုင်မှာ မဟုတ်ဘူး” လို့ မစ္စတာ ဆူရာဖုန်က ပြောပါတယ်။ ဒါပေမဲ့ ၀န်ကြီးဌာ နက ၀န်ထမ်းတွေအကုန်လုံး ပြောင်းပစ်ဖို့ သူ မရည်ရွယ်ပါဘူး။ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အငြိမ်းစားယူကြမယ့် သံအမတ်ကြီး ၁၉ ယောက်နေရာမှာ အပြောင်းအရွှေ့တွေလုပ်ရမယ်။ သူတို့နေရာတွေမှာ လုပ်သက်အစဉ်အရ အစားထိုး ခန့်ထားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ဆိုရင်တော့ မစ္စတာ အက်စ်ဒါကို ပူးတွဲနယ်စပ်ကော်မရှင်မှာ ဆက်ရှိစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြ ဿနာတွေကို ကျွမ်းကျွမ်းကျင် ကိုင်တွယ်ဖြေရှင်းနိုင်လို့ဖြစ်တယ်လို့ ၀န်ကြီးချုပ်ဟောင်း အဖိဆစ် က ပြောဆိုပါတယ်။
စက်တင်ဘာ ၂၄၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ကချင်အမျိုသားခေါင်းဆောင် ဒူဝါ ဂါးဒူဇော်ရော် ကွယ်လွန်

KNG

လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သူ ကချင်အမျိုးသားခေါင်းဆောင်တစ်ဦး ဂါးဒူဇော်ရော် အသက် ၁၀၀ နီးပါးသည် စက်တင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားနေအိမ် ကွယ်လွန်ခဲ့သည်။


ဂျပန်ကို တိုက်ထုတ်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်လာသည့် အင်္ဂလိပ်ကြားဖြတ်အစိုးရထံ မြစ်ကြီးနားမြို့တွင်းတွင် မြေကွက်တောင်းဆိုခဲ့ရာ၌ လထော်ဒူဝါ ဂါးဒူဇော်ရော် (Lahtaw Duwa GA Du Zau Raw) ပါဝင်ခဲ့သည်။

၁၉၄၄ ခုနှစ်၊ မတ်လ ၂၄၊ ၂၅ နှင့် ၂၆ ရက်များတွင် အထက်မြန်မာပြည်ရှိ ဖက်ဆစ် ဂျပန်များကို အောင်မြင်စွာ တိုက်ထုတ်ရာတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်မှ ပါဝင်ကူညီခဲ့သော ကချင်ဒူဝါများသည် စစ်ပြီးဆုံး ပြီးနောက် မြစ်ကြီးနားမြို့တွင် နေထိုင်ရန် နေရာ မရှိ ပြဿနာကြုံခဲ့ရကြောင်း ကချင်ဒူဝါများ ပြောသည်။

ထိုစဉ် ယာယီ အင်္ဂလိပ်အစိုးရသို့ မြစ်ကြီးနားမြို့တွင် ကချင်ဒူဝါများအား မြေကွက်နေရာပေးရန် တောင်းဆိုခဲ့သည် ကချင်ကိုယ်စားလှယ် (၅) ဦးအဖွဲ့ (ဗန်းမော်မှ ၃ ဦး၊ မြစ်ကြီးနားမှ ၂ ဦး) တွင် ဂါဒူ ဇော်ရော် လည်း ပါဝင်ခဲ့သည်။

တောင်းဆိုမှုအား ဒုတိယ ကမ္ဘာစစ်ပြီးကာလ Sir Hubert Rance ဦးဆောင်သည့် မြန်မာပြည် ယာယီအစိုးရ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဗို်လ်ချုပ်အောင်ဆန်း မှတဆင့် အင်္ဂလိပ်အစိုးရသို့ ၁၉၄၆ နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရနေရာတချို့ကို ကချင်ဒူဝါများနေထိုင်ရန် အင်္ဂလိပ်ယာယီအစိုးရမှ ချပေးခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒူဝါ မရန်ဇော်အောင် ကဆိုသည်။

နိုဝင်ဘာလ ထဲမှာပြင် လွတ်လပ်ရေး ဗမာနှင့်အတူ မယူရန် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် ဒေသအနှံ့မှ ကချင်ဒူဝါ ၁၀၀ ကျော်အား ဆင့်ခေါ်အကြံပြုခဲ့သော အင်္ဂလိပ်အရာရှိ Mr. H.N.C Stevenson (အင်္ဂလိပ်တောင်းတန်းဒေသအုပ်ချုပ်ရေးအရာရှိ) နှင့် Mr. Northern (မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးအရာရှိ) နှင့် တွေ့ဆုံစဉ် ဂါးဒူဇော်ရော် လည်း ပါဝင်ခဲ့သည်။

သို့သော် ကချင်ဒူဝါများက အင်္ဂလိပ်အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ ဗမာနှင့်အတူ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။

ဗမာ၊ ရှမ်း၊ ကချင်နှင့် ချင်း အမျိုးသားခေါင်းဆောင်များ သဘောတူ လက်မှတ်ရေးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အရ ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ၁၉၆၂ ဗိုလ်ချုပ် နေ၀င်း နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် အင်္ဂလိပ်အစိုးရမှ ချပေးသော မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒူဝါများ၏ မြေကွက်အများစု သည်လည်း သိမ်းယူခြင်းခံခဲ့ရသည်ဟု ဒူဝါဇော်အောင် က ဆိုသည်။

ထင်ရှားသည့်နေရာတစ်ခုမှာ ယခု မြစ်ကြီးနား ကမ္ဘောဇဘဏ် တည်နေရာသည် ကချင်ဒူဝါများမှ သိမ်းယူခဲ့သည့် ယခင် စစ်သားစုဆောင်းရေးစခန်း ဖြစ်ခဲ့သည်။

မြစ်ကြီးနား-မန္တလေး မီးရထားလမ်း "ဂါဒူ (ကချင်လို ဂါးဒူ)" ဘူတာရုံတည်ရှိရာ ဂါဒူရွာသည် ဂါးဒူဇော်ရော်၏ ဇာတိမြေဖြစ်ပြီး လထော်ဒူဝါများ အုပ်ချုပ်ခဲ့သည့် ဒေသဖြစ်သည်။

ဗလာဒီမာ ပူတင် (သို့မဟုတ်) ဘယ်တော့မှ မထွက်ခွာသူ ပြန်လာခြင်း


ရုရှားနိုင်ငံရေးကို မေးခွန်းကြီးကြီး ထုတ်ရတော့မည်။ ၁၉၉၉-၂၀၀၀ ခုနှစ်မှာ ၀န်ကြီးချုပ်၊ ၂၀၀၀ ကနေ ၂၀၀၈ အထိ သမ္မတ၊ နောက် အခုထိ ၀န်ကြီးချုပ် လုပ်နေတဲ့ 'ဗလာဒီမာ ပူတင်' က နောက်နှစ် ရုရှား သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဦးမှာလား။
 ဒီလိုဆိုရင်တော့ မကြာခင်က ပြောင်းလဲထားတဲ့ ရုရှား အခြေခံဥပဒေက သူ့ကို ခြောက်နှစ် သမ္မတသက်တမ်း နှစ်ကြီမ် ထပ်ရဖို့ ခွင့်ပြုလိမ့်မည်။ ၂၀၂၄ ခုနှစ် သူ့အသက် ၇၁ နှစ်အထိ ရုရှားသမ္မတရာထူး ဆက်ကိုင်ထားဖို့ များနေသည်။ ကဲ.. ပူတင် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ၀င်မှာလား..။
ဒီမေးခွန်းကိုတော့ စက်တင်ဘာ ၂၄ ရက်မှာ ကျင်းပတဲ့ ညီညွတ်သော ရုရှားပါတီ ကွန်ဂရက်က အဖြေပေးသွားသည်။ ညီလာခံမှာ လက်ရှိ သမ္မတရာထူးယူထားသူ ဒီမီထရီ မက်ဒီဗ်ဒက်ဗ် က နောက်နှစ် ရွေးကောက်ပွဲမှာ သမ္မတရာထူးနေရာ မစ္စတာပူတင် ၀င်အရွေးခံတာ သူလိုလားတယ်ဟု ပြောသွားသည်။ ရှင်းသွားပြီ။
ပူတင်က မက်ဒီဗ်ဒက်ဗ် ကို ကျေးဇူးတင် ဂုဏ်ပြုစကား ပြောသည်။ နောက်နှစ် မတ်လ ရွေးကောက်ပွဲကနေ ကရင်မလင်ကို တရားဝင်ပုံစံနဲ့ သူ ပြန်လာမည်။ သမ္မတ မက်ဒီဗ်ဒက်ဗ် က ညီညွတ်သော ရုရှားပါတီကို ပြန်ဦးဆောင်ပြီး၊ ပူတင်ထံက ရုရှားဝန်ကြီးချုပ် ရာထူးကို ပြန်လွှဲယူသွားမည်။
ဒီလို သမ္မတနဲ့ ၀န်ကြီးချုပ် ရာထူးအလဲအလှယ် လုပ်ခြင်းက ရုရှားဒီမိုကရေစီရဲ့ ထူးခြားတဲ့ အောင်မြင်မှုဟုပင် ပြောရမလား။ ရုရှား အခြေခံဥပဒေကလည်း ဒီလို အလဲအလှယ် လုပ်နိုင်ခွင့်တွေ ရှိနေသည်။
မက်ဒီဗ်ဒက်ဗ် က ဗျူရိုကရေစီစနစ်လျှော့ချရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဆင့်မြင့်နည်းပညာ မြှင့်တင်ရေး (ဆီလကွန်ဗယ်လီ ပုံစံ မော်စကိုမြို့ပြင်မှာ စကိုလ်ကိုဗို တည်ဆောက်နေသည်) တွေ ဆက်လုပ်သွားမည်။ လူကြိုက်များဆဲဖြစ်နေတဲ့ နိုင်ငံရေးသမား ပူတင် က ရုရှားတည်ငြိမ်မှုကို အာမခံချက်ပေးဖို့ ရုရှားရဲ့ လီကွမ်ယူ အနေအထားမျိုးရအောင် လုပ်သွားမည်။ ဒါက စိတ်ကူး။
အမှန်တော့ တကယ့်နောက်ကွယ်ဇာတ်လမ်းက ပိုရယ်စရာကောင်းသည်။ ၀န်ကြီးချုပ်အဖြစ် အိမ်နိမ့်စံဘ၀နဲ့ နေနေပေမဲ့၊ ပူတင် ဟာ လက်ရှိ ရုရှားနိုင်ငံရေးမှာ ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ မက်ဒီဗ်ဒက်ဗ် က ရုရှားကို ပြုပြင်ပြောင်းလိုသူ ဖြစ်ပေမဲ့ ပူတင်ရဲ့ ဩဇာကို ဘယ်တော့မှ မလွန်ဆန်ရဲတဲ့သူ။ မက်ဒီဗ်ဒက်ဗ် သမ္မတတာဝန်ယူခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကို ပြန်ကြည့်ရင် သူ့လက်ရာခြေရာ ဘာမှ ထူးထူးခြားခြား မတွေ့မမြင်ကြရ။
ပူတင် ဆိုသူကတော့ ကေဂျီဘီ အရာရှိဟောင်း။ အာဏာရပြီးကတည်းက ရုရှားနိုင်ငံရေးကို သူ့ခြေသူ့လက် ဖြစ်အောင် လုပ်ထားသည်။ အတိုက်အခံတွေကို ဖမ်းဆီးနှိပ်စက် ထောင်ချ။ မီဒီယာနဲ့ စွမ်းအင်လုပ်ငန်းတွေကို အဓမ္မသိမ်း။ အာဏာရှင်နည်းလမ်းနဲ့ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲ နိုင်ငံရေးစနစ်ကို ဖန်တီးထား။ လာမယ့် ရွေးကောက်ပွဲမှာ ပုတင် မုချ သမ္မတဖြစ်လိမ့်ဦးမည်။
ပူတင် ဩဇာအောက်မှာ ရှိနေတဲ့ လက်ရှိ ရုရှားနိုင်ငံကလည်း စီးပွားရေးက တုံ့ဆိုင်း၊ အဂတိလိုက်စားမှုက ထူပြော၊ လူလတ်တန်းစားတွေက စိတ်ပျက်၊ မြောက်ဘက်က ကော့ကေးဆပ်နဲ့က စစ်ဖြစ်။
အိုင်ဒီအိုလော်ဂျီ အုံ့ပုန်းရှိတဲ့ မစ္စတာ ပူတင် သမ္မတထပ်ဖြစ်လာရင်၊ ရုရှားအတွက် အဓိက သူလုပ်ရမှာက စွမ်းအင်ရင်းမြစ်တွေအပေါ် အလွန်အကျွံမှီခိုမှု လျှော့ချဖို့၊ အကျင့်ပျက် ခြစားမှုတွေ ရှင်းလင်းဖို့၊ လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ ဒေသတွေအတွက် ပေါ်လစီအသစ်ချဖို့တွေ ဖြစ်မည်။ သို့ပေမဲ့ အဲဒီ အလုပ်တွေ သူလုပ်မလုပ်ဆိုတာ မသေချာ..။
ဘယ်လိုပဲဖြစ်ဖြစ် အခု သူ သမ္မတပြန်လုပ်ဦးမယ်ဆိုတဲ့ ကြေငြာချက်ကတော့၊ ရုရှားအတွက် အန္တရာယ်ပြွန်းတီးနေမယ့် သမိုင်းကဏ္ဍသစ် ထပ်ဖွင့်လှစ်လိုက်ခြင်းသာ ဖြစ်သည်။
ဝင့်ထန်း

7Day News Journal (September 22)

Weekly Eleven News Journal (September 23)

Bi+Weekly++4-25

The Voice Weekly No.7/ Vol.41

ဒါဖတ်ပြီးမှ ပြည်တော်ပြန်ပါ

အညာနွေတမာမြေ မှကူးယူဖော်ပြသည်

အောင်ဆန်းပင်လုံစာဖတ်ခန်းဖွင့်ပွဲမှာ ပြောတဲ့ ဒေါ်စု မိန့်ခန်း

West 'should respond to Burma change', says think-tank


Composite image showing Burmese PM Thein Sein and pro-democracy leader Aung San Suu Kyi New PM Thein Sein has held talks with Aung San Suu Kyi in recent weeks, in one sign of change
An influential think-tank has urged Western nations to acknowledge and support what it calls the major changes taking place in Burma.
The International Crisis Group (ICG) says there is now a unique opportunity to engage with the country's relatively new civilian-led government.
But some pro-democracy campaigners remain wary of easing the pressure on the Burmese leadership.
They say they want to see concrete signs of genuine reform.
'Not assured' The ICG says there is growing evidence that the new administration in Burma is serious about reform and Western powers should adapt their policies to reflect the new reality.
The group is calling for a proactive and engaged approach to grasp what it calls this unique opportunity.
The group has long taken the view that sanctions have failed. But there is a new urgency in the tone of its argument now.
The Burmese government has made a number of conciliatory gestures in recent weeks - easing restrictions on the media, allowing a visit by the United Nations human rights envoy and holding meetings with pro-democracy leader Aung San Suu Kyi.
But opinion is divided as to how the outside world should respond.
Some pro-democracy campaigners are urging caution, saying the steps taken by the Burmese government thus far are merely superficial.
Until or unless all political prisoners are released and a process of genuine national reconciliation is under way, they say, Western pressure and sanctions should be maintained.
Perhaps the most influential voice in this debate is that of Aung San Suu Kyi.
In her view there are signs that change is now possible in Burma, but she says "it is not yet assured". Few would disagree with that.

'I love you', Tutu tells Suu Kyi

Nobel Prize winners Desmond Tutu and Aung San Suu Kyi. Nobel Prize winners Desmond Tutu and Aung San Suu Kyi.
Talk about practicing what you preach: a smitten Archbishop Desmond Tutu has declared "love" for Burmese democracy hero Aung San Suu Kyi.
Giggling with excitement, the South African anti-apartheid campaigner and man of peace could hardly contain himself while speaking on Wednesday via videolink from a New York conference to Suu Kyi in Burma.
"I love you," Tutu told Suu Kyi, a fellow Nobel Peace Prize laureate who was released from years of house arrest last November but still rarely appears in public.
Advertisement: Story continues below
"I must return the compliment and say I love you," she replied from the slightly fuzzy satellite TV picture.
The impromptu exchange sent Tutu and the watching conference room of political and business leaders into fits of laughter. And Tutu was only just getting warmed up.
Praising Suu Kyi for her peaceful resistance to the Burmese military regime and resilience during years of house arrest, Tutu spoke at length about her moral qualities, "the things that you have suffered, your compassion".
Then he threw in and "your beauty", before immediately erupting in hooting, high-pitched laughter.
"I'm dazed," he admitted. "One would have expected that you would have been hard. You are so petite, demure," he said, cracking up again.
Smiling warmly, but considerably calmer, Suu Kyi responded: "This is going to turn out to be a mutual admiration society."
Tutu later encouraged Suu Kyi in her struggle to bring democracy to Burma and said he was "looking forward to coming to Burma when you are inaugurated as the head of government there".
Giving the love-struck human rights campaigner a glimmer of romantic hope, Suu Kyi answered: "I'll have to be very, very ambitious because I do want (Tutu) to come."
AFP

Myanmar says it is not working on nuclear arms

Maj. Sai Thein Win who was trained by Russia for Myanmar Nuclear Program
Maj. Sai Thein Win who was trained by Rus­sia for Myan­mar Nuclear Pro­gram. @DVB
Myan­mar has no finan­cial means to develop nuclear weapons, a senior Myan­mar envoy says so. That Myan­mar sup­ports global non­pro­lif­er­a­tion is very impor­tant to hear from the lips of a Myan­mar official.
It is all right for the U.S. to keep watch over coun­tries to see to it that nuclear weapons are not devel­oped to cause destruc­tion to our only earth.
Let it be on record that Myan­mar rep­re­sen­ta­tive to the IAEA, Tin Win, told an Inter­na­tional Atomic Energy Agency meet­ing Wednes­day that his coun­try is a firm sup­porter of a nuclear weapons-free world. Whether Myan­mar has the eco­nomic strength to develop nuclear weapons or not is not the issue, but Tin Win is now say­ing that Myan­mar does not want to develop nuclear weapons because it is destruc­tive to the world.
But to be always wary of nations who think they can con­quer the world by hav­ing nuclear weapons is an impor­tant respon­si­bil­ity of West­ern nations. Lead­ing groups like the IAEA should sup­port the U.S. and other first coun­tries to police the envi­ron­ment and to help it remain a nuclear weapon-free world.
It is com­fort­ing when a nation says that it sup­ports global non-proliferation, but the sur­veil­lance over these nations still have to be pur­sued. The fore­go­ing is sourced from AP and Reuters.

Myanmar's Suu Kyi wins top UK Chatham House prize


Myanmar Pro-Democracy leader Aung San Suu Kyi speaks at a ceremony to mark International Democracy Day in National League for Democracy party (NLD) head office at Yangon September 15, 2011. REUTERS/Soe Zeya Tun
LONDON | Thu Sep 22, 2011 7:25pm EDT
(Reuters) - A leading British foreign policy think-tank said on Friday it had chosen Myanmar democracy campaigner Aung San Suu Kyi as the winner of its prestigious prize this year.
The Royal Institute of International Affairs awards its Chatham House Prize annually to the person its members believe has made the most significant contribution to the improvement of international relations in the previous year.
It said Suu Kyi, a Nobel peace laureate, had become an international symbol of democracy and peaceful resistance, having spent most of the last two decades in some form of detention because of her efforts to bring democracy to Myanmar (formerly called Burma).
Former U.S. Secretary of State Madeleine Albright will accept the prize on Suu Kyi's behalf at a ceremony in London on December 1.
Suu Kyi, 66, whose British husband Michael Aris died in 1999, has always refused to leave Myanmar for fear of not being allowed back.
"International awareness helps our struggle for democracy in Burma, and our struggle provides us with an insight into the yearnings of all peoples for peace and freedom," Suu Kyi said in a statement released by the think-tank.
Suu Kyi was released last November from 15 years of house arrest for campaigning for democracy in Myanmar, which has been under military rule for five decades.
As a gesture to improved ties from the army-backed government that came to power in March, President Thein Sein and Labour Minister Aung Kyi recently met with Suu Kyi, the leader of the country's democratic opposition.
Speaking by video link to a conference in New York on Wednesday, Suu Kyi said she was hopeful of seeing signs of change "very soon" in her country.

နယ်စည်းမခြား ဆရာဝန်များ ထိုင်းမှ ထွက်မည်


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို ကူညီနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းများကို ယခုလကုန် ပိုင်းတွင် ရပ်ဆိုင်းတော့မည်ဟု မိတ်ဆွေအဖွဲ့အစည်းများထံ ယနေ့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

nargis-mental-health2
MSF ၏ ၂၀၀၉ ခုနှစ် ဧရာဝတီတိုင်း နာဂစ်ဒေသ ကူညီရေး ခရီးစဉ်တခု မြင်ကွင်း (ဓာတ်ပုံ - MSF)
ဘဏ္ဍာရေး နှင့် ၀န်ထမ်းပိုင်းဆိုင်ရာ အခက်အခဲရှိခြင်း၊ ဆီးရီးယား၊ လစ်ဗျား နှင့် အာဖရိကရှိ အငတ်ဘေး ကြုံတွေ့နေရသည့် နိုင်ငံများကို အရေးပေါ်ကူညီရန် လိုအပ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ လုပ်ငန်းများကို ရပ်စဲမည်ဟု ဆိုသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ စံခလဘူရီမြို့ရှိ MSF ရုံးခွဲကို ဇွန်လတွင် ပိတ်ခဲ့ပြီးဖြစ်ကြောင်း MSF ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Denis Penoy က  ဧရာဝတီကို ပြောသည်။

သို့သော် ထိုင်းနိုင်ငံရှိ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအားလုံး ရပ်စဲခြင်းရှိမရှိ ဟူသော မေးခွန်းကို ဖြေရန် သူက ငြင်းဆိုသည်။

ဘယ်လဂျီယံနိုင်ငံ အခြေစိုက် MSF သည် ၁၉၇၆ တွင် ထိုင်းနိုင်ငံ အတွင်း စတင် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ MSF၏ ကျန်းမာရေးလုပ်ငန်းနှင့် ကူညီမှုများသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပေါ် များစွာ အကျိုးပြုခဲ့သည်။  ငှက်ဖျား၊ တီဘီ၊ ခုခံကျ ဝေဒနာရှင်တို့ကို အခမဲ့ ကုသပေးခဲ့သည်။

MSF ထွက်ခွာသွားမည့် အစီအစဉ်သည် ယခုကဲ့သို့ မြန်ဆန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း  ထိုင်းမြန်မာနယ်စပ်ရှိ အကူအညီပေးရေး အဖွဲ့အစည်းတို့နှင့် နီးစပ်သူတချို့က ပြောသည်။

MSF ထွက်သွားပါက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် ဆေးဝါးကုသမှု အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း  လုပ်ဖော်ကိုင်ဘက် အဖွဲ့များအပါအ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောသည်။

ဘုရားသုံးဆူတွင် နေထိုင်သည့် မြန်မာအလုပ်သမားတဦးဖြစ်သည့် ကိုထွန်းဦးက “သူတို့က ကျနော်တို့အတွက် ဆိုရင် အားထားရတဲ့ တောင်တခုလိုပဲ။ သူတို့ ထွက်သွားပြီးရင် ကျနော်တို့ အားထားရတဲ့ တောင်ကြီး ပြိုကျသလိုပါပဲ” ဟု ဆိုသည်။

ဘုရားသုံးဆူမြို့တွင် မြန်မာအလုပ်သမား ၅၀၀၀ ခန့် ရှိပြီး အများစုမှာ MSF က အခမဲ့ထောက်ပံ့သည့် ဆေးဝါးနှင့် ကျန်းမာရေးကုသမှုကို ခံယူကြသူများဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် MSF က နယ်စပ်ဒေသ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၊ မယ်လဒုက္ခသည် စခန်းအတွင်းရှိ မြန်မာပြည်သားများအတွက်  ငှက်ဖျားနှင့် တီဘီ ရောဂါ ကုသမှုလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း MSF ၏ အကူအညီပေးရေး စီမံကိန်းများ ရှိသည်။

မြန်မာ့အလင်း တရားမ၀င် ရိုက်နှိပ်ရောင်းချသူ ၀န်ထမ်း ၅ ဦး အဖမ်းခံရ


အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းက ၀န်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
(Photo: AFP)
အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာ့အလင်း သတင်းစာ စောင်ရေအပိုတွေကို တရားမဝင် ခိုးရိုက်ပြီးဖြန့်ချိနေတာဖြစ်ပြီး နှစ်ပေါင်းများစွာ တရားဝင် ရောင်းဈေး ၅၀ ကျပ်အစား ၄၅ ကျပ်နှုန်း နဲ့ မှောင်ခိုဖြန့်ချိ ရောင်းချနေသူတွေလို့ သိရပါတယ်။
ဒီအမှုမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆရတဲ့ မြန်မာ့အလင်း သတင်းစာ ဖြန့်ချိရေးဌာနက အရာရှိ တဦး အပါအဝင် အရာထမ်း ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး မနေ့ကလည်း ငွေစာရင်းဌာနက အရာရှိတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။
အဲဒီအရာရှိဟာ စစ်ဖက်က လာတဲ့အရာရှိ ဖြစ်ပြီး သူတဦးထဲ ငွေကျပ်သိန်း ၂၅၀၀ ခန့် ပေးလျော် ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒီအမှုမှာ အခြားပြန်ကြားရေး ဌာနက အဆင့်မြင့် အရာရှိကြီး တွေပါ ပါဝင် ပတ်သက်နေပြီး မြန်မာ့အလင်း သတင်းစာက အောက်ခြေဝန်ထမ်း အချို့ဟာ ကျပ်သိန်းဆယ် ဂဏန်းနဲ့ချီပြီး ခွဲတမ်းချပေးရမယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီအမှုနဲ့ ပက်သက်လို့ သတင်းစာ ကြော်ငြာဌာနက တိမ်းရှောင်နေရတဲ့ အရာရှိတဦးရဲ့ ဒဂုံမြို့သစ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပါတယ်။
ဒီသတင်းစာတွေကို ဖြန့်ချိပေးခဲ့တဲ့ ရန်ကုန်က သတင်းစာ ကိုယ်စားလှယ် အချို့ကို စက်တင်ဘာ ဒုတိယပတ် အတွင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ခေါ်ယူ စစ်ဆေးခဲ့ပြီး ဒီသတင်းစာ ကိုယ်စားလှယ်တွေပါ ငွေပေးလျော်ဖို့နဲ့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း သမ္မတအကြံပေး ခေါင်းဆောင် ပြောဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥာဏ်ပညာ အင်မတန် ထက်မြက်သူ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် လေးစားရပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ ကျနော်တို့ရဲ့ အင်မတန်မှလေးစားရတဲ့ အစ်မကြီးပေါ့နော်။ နောက်တစ်ခုကလည်း သူ့ရဲ့ အသိဥာဏ် ပညာ အမြော်အမြင်ပေါ့နော်။ ဥာဏ်ပညာတွေ အင်မတန်မှပဲ ထူးခြားတယ်၊ ထက်မြက်တယ်၊ နိုင်ငံတကာနဲ့ပတ်သက်လို့ကလည်း အတော်ကလေး နှံ့နှံ့စပ်စပ် သိမြင်တယ်၊ ဒီအတွက်ကတော့ သူ့အပေါ်မှာ ကျနော်တို့ အများကြီး လေးစားပြီးသား ဖြစ်ပါတယ်။"
အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး မြှင့်တင်ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံဖို့ နယူးယောက် မြို့တော်ကို ရောက်ရှိနေစဉ် အတွင်း RFA ကို သီးသန့် တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ တိုးတက် ပြောင်းလဲမှုတွေကို ဆောင်ကြဉ်း ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က RFA ကို ပြောခဲ့ပါတယ်။
"သူက ပြည်သူ့အပေါ်မှာ၊ နိုင်ငံတကာ အသိုင်းအ၀န်းအပေါ်မှာ တော်တော်လေးကို ဆွဲဆောင်နိုင်တယ်။ ဆက်သွယ်ထားနိုင်တဲ့ ကွန်ရက်တွေရှိနေတယ် ဆိုတော့ ဒါတွေကို အသုံးပြုပြီးတော့မှ ကျနော်တို့နိုင်ငံရဲ့ ကောင်းကျိုးအတွက်ပေါ့နော်၊ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် သူ အများကြီး ဖြည့်ဆည်းပေးနိုင်မယ်။ တကယ်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။"
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန် အစိုးရပိုင်းက တခြားအရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ အမေရိကန် အစိုးရအကြား ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း စသဖြင့်လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်


ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
Chatham House
ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေး အတွက် အကြမ်းမဖက် လမ်းစဉ်နဲ့ တစိုက်မတ်မတ် ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ တာဝန်သိတဲ့ အစိုးရတွေ ပေါ်ပေါက်ဖို့ လှုပ်ရှားနေကြသူတွေ အတွက် သြဇာ ကြီးမားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ Chatham House ညွန်ကြားရေးမှုး Robin Niblett က ပြောပါတယ်။
NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဇွဲ၊ ကိုယ်ကျိုးစွန့်မှု၊ ညီညွတ်ရေး ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေ တင်မက ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားထဲအထိ စွဲဝင်နေကြတယ် ဆိုတာ အခုလို ဆုတွေ ချီးမြှင့်နေတာက သက်သေပြနေတာမို့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီဆုကို လက်ခံရရှိတဲ့ အတွက် နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စဟာ နိုင်ငံတကာနဲ့ပါ သက်ဆိုင်နေတယ် ဆိုတဲ့ ပေါင်းကူး ဆက်စပ်မှုကို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးစိုက်ခံရတာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကူညီအားပေးရာ ရောက်သလို ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး အတွက် လူသားအားလုံးရဲ့ ဆန္ဒကို အထောက်အကူ ဖြစ်စေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း Chatham House ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ (၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Madeleine Albright က လက်ခံရယူမှာ ဖြစ်ပါတယ်။
ဒီဆုကို မနှစ်က တူရကီ သမ္မတကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ 

KIA က ရဲဘက်စခန်းကိုစီးနင်း၊ အကျဉ်းသားများကို လွှတ်ပေး

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၉) သည် မူဆယ်-လားရှိုး လမ်းမအနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို တိုက်ခိုက်ပြီး အကျဉ်းသားများကို ယမန်နေ့က လွှတ်ပေးလိုက်ကြောင်း သိရသည်။ KIA က ရဲဘက်စခန်း အနီးမှ ဖြတ်သန်း သွားလာစဉ် တာဝန်ကျ ရဲများက စတင်ပစ်ခတ်သောကြောင့် ရဲဘက်စခန်းကို တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊ ပြန်လွှတ်ပေးလိုက် သူများတွင် နိုင်ငံရေးအရ ဖမ်းဆီးခံရသူများပါကြောင်း Kachinland News သတင်းတွင် ဖော်ပြထားသည်။ KIA က စခန်းမှူးနှင့် ရဲတပ်သား များကိုလည်း ဖမ်းဆီးရမိသည်ဟု သိရသည်။

မြန်မာအစိုးရကိုထောက်ခံရန် ICG တိုက်တွန်း

အပြောင်းအလဲများ စတင် လုပ်ဆောင်ပြနေသော မြန်မာအစိုးရအား ကူညီထောက်ပံ့ပေးကြရန် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ကမ္ဘာ့နိုင်ငံများကို ယနေ့ တိုက်တွန်း လိုက်သည်။

DASSK_and_TS
၂၀၁၁ သြဂုတ် ၁၉ ရက်နေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

သမ္မတဦးသိန်းစိန်သည် အပြောင်းအလဲတချို့ကို လက်တွေ့ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် မကြုံစဖူး အပြောင်းအလဲဖြစ်နေသောကြောင့်  ကူညီသင့်ကြောင်း  ICG ၏ စာမျက်နှာ ၂၁ မျက်နှာပါ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်ရေးပုံစံမှ ခွဲထွက်၍ အရပ်သားအစိုးရအုပ်ချုပ်မှု ပုံစံသစ်ကို ကျင့်သုံးကာ အပြောင်းအလဲ အမှန်တကယ် ပြုလုပ်လိုသူ တဦးဖြစ်ပြီး ထောက်ခံအားပေးမှု မရှိလျှင် လုပ်ဆောင်ချက်များ တုံ့နှေးသွားလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ကြိုဆို ထောက်ခံထားသည်။

သမ္မတတာဝန်ယူပြီး များမကြာမီ မေလ ၁၆ ရက် နေ့တွင်  အကျဉ်းသား အများအပြားအတွက် ပြစ်ဒဏ် တနှစ်လျှော့ပေးပြီး လွတ်ငြိမ်းသက်သာခွင့် ကြေညာခဲ့ကြောင်း၊ ထိုသို့ လွှတ်ပေးရန်  အစိုးရအဖွဲ့ဝင်များနှင့် ၃ ရက်တိုင် ဆွေးနွေးမှုတွင် သူ၏ အစီအစဉ်ကို မလိုလားသူတချို့ ရှိခဲ့ကြောင်း အာဆီယံ သံတမန် တဦးကို ကိုးကား၍ ICG က ရေးသားထားသည်။

ဦးသိန်းစိန်၏ သြဂုတ်လ ၁၉ ရက်နေ့  မိန့်ခွန်း၌ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဟု ပြောဆိုခဲ့ရာ အာဏာရှင် စနစ်ထက် စာလျှင် လုံးဝ ခြားနားသော အုပ်ချုပ်မှု ပုံစံသစ်ကို စတင်နေခြင်းဖြစ်သည်ဟု ICG က ဆိုသည်။

မည်မျှ ပြောင်းလဲနေသည်ဆိုသည်ကို စောင့်ကြည့်သူတချို့က အာရုံမပြုဘဲ မပြောင်းမလဲ ကျန်နေသည်များကိုသာ လက်ညှိးထိုးနေကြသည်ဟုလည်း ဝေဖန်ထားသည်။

အစိုးရသစ်သည် အပြောင်းအလဲများ ပြုလုပ်နေသကဲ့သို့ တိုင်းရင်းသားဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရှိနေဆဲဖြစ်ကြောင်းကိုလည်း ထောက်ပြထားသေးသည်။

လက်ရှိအစိုးရအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သြဇာလွှမ်းမိုးမှု မရှိတော့ကြောင်း၊  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြုသဘော မဆောင်သည့် ပြုမူမှုများ လုပ်ဆောင်ခဲ့သူ  ဒုသမ္မတ သီဟသူရ  ဦးတင်အောင်မြင့်ဦးကိုပင်  ဇူလိုင်လအတွင်း  ခေါ်ယူတွေ့ဆုံပြီး အနှောင့်အယှက်မပြုရန် သတိပေးခဲ့ကြောင်း အာဆီယံ သံတမန်တဦးကို ကိုးကာ၍ ICG က ဆိုထားသည်။

အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုကို တုံ့ပြန်ရန် အသင့်ရှိသည်ကို အချက်ပြထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် တို့က လုပ်ပိုင်ခွင့်များ အတွင်းမှပင် နည်းပညာအကူအညီ၊ အကြံဉာဏ်များ ဖြစ်နိုင်သမျှ ပေးအပ်ကူညီကြရန်လည်း တိုက်တွန်း ရေးသားထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်အစည်းအဝေးများ၌ အဆိုပြု တင်သွင်းခဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို စစ်တပ် ကိုယ်စားလှယ်များကပါ ထောက်ခံ ဆွေးနွေးနေမှုမှာ အံ့သြဖွယ် ပြောင်းလဲမှု ဖြစ်သည်ဟု ICG က ချီးကျူးလိုက်သည်။

လွှတ်တော်တက်ရောက်နေသည့် ကိုယ်စားလှယ်တချို့သည် သေးငယ်သော ကိစ္စရပ်များကို တင်ပြဆွေးနွေးနေခြင်းမှာ အတွေ့အကြုံမရှိသေးခြင်းကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း ပြည့်ဝရေးအတွက် တခြားနိုင်ငံလွှတ်တော်များက ကူညီပေးသင့်ကြောင်းလည်း ဖော်ပြထားသည်။

သမ္မတ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စများ၊ ဆွေးနွေးပွဲများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်လာရေး ဖိတ်ခေါ်မှု စသည်တို့ကို အပြုသဘော အပြောင်းအလဲအဖြစ် ICG က ရှုမြင်ထားသည်။

ပြုပြင်ပြောင်းလဲမှုများ နိုင်ငံတကာ၏ ထောက်ခံမှု မရှိလျှင်  ဦးသိန်းစိန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ အားလျော့သွားစေပြီး အစိုးရအဖွဲ့ အတွင်းရှိ သဘောထား တင်းမာသူတချို့ အားကောင်းသွားစေနိုင်ကြောင်း ICG က သုံးသပ်ထားသည်။

ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ICG ၏ ထုတ်ပြန်ချက်တစောင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်းထားသည်။

မြန်မာပြည်ပြောင်းလဲနေပြီဟု အမေရိကန်ဝန်ကြီးပြော


မြန်မာပြည်တွင် အပြောင်းအလဲများ သိသိသာသာ မြင်လာရပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်တွင် မကြာမီတွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အဆင့်မြင့် အရာရှိကြီးတဦးက ယနေ့ ပြောကြားလိုက်သည်။

3400
၂၀၁၀ မေလ ၁၀ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော အမေရိကန် သံအရာရှိ လာရီဒင်ဂါ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AP)
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ထင်ထင်ရှားရှား မြင်နေရပြီလို့ ကျနော်ထင်ပါတယ်။ အခြေအနေကတော့ သဲကွဲမှု မရှိသေးဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့သူတွေကတော့ ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတာကို သတိထားမိကြပါတယ်” ဟု  အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

မစ္စတာ ကာ့တ်ကမ်းဘဲလ်က ယခုတပတ်အတွင်း အမေရိကန်အရာရှိများနှင့် မြန်မာပြည်ရေးရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။

မကြာသေးခင်က   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် မြန်မာပြည်သွားရောက်စဉ် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလွှာအသီးသီးမှ ကိုယ်စားလှယ်တို့နှင့် “စိတ်ကျေနပ်ဖွယ်ကောင်းသည့် ဆွေးနွေးပွဲများ” ပြုလုပ်နိုင်ခဲ့သည်ဟု  မစ္စတာ ကာ့တ်ကမ်းဘဲလ်က  ပြောသည်။

သို့သော်လည်း  အထူး စိုးရိမ်ဖွယ် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ရှိနေတယ်။ ပြီးတော့ ဖိနှိပ်မှုတွေလည်း နေ့တိုင်း ဆက်ဖြစ်နေတုန်းပဲ” ဟု   မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

“တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လတွေအတွင်း ကျနော်တို့ မြင်ရတာတွေဟာ ဟိုတုန်းက စဉ်းစားမထားမိတာတွေပါ။ သမ္မတသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆင့်မြင့်ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပါတယ်” ဟု မစ္စတာ  ကာ့တ်ကမ်းဘဲလ်က ပြောသည်။

ကနဦးဖြစ်ပေါ်လာသော ခြေလှမ်းများ နောက်ပြန်ဆုတ်သွားနိုင်သဖြင့် ဂရုစိုက် ကိုင်တွယ်ရန် အရေးကြီးကြောင်း၊ ထိုဖြစ်ထွန်းမှုတို့ကို လျစ်လျူရှုခြင်းမပြုရန်လည်း အရေးကြီးကြောင်း သူက ပြောသည်။

“အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အရှေ့တောင်အာရှက မိတ်ဆွေတွေ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်တို့နဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေတာတွေ ရှိပါတယ်” ဟု မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

“ကျနော်တို့ရဲ့ ဆန္ဒကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တရားမ၀င်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ တခြားအင်အားစုတို့နဲ့  အစိုးရ ပြုလုပ်ခဲ့တဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ စတာတွေအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟုလည်း မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန်၊ လက်တွေ့ဖြစ်ထွန်းတိုးတက်မှုများ ထပ်မံပေါ်ပေါက်ရေး တွန်းအားပေးရန် အမေရိကန်အစိုးရက ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ်၂၀၀၉ နိုဝင်ဘာလ၊ ၂၀၁၀ မေလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ဖူးသည်။

ဂျုံရုပ်လုပ်သူ တစ်ယောက်အကြောင်း

l4251
‘လိုချင်တဲ့အရုပ်ကို ပြောလုပ်လို့ ရပါတယ်။ မမြင်ဖူးပေမယ့်လည်း ဓာတ်ပုံပြရင် ရအောင် လုပ်ပေးနိုင်ပါတယ်’
ကလေးများ ၀ိုင်းအုံနေသည့် ကြားမှ လက်က အရုပ်များလုပ်ရင်း ပြန်ဖြေသည်။ လက်မှဘီး၊ ဆံထိုး ပုံပိုက်ချောင်း၊ ဓားနှင့် ကပ်ကြေးတို့ကို အသုံးပြု၍ လိုချင်သော အရုပ်ရအောင် ပုံဖော်နေရင်း ပါးစပ်မှလည်း လာဝယ်သူကလေးငယ်များ မပျင်းရလေအောင် အရုပ်များ၏ ဇာတ်ဝင်ခန်းများ ကို ပြောပြနေသေးသည်။
သူ၏ လက်တို့သည် ဂျုံကို ဘီး၊ ကပ်ကြေး၊ ဆံထိုးပုံပိုက်တို့ဖြင့် အရုပ် လုပ်နေသည်မှာ အနုပညာမြောက်သည်။ ပြုလုပ်ရသည်မှာလက်ဝင်သလို ရုပ်လုံးပေါ်လာသော အရုပ်များမှာလည်း အသက်ဝင်လှသည်။
ထိုဂျုံရုပ် ပြုလုပ်ရောင်းချသူများ မှာ ယနေ့ခေတ်တွင် နည်းပါးသွားပြီ ဖြစ်သော်လည်း လက်မှုအနုပညာ အဖြစ်တော့ ရပ်တည်လျက်ရှိနေသေးသည်။ ကလေးများက အရုပ်လိုချင် ၍ ၀ယ်ကြသည်။ လူကြီးများ က ဂျုံ ကို လက်ဖြင့် အရုပ်ပြုလုပ်သည့်ပညာ ကို သဘောကျ၍ ၀ယ်ယူကြဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ခရီးသွားများက တွေ့လျှင်လည်း သဘောကျ ၀ယ်ယူလေ့ရှိကြောင်း သိရသည်။

အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။
‘‘ဒီအရုပ်တွေကို အများစုက ဂျုံနဲ့ လုပ်တယ်လို့သိထားပေမယ့် အဓိက ကတော့ ကောက်ညှင်းနဲ့ဆန်ကို အချိုးအစားကျကျ ရောစပ်ပြီး လုပ်ထားတာပါ။ ဂျုံကတွဲတော့ လိုသလို ပုံသွင်းလို့ မရဘူးလေ။ အရုပ်တွေ ကြာကြာခံအောင်တော့ ဘန်ဇိုင်း ထည့်ပြီး လုပ်ထားပေမယ့် ကလေးတွေစားမိရင်လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ တခြားသေစေလောက်တဲ့ ပစ္စည်း လည်း ဘာတစ်ခုမှ မထည့်ထားပါဘူး’’ ဟု ဆိုပါသည်။
ရန်ကုန်မြို့ရှိ ကလေးအများစုရှိသည့် ရပ်ကွက်၊ ကျောင်း၊ လမ်းများ သို့ ရွေးချယ်သွားရင်း မိမိတတ်သော အရုပ်လုပ်သည့် ပညာဖြင့် မိသားစု စားဝတ်နေရေးအတွက် အသက်မွေး ၀မ်းကျောင်းပြုနေသူ ကိုဇော်လင်းမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြကျေးရွာတွင် နေထိုင်သူဖြစ်သည်။ သူသည် မိသား စုငွေကြေး အခက်အခဲကြောင့် အတန်း ပညာကို ပဉ္စမတန်းအထိသာ သင်ကြားနိုင်ခဲ့သည်။
သူသည် ဂျုံအရုပ်လုပ်အတတ်ပညာကို အသက် ၁၃ နှစ်ကတည်းက ဆရာသမားများနှင့် သူ၏အစ်ကိုများ ထံမှ ထိုပညာကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
‘‘ဒီလိုပါပဲ၊ အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။ တချို့မိဘ တွေကြတော့လည်း နှိမ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအရုပ်လုပ်ပြီး လုပ်စားလို့ မချမ်းသာဘူး၊ ဆင်းလည်း မဆင်းရဲဘူး။ ဒါပေမယ့် စိတ်တော့ ချမ်းသာတယ်။ မိသားစု စားဝတ်နေရေးတော့ ဖူလုံပါတယ်။ တစ်နေ့ကို မရောင်းရဘူးဆိုရင် ကျပ် ၃၀၀၀ က နေ အများဆုံး ၁၀၀၀၀ လောက်အထိ ရောင်းရတာမျိုးရှိပါတယ်။ အခုဆိုရင် ကျွန်တော့်မိဘတွေကို တစ်ဖက်တစ်လမ်းက ပြန်ထောက်ပံ့ပေးနိုင်နေပါ ပြီ’’ဟု သူ၏အကြောင်းကို ပြန်ပြောပြ သည်။
ဆက်လက်၍ အရုပ်ရောင်းချရ ပုံနှင့်ပတ်သက်၍ ‘‘လျှောက်သွားရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့နေရာမှာ ရောင်းပါတယ်။ ပိုက်ဆံများများရမယ်လို့ ထင်တဲ့နေရာကို အဓိကသွား ပါတယ်။ မြို့တွင်းနဲ့ ဆင်ခြေဖုံးကတော့ အနည်းနဲ့အများ ကွာပါတယ်။ မြို့တွင်းဆိုရင် ၃၀၀ လောက်ကနေ အရုပ်အလိုက် ဈေးမြှင့်ရောင်းရတယ်။  ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ၅၀ ၁၀၀ လောက်မှ ယူတယ်။ ဒီလိုပါပဲ အများဝယ်နိုင်တဲ့ ဈေးတော့ ရောင်းရ တာပေါ့’’ဟု ဆိုပါသည်။
တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ မှ ကလေးကစားစရာများ ပေါများစွာ ၀င်ရောက်လာသော်လည်း ဤ ဂျုံအရုပ်လုပ်သည့် ပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရပုံကို လည်း ‘‘ဒီပညာရပ်က လက်မှုပညာ ရပ်တစ်ခုပါ။ စိတ်ကူးလည်း ဆန်းသစ်ရတယ်။ တီထွင်မှုလည်း ရှိရတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကစားစရာပစ္စည်းတွေ ၀င်လာလည်း ကျွန်တော်တို့အနေနဲ့ ဒီပညာရပ်ကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း  ထားနိုင်တယ်။ ဒါပေမယ့် လုပ်တတ်တဲ့သူနဲ့ လုပ်ရောင်းတဲ့သူကတော့ အရင်ကထက် အများကြီးနည်းသွားပြီ’’ ဟု ပြောပါသည်။
ယခုနောက်ပိုင်းတွင် တီဗီဇာတ်လမ်းတွဲများမှ နိုင်ငံခြား ကာတွန်း ဇာတ်ကောင်များဖြစ်သော ဘန်တန်း၊ အဗာတာ၊ ပါဝါရိန်းဂျား၊ ကွန်ဖူးပန်ဒါ စသည့် အရုပ်များကိုပါ ပြုလုပ်ရောင်း ချရပြီး မွေးနေ့ပွဲများတွင်လည်း လိုက်လံ ပြုလုပ်ပေးလာရသည်ဟုလည်း ကိုဇော်လင်းက ပြောပါသည်။
ဘ၀ကို နည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှားနေကြရသော လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် ထိုဂျုံရုပ်လုပ်သူ သည်လည်း သူ၏ တတ်သော ပညာရပ်တစ်ခုဖြင့် သမ္မာအာဇီဝရှိစွာ ရပ်တည်နေသည်နှင့် ပတ်သက်၍လည်း ကိုဇော်လင်းက ‘‘ဘယ်သူ့ပစ္စည်းမှ မခိုးဘူး။ ဘယ်သူ့ကိုမှလည်း မစော်ကားဘူး။ ဘယ်သူ့ကိုမှလည်း နစ်နာအောင် မလုပ်ဘူး။ ကျွန်တော်တတ်တဲ့ ပညာတစ်ခုနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေတယ်။ အခုခေတ်မှာက အတန်းပညာ တတ်ထားရင်တောင် သူများဆီမှာ အလုပ်ရဖို့ ခက်တယ်။ အခု ကျွန်တော်တတ်ထားတဲ့ ပညာကကလေးတွေ ရှိသ၍ ကောင်းနေမှာပဲ။ တခြားအရုပ်တွေက ဘယ်အချိန်မဆို လုပ်နိုင်တယ်။ လက်ထဲ  ဂျုံရောက်သွားတာနဲ့ အရုပ်ဖြစ်အောင် လုပ်နိုင်တော့ စိတ်ဝင်စားကြတယ်။ သူဟာနဲ့သူ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားကြတာပါ’’ဟု သူ၏  အလုပ် အပေါ် သူ၏အမြင်ကို ပြောပြသည်။
သို့ရာတွင် မိုးရာသီတွင် ရာသီဥတု အခြေအနေကြောင့် အရောင်းပါးသည့် ရက်များရှိကြောင်း၊ ထိုနေ့ များတွင် ၀င်ငွေရရှိနိုင်ရေးအတွက် အခြားလုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရကြောင်းနှင့် သူ၏ အခြားအလုပ် တစ်ခုမှာ ကြည့်မြင်တိုင်မြို့နယ်ဘက် မှ သူနေထိုင်ရာ တစ်ဖက်ကမ်း ဦးမြရွာ ဘက်သို့ သဗ္ဗာန်ခတ်ခြင်းဖြစ်ကြောင်း လည်း ပြောပါသည်။
မည်သို့ပင်ဖြစ်စေ သူ၏ အလုပ် သည် သူ၏ ဘ၀ဖြစ်သည်။ သူ၏ မိသားစုလည်းဖြစ်သည်။ ‘‘မိသားစု စားဝတ်နေရေးအတွက် ဒီလုပ်ငန်းကို လုပ်နိုင်နေသေးသရွေ့ လုပ်နေရဦးမှာပါလို့’’ ဆိုသည့်သူ့အတွက်  ဘ၀နှင့် မိသားစု စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေဦးမည်သာ . . . ။

ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု


၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက  အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။
အောင်စူဠာမဏိစေတီ
စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။
စေတီကို စတင်တွေ့ရှိချိန်၌ စေတီထက်ရှိ စိန်ဖူးတော်မှာ ကျိုးကျ ပျက်စီးလျက်ရှိနေပြီး စေတီအောက်ခြေနှင့် စေတီနံရံများတွင်လည်း ခြုံနွယ်များနှင့် သစ်မြစ်များက အခိုင်အမာပေါက် ရောက်နေခဲ့ပါသည်။ စေတီအထက်မှ အောက်အထိ အက်ကြောင်း တစ်ခု ဖြစ်ပေါ်နေရာ မကြာမီအက်ကွဲသွား နိုင်သည့် အခြေအနေရှိနေပါသည်။

ခိုလာမျိုးနွယ်စုနှင့် ပတ်သက်သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာ ရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ မြန်မာဟန် ဟု အတိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲ


အရန်စေတီထက်မှ အလှူရှင်အမည်များ
မြန်မာနိုင်ငံမဟုတ်သော အခြား နိုင်ငံနယ်နိမိတ်အတွင်း မြန်မာဟန် အပြည့်ဖြင့် တည်ထားသော စေတီ တစ်ဆူရှိနေခြင်းထက် မြန်မာများတည်ထားသည့် စေတီဖြစ်ကြောင်း သက်သေကို အရန်စေတီများ၌ တွေ့ရှိခဲ့ရခြင်းက ပို၍စိတ်ဝင်စားဖွယ် ကောင်းခဲ့ပါသည်။ အောင်စူဠာမဏိ စေတီနံဘေး၌ အရန် စေတီလေးဆူ ရှိခဲ့သည်။ အရန်စေတီများမှာလည်း ပျက်စီးလျက်ရှိနေပြီ ဖြစ်ပါသည်။ အရန်စေတီများ၌ အသုံးပြုထားသော သဲမြေအမျိုး အစားနှင့် အောင်စူဠာမဏိစေတီ၌ အသုံးပြုထားသော သဲမြေအမျိုးအစားမှာ ကွာခြားမှုရှိခဲ့ပါသည်။ ယေဘုယျအားဖြင့် အောင် စူဠာမဏိစေတီတွင် အသုံးပြုထားသော သဲမြေအမျိုးအစား မှာပို၍ ရှေးကျနေ ကာ ဓာတ် ခွဲမှုပြုလုပ် ရန်စီစဉ် နေပါသည်။
အရန်စေတီများတွင် ရေးထိုးထား သော အလှူရှင်အမည်များနှင့် ဒါနပြု ရက်စွဲကို အတိအကျတွေ့ရှိရပါသေးသည်။ ထိုအချက်က ပိုင်လင်းဒေသ၌ မြန်မာများ အခြေချခဲ့သည့်ကာလကို သိရှိစေခဲ့သည်။
ပထမဆုံးတွေ့ရသော အရန်စေတီ၌ ရေးထွင်းထားသောစာသားမှာ “၁၂၈၇ ခု၊ ဖားအိရွာနေ၊ ကိုကျာရုံ မမိတ်တို့ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရေးထွင်းထားသည့် ခုနှစ်မှာ မြန်မာသက္ကရာဇ်ဖြစ်ပါသည်။ ခရစ်နှစ်ဖြင့် တွက်ချက်ပါက ၁၉၂၅ ခုနှစ်အချိန် ဖြစ်ပါသည်။ အရန်စေတီထက်မှ တွေ့ရှိရသော အထောက်အထားအရ ထိုဒေသ၌ မြန်မာများနေထိုင်ခဲ့သည် ဆိုသော ကာလမှာ ၁၉၂၅ ခုနှစ်မတိုင်ခင် အချိန်ကတည်းကဟု ယေဘုယျ ယူဆနိုင်ပါသည်။အခြားသော အရန် စေတီများထက်တွင်လည်း မြန်မာအမည်များနှင့်ခုနှစ်များ ရေးထွင်းထား ခဲ့ပါသည်။
ဘုန်းကြီးကျောင်းမှ အလှူရှင်အမည်များ
အောင်စူဠာမဏိ စေတီအနီး၌ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပြီး ထိုဘုန်းတော်ကြီး ကျောင်းအတွင်း ရေးထိုးထားသော အလှူရှင် အမည်များမှာလည်း မြန်မာအမည်များပင် ဖြစ်နေခဲ့သည်။ ခမာ နှင့် မြန်မာဘာသာများဖြင့် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ရာ စင်္ကြံတစ်လျှောက်ရှိ အမိုး ခန်းဖွဲ့တစ်ခုချင်းစီအလိုက် မြန်မာ အလှူရှင်အမည်များ ရေးထိုးထားခဲ့ သည်။ ဦးပညာ ဒေါ်အုန်းခွန်ဒါန၊ ဦး ဘကြွယ် ဒေါ်စောဟန်ဒါန၊ ဦးထွန်းလှ ဒေါ်ရွှေစာဒါန၊ ဒေါ်ရွှေမြင့် သမီး မလှဖြူဒါန၊ ဘိုးသန်းငွေ မသန်းရှင် ဒါန၊ မောင်Óဏ်သောင်း မစိန်မြင့် ဒါန၊ မောင်စိန်ဖူးမအုံးရင်ဒါန၊ မောင်ထန်ဝင်း မဧလူဒါန၊ ဆရာဟန်တင် မကြန်ထောင်းဒါန၊ မောင်လှဖေ မဖိပ် ဒါန၊ ဒေါ်တောင်း ဒါန၊ ဦးလှပေါ် ဒါန၊ ဒေါ်ဖွားမေ ဒါန၊ ထစ်ဧမချင်း ဒါန၊ ဦးကြွယ်ဒေါ်စိန်ခင် ဒါန အစရှိသော အလှူရှင်များ၏အမည်များ တွေ့ရပါသည်။
ပို၍ ထူးခြားသည်မှာ ဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာဟန်အပြည့်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်တစ်ဆူကို ဖူးတွေ့ရခြင်းပင်ဖြစ်ပါသည်။ ထိုရုပ်ပွားတော်၏ အောက်ခြေတွင်လည်း မြန်မာဘာသာဖြင့်ပင် ရေးထွင်းထားသော စာ  သားများကို တွေ့ရှိရပါသည်။ “ထုလုပ်သူ ဦးမြို့ကျောက်ဆစ်တန်း၊ မန္တလေးမြို့”ဟူ၍ ဖြစ်ပါသည်။ ထိုရုပ်ပွားတော်ကို လှူဒါန်းခဲ့သည့် အလှူရှင်အမည်နှင့် ဒါနပြုခဲ့သောရက်  စွဲမှာ “၂၄ ရက် ဧပြီလ ၁၉၆၅ခု ကို ဟံညိမ်း၊ မမယ်လီစိန် သားသမီးမြေး များ ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရုပ်ပွားတော်ကြီးတစ်ဆူ၏ အောက်ခြေတွင်မူ ရှမ်းဘာသာစကားဖြင့် ရေးထွင်းထားသော စာများကို တွေ့ရှိရ ပါသည်။
ပိုင်လင်းနှင့် မြန်မာ
ပိုင်လင်းဒေသ၌ မြန်မာအနွယ်များမှာ ၁၉၂၃ ခုနှစ်ကာလမတိုင်မီ အချိန်ကတည်းက ရောက်ရှိနေပြီး ၁၉၆၅ ခုနှစ်မတိုင်မီ အချိန်အထိ နေထိုင်ခဲ့ကြောင်း ယူဆရပါသည်။ စေတီတော်ကို တွေ့ရှိခဲ့သော မျက်မှောက်ခေတ် အချိန်တွင်မူ အဆိုပါ ဒေသ၌ မြန်မာတစ်ဦးမျှ ရှိမနေတော့ဘဲ စေတီတော်၏ ရာဇ၀င်ကို သိရှိနိုင်သူကိုလည်း မတွေ့ရှိခဲ့ကြပေ။ ၁၉၆၉ ခုနှစ်၌ပိုင်လင်းဒေသကို ခမာနီခေါင်းဆောင် ပိုပေါ့က အခြေစိုက် စခန်းပြုလုပ်ခဲ့ပြီးနောက် အဆိုပါဒေသ၌ ခမာနီများမှလွဲ၍ အခြားသူများ နေထိုင်မှုကင်းပြတ်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ပိုင်လင်းဒေသ၌ အခြေချနေထိုင်သူများ ပြန်ရှိ လာခဲ့သော်လည်း ကမ္ဘောဒီးယား လူမျိုးများဖြစ်နေခဲ့သည်။ အောင်စူဠာမဏိစေတီ အနီးရှိ ဘုန်းကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်ပင်လျှင် ၁၉၉၂ ခုနှစ် အချိန်မှရောက် ရှိလာပြီး စေတီတော်နှင့် ဘုန်းကြီးကျောင်းကို ထိုဆရာတော်က ဆက်လက် ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။
ခိုလာသည် မြန်မာလော
ပိုင်လင်းဒေသ၌ မြန်မာများ နေထိုင်ခဲ့သည်ဆိုသော အတိအကျ ပြောဆိုမှုများထက် ခိုလာ(Kolas) မျိုးနွယ်စုများ နေထိုင်ခဲ့ကြသည် ဟူသော အချက်အလက်များမှာမူ သမိုင်း အထောက်အထားများ ရှိခဲ့ပါသည်။ ခိုလာမျိုးနွယ်စုနှင့် ပတ်သက် သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အ ကနှင့် ဂီတများမှာ မြန်မာဟန်ဟု အ တိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲဖြစ် ပါသည်။
ပိုင်လင်းဒေသ နောက်ခံသမိုင်း နှင့်ပတ်သက်ပြီး ဂျပန် သုတေသန ပညာရှင် Kitagawa Takako က  သုတေသန စာတမ်းတစ်စောင် ပြုစု ထားပါသည်။ ထိုစာတမ်းပါ အချက်အလက်များနှင့် အခြားသော အချက်အလက်များနှင့် သမိုင်းအထောက်အထားအချို့ကို ဖြည့်စွက်စဉ်းစားပါက ခိုလာနှင့်မြန်မာတို့၏ ဆက်နွှယ်မှုကို အကြမ်းဖျင်းတွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ခိုလာနှင့် မြန်မာတို့၏ ဆက်စပ်မှု
၁၆ရာစုကာလ၌ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဘုရင့်နောင်၏ ပိုင်နက် ဧရိယာမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံသာမက မဏိပူ ရနှင့် ထိုင်းနိုင်ငံဒေသအများစု ဖြစ်ပါသည်။ ထိုအချိန်က မြန်မာများ၏ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံတစ်ခုလုံးသာမက ကမ္ဘောဒီးယားနိုင်ငံအထိပါ ရောက်ရှိခဲ့ကြောင်း သိရပါသည်။
၁၈၂၄ခုနှစ်ပထမ အင်္ဂလိပ်- မြန်မာစစ် ဖြစ်ပွားချိန်၌ ထိုင်းနိုင်ငံ တွင် တတိယမြောက်ရာမဘုရင် စိုးစံ နေချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ဗမာ၊ တောင်သူ(ပအို့ဝ်)၊ ရှမ်းနှင့် ပဲခူး အန်းအစရှိသော လူမျိုးစုများ ပါဝင်သည့် ကုန်သည်အဖွဲ့မှာ လှည်းရာချီ ရှိသော လှည်းတန်းရှည်ဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ပြုလုပ်ခဲ့ကြပါသည်။ ထိုမျိုးနွယ်စုကို ခိုလာ (Kolas)သို့မဟုတ် ဂူလာ(Gulas)ဟု ခေါ်ဆိုခဲ့ပါသည်။ ၁၈၈၅ ခုနှစ်ကာ လများတွင် ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသအချို့မှာ ထိုင်းနိုင်ငံ၏ လက်အောက်တွင် ရှိနေခဲ့ပါသည်။
၁၈၇၄ခုနှစ် အချိန်တွင် မောင်ခွန်ထီ(Maung Khunti) အမည် ရှိသော မြန်မာမုဆိုးတစ်ဦး ပိုင်လင်း ဒေသသို့ ရောက်ရှိလာခြင်း၊ မောင်ဝိဇ္ဇာ(Maung Visa) အမည်ရသူ တစ်ဦး ပိုင်လင်းဒေသသို့ ကျောက်တူးဖော်ရန် ရောက်ရှိလာခြင်း၊ ၁၈၇၇ ခုနှစ်တွင် မောင်ခွန်ထီမှာ ပိုင်လင်း နယ်၏ အုပ်ချုပ်သူ ဖြစ်လာခြင်း အစရှိသော အချက်များကို ဂျပန်သုတေသန ပညာရှင်၏ လေ့လာမှု စစ်တမ်း၌ ဖော်ပြထားခဲ့ပါသည်။
ပိုင်လင်းနှင့် ကမ္ဘောဒီးယားတို့၏အမြင်
ပိုင်လင်းဒေသနှင့် ကမ္ဘောဒီးယားတို့၏ အမြင်တွင်လည်း ထူးခြားမှုများ ရှိနေခဲ့ပါသည်။ အထူးသဖြင့် ပိုင်လင်းနှင့် ခိုလာမျိုးနွယ်စုများ၏ အစဉ်အလာက ကမ္ဘောဒီးယား  ရာဇ၀င်၌ အခိုင်အမာ ရှိနေခဲ့ပါသည်။  ပိုင်လင်းဒေသနှင့် ဆက်စပ်သော ဒ ဏ္ဍာရီများလည်း ရှိနေခဲ့ပါသည်။ ထို ဒဏ္ဍာရီများအနက် အထင်ရှားဆုံးမှာ အဘွားရပ်၏ ဇာတ်လမ်းဖြစ်သည်။
ထိုဇာတ်လမ်းမှာ ပိုင်လင်းဒေသ၌ တစ်ချိန်က သားကောင်ပေါများသည့် အတွက် မုဆိုးများနှစ်သက်ရာ ဒေသဖြစ်ခဲ့ကြောင်း၊ တောင်စောင့်နတ်ဒေ၀ါများက အဘွားရပ် ထံသို့ အကူအညီတောင်းပြီး သား ကောင်များကို မုဆိုးများမပစ်ခတ်ရန် တားမြစ်စေခဲ့ကြောင်း၊ အဘွား ရပ်မှ တားမြစ်ခဲ့ပြီး နောက်ဆုံးတွင် မုဆိုးများက ပိုင်လင်းဒေသကို ဘေးမဲ့ပေးခဲ့ကြောင်း၊ ထိုအချိန်နောက်ပိုင်း၌ ပိုင်လင်းဒေသတွင် ပတ္တမြား နှင့် နီလာကျောက်မြတ်ရတနာများ ထွက်ရှိခဲ့ကြောင်း၊ အဘွားရပ်ကို တိုင် တည် ကိုးကွယ်မှုများမှာ လက်ရှိအ ချိန်အထိရှိနေခဲ့ကြောင်း အစရှိသော ဒဏ္ဍာရီဇာတ်လမ်းဖြစ်ပါသည်။
ထို့အပြင် ပိုင်လင်းဒေသနှင့် အောင်စူဠာမဏိစေတီ အကြောင်း ခမာဘာသာစကားဖြင့် ရေးသားခဲ့ သည့် Pailin Rose ကမ္ဘောဒီးယား၏ နာမည်ကျော်ဝတ္ထု ဖြစ်ပါသည်။ ၀တ္ထုဇာတ်လမ်း၏ အဆုံးပိုင်းတွင် ဇာတ်ကောင်တစ်ဦးဖြစ်သော အဘိုးအို ကွယ်လွန်ချိန်တွင် သူ၏ အရိုးပြာအိုးကို စေတီတော်၌ ထည့်သွင်းမြှုပ်နှံခဲ့သည်ဟု ရေးသားခဲ့သည်။
ကမ္ဘောဒီးယား၌ ပိုင်လင်းဒေသနှင့် တွဲဖက်သိရှိကြသည်မှာ  ဒေသမှ ထွက်ရှိသော နီလာကျောက်မျက်များအကြောင်း ဖြစ်ပါသည်။ ယခု အချိန်အထိ ထွက်ရှိနေသော်လည်း ပိုင်လင်းကို ပိုပေါ့သိမ်းယူခဲ့ပြီး နီလာ ထွက်ရှိမှုမှာ လျော့ပါးသွားခဲ့ကြောင်း သိရပါသည်။
အောင်စူဠာမဏီစေတီကို ပြုပြင်ခြင်း
စတင်တွေ့ရှိချိန်က ပြိုကျပျက်စီးလုဖြစ်နေသော အောင်စူဋ္ဌာမဏိ စေတီကို ရှိရင်းစွဲပုံစံအတိုင်း ပြုပြင် မွမ်းမံကို ဦးပြုံးမောင်မောင်ကပင် ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ တတ်သိပညာရှင်များ အပါအ၀င် ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန် ကြီးဌာနနှင့်ပါ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး စေတီတော်ပြုပြင်မှုများကို ပြုလုပ်ခဲ့ပါကြောင်း သိရ ပါသည်။
လက်ရှိအချိန်တွင်၌ ပြုပြင်မှု အပိုင်းမှာ ပြီးစီးသလောက် ရှိနေခဲ့ပြီး ယခုနှစ်နိုဝင်ဘာလ ၁၀ ရက် (တန် ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ထီးတော်တင်လှူမည်ဖြစ် ကြောင်း သိရပါသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်