PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ

တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။
ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။
ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။
ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။
မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။
အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ အရှင်ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။
ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။
ဝင့်ထန်း

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

News_Sein_Kyaw_Hlaing_Sep_6_2011Yan_Pai
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏  အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA  သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

အစိုးရထီးဈေးနှုန်း ရခိုင်လွှတ်တော်အမတ်များ အဆိုတင်မည်--တဲ့ -----ငဲ့-ငဲ့-ငဲ့


ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်



ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် မြန်မာအတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြု ရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။


အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅ဝ ပြည့် အထိန်းအမှတ် ပန်းချီပြပွဲတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြုရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။




(ဝဲမှယာ).. ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မျိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Dr. V.S.Seshadri ၊ ဒေါ်အောင်ဆန်းစုကြည်၊ သံအမတ်ကြီးကတော် (ဖြူ)၊ ဒုတိယ သံအမတ် Ms. Sripriya Ranganathan (ဝါ) တို့နှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသူများ


ရန်ကုန်မြို့ အိန္ဒိယသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း ကြားသိသဖြင့် လာရောက် စောင့်ဆိုင်းနေသူများကို သံရုံး မျက်နှာစာရှေ့တွင် တွေ့ရစဉ်။

သတင်း၊ဓာတ်ပုံ- မဇ္ဈိမ

ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် မေးမြန်းချက်

ts
လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှို့ဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေး စနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကိုပဲ အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက  ကြေညာလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် မြေပုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦီးဖေသန်းကို မေးမြန်းထားပါတယ်။
မဲပေးတာနဲ့ပတ်သက်လို့ ဒီနေ့လွှတ်တော်မှာ နောက်ပိုင်း လျှို့ဝှက် မဲပေးစနစ် မရှိတော့ဘူးလို့ ကြားပါတယ်။
“ဒီနေ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးပြီးတော့ ကိုယ်စားလှယ်အချို့က စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို မကြိုက်ဘူး။ သံသယရှိတယ်လို့ ကြားပါတယ်။ အဲဒီတော့ စက်ခလုတ်ခုံအစား နောက်ဆိုရင် မဲခွဲမယ်ဆိုရင် လျှို့ဝှက် စက်ခလုတ်ခုံနဲ့ မခွဲတော့ဘဲ ဗြောင်မဲပေးတော့မယ်။ အဲလို ဗြောင်မဲပဲပေးတဲ့အတွက် ဘာမှကြောင့်ကြစရာ မရှိဘူး။ ဘာမှအနှောင့်အယှက်ပေးလည်း မခံရဘူး။ အနှောင့်အယှက် ပေးနိုင်တဲ့အခြေအနေလည်း မရှိပါဘူးတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောဆိုချက်က စည်းကမ်းတခုအနေနဲ့ ဖြစ်သွားပြီလား။ ဒါမှမဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေကနေ စောဒက တက်ဖွယ်တွေကော ရှိလား။ ဘာတွေ ဆက်ဆွေးနွေးဖို့ ရှိသေးလဲ။
“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ စကားက အတည်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လျှို့ဝှက်မဲပေးတဲ့ စနစ်ဖြစ်ဖြစ်၊ ဗြောင်မဲပေးစနစ်ဖြစ်ဖြစ် သူက ဆုံးဖြတ်ခွင့်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို နည်းနည်းသံသယရှိတယ်လို့ သူပြောတာ။ တချို့ကလည်း အဲလိုပဲမြင်တယ်လေ။ ဘာလို့လဲဆိုတော့ စက်ခလုတ်ခုံက ထိန်းချုပ်တဲ့အခန်း ရှိတယ်။  အဲဒီနေရာက ဘယ်သူဘာမဲပေးတယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး တချို့ကလည်း ပြောတယ်။ တချို့ကလည်း အဲဒီစက်ခလုတ်ခုံရဲ့ ထိန်းတဲ့ အခန်းကနေ ဘာကိုဘယ်လို လုပ်လို့ရတယ်။ ပြောင်းလဲလို့ရတယ် ဆိုပြီးတော့ ကိုယ်စားလှယ်တချို့က သံသယရှိတာ အမှန်ပဲပေါ့။ အဲဒီအတွက် စက်ခလုတ်ခုံကို မသုံးဘဲ ဗြောင်မဲပေးတဲ့စနစ်ကိုပဲ သုံးတော့မယ်ဆိုပြီးတော့ ဖြစ်သွားတာပါ။”
လွန်ခဲ့တဲ့အပတ်က အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် တယောက်က အဆိုတင်သွင်းတဲ့ အခါမှာ မတ်တတ်ရပ်ပြီး မဲပေးရတော့ တချို့တွေက အင်အားစုများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးက ငြိုငြင်မှာဆိုးလို့ ကြားနေလိုက်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ နောက်ပိုင်းမှာ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလား။ ဘယ်လိုမြင်လဲ။
“ကျနော်တို့နိုင်ငံကတော့ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံ မဟုတ်တော့ အဲဒီလို စပ်ကူးမတ်ကူး ကာလမှာ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနိုင်တယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံမှာဆိုရင် ကိုယ်စားလှယ်တွေက ကိုယ့်ပါတီ သူ့ပါတီမရွေးဘူး။ မှန်တယ်ထင်ရင် သူများဘက်က လာပြီးတော့ အဆိုတင်သွင်းရင်လည်း ထောက်ခံပေးလိုက်တာပဲ။ မှားတယ်ထင်ရင်တော့ ကိုယ့်ပါတီက တင်ပြပါစေ၊ ကန့်ကွက်လိုက်တာပဲ။ ကျနော်တို့နိုင်ငံမှာတော့ ဒီမိုကရက်တစ် အင်အားစုတွေ ဆိုတာ လွှတ်တော်ထဲမှာ သိပ်ပြီးနည်းပါတယ်။ အခုပြည်သူ့လွှတ်တော်မှာဆိုရင်  ၅၀ လောက်ပဲရှိတာ။ အရေးပေါ်ပုဒ်မအက်ဥပဒေ ပြင်ဆင်ဖို့ကို ဦးသိန်းညွန့်က တင်သွင်းတဲ့အခါမှာ ကျနော်တို့ဘက်က အဲဒီပုဒ်မရဲ့ အကြောင်းအရာတွေကို အတိအကျ မသိဘူး။ ဦးသိန်းညွန့် ပြောတဲ့ဘက်ကိုလည်း ကျနော်တို့ ထောက်ခံသလို တဖက်က ပြန်ရှင်းတော့လည်း ကျနော်တို့က ဇဝေဇ၀ါဖြစ်သွားတာပေါ့။ အဲဒီပုဒ်မအပေါ်မှာ ကျနော်တို့က ကြိုတင်လေ့လာမှုမရှိဘဲနဲ့ ဖြစ်သွားတာပါ။ ဒီမိုကရက်တစ် အင်အားစုတွေက ကြောက်စိတ်ကြောင့်၊ အခွင့်အရေးကြောင့် အခုလိုမျိုး မရှိပါဘူး။ ပြတ်ပြတ်သားသားပဲ ထောက်ခံရဲပါတယ်။
“တခုရှိတာက ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ၊ တပ်မတော်အင်အားစုတွေ အနေအထားကတော့ ကျနော်တို့က အဲဒီလိုစက်ခလုတ်ခုံနဲ့ပေးရင် နည်းနည်းများ ပိုလာမလားလို့ သူတို့ကြိုက်တဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကလည်း ဗြောင်မဲပေးတယ်ဆိုတော့ ဒီဘက်ကို ကူးပြောင်းလာဖို့ မလွယ်ဘူးလေ။ ဗြောင်မဲပေးတော့ သူတို့အကုန်လုံး ညီညီညာညာပဲ။ အကုန်လုံးပဲ သဘောပေါက်လွယ်တယ်။ ဥပဒေတွေကို သဘောပေါက်လွယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေရော၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေရော၊ အကုန်တယောက်မကျန် မတ်တတ်ရပ်တယ်။ ကန့်ကွက်ရင်လည်း အကုန်လုံး ကန့်ကွက်တယ်။”
စက်ခလုတ်ခုံ ပျက်ယွင်းမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စက်ခလုတ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်ကို အရေးယူ ဆောင်ရွက်တာတွေ ကြားရလား။
“အဲဒါမျိုး မကြားရဘူးခင်ဗျ။ အမှန်က ဒီခေတ်မှာ စက်ခလုတ်ခုံပျက်လည်း ခနပေါ့။ လုပ်နိုင်ရင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို အကြံအစည်ရှိရှိနဲ့ လုပ်မလုပ်တော့ မသိဘူး။ အခုဖြစ်နေတာတော့ စက်ခလုတ်ခုံကဏ္ဍ လုံးဝပိတ်သွားပြီ။”
ဒီလိုမျိုး ဗြောင်မဲပေးတာနဲ့ စာရင် မဲပုံးတခုထဲမှာ လျှို့ဝှက်မဲထည့်ကြဆိုပြီး ဗြောင်ရေတွက်တာမျိုးက ပိုမသင့်တော်ဘူးလား။
“မဲလက်မှတ်နဲ့ပေးတာ အကောင်းဆုံးပါပဲ။ အဲဒီစနစ်က အရင်သမ္မတ ရွေးတုန်းက သုံးခဲ့တယ်။ ဒါပေမယ့် အချိန်တော့ပေးရတယ်။ အခုလို ဗြောင်မတ်တပ်ရပ်လိုက်ဆိုတော့ အချိန်က တမိနစ်လောက်အတိုင်းအတာမှာ ပြီးသွားတယ်။ လျှို့ဝှက်မဲပေးစနစ်နဲ့တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် အဲဒါကိုမှ မညွှန်းတာ။ လျှို့ဝှက်မဲပေးစနစ်၊ စက်ခလုတ်ခုံက မဲပေးစနစ်၊ ဗြောင်မဲပေးစနစ် အဲဒီလိုမျိုး ကျင့်သုံးနိုင်တဲ့အခြေအနေမှာ နှစ်ခုက တခုပဲရွေးလိုက်တော့ လျှို့ဝှက်မဲပေးတဲ့စနစ်က ပျက်သွားတာပေါ့။ အမှန်က မဲလက်မှတ်နဲ့ပေးရင်တော့ အကောာင်းဆုံးပဲ။ ဒါပေမယ့် အဲဒီစနစ်ကိုမှ မသုံးတာ။ အဲဒီအခြေအနေမှာ ကျနော်တို့က ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအတိုင်းပဲ ကြည့်နေရတာပေါ့။”
ဗြောင်မဲပေးတဲ့စနစ်က တပ်မတော်သား ၂၅ ရာခိုင်နှုန်းအင်အားစုနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီထဲက အင်အားစုတွေက လျှို့ဝှက်မဲပေးပြီးတော့ အများပြည်သူ လိုလားတဲ့ ပြောင်းလဲစေချင်တဲ့ ကိစ္စတွေမှာ ပြောင်းလဲလို့ မရဘူးဆိုတဲ့ ခြိမ်းခြောက်မှုလိုမျိုးကော မမြင်ဘူးလား။
“အခြေအနေက စပ်ကူးမတ်ကူးကာလ ဖြစ်နေလို့ပါ။ ပြီးတော့ တပ်မတော်က ဘယ်ပါတီရဲ့ နောက်မြီးဆွဲအင်အားစု မဖြစ်သင့်ဘူး။ ပါတီရဲ့လက်ကိုင်တုတ်လည်း မဖြစ်သင့်ဘူး။ ကိုယ့်ရဲ့ မှန်ကန်မှုအပေါ်မှာ သီးခြားရပ်တည်သင့်တဲ့ အဖွဲ့တခုလို့ ကျနော်ယူဆတယ်။ သူများက ထောက်ခံဆိုထောက်ခံတယ်၊ ကန့်ကွက်တယ်ဆို ကန့်ကွက်တယ် အဲလိုမျိုး ဖြစ်နေရင် တပ်မတော်အပေါ်မှာ ပြည်သူက လေးစားမှာမဟုတ်ဘူး။ တပ်မတော်က လွှတ်တော်ထဲမှာ အင်အားကို ထိန်းညှိပေးတဲ့ အဖွဲ့အစည်းပဲဖြစ်သင့်တယ်။ ဒါမှလည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုတိုးတက်လာမယ်။ တပ်မတော်က သီးခြားရပ်တည်ပြီးတော့ ထိန်းညှိပေးတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်စေချင်တယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ဘက်က မဲကတော့ ဗြောင်မဲပေးတဲ့စနစ်နဲ့ဆိုတော့ ဒီလိုအချိန်အခါမျိုးမှာတော့ တပြားတချပ်မှ ရနိုင်မယ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။”

ရခိုင်မှ တရုတ်သို့ သွားမည့် ဓာတ်ငွေ့လိုင်း လုံခြုံရေး အာမခံချက် မရှိ

ချင်းမိုင် (မဇ္ဈိမ)။     ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း လုံခြုံရေးအတွက် အာမခံချက် မရှိကြောင်း ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N အဖွဲ့တို့က ထုတ်ဖော် ပြောဆိုလိုက်ကြသည်။

ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို
ကျောက်ဖြူမြို့နှင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတို့မှတဆင့် တရုတ် ယူနန်ပြည်နယ်သို့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန် ပိုက်လိုင်း နှစ်လိုင်းသွယ်၍ တင်သွင်းမည် ဖြစ်သည်။

ပိုက်လိုင်းများ ဖြတ်သွားမည့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနှင့် မန်စီမြို့နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တောင်းဆိုနေသော လက်နက်ကိုင် ရှမ်းတပ်ဖွဲ့ SSA-N၊ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အစိုးရတို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ထောက်ပြပြီး ပြောဆိုကြသည်။
burmagasmap
ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း လုံခြုံရေးအတွက် အာမခံချက် မရှိကြောင်း ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N အဖွဲ့တို့က ထုတ်ဖော် ပြောဆို

“ရှမ်းပြည်တပ်မတော်ရှိတဲ့ ရှမ်းပြည်ကို ဖြတ်သွားတဲ့ပိုက်လိုင်းမှာ ကျေးရွာပေါင်း ၇ဝ လောက်ရှိတယ်။ တိုက်ပွဲ
တွေက ကွတ်ခိုင်ဘက်မှာလည်း ဖြစ်တယ်။ ကချင် မန်စီဘက်မှာလည်းဖြစ်တယ်။ ပိုက်လိုင်းသွားမယ့်နေရာရဲ့ ဘယ်ညာမှာ ဖြစ်နေတာ။ အန္တရာယ်တွေက အချိန်မရွေး ဖြစ်လာနိုင်တယ်”ဟု ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရ ဦးဝင်းအောင်က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ တောင်ကိုရီးယား
ဒေဝူး ကုမ္ပဏီ၊ အိန္ဒိယ မှ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာရေနံနှင့် သဘာဝ
ဓာတ်ငွေ့ လုပ်ငန်း MOGE တို့ ပူးတွဲ လုပ်ဆောင်နေသည်။

အလုပ်သမား ရှာဖွေရေး၊ သဲ၊ ကျောက်နှင့် ပိုက်လိုင်း သယ်ဆောင်ရေးတို့အတွက် လက်ခွဲ စာချုပ်များကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် သန္တာနဂါး၊ ပြည်တော်စည်၊ အေးရှားဝေါ၊ မြန်မာရွှေသရဖူတို့က ရရှိထားကြောင်း အင်္ဂါနေ့ကထုတ်ပြန်သည့် “Sold Out” ခေါ် “အကုန်ရောင်းတဲ့ မူဝါဒ” အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အေ ( ၁) နှင့် အေ (၃) လုပ်ကွက်တွင် ခန့်မှန်း ကုဗပေ ၄.၅ ထြီလီလျံမှ ၇.၇ ထြီလီလျံအထိ ရှိပြီး တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုမှစ၍ နှစ်ပေါင်း ၃ဝ ခန့် ရောင်းချရာမှ မြန်မာအစိုးရသည် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိမည်ဟု ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ဘက်မှ လာမည့် ရေနံတင် တရုတ်သင်္ဘောများ ဆိုက်ကပ်နိုင်ရန် မဒေးကျွန်းတွင် တည်ဆောက်နေသည့် ရေနက်ဆိပ်ကမ်းသည် ၈ဝ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီး၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ကို ပင်လယ်ရေအောက် ပိုက်လိုင်းမှတဆင့် ကျောက်ဖြူမြို့သို့ သယ်ယူမည့်လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ဦးဝင်းအောင်ကပြောသည်။ စီးပွားရေးဇုံမှာ မူ နားလည်မှု စာချွန် လက်မှတ်ထိုးပြီး
ဖြစ်သော်လည်း အသေးစိတ်ကိုမူ မသိရသေးဟု ဆိုသည်။

၂ဝ၁၃ တွင် အပြီးတည်ဆောက်မည့် မဒေးကျွန်း ရေနက်ဆိပ်ကမ်းပြီးပါက တန်ချိန် ၃ဝဝ,ဝဝဝ ဆံ့ ရေနံတင် သင်္ဘောကြီးများ ရပ်နားကာ တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ဆီချခြင်း လုပ်ငန်း ဆောင်ရွက်မည်
ဖြစ်ကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

စီမံကိန်းဒေသများတွင် ရခိုင်ဒေသခံများကို စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံရခြင်း၊ တရုတ် ဝန်ထမ်းများက အမျိုးသမီးများကို စော်ကားခြင်း၊ စီမံကိန်းပါ ကုမ္ပဏီများက ဒေသခံအာဏာပိုင်များနှင့် ပေါင်း၍ လယ်မြေများကို
လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း အစီရင်ခံစာအတွင်း ဓာတ်ပုံ၊ စာရွက်စာတမ်း မိတ္တူများနှင့် တကွ ဖော်ပြထားသည်။

ကျောက်ဖြူမှစပြီး ပြည်တွင်း၌ ကီလိုမီတာ ၈ဝဝ ခန့် ဖြတ်သွားမည့် ပိုက်လိုင်းနှစ်ခုသည် မင်းဘူး-မန္တလေး- ကုတ်ထိပ်- ကျောက်မဲ- သီပေါ- လားရှိုး- ကွတ်ခိုင်- ၁ဝ၅ မိုင်လမ်းခွဲမှ မူဆယ်မြို့နယ်ရှိ တရုတ်နယ်စပ် ကြူကုတ်မှတဆင့် ရွှေလီမြို့၏ အရှေ့တောင်ဘက် ၁၂ ကီလိုမီတာအကွာရှိ ဝမ်တိန်မြို့နယ်ခွဲသို့ ပေါက်မည်
ဟု သိရသည်။ ထိုမှ ရေနံသန့်စင်စက်ရုံရှိမည့် ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ဆက်မည်။

၂ဝ၁ဝ ဇွန်လမှ တည်ဆောက်မှု စတင်နေသည့် ပိုက်လိုင်းဖြတ်သွားမည့် ကျောက်မဲ၊ သီပေါ မြို့နယ်များ၌ ၁၉၈၉ ခုတွင် အပစ်ရပ်ခဲ့ပြီး ပြည်သူ့စစ် အသွင်ပြောင်းရန်လက်မခံသော SSA-N နှင့် အစိုးရတပ်များ မတ်လမှစ၍ တိုက်ပွဲများဖြစ်ပွားနေသည်။ အပစ်ရပ်စဉ်က တပ်မဟာ ၁၊ ၃၊ ၇ ဟု သုံးခုရှိခဲ့ရာမှ တပ်မဟာ ၃ နှင့် ၇ က
ပြည်သူ့စစ် ဖြစ်သွားပြီး တပ်မဟာ ၁ က ငြင်းဆန်နေခြင်းဖြစ်သည်။

၂ဝဝ၆ ခုတွင် အရှေ့မြောက်တိုင်းမှူး
Shwe-gas-Pipelines
တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေးပို့ရန်အတွက် အမေရိကန် ၃.၅ ဘီလီယံ တန်ဖိုးရှိ ပိုက်လိုင်းကို မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ သွယ်တန်းမည်။ Photo: Shwe Gas Campaign
ဗိုလ်ချုပ်
မြင့်လှိုင် အလိုကျ ပိုက်လိုင်းများ ဖြတ်မည့် မန္တလေး-လားရှိုး အဝေးပြေးလမ်း
မြောက်ဘက် နမ့်စမ်ဒေသမှ SSA-N တပ်မဟာ
 ၃ ဌာနချုပ်ကို သီပေါမြို့နယ် မိုင်းခေးဘက်သို့
ပြောင်းရွှေ့ ပေးခဲ့ ရသော်လည်း ယခုအခါ ရှမ်း - တောင် SSA-S နှင့် ရှမ်း-မြောက် SSA-N တပ်များ ပူးပေါင်း၍ ပြန်လှုပ်ရှားနေပြီဟု SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

KIA ကချင်လွတ်မြောက်ရေးတပ် တပ်မဟာ ၄ နှင့်လည်း ကွတ်ခိုင်-သိန္ဒီနယ်မြေတွင် ပူးတွဲ လှုပ်ရှားမှုများလည်း စတင်နေပြီဟု ဆိုသည်။ “အဲဒီ တပ်မဟာ ၃ နယ်မြေထဲ ပြန်အခြေခံဖို့
ဖေဖော်ဝါရီလ ကုန်ပိုင်းမှ ကျနော်တို့တပ်က အဲဒီဘက်ကျော်သွားပြီလေ။ မူဆယ်၊ နမ်းခမ်းအထိ ရောက်သွားတာပဲ” ဟု သူကပြောသည်။

“တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တကယ့်တကယ် မလုပ်ရင်တော့ အဲဒါတွေ (ပိုက်လိုင်း) တော့ သူတို့အတွက် စိုးရိမ်စရာတော့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်လို့ ထင်တာပဲ။ ၂ဝဝ၈ ဥပဒေနဲ့ အပေါ်စီးကနေပဲ
ဆွေးနွေးမယ်ဆိုရင်တော့ ဘယ်အဖွဲ့မှလည်း လက်ခံမှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

၂ဝဝ၉ ကုန်ပိုင်းက နအဖ က ဘူမိဗေဒ တိုင်းတာရေး လုပ်ငန်းများကို မန္တလေး၊ မတ္တရာ၊ နောင်ချို၊ ကျောက်မဲမှ
တဆင့် နမ့်ခမ်းမြို့အထိ ၁၅ ရက်ကြာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်း လေ့လာခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။

ယင်းသို့ လုပ်ငန်းများ စတင်နေပြီဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းအား မြန်မာနိုင်ငံတွင် နိုင်ငံရေး
တည်ငြိမ်မှု ရှိလာပြီး ဒေသခံများအတွက် အကာအကွယ်ပေးနိုင်မည့် အစိုးရတရပ် ပေါ်ပေါက်လာသည် အထိ ရပ်ဆိုင်းထားစေလိုကြောင်း ရွှေဂတ်စ်၏ အစီရင်ခံစာက အကြံပြုထားသည်။

ရွှေဂတ်စ်လှုပ်ရှားမှု ပြောခွင့်ရ ဦးဝင်းအောင်က လတ်တလော နိုင်ငံရေးမတည်ငြိမ်သည့် အာဖရိက အနောက်နှင့်
မြောက်ဘက်ရှိ နီဂါနှင့် လစ်ဗျားနိုင်ငံမှ CNPC ကုမ္ပဏီ၏ ရင်းနှီးမြှုတ်နှံမှုများ ဆုံးရှုံး ခဲ့ရသည်ကို ထောက်ပြပြီး
မြန်မာနိုင်ငံတွင်လည်း အလားတူမျိုး ကြုံတွေ့နိုင်သည်ဟုလည်း သတိပေး ပြောဆိုသေးသည်။

ယင်း ၂ နိုင်ငံတွင် CNPC ကုမ္ပဏီ လက်ခွဲ Great Wall Drilling Co. (GWDC) ၏ ရေနံရှာဖွေရေး စီမံကိန်း ၆ ခု ရပ်လိုက်ရပြီး အမေရိကန်ဒေါ်လာ ၁၈၆ သန်း ဆုံးရှုံးခဲ့ခြင်းသည် ဆုံးဖြတ်ချက်များ မှားယွင်းခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း တို့ကြောင့်ဟု တရုတ် စွမ်းအင်သုတေသီ Zhou Xiujie က ထောက်ပြခဲ့ကြောင်း ဆင်ဝှာသတင်းဌာနက သြဂုတ်လ ၂၂ ရက်နေ့၌ ဖော်ပြသည်။

တရုတ်နိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း သဘာဝ ဓာတ်ငွေ့နှင့် ရေနံ ပိုက်လိုင်း
ဖြတ်သန်းမည့် လမ်းကြောင်းသည် ကချင်လွတ်မြောက်ရေးတပ် KIA ၏ တပ်မဟာ ၄ နယ်မြေနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO မှ ၁၉၉ဝ ခုတွင် ခွဲထွက်ခဲ့ပြီး ၂ဝဝ၉ ခု ဇွန်လက နယ်ခြားစောင့်တပ် လက်ခံခဲ့သည့် ဦးမထူးနော်၏ နယ်မြေသို့ ဖြတ်သန်းရမည်ဟု ပြောသည်။

ဦးအောင်ကျော်ဇောက “မထူးနော်တပ် ဧရိယာ ကွတ်ခိုင်ခွင်ထဲမှာ၊ KIA တပ်မဟာ ၄ ဧရိယာ တပ်ရင်း ၉ ဧရိယာထဲက ဖြတ်မှာ။ ဒါပေမယ့် သူတို့ မလုပ်ပါဘူး။ အစိုးရပဲဖျက်ပြီး သူကသူပုန်တွေ လက်ညှိုးထိုးပြမှာ။ တရုတ်အစိုးရကို ဒီလူတွေကို မထောက်ခံနဲ့ ဒါမျိုးလုပ်မှာလေ” ဟု သုံးသပ်ပြောဆိုသည်။

ပိုက်လိုင်းများနှင့် အပြိုင်ဆောက်မည့် ဒေါ်လာ ၂ဝ ဘီလီယံ ကုန်ကျသော ကျောက်ဖြူ-မူဆယ် ရထားလမ်း စီမံကိန်း၏ မူဆယ်-လားရှိုးအပိုင်း လမ်းသစ်ကို ၂ဝ၁၁ ခု ဒီဇင်ဘာတွင် စတင်သွားမည် ဖြစ်ပြီး ဒေါ်လာ ၁.၆ သန်းကုန်မည်ဟု စက်တင်ဘာ ၅ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ၂ဝဝ၅ ခုက တရုတ် ပညာရှင်များက လေ့လာမှု များပြုလုပ်ခဲ့ပြီး ၂ဝ၁ဝ ခုအတွင်း လမ်းအူကြောင်း တိုင်းတာပြီးစီးခဲ့သည်ဟု သိရသည်။

ဝီကီလိခ် ဖေါ်ပြချက် ဖဒိုမန်းရှာ မိသားစု လက်မခံ

၂၀၀၈-ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံမှုမှာ လက်ရှိ KNU ဗိုလ်မှူး နာဒါမြလည်း ပါဝင်တယ်ဆိုတဲ့ ၀ီကီလိခ် ရဲ့ဖော်ထုတ်ချက်ကို ဖဒိုမန်းရှာ ရဲ့ မိသားစုဝင်တွေက လက်မခံ ပယ်ချလိုက်ပါတယ်။
(Photo: AFP)
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မှတ်တမ်းတွေကို ဖွင့်ချနေတဲ့ ၀ီကီလီခ် သတင်းတွေထဲမှာ KNU ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်သူတွေထဲမှာ ကွယ်လွန်သူ KNU ဥက္ကဌကြီး စောဗိုလ်မြ ရဲ့သား ဗိုလ်မှူး နာဒါမြ လည်း ပါဝင်ကြောင်း ကောလဟာလ သတင်း ထွက်နေတယ်လို့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိ တဦးကို ကိုးကားပြီး ဒေါက်တာ စောဆိုင်မွန်သာ က အမေရိကန် သံရုံးကို ပြောဆိုခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ် အခုအခါ အင်္ဂလန်နိုင်ငံမှာ မြန်မာအရေး ဆောင်ရွက်နေတဲ့ Burma Campaign ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ မဇိုရာဖန်းက အခုလို ပြောပါတယ်။ " ဒေါက်တာ စောဆိုင်မွန်သာ ဘာရည်ရွယ်ချက်နဲ့ ပြောဆိုသလဲ ဆိုတာတော့ ကျမတို့ မသိရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျမတို့ ကရင် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံး ညီညွတ်မှု ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်၊ ကရင် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲအောင် အာဏာရှင်က နည်းမျိုးစုံနဲ့ လုပ်နေခဲ့တာပါ၊ အခုလို သက်သေ အထောက်အထား မရှိတဲ့ ကောလဟာလကို ကျမတို့ဘက်က လက်မခံနိုင်ပါဘူး။" မြန်မာ စစ်အစိုးရဟာ KNU နဲ့ တွေ့ ဆုံ ဆွေးနွေးရေး အတွက် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာကို ကြားလူ အနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ










နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ခန့် လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုကို အိန္ဒိယ ပါလီမန်အမတ်တွေကလည်း ထောက်ခံကြောင်း အိန္ဒိယပါလီမန် အမတ်တဦး ဖြစ်သူ Mr. Ram Jethmalani က ပြောပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဘုရားတွင် ဝတ်ပြု ဆုတောင်းနေကြသူများ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာ့ ဒီမိုကရေစီရေး ဆိုင်ရာ အိန္ဒိယ ပါလီမန် အမတ်များ ဖိုရမ် အဖွဲ့ ဝင် အိန္ဒိယ အမတ်တွေက လက်မှတ် ရေးထိုး တောင်းဆိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ သွားမယ်လို့  သတင်းစာ ရှင်းလင်းပွဲ အတွက် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါရှိပါတယ်။ မြန်မာ့ အရေး အိန္ဒိယ အမတ်များ ဖိုရမ်မှာ အမတ် ဦးရေ ၁၀၀ ကျော် ရှိပြီး သူတို့ အားလုံးက မြန်မာ နိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွှတ်ပေးဖို့ လက်မှတ် ရေးထိုး တောင်းဆိုမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း လွတ်မြောက်ခြင်းဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဦးတည်နေပါတယ် ဆိုတဲ့အချက် အတွက် လုံလောက်မှု မရှိကြောင်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ မိမိတို့ အနေနဲ့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး မြင်လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ လိုအပ်တဲ့ ပထမ အဆင့် လုပ်ဆောင်ချက် အဖြစ် အကောင်အထည် ဖေါ်ဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက် ပါတယ်လို့ ဖေါ်ပြထား ပါတယ်။

ရန်ကုန် ငလျင်အတွက် ပညာရှင်များ သတိပေးသံ ထွက်ပေါ်


သတင်းဆောင်းပါး-မင်းထက်စံ
ဥဒဟို သွားလာနေသော လမ်းမကြီးပေါ်တွင် မော်တော်ကားများ သွားမရအောင် ပိတ်ဆို့လျှက်ရှိပြီး လူများစွာ ဝိုင်းအုံကြည့် ရှုနေကြသည်။ နှစ်ရှည်သစ်ပင်ကြီး တစ်ပင်သည် ကားလမ်းမကြီးကို ကန့်လန့်ဖြတ် ပိတ်ထားပြီး ခရီးသည်များတင်ဆောင် လာသော ဘတ်(စ်)ကား၂စီးပေါ်သို့ လဲကြနေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းမှာ သြဂုတ်လ(၂၅)ရက်နေ့ နံနက်၇နာရီ ၄၅မိနစ် ဝန်းကျင်တွင် ရွှေတိဂုံဘုရား မြောက်ဘက် ရွှေဂုံတိုင် အုတ်လမ်းမှတ်တိုင် အနီးရှိ မြေကမ်းပါး ပြိုကျကာ သစ်ပင်ကြီးလဲကျခြင်း ဖြစ်သည်။ ခရီးသည်နှင့် ယာဉ်မောင်း အပါအဝင် ထိခိုက်ဒဏ်ရာရ သွားသည့် ယင်းမြေပြိုမှုသည် ရွှေဂုံတိုင်ဝန်းကျင်တွင် ဆယ်စုနှစ်အတွင်း ပထမဆုံအကြိမ် မြေပြို ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တွင်း မြေပြိုမှု မှတ်တမ်းများအရ သိရှိရသည်။

ရန်ကုန်မြို့တော်၏ တည်နေရာ အနေအထားအရ အောက်ခံကျောက်သားမြေ ရှိသည့်နေရာမှာ ရွှေဂုံတိုင်ဝန်းကျင် တစ်ဝိုက်ရှိ တောင်ကုန်းနေရာများသာ ဖြစ်ပြီး ကျန်သည့် နေရာများမှာ နှုန်းတင်မြေနု များသာဖြစ်ကြပြီး ရန်ကုန်မြို့ကို အဝေးမှကြည့်မည် ဆိုပါက မြို့၏အလယ်တွင် တောင်တန်းသဖွယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောကြားသည်။

''မြေကြီးတွေကို ဖဲ့ယူပြီးတော့ အဆောက်အဦးတွေကို ဆောက်ထားတယ်။ ကျောက်သားမြေတွေကို အဲဒီလို ဖဲ့ယူပြီး မြေထိန်းနံရံ မလုပ်ထားဘူးဆိုရင် ချက်ချင်းမပြိုတောင် မိုးရွာရင်ပြိုပါတယ်'' ဟု ရွှေဂုံတိုင် မြေပြိုမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။ ရန်ကုန်မြို့တော်၏ အောက်ခံမြေ အနေထားသည် ငလျင်လှိုင်း ဖြတ်သန်းမည် ဆိုပါက အပျက်အစီးမှုသည် မြို့တွင်းအခြား နေရာများထက် ရွှေဂုံတိုင်သည် အောက်ခံကျောက်သား ရှိသည့်အတွက် ခံနိုင်ရည်ပိုရှိပြီး မြို့သစ်ဝန်းကျင်နှင့် မြစ်ကမ်းတစ်လျှောက် နေရာများတွင် နှုန်းတင်မြေနု များဖြစ်၍ ငလျင်လှိုင်း ဖြတ်သန်းပါက ပိုမိုအားကောင်းပြီး အမြန်ရွှေ့လျားသွားကြောင်း ၄င်းက ရှင်းပြပြောဆိုခြင်း ဖြစ်သည်။ '' နှုန်းတင်မြေနုအောက်မှာ ရှိတဲ့အတွက် ငလျင်လှိုင်းဖြတ်တဲ့ magnifier ဖြစ်စေပါတယ်။ ငလျင်တစ်ခု လှုပ်ရင် Intensity ပြင်ထန်အား ပိုခံရပါတယ်။ ငလျင်ဒဏ်ခံရရင် ရွှေဂုံတိုင်နဲ့ ရန်ကုန်မြို့လယ်ကောင် နှိုင်းယှဉ်ရင် မြို့လယ်က ပိုခံရနိုင်ပါတယ်''ဟု ဦးစိုးသူရထွန်း က ဆိုသည်။

ရန်ကုန်မြို့တော်ကြီး ကဲ့သို့ နေရာမျိုးတွင် ပုံမှန်မြေပြိုမှုများကို အင်ဂျင်နီယာနည်းဖြင့် ငွေကြေး အကုန်ကျခံကာ ကာကွယ် လုပ်ဆောင်နိုင်သည့် အနေထားဖြစ်ပြီး ဥပမာအားဖြင့် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဆင်ခြေလျှောများကို လှေကားထစ် ပုံစံဆောက်လုပ်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း၊ ငလျင်လှိုင်း လှုပ်ခတ်မည် ဆိုပါကလည်း မြေပြိုမှုကြောင့်သာ အသက်ဆုံးရှုံး ရခြင်း မဟုတ်ဘဲ အဆောက်အဦးများကြောင့်လည်း အသက်ဆုံးရှုံးနိုင်သည့် အတွက်ကြောင့် လူတိုင်း လူတိုင်းသည် ကိုယ့်အန္တရာယ် ကို ကိုယ်သိဖို့ လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း၌ လွန်ခဲ့သည့် အနှစ်၁၇ဝအတွင်း ပြင်းထန်မှု ပမာဏ အရ မက်ဂနီကျူ့ နှင့် အထက်ရှိသော ငလျင် ၁၆ကြိမ် လှုပ်ခတ်ခဲ့ပြီး ၄င်းတို့အနက် ၁၈၃၉တွင် အင်းဝ ငလျင်၊ ၁၉၁၂ခုနှစ်တွင် မေမြို့ ငလျင်၊ ၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင်၊ ၁၉၇၅-၇၆ ခုနှစ်တွင် ပုဂံငလျင်နှင့် စစ်ကိုင်းငလျင်တို့မှာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း ငလျင်ပညာရှင် ဦးသိန်း၏ စာတမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ အဓိက ငလျင်ကြောကြီး ၂ခု အနက်မှ တစ်ခုဖြစ်သော အယ်လ်ပိုင်း ငလျင်ကြောနှင့် မြန်မာနိုင်ငံသည့် ဆက်စပ်လျက် ရှိပြီး ငလျင်လှုပ်ခတ်စေသော အဓိက အကြောင်းရင်းမှာ မြောက်ဘက်သို့ ရွေ့လျားနေသော အိန္ဒိယ မြေထုချပ်သည် ယူရေးရှပ်မြေထု ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မြန်မာမြေထုချပ်ငယ် အတွင်းသို့ တနှစ်လျှင် ၄ စင်တီမီတာခန့် တိုးဝင်နေခြင်းကြောင့် ဖြစ်ကြောင်း ၄င်းစာတမ်းတွင် ဖော်ပြညွှန်းဆို ထားသည်။ ''အတိတ်ငလျင် လေ့လာချက်တွေ အရ အင်အားကြီး ငလျင်တွေဟာ နှစ်တစ်ရာကို တစ်ကြိမ် လှုပ်တတ်တယ်။ နှစ်တစ်ရာ မပြည့်ခင် လှုပ်သွားတဲ့ ငလျင်တွေဟာ အင်အား နည်းတတ်ပါတယ်။ နှစ်တစ်ရာမှာ လှုပ်တတ်တယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းထား ပေမယ့်လည်း မနက်ဖြန်၊ တဘက်ခါလည်း ဖြစ်နိုင်ပါတယ်''ဟု ဦးစိုးသူရထွန်း က အတိတ်ငလျင်နှင့် ပတ်သက်၍ ရှင်းပြသည်။


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃ဝဆယ်ကျော်အတွင်း  ၂ဝ၁၁ မတ်လ ၂၄ရက်နေ့တွင် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ၌ တဖန်ပြန်လည်ကာ လှုပ်ခတ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တာလေ ငလျင် လှုပ်ခတ်စဉ်ကလည်း ရန်ကုန်မြို့တော်၏ လူအများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သော အင်လျားကန်ဘောင် တွင်လည်း ကန်အတွင်းရှိ ရေလှိုင်းသံများ ကျယ်လောင်စွာ ပုတ်ခတ်မှုအား ကြားခဲ့ရပြီး လှိုင်းကြီးများဖြစ်ထွန်းခဲ့ကြောင်း ယင်းကန်ဘောင်ရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြန်ပြောင်း ပြောဆိုဖူးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်တိုင်းတာရေး စက်များမှာ အားနည်းလျက်ရှိပြီး တိုင်းတာရေးစက် ၁၆လုံး ရှိသည့်အနက် တစ်ချို့ စက်များမှာ မော်ဒယ်လ် နောက်ကျနေပြီ ဖြစ်သည့်အတွက် တွက်ချက် နေရဆဲ ဖြစ်ပြီး အခြားနိုင်ငံမှ အလှူရှင်များမှ လှူဒါန်းထားသည့်စက် များမှာလည်း လျှပ်စစ်မီး မလာ၍ တိုင်းတာ မရခြင်းနှင့် ပျက်စီးနေသည့် စက်များပင် ရှိကြောင်း ငလျင်ပညာရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာအောင်ထွန်းသက် ကလည်း''သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ပါလီမန်မှာ ဆွေးနွေးသင့်တယ်''ဟု Living Colour သတင်းမဂ္ဂဇင်း ဇွန်လထုတ် အင်တာဗျူးတွင် ပြောကြားထားသည်။ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည် သဘာဝ ဘေးအန္တရာယ်များမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းထက် အဆပေါင်းများစွာ ပြင်းထန်သော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများ လျော့နည်းလျက် ရှိနေခြင်းမှာ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အစီအမံ ကောင်းခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက် က အဆိုပါ အင်တာဗျူးတွင် ထည့်သွင်း သုံးသပ်ထားသည်။

ရန်ကုန်မြို့တော်သည် ငလျင် လှုပ်ခတ်နိုင်သည့် ဇုန်များတွင် ပါဝင်မှု မရှိသော်လည်း ပြင်းထန်မှု အားရှိသော ငလျင်ဇုန်များနှင့် ဆက်စပ်လျက်ရှိပြီး ၁၉၃ဝတွင် ပဲခူးမြို့၌ အင်အား ၇ ဒဿမ ၃ ရှိသော ငလျင် လှုပ်ခတ်ခဲ့ရာတွင် ပဲခူးမြို့ပေါ်မှ လူဦးရေ ၅ဝဝကျော် သေဆုံးပြီး ရန်ကုန်မြို့ပေါ်မှ လူဦးရေ ၅ဝကျော် သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများ အရ သိရသည်။ ''ပဲခူး ငလျင်တုန်းက အဆောက်အဦးတွေ သိပ်မရှိသေးတဲ့ ကာလမှာတောင် လူ ၅ဝဝလောက် သေတယ် ဆိုတော့ ခုလို ကာလမှာဖြစ်မယ် ဆိုရင် ထိခိုက်ပျက်စီးမှု များလာလိမ့်မယ်''ဟု ဦးစိုးသူရထွန်း က သုံးသပ်ထားသည်။ ငလျင်လှုပ်ခြင်းကို ယနေ့အချိန်အထိ ပညာရှင်များက ကြိုတင်တွက်ဆ ပြောဆို သတိပေးနိုင်ခြင်း အလျဉ်း မရှိသေးသည့် အတွက် မြေငလျင် လှုပ်ခတ်ချိန်တွင် မိမိတို့ ရောက်ရှိရာနေရာတွင် မည့်သို့ လုပ်ဆောင်ရမည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဗဟုသုတ ရရှိစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန် လက်ကမ်းစာစောင်များ ထုတ်ဝေ ထားပြီးဖြစ်သည်ဟု ငလျင်ပညာရှင်များ၏ ပြောဆိုချက်များ အရ သိရှိရသည်။

အတိတ် ငလျင်ကြီးများသည် နှစ်တစ်ရာတွင် တစ်ကြိမ် ပြန်လည် လှုပ်ခတ်တတ်သည် ဖြစ်ရာ ပဲခူးငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်၈ဝ ကျော်လာပြီ ဖြစ်သည့်အတွက် သတိထားရမည့် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်ဟု ဦးစိုးသူရထွန်း က အသိပေး ပြောဆိုလိုက်သည်။ ငလျင်သည် မြို့ပြပေါ်တွင် လှုပ်ခတ်မှု မရှိသော်လည်း ငလျင်လှိုင်း ဒဏ်ရိုက်ခတ်မှု သက်ရောက်လာနိုင်သည့် အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု နည်းနိုင်သည့် အောက်ခံကျောက် ရှိသော ရွှေဂုံတိုင် ဝန်းကျင်နေရာများပင် ကြိုတင် ကာကွယ်ထားမှု မရှိပါက မိုးရွာသည်နှင့် ပြိုကျကာ ထိခိုက်ပျက်စီးမှု ရှိနေသည်ကို ညွှန်းပြနေသည်။ ရွှေဂုံတိုင်မှသည်သာ မဟုတ်ဘဲ မည့်သည့်နေရာ၊ ဒေသတွင်မဆို ကြိုတင် ပြင်ဆင်မှု မရှိခဲ့ပါက သဘာဝ ဘေးဒဏ်မှ လည်စင်းခံ ယုံသာရှိနေကြောင်း ပညာရှင်များက တွက်ဆ ပြောဆိုကြသည်။

သက်တမ်းနှစ် ၁၀ဝကျော် မြန်မာ့အကောက်ခွန် ဦးစီးဌာန အီလက်ထရွန်နစ် လုပ်ငန်းစဉ် စတင်လေ့ကျင့်


မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဌာနများအနက် တစ်ခုအပါအဝင် ဖြစ်သည့် သက်တမ်း နှစ် ၁၀ဝ ကျော်ရှိ မြန်မာ့အကောက်ခွန် ဦးစီးဌာနသည် e - Government (အီလက်ထရွန်းနစ် အစိုးရလုပ်ငန်းစဉ်) ကျင့်သုံးသည့် သန့်ရှင်းသော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေး အလို့ငှာ ကုန်ခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ e-custom စနစ် စတင်စမ်းသပ် ကျင့်သုံးလျှက်ရှိကြောင်း လိုင်စင်ရ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။အဆိုပါစနစ် စတင်ခြင်းကြောင့် အကောက်ခွန်ဌာန၏ လုပ်ငန်းစဉ်များအားလုံး အွန်လိုင်းစနစ်သို့ လုံးလုံး ပြောင်းလဲသွားသည်ဟု မဆိုနိုင်သေးသော်လည်း ယခင်စာရွက်ဖြင့် လျှောက်ထားရသော လုပ်ငန်းစဉ်အချို့ကို e-custom စနစ်ဖြင့် လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန ရုံးပရဝုဏ်အတွင်းမှ wi-fi စနစ်ဖြင့် လည်းကောင်း စတင်ချိတ်ဆက် လျှောက်ထားနိုင်ကြောင်းလည်း 0x158င်းက ဆက်လက် ပြောကြားသည်။အခြားလုပ်ငန်းရှင် တစ်ဦးကမူ ယခုစတင်သည် e-custom စနစ်မှာ လွန်ခဲ့သော ၂၀၀၆ ခုနှစ်ခန့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် စတင်ခဲ့သည့် ကွန်ပျူတာစနစ်ဖြင့် စာရင်းသွင်းခြင်း လုပ်ငန်းနှင့် ဆင်တူပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များ အားလုံးကို ယခင်အတိုင်း စာရွက်စာတမ်းများဖြင့် ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်း The Voice Weekly သို့ မှတ်ချက်ပေး ပြောကြားသည်။မြန်မာနိုင်ငံတွင် e custom လုပ်ငန်းစဉ်စနစ်ကို ယခု ၂၀၁၁ ခုနှစ်အတွင်း စတင်ရန် စီစဉ်ဆောင်ရွက် နေကြောင်းလည်း အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေက နေပြည်တော်တွင် ကျင်းပသည့် အီလက်ထရွန်နစ် လုပ်ငန်းစဉ်များ အရှိန်မြင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။အစိုးရ အုပ်ချုပ်ရေးယန0x081တရားတွင် လာဘ်ပေး၊ လာဘ်ယူမှု များပြားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ပြည်သူများကို 'ရစ်၊ ညှစ်' ခြင်း၊ ပွဲစားများဖြင့် ရုံးလုပ်ငန်းများကို တဆင့်ခံ ဆောင်ရွက်နေရသည့် ဗျူရိုကရေစီ ယန0x081တရားပုံစံများကြောင့် အစိုးရ၏ ဂုဏ်သိက0x081ခာကို ထိခိုက်ခဲ့ပြီး အုပ်ချုပ်မှု ညံ့ဖျင်းသော အစိုးရဟု ခေါ်တွင်ခံခဲ့ရကြောင်း သမ0x081မတရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမောင်က အစည်းအဝေးတွင် ပြောကြားခဲ့သည်ကို The Voice Weekly Vol.( ) No. ( ) တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။လာမည့် ၂၀၁၂ တွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို တစ်နေရာအတွင်း ထည့်သွင်းဆုံးဖြတ် နိုင်ရမည့် National Single Window ဟုခေါ်ဆိုသည့် စနစ်ကို စတင်ရန် အာဆီယံ၏ မူဘောင်များကို သဘောတူ ထားရှိပြီးဖြစ်ရာ ယခုနှစ်တွင်း e-custom စနစ် စတင်ရမည် ဖြစ်သည်။မြန်မာနိုင်ငံ အကောက်ခွန်ဦးစီးဌာနသည် အဆိုပါ e -custom စနစ်ကို အကောက်ခွန်လုပ်ငန်း ဝန်ဆောင်မှု အေဂျင်စီ တစ်ရာကျော်ကို စက်တင်ဘာလ အတွင်းက လေ့ကျင့်သင်တန်းများ ပေးခဲ့ပြီး လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ရေးဆွဲပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် ကွန်တိန်နာတစ်လုံးကို မိနစ် ၃ဝ အတွင်း ထုတ်ယူနိုင်သည်အထိ မူဝါဒများအရ သဘောတူ ထားရှိပြီး အခြားဌာနများကပါ ပူးပေါင်းဆောင်ရွက်မှသာ ယင်းစနစ်ကို ၂၀၁၂ တွင် စတင်နိုင်မည်ဟု အကောက်ခွန်ဦးစီးဌာန အငြိမ်းစားဝန်ထမ်း တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေကို ၁၈၇၈ ခုနှစ်၌ စတင်ပြဌာန်းခဲ့ပြီး အကောက်ခွန် ဦးစီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံတွင် သက်တမ်းရင့် ဌာနများ ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနသည် ယခုအခါ စာရွက်စာတမ်း မလိုသော စနစ်တစ်ခုကို ပြောင်းလဲရန် ပြင်ဆင်လျှက် ရှိသည်။

မြန်မာပို့စ်ဂျာနယ် Vol.3, No.34


The Voice Weekly No.7/ Vol.38


ခိုးကူးခွေဂယက်ကြောင့် ဂီတလောက အသက်ငင်ဆဲ

ခိုးကူးခွေများကို စစ်ဆေးအရေး ယူမှုများရှိနေသော်လည်း ဈေးကွက် အတွင်း၌ ရောင်းချနေဆဲပင်ဖြစ် သောကြောင့် မူရင်းသီချင်းခွေရောင်း အားကျ ဆင်းနေဆဲဖြစ်ပြီး ဂီတ လောကဆုတ်ယုတ်သွားနိုင် ကြောင်း တေးသံသွင်းလုပ်ငန်းရှင် များထံမှ သိရသည်။ ယင်းကဲ့သို့ ခိုးကူးခွေများကို ဖမ်းဆီးရာ၌ အရေးယူမှုများသည် ငွေဒဏ်နှင့် အာမခံကြေးများပြင်းထန် စွာမရှိသည့်အတွက် ဆက်လက် ရောင်းချနေခြင်းဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းဖြင့် ပို၍ အဆင်ပြေလာနိုင်ကြောင်း ဂီတ အစည်းအရုံးမှ အတွင်းရေးမှူးဒေါက်တာ ဦးကိုကိုလွင်ကပြောသည်။ ”ကျွန်တော်တို့ရုံးက အကြံပေး လို့ပဲရတာပါ။ ဖမ်းဆီးအရေးယူတယ် ဆိုတာက အာဏာပိုင်အဖွဲ့အစည်း ကလုပ်ပေးမှ ရတာပါ။ အဓိကက ပြင်းထန်စွာ အရေးယူတာထက် ပြစ်ဒဏ်ချမှတ်တဲ့ ဥပဒေရှိဖို့လိုတယ်”  ဟု၎င်းကပြောသည်။  ဂီတရေစီးကြောင်း၌ ခိုးကူးဂယက်ကို အမြစ်ပြတ်အောင် မပြုလုပ်   နိုင်ပါက ဂီတလောကတစ်ခုလုံး အခြေအနေမကောင်းဘဲ ဆုတ် ယုတ်လာနိုင်ဖွယ်ရှိကြောင်းကိုExcellent Creation မှ တာဝန်ရှိ သူတစ်ဦးကပြော သည်။ တေးထုတ်လုပ်ရေးလုပ်ငန်း များမှ နာမည်ရအဆိုတော်များ၏ အခွေများကိုသာ ထုတ်ပေးလျက်ရှိ ပြီးယခုလက်ရှိတွင် အဆိုတော်များ ကိုယ်တိုင် မိမိအခွေကို အနုပညာ ကိုရှေးရှု၍ ကိုယ်ပိုင်ထုတ်လုပ်ကြ ကြောင်း ချိုကြည်သာတေးထုတ် လုပ်ရေးလုပ်ငန်းမှ မနီလာက ပြောသည်။ ”အခုက ထုတ်လုပ် သူတွေ ကမလုပ်ရဲကြတော့ဘူး။ အခု နောက်ပိုင်းအဆိုတော်တွေက ကိုယ် တိုင်ထုတ်ကြတာများတယ်။ သူတို့ ကလည်းအနုပညာတစ်ခုတည်း အတွက် လုပ်နေကြရတာ။ အနု ပညာကြေးက မထိုက်တန်ဘူးဖြစ် နေတယ်။ ဒီပြဿနာကို အရင်ဖြေ ရှင်းနိုင်မှ ဂီတလောကပြန်အဆင် ပြေလာနိုင်မယ်လို့ ထင်ပါတယ်” ဟု ၄င်းကပြောသည်။  အသက် ၂၁ နှစ်အရွယ် သတ္တဗေဒအဝေးသင်ကျောင်းသား တစ်ဦးက ”အဆိုတော်အသစ်က ဘယ်လိုအခြေအနေ မှန်း မသိတဲ့ အတွက်ကြောင့် ခိုးကူးအရင်ဝယ်ပြီး စမ်းနားထောင်ကြည့်ရတယ်။ နာမည်ရပြီးသား လေးဖြူ၊ အငဲတို့ ကျတော့ ကိုယ်ကကြိုက်နေတော့ ပိုက်ဆံစုပြီးဝယ်ဖြစ်တယ်။ ပြီးတော့ မူရင်းအခွေဈေးနှုန်းက ၁၈ဝဝ၊ ၂ဝဝဝ လောက်ပေးရတော့ ဝယ်တဲ့ သူတွေကလည်း အဆိုတော်ကို အရမ်းကြိုက်မှ ဝယ်ဖြစ်တာ များပါ တယ်” ဟု ၄င်းကပြောသည်။ ယခုနှစ်အတွင်း အခွေထွက်ရှိ မှုများရှိနေသော်လည်း ရောင်းအား မှာ ၂ဝ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။
 မေသီရိ

တောင်းစားသူတို့၏ ကွန်းခိုရာ


အာရှ ဒေသတွင်းရှိ လူကုန် ကူးမှုများသည် ပုံစံ အမျိုးမျိုးဖြင့် ရှိနေရာ ထိုပုံစံ အသွင် သဏ္ဌာန်များသည် လိင်ပိုင်းဆိုင်ရာ၊ လုပ်အားပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အဓမ္မ လက်ထပ် ထိမ်းမြားခြင်း၊ မွေးစားရန် ကလေးများကို ကုန်ကူးခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်းစားရန် ကုန်ကူးခြင်း၊ အကြွေးဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းနှင့် သူတောင်းစား အဖြစ် တောင်းစား ခိုင်းစေရန် လူ ကုန်ကူးခြင်း စသည့် ပုံစံတို့ ဖြစ်သည်။

ကမ္ဘောဒီးယား နိုင်ငံရှိ ကလေးများ လူကုန်ကူးမှု ဖြစ်ရခြင်း၏ ၈၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံ မြို့ကြီးများ၏ လမ်းမများပေါ်တွင် တောင်းရမ်း ခိုင်းစေရန် အတွက်ဖြစ်သည်။ ငယ်ရွယ် သူ တောင်းရမ်း စားသောက်သူများသည် မွေးကင်းစ ကလေးအရွယ်မှ ၁၂ နှစ်သား အရွယ်ထိ ဖြစ်ကြသည်။ ၄င်းတို့သည် တစ်နေ့ကို ၈ နာရီမှ ၁၂ နာရီထိ တောင်းရမ်းကြရသည်။ တစ်နေ့ ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၉ ဒေါ်လာ မှ ၃၂ ဒေါ်လာထိ ရကြသည်။ ထိုင်းဘတ်ငွေနှင့် ဆိုလျှင် ဘတ် ၃၀၀ မှ ဘတ် ၁၀၀၀ ထိ ၀င်ငွေရှိသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ကမ္ဘောဒီးယားမှ တရားမ၀င် ၀င်ရောက် လာသူများသည် လမ်းဘေးတွင် တောင်းရမ်း စားသောက်မှုဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြသူများ ရှိကြသည်။ လမ်းဘေး တောင်းရမ်း စားသောက်သူများကို ပိုက်ဆံ ပေးကမ်းစွန့်ကြဲမှု မပြုလုပ်ကြရန် ထိုင်းအာဏာပိုင်များက ထိုင်းပြည်သူရော၊ ကမ္ဘာလှည့်သူ များကိုပါ အသိပေး တွန်းအားပေးထားသည်။
ထိုင်းနိုင်ငံမှ ပတ္တယားမြို့သည် ကမ္ဘာ လှည့်လည်ပတ်သူများ အတွက် စိတ်ဝင်စားမှု အရှိဆုံး မြို့တစ်မြို့ ဖြစ်သည်။ ထို့အပြင် ထိုမြို့သည် ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် လုပ်ကိုင်ကြသည့် အိမ်နီးချင်း နိုင်ငံများမှ အောက်ခြေသိမ်း အလုပ်သမားများ၊ ငါးဖမ်း လုပ်သားများနှင့် တောင်းရမ်းစား သောက်သူများ၏ ကွန်းခိုရာနေရာလည်း ဖြစ်လာနေသည်။ ထိုမြို့ထဲမှ တောင်းရမ်း စားသောက်သူများကို နှိမ်နင်းနေရာ ၂၀၁၁ ခုနှစ် မေလ ၆ ရက်နေ့  Soi Buakao နှင့် Pattaya Sai 2 တွင် သူတောင်းစား ၃၇ ဦးအား ဖမ်းဆီးနိုင် ခဲ့ကြသည်။ ထိုသူများသည် တရားမ၀င် လာရောက် တောင်းစားနေသူများ ဖြစ်ကြသည်။

အလားတူ ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်များ သွားလာသည့် နေရာများရှိ ကမ္ဘောဒီးယားမှ တရားမ၀င်နေထိုင်တောင်းရမ်း စားသောက် နေသူပေါင်း ၅၀ ကို ဖမ်းဆီး ခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ဖော် ပြောကြားသည်။ ထိုဖမ်းဆီးခံရသည့် ကမ္ဘောဒီးယား နိုင်ငံသား တစ်ဦး ကမူ ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရန် ဗမညေပစေမအေ့နအ နယ်စပ်တွင် နိုင်ငံကူး လက်မှတ် အတုကို ထိုင်းဘတ် ၁၀,၀၀၀ ပေးဝယ်ခဲ့ရသည်ဟု ထွက်ဆိုထားသည်။ ကမ္ဘောဒီးယား နိုင်ငံသားများ တရားမ၀င် ထိုင်းနိုင်ငံ အတွင်း ၀င်ရောက်ရာ လမ်းကြောင်း ၃ ခုရှိရာ ၄င်းတို့မှာ ဗမညေပစေမအေ့နအ နယ်စပ်တွင် Ban Khlong Luek, Bab Nong Prue  နှင့် Ban Ta Phraya  စသည့် စစ်ဆေး ရေးဂိတ်များဖြစ်ကြသည်။ ထိုဂိတ်များမှ တာဝန်ရှိသူများသည် လုပ်ထုံးလုပ် နည်းနှင့်အညီ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသော်လည်း အချို့ဝန်ထမ်း များ၏အကျင့်ပျက်ခြစားမှုနှင့် ထိုင်းလူပွဲစားများမှလည်း အခြားနည်းလမ်း မျိုးစုံဖြင့် ခိုးဝင်၍ရအောင် ကြံဆောင်တင်သွင်းမှုများကြောင့် သွားမြဲ သွားလာနေလျက် ရှိသည်။

ထို Aranyaprathet   နယ်စပ်ပေါက်သည် ဘန်ကောက်သို့ သွားသည့် ရထားဖြင့် တရားမ၀င် သွားနိုင်အောင် လူပွဲစား အေဂျင်စီများက အခြေပြုပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ ဘန်ကောက်မြို့ လမ်းမများပေါ်မှ လမ်းဘေး တောင်းရမ်းစားသောက်သူများကို တာဝန် ရှိသူများက လိုက်လံ နှိမ်နင်းကြသဖြင့် ထိုသူတို့သည် အထူးသဖြင့် Samut Prakarn, Samut Sahkon, Nothaburi နှင့် Chiang Mai ဒေသသစ်ဆီသို့ ပြောင်းရွှေ့ တောင်းရမ်း စားသောက်လာကြသည်။

Pattaya ကမ်းခြေ တစ်လျှောက်တွင် ကမ္ဘာ့လှည့် ခရီးသည်များထံမှ တောင်းရမ်း စားသောက်နေမှုသည် အနှောင့်အယှက် ပေးရာကျသလို ထိုင်းနိုင်ငံ၏ အလှပုံရိပ်ကိုလည်း အကျည်း တန်စေသည်ဟု ထိုင်းရဲအရာရှိများက ဆိုသည်။ ထိုသို့ သူတောင်းစားများ ပေါများ လာခြင်းသည် လူကုန်ကူးမှု ဖြစ်ပွားမှုကို အထောက်အပံ့ ပေးနေသလိုဖြစ်စေသည်။

အကြောင်း အမျိုးမျိုးဖြင့် တရားမ၀င်ဝင် ရောက်လာသူ ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်းဆီး နှိမ်နင်းမှုများ ယခုနှစ် အစောပိုင်းမှ စ၍ ပြုလုပ်လျက် ရှိရာ ဇန်န၀ါရီလတွင် ၅၂၇၀ ဦး၊ ဖေဖော်ဝါရီ လတွင် ၄၉၃၆ ဦး၊ မတ်လတွင် ၆၉၀၉ ဦးနှင့် ဧပြီလတွင် ၇၂၃၂ ဦးတို့ ဖမ်းဆီး အရေးယူနိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံသား တိုင်းသည် တရားမ၀င် လာရောက် နေထိုင်ကြသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူ များထံ သတင်း ပေးပို့ရမည့် တာဝန် ရှိကြသည်။

ထို့ကြောင့် တာဝန်သိ ထိုင်းပြည်သူတိုင်း သက်ဆိုင်ရာသို့ တယ်လီဖုန်းဖြင့် သတင်းပေး ပို့နိုင်ရန် လူသိရှင်ကြား အရေးပေါ်သုံး တယ်လီဖုန်း နံပါတ်များ ကြေညာထားသည်။ Pattaya City Hotline 1337, 038-252751-4 (Immimgration) ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င် ရောက်မှုကို အကူအညီ ပေးသူသည် ထိုင်းနိုင်ငံ ဥပဒေအရ ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ်ဘတ် ငွေတစ်သိန်း ပြစ်ဒဏ် ခံကြရမည် ဖြစ်သည်။

ပတ္တယားမြို့သည် လူကုန်ကူးခြင်း ခံရသော ရွှေ့ပြောင်း သွားလာသူများ အတွက် သိရှိလာကြသည့် ခရီးဆုံး နေရာလည်း ဖြစ်လာသည်။ ထိုင်းအမျိုး သမီးငယ်လေးများ အတွက်ပါ စိုးရိမ်ရသည့်မြို့ဖြစ်လာသည်။ လူကုန်ကူးသူ များသည် ကလေးငယ်များကို အသုံးချကာ တောင်းစား ခိုင်းစေလိုမှုနှင့် အမျိုးသမီး ငယ်လေးများကို လိင်လုပ်ငန်း၌ အသုံးချရန် လူစုဆောင်းလေ့ ရှိသည့် နေရာဖြစ်လာသည်။ လူကုန်ကူးမှုကို အထောက်အပံ့ ဖြစ်စေမည့် သူတောင်းစားများကို ပေးကမ်းမှုများ မလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ က ထိုဒေသတွင် ပညာပေးမှုများ လုပ်ဆောင် လာနေကြပြီ ဖြစ်သည်။
ဝင်းနိုင်ထွန်း
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

ချင်းမိုင် (မဇ္ဈိမ) ။       ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော်
နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟု
လွှတ်တော် အမတ်များက ပြောသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကို
အေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြသည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊  မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊  ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။
lotdaw96
ပြည်ထောင်စု လွှတ်တော်တွင် မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊
ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီး
တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။

မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာ
သာ ကျန်ရစ်သည်။

စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။

သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန"ဟု အမည်
ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခု
တောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။”  ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

မြန်မာပြည်သူတွေအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မြို့ကြီးတွေမှာ ပြသမည်

"They Call It Myanmar" လို့ အမည် ပေးထားတဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းရုပ်ရှင်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ နဲ့ နယူးယောက်မြို့တွေ မှာ မကြာခင် ပြသနိုင်အောင် စီစဉ်နေတယ်လို့ ဒါရိုက်တာ Robert Liberman က အာအက်ဖ်အေကို ပြောပါတယ်။
theycallitmyanmar.com
ကနေဒါနိုင်ငံသား ဒါရိုက်တာ Robert Liberman ရိုက်ကူးသည့် They Call It Myanmar အမည်ရှိ မှတ်တမ်းရုပ်ရှင်။ (theycallitmyanmar.com)
သူ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင်ရုပ်ရှင်နဲ့ ပတ်သက်ပြီး… "ကျနော်ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ တာဝန်ကျခဲ့ဖူးပါတယ်။ အဲဒီအချိန်အတွင်း မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့ အဓိက ထူးခြားချက်က မြန်မာနိုင်ငံသား သာမန် ပြည်သူတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ရိုက်ချက်တွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီး ဒီရုပ်ရှင်မှာ သူ့ရဲ့ ပြောပြချက်တွေကို ထည့်သွင်းတင်ပြထားပါတယ်” လို့ ဒါရိုက်တာ Mr. Liberman က ပြောပါတယ်။

ဒါရိုက်တာ Robert Liberman ဟာ မြန်မာနိုင်ငံမှာ ၃ နှစ်တာ တာဝန်ကျနေစဉ်အတွင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုဆိုင်ရာ နည်းပညာတွေကိုအမေရိကန်သံရုံးကတဆင့် မြန်မာရုပ်ရှင်လောက ပညာရှင်တွေကို သင်ကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

သူ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကို နော်ဝေး၊ ဗြိတိန်၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ အကြိုသဘော ပြသနေပြီး လာမယ့် နိုဝင်ဘာလ ၁၆ ရက် ဝန်းကျင်မှာ နယူးဇီလန်နိုင်ငံမှာ ပြသဖို့အတွက် နယူးဇီလန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ပူးတွဲ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Myanmar, NKorea traded rice for arms: US cable

Myanmar's regime has allegedly exported rice and other agricultural commodities to North Korea in exchange for arms (AFP/File)
BANGKOK — Myanmar's regime has allegedly exported rice and other agricultural commodities to North Korea in exchange for arms, according to a US diplomatic cable released by anti-secrecy website WikiLeaks.
The July 2009 memo from the US embassy in Yangon said that Myanmar had exported about 20,000 tons of rice to North Korea through military-owned Myanmar Economic Holdings Ltd.
According to a well-placed business source, Myanmar "has been exporting rice and other agricultural commodities to North Korea for over five years in exchange for arms," added the cable, which referred to "conventional weapons".
US diplomatic memos released last year by WikiLeaks said Washington has also suspected for years that Myanmar ran a secret nuclear programme supported by Pyongyang.
A UN report published in November said North Korea was supplying banned nuclear and ballistic equipment to Myanmar, along with Iran and Syria.
Myanmar has dismissed reports of its nuclear intentions and brushed aside Western concerns about possible cooperation with North Korea.
A civilian administration has been nominally in charge of Myanmar since March, following a controversial election last year, but its ranks are dominated by former generals.

ဘွဲ့ဖြူလက်နက်အန္တရာယ်

addphoto1
အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ်ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီးကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို


အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များအတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာမြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတစ်ခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တစ်ခုပဲရှိတယ်။

ရေနံဝင်ငွေတွေ


ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများစုက ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရသမျရေနံဝင်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှတွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်း လောက်ရှိနေပြီးကျန် ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းပြည်သူပြည်သူသားများက လှည့်ပတ်သုံးစွဲနေရတာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

လက်ဆုပ်မဖြေကြ


ဓနခွဲဝေမှုကို သင့်တင့်မျှတတဲ့ အချိုးအဆရောက်အောင် ပြုပြင်ဖို့လိုတယ်။ ဒီလိုမလုပ်ရင် ထိန်းမနိုင်သိမ်းမရ အုံကြွမှုတွေဖြစ်လာနိုင်တယ်လို့လည်း သတိပေးကြတယ်။ ဒါပေမယ့်ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေက လောဘမသတ်နိုင်ဖြစ်ပြီး လက်ဆုပ်ကို မဖြေကြဘူး။ ရုရှားက၊ တရုတ်က၊ အမေရိကန်က၊ ဂျာမနီက၊ ပြင်သစ်နဲ့ အီတလီက ၀ယ်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေက သူတို့ကို ကာကွယ်မှုပေးလိမ့်မယ်လို့ ယုံကြည်ပြီး ရေနံဝင်ငွေတွေကို တိုင်းသူပြည်သားများကို မျှဝေခံစားစေမယ့်အစား နိုင်ငံပေါင်းစုံက လက်နက်ကုန်သည်ကြီးတွေ လက်ထဲသာ ထိုးအပ်လိုက်ကြတယ်။

နှင်းဘောလုံးလို


လူတွေဆင်းရဲတွင်း နက်သထက်နက်နေရတဲ့အထဲ ကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းပြုမူမှုတွေက လွန်သလက်လွန်ကဲလာလေတော့ နောက်ဆုံးမှာ မခံမရပ်နိုင်ဖြစ်ကြပြီး ဒီနေ့အခြေအနေမျိုးထိ ရောက်ရှိသွားတော့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိက အကြောင်းအရင်းကတော့ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်ရတဲ့အချက် ဖြစ်တယ်။ ဒီအချက်က သိပ်ကြောက်စရာကောင်းတယ်။ တစ်ဖက်စောင်းနင်းဖြစ်မှု စရှိနေပြီဆိုတာနဲ့ တောင်စောင်းကလှိမ့်ချလိုက်တဲ့ နှင်းဘောလုံးများလို ကြာလေကြီးလေ ဖြစ်လာလေ့ရှိတယ်။ လျော့ပါးသွားတယ်လို့ ဘယ်တော့မှမရှိဘူး။ ငွေတွေကအာဏာရှိသူနဲ့ ပိုက်ဆံရှိသူတွေလက်ထဲကိုသာ ပုံစံအမျိုးမျိုးနဲ့ ရောက်သွားကြတယ်။ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေလက်ထဲ ဘယ်တော့မှရောက်တယ် မရှိဘူး။ဒီလို ဓနဥစ္စာကွာဟချက်ကြီးမားခြင်းက သြဇာအရှိန်အ၀ါကွာခြားချက်ကို ပေါ်ပေါက်စေတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံလူတန်းစားဆိုပြီး ဖြစ်ပေါ်စေတယ်။ အခွင့်ထူးခံတွေက နေရာတိုင်းမှာ အခွင့်ထူးတွေ ခံစားရရှိကြပြီး အပယ်ခံတွေကတော့ တစ်နေ့တခြားဘေးကို ရောက်သထက်ရောက်ကုန်ကြတယ်။
နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီကပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှာမရှိစေရေးဆိုတဲ့ အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ် လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး  . . .

ငွေများတရားနိုင်

အပယ်ခံတွေကလည်း ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ချမ်းသာချင်တယ်။ အခွင့်အရေးတွေ ရချင်တယ်။ အဲဒီတော့ ချမ်းသာကြွယ်ဝတဲ့ အခွင့်ထူးခံ စီးပွားရေးသမားများ လုပ်ခဲ့ကြတဲ့ နည်းလမ်းတွေအတိုင်း အခွင့်ထူးခံစားရဖို့ လာဘ်ပေးလာဘ်ယူတွေ လုပ်လာကြတယ်။ ဒီလိုနဲ့ အကျင့်ပျက်ခြစားမှုတွေ လူတန်းစားအားလုံးဆီ ပျံ့နှံ့သွားပြီး နောက်ဆုံးမှာ ငွေများတရားနိုင်ဆိုတဲ့ အခြေအနေ၊ ငွေက အရာရာကို ဖန်တီးတယ်။  (money makes everything) ဆိုတဲ့ အခြေအနေမျိုးတွေ အထိရောက်ရှိ သွားတော့တယ်။

လှုပ်လေမြုပ်လေ

ဆင်းရဲသားအပယ်ခံတွေမှာတော့ ငွေကအရာရာကို ဖန်တီးတဲ့ခေတ်မှာ လူနဲ့သူနဲ့တူအောင် နေထိုင်နိုင်ဖို့ကို တစ်နေ့တခြား ခက်ခဲသထက် ခက်ခဲလာကြတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လှုပ်လေမြုပ်လေဆိုသလို ဆင်းရဲတွင်းကြီးထဲ နစ်သထက် ပိုနစ်နေကြရတယ်။ ဘယ်လိုမှမတတ်နိုင်ကြလေတော့ အံတကြိတ်ကြိတ်နဲ့ နာကြည်းမုန်းတီးမှုတွေပဲ ရင်ထဲမှာ တစ်နေ့တခြား ကြီးထွားလာကြတယ်။ အဲဒီလိုနဲ့ ကြာလာတော့ သေမထူးနေ မထူးစိတ်ဓာတ်မျိုးတွေ ဖြစ်လာတယ်။  ခါးသီးတဲ့ အမုန်းဆူးတောင်ကြီးတွေ တစ်ချောင်းပြီး တစ်ချောင်းပေါက်လာတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး သွေးရူးသွေးတန်းနဲ့ ထင်ရာဆိုင်းရင်း လုပ်ချင်တာတွေ လျှောက်လုပ်တော့တယ်။ လူသတ်ရမှာလည်း မကြောက်တော့ဘူး။ ကိုယ့်အသက် သေမှာလည်း မကြောက်တော့ဘူး။

သွေးရူးသွေးတန်းလူများ

အဲဒီလို အကြောက်တရားကို လွန်မြောက်သွားတဲ့ သွေးရူးသွေးတန်း (desperate) ဖြစ်နေတဲ့ လူမျိုးတွေကို (desperatedos) လို့ခေါ်ကြတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးတွေကို ဘာနဲ့ ခြောက်ခြောက် မကြောက်တော့ဘူး။ ဘယ်လိုတားတား မရတော့ဘူး။ ထင်ရာလုပ်တော့တာပဲ။ အဲဒါကြောင့်လူတွေကို အဲဒီအဆင့်ရောက်မသွားအောင် ကြိုတင်ကာကွယ်တားဆီးဖို့ လိုပါတယ်။ ဓနခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်နေတာကိုလည်း ပြုပြင်ဖို့လိုတယ်။ အခွင့်ထူးခံလူတန်းစားနဲ့ အပယ်ခံ လူတန်းစားဆိုပြီး ရှိနေသမျှကာလပတ်လုံး အကျင့်ပျက်ခြစားမှုတွေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေဦးမှာ ဖြစ်တယ်။

အဓိကတာဝန်ရှိသူ

အခွင့်ထူးခံလူတန်းစားမရှိဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့အတွက် အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်တို့ ဖြစ်တယ်။

- တရားဥပဒေအပိုင်းက လက်ရှိတည်ဆဲဥပဒေတွေနဲ့တင် လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ရှိနေတဲ့ ဥပဒေတွေကို လိုက်နာစောင့်ထိန်းတဲ့အပိုင်းက ပျက်ကွက်လို့သာ ဒီလိုအခြေအနေမျိုးကို ရောက်နေတာဖြစ်တယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်နှစ်ခုက ဒီပျက်ကွက်မှုကို ပြုပြင်ဖို့လိုတယ်။ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ မကြာမီက ပြောကြားခဲ့ကြတဲ့အတိုင်း တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရ ဆိုတဲ့အချက်ကို တိတိကျကျမှန်မှန်ကန်ကန် လက်တွေ့ကျင့်သုံးကြဖို့ လိုပါတယ်၊ စကားအဖြစ်လေထဲမှာ ကွယ်ပျောက်သွားတာမျိုး မဖြစ်စေသင့်ဘူး။

စံနမူနာပြသင့်

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ၀န်ကြီးဌာနနှစ်ခု ပူးတွဲကိုင်ဆောင်ရတဲ့ ၀န်ကြီးများကိုယ်တိုင်က ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကြည့်တဲ့အနေနဲ့ လစာနှစ်ခု ထုတ်ယူခံစားခြင်းမပြုဘဲ လစာတစ်ခုသာ ထုတ်ယူတယ်လို့ သိရပါတယ်။ အင်မတန်ကောင်းပါတယ်။ အားလုံး အတုယူကြပြီး ၀န်ကြီးဖြစ်လို့ လွှတ်တော်အမတ်ဖြစ်လို့၊ အရာရှိကြီးဖြစ်လို့၊ တရားသူကြီးဖြစ်လို့၊ အာဏာရပါတီဖြစ်လို့ဆိုပြီး အထူးအခွင့်အရေးများ ရယူတာမျိုးမလုပ်ဘဲ စံနမူနာ ကောင်းပြသသင့်တယ်။ အစိုးရဆိုတာ သမ္မတကစပြီး အောက်ဆုံးအဆင့်ဝန်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြတယ်။ ပြည်သူလူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ကျေးဇူးရှင်များထက် အခွင့်ထူးပိုယူတာမျိုး မရှိသင့်ဘူး။

ပြည်သူက ကျေးဇူးရှင်


လွှတ်တော်အမတ်ဆိုတာလည်း ပြည်သူလူထုက သူတို့ကိုယ်စား တိုင်းရေးပြည်မှု ဆောင်ရွက်ဖို့ ရွေးချယ် တင်မြှောက်ထားသူများဖြစ်တဲ့အတွက် ပြည်သူလူထုကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ရရှိခံစားရတဲ့ အခွင့်အရေး အဆောင်အယောင်မှန်သမျှ ပြည်သူ့ဘဏ္ဍာငွေက ထုတ်ယူသုံးစွဲတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးရှင်အဖြစ် ခံယူစွဲမှတ်ရမှာဖြစ်တယ်။ သာမန်ပြည်သူတိုင်း ခံစားရရှိတဲ့ အခွင့်အရေးများထက်ပိုပြီး အခွင့်ထူးခံစားခွင့်မရှိဘူး။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေး လုပ်ဆောင်ပါမယ်လို့ ကတိက၀တ် ပဋိညာဉ်ပြုပြီး အရွေးချယ်ခံခဲ့သူများဖြစ်တာကြောင့် ကိုယ်ကျိုးမကြည့်ရာမှာ အခွင့်ထူးမခံစားရာမှာ ရှေ့ဆောင်လမ်းပြ စံနမူနာကောင်းဖြစ်စေရမယ်။
ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး  . . .

ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံး


နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာလည်း ပြည်ကြီးဝန်ကို  ပြည်ကြီးပခုံး၊ ပြည်ကြီးလက်ရုံးအဖြစ် ထမ်းဆောင်ကြရသူများဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် ပြည်သူ့ဝန်ထမ်းများပင် ဖြစ်ကြတယ်။ တခြားပြည်သူ့ဝန်ထမ်းများလိုပဲ ပြည်သူကို ဦးထိပ်ထားလေးစားရမှာ ဖြစ်တယ်။ ပြည်သူ့ အထက်ကနေချင်လို့ မဖြစ်ဘူး။ ပြည်သူ့ရှေ့က အခွင့်ထူးရယူချင်လို့လည်း မဖြစ်ဘူး။ အလားတူပဲ သတင်းသမားဟာ အစိုးရတစ်ရပ်ရဲ့ လက်ကိုင်တုတ်မဖြစ်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားများရဲ့ အသုံးချခံလည်း မဖြစ်ရဘူး။ စီးပွားရေးသမားများရဲ့ကျေးဇူးခံကျေးဇူးစားလည်း မဖြစ်စေရဘူး။ ဒီခေတ်မှာ ခေတ်စားတဲ့ စပွန်ဆာဆိုတာဟာ စီးပွားရေးသမားက သတင်းမီဒီယာသမားကို လာဘ်ထိုးတဲ့ သဘောဖြစ်တယ်။ စပွန်ဆာလက်ခံရယူတဲ့ သတင်းမီဒီယာသမားဟာ စပွန်ဆာရှင်ရဲ့ မျက်နှာကို အမြဲကြည့်နေရမှာဖြစ်တဲ့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား လုံးဝမဖြစ်နိုင်တော့ဘူး။

ဘွဲ့ဖြူလက်နက်

စပွန်ဆာတွေထဲမှာ အဆိုးဝါးဆုံးကတော့ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ စပွန်ဆာဖြစ်တယ်။ စတိုင်ပင်၊ စကောလားရှစ်၊ ဂရန့်စတဲ့ အမည်အမျိုးမျိုးပေးထားတဲ့ ထောက်ပံ့ကြေးမှန်သမျှဟာ သံရုံးတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေက သူတို့ရဲ့ သစ္စာတော်ခံများအဖြစ် မွေးမြူသိမ်းသွင်းဖို့ အသုံးပြုတဲ့ ''ဘွဲ့ဖြူလက်နက်'' ဖြစ်တယ်။ ''အဏုမြူလက်နက်''လို အလွန်ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာခံဆိုတာ ''ပဉ္စမံတပ်သား'' အငယ်စား (Junior fifth Column) တွေဖြစ်ကြလို့ပါပဲ။ အကြောင်းကြီးငယ်ရှိလာခဲ့ရင် သစ္စာခံများဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထက် သူတို့သစ္စာခံထားတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ ထမ်းရွက်ကြလို့ဖြစ်တယ်။

နားခွက်ကမီးတောက်ပြီးသား

ပြည်သူလူထုကြီးရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ ဘယ်သူ့စပွန်ဆာတို့ စတိုင်ပင်နဲ့ စကောလားရှစ်တို့ ဂရန့်တို့ကိုမှ လုံးဝလက်မခံတဲ့ သတင်းမီဒီယာကိုသာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒါတွေတစ်ခုခုနဲ့ မလွတ်ကင်းရင် စတုတ္ထမဏ္ဍိုင်လို့ မခေါ်နိုင်ဘူး။ ကိုယ့်ဟာကိုယ် စတုတ္ထမဏ္ဍိုင်လို့ ဆိုင်းဘုတ်တပ်ပြီး ဘာတွေပဲပြောနေနေ၊ ဘာတွေပဲရေးနေနေ မြန်မာစာဖတ်ပရိသတ်ကို လိမ်လို့မရပါဘူး။ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးတဲ့ မြန်မာစာဖတ်ပရိသတ် ပြည်သူတွေက ''ချက်ဆိုနားခွက်က မီးတောက်ပြီးသား'' ဖြစ်တယ်။ ဘယ်သူတွေဟာ စတုတ္ထမဏ္ဍိုင်ပီသတယ်။ ဘယ်သူတွေကတော့ ''သစ္စာတော်ခံ'' တွေဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိထားပြီးသားဖြစ်ပါတယ်။

 ကြည့်ရှုခွင့် ပိတ်ထားသော ၀က်ဘ်ဆိုက်အချို့ ပြန်ဖွင့်ပေးသည့် သတင်း အလုံးစုံမှန်ကန်မှု မရှိ

64910
တရုတ်နိုင်ငံမှ အင်တာနက်အသုံးပြုနေသူအချို့
ပြည်တွင်း၌ ကြည့်ရှုခွင့် ပိတ်ပင်ထားသည့် ၀က်ဘ်ဆိုက်အချို့ကို ပိတ်ပင်ခြင်းမပြုတော့ဘဲ ပြန်လည် ကြည့်ရှုခွင့်ရလာခဲ့သည် ဆိုသော သတင်းမှာ အလုံးစုံမှန်ကန်မှုမရှိကြောင်း အင်တာနက်သုံးစွဲသူများ ထံမှ သိရှိရပါသည်။
ပြီးခဲ့သည့် ရက်များအတွင်း ပိတ်ပင်ထားသော ၀က်ဘ်ဆိုက်အချို့ဖြစ်သည့် Youtube ၊ Blogger ၊  Twitter အစရှိသော လူမှုကွန်ရက် ဖျော်ဖြေရေးဝက်ဘ်ဆိုက်များနှင့် irrawaddy ၊ mizzima ၊bbc Burmese နှင့် rfa အစရှိသော ၀က်ဘ်ဆိုက်များကို ပိတ်ပင်ထားရာမှ ပြန်ဖွင့်ပေးခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
“ပြန်ဖွင့်ပေးတာ ဟုတ်လား၊ မဟုတ်လား ဆိုတာတော့ ပြောရခက်ပါတယ်။ ဒီနေ့ရပြီး မနက်ဖြန် မရတော့တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အခုထိတော့ Youtube နဲ့ Twitter က ရနေသေးတယ်။ ကျန်တဲ့ဟာ အများစုကတော့ မရတော့ဘူး။ စမ်းနေတယ်လို့ပဲ ထင်ပါတယ်” ဟု အင်တာနက်ကဖေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။
ပိတ်ပင်ထားသော ၀က်ဘ်ဆိုက်များ ပြန်ဖွင့်ပေးခဲ့သည့်သတင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား မေးမြန်းခဲ့သော်လည်း တာဝန်ယူ ဖြေကြားပေးနိုင်မည့်သူ မရှိခဲ့ကြောင်း သိရပါသည်။
“ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် တချို့ဒီအတိုင်း ကြည့်လို့ရလာပြီဆိုတာက ခဏတာပါပဲ။ ၀က်ဘ်ဆိုက်တွေ ပြန်ပွင့်လာရင်တော့ အကောင်းဆုံးပါ။ မပိတ်သင့်တဲ့ ဆိုက်တွေအများ ကြီးရှိပါတယ်”ဟု ကွန်ပျူတာပညာရှင် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက်တွင် မီဒီယာနှင့်ပတ်သက်ပြီး ပွင့်လင်းမှုရှိသော အခြေအနေတစ်ရပ်သို့ ရောက်ရှိရန် ကြိုးပမ်းနေချိန်၌ အချို့သော ၀က်ဘ်ဆိုက်များကို ပိတ်ထားဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောပြပါသည်။
“ဒီရက်ပိုင်းမှာ ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်တစ်ချို့ ဖွင့်ပေးလိုက်တယ်ကြားတော့ ချီးကျူးမလို့ပဲ ရှိနေသေးတယ်၊ နောက်ရက်မှာ ပြန် ပိတ်သွားတယ်။ ပိတ်ထားတာတွေကတော့ နိုင်ငံရေး ၀က်ဘ်ဆိုက်မှတော့ မဟုတ်ပါဘူး။ တော်တော်များများကို ပိတ်ထားတာ။ တစ်ခါတလေ စဉ်းစားမိတယ်။ ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် ဘာရေးထားတယ် ဆိုတာကို သိရဲ့လား မသိဘူး”ဟု ဦးအောင်လှထွန်းက ပြောကြားခဲ့ပါသည်။
ဦးအောင်လှထွန်းသည် ပြီးခဲ့ သည့် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့် သတင်း စာရှင်းလင်းပွဲတွင် ရိုက်တာသတင်း ၀က်ဘ်ဆိုက်အား ပိတ်ပင်ထားမှုနှင့် အတူ အင်တာနက်ဝက်ဘ်ဆိုက် များ ပိတ်ပင်ထားခြင်းအား မေးခွန်းမေးမြန်းခဲ့သူ ဖြစ်ပါသည်။
“ဒီခေတ်မှာတော့ ပိတ်တယ်ဆိုတိုင်း မလုံတော့ပါဘူး။ အခုလိုပိတ်ထားခြင်းအားဖြင့် နိုင်ငံအတွက် ဂုဏ်သိက္ခာကျစရာ၊ လူငယ်တွေအတွက် နစ်နာဆုံးရှုံးစရာတွေ ပဲ ဖြစ်လာမှာပါ။ နောက်ပြီး နိုင်ငံတော်သမ္မတက လည်း သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အလေးထား ပြောထားခဲ့ပြီးပါပြီ”ဟု ဦးအောင်လှထွန်းက ဆက်လက် ပြောပြပါသည်။
လက်ရှိအချိန်တွင် ဘန်ကောက်ပို့စ်၊ နေးရှင်း၊ စထရိတ်တိုင်းမ် အစ ရှိသော သတင်းစာများကို ပြည်တွင်း ၌တရားဝင်ဖြန့်ချိခွင့် ရရှိထားသော်လည်း အဆိုပါသတင်းစာများ၏ ၀က်ဘ်ဆိုက်များကို  ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းမှာ သဘာဝမကျကြောင်း သတင်းမီဒီယာသမားတစ်ဦးက ပြောပါသည်။ ထို့အပြင် ပိတ်ပင်ထားသော ၀က်ဘ်ဆိုက်များထဲတွင် CNN ၊ ABC ၊ BBC ၊ Reuters အစရှိသော သတင်းဝက်ဘ်ဆိုက်များ ပါဝင်နေခြင်းမှာလည်း ခေတ်နောက်ပြန်ဆွဲသော အခြေအနေဖြစ်နေကြောင်း Weekly Eleven News  ဂျာနယ်မှအယ်ဒီတာချုပ် ကိုဝေဖြိုးက သုံးသပ်ပါသည်။
“CNN ၊ ABC ၊ BBC ၊ Reuters အစရှိတဲ့ သတင်းဝက်ဘ်ဆိုက်တွေ အထူးသဖြင့်တော့ အမေရိကန် သတင်းဝက်ဘ်ဆိုက်တွေ ပိုများနေပါတယ်။ သတင်းတွေကို ကြည့်ချင်တဲ့သူတွေက ကြည့်မရဘူး ဖြစ်နေတယ်။ အခုရက်ပိုင်းမှာလည်း ၀က်ဘ်ဆိုက်တချို့ ဖွင့်တယ်ပြောတယ်။ ပြီးတော့ပြန်ပိတ်သွားတယ်။ ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ရမယ့် အချိန်မဟုတ်တော့ပါဘူး”ဟု Weekly Eleven News သတင်း ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါသည်။
ကြည့်ရှုခွင့် ပြန်ဖွင့်ပေးလိုက်သော ၀က်ဘ်ဆိုက်အချို့တွင် Youtube ၀က်ဘ်ဆိုက် ပါဝင်သော်လည်း ထိုဝက်ဘ်ဆိုက်မှာမူ နှေးကွေးနေသော အင်တာနက်မြန်နှုန်းဖြင့် အဆင်ပြေမှုမရကြောင်း သိရသည်။
“ Youtube နဲ့ Twitter တွေတော့ သုံးဖြစ်တယ်။ ပွင့်လာတာတစ်ပတ်လောက် ရှိပါပြီ။ Blogspot တွေ က ခဏပဲရပြီး ပြန်ပိတ်သွားပါတယ်။ အရင်တုန်းကလည်း ခဏတစ်ဖြုတ် ပွင့်လာတာမျိုး ရှိတတ်လို့ ဖွင့်ပေးတာလား၊ ခဏဖြစ်တာလား ဆိုတာ ကြည့်ရပါဦးမယ်။ နိုင်ငံရေးနဲ့ မဆိုင်ဘဲ အသုံးဝင်တဲ့ဆိုက်တွေ အားလုံးဖွင့်ပေးရင် ပိုကောင်းပါ တယ်”ဟု အင်တာနက် အသုံးပြုသူတစ်ဦးက ပြောကြားခဲ့သည်။

ငွေလဲနှုန်း တရားဝင် သတ်မှတ်ပြီးလျှင် အစိုးရ ဝင်ရောက်ထိန်းကျောင်းမည်

ဘဏ0x081ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ငွေလဲနှုန်း တရားဝင် ပြောင်းလဲ သတ်မှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး ငွေလဲနှုန်း ပေါင်းစည်းရေး ဆောင်ရွက်ပြီးပါက အစိုးရက နိုင်ငံခြားငွေ ဈေးကွက်ကို ဝင်ရောက် ထိန်းကျောင်း ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။ နေပြည်တော်တွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုနှင့် မေးခွန်းများကို ပြန်လည် ဖြေကြားရင်း ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။ လက်ရှိ ပြည်တွင်းတွင် အစိုးရက တရားဝင် သတ်မှတ်ထားသော နိုင်ငံခြားငွေ လဲလှယ်နှုန်း၊ အပြိုင်ဈေးကွက် ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်း၊ ဟွန်ဒီငွေ လဲလှယ်နှုန်း၊ Earning ငွေလဲလှယ်နှုန်း၊ Account Transfer ငွေလဲနှုန်းစသည် ဖြင့် ငွေလဲနှုန်း အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုအခြေအနေများကို ကုစားရန်အတွက် တစ်ခုတည်းသော နိုင်ငံခြား ငွေလဲလှယ်နှုန်းအား သတ်မှတ် ဆောင်ရွက်နိုင်ရန် လိုအပ်လာသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ လဲလှယ်နှုန်း ပေါင်းစည်းရေး လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်း ပေါင်းစည်းရေး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဆောင်ရွက်လျှင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ အခြေအနေများ အပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဦးလှထွန်းက ရှင်းပြသည်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား သတ်မှတ်ရာတွင် နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု အခြေအနေ (GDP)၊ ပြည်တွင်းကုန်သွယ်မှု အခြေအနေ၊ ငွေ ဖောင်းပွမှုနှုန်း၊ နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်ပကြွေးမြီများ အခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ နိုင်ငံတော်၏ သီးသန့်နိုင်ငံခြားငွေ ပမာဏ၊ ဖြစ်ပေါ်လာမည့် နိုင်ငံခြားငွေ ဈေးကွက်ကို တည်ငြိမ်စွာ ထိန်းသိမ်းရန် လိုအပ်သော အတတ်ပညာ၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်၊ အခြေခံ အဆောက်အဦနှင့် လုံလောက်သော ရန်ပုံငွေ ပမာဏတို့ လိုအပ်ပြီး ဘက်စုံထောင့်စုံမှ စဉ်းစားသုံးသပ် ဆောင်ရွက်ရကြောင်း ဦးလှထွန်းက ဆိုသည်။ မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဖွဲ့ဝင် ဖြစ်လာကြောင်း၊ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ မိမိနိုင်ငံတွင် ကျင့်သုံးသည့် စီးပွားရေး မူဝါဒများဖြင့် လိုက်လျောညီထွေမှု ရှိသည့် နိုင်ငံခြားငွေလဲနှုန်း အစီအစဉ်ကို ရွေးချယ်ကျင့်သုံးခွင့် ရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အနေနှင့် နိုင်ငံခြားငွေလဲနှုန်း ရှိသင့်သည်ထက် မြင့်တက်နေလျှင် လျှော့ချသတ်မှတ်ပိုင်ခွင့် ရှိပြီး ရှိသင့်ရှိထိုက်သည့် အဆင့်အောက် လျော့ကျလျှင်လည်း ပြန်လည်ပြင်ဆင် သတ်မှတ်ပိုင်ခွင့် ရှိပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံတိုင်းသည် မိမိတို့ ကျင့်သုံးသည့် ငွေလဲနှုန်း အစီအစဉ် နှင့် ပတ်သက်ပြီး IMF သို့ အသိပေးရန်နှင့် ငွေလဲနှုန်း အစီအစဉ်တွင် မည်သည့် ပြောင်းလဲမှုမဆို IMF သို့ အသိပေးရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။ " မှန်ပါတယ်။ ဦးလှထွန်း ပြောတာက အကျိုးအကြောင်း ဆီလျော်တယ်။ အချိန်ယူရမယ်။ အနည်းဆုံးတော့ ခြောက်လ၊ တစ်နှစ်တော့ အချိန်ယူရမယ်။ တကယ်လို့ အမြန်ဆုံး ဖြစ်ရင်တော့ နောက်ဘဏ0x081ဍာရေးနှစ်သစ် အစမှာ သတ်မှတ်လို့ ရမယ် " ဟု ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုတွင် အတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသူ အသက် ၆၀ ကျော်အရွယ် စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြထား

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များကို အချိန်အခါပေါ် ကြည့်ပြီး ဆက်လက် ထုတ်ပြန်ပေးရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုလည်း တင်ပြထားပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက0x081ကဋ0x081ဌ သူရဦးရွှေမန်းက ဩဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ0x081စမနေ့တွင် ပြောကြားသည်။" မနေ့က ဦးသိန်းညွန့် တင်ပြချက်ထဲမှာ ကျွန်တော့်ကို နာမည်ပြောပြီးတော့ တင်ပြသွားတာရှိပါတယ်။ လွှတ်တော် ဥက0x081ကဋ0x081ဌကြီးက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ဖြစ်သလို ပြည်သူ့လွှတ်တော်ရဲ့ ဥက0x081ကဋ0x081ဌလည်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ဖြစ်သလို ပြည်သူ့လွှတ်တော်ရဲ့ ဥက0x081ကဋ0x081ဌလည်း ဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ကျွန်တော်ဟာ ပြည်သူရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့် အပါအဝင် ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ မပြောခင်ကတည်းက အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီဝင် တစ်ယောက်အနေနဲ့ကော လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ပါ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကို အချိန်အခါ ပေါ်ကြည့်ပြီးတော့ ဆက်လက်ထုတ်ပြန်ပေးဖို့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တင်ပြထားပါတယ် " ဟု ပြည်သူ့လွှတ်တော် ဥက0x081ကဋ0x081ဌက လွှတ်တော်သို့ ပြောဆိုသည်။အဆိုပါ အစည်းအဝေးတွင် အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သဃင်0x081န်းကျွန်းမြို့နယ် မဲဆန0x081ဒနယ်မှ ဦးသိန်းညွန့် တင်သွင်းသော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ0x081မတကို ဤလွှတ်တော်က မေတ0x081တာရပ်ခံရန် အဆိုကို ထောက်ခံဆွေးနွေး တင်ပြခဲ့ကြပြီး ယင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က သဘောတူသဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်ကို အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက0x081ကဋ0x081ဌက ယင်းအစည်းအဝေးတွင် ကြေညာခဲ့သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း (မှတ်တမ်း၊ ရုပ်သံ)



တရုတ် ယူနန်ပြည်နယ် သတင်းဋ္ဌာနနဲ့ CCTV သတင်းဋ္ဌာနတို့က ထုတ်လွှင့်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ်မယ့် ကျောက်ဖြူ၊ ကြပ်ပြေး၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမယ့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း သတင်းဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းနဲ့ စီမံကိန်း ပုံစံပြသရုပ်ဖော် (မှတ်တမ်း၊ ရုပ်သံ)ဖိုင်ပါ...။
ရုပ်သံဖိုင်အောက်မှာ ဆက်လက် ကြည့်ရှုပါရန်...



ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?b251ugebbi2ufe7
ကျွန်တော်တို့ မြန်မာပြည်ရဲ့ ခေါင်းပိုင်းမှာ မြစ်ဆုံဆည် တည်ဆောက်ပြီး မြန်မာပြည်ကို ခေါင်းပိုင်းဖြတ်မယ်..။ အလယ်ပိုင်းကို ဖြတ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ရှိတာ အကုန်သယ်မယ်။ မြန်မာပြည်ရဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ...။ ခေါင်ကိုထိရင် အကုန်စားလို့ ရသလို မြန်မာပြည်ရဲ့ခေါင်းပိုင်း ဧရာဝတီမြစ်ဆုံကို ထိအောင် ပစ်ပြီး မြန်မာပြည်ကို တရုတ်ပြည်ရဲ့ ပြည်နယ်လို့များ သတ်မှတ်လေတော့မလားပဲ...။
ရထားလမ်း စီမံကိန်းကတော့ ၂၀၁၁ခုနှစ် ၄လပိုင်း ၂၇ရက်နေ့က ကြပ်ပြေးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ...။ စေတနာ ကောင်းနဲ့တော့ အလကား ဘယ်သူမှ မဖောက်ပေးပါ...။ လေ့လာကြည့်လေ အရေးကြီးတဲ့စီမံကိန်းတွေ အားလုံး တရုတ်နဲ့ မကင်းလေပါပဲ...။ ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုတာ မိမိကိုယ်ကိုယ် မိမိမှန်ကြည့်လက်ညှိုးထိုး၊ ခေါင်းမော့ တံထွေးထွေးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်လို့ ဆိုရလေမလားပဲ...။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရေးထားတဲ့ စာကတော့ 
ကောင်းမွန်သော စီမံကိန်းများကို ပြုလုပ်ဖန်တီးခြင်းဖြင့် မြန်မာနှင် တရုတ်ပြည်သူများအတွက် ချမ်းသာအကျိုးဖြစ်ပေါ်စေခြင်း တဲ့ဗျို့...။ 

ပြောရဲလိုက်တာဗျာ..

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ မြန်မာစစ်အာဏာရှင်များ၊ 
အဆင်းရဲဆုံး နိုင်ငံမှ ခေတ်ပျက်သူဋ္ဌေးများနဲ့ တရုတ်စီးပွားရေးသမားများ အတွက်ဆိုရင်တော့ မှားအံ့မထင်ပါ...

ဒီမိုဝေယံ...

တောင်ကတုံးကို ရောင်ထုံးမယ်


ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၅၊ ၂၀၁၁
 မြန်မာပြည်ထဲမှာ သစ်တောတွေ ပြောင်တလင်းခါနေတဲ့ တောင်ကတုံးကြီးတွေ တနေ့တခြား တိုးပွားလာနေပြီ။

ကဗျာ့ကဝိအမော် ဆရာကြီး ဇော်ဂျီ သတိပေးပြီး ရေးခဲ့တဲ့ ကဗျာတပုဒ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာတုန်းက မြန်မာပြည် သစ်တောဝန်ကြီးဌာနမှာ ဆောင်ပုဒ်တခုအနေနဲ့ ကိုးကားခဲ့ဖူးတယ်။ ကားလမ်းဘေးတွေမှာလည်း အစိမ်းရောင် ဆိုင်းဘုတ်ကြီးတွေအပေါ်မှာ အဲဒီကဗျာကိုရေးလို့ သဘာဝ သစ်တော ထိန်းသိမ်း ကာကွယ်ရေး ပညာပေးခဲ့ဖူးတယ်။


‘တောပင် ကို တော်တော်ခုတ်
တောပြုတ်လိမ့် နောက်နောင်။
တောပြုတ်လို့ တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။’
တို့လယ်သမား ဗုံထောက်သံ (၁၉၅၉)

ဇော်ဂျီ
(၁၉ဝ၇-၁၉၉ဝ)

အခုတလော မြန်မာပြည်ထဲမှာ ရာသီဥတုတွေက မကြုံစဖူး ဖောက်ပြန်လာနေတယ်။ ‘ဥတုရာသီ တောကိုမှီ’ သတဲ့။ အဲဒီလို ဆိုရိုးစကားရှိခဲ့ပေမယ့် မြန်မာပြည်ရဲ့ ရာသီဥတုက အမှီသဟဲပြုနေရတဲ့ မြန်မာ့သစ်တောကြီးတွေခမျာမှာ မဆင်မခြင် ခုတ်ထွင် ရှင်းလင်းတာကို ခံနေကြရပြီလေ။

မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတလျှောက်က ဒီရေတောကြီးတွေလည်း တနေ့တခြား ဆုတ်ယုတ်လာနေပြီလို့ ဒေသခံတွေက သတိထားမိလာကြတယ်။ အထူးသဖြင့် မီးသွေးဖုတ်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်တဲ့ မြစ်ဝကျွန်းပေါ် အရပ်ဒေသတွေမှာ ဒီရေတောကြီးတွေနဲ့အတူ တချိန်တုန်းက ထူထူထပ်ထပ် သိပ်သိပ်သည်းသည်း ရှိခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်းက သစ်တောအုပ်တွေဆိုတာလည်း အခုအချိန်မှာ တော်တော်ပဲ ပြုန်းတီးကုန်ကြပြီတဲ့။

မြစ်ဝကျွန်းပေါ် ဒီရေတောတွေနဲ့ ကုန်းတွင်းပိုင်းက သစ်တောတွေ

ဒီရေတောထဲက လမုပင်တွေ

‘ကမ္ဘာမီးလောင် သားကောင် ချ နင်း’ ဆိုသလောက်တော့ အခြေအနေက မဆိုးရွားသေးပေမယ့် မြန်မာပြည်အရပ်ရပ်မှာ ကြုံတွေ့နေကြရတဲ့ လောင်စာ၊ ထင်း၊ မီးသွေး ရှားပါးတဲ့ အခက်အခဲ ပြဿနာကို အလွယ်တကူ ဖြေရှင်းကြလို့ရလာတဲ့ ရလဒ်တခုကတော့ ဒီလိုပါ။

တခါတုန်းက မိုင် ၇ဝ အကွာအဝေးရှိတဲ့ ရွှေဘို-မန္တလေး ကားလမ်းဘေး ဘယ်ညာ တဖက်တချက်မှာ အဓိကရ ကုက္ကိုပင်ကြီးတွေ တစီတတန်းကြီး ရှိခဲ့ဖူးတယ်။ အပင်အရေအတွက်ကို မှတ်သားဖို့ နံပါတ်စဉ်အတိုင်း သံပြားချပ်တွေနဲ့ ရေးထိုး ချိတ်ဆွဲထားတဲ့ အဲဒီ ကုက္ကိုပင်ကြီးတွေက ကားလမ်းပေါ်မှာ နေပြောက်မထိုးနိုင်လောက်အောင်ဘဲ စိမ်းစိမ်းညို့ညို့ အုပ်အုပ်ဆိုင်းဆိုင်း၊ အကိုင်းအခက်တွေ၊ အရွက်တွေ ဖားဖား လျားလျား၊ အသီးအပွင့်တွေက ဝေဝေဆာဆာနဲ့ ရှိခဲ့ဖူးတယ်။

‘ကုက္ကိုပင် မြန်မြန်ခုတ် လှည်းလုပ်ပါ့ မောင်’ ဆိုတာမျိုးကတော့ ကလေးကစားစရာဆိုတော့ မထောင်းသာလှဘူးပေါ့။ အခုတော့ ‘မရှိတာထက် မသိတာခက်’ လို့ ဆိုရလေမလား။ ကုက္ကိုပင်ကြီးတွေက အခေါက်တွေကို ထင်းဆိုက်ဖို့ရာအတွက် ခွာယူကြပါလေရော။ အနီးတဝိုက် မလှမ်းမကမ်းမှာ ရွာတွေ၊ လူနေအိမ်ခြေတွေရှိနေပေမယ့် ဒီလိုလုပ်နေတာတွေကို တားမြစ်မယ့်သူလည်း မရှိ။ မြင်တွေ့နေသူတွေက ကိုယ်တိုင်ပဲ ပါဝင်နေသလားလည်း မသိနိုင်တော့ပြီ။

နောက်ဆုံးမှာတော့ ကုက္ကိုပင်ကြီးတွေခမျာမှာ အရှင်လတ်လတ် အခြောက်ခံထားသလို သင်းသတ်ခံကြရရှာတယ်။ ကိုင်းဖျား ကိုင်းနားတွေပါ ချိုးဖဲ့ယူငင်သွားကြပြန်တော့ အဲဒီ ကုက္ကိုပင်ကြီးတွေရဲ့ ဒီကနေ့အခြေအနေက အရိုးပြိုင်းပြိုင်းနဲ့ မမြင်ရက် မရှုရက်စရာပါပဲ။

မရှိတာထက် မသိတာခက်

‘သိလျက်နှင့်ပင် ဝိပါက် ကြမ္မာငင်’ တာကတော့ မြန်မာ့သစ်တောကြီးတွေထဲက ကျွန်းနဲ့ သစ်မာ၊ ဘိုင်သားပါမကျန် သစ်အမျိုးမျိုးကို မဆင်မခြင် ထုတ်ယူတာပါပဲ။ 

သိလျက်နှင့်ပင် ဝိပါက် ကြမ္မာငင်တော့

သစ်ပင်တွေ မြေတွင်းဓာတ်တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ချီလေတဲ့ ချီလေ၊ တောင်တန်းတွေ ကျော်ကာ လှမ်းလို့

တောပင် ကို တော်တော်ခုတ်ပါ့

တောပြုတ်လိမ့် နောက်နောင်

တောပြုတ်လို့ တောပြောင်လျှင်

လက်ဘနွန်ပြည်ဖွား စာဆိုကြီး ‘ခါလေး ဂျီဘရမ်’ က ‘သစ်ပင်တွေဆိုတာ ကောင်းကင်ပြင်ကြီးရဲ့ အပေါ်မှာ ကမ္ဘာမြေကြီးက ရေးဖွဲ့ သီကုံးလိုက်တဲ့ ကဗျာတွေပေါ့။ ကျုပ်တို့က သစ်ပင်အားလုံးကို ဖြိုလှဲချလိုက်ပြီး စက္ကူရွက်တွေလုပ်လိုက်တဲ့အခါ၊ အဲဒီ စက္ကူတွေအပေါ်မှာ ကျုပ်တို့ရဲ့ ဗလာနတ္ထိဘဝ ရောက်သွားတဲ့အဖြစ်ကို မှတ်တမ်းတင်ကြရုံပါပဲ’ လို့ ရေးခဲ့တယ်။

“Trees are poems that Earth writes upon the sky.
We fell them down and turn them into paper,
that we may record our emptiness.”

Kahlil Gibran 
(1883-1931)

‘ငါ့စကား နွားရ’ ဝါဒကို ကိုင်စွဲပြီး ဘယ်သူသေသေ ကိုယ် မာချင်တဲ့ ‘ငတေ’ တွေက ‘အရိပ်နေနေ အခက်ချိုးချိုး’ အကျိုးရယ် အကြောင်းရယ် မဆင်ခြင်ဘဲ တနပ်စားဉာဏ်နဲ့ ‘ဘ နဖူး သိုက်တူး’ သလို ဆက်လုပ်နေကြမယ်ဆိုရင်တော့ မြန်မာပြည်ထဲက ရှိရှိသမျှ သစ်တောတွေလည်းပြုန်း၊ တောင်တွေ အားလုံးလည်း တက်တက်ပြောင်လို့ တောင်ကတုံးကြီးတွေချည်းပဲ ဖြစ်ကုန်ကြတော့မယ်လေ။

တောပြောင်ပြောင်နဲ့ တောင်ကတုံးကြီးတွေ

တောပြုတ်လို့ တောပြောင်လျှင် မိုးခေါင်တော့မှာပဲ

မိုးခေါင်လို့ ရေမကြွယ် သဲပင်လယ် ဖြစ်လိမ့်မလွဲ

အမေရိကန်ပြည်ထောင်စု ၄၅ ကြိမ်မြောက် ဒု-သမတ ဖြစ်ခဲ့သူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှုဘက်တော်သား အယ်(လ)ဂေါ က ‘ဟန်ချက်ညီစေ ကမ္ဘာမြေ’ (Earth in the Balance) စာအုပ်ကို ၁၉၉၂ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တယ်။

‘သစ်ပင်စိုက်တယ်ဆိုတဲ့ သရုပ်သကန်က တိကျပီပြင်တဲ့ အသွင်သဏ္ဍန်ကို ဆောင်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ယဉ်ကျေးမှုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွင်းက အများနဲ့သက်ဆိုင်ရာ ခွန်အားလည်း ပါရှိနေပါတယ်။ အသည်းအသန်ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ဖြစ်ရပ်ကို ဖြေရှင်းစရာ ဖန်တီးဖို့ အရေးမှာ ယောက်ျား၊ မိန်းမ၊ ကလေးငယ်တွေ ကိုယ်စီကိုယ်ငှ ပူပေါင်းပါဝင် လုပ်ဆောင်ကြရမယ့် နည်းလမ်းတခုပါ’ လို့ အဲဒီစာအုပ်ထဲမှာ ရေးထားပါတယ်။

“The Symbolism – and the substantive significance – of planting a tress has universal power in every culture every society on earth, and it is away for individual men, women and children to participate in creating solution for the environmental crisis.”
Earth in the balance: Ecology and the Human Spirit

Albert Arnold “Al” Gore, Jr.

ဘီစီ ၅ဝဝ လောက်က တရုတ်ကဗျာဆရာကြီးတယောက် ရေးထားခဲ့တဲ့ ရှေးစာတပုဒ်မှာတော့ ‘ရှေ့လာမယ့် တနှစ်တာအတွက်ပဲ စဉ်းစားရင် မျိုးစေ့ကလေး တစေ့လောက် ပျိုးလိုက်ပေါ့။ ရှေ့လာမယ့် ဆယ်နှစ်တာကာလအတွက် စဉ်းစားပြီဆိုရင်တော့ သစ်ပင်တပင်ကို စိုက်ပါလေ’ လို့ ညွှန်းဆိုထားခဲ့ပါတယ်။

“If you are thinking a year ahead, sow a seed.
If you are thinking ten years ahead, plant a tree.”
Chinese poet: 500 BC

သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ

၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်၊ နှစ်ပေါင်း ၂၀ ကာလ အတောအတွင်းမှာ မြန်မာ့သစ်တောတွေ ၁၉ ရာခိုင်နှုန်းထက်မနည်းဘဲ ပြုန်းတီးခဲ့ရတဲ့ သင်ခန်းစာကို ထောက်ရှုပြီး ‘သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့’ ဆိုတဲ့ မြန်မာပြည်သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်တခုအတိုင်း သစ်တောတွေကို လက်တွေ့ကျကျ စိုက်ပျိုး ထိန်းသိမ်းကြပါစို့။


ဒီကနေ့မြင်ကွင်း နဲ့ နောက်နှစ်ပေါင်း ၃ဝ ကြာတဲ့အခါ မြင်ကွင်း

အဲဒီ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး သဘောတရားကို တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက်မှာလည်း နည်းလမ်းယူသင့်လှပါတယ်။ မိဘ ဘိုးဘွားတွေက ကိုယ့်ရဲ့ အမွေအနှစ်တွေကို ‘ဆိုးမွေလည်းခံ၊ ကောင်းမွေလည်းစံ’ ဆိုသလို၊ နောင်လာ နောက်သားတွေအတွက် လက်ငုတ် လက်ရင်း ချန်ခဲ့ကြတဲ့အခါမှာ ကောင်းမွန်တဲ့ မျိုးစေ့တွေကိုသာ မြင့်မြတ်တဲ့ စိတ်နှလုံးနဲ့အတူ စွဲစွဲမြဲမြဲ အမြစ်ချခဲ့ကြဖို့ပါပဲ။

သေချာတာတခုကတော့ သစ်ပင်စိုက်တဲ့သူတွေက အဲဒီသစ်ပင်တွေရဲ့ အရိပ်အာဝါသအောက်မှာ ဘယ်တော့မှ နားခိုရလိမ့်မယ် မဟုတ်တာပါ။ ရလာမယ့် အေးရိပ်နဲ့ အသီးအပွင့် အကျိုးအမြတ်တွေကို တကိုယ်ရေ ချမ်းသာကြွယ်ဝရေးအတွက် လုံးဝ မမျှော်ကိုးဘဲ လူကြီးသူမတွေက သစ်ပင်အမျိုးမျိုးကို စိုက်ကြပြီဆိုရင်တော့ အဲဒီ အသိုင်းအဝိုင်း၊ အဖွဲ့အစည်း၊ တိုင်း၊ နိုင်ငံက တိုးတက် ဖွံ့ဖြိုး ဝေစည်တော့မှာ မလွဲဧကန်ပါပဲ။

“A society grow great when old men plant trees
whose shade they know they shall never sit in”
Greek Proverb

တောင်ကတုံးကို ဒီလို ရောင်ထုံးမယ်

‘သစ်တပင်ကောင်းရင် ငှက်တသောင်း ခိုနားနိုင်’ သတဲ့။ ‘ပျက်အစဉ် ပြင်ခဏ’ ဆိုတဲ့ စကားအတိုင်းပဲ မြန်မာပြည်ထဲက တောပြောင်ပြောင်နဲ့ တောင်ကတုံးကြီးတွေကို တနေ့မှာ ရောင်ထုံးနိုင်ကြဖို့အတွက် ကျုပ်တို့တတွေ ဒီကနေ့ သစ်ပင်စိုက်ကြပါစို့။

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) ရွှေဘိုလမ်းက ကုက္ကိုပင်များ ဓာတ်ပုံ၊ ရန်ဝင်း (တောင်တံခါး)
(၂) သစ်တောဆိုင်ရာ ဓာတ်ပုံများ၊ အင်တာနက် Google Search
(၃) www.myanmarteak.gov.mm
(၄) www.mongaby.com
(၅) www.wikipedia.com
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်