KIA က ရဲဘက်စခန်းကိုစီးနင်း၊ အကျဉ်းသားများကို လွှတ်ပေး

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ၊ တပ်ရင်း (၉) သည် မူဆယ်-လားရှိုး လမ်းမအနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို တိုက်ခိုက်ပြီး အကျဉ်းသားများကို ယမန်နေ့က လွှတ်ပေးလိုက်ကြောင်း သိရသည်။ KIA က ရဲဘက်စခန်း အနီးမှ ဖြတ်သန်း သွားလာစဉ် တာဝန်ကျ ရဲများက စတင်ပစ်ခတ်သောကြောင့် ရဲဘက်စခန်းကို တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊ ပြန်လွှတ်ပေးလိုက် သူများတွင် နိုင်ငံရေးအရ ဖမ်းဆီးခံရသူများပါကြောင်း Kachinland News သတင်းတွင် ဖော်ပြထားသည်။ KIA က စခန်းမှူးနှင့် ရဲတပ်သား များကိုလည်း ဖမ်းဆီးရမိသည်ဟု သိရသည်။

မြန်မာအစိုးရကိုထောက်ခံရန် ICG တိုက်တွန်း

အပြောင်းအလဲများ စတင် လုပ်ဆောင်ပြနေသော မြန်မာအစိုးရအား ကူညီထောက်ပံ့ပေးကြရန် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ကမ္ဘာ့နိုင်ငံများကို ယနေ့ တိုက်တွန်း လိုက်သည်။

DASSK_and_TS
၂၀၁၁ သြဂုတ် ၁၉ ရက်နေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

သမ္မတဦးသိန်းစိန်သည် အပြောင်းအလဲတချို့ကို လက်တွေ့ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် မကြုံစဖူး အပြောင်းအလဲဖြစ်နေသောကြောင့်  ကူညီသင့်ကြောင်း  ICG ၏ စာမျက်နှာ ၂၁ မျက်နှာပါ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်ရေးပုံစံမှ ခွဲထွက်၍ အရပ်သားအစိုးရအုပ်ချုပ်မှု ပုံစံသစ်ကို ကျင့်သုံးကာ အပြောင်းအလဲ အမှန်တကယ် ပြုလုပ်လိုသူ တဦးဖြစ်ပြီး ထောက်ခံအားပေးမှု မရှိလျှင် လုပ်ဆောင်ချက်များ တုံ့နှေးသွားလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ကြိုဆို ထောက်ခံထားသည်။

သမ္မတတာဝန်ယူပြီး များမကြာမီ မေလ ၁၆ ရက် နေ့တွင်  အကျဉ်းသား အများအပြားအတွက် ပြစ်ဒဏ် တနှစ်လျှော့ပေးပြီး လွတ်ငြိမ်းသက်သာခွင့် ကြေညာခဲ့ကြောင်း၊ ထိုသို့ လွှတ်ပေးရန်  အစိုးရအဖွဲ့ဝင်များနှင့် ၃ ရက်တိုင် ဆွေးနွေးမှုတွင် သူ၏ အစီအစဉ်ကို မလိုလားသူတချို့ ရှိခဲ့ကြောင်း အာဆီယံ သံတမန် တဦးကို ကိုးကား၍ ICG က ရေးသားထားသည်။

ဦးသိန်းစိန်၏ သြဂုတ်လ ၁၉ ရက်နေ့  မိန့်ခွန်း၌ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဟု ပြောဆိုခဲ့ရာ အာဏာရှင် စနစ်ထက် စာလျှင် လုံးဝ ခြားနားသော အုပ်ချုပ်မှု ပုံစံသစ်ကို စတင်နေခြင်းဖြစ်သည်ဟု ICG က ဆိုသည်။

မည်မျှ ပြောင်းလဲနေသည်ဆိုသည်ကို စောင့်ကြည့်သူတချို့က အာရုံမပြုဘဲ မပြောင်းမလဲ ကျန်နေသည်များကိုသာ လက်ညှိးထိုးနေကြသည်ဟုလည်း ဝေဖန်ထားသည်။

အစိုးရသစ်သည် အပြောင်းအလဲများ ပြုလုပ်နေသကဲ့သို့ တိုင်းရင်းသားဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရှိနေဆဲဖြစ်ကြောင်းကိုလည်း ထောက်ပြထားသေးသည်။

လက်ရှိအစိုးရအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သြဇာလွှမ်းမိုးမှု မရှိတော့ကြောင်း၊  ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြုသဘော မဆောင်သည့် ပြုမူမှုများ လုပ်ဆောင်ခဲ့သူ  ဒုသမ္မတ သီဟသူရ  ဦးတင်အောင်မြင့်ဦးကိုပင်  ဇူလိုင်လအတွင်း  ခေါ်ယူတွေ့ဆုံပြီး အနှောင့်အယှက်မပြုရန် သတိပေးခဲ့ကြောင်း အာဆီယံ သံတမန်တဦးကို ကိုးကာ၍ ICG က ဆိုထားသည်။

အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုကို တုံ့ပြန်ရန် အသင့်ရှိသည်ကို အချက်ပြထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် တို့က လုပ်ပိုင်ခွင့်များ အတွင်းမှပင် နည်းပညာအကူအညီ၊ အကြံဉာဏ်များ ဖြစ်နိုင်သမျှ ပေးအပ်ကူညီကြရန်လည်း တိုက်တွန်း ရေးသားထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်အစည်းအဝေးများ၌ အဆိုပြု တင်သွင်းခဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို စစ်တပ် ကိုယ်စားလှယ်များကပါ ထောက်ခံ ဆွေးနွေးနေမှုမှာ အံ့သြဖွယ် ပြောင်းလဲမှု ဖြစ်သည်ဟု ICG က ချီးကျူးလိုက်သည်။

လွှတ်တော်တက်ရောက်နေသည့် ကိုယ်စားလှယ်တချို့သည် သေးငယ်သော ကိစ္စရပ်များကို တင်ပြဆွေးနွေးနေခြင်းမှာ အတွေ့အကြုံမရှိသေးခြင်းကြောင့် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း ပြည့်ဝရေးအတွက် တခြားနိုင်ငံလွှတ်တော်များက ကူညီပေးသင့်ကြောင်းလည်း ဖော်ပြထားသည်။

သမ္မတ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စများ၊ ဆွေးနွေးပွဲများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်လာရေး ဖိတ်ခေါ်မှု စသည်တို့ကို အပြုသဘော အပြောင်းအလဲအဖြစ် ICG က ရှုမြင်ထားသည်။

ပြုပြင်ပြောင်းလဲမှုများ နိုင်ငံတကာ၏ ထောက်ခံမှု မရှိလျှင်  ဦးသိန်းစိန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ အားလျော့သွားစေပြီး အစိုးရအဖွဲ့ အတွင်းရှိ သဘောထား တင်းမာသူတချို့ အားကောင်းသွားစေနိုင်ကြောင်း ICG က သုံးသပ်ထားသည်။

ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သည်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ICG ၏ ထုတ်ပြန်ချက်တစောင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်းထားသည်။

မြန်မာပြည်ပြောင်းလဲနေပြီဟု အမေရိကန်ဝန်ကြီးပြော


မြန်မာပြည်တွင် အပြောင်းအလဲများ သိသိသာသာ မြင်လာရပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်တွင် မကြာမီတွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အဆင့်မြင့် အရာရှိကြီးတဦးက ယနေ့ ပြောကြားလိုက်သည်။

3400
၂၀၁၀ မေလ ၁၀ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော အမေရိကန် သံအရာရှိ လာရီဒင်ဂါ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AP)
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ထင်ထင်ရှားရှား မြင်နေရပြီလို့ ကျနော်ထင်ပါတယ်။ အခြေအနေကတော့ သဲကွဲမှု မရှိသေးဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့သူတွေကတော့ ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတာကို သတိထားမိကြပါတယ်” ဟု  အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

မစ္စတာ ကာ့တ်ကမ်းဘဲလ်က ယခုတပတ်အတွင်း အမေရိကန်အရာရှိများနှင့် မြန်မာပြည်ရေးရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။

မကြာသေးခင်က   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် မြန်မာပြည်သွားရောက်စဉ် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလွှာအသီးသီးမှ ကိုယ်စားလှယ်တို့နှင့် “စိတ်ကျေနပ်ဖွယ်ကောင်းသည့် ဆွေးနွေးပွဲများ” ပြုလုပ်နိုင်ခဲ့သည်ဟု  မစ္စတာ ကာ့တ်ကမ်းဘဲလ်က  ပြောသည်။

သို့သော်လည်း  အထူး စိုးရိမ်ဖွယ် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ရှိနေတယ်။ ပြီးတော့ ဖိနှိပ်မှုတွေလည်း နေ့တိုင်း ဆက်ဖြစ်နေတုန်းပဲ” ဟု   မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

“တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လတွေအတွင်း ကျနော်တို့ မြင်ရတာတွေဟာ ဟိုတုန်းက စဉ်းစားမထားမိတာတွေပါ။ သမ္မတသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆင့်မြင့်ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပါတယ်” ဟု မစ္စတာ  ကာ့တ်ကမ်းဘဲလ်က ပြောသည်။

ကနဦးဖြစ်ပေါ်လာသော ခြေလှမ်းများ နောက်ပြန်ဆုတ်သွားနိုင်သဖြင့် ဂရုစိုက် ကိုင်တွယ်ရန် အရေးကြီးကြောင်း၊ ထိုဖြစ်ထွန်းမှုတို့ကို လျစ်လျူရှုခြင်းမပြုရန်လည်း အရေးကြီးကြောင်း သူက ပြောသည်။

“အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အရှေ့တောင်အာရှက မိတ်ဆွေတွေ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်တို့နဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေတာတွေ ရှိပါတယ်” ဟု မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

“ကျနော်တို့ရဲ့ ဆန္ဒကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တရားမ၀င်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ တခြားအင်အားစုတို့နဲ့  အစိုးရ ပြုလုပ်ခဲ့တဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ စတာတွေအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟုလည်း မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန်၊ လက်တွေ့ဖြစ်ထွန်းတိုးတက်မှုများ ထပ်မံပေါ်ပေါက်ရေး တွန်းအားပေးရန် အမေရိကန်အစိုးရက ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ်၂၀၀၉ နိုဝင်ဘာလ၊ ၂၀၁၀ မေလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ဖူးသည်။

ဂျုံရုပ်လုပ်သူ တစ်ယောက်အကြောင်း

l4251
‘လိုချင်တဲ့အရုပ်ကို ပြောလုပ်လို့ ရပါတယ်။ မမြင်ဖူးပေမယ့်လည်း ဓာတ်ပုံပြရင် ရအောင် လုပ်ပေးနိုင်ပါတယ်’
ကလေးများ ၀ိုင်းအုံနေသည့် ကြားမှ လက်က အရုပ်များလုပ်ရင်း ပြန်ဖြေသည်။ လက်မှဘီး၊ ဆံထိုး ပုံပိုက်ချောင်း၊ ဓားနှင့် ကပ်ကြေးတို့ကို အသုံးပြု၍ လိုချင်သော အရုပ်ရအောင် ပုံဖော်နေရင်း ပါးစပ်မှလည်း လာဝယ်သူကလေးငယ်များ မပျင်းရလေအောင် အရုပ်များ၏ ဇာတ်ဝင်ခန်းများ ကို ပြောပြနေသေးသည်။
သူ၏ လက်တို့သည် ဂျုံကို ဘီး၊ ကပ်ကြေး၊ ဆံထိုးပုံပိုက်တို့ဖြင့် အရုပ် လုပ်နေသည်မှာ အနုပညာမြောက်သည်။ ပြုလုပ်ရသည်မှာလက်ဝင်သလို ရုပ်လုံးပေါ်လာသော အရုပ်များမှာလည်း အသက်ဝင်လှသည်။
ထိုဂျုံရုပ် ပြုလုပ်ရောင်းချသူများ မှာ ယနေ့ခေတ်တွင် နည်းပါးသွားပြီ ဖြစ်သော်လည်း လက်မှုအနုပညာ အဖြစ်တော့ ရပ်တည်လျက်ရှိနေသေးသည်။ ကလေးများက အရုပ်လိုချင် ၍ ၀ယ်ကြသည်။ လူကြီးများ က ဂျုံ ကို လက်ဖြင့် အရုပ်ပြုလုပ်သည့်ပညာ ကို သဘောကျ၍ ၀ယ်ယူကြဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ခရီးသွားများက တွေ့လျှင်လည်း သဘောကျ ၀ယ်ယူလေ့ရှိကြောင်း သိရသည်။

အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။
‘‘ဒီအရုပ်တွေကို အများစုက ဂျုံနဲ့ လုပ်တယ်လို့သိထားပေမယ့် အဓိက ကတော့ ကောက်ညှင်းနဲ့ဆန်ကို အချိုးအစားကျကျ ရောစပ်ပြီး လုပ်ထားတာပါ။ ဂျုံကတွဲတော့ လိုသလို ပုံသွင်းလို့ မရဘူးလေ။ အရုပ်တွေ ကြာကြာခံအောင်တော့ ဘန်ဇိုင်း ထည့်ပြီး လုပ်ထားပေမယ့် ကလေးတွေစားမိရင်လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ တခြားသေစေလောက်တဲ့ ပစ္စည်း လည်း ဘာတစ်ခုမှ မထည့်ထားပါဘူး’’ ဟု ဆိုပါသည်။
ရန်ကုန်မြို့ရှိ ကလေးအများစုရှိသည့် ရပ်ကွက်၊ ကျောင်း၊ လမ်းများ သို့ ရွေးချယ်သွားရင်း မိမိတတ်သော အရုပ်လုပ်သည့် ပညာဖြင့် မိသားစု စားဝတ်နေရေးအတွက် အသက်မွေး ၀မ်းကျောင်းပြုနေသူ ကိုဇော်လင်းမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြကျေးရွာတွင် နေထိုင်သူဖြစ်သည်။ သူသည် မိသား စုငွေကြေး အခက်အခဲကြောင့် အတန်း ပညာကို ပဉ္စမတန်းအထိသာ သင်ကြားနိုင်ခဲ့သည်။
သူသည် ဂျုံအရုပ်လုပ်အတတ်ပညာကို အသက် ၁၃ နှစ်ကတည်းက ဆရာသမားများနှင့် သူ၏အစ်ကိုများ ထံမှ ထိုပညာကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
‘‘ဒီလိုပါပဲ၊ အတန်းပညာမတတ်တော့ လက်မှုပညာတစ်ခုတော့ တတ်ထားရမှာပေါ့။ စလုပ်တတ်စတုန်း ကတော့ ရောင်းရမှာရှက်တယ်။ ဒါပေမယ့် မိသားစု စားဝတ်နေရေးအတွက် ဆိုတော့လည်း မရှက်နိုင်တော့ပါဘူး။ နောက်တော့ ပျော်လာတယ်။ ကလေး တွေက အရုပ်တွေရရင်သူတို့ ပျော်ကြတယ်လေ။ ကလေးတွေပျော်ရင် ကျွန်တော်လည်း ပျော်တယ်။ တချို့မိဘ တွေကြတော့လည်း နှိမ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအရုပ်လုပ်ပြီး လုပ်စားလို့ မချမ်းသာဘူး၊ ဆင်းလည်း မဆင်းရဲဘူး။ ဒါပေမယ့် စိတ်တော့ ချမ်းသာတယ်။ မိသားစု စားဝတ်နေရေးတော့ ဖူလုံပါတယ်။ တစ်နေ့ကို မရောင်းရဘူးဆိုရင် ကျပ် ၃၀၀၀ က နေ အများဆုံး ၁၀၀၀၀ လောက်အထိ ရောင်းရတာမျိုးရှိပါတယ်။ အခုဆိုရင် ကျွန်တော့်မိဘတွေကို တစ်ဖက်တစ်လမ်းက ပြန်ထောက်ပံ့ပေးနိုင်နေပါ ပြီ’’ဟု သူ၏အကြောင်းကို ပြန်ပြောပြ သည်။
ဆက်လက်၍ အရုပ်ရောင်းချရ ပုံနှင့်ပတ်သက်၍ ‘‘လျှောက်သွားရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့နေရာမှာ ရောင်းပါတယ်။ ပိုက်ဆံများများရမယ်လို့ ထင်တဲ့နေရာကို အဓိကသွား ပါတယ်။ မြို့တွင်းနဲ့ ဆင်ခြေဖုံးကတော့ အနည်းနဲ့အများ ကွာပါတယ်။ မြို့တွင်းဆိုရင် ၃၀၀ လောက်ကနေ အရုပ်အလိုက် ဈေးမြှင့်ရောင်းရတယ်။  ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ၅၀ ၁၀၀ လောက်မှ ယူတယ်။ ဒီလိုပါပဲ အများဝယ်နိုင်တဲ့ ဈေးတော့ ရောင်းရ တာပေါ့’’ဟု ဆိုပါသည်။
တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ မှ ကလေးကစားစရာများ ပေါများစွာ ၀င်ရောက်လာသော်လည်း ဤ ဂျုံအရုပ်လုပ်သည့် ပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရပုံကို လည်း ‘‘ဒီပညာရပ်က လက်မှုပညာ ရပ်တစ်ခုပါ။ စိတ်ကူးလည်း ဆန်းသစ်ရတယ်။ တီထွင်မှုလည်း ရှိရတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ကစားစရာပစ္စည်းတွေ ၀င်လာလည်း ကျွန်တော်တို့အနေနဲ့ ဒီပညာရပ်ကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း  ထားနိုင်တယ်။ ဒါပေမယ့် လုပ်တတ်တဲ့သူနဲ့ လုပ်ရောင်းတဲ့သူကတော့ အရင်ကထက် အများကြီးနည်းသွားပြီ’’ ဟု ပြောပါသည်။
ယခုနောက်ပိုင်းတွင် တီဗီဇာတ်လမ်းတွဲများမှ နိုင်ငံခြား ကာတွန်း ဇာတ်ကောင်များဖြစ်သော ဘန်တန်း၊ အဗာတာ၊ ပါဝါရိန်းဂျား၊ ကွန်ဖူးပန်ဒါ စသည့် အရုပ်များကိုပါ ပြုလုပ်ရောင်း ချရပြီး မွေးနေ့ပွဲများတွင်လည်း လိုက်လံ ပြုလုပ်ပေးလာရသည်ဟုလည်း ကိုဇော်လင်းက ပြောပါသည်။
ဘ၀ကို နည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှားနေကြရသော လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် ထိုဂျုံရုပ်လုပ်သူ သည်လည်း သူ၏ တတ်သော ပညာရပ်တစ်ခုဖြင့် သမ္မာအာဇီဝရှိစွာ ရပ်တည်နေသည်နှင့် ပတ်သက်၍လည်း ကိုဇော်လင်းက ‘‘ဘယ်သူ့ပစ္စည်းမှ မခိုးဘူး။ ဘယ်သူ့ကိုမှလည်း မစော်ကားဘူး။ ဘယ်သူ့ကိုမှလည်း နစ်နာအောင် မလုပ်ဘူး။ ကျွန်တော်တတ်တဲ့ ပညာတစ်ခုနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေတယ်။ အခုခေတ်မှာက အတန်းပညာ တတ်ထားရင်တောင် သူများဆီမှာ အလုပ်ရဖို့ ခက်တယ်။ အခု ကျွန်တော်တတ်ထားတဲ့ ပညာကကလေးတွေ ရှိသ၍ ကောင်းနေမှာပဲ။ တခြားအရုပ်တွေက ဘယ်အချိန်မဆို လုပ်နိုင်တယ်။ လက်ထဲ  ဂျုံရောက်သွားတာနဲ့ အရုပ်ဖြစ်အောင် လုပ်နိုင်တော့ စိတ်ဝင်စားကြတယ်။ သူဟာနဲ့သူ စိတ်ဝင်စားကြပါတယ်။ ဘယ်လိုလေးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားကြတာပါ’’ဟု သူ၏  အလုပ် အပေါ် သူ၏အမြင်ကို ပြောပြသည်။
သို့ရာတွင် မိုးရာသီတွင် ရာသီဥတု အခြေအနေကြောင့် အရောင်းပါးသည့် ရက်များရှိကြောင်း၊ ထိုနေ့ များတွင် ၀င်ငွေရရှိနိုင်ရေးအတွက် အခြားလုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရကြောင်းနှင့် သူ၏ အခြားအလုပ် တစ်ခုမှာ ကြည့်မြင်တိုင်မြို့နယ်ဘက် မှ သူနေထိုင်ရာ တစ်ဖက်ကမ်း ဦးမြရွာ ဘက်သို့ သဗ္ဗာန်ခတ်ခြင်းဖြစ်ကြောင်း လည်း ပြောပါသည်။
မည်သို့ပင်ဖြစ်စေ သူ၏ အလုပ် သည် သူ၏ ဘ၀ဖြစ်သည်။ သူ၏ မိသားစုလည်းဖြစ်သည်။ ‘‘မိသားစု စားဝတ်နေရေးအတွက် ဒီလုပ်ငန်းကို လုပ်နိုင်နေသေးသရွေ့ လုပ်နေရဦးမှာပါလို့’’ ဆိုသည့်သူ့အတွက်  ဘ၀နှင့် မိသားစု စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေဦးမည်သာ . . . ။

ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု


၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက  အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။
အောင်စူဠာမဏိစေတီ
စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။
စေတီကို စတင်တွေ့ရှိချိန်၌ စေတီထက်ရှိ စိန်ဖူးတော်မှာ ကျိုးကျ ပျက်စီးလျက်ရှိနေပြီး စေတီအောက်ခြေနှင့် စေတီနံရံများတွင်လည်း ခြုံနွယ်များနှင့် သစ်မြစ်များက အခိုင်အမာပေါက် ရောက်နေခဲ့ပါသည်။ စေတီအထက်မှ အောက်အထိ အက်ကြောင်း တစ်ခု ဖြစ်ပေါ်နေရာ မကြာမီအက်ကွဲသွား နိုင်သည့် အခြေအနေရှိနေပါသည်။

ခိုလာမျိုးနွယ်စုနှင့် ပတ်သက်သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာ ရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ မြန်မာဟန် ဟု အတိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲ


အရန်စေတီထက်မှ အလှူရှင်အမည်များ
မြန်မာနိုင်ငံမဟုတ်သော အခြား နိုင်ငံနယ်နိမိတ်အတွင်း မြန်မာဟန် အပြည့်ဖြင့် တည်ထားသော စေတီ တစ်ဆူရှိနေခြင်းထက် မြန်မာများတည်ထားသည့် စေတီဖြစ်ကြောင်း သက်သေကို အရန်စေတီများ၌ တွေ့ရှိခဲ့ရခြင်းက ပို၍စိတ်ဝင်စားဖွယ် ကောင်းခဲ့ပါသည်။ အောင်စူဠာမဏိ စေတီနံဘေး၌ အရန် စေတီလေးဆူ ရှိခဲ့သည်။ အရန်စေတီများမှာလည်း ပျက်စီးလျက်ရှိနေပြီ ဖြစ်ပါသည်။ အရန်စေတီများ၌ အသုံးပြုထားသော သဲမြေအမျိုး အစားနှင့် အောင်စူဠာမဏိစေတီ၌ အသုံးပြုထားသော သဲမြေအမျိုးအစားမှာ ကွာခြားမှုရှိခဲ့ပါသည်။ ယေဘုယျအားဖြင့် အောင် စူဠာမဏိစေတီတွင် အသုံးပြုထားသော သဲမြေအမျိုးအစား မှာပို၍ ရှေးကျနေ ကာ ဓာတ် ခွဲမှုပြုလုပ် ရန်စီစဉ် နေပါသည်။
အရန်စေတီများတွင် ရေးထိုးထား သော အလှူရှင်အမည်များနှင့် ဒါနပြု ရက်စွဲကို အတိအကျတွေ့ရှိရပါသေးသည်။ ထိုအချက်က ပိုင်လင်းဒေသ၌ မြန်မာများ အခြေချခဲ့သည့်ကာလကို သိရှိစေခဲ့သည်။
ပထမဆုံးတွေ့ရသော အရန်စေတီ၌ ရေးထွင်းထားသောစာသားမှာ “၁၂၈၇ ခု၊ ဖားအိရွာနေ၊ ကိုကျာရုံ မမိတ်တို့ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရေးထွင်းထားသည့် ခုနှစ်မှာ မြန်မာသက္ကရာဇ်ဖြစ်ပါသည်။ ခရစ်နှစ်ဖြင့် တွက်ချက်ပါက ၁၉၂၅ ခုနှစ်အချိန် ဖြစ်ပါသည်။ အရန်စေတီထက်မှ တွေ့ရှိရသော အထောက်အထားအရ ထိုဒေသ၌ မြန်မာများနေထိုင်ခဲ့သည် ဆိုသော ကာလမှာ ၁၉၂၅ ခုနှစ်မတိုင်ခင် အချိန်ကတည်းကဟု ယေဘုယျ ယူဆနိုင်ပါသည်။အခြားသော အရန် စေတီများထက်တွင်လည်း မြန်မာအမည်များနှင့်ခုနှစ်များ ရေးထွင်းထား ခဲ့ပါသည်။
ဘုန်းကြီးကျောင်းမှ အလှူရှင်အမည်များ
အောင်စူဠာမဏိ စေတီအနီး၌ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပြီး ထိုဘုန်းတော်ကြီး ကျောင်းအတွင်း ရေးထိုးထားသော အလှူရှင် အမည်များမှာလည်း မြန်မာအမည်များပင် ဖြစ်နေခဲ့သည်။ ခမာ နှင့် မြန်မာဘာသာများဖြင့် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ရာ စင်္ကြံတစ်လျှောက်ရှိ အမိုး ခန်းဖွဲ့တစ်ခုချင်းစီအလိုက် မြန်မာ အလှူရှင်အမည်များ ရေးထိုးထားခဲ့ သည်။ ဦးပညာ ဒေါ်အုန်းခွန်ဒါန၊ ဦး ဘကြွယ် ဒေါ်စောဟန်ဒါန၊ ဦးထွန်းလှ ဒေါ်ရွှေစာဒါန၊ ဒေါ်ရွှေမြင့် သမီး မလှဖြူဒါန၊ ဘိုးသန်းငွေ မသန်းရှင် ဒါန၊ မောင်Óဏ်သောင်း မစိန်မြင့် ဒါန၊ မောင်စိန်ဖူးမအုံးရင်ဒါန၊ မောင်ထန်ဝင်း မဧလူဒါန၊ ဆရာဟန်တင် မကြန်ထောင်းဒါန၊ မောင်လှဖေ မဖိပ် ဒါန၊ ဒေါ်တောင်း ဒါန၊ ဦးလှပေါ် ဒါန၊ ဒေါ်ဖွားမေ ဒါန၊ ထစ်ဧမချင်း ဒါန၊ ဦးကြွယ်ဒေါ်စိန်ခင် ဒါန အစရှိသော အလှူရှင်များ၏အမည်များ တွေ့ရပါသည်။
ပို၍ ထူးခြားသည်မှာ ဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာဟန်အပြည့်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်တစ်ဆူကို ဖူးတွေ့ရခြင်းပင်ဖြစ်ပါသည်။ ထိုရုပ်ပွားတော်၏ အောက်ခြေတွင်လည်း မြန်မာဘာသာဖြင့်ပင် ရေးထွင်းထားသော စာ  သားများကို တွေ့ရှိရပါသည်။ “ထုလုပ်သူ ဦးမြို့ကျောက်ဆစ်တန်း၊ မန္တလေးမြို့”ဟူ၍ ဖြစ်ပါသည်။ ထိုရုပ်ပွားတော်ကို လှူဒါန်းခဲ့သည့် အလှူရှင်အမည်နှင့် ဒါနပြုခဲ့သောရက်  စွဲမှာ “၂၄ ရက် ဧပြီလ ၁၉၆၅ခု ကို ဟံညိမ်း၊ မမယ်လီစိန် သားသမီးမြေး များ ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရုပ်ပွားတော်ကြီးတစ်ဆူ၏ အောက်ခြေတွင်မူ ရှမ်းဘာသာစကားဖြင့် ရေးထွင်းထားသော စာများကို တွေ့ရှိရ ပါသည်။
ပိုင်လင်းနှင့် မြန်မာ
ပိုင်လင်းဒေသ၌ မြန်မာအနွယ်များမှာ ၁၉၂၃ ခုနှစ်ကာလမတိုင်မီ အချိန်ကတည်းက ရောက်ရှိနေပြီး ၁၉၆၅ ခုနှစ်မတိုင်မီ အချိန်အထိ နေထိုင်ခဲ့ကြောင်း ယူဆရပါသည်။ စေတီတော်ကို တွေ့ရှိခဲ့သော မျက်မှောက်ခေတ် အချိန်တွင်မူ အဆိုပါ ဒေသ၌ မြန်မာတစ်ဦးမျှ ရှိမနေတော့ဘဲ စေတီတော်၏ ရာဇ၀င်ကို သိရှိနိုင်သူကိုလည်း မတွေ့ရှိခဲ့ကြပေ။ ၁၉၆၉ ခုနှစ်၌ပိုင်လင်းဒေသကို ခမာနီခေါင်းဆောင် ပိုပေါ့က အခြေစိုက် စခန်းပြုလုပ်ခဲ့ပြီးနောက် အဆိုပါဒေသ၌ ခမာနီများမှလွဲ၍ အခြားသူများ နေထိုင်မှုကင်းပြတ်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ပိုင်လင်းဒေသ၌ အခြေချနေထိုင်သူများ ပြန်ရှိ လာခဲ့သော်လည်း ကမ္ဘောဒီးယား လူမျိုးများဖြစ်နေခဲ့သည်။ အောင်စူဠာမဏိစေတီ အနီးရှိ ဘုန်းကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်ပင်လျှင် ၁၉၉၂ ခုနှစ် အချိန်မှရောက် ရှိလာပြီး စေတီတော်နှင့် ဘုန်းကြီးကျောင်းကို ထိုဆရာတော်က ဆက်လက် ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။
ခိုလာသည် မြန်မာလော
ပိုင်လင်းဒေသ၌ မြန်မာများ နေထိုင်ခဲ့သည်ဆိုသော အတိအကျ ပြောဆိုမှုများထက် ခိုလာ(Kolas) မျိုးနွယ်စုများ နေထိုင်ခဲ့ကြသည် ဟူသော အချက်အလက်များမှာမူ သမိုင်း အထောက်အထားများ ရှိခဲ့ပါသည်။ ခိုလာမျိုးနွယ်စုနှင့် ပတ်သက် သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အ ကနှင့် ဂီတများမှာ မြန်မာဟန်ဟု အ တိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲဖြစ် ပါသည်။
ပိုင်လင်းဒေသ နောက်ခံသမိုင်း နှင့်ပတ်သက်ပြီး ဂျပန် သုတေသန ပညာရှင် Kitagawa Takako က  သုတေသန စာတမ်းတစ်စောင် ပြုစု ထားပါသည်။ ထိုစာတမ်းပါ အချက်အလက်များနှင့် အခြားသော အချက်အလက်များနှင့် သမိုင်းအထောက်အထားအချို့ကို ဖြည့်စွက်စဉ်းစားပါက ခိုလာနှင့်မြန်မာတို့၏ ဆက်နွှယ်မှုကို အကြမ်းဖျင်းတွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ခိုလာနှင့် မြန်မာတို့၏ ဆက်စပ်မှု
၁၆ရာစုကာလ၌ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဘုရင့်နောင်၏ ပိုင်နက် ဧရိယာမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံသာမက မဏိပူ ရနှင့် ထိုင်းနိုင်ငံဒေသအများစု ဖြစ်ပါသည်။ ထိုအချိန်က မြန်မာများ၏ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံတစ်ခုလုံးသာမက ကမ္ဘောဒီးယားနိုင်ငံအထိပါ ရောက်ရှိခဲ့ကြောင်း သိရပါသည်။
၁၈၂၄ခုနှစ်ပထမ အင်္ဂလိပ်- မြန်မာစစ် ဖြစ်ပွားချိန်၌ ထိုင်းနိုင်ငံ တွင် တတိယမြောက်ရာမဘုရင် စိုးစံ နေချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ဗမာ၊ တောင်သူ(ပအို့ဝ်)၊ ရှမ်းနှင့် ပဲခူး အန်းအစရှိသော လူမျိုးစုများ ပါဝင်သည့် ကုန်သည်အဖွဲ့မှာ လှည်းရာချီ ရှိသော လှည်းတန်းရှည်ဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ပြုလုပ်ခဲ့ကြပါသည်။ ထိုမျိုးနွယ်စုကို ခိုလာ (Kolas)သို့မဟုတ် ဂူလာ(Gulas)ဟု ခေါ်ဆိုခဲ့ပါသည်။ ၁၈၈၅ ခုနှစ်ကာ လများတွင် ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသအချို့မှာ ထိုင်းနိုင်ငံ၏ လက်အောက်တွင် ရှိနေခဲ့ပါသည်။
၁၈၇၄ခုနှစ် အချိန်တွင် မောင်ခွန်ထီ(Maung Khunti) အမည် ရှိသော မြန်မာမုဆိုးတစ်ဦး ပိုင်လင်း ဒေသသို့ ရောက်ရှိလာခြင်း၊ မောင်ဝိဇ္ဇာ(Maung Visa) အမည်ရသူ တစ်ဦး ပိုင်လင်းဒေသသို့ ကျောက်တူးဖော်ရန် ရောက်ရှိလာခြင်း၊ ၁၈၇၇ ခုနှစ်တွင် မောင်ခွန်ထီမှာ ပိုင်လင်း နယ်၏ အုပ်ချုပ်သူ ဖြစ်လာခြင်း အစရှိသော အချက်များကို ဂျပန်သုတေသန ပညာရှင်၏ လေ့လာမှု စစ်တမ်း၌ ဖော်ပြထားခဲ့ပါသည်။
ပိုင်လင်းနှင့် ကမ္ဘောဒီးယားတို့၏အမြင်
ပိုင်လင်းဒေသနှင့် ကမ္ဘောဒီးယားတို့၏ အမြင်တွင်လည်း ထူးခြားမှုများ ရှိနေခဲ့ပါသည်။ အထူးသဖြင့် ပိုင်လင်းနှင့် ခိုလာမျိုးနွယ်စုများ၏ အစဉ်အလာက ကမ္ဘောဒီးယား  ရာဇ၀င်၌ အခိုင်အမာ ရှိနေခဲ့ပါသည်။  ပိုင်လင်းဒေသနှင့် ဆက်စပ်သော ဒ ဏ္ဍာရီများလည်း ရှိနေခဲ့ပါသည်။ ထို ဒဏ္ဍာရီများအနက် အထင်ရှားဆုံးမှာ အဘွားရပ်၏ ဇာတ်လမ်းဖြစ်သည်။
ထိုဇာတ်လမ်းမှာ ပိုင်လင်းဒေသ၌ တစ်ချိန်က သားကောင်ပေါများသည့် အတွက် မုဆိုးများနှစ်သက်ရာ ဒေသဖြစ်ခဲ့ကြောင်း၊ တောင်စောင့်နတ်ဒေ၀ါများက အဘွားရပ် ထံသို့ အကူအညီတောင်းပြီး သား ကောင်များကို မုဆိုးများမပစ်ခတ်ရန် တားမြစ်စေခဲ့ကြောင်း၊ အဘွား ရပ်မှ တားမြစ်ခဲ့ပြီး နောက်ဆုံးတွင် မုဆိုးများက ပိုင်လင်းဒေသကို ဘေးမဲ့ပေးခဲ့ကြောင်း၊ ထိုအချိန်နောက်ပိုင်း၌ ပိုင်လင်းဒေသတွင် ပတ္တမြား နှင့် နီလာကျောက်မြတ်ရတနာများ ထွက်ရှိခဲ့ကြောင်း၊ အဘွားရပ်ကို တိုင် တည် ကိုးကွယ်မှုများမှာ လက်ရှိအ ချိန်အထိရှိနေခဲ့ကြောင်း အစရှိသော ဒဏ္ဍာရီဇာတ်လမ်းဖြစ်ပါသည်။
ထို့အပြင် ပိုင်လင်းဒေသနှင့် အောင်စူဠာမဏိစေတီ အကြောင်း ခမာဘာသာစကားဖြင့် ရေးသားခဲ့ သည့် Pailin Rose ကမ္ဘောဒီးယား၏ နာမည်ကျော်ဝတ္ထု ဖြစ်ပါသည်။ ၀တ္ထုဇာတ်လမ်း၏ အဆုံးပိုင်းတွင် ဇာတ်ကောင်တစ်ဦးဖြစ်သော အဘိုးအို ကွယ်လွန်ချိန်တွင် သူ၏ အရိုးပြာအိုးကို စေတီတော်၌ ထည့်သွင်းမြှုပ်နှံခဲ့သည်ဟု ရေးသားခဲ့သည်။
ကမ္ဘောဒီးယား၌ ပိုင်လင်းဒေသနှင့် တွဲဖက်သိရှိကြသည်မှာ  ဒေသမှ ထွက်ရှိသော နီလာကျောက်မျက်များအကြောင်း ဖြစ်ပါသည်။ ယခု အချိန်အထိ ထွက်ရှိနေသော်လည်း ပိုင်လင်းကို ပိုပေါ့သိမ်းယူခဲ့ပြီး နီလာ ထွက်ရှိမှုမှာ လျော့ပါးသွားခဲ့ကြောင်း သိရပါသည်။
အောင်စူဠာမဏီစေတီကို ပြုပြင်ခြင်း
စတင်တွေ့ရှိချိန်က ပြိုကျပျက်စီးလုဖြစ်နေသော အောင်စူဋ္ဌာမဏိ စေတီကို ရှိရင်းစွဲပုံစံအတိုင်း ပြုပြင် မွမ်းမံကို ဦးပြုံးမောင်မောင်ကပင် ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ တတ်သိပညာရှင်များ အပါအ၀င် ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန် ကြီးဌာနနှင့်ပါ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး စေတီတော်ပြုပြင်မှုများကို ပြုလုပ်ခဲ့ပါကြောင်း သိရ ပါသည်။
လက်ရှိအချိန်တွင်၌ ပြုပြင်မှု အပိုင်းမှာ ပြီးစီးသလောက် ရှိနေခဲ့ပြီး ယခုနှစ်နိုဝင်ဘာလ ၁၀ ရက် (တန် ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ထီးတော်တင်လှူမည်ဖြစ် ကြောင်း သိရပါသည်။

လယ်သမားများ တင်ပြချက် တရားလွှတ်တော်ချုပ် ပယ်ချ

ရန်ကုန်တိုင်းက လယ်သမားတွေက သူတို့ရဲ့ လယ်ယာမြေတွေကို သိမ်းယူဖို့ ပြင်ဆင်နေတဲ့ အပေါ် နေပြည်တော်က တရားလွှတ်တော်ချုပ်ကို သွားရောက် လျှောက်ထားရာမှာ ပယ်ချလိုက်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားတွေ သက်ဆိုင်ရာက သူတို့ လယ်မြေတွေကို သိမ်းဖို့ အလံစိုက်တာ လယ်ကွက်တွေထဲက သီးနှံတွေ ပျက်စီးစေတာတွေကို ကူညီ ဖြေရှင်းပေးဖို့ နေပြည်တော်က  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို သွားရောက်ပြီး အမှုခေါ် စာချွန်တော် တင်သွင်းခဲ့တာပါ။
လယ်သမားတွေဘက်က လူငယ်ရှေ့နေ ကိုဖိုးဖြူက လိုက်ပါ ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့ နေ့ခင်းပိုင်း တင်သွင်းချက်ကို  ချက်ချင်း ပယ်ချလိုက်တယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“ကျနော်တို့ အမှုခေါ်စာချွန်တော် တင်ပြီးသွားပါပြီ။ ညွှန်ချုပ်ဦးမြသိန်းကနေပြီး ဒါကို လက်မခံသင့်ဘူးဆိုပြီး ပယ်လိုက်ပါတယ်ခင်ဗျ။”
အမှုခေါ်စာချွန်တော်တင်ရတဲ့ အကြောင်းကတော့ ၂၀၁၁ ခုနှစ် ဇူလိုင်လပိုင်းမှာ ကြေးတိုင်းနဲ့ မြေစာရင်းရုံးက ဒဂုံဆိပ်ကမ်းမြို့နယ် ရေလယ်သောင်ကျွန်း၊ လဟာရပ်လယ်ကွင်းမှာရှိတဲ့ လယ်သမား ၁၅ ဦးရဲ့ လယ်မြေဧက ၂၀၀ ခန့်ကို အလံတိုင်တွေစိုက်သွားတာကို  ဥပဒေနဲ့ မညီလို့ အမှုခေါ်ပေးဖို့ တင်ပြတာလို့ ကိုဖိုးဖြူက ရှင်းပြပါတယ်။
ဒီနှစ် ဧပြီလပိုင်းမှာလည်း ကောင်းမြန်မာ ပန်းပုကုမ္ပဏီလီမိတက်ကနေ ပန်းပုကျေးရွာ ထူထောင်မယ် ဆိုပြီးတော့ လယ်ဧကနှစ်ဆယ်ကျော်ပေါ်ကို သဲတွေမှုတ်တင်ခဲ့တာကြောင့် သီးနှံတွေ ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ညွှန်ချုပ် ဦးမြသိန်း ပယ်ချခဲ့တဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ ရှေ့နေကိုဖိုးဖြူက အခုလို ပြောပါတယ်။
“တရားလွှတ်တော်ချုပ်ကနေပြီး အမိန့်စာလိုအပ်တယ်ဆိုပြီး ဆုံးဖြတ်တာက တကယ့်လက်တွေ့ဘ၀နဲ့ ကွာဟနေတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆိုရင်လည်း သဘာဝယုတ္တိ၊ ဥပဒေယုတ္တိ အလွန်ပဲကင်းမဲ့နေတယ်။ ကျမ်းကျိန်မပါဘူးဆိုတဲ့ အချက်က အမှန်ပါပဲ။ ကျနော်တို့တွေက ကျမ်းကျိန်တွေကို ပြုလုပ်တယ်။ ရန်ကုန်တိုင်းတရားလွှတ်တော် ကျမ်းကျိန်အရာရှိ အပါအ၀င် ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးဆီကို လျှောက်ထားပေမယ့် ကျနော်တို့ကို ကျမ်းကျိန်ပေးခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ တောင်သူလယ်သမား ၁၅ ဦးက ကျမ်းကျိန်ပေးတာကို ခံယူရခြင်းမရှိဘဲ ပြန်လာခဲ့ရပါတယ်။”
ဒီကိစ္စကို ပြည်သူ့လွှတ်တော်က တရားစီရင်ရေးနဲ့ ဥပဒေရေးရာဥက္ကဋ္ဌနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေကို ထပ်မံတင်ပြသွားဖို့ ရှိတယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။

ဧရာဝတီကောက်ကြောင်း အနုပညာပြပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအားပေး

ဧရာဝတီ ကောက်ကြောင်းလို့ အမည်ပေးထားတဲ့ ပန်းချီ၊ ဓာတ်ပုံ အနုပညာပြပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ပြသထားတဲ့ အနုပညာလက်ရာတွေကို စိတ်ဝင်တစား ကြည့်ရှုသွားတယ်လို့ ပြပွဲစီစဉ်ကျင်းပသူ ဂရင်းဟတ် (GREEN HEART) အဖွဲ့ဝင်  ကိုစိုးဝင်းငြိမ်းက ပြောပြပါတယ်။
“ဧရာဝတီမြစ်ဘေးမှာ သစ်တွေ အပုံလိုက် တွေ့နေရတာတွေကို သေချာမေးပါတယ်။ အဲလောက်ကိုပဲ သစ်တွေ ခုတ်နေကြသလား ဆိုတာကို စိတ်ဝင်တစား သူမေးပါတယ်။ ဧရာဝတီ လင်းပိုင်တွေနဲ့ ပတ်သက်ပြီး ပြတဲ့ပုံတွေကို အသေးစိတ်မေးပါတယ်။ ဓာတ်ပုံတွေရိုက်တဲ့ ဦးစိန်မျိုးမြင့်ကလည်း သေချာရှင်းပြပါတယ်။ မြစ်စုံရေကာတာ လုပ်ငန်းခွင်ပုံတွေကိုလည်း အသေအချာ ကြည့်ရှုခံစားပါတယ်။”
ပြပွဲမှတ်တမ်းစာအုပ်မှာလည်း “ဧရာဝတီ ပြည်ထောင်စုရဲ့ သားသမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ”လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်တမ်းတင် ရေးသားသွားတယ်လို့ ဆိုပါတယ်။
ပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့လည်း ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ပြပွဲမှာ ပညာရှင် ၅၀ ကျော်ရဲ့ ဧရာဝတီမြစ်နဲ့ မြစ်ဆုံဆည်အကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း စတဲ့ အနုပညာလက်ရာ ၁၅၀ လောက်ကို စုစည်းခင်းကျင်း ပြသထားပါတယ်။
ရန်ကုန်မြို့ ယောမင်းကြီးလမ်းက ၆၅ အနုပညာပြခန်းမှာ ပြုလုပ်တဲ့ ဒီပြပွဲကို စက်တင်ဘာ ၂၂ ကနေ ၂၄ ရက်ထိ ပြသသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ တက်ရောက်မည်

ရန်ကုန် စက်တင်ဘာ ၂၀တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပင်လုံစာချုပ် ဖြစ်ပေါ်လာရန် အဓိက စွမ်းဆောင်ခဲ့သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဒေသကြီး သကင်0x081န်းကျွန်း မြို့နယ်ရှိ အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် တက်ရောက်ရန် ရှိကြောင်း စာဖတ်ခန်း ဖြစ်မြောက်ရေး စီစဉ်နေသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။အဆိုပါ စာဖတ်ခန်းသည် သကင်0x081န်းကျွန်း မြို့နယ် လေးဒေါင့်ကန် လမ်းမကြီး ခါချီယားမှတ်တိုင် အနီးတွင် တည်ရှိပြီး ပြည်တွင်း သတင်းဂျာနယ် အခိျု့ကို အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားကြောင်းနှင့် အခမ်းအနားကို ယင်းနေ့ နံနက် ၉နာရီမှ ၁၂ နာရီ အထိ ကျင်းပမည် ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးက ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ပဲခူး ခရီးစဉ်အတွင်း ပဲခူးနှင့် သနပ0x081ပင်မြို့ များတွင် အောင်ဆန်းဂျာမွန်း အမည်ရှိ စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ယခု အောင်ဆန်းပင်လုံ စာဖတ်ခန်းသည် ရန်ကုန်မြို့တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးမည့် ပထမဦးဆုံး စာဖတ်ခန်း ဖြစ်လာရန် ရှိကြောင်းလည်း စီစဉ်နေသူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း

“ဒီမိုကရေစီလမ်းကို လျှောက်ချင်တယ်ဆိုရင် ပြည်သူရဲ့အသံကိုနားထောင်ရပါမယ်။ ပြည်သူ့ရဲ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ဟာကို ပြောင်းရမှာပါ”
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လအတွင်းတွေ့ဆုံခဲ့ခြင်းက မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရေးပါသည့် ပုံရိပ်တစ်ခုအဖြစ် ရှိခဲ့သလို ပြည်သူများအကြား အမျိုးသား ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ပေါ်ထွက်ခဲ့ရသည်။ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုများကို အားရကျေနပ်ကြောင်းနှင့် နှစ်ဖက်ဆွေးနွေးမှုများက အချိန်ကန့်သတ်မထားသော်လည်း မြန်ဆန်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားခဲ့သည်။

daw aung san su kyiဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်မှ ရက်ပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီတစ်ရပ်အဖြစ် လှုပ်ရှားမှုများ ပိုမို အားကောင်းလာသည့်အပြင် သားဖြစ်သူနှင့်အတူ ရန်ကုန်ပြင်ပ မိသားစု အပန်းဖြေခရီးစဉ်အဖြစ် ပုဂံသို့ ရွေးချယ်သွားရောက်ခဲ့သည်။ ပထမဆုံး စည်းရုံးရေး ခရီးစဉ်ကိုလည်း ပဲခူးမြို့သို့ ရွေးချယ်သွားရောက်ခဲ့သည်။

ပြည်တွင်း မီဒီယာများတွင်လည်း ၎င်း၏သတင်းနှင့် ပုံရိပ်များကို ယခုလပိုင်းအတွင်း ထည့်သွင်း ဖော်ပြခွင့်ရရှိလာကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားသော ဆောင်းပါးများကိုပင် ဖော်ပြခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် 7Day News အယ်ဒီတာအဖွဲ့က ၄င်းလွတ်မြောက်အပြီး ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် စက်တင်ဘာ ၁၃ ရက်က ပါတီဌာနချုပ်ရုံးခန်းတွင် နာရီဝက်နီးပါးကြာ တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ 7Day News အယ်ဒီတာအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

အခုဆိုရင် နေအိမ်အကျယ်ချုပ်က လွတ်တာ တစ်နှစ်နီးပါးရှိပြီဆိုတော အပြင်မှာရှိနေတဲ့ ကာလတလျှောက်လုံးမှာ လုပ်ခဲ့တဲ့အလုပ်တွေထဲက အန်တီ့အနေနဲ့ အားရအကျေနပ်ဆုံး တစ်ခုကိုပြောပါဆိုရင် ဘယ်ဟာလို့ မှတ်မှတ်ရရ ပြောချင်ပါသလဲ။

ပြောရရင်တော့ တစ်ခုမဟုတ်ဘူး။ နှစ်ခု။ တစ်ခုက ဒီမိုကရေစီကွန်ရက်လုပ်တာ တော်တော်အောင်မြင်တယ်။ အဲဒါတော့ အန်တီအားရတယ်။ နောက်တစ်ခု ကတော့ သမ္မတဦးသိန်းစိန် အစိုးရနဲ့စပြီး ညှိနှိုင်းဆွေးနွေးတာကလည်း အင်မတန်မှ အားရကျေနပ်စရာပါ။ နှစ်ခုလုံးကတော့ အန်တီတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတာတွေချည်းပဲ။ ဒီမိုကရေစီကွန်ရက်ဆိုတာကတော့ ချိတ်ဆက်ထားတဲ့ အဖွဲ့လေးတွေပေါ့။ အဲဒီအဖွဲ့ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်းပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမဟုတ်တဲ့ အဖွဲ့လေးတွေလည်းပါတယ။် အားလုံးဟာ ဒီမိုကရေစီအဆောက်အအုံကြီး ခိုင်မာအောင်လို့ သူ့နည်းသူ့ဟန်နဲ့ လုပ်ကြတာပေါ့။ ပြည်သူတွေရဲ့ အင်အားကို မြင့်တက်အောင်၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ အဲဒီထဲမှာဆိုရင် နိုင်ငံရေးအရ လှုပ်ရှားနေတာတွေ၊ လူမှုရေးအရလှုပ်ရှားနေတဲ့သူတွေရှိတယ်။ အခုဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပါလာပြီ။ ပညာရေး၊ ကျန်းမာရေးကတော့ အစကတည်းကရှိတာပေါ့။ ဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အန်တီတို့ ဥပဒေထောက်ကူအဖွဲ့လုပ်ထားတယ်။ ရှေ့နေကွန်ရက်ပေါ့။ ပြည်သူတွေကို ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီနိုင်ဖို့။ အဲဒါတွေလုပ်ထားတာ တော်တော်တော့ အောင်မြင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အခြေခံကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ ဥပဒေစိုးမိုးရေးနဲ့ ဒီသုံးခုနဲ့ပတ်သက်လို့ ဒီကွန်ရက်က ကျေနပ်လောက်အောင်လို့တော့ မပြောချင်ဘူး။ အမြဲပိုပိုပြီးလုပ်စေချင်တယ်။ အတော်အတန်တော့ စိတ်ထဲမှာကြည်နူးနိုင်တယ်။

အန်တီတို့ ပါတီမှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး အားလုံးကစိတ်ဝင်စားပါတယ။် ပါတီပြန်လည်ဖွဲ့စည်းဖို့အတွက် ပြင်ဆင်နေပါသလား။

အန်တီတို့ပါတီက အစတည်းက ပါတီကိုတည်နိုင်အောင်လို့ လုပ်ထားတာ။ ဒါကြောင့်အန်တီတို့ပါတီက အစကတည်းကရှိပြီးသားလေ။ မှတ်ပုံမတင်ရသေးဘူးဆိုပေမယ့် ပါတီက အခုသမီးတို့လာရင်လည်းတွေ့တာပဲ။ ပါတီကအရင်တိုင်းပဲ ဆက်လုပ်နေတာပဲလေ။ အရင်တုန်းက မှတ်ပုံတင်ကိုဖျက်ပါတယ်လို့ မပြောခင်တုန်းက ပုံစံအတိုင်းပဲ။ တကယ်ပြောရမယ်ဆိုရင် အခုဆိုရင်ပိုပြီးတော့တောင်မှ လှုပ်လှုပ်ရှားရှားရှိတယ်လို့ ပြောနိုင်တာပေါ့။ အဲဒီတော့အန်တီတို့ပါတီက ပြန်ဖွဲ့စည်းဖို့ဆိုတာ လိုတဲ့ပါတီမဟုတ်ပါဘူး။ မှတ်ပုံတင်တာရှိသလား၊ မရှိသလား။ ဒီဟာသာ စကားပြောနေရတာပါ။

အစိုးရသစ်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့အခြေအနေကျရင် ပြောပါမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမယ့် သမ္မတကြီးနဲ့တွေ့ပြီးနောက်ပိုင်း သတင်းတွေပြန်ငြိမ်သက်သွားတော့ လက်ရှိ အခြေအနေတွေက ဘယ်လိုရှိလဲ၊ ဘယ်လောက်ထိမျှော်လင့်လို့ရမလဲလို့ သာမန်ြပည်သူတစ်ယောက်က မေးမယ်ဆိုရင် အန်တီဘယ်လိုပြန်ဖြေချင်ပါသလဲ။

အန်တီကတော့ အမြဲပဲပြောပါတယ်။ မျှော်လင့်ချင်တယ်ဆိုရင် အလုပ်လုပ်ရမယ်။ ကိုယ်လည်းဖြစ်နိုင်အောင်လို့ ကိုယ်တတ်နိုင်တဲ့ဘက်ကဝိုင်းပြီး အားပေးရမယ်။ ဥပမာအားဖြင့် ဒီလိုတွေ့ဆုံမှုတွေကနေပြီးတော့ တိုင်းပြည်အတွက် အကျိုးဖြစ်တဲ့ ရလဒ်တွေကို မြင်ချင်ပါတယ်ဆိုတာ ပြောလာဖို့ကလည်း ကိုယ်တတ်နိုင်သမျှလုပ်ရမယ်။ အဲဒါမှလည်းသက်ဆိုင်သူအားလုံးက သိရအောင်။ ပြည်သူတွေက ဘယ်လောက်ထိလိုလားနေတယ်ဆိုတာ။ အဲလောက်အထိ လုပ်ပေးလို့ရှိရင်တောင်မှ ကောင်းမယ်။ ဒါ့ထက်ပိုလုပ်ပေးလို့ရတယ်ဆိုရင်လည်း ဒါ့ထက်ပိုလုပ်ပေးပေါ့။ မျှော်လင့်နေမယ့်အစား မျှော်လင့်တာတော့ မျှော်လင့်ပါ့။ ကိုယ့်မျှော်လင့်ချက်ကိုဖြစ်မြောက်အောင် ကိုယ်တိုင်လည်းပါဝင်လှုပ်ရှားရမယ်။ ကာယကံ၊ ဝစီကံ၊ မနောကံပေါ့။ ဆိုလိုတာက ပထမ စိတ်ထဲကဖြစ်ချင်တာက မနောကံပေါ့။ ဝစီကံကတော့ ထုတ်ပြောတယ်တာပေါ့။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးမယ်ဆိုရင်တော့ ကာယကံမဖြစ်သွားဘူးလား။ (ရယ်လျက်) အဲဒီလိုမျိုး တစ်ဆင့်တစ်ဆင့်ပေါ့။

အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရော၊ နေပြည်တော်သွားတဲ့ကိစ္စမှာရော၊ ပါတီအတွင်းမှာ အန်တီအနေနဲ့ ပြန်ပြီးညှိနှိုင်းရတဲ့အပိုင်းရှိမှာပေါ့။

သဘောတူညီမှုရဖို့အတွက် ညှိနှိုင်းရတာပေါ။့ အန်တီတို့က ဒီမိုကရေစီအဖွဲ့အစည်းပဲလေ။ ဘာပဲလုပ်လုပ် နောက်ဆုံးကျတော့ ဒီအဖွဲ့အစည်းရဲ့ ပါဝင်ထောက်ခံမှုမရှိဘဲနဲ့ လုပ်ဖို့ဆိုတာ မသင့်တော်ဘူး။ အန်တီတို့ ပြန်ညှိနှိုင်းတယ်။ ဒီကိစ္စတွေက အများပြည်သူပြန် အသိပေးနိုင်မယ့် အခြေအနေမဟုတ်သေးဘူးဆိုပေမယ့် အန်တီတို့ စီအီးစီနဲ့တော့ ဆွေးနွေးရတယ်။

နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေကိစ္စနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရသစ်အကြား ညှိနှိုင်းမှုတချို့ ဟိုရက်က သတင်းစာထဲမှာ ပါလာတာလည်း တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ လက်နက်ကိုင်ပြဿနာတွေ ဖြေရှင်းဖို့အတွက် အဓိကစိန်ခေါ်မှုက ဘာလို့ အန်တီအနေနဲ့ထင်ပါသလဲ။

အဓိကတော့ ယုံကြည်မှုနဲ့ နားလည်မှုရှိ မရှိတာပေါ့။ ရှိတယ်ဆိုရင်လည်း အင်မတန်အားနည်းတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်တယ်ဆိုတာကလည်း နားလည်မှုရမှလည်း ယုံကြည်လို့ရမှာပေါ့။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရဖို့ဆိုတာ နှစ်ဖက်လုံးကြိုးစားရမယ်။ အန်တီပြောနေကျစကားပဲ ထပ်ပြောပါ့မယ်။ ပိုပြီးအားကြီးတဲ့သူက ပိုပြီးတော့ သဘောထားကြီးဖို့လိုပါတယ်။ အဲဒီလိုအန်တီခံယူပါတယ်။

daw aung san su kyiယုံကြည်မှုနဲ့နားလည်မှု ရှိဖို့ဆိုတာ နှစ်ဖက်စလုံးကို ပြောတာပါလား။

နှစ်ဖက်စလုံးပေါ့။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ဆိုတာ တစ်ဖက်တည်းလုပ်လို့ မရဘူး။ နှစ်ဖက်စလုံးက တကယ်အဆင်ပြေချင်မှ။ တကယ်အဆင်ပြေချင်တယ်ဆိုလို့ရှိရင်လည်း အပေးအယူဆိုတာကို နားလည်ရမယ်။ အပေးအယူဆိုတာ ကိုယ်ကလည်းပေးရတယ်ဆိုတာရှိတယ်။ ကိုယ်ကပဲယူတယ်ဆိုတာ မရှိဘူး။ အပေးအယူဆိုတာ ဒါပါပဲ။ နှစ်ဖက်စလုံးက ကိုယ်လည်ပေးမယ်။ ကိုယ်လည်းယူမယ်။ အဲဒီလိုအခြေအနေကိုလက်ခံမှ တိုးတက်မှုရှိမယ်။ ကိုယ်လိုချင်တာအားလုံး မရလို့ရှိရင် ဆက်ပြီးတော့ မဆွေးနွေးဘူးဆိုရင် ဒါမျိုးဆိုတာ မဖြစ်သင့်ဘူး။

ပြီးတော့ အခုလောလောဆယ်လှုပ်ခတ်နေတဲ့ ဧရာဝတီကိစ္စ မေးချင်ပါတယ်။ ဟိုတစ်နေ့က ပြည်ထောင်စုဝန်ကြီးပြောတာကို အန်တီလည်းကြားပြီးဖြစ်မှာပါ။ အန်တီအနေနဲ့ အဲဒီအပေါ်မှာ ထင်မြင်ချက်လေးပြောပါဦး။

ဒီမိုကရေစီလမ်းကို လျှောက်ချင်တယ်ဆိုရင် ပြည်သူရဲ့အသံကိုနားထောင်ရပါမယ်။ ပြည်သူ့ရဲ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ဟာကို ပြောင်းရမှာပါ။ ဒါကတော့ ဒီမိုကရေစီလမ်းကို တကယ်လျှောက်ချင်တယ်ဆိုရင် ဒီမိုကရေစီနာမည်နဲ့ အစိုးရတာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ပြည်သူ့ အသံကိုနားထောင်ရမယ်။ ပြည်သူ့ရဲ့ဆန္ဒကို လေးစားရမယ်။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ်။

အန်တီတို့ပါတီက လူမှုရေးလုပ်ငန်းဘက်မှာတော့ တော်တော်လေးအင်အားကောင်းနေတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပိုင်းမှာရော လူငယ်တွေသတ်သတ်ဖွဲ့ပြီး လုပ်ဖို့ရှိပါသလား။

အဲဒါတွေလုပ်နေပါတယ်။ စပြီးတော့။ လူမှုရေးလောက်တော့ အရှိန်မရသေးဘူး။ လူမှုရေးကတော့ လုပ်တာကြာပြီဆိုတော့ အရှိန်ကပိုပြီးတော့ရနေတယ်။ အခုပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ကတော့ အန်တီတို့နိုင်ငံမှာ စပြီးတော့လုပ်တာက မကြာသေးဘူး။ မကြာသေးဘူးဆိုပေမယ့် အန်တီတို့ ဒီဟာတွေက အားပေးခဲ့တာကြာပါပြီ။ အခုမှမဟုတ်ပါဘူး။ သစ်ပင်စိုက်တဲ့ကိစ္စတို့၊ နောက်ရိုးရိုးကိစ္စလေးတွေပါ။ တချို့လူတွေကဆိုရင် တွေ့ကရာနေရာမှာ ဟိုဟာပစ်၊ ဒီဟာပစ်၊ အထူးသဖြင့် ပလတ်စတစ်ပစ်တာပါ။ အဲဒါတွေ မလုပ်ဖို့။ အဲဒါတွေကိုတော့ အန်တီတို့ ပညာပေးနေတာ၊ ဒီကိစ္စတွေမှာ အသိရှိဖို့ အားပေးနေတာကြာပါပြီ။ နည်းနည်းကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်ခဲ့နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်က အရမ်းများတာကိုး။ ဥပမာဆိုရင် အန်တီတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ လူမှုရေးကိစ္စတွေမှာ လိုအပ်လွန်းလို့သာ ဝင်လုပ်နေရတာ။ ဒီလိုလုပ်ဖို့ဆိုတာ ငွေရေးကြေးရေး၊ လူအင်အားလည်းလိုတယ်လေ။ ပိုပြီးတော့ အရေးကြီးတဲ့ဟာ ဦးစားပေးတာပေါ့။ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း အင်မတန်အရေးကြီးတယ်။ အများပြည်သူကလည်း နားလည်လာပြီဆိုတော့ အန်တီတို့ဘက်က၊ တတ်နိုင်တဲ့ဘက်ကချဲ့မယ်။ ပြီးတော့ အကန့်အသတ်ကလည်းရှိသေးတယ်။ ငွေအင်အား၊ လူအင်အားအကန့်အသတ်ပေါ့။

ပဲခူးပြီးတော့ နောက်ခရီးစဉ်တွေကိစ္စကရော ဘယ်လိုရှိပါသလဲ။

အန်တီစဉ်းစားထားတာတော့ အခုမိုးကုန်တော့မှ စီစဉ်ရင်ကောင်းမယ်လို့ထင်တယ်။ ပဲခူးသွားတုန်းကလည်း အန်တီတို့ကံကောင်းလို့ပေါ့။ သွားတဲ့နေ့က ရာသီဥတုကကောင်းပြီး ရေကနည်းနည်းကျသွားတယ်။ အဲဒီအချိန်တုန်းက သွားမယ့်လမ်းတွေမှာ ရေဖုံးတာနဲ့ဘာနဲ့ အစီအစဉ်တွေ ကောင်းကောင်းမွန်မွန်လုပ်ဖို့ ခက်ခဲပါတယ်။ မုတ်သုံကုန်သွားတဲ့အထိတော့ စောင့်ရမယ်။

ဦးစားပေးရွေးမယ်ဆိုရင် ဘယ်နေရာတွေဖြစ်မလဲမသိဘူး။

အဲဒါကတော့ ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ အရေးကြီးတာက မန္တလေးလိုနေရာ အရေးကြီးတယ်။ မန္တလေးက နည်းနည်းဝေးတယ်လေ။ ပိုပြီးတော့နီးတဲ့နေရာကို ပထမသွားရင် ကောင်းမလားလို့။ လက်တွေ့ကျ၊ မကျလည်း ကြည့်ရသေးတယ။် နောက်ပြီးတော့ ဒီအန်တီတို့အဖွဲ့ချုပ်ရဲ့ အင်အားလိုအပ်ချက်။ အဲဒါလည်းကြည့်ရမယ်။ အန်တီတို့ ပဲခူးခရီးစဉ်လိုပဲ အခုသွားဖြစ်ရင်လည်း ညှိနှိုင်းပြီးတော့သွားမှာပါ။ ပဲခူးသွားတုန်းက အများကြီးအဆင်ပြေပါတယ်။

သွားခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ တော့အန်တီ့အနေနဲ့ စာပြန်ရေးဖို့၊ ဒါမှမဟုတ် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ မြန်မာဘာသာနဲ့ စာအုပ်ထုတ်ဖို့ အစီအစဉ်ရှိပါသလား။

စာကတော့ အန်တီကရေးတော့ရေးတာပေါ့။ တစ်ခါတလေ နိုင်ငံခြားက ဂျာနယ်တွေအတွက် ရေးရတာတွေရှိတယ်။ စာက ရေးတော့ရေးချင်တယ်။ ဒါပေမယ့် အချိန်ဒီလောက်မရှိဘူး။ နိစ္စဓူဝလုပ်ငန်းတွေ၊ အလုပ်တာဝန်တွေနဲ့ဆိုတော့ စာရေးရင် အန်တီကတော့ စဉ်းစဉ်းစားစား ရေးချင်တာပေါ့။ အများကြီးလည်း မရေးနိုင်ဘူး။ နည်းနည်းနဲ့ ကောင်းကောင်း ရေးချင်တယ်။ အများကြီးရေးဖို့ အချိန်လည်းမရှိဘူး။ အချိန်ရှိလည်း အများကြီး ရေးနိုင်ပါ့မလားမသိဘူး (ရယ်လျက်)။

အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးပါတယ်။၏

Credit: ငြိမ်ငြိမ်းနိုင် (7Day News Journal)

နိုင်ငံတစ်ဝန်းရှိ အချုပ်တရားခံများ ထမင်းစရိတ် ၃ဝ ကျပ်သာရ

နိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့အချုပ်ခန်းအသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေရသော အချုပ်သားများအတွက် ထမင်းကျွေးစရိတ်ကို ၃ဝ ကျပ်နှုန်းသာ ခွင့်ပြုထားခဲ့ရာ ယင်းအခက်အခဲအား လွှတ်တော်၌ တင်ပြခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၃မှ ဦးဖုန်းမြင့်အောင်က ဆိုသည်။
”ကျွန်တော့်တပည့်တစ်ယောက် အချုပ်ကျတုန်းကရယ်၊  ဟိုတလောက ကျွန်တော့်စက်ဘီး ပျောက်တုန်း ရဲစခန်းရောက်တော့ ဒီကိစ္စကို မေးမြန်းဖူးခဲ့တယ်။ အစိုးရက သူတို့အတွက် ထောက်ပံ့ကြေး မပေးဘူးလားဆိုတော့ ၃ဝ ကျပ်ရတယ်ပြောပါတယ်။ ဒီခေတ်အနေအထားနဲ့ မိသားစုတွေ၊ နောက်ရဲတပ်ဖွဲ့တွေဘက်မှာလည်း အခက် အခဲရှိနေတာပဲလေ။ ဒါကို ဘယ်လိုဆောင်ရွက်ပေးမလဲ မေးမြန်းခဲ့တာပါ” ဟု ၄င်းက ပြောသည်။
ယင်းသို့ အချုပ်သားများအား သက်ဆိုင်ရာ မိသားစုဆွေမျိုးများမှသာ နေ့စဉ် အစားအသောက်ပေး ပို့နေရပြီး မိသားစုမှ မထောက်ပံ့နိုင်ပါက သက်ဆိုင်ရာ ရဲစခန်းမှသာ တာဝန်ယူဖြေရှင်းရသဖြင့် ခွင့်ပြုသတ်မှတ်ထားသည့် နှုန်းထားထက်များစွာ စိုက်ထုတ်ကုန်ကျနေရ ကြောင်း ၄င်းက ဆိုသည်။
”အပြစ်လုပ်လို့ အချုပ်ကျတာတော့ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ သူတို့က နိုင်ငံတော်ရဲ့ ထိန်းသိမ်းမှု အောက်မှာ ရောက်နေပြီဖြစ်တဲ့အတွက် နိုင်ငံတော်က တာဝန်ယူရ မယ်။ ခေတ်စနစ်နဲ့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ အစား အသောက်ပံ့ပိုးပေးနိုင်ရပါမယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။
ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် အချုပ်တရားခံများကို နိုင်ငံ တော်မှ ခွဲဝေချထားပေးသည့် အချုပ်တရားခံ ထမင်းကျွေးစရိတ် ရန်ပုံငွေ တစ်ကျပ်နှင့် ကျွေးမွေးခဲ့ ကြောင်း၊ ၁၉၇၃ ခုနှစ် နောက်ပိုင်း ကာလတွင် ကုန်ဈေးနှုန်း ပမာဏ တိုးမြင့်လာသည်နှင့်အမျှ ရန်ပုံငွေကို တိုးမြှင့်တောင်းခံမှုများ ပြုခဲ့ရာ နိုင်ငံ တော်မှ ၁-၅-၁၉၇၃ မှ ၃၁-၃-၁၉၇၇ ထိ ၁ ကျပ် ၅ဝ ပြားနှုန်း၊ ၁-၄-၁၉၇၇ မှ ၁၄-၇-၁၉၈၇ ထိ ၂ ကျပ် ၅ဝ ပြားနှုန်း၊ ၁၅-၇-၁၉၈၉ မှ ၃၁-၃-၂ဝဝ၄ ထိ ၅ ကျပ်နှုန်း၊ ၁-၄-၂ဝဝ၄ မှ ယနေ့ ထိ ၃ဝ ကျပ်နှုန်း ခွင့်ပြုတိုးမြှင့်ပေးခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ဖြေကြားခဲ့သည်။
”အချုပ်တရားခံ ထမင်းကျွေး စရိတ် ရန်ပုံငွေတိုးမြှင့်ချထားပေးဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက နိုင်ငံ တော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ သြဂုတ်လ ၁၄ ရက်နေ့မှာခန့်မှန်း ကုန်ကျစရိတ်လျာထား တွက်ချက်မှုနဲ့အတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၄င်းက ပြော သည်။
၎င်းအပြင် ထမင်းကျွေးစရိတ် ၃ဝ ကျပ်နှုန်းဖြင့် ကျွေးမွေးနေရမှု သည် ယနေ့ကုန်ဈေးနှုန်းအရ လုံ လောက်မှုမရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များ၏ အ စီအစဉ်ဖြင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရ ရှိရေးဆောင်ရွက်ပေးမှုများ၊ ရဲတပ်ဖွဲ့ ဝင်များ ထုတ်လုပ်သည့် ဆန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမှု များ စသည့် နည်းလမ်းများဖြင့် အတတ်နိုင်ဆုံး သက်သာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ¤င်း က ထပ်လောင်းဆိုသည်။
အောင်ခွန်းဆက်

နယ်စပ်ဒေသအချို့၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားကို ၀ယ်ယူသုံးစွဲနေရ

4251
မြန်မာနိုင်ငံတွင် နယ်စပ်ဒေသ အချို့၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှပင် လျှပ်စစ်ဓာတ်အားကို ၀ယ်ယူသုံးစွဲနေကြောင်း သတင်းရရှိပါသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား ၀ယ်ယူသုံးစွဲနေသော ဒေသများမှာ တရုတ်နိုင်ငံမှ ဓာတ်အားကို ကချင်ပြည်နယ်ရှိ လွယ်ဂျယ်မြို့၊  ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ချင်းရွှေဟော်၊ မုံးကိုး၊ မန်ဟီးရိုး၊ ဟိုပန်၊ နမ့်ဖတ်ကာ၊ ခိုမုန်း၊ မိုင်းယုလေး၊ ကွမ်းလုံ၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်မြို့တို့ သုံးစွဲပြီး၊ ထိုင်းနိုင်ငံမှ ဓာတ်အားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ကရင်ပြည်နယ် မြ၀တီမြို့၊ ဘုရားသုံးဆူမြို့ စသည်တို့ ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်မီးက တစ်ယူနစ်ကို ကျပ် ၁၂၀ နဲ့သုံးရပါတယ်။ ရွှေလီမြစ်ပေါ်မှာ ဆောက်ထားတဲ့ ရွှေလီ စီမံကိန်းက လျှပ်စစ်မီးပါ” ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးက ပြောပြပါသည်။

နယ်စပ်ဒေသများသည် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဟူသော နည်းလမ်းအောက်တွင် အကျုံး ၀င်နေကာ ယင်းသို့ ဖြန့်ဖြူးဆောင်ရွက်နေသည့် မီးလင်းရေးအဖွဲ့  ပေါင်း ၁၂ ဖွဲ့ ရှိသည်ဟု သိရ

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပေးဝေရာတွင် မဟာဓာတ်အား လိုင်းကြီးများ တည်ဆောက်ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှဓာတ် အား ဖြန့်ဖြူးပေးခြင်း၊ အသေးစား လျှပ်စစ်ဓာတ်အားစက်ရုံငယ်များ တည်ဆောက်၍ဓာတ်အားပေးခြင်း၊ ဒီဇယ်အင်ဂျင်စက်များနှင့် ဓာတ်အားပေးခြင်း၊ မီးလင်းရေး ကော်မတီ များဖွဲ့စည်းပြီး ဒီဇယ်အင်ဂျင်စက် များနှင့်ဓာတ်အားပေးခြင်း၊ အသေးစား ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီး ဓာတ်အားပေးခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း စသည့် နည်းလမ်းငါးခုဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနေသည်ဟု ၂၀၁၁ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမှတ်(၂)လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြန်လည်ရှင်းလင်း ဆွေးနွေးရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့နယ်စပ်ဒေသများသည် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အား ၀ယ်ယူ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဟူသော နည်းလမ်းအောက်တွင်အကျုံး ၀င်နေကာ ယင်းသို့ ဖြန့်ဖြူး ဆောင်ရွက်နေသည့် မီးလင်းရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ရှိသည်ဟု သိရသည်။
မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် စသည့်ဒေသများတွင် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ဖြင့် ဖက်စပ်တည်ဆောက်ထားသော ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှဓာတ်အားကို တရုတ်ယွမ်ငွေ ဖြင့် ၀ယ်ယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ် စီမံကိန်းများအနေဖြင့် အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ် စသည့်မြစ်ကြီးများနှင့် မြစ်ငယ်များတွင် ရေအား လျှပ်စစ်စီမံကိန်းများ ရှိနေကြောင်း၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများနှင့် အကျိုးတူပူးပေါင်းမှုများ ရှိသကဲ့သို့ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီအချို့နှင့် ဖက်စပ်လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ-ကိုရွှေသိန်း(မြ၀တီ)

ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာကျဆင်းလာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ၌ သိသိသာသာ ကျဆင်းလာနေသည့်အတွက် ရေရှည်တွင် တိုးပွား လာနေသည့် လူဦးရေနှင့် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာဖူလုံ ရေးအတွက် စိတ်ပူမိသည်ဟု လယ်/ဆည်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စက်တင် ဘာ ၁၈ ရက်တွင် ပြောသည်။
”ဒါက လက်ရှိ ပကတိ အခြေအနေမှာ တောင်သူတွေက စိုက်ပျိုးတဲ့ သီးနှံအပေါ်မှာရော ဆန်စပါး စိုက် ပျိုးမှုအပေါ်မှာပါ ကြောင့်ကြမှုတွေ ရှိနေတာကို ပကတိအခြေအနေပေါ် မူတည်ပြီး လက်တွေ့မှာ တွေ့နေ မြင်နေရတာကို လယ်/ဆည်ဝန်ကြီးတစ်ယောက်အနေနဲ့ တွေ့နေရပါတယ်။ ဒါကြောင့် ဝမ်းစာအတွက် ပူမယ်ဆိုလည်း ပူလို့ရပါတယ်။ ပူရမယ့်အချိန်ကာလလည်း ရောက်နေပါပြီ” ဟု ပြည်တွင်းမီဒီယာများ၊ စီးပွားရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောသည်။ စပါးတင်း ၁ဝဝ က ရွှေ ၁ ကျပ်သားနဲ့ ညီတယ်လို့ ကျွန်တော်တို့ မိဘဘိုးဘွားတွေ အမြဲပြောပါတယ်။ ဘာတွေပဲပြောင်းပြောင်း ဒါကမပြောင်းဘူး။ ကျွန်တော်တို့မိဘတွေအထိ မှန်နေပါသေးတယ်။ ဒါက ကျွန်တော်တို့ ခေတ်လည်း ရောက်ရောမမှန်တော့ဘူး ဖြစ်နေတယ်။ ယနေ့ ရွှေတစ်ကျပ်သား ဈေးနှုန်း ၇ သိန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင် စပါးတင်း ၁ဝဝ ဈေးနှုန်းက ၃သိန်းဆိုတော့ တွက်ကြည့်လိုက်လေ။ တောင်သူတွေကျားကုတ် ကျားခဲလုပ်တာတောင် အဆင်မပြေ ဖြစ်နေကြတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောဆို သည်။
”ကျွန်တော်တို့ဌာနက ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတဲ့အချက် ၅ ချက်ကိုကြည့်ရင် အားလုံးက စာရွက် ပေါ်မှာ၊ ဆိုင်းဘုတ်ပေါ်မှာသာရှိပြီး လက်တွေ့အလေးအနက် မဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် စိုက်ပျိုး ရေးထုတ်ကုန်များ၊ အရည်အသွေးရော အရေအတွက်ပါ နိမ့်ကျနေကြရပါတယ်။ ဥပမာ ပထမအချက် ဖြစ်တဲ့ မျိုးဆိုရင် ပကတိ လက်တွေ့မှာအရည်အသွေးကောင်းတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့ကို တောင် လယ်သမားတွေ မသုံးနိုင်ဘူး။ လက်လှမ်း မမီကြဘူးဖြစ်နေကြတယ်” ဟု ၄င်းကပြောသည်။
တက်ရောက်လာသည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်ကြီးတစ်ဦးမှ ”ပြည်ထောင်စုဝန်ကြီး တစ်ယောက်အနေနဲ့ ပကတိလက်ရှိအခြေအနေကို ထုတ်ဖော်ပြော ပြတာ တစ်ခါမှမကြားဖူးဘူး။ ဒါက ပထမဦးဆုံးပဲ။ ဒါကိုကြိုဆိုတယ်။ ဝန်ကြီးက အားလုံးပူးပေါင်းကြပါလို့ တိုက်တွန်းထားတယ်” ဟု ဝန်ကြီးတစ်ဦးအနေဖြင့် ပြောဆိုမှုကို ထောက်ခံဆွေးနွေး ပြောပြသည်။
လက်ရှိ၌ဈေးနှုန်း ကျဆင်းနေမှုများကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာရခြင်းအကြောင်းမှာ ဆန်စပါးအရည်အသွေးများ မမီခြင်း၊ ဈေးကွက်အခိုင်အမာ မရှိ ခြင်းတို့ကြောင့် ဖြစ်ကြောင်း လယ်/ဆည်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ပင် မိန့်ခွန်းပြောကြားရာ၌ တောင်သူများစိုက်ပျိုး ထုတ်လုပ်သည့် ကောက် ပဲသီးနှံများကို သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းချက်ရှိသည့်အတွက် ဈေးအနှိမ်မခံရအောင် ထုတ်လုပ်မှုစရိတ်ကာမိအောင် ပုဂ္ဂလိက ကဏ္ဍမှ ကူညီဆောင်ရွက်ရန်လည်း ဖော်ပြပါရှိသည့်အတွက် အစိုးရကိုယ်စားပုဂ္ဂလိကမှ အလေးအနက်ထားကာ အဖြေရှာဆောင်ရွက် ပေးဖို့လိုသည်ဟု ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းပြောဆိုသည်။
ယခုကျင်းပနေသည့် လွှတ်တော် ၂ ရပ်စလုံး၌ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လက်ရှိ ပကတိအခြေအနေနှင့် ပတ်သက်၍ တိုက်ရိုက် မေးမြန်းမှုများကိုဆက် တိုက် ပြုလုပ်နေကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သိရသည်။
”ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုဘာကောင်းအောင် လုပ်ကြမလဲဆိုတာ ဆွေးနွေးကြတဲ့ပွဲဖြစ်တဲ့အတွက် အဖြေပေါ်လာမှာပါ။ အကျိုးဆက်က တောင်သူတွေ ကောင်းကျိုး ခံစား ရဖို့ပါပဲ” ဟု ဆန်စပါး ဆွေးနွေးပွဲသို့ တက်ရောက်လာသူတစ်ဦးက ထပ်လောင်းဆိုသည်။
”AFTA” သဘောတူညီချက်အရ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံအတွင်း၌ သီးနှံများလွတ်လပ်စွာ တင်ပို့ရောင်းချသည့် အချိန်၌ မိမိတို့နိုင်ငံမှ ဆန်စပါးအပါအဝင် သီးနှံ များမှာ ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံတိုက်တွန်း ပြောဆိုလိုက်သည်။
မင်းသုအောင်

တရုတ်နိုင်ငံအား ဒီမိုကရေစီ လွတ်လပ်ခွင့် ပိုမိုပေးရန် လိုအပ်ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောကြား

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က တရုတ်နိုင်ငံအား အာဏာကို ဗဟိုထိန်းချုပ်မှုက ပြောင်းလဲပေးပြီး ဒီမိုကရေစီအခွင့်အရေး ပိုမိုဖော် ထုတ်ပေးရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ဒါလိန်းမြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲသို့ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင် များအားပြော ကြားခဲ့ခြင်း   ဖြစ်သည်။  မစ္စတာဝမ်သည် နောက်တစ်နှစ်တွင် အငြိမ်းစားယူမည်ဖြစ်ပြီး မကြာသေးမီကာလများက တရုတ် နိုင်ငံပြုပြင်ပြောင်းလဲရေး အကြောင်း အရာများကို အကြိမ်   မြောက်မြားစွာ ထည့်သွင်းပြောကြားခဲ့သည်။ သို့ရာ တွင် သူ၏မျှော်လင့်ချက်များကို နိုင်ငံက ထိန်းချုပ်ထားသည့် သတင်း မီဒီယာများကသာ ဖော်ပြပြီး တရုတ်ပြည်သူ အများစုက ၄င်းသတင်း မီဒီယာများကို စိတ်ဝင်စားကြခြင်း မရှိပေ။  နှစ်ခြောက်ဆယ်ရှိလာပြီဖြစ် သည့် တရုတ်ကွန်မြူနစ်ပါတီသည် အာဏာကို ဆက်လက်ထိန်းချုပ် ထားဆဲဖြစ်သည်။ ၄င်းတို့၏ စီးပွားရေး လုပ်ငန်းရှင်များအား ပါတီပြုပြင် ဖွဲ့စည်းခြင်းနှင့် နိုင်ငံ၏ ခေါင်းဆောင်မှု စနစ်များအတွက် မရှိမဖြစ်လိုအပ်သော အလုပ်တာဝန် များဖြစ်လာ ကြောင်းပြောကြား သတိပေးခဲ့သည်။ ပါတီ၏ ဦးဆောင်မှုစနစ်နှင့် နိုင်ငံ၏ ဦးဆောင်မှုစနစ်ကို မဖြစ်မနေပြောင်းလဲမည်။ ထို့ပြင် ကျေးရွာ ကော်မတီများအထိ ဒီမိုကရေစီစနစ် ပိုမိုတိုးတက် ကျယ်ပြန့်လာရေးအတွက် ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ်က သတိပေးသွားသည်။
KLMA, AFP:Reuters

သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

သခင်အုန်းမြင့်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို စက် တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ ရာဒေါ်အောင်ဆန်းစုကြည်တက် ရောက်ခဲ့ကြောင်း သိရသည်။
သခင်အုန်းမြင့် မကွယ်လွန်မီကနေထိုင်ခဲ့ရာ အမှတ် ၃(ဘီ)၊သု ခဝတီလမ်း၊ ရန်ကင်းမြို့နယ်၌ကျင်းပသော နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဟံသာဝတီဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ သခင်အုန်းမြင့်၏ စာပေမိတ်ဆွေများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သခင်အုန်းမြင့်သည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် အသက် ၉၂ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
မိုးမြင့်မြတ်

နှစ်ပေါင်း ၂ဝ အတွင်း စစ်တောင်းမြစ်ရေ အဆိုးရွားဆုံးမြင့်တက်

နှစ်ပေါင်း ၂ဝ အတွင်း အဆိုးရွားဆုံးဖြစ်နိုင်သည့် စစ်တောင်းမြစ်ရေ သုံးကြိမ်ဆက်ရေကြီးမှုတွင် ကယ်ဆယ် ရေးစခန်းများအတွင်း ထောက်ပံ့မှုလိုအပ်ချက်ကြောင့် မိသားစုများစွာ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
ပထမအကြိမ် မြစ်ရေကြီးစဉ်က ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းများနှင့် စေတနာရှင်အသင်း အဖွဲ့များမှ ကူညီထောက်ပံ့မှုများ အများအပြား ပေးနိုင်ခဲ့သော်လည်း ဒုတိယအကြိမ်နှင့် တတိယအကြိမ် တွင်မူ ကယ်ဆယ်ရေးစခန်းများတွင် ရှိနေသော လူဦးရေ ၄ဝဝဝ ကျော် အတွက် လုံလောက်သော ကူညီ ထောက်ပံ့မှုများမပေးနိုင်သည့်အတွက် အချို့မိသားစုဝင်များမှာ ကယ်ဆယ်ရေးစခန်းများတွင် ကလေး သူငယ်နှင့် မိအိုဖအိုများကိုထား၍ နေ့လယ်ဘက်တွင် အလုပ်ထွက်လုပ်နေကြ ရကြောင်း ရေဘေးသင့် အိမ်ထောင်စုတစ်စုမှ ဖခင်တစ်ဦးကပြောသည်။
ယခုနှစ် မြစ်ရေကြီးမှုသည် တောင်ငူမြို့တွင် နှစ်ပေါင်း ၂ဝ ခန့် အတွင်း အကြီးမားဆုံးဖြစ်နိုင်ကြောင်း ကြက်သျှာစွန်းရပ်ကွက်ရှိ ဒေါ်ကြွေက ပြောကြားသည်။
”လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်  သမီးကြီး ၆ လအရွယ်မှာ မြစ်ရေတက်လို့ ရန်ကုန်-မန္တလေးလမ်းပေါ် ရေကျော်ပြီး တစ်ပေလောက် ရောက်ဖူးတယ်။ အဲဒီတုန်းက ကားလမ်းက တော်တော်နိမ့်လို့ လမ်းမြှင့်ထားတာ ၁ဝ နှစ်လောက်တော့ ရှိနေပြီ။ အခုလမ်းပေါ် ရေကပ်နေ ပြီဆိုတော့ အတော်ဆိုးရွားနေတာ ပါ။ မိုးဆက်ရွာရင်တော့ ကျွန်မတို့ လည်း အိမ်တံခါးပိတ်ပြီး ကယ် ဆယ်ရေးစခန်းကို ရွှေ့တော့မယ်” ဟု ၄င်းကဆိုသည်။
စစ်တောင်းမြစ်ရေသည် သြ ဂုတ်လ ၅ ရက်နေ့တွင် မြို့၏စိုးရိမ် ရေအမှတ် ၆ဝဝ စင်တီမီတာအ ထက်သို့ စတင်ရောက်ရှိခဲ့ပြီး သြ ဂုတ်လ ၁၁ ရက်နေ့တွင် စိုးရိမ်ရေ မှတ်အထက် ၅၃ စင်တီမီတာ (၁ ပေနှင့် ၈ လက်မခန့်)အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း၊တောင်ငူမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု များဖြစ်သော ၈ ရပ်ကွက်၊ ၉ ရပ် ကွက်၊ ၁ဝ ရပ်ကွက်၊ ၁၉ ရပ်ကွက်၊ ၂ဝ ရပ်ကွက်၊ ၁ ရပ်ကွက်နှင့် ပြသောင်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာ (ဝိုင်းလေး ကွက်သစ်)၊ မိုးကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ကြက်သျှာစွန်းရပ်ကွက်နှင့် မြင်းဖြူ အင်းကွက်သစ်တို့မှ အိမ်ထောင်စု ပေါင်း ၃၅ဝ ၊ လူဦးရေပေါင်း ၂ဝဝဝ ကျော်တို့အား ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်း ၁၂ ခုသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့ပေါ်ရှိ စေတနာရှင်အသင်းအဖွဲ့များမှ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ရသည်။
အဆိုပါမြစ်ရေကြီးမှုသည် သြဂုတ်လ ၁၅ ရက်နေ့ခန့်တွင် ပြန် လည်ကျဆင်းခဲ့သော်လည်း သြ ဂုတ်လ ၂၆ ရက်နေ့တွင် ရုတ်တ ရက် ပြန်လည်မြင့်တက်လာမှု ကြောင့် ယာယီကယ်ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်၍ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁ဝဝဝ ခန့်၊ လူဦး ရေပေါင်း ၄ဝဝဝ ကျော်ကို ကူညီ ထောက်ပံ့မှုများပြုလုပ်ပေးနေရ ကြောင်း ၈ ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးခင်လတ်ကပြောသည်။
ဒုတိယအကြိမ်မြစ်ရေကြီးမှု သည် ၁ဝ ရက်ခန့်ကြာမြင့်ပြီး မြို့ ၏ စိုးရိမ်ရေမှတ်အထက် ၅၃ စင် တီမီတာအထိ ရောက်ရှိခဲ့ကာ စက် တင်ဘာလ ၁ ရက်နေ့မှစတင်၍ တအိအိကျဆင်းသွားခဲ့သည်။ သို့ သော် ၇ ရက်နေ့ မနက် ၃ နာရီ ခန့်မှစတင်ကာ ပြန်လည်မြင့်တက် လာခဲ့ကြောင်း၊ ¤င်းမြစ်ရေသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၈ စင်တီမီတာ (၂ ပေခွဲခန့်) သို့ အမြင့်မားဆုံးရောက်ရှိခဲ့သည့် အတွက် မြို့ပေါ် ရှိ ၉ ရပ်ကွက်၊ ငဖယ်အင်းကျောင်း ဓမ္မာရုံရှေ့ ရန်ကုန်-မန္တလေး ကား လမ်းပေါ်သို့ ရေများစတင်ရောက်ရှိကာ ၉ ရပ် ကွက် ရွှေဘိုလေးကျောင်း (ယာယီ ကယ်ဆယ်ရေးစခန်း)မှ ရေဘေး သင့်အိမ်ထောင်စုများကို အုတ် ကျွတ်တန်း အ.မ.က သို့ ပြန်လည် ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။
အဆိုပါမြစ်ရေကြီးမှု စတင် ကတည်းက တောင်ငူမြို့ပေါ်ရှိ ကြက်သျှာစွန်းရပ်ကွက်၊ ဝိုင်းလေး ကွက်သစ်၊ မိုးကောင်းကျေးရွာနှင့် လောကုတ္တရာဘက်တွင် လှေများ၊ ဖောင်များဖြင့် သွားလာနေခဲ့ရပြီး ကြက်သျှာစွန်းကွက်သစ်တွင် အမြင့် ပေ ၆ ပေခန့်၊ ဝိုင်းလေးကွက်သစ် တွင် အမြင့်ပေ ၆ ပေခန့် ရေဝင် ရောက်ရှိနေခဲ့ကြောင်းဒေသခံတချို့က ပြောပြသည်။
ဟန်မင်းဦး(မြန်မာစာ)

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ခေတ်နှင့်အညီပြုပြင်

အကြောင်းကြောင်းကြောင့် တရားဝင်ပြဋ္ဌာန်းရန် ကြန့်ကြာခဲ့ရသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုပြင် မွမ်းမံပြီးဖြစ်၍ ထုတ်ပြန်နိုင်တော့မည့် အနေအထားရှိပြီဖြစ်ကြောင်း မကြာမီက နာမည်ပြောင်းလဲခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကပြောသည်။
အဆိုပါသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ၁၉၉၈တွင် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ယူနက်အကူအညီဖြင့် ပြည်တွင်းပြည်ပပညာရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်၍ ရေးဆွဲခဲ့ရာ ၂ဝဝဝပြည့်နှစ်တွင်ဥပဒေ ကြမ်းရရှိခဲ့ ကြောင်းသိရသည်။
”ဆက်လက်စစ်ဆေးပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကိုဥပဒေကြမ်း တင်ပြခဲ့ပါတယ်။ လွှတ်တော်ဥပဒေကြမ်း ကော်မတီအနေနဲ့ကလည်း ကနဦးအဆင့် စိစစ်ခဲ့ ပြီးဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အခုကျင်းပနေတဲ့ လွှတ်တော်ကြီးအတွင်းမှာပဲ ပြီးမြောက်အောင်မြင်စွာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ဧရာဝတီမြစ်ဝှမ်း ဆည်တမံများ တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုလေ့လာသော EIA ပြုလုပ်ရာတွင် သဘာဝပတ် ဝန်းကျင် ဥပဒေမရှိသေးသဖြင့် ဖတ်ရှုလေ့လာထားသော နည်းပညာ၊အတွေ့အကြုံ ဗဟုသုတများဖြင့် လေ့လာရ၍ မပြည့်စုံသည်များရှိနိုင်ပါကြောင်း Banca ဥက္ကဋ္ဌ ဒေါက်တာထင်လှက ပြောသည်။

ထဘီ ခါးတောင်းကျိုက်ပြီး ခေါင်မိုး တက်ဖာနေရသော အမျိုးသမီး ကျောင်းဆရာမများ

မြန်မာနိုင်ငံ အနှံ့အပြားတွင် အမျိုးသမီးကျောင်းဆရာမ ဦးရေ အဆမတန် များပြားနေပြီး အမျိုးသားများမှ ကျောင်းဆရာအလုပ်ကို ငြင်းဆန်နေချိန်တွင် ကမ္ဘာ့နိုင်ငံများ၏ ပညာရေး စနစ်တွင်လည်း ပြဿနာတက်နေပါသည်။ လူမှုစီးပွား မပြေလည်သည့် အလုပ်အနေဖြင့်လည်းကောင်း၊ ဂုဏ်သိက္ခာအရ ကျဆင်းနေသည့် အလုပ်အနေဖြင့် လည်းကောင်း မြန်မာ့ပညာရေးတွင် အမျိုးသား ကျောင်းဆရာ ရှားပါးမှု ပြဿနာကို ဆယ်စုနှစ်များစွာ ရင်ဆိုင်နေရပြီးလည်း ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို လေ့လာသင့်ကြပါပြီ။ ကျောင်းဆရာငယ်များမှာလည်း လက်ဖက်ရည်ဆိုင်တွင် လူသိရှင်ကြား “ကျနော် ကျောင်းဆရာ လုပ်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုရန် ရှက်ရွံ့ ၀န်လေးကြကြောင်း မောက္ခက သတင်းရရှိထားသည်။ ပညာရေး တန်းတူညီမျှမှုကို ဘယ်လို စတင်မလဲ။ ပညာရေး တန်းတူညီမျှမှုကို ဘယ်လို စတင်မလဲ။ ဤသို့ဖြင့် ဒေသအနှံ့အပြားရှိ အခြေခံပညာ ကျောင်းများတွင် အမျိုးသား ကျောင်းဆရာများ ရရှိရေးမှာ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်လို့လာပေပြီ။ နယ်ဖက် ကျေးလက် ဒေသများတွင်လည်း ယခုလို မိုးတွင်းကာလတွင် ခေါင်မိုးတက်ဖာရန်၊ နှီးတက်ချည်ရန်အတွက် ရှိစု၊ မဲ့စု ကျောင်းဆရာ တစ်ယောက်မှာလည်း အိမ်နီးချင်းတိုင်းပြည်တွင် အလုပ်လုပ်ရန် ထွက်သွားလေပြီ။ ကျားကျားလျားလျား တစ်ယောက်တစ်လေမှ မရှိသောကြောင့် အခက်တွေ့ နေရလေသည်။ မြန်မာဆရာမများ ကိုယ်တိုင် ထဘီ ခါးတောင်းကျိုက်ပြီး ခေါင်မိုး တက်ဖာနေရလေတော့သည်။ ခေါင်မိုးတက်ဖာရန် မလိုအပ်သော နိုင်ငံများတွင်မူ အမျိုးသားကျောင်းဆရာ ရှားပါးမှုမှာ တစ်မျိုးတစ်ဘာသာ ဖြစ်ပြန်သည်။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှ အင်္ဂလန်နိုင်ငံ၏ ပညာရေးဝန်ထမ်းများ အပြောင်းအလဲလုပ်ရန် ကြေညာပြီးနောက် ပြင်သစ်နိုင်ငံမှလည်း အလားတူ ပြုပြင်ပြောင်းလဲမှု လုပ်ရန် ပြင်ဆင်နေသည်။ သမ္မတ ဆာကိုဇီ၏ အကြံပေးပုဂ္ဂိုလ်မှ “ ဆရာမတွေ အရမ်းများနေတယ်၊ အခြေအနေမျှမျှတတ ဖြစ်ဖို့အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်၊ အမျိုးသား ကျေင်းဆရာတွေကို လစာတိုးမြှင့် ပေးပြီးတော့ခေါ်ယူရပါမယ်၊ ဆရာမတွေ များလာတဲ့ အကြောင်းရင်းက သူ့တို့ရဲ့ နေထိုင်မှု ပုံစံနှင့် ကိုက်ညီလို့ဖြစ်တယ်၊ အချိန်ပိုင်းလုပ်တာက ကျောင်းတွေကို ပိုမို ထိခိုက်စေတယ်၊ ကျနော်တို့ လိုချင်တဲ့ ဆရာမျိုးက (၁၀၀) ရာခိုင်နှုန်း အချိန်ပြည့် အလုပ် လုပ်ဖို့ ဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။ လွန်ခဲ့သောနှစ် (၆၀) ခန့် မှစ၍ အခြားသော အနောက်နိုင်ငံများ နည်းတူ ပြင်သစ်၏ ပညာရေးလောကတွင် ဆရာမများ ပိုမို များပြားလာခဲ့သည်။ မူလတန်းတွင် (၁၉၅၄) က (၆၅) ရာခိုင်နှုန်း ရှိရာမှ ယခုအချိန်တွင် (၈၂) ရခိုင်နှုန်း အထိတိုးမြှင့် လာခဲ့သည်။ ပုဂ္ဂလိက ကျောင်းများတွင် ဆရာမ အရေအတွက်မှာ (၉၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ အမျိုးသားများမှာ ဆရာအလုပ်သည် ဂုဏ်သိက္ခာမဲ့သည့်အတွက် အလုပ်မှ ပြောင်းရွှေ့ ခဲ့ကြသည်။ သို့ရာတွင် သုတေသနကဲ့သို့သော အလုပ်များသည် လူငယ်များကို စွဲဆောင်နိုင်ခဲ့သည်။ ၄င်းအလုပ်မှာ ဆရာအလုပ်ထက် ငွေကြေး မြက်မြက်ကလေး ရရှိမှုကြောင့်ဖြစ်သည်။ ပညာရေးဌာန၌ အလုပ်လုပ်ရာတွင် အမျိုးသားနှင့် အမျိုးသမီးအကြား အမြင်ချင်း မတူညီကြပေ။ ပညာရေး သုတေသန ပညာရှင်များမှ လေ့လာခဲ့ရာတွင် ဆရာမများမှ ကလေးများနှင့် အတူတူနေရခြင်းနှင့် ပုဂ္ဂိလ်ရေးဘ၀ နှင့် အသက်မွေးမှုတို့အကြား မျှမျှတတ ဖြစ်လိုသည့်အတွက် ဆရာမအလုပ်ကို နှစ်သက်ကြောင်း ပြောဆိုခဲ့ကြပြီး၊ အမျိုးသားများမှာ အစိုးရလုပ်ငန်းများ၌သာ လုပ်လိုကြောင်း ဖြေကြားခဲ့ကြသည်။ ပြင်သစ်ပညာရေး ကျွမ်းကျင်သူ (Marcel Pochard) မှ ပြင်သစ်ပညာရေးတွင် ဆရာနှင့် ဆရာမ အချိုးညီ ဖြစ်ရေးသည် ဖြစ်နိုင်ခြေ မရှိကြောင်း၊ ဆရာမ များနေခြင်းသည် ကျောင်းသားများမှ လူ့အဖွဲ့အစည်းအပေါ် အမြင်လွဲမှုတွေ ဖြစ်ပေါ် နိုင်ကြောင်း၊ ပညာရေး တာဝန်ရှိသူများ အနေဖြင့် ဂရုတစိုက် ကိုင်တွယ်ရန် သတိပေး ပြောဆိုခဲ့သည်။ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ (Jean-Louis Auduc) ရေးသားသည့် အက်ဆေးတွင် ကလေးများ၏ ငယ်စဉ် ဘ၀တွင် ဆရာမများသာ အဓိက နေရာယူလျက်ရှိကြောင်း၊ သူတို့ ကျောင်းနေစဉ် ကာလတွင် လေးစားအားကျ လောက်သော ဆရာများ မရှိကြောင်း တင်ပြခဲ့သည်။ ကျောင်းသားများသည် ကျောင်းသူများကဲ့သို့ သင်ခန်းစာ လိုက်နိုင်မှု မရှိဘဲ ကျောင်းသားများမှ စိတ်အလို မကျမှုများကြောင့် စာမေးပွဲကျရှုံးရန် လွယ်ကူကြောင်း၊ ကျောင်းသား အနည်းငယ်သာ အထက်တန်း အောင်မြင်ခဲ့ကြောင်း တင်ပြထားသည်။ သို့ရာတွင် အခြားသော နိုင်ငံများတွင် လေ့လာခဲ့သော သုတေသန စစ်တမ်းများအရ ပညာရေးတွင် ကျောင်းသားများ၏ အောင်မြင်မှုမှာ (ဆရာ) ကျား၊ မ အခြေခံခြင်း မရှိဘဲ၊ ကျောင်းသား-ဆရာ ဆက်ဆံရေးသာ အရေးကြီးသည့် အနေအထားတွင်ရှိကြောင်း ကနေဒါနိုင်ငံမှ သုတေသန ပညာရှင်များက တင်ပြခဲ့သည်။ ပညာသင်ကြားရေးတွင် အခက်အခဲရှိသော ကျောင်းသား အများစုမှာ ဆင်းရဲသော မိသားစုတွင် မွေးဖွား လာသူများဖြစ်ပြီး၊ ၄င်းမိသားစုမှ လာသော ကျောင်းသားများသည် ကျား-မ အခြေခံပြီး တည်ထောင်ထားသည့် ရှေးရိုးစွဲ ကျောင်းများတွင်သာ သင်ကြားလိုသူများဖြစ်ကြောင်း၊ ဆရာမများကိုလည်း ပြဿနာ ရှာလေ့ရှိကြောင်း ပြင်သစ်ကျောင်းဆရာ တဦးမှ ပြောဆိုခဲ့သည်။ သို့ရာတွင် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ ကျောင်းများတွင် အမျိုးသားဆရာများ ခန့်ထားရေးကို သဘောတူညီကြသည်။ မြန်မာ ကျောင်းဆရာများ၏ လက်ရှိလစာငွေမှာ တစ်ဝမ်းစာမျှ မ၀။ လစာငွေ မတိုးပေးနိုင်ပါက ပညာရေးတိုးတက်ရန် ဆောင်ရွက်မှုမှာ အချည်းနှီးပင်ဖြစ်မည်ဟု ပြည်တွင်း ပညာရေးသုတေသီ ဆရာမြေက မောက္ခကို ပြောပြခဲ့သည်။ မြန်မာ့ပညာရေးတွင်လည်း အမျိုးသား ကျောင်းဆရာများအတွက် လစာငွေ အနိမ့်ဆုံး ကျပ် သုံးသိန်းခန့် ပေးသင့်ကြောင်း အကြံပြုစာများလည်း မောက္ခက ရရှိထားပါသည်။ မောက္ခသတင်း

CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်မြို့ကနေ တိုက်ရိုက် စကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ ကောက်နှုတ်ချက် တချို့ကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ CGI ခေါ် Clinton Global Initiative ညီလာခံ ခန်းမထဲကနေ Moderator လုပ်သူ ချာလီ ရို့စ်နဲ့အတူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့က မေးခွန်းတွေမေး မှတ်ချက်တွေ ပြောခဲ့ကြတာပါ။ မေးမြန်းပြောဆိုကြတဲ့ အကြောင်းအရာ မျိုးစုံထဲမှာ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတခုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီ ဆိုတာကို သူ အကျယ်ချုပ်က လွတ်လာတဲ့ နေ့မှာပဲ သတိပြုမိတဲ့အကြောင်း၊ သူ့ကိုလာပြီး ကြိုဆို နှုတ်ဆက်ကြသူတွေထဲမှာ လူငယ်တွေ အများအပြား ပါလာတာကို တွေ့ရပြီး အဲဒါက အရင်ကနဲ့ မတူဘဲ လူထုကြားမှာ အပြောင်းအလဲတွေ ဖြစ်လာနေပြီ ဆိုတာကို ပြတဲ့အကြောင်း၊ သူ့အနေနဲ့ မြန်မာအစိုးရပိုင်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိပြီး အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်နေရပါပြီလို့ ပြောချင်တဲ့အကြောင်း၊ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီး တရပ်ကို လူတိုင်း မြင်ချင်ကြတယ်ဆိုတာ မိမိနားလည်တယ်၊ ဒါပေမဲ့ အခုအခြေအနေကတော့ အပြောင်းအလဲတွေ ပေါ်လာမယ့် အစရဲ့ အစလို့ပဲ ဆိုချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေ ဘာကို လိုလားတယ်ဆိုတာ နားထောင်ဖို့ လိုတဲ့အကြောင်း၊ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) တို့ အနေနဲ့လည်း တရုတ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ် ဆိုတာနဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အစိုးရချင်း ပြေလည်ဖို့အပြင် ပြည်သူတွေ အချင်းချင်းကြား နားလည်မှုတွေ၊ ပြေလည်မှုတွေရှိဖို့ အရေးကြီးတယ် ဆိုတာလည်း ပြောချင်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက် အနေနဲ့ကတော့ လူငယ်တွေအတွက် ပညာရေးစနစ် မြှင့်တင်ဖို့၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့နဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအ၀ိုင်းတခု ပေါ်ထွန်းလာဖို့ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

Clinton Global Initiative 2011 Video: Watch Aung San Suu Kyi Discuss Human Rights

Aung San Suu Kyi, Burma's most prominent opposition leader, is holding a live conference from Burma today with the Clinton Global Initiative.
Nobel Peace Prize laureate Suu Kyi has headed Burma's opposition since 1988, and was placed under house arrest after her National League for Democracy party won 82% of parliamentary seats in the 1990 elections.
The Clinton Global Initiative was established by former president Bill Clinton in 2005, and hosts an annual meeting that brings together prominent international figures. This year's meeting focuses on jobs, sustainable employment and the position of girls and women across the world.
Below, watch Nobel Peace Prize laureate Aung San Suu Kyi discuss how members of the Clinton Global Initiative can tackle issues such as human rights and ethnic reconciliation.

Biography*

1942: September 6. Marriage of Aung San, commander of the Burma Independence Army, and Ma Khin Kyi (becoming Daw Khin Kyi), senior nurse of Rangoon General Hospital, where he had recovered from the rigours of the march into Burma.
1945: June 19. Aung San Suu Kyi born in Rangoon, third child in family. "Aung San" for father, "Kyi" for mother, "Suu" for grandmother, also day of week of birth.
Favourite brother is to drown tragically at an early age. The older brother, will settle in San Diego, California, becoming United States citizen.
1947: July 19. General Aung San assassinated. Suu Kyi is two years old. Daw Khin Kyi becomes a prominent public figure, heading social planning and social policy bodies.
1948: January 4. The Independent Union of Burma is established.
1960: Daw Khin Kyi appointed Burma's ambassador to India. Suu Kyi accompanies mother to New Delhi.
1960-64: Suu Kyi at high school and Lady Shri Ram College in New Delhi.
1964-67: Oxford University, B.A. in philosophy, politics and economics at St. Hugh's College (elected Honorary Fellow, 1990).
British "parents" are Lord Gore-Booth, former British ambassador to Burma and High Commissioner in India, and his wife, at whose home Suu Kyi meets Michael Aris, student of Tibetan civilisation.
1969-71: She goes to New York for graduate study, staying with family friend Ma Than E, staff member at the United Nations, where U. Thant of Burma is Secretary-General. Postponing studies, Suu Kyi joins U.N. secretariat as Assistant Secretary, Advisory Committee on Administrative and Budgetary Questions. Evenings and weekends volunteers at hospital, helping indigent patients in programs of reading and companionship.
1972: January 1. Marries Michael Aris, joins him in Himalayan kingdom of Bhutan, where he tutors royal family and heads Translation Department. She becomes Research Officer in the Royal Ministry of Foreign Affairs.
1973: They return to England for birth of Alexander in London.
1974: Michael assumes appointment in Tibetan and Himalayan studies at Oxford University.
1977: Birth of second son, Kim at Oxford.
While raising her children, Suu Kyi begins writing, researches for biography of father, and assists Michael in Himalayan studies.
1984: Publishes Aung San in Leaders of Asia series of University of Queensland Press. (See Freedom from Fear, pp. 3-38.)
1985: For juvenile readers publishes Let's Visit Burma (see Freedom from Fear, pp. 39-81), also books on Nepal and Bhutan in same series for Burke Publishing Company, London.
1985-86: Visiting Scholar, Center of Southeast Asian Studies, Kyoto University, researching father's time in Japan. Kim with her, Alexander with Michael, who has fellowship at Indian Institute of Advanced Studies at Simla in northern India.
1986: On annual visit to grandmother in Rangoon, Alexander and Kim take part in traditional Buddhist ceremony of initiation into monkhood.
1987: With fellowship at Indian Institute Suu Kyi, with Kim, joins Michael and Alexander in Simla. Travels to London when mother is there for cataract surgery.
Publishes "Socio-Political Currents in Burmese Literature, 1910-1940" in journal of Tokyo University. (See Freedom from Fear, pp. 140-164.) September. Family returns to Oxford. Suu Kyi enrolls at London School of Oriental and African Studies to work on advanced degree.
1988: March 31. Informed by telephone of mother's severe stroke, she takes plane next day to Rangoon to help care for Daw Khin Kyi at hospital, then moves her to family home on University Avenue next to Inya Lake in Rangoon.
July 23. Resignation of General Ne Win, since 1962 military dictator of Burma. Popular demonstrations of protest continuing.
August 8. Mass uprising throughout country. Violent suppression by military kills thousands.
August 15. Suu Kyi, in first political action, sends open letter to government, asking for formation of independent consultative committee to prepare multi-party elections.
August 26. In first public speech, she addresses several hundred thousand people outside Shwedagon Pagoda, calling for democratic government. Michael and her two sons are there.
September 18. Military establishes State Law and Order Restoration Council (SLORC). Political gatherings of more than four persons banned. Arrests and sentencing without trial reaffirmed. Parliamentary elections to be held, but in expectation that multiplicity of parties will prevent clear result.
September 24. National League for Democracy (NLD) formed, with Suu Kyi general-secretary. Policy of non-violence and civil disobedience. October-December. Defying ban, Suu Kyi makes speech-making tour throughout country to large audiences.
December 27. Daw Khin Kyi dies at age of seventy-six.
1989: January 2. Funeral of Daw Khin Kyi. Huge funeral procession. Suu Kyi vows that as her father and mother had served the people of Burma, so too would she, even unto death.
January-July. Suu Kyi continues campaign despite harassment, arrests and killings by soldiers.
February 17. Suu Kyi prohibited from standing for election.
April 5. Incident in Irawaddy Delta when Suu Kyi courageously walks toward rifles soldiers are aiming at her.
July 20. Suu Kyi placed under house arrest, without charge or trial. Sons already with her. Michael flies to Rangoon, finds her on third day of hunger strike, asking to be sent to prison to join students arrested at her home. Ends strike when good treatment of students is promised.
1990: May 27. Despite detention of Suu Kyi, NLD wins election with 82% of parliamentary seats. SLORC refuses to recognise results.
October 12. Suu Kyi granted 1990 Rafto Human Rights Prize.
1991: July 10. European Parliament awards Suu Kyi Sakharov human rights prize.
October 14. Norwegian Nobel Committee announces Suu Kyi is winner of 1991 Peace Prize.
1991: December. Freedom from Fear published by Penguin in New York, England, Canada, Australia, New Zealand. Also in Norwegian, French, Spanish translations.
December 10. Alexander and Kim accept prize for mother in Oslo ceremony. Suu Kyi remains in detention, having rejected offer to free her if she will leave Burma and withdraw from politics. Worldwide appeal growing for her release.
1992: Suu Kyi announces that she will use $1.3 million prize money to establish health and education trust for Burmese people.
1993: Group of Nobel Peace Laureates, denied entry to Burma, visit Burmese refugees on Thailand border, call for Suu Kyi's release, Their appeal later repeated at UN Commission for Human Rights in Geneva.
1994: February. First non-family visitors to Suu Kyi: UN representative, U.S. congressman, New York Times reporter.
September-October. SLORC leaders meet with Suu Kyi, who still asks for a public dialogue.
1995: July 10. SLORC releases Suu Kyi from house arrest after six years of detention.
In the last four years her movements have still been restricted. While she has had some opportunities to telephone her family in England, she is regularly denounced in the government-controlled media, and there is concern for her personal safety. Efforts to revive any NLD party activities have been balked, and its members have been jailed and physically attacked. In the first months after detention was ended, she was able to speak to large gatherings of supporters outside her home, but this was stopped. Yet her popularity in the country has not diminished.
Internationally her voice has been heard not infrequently. Reporters with cameras and videotape have been able to interview her in person, and telephone interviews with the media outside Burma have also been published. Using video cassettes she has sent out statements, including the keynote address to the NGO Forum at the U.N. International Women's Conference in Beijing in August 1995.
There have been a number of visitors from abroad, including a member of the Norwegian Nobel Committee, whom she told that Norway will be the first country she will visit when free to travel. SLORC has changed its name to the State Peace and Development Council, but its repressive policies and violation of human rights continue unabated.
Suu Kyi discourages tourists from visiting Burma and businessmen from investing in the country until it is free. She finds hearing for such pleas among western nations, and the United States has applied economic sanctions against Burma, but Burma's neighbours follow their policy of not intervening in the internal affairs of other sovereign states, and Burma has been admitted into the Association of South Eastern Asian Nations.
On March 27, 1999, Michael Aris died of prostate cancer in London. He had petitioned the Burmese authorities to allow him to visit Suu Kyi one last time, but they had rejected his request. He had not seen her since a Christmas visit in 1995. The government always urged her to join her family abroad, but she knew that she would not be allowed to return. This separation she regarded as one of the sacrifices she had had to make in order to work for a free Burma.

Selected Bibliography
By Aung San Suu Kyi
Freedom from Fear and Other Writings. Edited with introduction by Michael Aris. 2nd ed., revised. New York and London: Penguin, 1995. (Includes essays by friends and scholars.)
Voice of Hope: Conversations. London: Penguin, 1997 and New York City: Seven Stories Press, 1997 (Conversations beginning in November 1995 with Alan Clements, the founder of the Burma Project in California who helped with the script for the film based on her life, “Beyond Rangoon”.)
Other Sources
“Aung San Suu Kyi”, in Current Biography, February 1992.
Clements, Alan and Leslie Kean. Burma’s Revolution of the Spirit: The Struggle for Democratic Freedom and Dignity. New York: Aperture, 1994. (Many colour photographs with text, Includes essay by Aung San Suu Kyi.)
Clements, Alan. Burma: The Next Killing Fields. Tucson, Arizona; Odonian Press, 1992. (With a foreword by the Dalai Lama.)
Lintner, Bertil. Burma in Revolt: Opium and Insurgency since 1948. Boulder. Colorado: Westview, 1994. (By a well-informed Swedish journalist.)
Lintner, Bertil. Outrage: Burma’s Struggle for Democracy. 2nd ed., Edinburgh: Kiscadale, 1995.
Mirante, Edith T. Burmese Looking Glass. A Human Rights Adventure and a Jungle Revolution. New York: Grove, 1993.
Smith, Martin J. Burma: Intrangency and the Politics of Ethnicity. London: Zed Books, 1991. (A detailed and well-organised account by a journalist of the violent conflict between the military government and the many minorities.)
Victor, Barbara. The Lady: Aung San Suu Kyi: Nobel Laureate and Burma’s Prisoner. Boston and London: Faber & Faber, 1998. (A sympathetic account by a wellpublished author and journalist, whose research in Burma included interviews with government leaders.)

* Since no biography was printed in Les Prix Nobel 1991, this chronology has been assembled by the editor.
From Nobel Lectures, Peace 1991-1995, Editor Irwin Abrams, World Scientific Publishing Co., Singapore, 1999
This autobiography/biography was written at the time of the award and first published in the book series Les Prix Nobel. It was later edited and republished in Nobel Lectures. To cite this document, always state the source as shown above.

Copyright © The Nobel Foundation 1991 <

ငမိုးရိပ်ရေလှောင်တမံရေများ သုံးစွဲ၊ သောက်သုံးလို့မရအောင် ညစ်ညမ်းနေ

ရန်နိုင်(မြစ်မခ)
စက်တင်ဘာလ ၂၁၊ ရန်ကုန်မြို့။

သြဂုတ်လမှစကာ ဒဂုံမြိုသစ်မြောက်ပိုင်းမြို့နယ်များအတွင်းသို့  ငမိုးရိပ်ရေလှောင်တမံမှ ပေးဝေလျက်ရှိသော သောက်ရေသုံးရေများတွင်  အနည်များပါဝင်လာခြင်းနှင့် ရေ၏အရောင်မှာ အညိုရောင်များဖြစ်ပေါ်နေခြင်းတို့ကြောင့် အဆိုပါမြို့နယ်များအတွင်းနေထိုင်သူ အချို့မှာ ငမိုးရိပ်သောက်ရေသုံးရေအစား ရေသန့်ဘူးများ၊ အ၀ိစီရေများအား ၀ယ်ယူသုံးစွဲလာရကြောင်း  သိရှိရသည်။

"ရေကအရောင်တွေ ညစ်ပြီးတော့ ရေပုံးထဲထည့်ထားရင် အနည်တွေထိုင်သွားတယ်။ အဝတ်အစားတွေလျှော်ရင်တောင် သတိထားပြီးလျှော်ရတယ်။ အရောင်နုတဲ့အဝတ်အစားတွေဆိုရင် အဲဒီရေနဲ့ လျှော်ပြီး အရောင်တွေစွန်းကုန်တယ်။ အင်္ကျီာအဖြူရောင်ဆို အဝါရောင်လိုလို၊ အညိုရောင် ဖျော့ဖျော့လိုလိုဖြစ်သွားတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဒေါ်မြင့်ကြည်က ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ငမိုးရိပ်သောက်ရေ သုံးရေအားတပ်ဆင် အသုံးပြုသူများမှာ ရေညစ်ညမ်းနေမှုကြောင့် ရေသန့်ဗူးမှာယူသောက်သုံးနိုင်နေကြသူများရှိသလို၊ ရေသန့်ဘူးဖိုး မတတ်နိုင်သောကြောင့်  အဆိုပါ ရေကိုပင် သောက်သုံးနေကြရကြောင်း သိရှိရသည်။

"တစ်နေ့မှ နေ့စားခက နှစ်ထောင့်ငါးရာရတာ ရတာ စားလောက်ရုံပဲ ရှိတယ် ရေသန့်တဗူးလေးရာ ဆိုတော့ ကျနော်တို့တော့ ၀ယ်မသောက်နိုင်ဘူး၊ သောက်နိုင်တဲ့သူတွေကတော့ ၀ယ်သောက် နေကြတယ်၊ ကျနော်တို့ကတော့ အနည်စစ်ပြီး သောက်နေရတယ်`"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ၄၉ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ငမိုးရိပ်ရေလှောင်တမံမှ ပေးဝေလျက်ရှိသော ငမိုးရိပ် သောက်ရေ၊ သုံးရေမှာ ယခုကဲ့သို့ မကြာခဏ ဆိုသလို ရေများနောက်ကျိခြင်း၊ ရေမကြာခဏဆိုသလိုပြတ်တောက်မှုများ ကြုံရခြင်းများ ဖြစ်ပေါ်မှုများ ကြုံတွေ့ကြရကြောင်း သိရှိရသည်။

`ဒီရေကို ဓါတ်ခွဲခန့်ပို့ပြီး စစ်ဆေးတာမျိုး ဟုတ်မဲ့သူလည်း မရှိဘူး၊ ရေမကောင်းလို့ အထက်ကို တိုင်ပေမဲ့ ဘာမှ အရေးယူဆောင်ရွက်ပေးတာလည်း မရှိတော့ ဒီအတိုင်းပဲ ရေမကောင်းလို့ အဝေစီရေ ၀ယ်သုံးတဲ့သူက သုံးတယ်၊ ရေသန့်ဝယ်သောက်တယ် မတတ်နိုင်တဲ့သူတွေကတော့ ဒီရေကိုပဲ သုံးနေကြတယ်`ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

အဆိုပါမြို့နယ်အတွင်းရှိ သောက်ရေသန့်ဘူး လက်လီရောင်းချသောဆိုင်များ ရောင်းအားထက်ဝက်ကျော် မြင့်တက်သွားကြောင်း သောက်ရေလက်လီရောင်းချသောဆိုင်များမှ စုံစမ်းသိရှိရသည်။

ရေသန့်ဘူးတစ်ဘူးလျှင်လက်လီဈေးအားဖြင့် ငွေကျပ် ၃၅၀ နှင့်ဈေးနှင့်ရောင်းချနေရာမှ ရေပြဿနာကြောင့် ရေသန့်ဗူးဈေးနှုန်းမှာလည်း တစ်ဘူးလျှင်ငွေကျပ် ၄၀၀၊ ငွေကျပ် ၅၀၀ ဈေးဖြင့် ရောင်းချနေကြကြောင်း သိရှိရသည်။

အဆိုပါမြို့နယ်အတတွင်းရှိ အဝီဇိတွင်းတူးပြီးရေရောင်းချသူများထံမှ ရေတစ်စည်လျှင်ကျပ်ငွေ ၂၅၀ နှုန်းဖြင့် ရေရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ကချင်ဒုက္ခသည်များ လူမှုရေးပြဿနာ ကြုံတွေ့နေရ


KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် ကချင်ပြည် နယ်အတွင်းမှ တရုတ်နယ်စပ်ဘက် ထွက် ပြေး ရောက်ရှိ လာသည့် ကချင်စစ်ပြေးဒုက္ခ သည် ၂၁၀၀၀ခန့်ရှိပြီး လက်ရှိတွင်လူမှုရေးပြဿနာ များကြုံတွေ့ နေရကြောင်း စစ်ပြေးဒုက္ခသည် ကူညီ စောင့် ရှောက်ရေးကွန်ယက် (RANIR) မှ ကချင် လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဒုက္ခသည်အရေးမှာ ရေရှည်လာပြီဖြစ်သဖြင့် ကျန်းမာရေး ၊ ပညာရေး ၊ စားဝတ်နေရေးအခက်အခဲများ နှင့် လူမှုရေး ပြဿနာများပါ ဖြစ်ပေါ်နေပြီး နိုင်ငံတကာအကူအညီ လိုအပ်နေသည်ဟု သူက ဆိုသည်။
001-kachin-refugee

“အချိန်က ၃ ၊ ၄လကြာလာပြီဆိုတော့ ဒေသခံတွေကူညီထောက်ပံ့တာနဲ့ မလုံလောက်တော့ဘူး ။ နိုင်ငံတကာထောက်ပံ့မှုက လိုကိုလိုအပ်လာတယ်။ ဟောခန်းတွေမှာ မိသားစုတွေ စုပြုံပြီးအတူနေ ရတာဆိုတော့ မလိုလားအပ်တဲ့ လူမှုရေး ပြဿ နာတွေလည်း ဖြစ်လာတယ်” ဟု ဆိုသည်။

အဓိကအားဖြင့် KIO အဖွဲ့မှ ကူညီထောက်ပံ့နေခြင်းဖြစ်ပြီး ဒေသခံအလှူရှင်တချို့နှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ ယာ ယီ အကူအညီတချို့ ရရှိကြောင်း သိရသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက အိမ်ခြေ ၂၀၀ ကျော်အတွက် မိုးကာတွေထောက်ပံ့ထားတာရှိတယ်။ လိုင်ဇာကနေ ၅ မိုင်လောက်ဝေးတဲ့နေရာမှာ တဲတွေဆောက်နေတာရှိတယ်။ ဒါပေမဲ့အဲဒါလည်းမိုးကာ တွေက ဆွေးကုန်ပြီ။ တဲဆောက်တဲ့ နေရာမှာ ငွေကြေးလည်းလိုအပ်တယ် ”

“နောက်ပြီး မြန်မြန်ဆန်ဆန် ရွေ့ပြောင်းပေးဖို့ မတတ်နိုင်တာ၊ စားနပ်ရိက္ခာအခက်အခဲတွေ ၊ ကလေးမီး ဖွားစ အမျိုးသမီး တွေ အဟာရချို့တဲ့တာတွေ ၊ ကလေးတွေပညာရေးကိစ္စ ကျောင်း ၃ခု အသစ် ပြန်ဆောက်ရတာ လည်းရှိတယ်။ ကလေး တွေရဲ့ပညာရေးကိစ္စတွေကျောင်းရဲ့လိုအပ်တဲ့ ဟာတွေ အခက်အခဲဖြစ်နေတယ် ” ဟု သူက ဆိုသည်။

ထို့အပြင် အတူနေဒုက္ခသည် မိသားစုများအကြား အငြင်းပွားခိုက်ရန်ဖြစ်မှုများ ၊ အမျိုးသမီးငယ်များ၏ လိင်ပိုင်း ဆိုင်ရာ ချိုး ဖေါက်ခံရမှုများလည်း ရှိသည်ဟု ဆိုသည်။

“လူမှုရေးပြဿနာဆိုတာက အငြင်းပွားတာမျိုး ရန်ဖြစ်တာမျိုးတွေ ၁၀ ကျော်သက် အမျိုးသမီးငယ် လေးတွေရဲ့ လိင်ပိုင်း ဆိုင်ရာ ချိုးဖေါက်ခံရတာမျိုးတွေလည်း တွေ့လာရတယ်။လူကုန်ကူးမှုပြဿနာ တွေကလည်း နဂိုက တည်းက ရှိနေတာ ဆိုတော့ အခုချိန်မှာလည်း ဖြစ်လာနိုင်တယ်။မိသားစုလွတ် လပ် မှု မရှိတာတွေ ဖြစ်လာတာ ပေါ့နော်” ဟု ဆိုသည်။

အဆိုပါ ပြဿနာများကို မကိုင်တွယ်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သူက ခန့်မှန်း ပြောဆိုသည် ။

“မထောက်ပံ့နိုင်ရင် ဖြစ်လာနိုင်တာက တရုတ်ပြည်ကို ခိုးထွက်သွားနိုင်တယ်။တရုတ်စကား မတတ် ဘူး။ တရုတ် တရား ဥပဒေကိုမသိဘူး။ တရုတ်ပြည်မှာကလည်း ရွေ့ပြောင်း အလုပ်သမားတွေအတွက် စီစဉ်ထားတာလည်း မရှိဘူးဆိုတော့ ခေါင်းပုံဖြတ်ခံရတာ ၊ တရားဥပဒေချိုးဖေါက်လို့ အရေးယူခံရတာ ၊ လူကုန်ကူးခံရတာ နောက်ပြီး ပြည့်တန်ဆာလို ကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ် ” ဟု သူကဆက်ပြော သည် ။

နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်

bi2103
နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စု ၀န်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး တစ်ဦးဦးအား ရာထူးမှနုတ်ထွက် ရန်ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့် အတိုင်းလိုက်နာခြင်း မပြုလျှင် တာ ၀န်မှ ရပ်စဲရမည်ဖြစ်ကြောင်း၊ ရာထူး နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား  ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးနှင့် ပတ်သက်လျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅(ဂ)တွင် ပြဋ္ဌာန်းထားပါသည်။ ရာထူးမှနုတ်ထွက်ခြင်းကြောင့် ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး  ရာထူးနေရာ လစ် လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ ၀န်ကြီးခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည် ထောင်စုဝန်ကြီးအသစ် သို့မဟုတ် ဒုတိယ၀န်ကြီးအသစ်အား ခန့်အပ်တာဝန်ပေးနိုင်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့၏ ရာထူးသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီးများသည်  ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက် နိုင်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ ပြု လုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျင် နိုင်ငံတော်သမ္မတက ရာထူးမှ ရပ်စဲရမည်ဖြစ်ကြောင်း  သိရသည်။       

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များ အပါအ၀င် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေးလိုက်ပြီ


ညစ်ညမ်း ၀က်ဘ်ဆိုက်များမှ  လွဲ၍ ဘလော့ဂ်များ အပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ်က အတည်ပြု ပြောကြားခဲ့သည်။
“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn  ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက် တွေ၊ ဘလော့ဂ်တွေအကုန်လုံးကို ဖွင့်ပေးလိုက်ပါပြီ။  အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Porn  ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် ၀က်ဘ်ဆိုက်များ ကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက်မြန်နှုန်းမှာ နှေးကွေးလေးလံလျက် ရှိရာ အဆိုပါအခက်အခဲကို ဖြေရှင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်းတစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက်စပေးတဲ့ နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User  ဆီ ရောက်တဲ့အခါရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လို အကြောင်းတွေကြောင့် နှေးရတာလဲဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။
လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် များမှာ ပိတ်ပင်ထားခြင်း မရှိတော့ဘဲ ကြည့်ရှုခွင့်ရနေကြောင်း သိရသည်။
“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။
“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာ ကြာပါပြီ။ အင်တာနက် သုံးတဲ့အခါ အရွယ်မရောက်သေးသူတွေ၊ မရင့်ကျက်သေးသူတွေ အနေနဲ့ သတိထား သုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်က ခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှုတွေကိုလည်း တရားဝင် ခွင့်ပြုသင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်း ၀န်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကိုလူတွေ သုံးဖို့အတွက် တခြားဝန်ဆောင်မှုကို ပိတ်ပစ်တယ် ဆိုတာမျိုးကတော့ မလုပ်သင့်ပါဘူး”ဟုဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။
ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ် ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို  ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော် ၏ အကျိုးစီးပွားကိုပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန်သင့်တော်မှု မရှိသည့် ညစ်ညမ်း ၀က်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များအားလုံးကို ကြည့်ရှုခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"ရွှေဈေးလည်းတက်၊ ဒေါ်လာဈေးလည်း...

စက်တင်ဘာ ၂၁၊ရန်ကုန်မြို့။
ယနေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၁၆ပဲရည်အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ်
ရွှေ(ygn) ၁ကျပ်သား ၇၆၉,၀၀၀ ကျပ် ၊ ၇သိန်၆ သောင်း ၉ ထောင် ၊ ၁၅ ပဲရည် တကျပ်သားလျှင် ကျပ် ၇ သိန်း ဈေးပေါက်လျက်ရှိပါသည်။

အမေရိကန် တဒေါ်လာလျှင် ဒေါ်လာ(ရောင်း)၈၄၅ ကျပ်
ဒေါ်လာ(၀ယ်) ၈၅၀။ ဈေးပေါက်လျက်ရှိပြီး အက်ဖ်အီးစီတယူနစ်လျှင်
အက်ဖ်အီးစီ(ရောင်း)၈၂၀ ကျပ်၊အက်ဖ်အီးစီ(၀ယ်) ၈၂၅ကျပ် ဈေးပေါက်လျက်ရှိပြီး စင်ကာပူဒေါလာဈေးမှာလည်း တဒေါ်လာလျှင် (ရောင်း) ၆၃၀ ကျပ်၊(၀ယ်) ၆၄၀ ကျပ် ဈေးရှိပါသည်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်သောဂတ်စ် ရခိုင်တွင် သုံးမလားဟု လွှတ်တော်တွင် ရခိုင်


ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးကျော် ကျော်က အမျိုးသားလွှတ်တော်တွင် ရခိုင် ကမ်းလွန် ဒေသမှ တူးဖေါ်နေသော သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တွင် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး ပေးဝေရန် အစီအစဉ် ရှိ- မရှိ စက်တင်္ဘာလ ၁၉ ရက်နေ့က မေးမြန်ခဲ့ကြောင်း သတင်း ရရှိသည်။
Shwe-gas-Pipelines-Burma
ရခိုင်ထွက်သော ဂတ်စ် ရခိုင်တွင် တစုံတရာ မသုံးဘဲ တရုတ်သို့ ယခု ပိုက်လုံးများဖြင့် တင်ပို့မည် ဖြစ်သည်။ ( ဓါတ်ပုံ- ရွှေဂတ်စ်)

ဦးကျော်ကျော်မှ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်စေရန် ကျောက်ဖြူ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရရှိမှုကို အခြေခံ၍ ရခိုင်ပြည်နယ်တွင် မဟာလျှပ်စစ်ဓာတ်အားလိုင်း ရရှိရေး စီမံ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဦးကျော်ကျော်၏ အမေးကို ယခုလို ဖြေကြားခဲ့သည်ဟု သိရသည်။

" ရခိုင် ကမ်းလွန် ဒေသတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်အတွက် ရွှေစီမံကိန်း လုပ်ငန်းကွက်အမည်နှင့် ကိုရီးယားနိုင်ငံ ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ဦးဆောင်၍ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့မှ အသီးသီး စုစည်း ဆောင်ရွက်လျက် ရှိပါသည်" ဟု စတင် ဖြေကြားသည်ဟု သိရသည်။

၎င်းနောက် ၀န်ကြီးက " စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည့် သတင်းအရ ရခိုင်ပြည်နယ် ကမ်းလွန် ဒေသ ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်း လုပ်ကွက်တို့တွင် ကိုရီးယားနိုင်ငံမှ လည်းကောင်း၊ KMDC ကုမ္ပဏီ သည် စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte နှင့် ပူးပေါင်း၍လည်းကောင်း၊ တရုတ်ပြ ည်သူ့ သမ္မတနိုင်ငံ CNPC ကုမ္ပဏီသည် လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ESSAR ကုမ္ပဏီသည် လည်းကောင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်းပိုင်း လုပ်ကွက် စစ်တွေဒေသ တွင် အိန္ဒိယ နိုင်ငံ ESSAR ကုမ္ပဏီမှ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အထက်ဖော်ပြပါ လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တွေ့ရှိရန် အလားအလာကောင်းများ ရှိနေပါ၍ လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ တွေ့ရှိသည့် အခါတွင် ရခိုင်ပြည်နယ်၌လျှပ်စစ်ဓာတ်အား အတွက် သုံးစွဲခွင့်ရရှိရေး အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း" ဖြေကြားသည်။

ဝန်ကြီးက ဆက်ပြီး " ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့် အဝ အသုံးပြုနိုင်ရေး အတွက် သူဌေးချောင်း၊ အမ်း၊ လေးမြို့၊ စိုင်ဒင်စသည့် ရေအားလျှပ်စစ်စီမံကိန်းများ ချမှတ်ထားပြီး လေ့လာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများမှ ထွက်လာမည့်လျှပ်စစ်ဓာတ် အား ပမာဏသည် ဒေသတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာအသုံးပြုနိုင် မည်ဖြစ်ပြီး ပိုလျှံသည့် ဓာတ်အားများကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက် ပို့လွှတ် သွားနိုင်မည်ဖြ စ်ပါကြောင်း၊ ယင်းစီမံကိန်းများနှင့် ဆက်စပ်၍ (၂၃၀) ကေဗွီ မဟာ ဓာတ်အားလိုင်းကြီးများ၊ ပင်မ ဓာတ်အား ခွဲရုံကြီးများ တည်ဆောက်ကာ ဓာတ်အားကွန်ရက်တစ်ခု တည်ဆောက်ရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါကြောင်း" ပြောကြားသည်။

နောက်ဆုံး အနေဖြင့် ၀န်ကြီးက " သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့လည်းကောင်း၊ ရခိုင် ပြည်နယ် မြောက်ပိုင်းမှ လေးမြို့ရေအားလျှပ်စစ် စီမံကိန်းတို့မှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို ကျောက်တော်မြို့နှင့် ယင်းမှတစ်ဆင့် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင် နှင့် မောင်တောမြို့များ သို့လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်နှင့် ပိုလျှံလာမည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်စီမံကိန်း များ လျာထားပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သည့်အခြေအနေ ရောက်ရှိမှသာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် လည်ပတ်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း" ဖြေကြားသည်။

ရခိုင်ပြည်နယ်တွင် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းမှ ရရှိသော လျှပ်စစ်ဓါတ်အားကို စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်နှင့် မောင်တောမြို့များ သို့ ဖြန့်ဖြူးပေးမည်ဟု ဆိုသော်လည်း ယခု အချိန်ထိ အဆိုပါ စီမံကိန်းကို စတင် လုပ်ကိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တခြားစီမံကိန်းများလည်း အနည်းဆုံး (၁၀) နှစ်ခန့်ကြာမြှင့်နိုင်သဖြင့် ၀န်ကြီး၏ ဖြေကြားချက်ကို ထောက်ရှု့ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အား အပြည့် အ၀ ရရှိရေးမှာ ဆယ်စုနှစ်နှင့် ချီပြီး အချိန်ကြာမြှင့်နိုင်ကြောင်း သုံးသပ် တွေ့ရှိရသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်