စက်တင်ဘာလ ၁၅ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ရှိ
ပါတီပေါင်းစုံမှလွှတ်တော်ကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲ၌
ပြောကြားခဲ့သည်။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍
တတ်ကျွမ်းနားလည်သည့်ပညာရှင်များ စုဆွေးနွေးပြီး ပြောကြမည်ဆိုပါက
ပိုပြီးသင့်တော်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက
နေပြည်တော်တွင် စက်တင်ဘာလ ၁၅ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ရှိ
ပါတီပေါင်းစုံမှ လွှတ်တော် ကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲ၌
ပြောကြားခဲ့သည်။
NHK မှ နိုင်ငံခြားသတင်းထောက် ကိုသီဟက "ကျွန်တော်တို့ နိုင်ငံမှာ လွှတ်တော် ရှိလာပါပြီ။ အစိုးရအဖွဲ့နဲ့ အပြန်အလှန်ထိန်းကျောင်းမယ့် လွှတ်တော်ယန္တရား ရှိလာပါပြီ။ တစ်ချိန်တည်း မှာပဲ မြစ်ဆုံရေကာတာလို ပြဿနာမျိုး ဖြစ်ပါတယ်။ အခုကိစ္စက ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အစိုးရအဖွဲ့က တာဝန်ရှိတဲ့တစ်ယောက်က ပြီးခဲ့တဲ့အပတ်က ဒါကို ဆက်လုပ်မယ်လို့ ပြောသွားပါပြီ။ လွှတ်တော်ကလည်း အစိုးရနဲ့ တစ်သဘောတည်းရှိခဲ့မယ်ဆိုရင် ဒီကိစ္စဆက်သွားမှာပေါ့။ အကယ်၍များ လွှတ်တော်နဲ့ အစိုးရတစ်သဘောတည်း ဆုံးဖြတ်ခဲ့ကြမယ်၊ အပြင်မှာရှိတဲ့ မကျေနပ်ချက်တွေက ဆက်ဖြစ်ပွားလာမယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိမလဲ။ လွှတ်တော်မှာ တာဝန်ရှိမလား၊ အစိုးရမှာ တာဝန်ရှိမလား သိချင်ပါတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်လို ထိန်းကျောင်း ကိုင်တွယ်သွားမလဲဆိုတာ သိချင်ပါတယ်" ဟု မေးမြန်းခဲ့ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"မြစ်ဆုံနဲ့ ပတ်သက်လို့ သတင်းတွေ အများကြီး ကြားရပါတယ်။ နောက် အခုတလောမှာလည်း ထူးထူးခြားခြားပေါ့ တော်တော်လူပြောသူပြောများတဲ့ သတင်းတွေ ကြားရပါတယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပြောကြတာပါ။ တစ်ကယ်တမ်း တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် လုပ်ကြမှာပေါ့။ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုရင်လည်း ဘယ်သူမှ မလုပ်ပါဘူး။ တတ်ကျွမ်းတဲ့၊ နားလည်တဲ့ ပညာရှင်တွေ ဒီလို စုဆွေးနွေး ပြီးတော့ ပြောကြမယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အရင်က ကျွန်တော် လယ်/ဆည်ဝန်ကြီးဟောင်း လုပ်ခဲ့ပါတယ်။ မျိုးစုံပြောပါတယ်။ ကျွန်တော် ဆည်တစ်ခု ဆောက်ပြီးတိုင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပျက်စီးမယ်တို့၊ ဘာတို့ ပြောကြတာပေါ့။ အကျိုးရှိတာလည်း ရှိပါတယ်။ တစ်ဖက်ကလည်း ရေမြုပ်သွားတာ လည်းရှိပါတယ်။ ဒီနှစ်ခုမှာ ဘယ်ဟာက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမလဲဆိုတာကိုပဲ ကျွန်တော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက "ကျွန်မတို့ မြစ်ဆုံဒေသမှာ နေတဲ့သူဖြစ်တဲ့အတွက် မြစ်ဆုံက လူထုနဲ့ နီးစပ်ပါတယ်။ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တကယ် ကျွန်မတို့ ကချင်ပြည်နယ်ထဲက လူထုက စိုးရိမ်နေတာ အမှန်ပါပဲ။ ကျွန်မလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ကလည်း လူထုထဲကပါပဲ။ ကျွန်မတို့ ကချင်လူမျိုးတွေအနေနဲ့လည်း ဒီအင်မတန် ရှားပါးတဲ့ မြစ်တစ်ခုဆုံတာကို ဒီအတိုင်းပဲ ထာဝရစီးဆင်းနေချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ဒီဟာကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမယ်ဆိုတဲ့ကိစ္စ အသုံးပြုမယ်ဆိုရင် ကျွန်မတို့က တစ်ခုလိုချင်ရင် တစ်ခုကို ဆုံးရှုံးရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်" ဟု အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်ဒွဲဘူက "လောလောဆယ်မှာ ကျွန်မတို့ စိုးရိမ်နေတာကတော့ ဒီ Dam ကြီး ပေါက်ကွဲလာလို့ရှိရင် ကျိုးပဲ့သွားလို့ရှိရင် ကျွန်မတို့ မြစ်ကြီးနားကလူတွေ အရင်သေမယ်။ ဒါကိုပဲ အကြီးအကျယ် စိုးရိမ်နေကြပါတယ်"ဟုလည်း ပြောကြားခဲ့သည်။

ဦးစိန်ကြည်သည်
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွင် မွေးဖွားခဲ့ပြီး တန့်ယန်းမြို့
အထက်တန်းကျောင်းတွင် ဒဿမတန်း အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဂီတနှင့်
စာပေဘက်တွင် ၀ါသနာထုံသူတဦးဖြစ်ပြီး နာမည်ကြီး တေးရေးဆရာ
စိုင်းခမ်းလိတ်နှင့်လည်း သူငယ်ချင်းဖြစ်ကြောင်း ဦးစိန်ကြည်၏
လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ
ဦးခွန်စိုင်းက ပြောသည်။

စက်တင်္ဘာလ
၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၁၈ ဦးက အနိုင်ရ ပေါက်တောမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံအား ရွှေးကောက်ပွဲ ကော်မရှင်
ခုံရုံးကအရှုံးပေး လိုက်ခြင်း အပေါ် ကျေညာချက်ထုတ်ပြန် ကန့်ကွက်ရှုတ်ချရာ
ထိုအထဲတွင် ရခိုင်ဝန်ကြီး သုံးဦးလည်း ပါဝင်သည်။

အေးမြမြထွန်း
ရန်ကုန်
စက်တင်ဘာ ၁၃ - ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မီဒီယာဂရု(ပ်)မှ
ဥက္ကဌဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)ပါဝင်သော ရန်ကုန်တိုင်းမ်ဂျာနယ်၊
ဖလားဝါးနယူးစ်ဂျာနယ်တို့မှ သတင်းအဖွဲ့နှင့် ယနေ့မွန်းတည့် ၁၂ နာရီတွင်
တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ပြောကြားခဲ့သည်။