ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လေယဉ် ပစ်ချခံရခြင်းဖြစ်၊ ဗြိတိသျှတို့ လုပ်ကြံဟု ယူဆရ


ကုလသမဂ္ဂနှင့် အာဖရိကတိုက်၏ လျှို့ဝှက်ဆန်းကြယ် သမိုင်းမြှုပ်ကွက်တခု အသစ်ပေါ်ထွက်လာပြန်ပြီ ဖြစ်သည်။ ၎င်း မှာ ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး (Dag Hammarskjold) စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် မှတ်တမ်းတင်ထားသကဲ့သို့ သွေးရိုးသားရိုးပျက်ကျမှုမျိုး မဟုတ်ဘဲ ပစ်ချလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး ယခု ဖောက် ထုတ်တွေ့ရှိရသည့်ယူဆချက်အသစ်မှာ လွတ်လပ်သည့်သုတေသီတဥိးဖြစ်သည့် ဆွီဒင်နိုင်သား၏ လေ့လာဆန်းစစ်ချက် များအရ သိရှိရခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်ငါးဆယ် (၁၉၆၁) ခုနှစ်က မြောက်ရိုဒီရှား (Northern Rhodesia) (ယခုဇမ်ဘီယာ now Zambia) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် လေယာဉ်ပျံပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါလာသူ (၁၅) ဦးလုံး သေဆုံးခဲ့ရသည်။ ယခုတွေ့ရှိချက်များအရ ထိုပျက်ကျမှုမှာ သာမန်ပျက်ကျမှု မဟုတ်ဘဲ ထိုစဉ်ကမြောက်ရိုဒီရှားကိုလိုနီ အာဏာပိုင် ဗြိတိသျှတို့က ပစ်ချလုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းတွေ့ရှိရသည့် အချက်အ လက်များက ညွန်ပြလျက်ရှိသည်။
ထိုပျက်ကျမှုနှင့်ပတ်သက်၍ ဗြိတိသျှစုံစမ်းရေးကော်မရှင်က လေယဉ်မှူး၏အမှားအဖြစ် သတင်းပို့ မှတ်တမ်းတင်ခဲ့သည်။ ဗြိတိသျှကော်မရှင်၏စုံစမ်းချက်များကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ကလည်း ဆက်လက်အတည်ပြုခဲ့သည်။ ထိုကော် မရှင်နှစ်ခုတို့သည် လေယဉ်ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ အဖြစ်မှန်ကို ဖော်ထုတ်ပေးနိုင်မည့် အဓိက မျက်မြင်သက်သေဖြစ်သည့် အနီးဝန်းကျင်မှ ကျေးရွာသားများကို မေးမြန်းမှတ်တမ်းတင်ခြင်းမပြုခဲ့ပေ။ ထိုသက်သေ များ၏ပြောဆိုချက်များကို ငြင်းပယ်ခဲ့သည်။ ယခုတွေ့ရှိရသည့် အချက်အလက်များမှာ ယခုတိုင် သက်ရှင်လျက်ရှိသော ထိုစဉ်က မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အခြေခံထားသည်။ ထိုမျက်မြင်သက်သေတို့၏ ထွက်ဆိုချက် များအရ တွေ့ရှိလာရသည့် အချက်အလက်သစ်များမှာကြီးမားသည့် လုပ်ကြံမှုကြီးဖြစ်နေသည့်အတွက် သုတေသီက ဆက်လက်စုံစမ်းဖော်ထုတ်ရန် စိုးရိမ်ကြောက်လန့်နေသည်။
လေယဉ်ပျက်ကျသည့် ဒိုလာ (Ndola) မြို့စွန် ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်သူများ၏ ပြောကြားချက်အရ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် ဒီစီ-၆ (DC6) လေယာဉ်ကို ဒုတိယမြောက်လေယာဉ် အသေးစားတ စီးမှ ပစ်ချခဲ့ခြင်းဖြစ်သည်ဟု တညီတညွတ်တည်း ထွက်ဆိုခဲ့ကြသည်။ မြောက်ရိုဒိရှားဗြိတိသျှ အာဏာပိုင်များက လေ ယာဉ်ပျက်အား ရှာဖွေတွေ့ရှိကြောင်း ရားဝင်ထုတ်ပြန်ကြေငြားခြင်းမပြုမီအနီးဝန်းကျင် နယ်မြေအာ စစ်တပ်မှ ဝန်းရံပိတ် ဆို့လိုက်ပြီး ကျေးရွာသားများအား အဓမ္မခြိမ်းခြောက် မောင်းထုတ်ပစ်ခဲ့သည်။
ယခုတွေ့ရှိရသည့် အချက်အလက်များသည် ဇိုရမ်ဗော့ဒါးဆို (Goran Bjorkdahl,)သည့် ဆွီဒင်အမျိုးသား၏ တကိုယ်တော် လေ့လာစုံစမ်းမှုများအရ ပေါ်လာရခြင်းဖြစ်သည်။ ဇိုရမ်သည် အဆိုပါဒေသတွင် အမှုထမ်းခဲ့သော ပုဂ္ဂိုလ် တဦး၏ သားဖြစ်ပြီး ၎င်းဖခင်၏ပြန်လည်ပြောပြချက်များကြောင့် ဤလေယာဉ်ပျက်ကျမှုကို စုံစမ်း ဖော်ထုတ်ရန် စိတ် အားထက်သန်ဖြစ်ခဲ့ရသည်။ ၎င်းက “ကျနော့်အဖေဟာ ဇမ်ဘီယာမှာ ၁၉၇၀ လောက်မှာ တာဝန်ကျခဲ့တယ်။ လေယဉ် ပျက်ကျတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ ဒေသခံတွေနဲ့ တွေ့တဲ့အချိန်မှာ ဒီအဖြစ်ပျက်ကို စုံစမ်းကြည့်ခဲ့တယ်။ ရွာ သားတဦးက လေယာဉ်အပိုင်းအစတခုကိုပေးပြီး သူတို့ မျက်မြင်တွေ့ ရှိချက်တွေကို ပြောပြခဲ့တယ်။ အဲဒီ့အချိန်ကစပြီး ကျနော် ဒီကိစ္စရဲ့ အဖြစ်မှန်ကို သိချင်လာတယ်။ တကိုယ်တော် စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”
မစ္စတာဇိုရမ်ဗော့ဒါးသည် ကျေးရွာသားများ၏ ထွက်ဆိုချက်များအပြင် လေယဉ်ပျက်ကျခဲ့သည့် ၁၉၆၁ ခုနှစ် စက်တင် ဘာ ၁၇ ရက် မတိုင်မီရက်များအတွင်းက ဗြိတိသျှကြေးနန်းဆက်သွယ်မှတ်တမ်းများကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ ထိုကြေးနန်းများအရ ဗြိတိသျှနှင့် အမေရိကန်တို့သည် ကတန်ဂါ (Katanga) အရေးအခင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များကို အလွန်ဒေါသ ထွက်ခဲ့ကြောင်းတွေ့ရသည်။ စိန်၊ ကြေးနီ၊ ယူရေနီ ယံနှင့် သယံဖာတပေါကြွယ်ဝသည့် ကတန်ဂါသည် ကွန်ဂို (Congo) နိုင်ငံမှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသည်။
ထို ကတန်ဂါ ခွဲထွက်ရေးစစ်တွင် ဗြိတိသျှ၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့မှ ကြေးစားစစ်တပ်များဖြင့် အလုံးအ ရင်း အားပေးထောက်ခံခဲ့ကြသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် (၁၆၁) အရ ထိုကြေစားတပ်များ ကတန်ဂါမှ ထွက် ခွာသွားရန်နှင့် ထွက်ခွာခြင်းမပြုပါက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မျာမှ တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက် အား အကောင်အထည်ဖော်၍ ကြေးစားတပ်များအား တိုက်ခိုက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆုံးဖြတ်အ မိန့်ပေးခဲ့သည်။ တည်ကြည်၍ ကိုယ်ပိုင်အမြင်နှင့် လွတ်လပ်စွာဆောင်ရွက်တတ်သည့် ဆွီဒင်နိုင်ငံသား အတွင်းရေးမှူး ချုပ်သည် ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြစ်သော ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကို စိတ်အားထက်သန် ဆောင်ရွက် တတ်လေ့ရှိသည်။ ထိုသို့ ၎င်း၏ဆောင်ရွက်ချက်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် အင်အားကြီးနိုင်ငံများ၏ မျက်မုန်းကျိုးခြင်း ခံခဲ့ရသည်။ ၎င်းမှာ သေဆုံးစဉ်ကာလ၌ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ရွေး ချယ်တင်မြောက်ခံရဖို့ သေချာသလောက်အခြေအနေတွင် ရှိနေသည်။
သုတေသီ ဇိုရမ်ဗော့ဒါးက ၎င်းစုံစမ်းဖော်ထုတ်တွေ့ရှိချက်မျာကို နိဂုံးကောက်ချက်ပြုရာတွင် “ဒက်ဟမ္မားရှိုးရဲ့ လေယဉ် ကို အမည်မသိ ဒုတိယလေယာဉ်က ပစ်ချခဲ့တာ အခိုင်အမာဖြစ်တယ်။ ဗြိတိသျှ ရိုဒီရှားကိုလိုနီ အာဏာပိုင်တွေရဲ့ လုံခြုံရေးတပ်တွေက ရှာဖွာကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောက်နှေးအောင်လုပ်ခဲ့တယ်။ ပြီးတော့ အနီးဝန်းကျင် နယ်မြေတွေကို ပိတ်ဆို့ရှင်းလင်းတယ်။ တွေ့ရှိပြီးအချိန် အတော်ကြီးကြာမှ တရားဝင် ကြေငြာခဲ့တယ်။ လေယဉ်ပျက်မှာ ပျက်ကျ မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ တဦးတည်းသော ပုဂ္ဂိုလ်ကိုလည်း ဆေးဝါးကုသတာ အသေအချာမလုပ်ဘဲ ရတဲ့ ဒဏ်ရာတွေနဲ့ သေသွားအောင် တမင်ပစ်ထားခဲ့တယ်။” ၎င်း၏ နောက်ဆုံးအချိန် ကာလအတွင်း ဒက်ဟမ္မားရှိုးက ဗြိတိသျှ သံအရာရှိတဦးသည် ခွဲထွက်ရေး ကတန်ဂါ သူပုန်များအား လျှို့ဝှက်ထောက်ခံနေပြီး ကုလသမဂ္ဂကြီး ကြပ်မှုဖြင့် ဆွေးနွေးအဖြေရှာသည့် ကြိုးပမ်းမှုများကို ဟန့်တားနှောက်ယှက်နေသည်ဟု သံသယဖြစ်ခဲ့သည်။
ကတန်ဂါ သူပုန်များအား တိုက်ခိုက်ရန် ဆုံးဖြတ်အမိန့်မပေးမီ အတွင်းရေးမှူးချုပ်အား ထိုသို့ ဆုံးဖြတ်ပါက အမေရိ ကန်နှင့် ဗြိတိသျှ အင်္ဂလိပ်တို့က အလွန်အမျက်ထွက်စိတ်ဆိုးကြလို့မည်ဟု ၎င်း၏ အကြံပေးများက အတွင်းရေးမှူးချုပ် အား သတိပေးခဲ့သည်။ ထိုကြားမှ တိုက်ခိုက်ရန် အမိန့်ကိုပေးခဲ့ခြင်း ဖြစ်သည်။ ပျက်ကျသည့် လေယာဉ်ခရီးစဉ်မှာ တိဗြိသျှ တို့၏ အစီအမံဖြင့် နိုဒါမြိ့တွင် ကတန်ဂါ သူပုန်များနှင့်တွေ့ဆုံရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိချက်များသည် ထိုစဉ်က မျက်မြင်ကိုယ်တွေ့ သက်သေများဖြစ်သည့် ယခုအခါ အသက် (၇၀)မှ (၈၀) အကြား ရှိ ကျေးရွာသားများ၏ ထွက်ဆိုချက်များကိုအခြေခံသည်။ ထိုပုဂ္ဂိုလ်များအား ယခင်က မည်သူတဦးတယောက်က စုံ စမ်းမေးမြန်းခဲ့ခြင်း မရှိပေ။ အသက် (၈၄) နှစ်ရှိ မျက်မြင်သက်သေတဦးဖြစ်သည့် မစ္စတာဒါတန်ဘီဝီ (Dickson Mbewe) သည် အခင်းဖြစ်ပွားစဉ်ညက ၎င်း၏ အိမ်ျေရှ့တွင် မိတ်ဆွေများထိုင်၍ စကားပြောနေခဲ့သည်။ ထိုစဉ် “လေယာဉ်ပျံတဦး က လေယဉ်ကွင်းပေါ်မှာ ဝဲနေတာတွေ့လိုက်တယ်။ ပထမတော့ အလေးမထားမိဘူး။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတော့ သတိထားမိတယ်။ လေယဉ်ပျံပျံကွင်းက ဆင်းသက်ခွင့်မပေးလို့ ဝဲနေတာလို့ထင်တယ်။ သိပ်မကြာဘူး နောက်ထပ် လေ ယဉ်ပျံတစင်းပေါ်လာတယ်။ အဲဒီတစင်းက သေးတယ်။ ပိုပြီးတော့လည်းမြန်တယ်။ ရှေ့ကလေယာဉ်ပျံကြီးနောက် ကို မောင်းလိုက်သွားတယ်။ အနီးကပ်ရောက်တော့မှ မီးရှူးမီးပန်းတွေ လွတ်လိုက်တယ်။ ပြီးတော့ တခြားတဖက် ကို မောင်းထွက်သွားတယ်။ ရှေ့ကလေယဉ်ပျံကြီးကတော့ ပျက်ကျသွားတယ်။” ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ မစ္စတာ ဘီဝီမှာ မီးသွေးဖုတ်သမားတဦးဖြစ်ပြီး နောက်မနက် ငါးနာရီခန့်တွင် လေယဉ်ပျက်ကျရာအနီးရှိ ၎င်း၏ မီးသွေးဖိုသို့ သွားရာ စစ် သားများ ရောက်ရှိနေပြီး အားလုံးကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။ သို့သော် ရိုဒီရှားး အာဏာပိုင် များက လေယဉ်ပျက်ကို ရှာဖွေတွေ့ရှိကြောင်း နေ့လည်သုံးနာတွင်မှ တရားဝင်ကြေငြာခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် “လူဖြူစစ်သားတစုက လူသေအလောင်းတခု ကို ရှေ့နှစ်ယောက် နောက်နှစ်ယောက် သယ်သွားတယ်။ ပြီးတော့ အဲဒီနေရာကို ဘယ်သူ့မှ နေခွင့်မပေးတော့ဘူး။” တချို့ပြောတာကတော့ လေ ယာဉ်ပျက်က တယောက်တော့ အသက်ရှင်နေသေးတာ တွေ့ခဲ့ရတယ်။ ဘီဝီသည် ထိုအကြောင်းနဲ့ ပတ်သက်၍ မည် သူ့ကိုမျှ ပြန်လည်ပြောပြခြင်း မရှိခဲ့ပေ။ “ကြည့်ရတာ အခြေအနေတွေ က အေးအေးဆေးဆေး ပုံမှန်မဟုတ်ဘူး။ အဲဒီ့ အနီးဝန်း ကျင်မှာရှိတဲ့ ကျုပ်တို့အားလုံး ခြိမ်းခြောက် မောင်းထုတ် ခံခဲ့ရတယ်။ ကြောက်တာနဲ့ ရဲစခန်းလည်း သွားသတင်းမပို့ရဲဘူး၊ သွားရင်တော့ အသေအခြာ အဖမ်းခံရမှာပဲ။”
မျက်မြင်သက်သေ နောက်တဦးမှာအသက်(၇၅)နှစ်ရှိ မစ္စတာချီပိုရာ (Custon Chipoya) ဖြစ်သည်။ ၎င်းမှာလည်း မီးသွေး ဖုတ်သမား တဦးပင်ဖြစ်သည်။ ၎င်းကလဲ ပထမလေယဉ်ကြီးကို ဒုတိယလေယဉ်ပျံက ပစ်ချခဲ့ကြောင်း သက်သေခံ ပြောကြားခဲ့သည်။ “ဂျိုးဂျိုး ဂျိမ်းဂျိုမ်းအသံနဲ့ လေယာဉ်ပျံတစီးကို တွေ့လိုက်တယ်။ လေယာဉ်ထဲက မီးရောင်တွေကို တောင်ရှင်းရှင်းကြီးတွေ့နေရတော့ ဆင်းဖို့လုပ်နေတာလို့ ကျနော်ကထင်ခဲ့တယ်။ ဒါပေမယ့် လေယာဉ်ပျံက နောက်တ ခေါက်ထပ်ပြီးတော့ ဝဲလာပြန်တော့ ကျနော်တို့အားလုံးက အလေးထား ကြည့်လိုက် မိတယ်။ တတိယခေါက်ဝဲလာပြီး လေဆိပ်ဆီကို ဦးတည်ပျံနေတဲ့အချိန် လေယာဉ်ပျံလေးတစီး ရုတ်တရက် ပေါ်လာပြီး လေယဉ်ကြီးနောက်ကို လိုက် သွားတယ်။ အဲဒီလေယာဉ်ပျံက ဂျက်လေယာဉ်ဖြစ်ဖို့များတယ်။ လေယာဉ်ကြီးနောက်ကို ရောက်တာနဲ့ မီးရှူးမီးပန်းလို ဟာတွေ ပစ်ပြီး ဆန့်ကျင်ဘက် အရပ်ကို မောင်းသွားတယ်။” “အဲဒီနောက် ရှေ့ကလေယာဉ်ပျံကြီး မီးစလောင်တယ်။ နောက်တော့ ပေါက်ကွဲသွားတယ်။ အစအနတွေက ကျနော်တို့ဘက်ကိုတောင် လွင့်လာပြီး သစ်ပင်က သစ်ကိုင်းတွေ တောင် ပြတ်ကျကုန်တယ်။ ကျနော်တို့လည်း စစ်ဖြစ်နေတာလို့ ထင်ပြီး ထွက်ပြေးခဲ့ကြတယ်။” မနက် ၆ နာရီတွင် ထိုနေ ရာသို့ ရောက်စဉ်၌ ရဲနှင့် စစ်တပ်မှ ထိုနေရာအား ဝိုင်းဝန်းပိတ်ဆို့နေသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။
ထိုစဉ်က မြောက်ရိုဒီရှားကိုလိုနီအစိုးရမှ အဖြစ်အပျက် စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကော်မရှင်သည် အထက်ပါမျက်မြင်သက်သေများအား မေးမြန်းစုံစမ်းခြင်း မပြုလုပ်ခဲ့သကဲ့သို့ တွေ့ရှိချက်များအား စုံစမ်းရေးကော်မရှင်သို့ သတင်းပို့ကြရန်  အများပြည်သူတို့အား ကြေငြာဖိတ်ခေါ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ထို့အပြင် အများပြည်သူတို့အကြား လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြောဆိုမှုများအား သွယ်ဝိုက်သောနည်းများဖြင့် ပိတ်ပင် ခဲ့သည်။ အဖြစ်အပျက်နှင့် ပတ်သက်သည့် မျက်မြင်သက်သေတချို့ပင် ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း မျက်မြင်သက် သေတဦးဖြစ်သည့် အသက် (၇၅) နှစ်ရှိ ဂျွန်ဂွန်ဂို (John Ngongo)က ပြောကြားခဲ့သည်။ အဆိုပါ ဒီစီ-၆ လေယာဉ်၌ စီးနင်းလိုက်ပါလာသော အတွင်းရေးမှူးချုပ် ဒက်ဟမ္မာရှိုးအပါအဝင် ၁၅ ဦးရှိသည့်အနက် တဦးသာ အသက်ရှင် ကျန် ခဲ့သည်။ ၎င်းမှာ အတွင်းရေးမှူးချုပ်၏ လုံခြုံရေးဝန်ထမ်း အမေရိကန်တပ်ကြပ်ကြီး ဟာရိုးဂျူလီယံ (Harold Julian) ဖြစ်သည်။ တရားဝင် မှတ်တမ်းများအရ ၎င်းမှာလည်း ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။ သို့သော် ၎င်းအား ကုသခဲ့ရသည့် ဒေါက်တာမာ့ခ်လော်ရင်သယ် (Mark Lowenthal) ကမူ ၎င်းရရှိသည့် ဒဏ်ရာများမှာ ကယ်တင်ကုသ နိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ ဒေါက်တာမာ့ခ်က “ဒီလောက် ရှည်လျားလှတဲ့ ကျွန်တော့်ရဲ့ ဆရာဝန် သက်တမ်းမှာ စံတင်လောက်တဲ့ အံ့မခန်း ကုသမှုဆိုင်ရာ ချွတ်ချော်ပျက်ကွက်မှု ဖြစ်ပါတယ်။ ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အမေရိကန်တွေ သူတို့နိုင်ငံသားတယောက် ဒဏ်ရာရနေတာကို ဘာကြောင့် ကယ်ဆယ်ရေး အစီအမံတွေ မလုပ်သလဲ။ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး သေမလို ဖြစ်နေတဲ့ သူ့နိုင်ငံသား တယောက်အတွက် ကယ်ဆင်ရေးလေယာဉ် လွှတ်မ ပေးခဲ့တာလဲဆိုတာ အဲဒီ့အချိန်ကတော့ ကျနော် မစဉ်းစားမိခဲ့ပါဘူး။” ဟု သုတေသီ ဗော့ဒါးထံ အီးမေးလ်ဖြင့် အကြောင်း ကြားခဲ့သည်။ ဆက်လက်ပြီး ၎င်း၏ အီးမေးလ်တွင် “ကျနော်ကတော့ နောက်ငါးရက်အကြာမှာ နိုဒါးမြို့က ထွက်ခဲ့ရတယ်။ တပ်ကြပ်ကြီး ဟာရိုးဂျူလီယံက မသေခင်မှာ ဝေဟင်မှာ လျှပ်ပျက်သလို မီးပန်းတွေကို တွေ့လိုက်ရပြီး ပေါက်ကွဲသံ တခုကိုပါ ကြားလိုက်ရကြောင်း ရဲတွေဆီမှာ ထွက်ဆိုသွားတယ်။” ဟု ဒေါက်တာမာ့ခ်က ဆိုသည်။ သုတေသီဗော့ဒါးက ၎င်း၏ သုတေသနစာတမ်းတွင် အတွင်းရေးမှူးချုပ် စီးနင်းလာသည့် လေယာဉ်သည် အဘယ့်ကြောင့် ဆင်းသက်ခွင့် မရဘဲ နိုဒါးလေဆိပ်တွင် အကြိမ်ကြိမ်ပျံဝဲနေရသနည်း။ လောလောလတ်လတ် အသစ်တပ်ဆင်ထားသည့် လေကြောင်း ထိန်း မျှော်စင်၏ အသံဖမ်း တိတ်ခွေမှတ်တမ်း၌ အဘယ်ကြောင့် လေယဉ်ပျက်ကျမှု အဖြစ်အပျက်ကို မှတ်တမ်းမတင် ခဲ့သနည်း။ အဖြစ်အပျက်နှင့် ပတ်သက်၍ အဘယ်ကြောင့် နောက် ၃၃ နာရီကြာမှ တမ်းတမ်းတင်ခဲ့သနည်းဆိုသည့် အ ချက်များကို မေးခွန်းထုတ်ထားသည်။
ထိုမှတ်တမ်းအရ ထိုစဉ်က ရိုဒီရှားနှင့် ညာဆာလန်းဆိုင်ရာ ဗြိတိသျှ မဟာမင်းကြီး ကုဘာ့သ်အယ်ပို့တ် (Cuthbert Alport) သည် အခင်းမဖြစ်ပွားမီညနေ၌ လေဆိပ်သို့ရောက်လာပြီး “အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးဟာ (နိုဒါးလေ ဆိပ်တွင် ဆင်းသက်မည့်) စိတ်ကူးပြောင်းသွားပြီး တခြားတနေရာသို့ သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် လေဆိပ်မန်နေဂျာက တစုံတရာနှိုးဆော်ခြင်း မပြုခဲ့ခြင်းကြောင့် ဝန်ထမ်းများ ပြင်ဆင်မှုမလုပ်ဘဲ အိပ်ရာ ဝင်ခဲ့ကြကြောင်း မှတ်တမ်းတင်ရေးထားသည်။ ဗြိတိသျှတို့၏ မသင်္ကာဘွယ် ကြံစည်ဆောင်ရွက်မှုများသည် အခင်းမ ဖြစ်ပွားမီ ရက်များစွာကပင် ပြုလုပ်နေကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။
တရားဝင်အားဖြင့်ဗြိတိသျှတို့သည် ကတန်ဂါအရေးအခင်းတွင် ကုလသမဂ္ဂ၏ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံခဲ့သော် လည်း နောက်ကွယ်၌မူ ခွဲထွက်ရေးသူပုန်များကို အားပေးထောက်ခံနေသည်။ စေ့စပ်ဆွေးနွေးပွဲများကို နှောက်ယှက်နေ သည်ဟု အတွင်းရေးမှူးချုပ်နှင့် ၎င်း၏လက်ထောက်များက ယုံကြည်ကြသည်။ အကြောင်းမှာ ကတန်ဂါရှိ သတ္ထုတွင်း များမှ ဗြိတိသျှတို့၏အကျိုးစီးပွားများနှင့် လူဖြူကိုလိုနီများအား ထောက်ခံ၍ ဖြစ်သည်။စက်တင်ဘာ(၁၃))ရက်နေ့ မနက်ပိုင်းတွင် ကတန်ဂါ ခွဲထွက်ရေး သူပုန်ခေါင်းဆောင် မွန်ဆီ ရွှန်ဘေ (Moise Tshombe) က ကုလသမဂ္ဂ၏ ကြား ဝင်ဆောင်ရွက်မှုကို လက်ခံလိုက်နာရန် အရိပ်အမြွက်ပြခဲ့သော်လည်း ကတန်ဂါဆိုင်ရာ ဗြိတိသျှကောင်စစ်ဝန် ဒင်ဇယ် ဒွန်းနစ်(Denzil Dunnett)နှင့်တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် စိတ်ကူးပြောင်း၍ငြင်းဆန်သွားခဲ့သည်။
ဆိုဗီယက်၊ ပြင်သစ်နှင့် ကွန်ဂိုနှင့် ကတန်ဂါကိုလိုနီပိုင်ရှင်ဟောင်း ဘယ်လ်ဂျီယံတို့၏ ဖယ်ကြဉ်မှုကို ခံနေရသော မစ္စတာ ဒက်ဟမ္မာရှိုးသည် ကတန်ဂါသူပုန်များနှင့် ၎င်းတို့တွင် ပါဝင်နေသော ပြည်ပ ကြေးစားစစ်သားများအား တိုက်ခိုက်ရန် မော်သော်စစ်ဆင်ရေး (Operation Morthor) အားဆင်နွှဲရန် ၎င်း၏ဆုံးဖြတ်ချက်ကြောင့် ဗြိတိသျှနှင့်အမေရိကန်တို့ အားဒေါသအမျက် ထွက်စေခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတကနေဒီသည် အတွင်းရေးမှူးချုပ်၏ဆုံးဖြတ်ချက်ကို အကြီးအကျယ်ဝမ်းနည်းကြောင်း မိမိလည်း ထို့အတူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဒင်းရပ်စ် (Dean Rusk) က ဟမ္မားရှိုး၏ လက်ထောက်တဦးအား ပြောကြားခဲ့သည်။
မည်သူက လုပ်ကြံသည်ကို အတိအကျ မသိနိုင်သော်လည်း ခိုင်လုံသော အချက်များအရ အတွင်းရေးမှူးချုပ်မှာ လုပ်ကြံ ခံရခြင်း အသေအခြာပင်ဖြစ်သည်။ ထိုတွေ့ရှိချက်များအရ လုပ်ကြံမှု နောက်ကွယ်၌ အနောက်တိုင်း အင်အားကြီး နိုင် ငံများ ပါဝင်ပါတ်သက်နေကြောင်း သုတေသီဗောဒါးက နိဂုံးကောက်ချက်ချထားသည်။
ကွန်ဂိုနိုင်ငံ၏ ပေါကြွယ်ဝသည့် သယံဇာတများနှင့် ၎င်းအပေါ်မှ အနောက်နိုင်ငံများ၏ ကြီးမားသည့် အကျိုးစီးပွားများမှာ အာဖရိကန်လူမည်း လွတ်မြောက်ရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် ခြိမ်းချောက်ခံနေရသည်။ လက်လွတ်ဆုံးရှူံး မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သို့သော် လူဖြူများက ထိုအကျိုးစီးပွားကို အငန်းမရ ဖက်တွယ်ရန် အားထုတ် ကြိုးပမ်းမှုများက ဤလုပ်ကြံသတ်ဖြတ်မှု၏ အခြေခံအကြောင်းတရားပင် ဖြစ်သည်။
မစ္စတာဒက်ဟမ္မာရှိုးမှာ ကုလသမဂ္ဂ၏ ပဋိညဉ်စာတမ်းနှင့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ယုံကြည်၍ အခိုင်အမာ ရပ်ခံသူတဦးဖြစ်သည်။ ၎င်း၏ ကြေးနန်းနှင့် ပုဂ္ဂိုလ်ရေးပေးစာများအရ မစ္စတာဟမ္မာရှိုးသည် အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကောက်ကျစ်သည့် စရိုက်များကို စက်ဆုတ်စိတ်ပျက်မိကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။ ဤသု တေသနစာတမ်းအရ ဖော်ထုတ်တွေ့ရှိရသည့် အချက်များနှင့် ပတ်သက်၍ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနမှ သမိုင်း ရေးရာ အရာရှိတဦးကမူ ဤစာတမ်းပါ စုံစမ်းတွေ့ရှိချက်များကို တစုံတရာ ဝေဘန်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ရွှေရိုး
(အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကျယ်စရိုက်နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရန် ဘာမဆိုလုပ်တတ်သည့် အမူအ ကျင့်ကို သတိပြုနိုင်ရန်အတွက် အင်္ဂလန်ဂါးဒီယန်းသတင်းစာ (August 19, 2011 ) ၌ ပါရှိသော Julian Borger နှင့် Georgina Smith  တို့၏ UNchief’s plane ‘was shot down’ ကိုဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

မြစ်ရေစီးသံ နာခံလော့

ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှဘဲ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။
ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ္ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှ ထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ဘဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။
ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။
ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်)ရွှေမန်းတို့၊ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်းသား တွေကိုလွှတ်ချင်ပါတယ်။ အခုတော့မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီး ကိုပြောလိုက်သတဲ့။ (၂၃)နှစ်ရှိနေတာတောင် အခြေအနေတွေကမကောင်းသေးဘူးလား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ၊ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေလိမ်တာပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ် ထင်ပါရဲ့။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့ တံဆိပ်တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့အာမခံမှ လွှတ်ပေးမယ်လို့ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကိုကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင်မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက်မခံချင်ရင်မငိုနဲ့လို့ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။
ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမလားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်း သုံးပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။
ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာ ယူစရာတွေအပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့အတော်တူတဲ့ ကုန်းဘောင်ခေတ်ကမင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန် အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမဲ့သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ်ရမဲ့သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။
အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲဖြစ်တယ်။
ဒီနေ့စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပကအသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လိုလို့ပေါင်းနေတဲ့မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘ တခုတည်းအတွက်  မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ကမ္ဘာ့သုဉ်းတဲ့အထိကျွန်ဖြစ်ကြဘို့ဘဲရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံးဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန် ကကျစ် မျက်လှည့်ပွဲတွေရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်းနည်း အကင်းပါးတဲ့သူတိုင်းမြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းကဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုး စုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဘို့ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားကဒီတခါ အသုံးမဝင်နိုင် တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့်သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။
နောက်အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက် တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကိုသိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။
ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့နောက်တချက်က စစ်အုပ်စုဟာတဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ပဲ နိုင်ငံတကာဝင်ဆံ့ဖို့အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ  ဒီအကြံအစည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူ ပိတ်ဆို့မှု ဆန်ရှင်တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီးဗိုလ်နေဝင်းနဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။
အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။
လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေနဲ့မှသာဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့လိုက်လျောတဲ့သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲ က ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။
“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)

ရဲဘော်ကျော်သန်း
၂၉၊ ၈၊ ၂၀၁၁။

ဆိုးသွမ်း ဘောလုံးပရိသတ်များ ပြစ်ဒဏ် နှစ်ဆချမည်









football_holligianဆိုးသွမ်း ပရိသတ်များကြောင့် ပွဲစဉ်ဖျက်သိမ်း ခဲ့ရသည်အထိ ဖြစ်ခဲ့ရသော အိုမန်- မြန်မာ ဘောလုံးပွဲစဉ် ဖြစ်ရပ်ကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ မှ စတင်ကာ ဆိုးသွမ်းပရိသတ်များကို ပြစ်ဒဏ်နှစ်ဆ ချမှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။ဘောလုံးပြိုင်ပွဲအတွင်း ညစ်ညမ်းစွာ ဆဲဆိုသူများနှင့် အရာဝတ0x081ထုများဖြင့် ပစ်ပေါက်သူများကို ဓာတ်ပုံများ ရိုက်ယူ မှတ်တမ်းတင်ကာ တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း၊ ယခင်က အဆိုပါ အမှုများအတွက် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး မဆောင်ပါက ထောင်ဒဏ် ၁၅ ရက် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက လက်ရှိ ဥပဒေကို ရှင်းပြသည်။မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှ ယခုအချိန်အထိ ဆိုးသွမ်း ဘောလုံးပရိသတ် ၉၂ ဦးကို တရားစွဲဆို အရေးယူပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မှတ်တမ်းများအရ သိရသည်။

ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ

စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို တနင်္လာနေ့က စပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ စတင် ဖြန့်ဝေမယ်လို့ သတင်းရရှိပါတယ်။
Image: RFA
စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုသည့် “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ် မျက်နှာဖုံးပုံ၊ ဒီဇိုင်း- သီဟမောင်မောင်။ (Image: RFA)
ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင် ရောက်ရှိလာတဲ့ စာရေးဆရာ သန်းဝင်းလှိုင်က သူ့စာအုပ်ကို အမည်ပေးခဲ့ပုံနဲ့ ပတ်သက်ပြီး RFA ကို ရှင်းပြပါတယ်။

“၈၈ ကနေ ဒီနေ့အထိ ၂၃ နှစ် ကာလမှာ လူထုကို ဦးဆောင်ဦးရွက်ပြုပြီး ပြည်သူလူထုနဲ့ အတူ ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီ မိခင်ကြီးလို့ပဲ ခံယူပါတယ်။ ကျနော်ခံယူသလို လူထုကလည်း ဒီလိုပဲ သတ်မှတ်တာပေါ့။ သမိုင်းမှာ သူက အမျိုးမျိုး အစမ်းသပ်ခံ၊ အမျိုးမျိုး ဖြတ်သန်းလာပြီးတော့ သူ့ရဲ့ စေတနာနဲ့ ကျနော်တို့က မှတ်တမ်းတင်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ ခေါင်းစဉ်ရွေးတော့လည်း ‘ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်’ဆိုတဲ့ ဒီခေါင်းစဉ်ကိုပဲ ရွေးလိုက်တာပါ”

စာမျက်နှာ ၂၉ဝ ကျော်ရှိတဲ့ ဒီစာအုပ်မှာ အခန်း ၁၄ ခန်း ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာပုံ၊ နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ကာလ၊ နဝတ အမျိုးသားညီလာခံ၊ ဒီပဲယင်းလုပ်ကြံမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေလက်ရာများ၊ အခု နောက်ဆုံး ပြန်လွတ်လာပုံနဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ၊ ဒေါ်အောင်ဆန်းစုကြည် ရခဲ့တဲ့ဆုတွေ၊ အဆိုအမိန့်တွေ စသဖြင့် ဖော်ပြထားပါတယ်။

တနှစ်ခွဲကျော် ပြုစုခဲ့တဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို မဲဆောက်အခြေစိုက် BMC စောနေမင်းက တာဝန်ယူ ထုတ်ဝေတာဖြစ်ပြီး အခမဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

စာအုပ်မျက်နှာဖုံးကို ဒီဇိုင်း-သီဟမောင်မောင်က ဖန်တီးရေးဆွဲထားပြီး ရှေ့ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာအနီးကပ်ပုံနဲ့ နောက်ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကချင်ဝတ်စုံနဲ့ ပုံကို ဖော်ပြထားပါတယ်။

Who is Luc Besson’s “Lady”? And can new film affect Myanmar’s politics?

Luc Besson, France’s answer to Steven Spielberg and Jeffrey Bruckheimer, and a filmmaker more known for ass-kicking chick flicks “Le Femme Nikita” and “The Professional” than political consciousness, has a new kind of movie about female strength: “The Lady,” a sweeping bio-pic about the Burmese pro-democracy leader Aung San Suu Kyi.
Who is that you might ask?

If you don’t follow Myanmar’s political situation—and how many of us do (the film doesn’t have a U.S. distributor)—Myanmar is right now in the news in a big way, with Suu Kyi, who was under house arrest for 21 years until she was released in November 2010, seen as playing a key role in reshaping the country’s political future. The movie couldn’t be more timely.
“The Lady,” which premieres at the Toronto International Film Festival on Sept 12 and opens the Rome Film Festival on October 27, recounts Suu Kyi’s political and personal struggles as she fought against the country’s oppressive military leadership (we can certainly expect a reenactment of an incident in which her motorcade was attacked by “200 men” “wielding metal chains, metal batons, stones and other weapons” (Wikipedia). International star Michelle Yeoh (pictured, in the movie’s poster, who plays the famous leader) reportedly was blacklisted from Myanmar for her role in the film, and deported when she flew to the country in June.
But recent events suggest the country could be inching away from totalitarianism: On Sunday, it was announced that Myanmar’s capital would host a European film festival from October 22-29 (no word if “The Lady” is screening) and the New York Times published a story just last week that reported Thein Sein, the former general who was elected president in February, has proposed peace talks with rebel groups, met with leading dissidents, and loosened rules on media censorship.
In article in the Wall Street Journal on Friday, Aung San Suu Kyi is quoted as saying, “I think the president wants to achieve real positive change.”
While reports are skeptical of substantive political transformation within the nation, Besson’s film could keep up the pressure on the country’s autocratic rulers by keeping Suu Kyi in the limelight, galvanizing her supporters, and bringing her plight to a wider Western audience.

Aung San Suu Kyi - Lady of No Fear | Official Trailer

ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းရုပ်ရှင်



မှတ်တမ်းရုပ်ရှင်ကို ဖန်တီးတဲ့ ဒါရိုက်တာ

ရှေ့တပတ်အင်္ဂါနေ့ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Aung San Suu Kyi _ Lady of No Fear ပြသမယ်၊ ဒီရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာ Anne Gyrithe Bonne နဲ့ အမေးအဖြေ ပြုလုပ်နိုင်ကြမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဆိုပါတယ်။
(မီရှဲယိုးသရုပ်ဆောင်တဲ့ The Lady ဇာတ်ကား မဟုတ်ပါ)

ဒီ တနာရီကြာတဲ့မှတ်တမ်းကားက သူ့ရဲ့ မိသားစုဘ၀ကို ပုံဖော်ထားတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ စ ဖြန့်ပါတယ်။
ဒီကားကို ဖန်တီးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုကို ချည်းကပ်ရတာ အချိန် အတော်ပေးခဲ့ရတယ်လို့ ဒါရိုက်တာက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေ မီဒီယာမှာ မပါစေချင်တဲ့အတွက် သားတော်မောင်နှစ်ယောက်ကို စာနယ်ဇင်းတွေနဲ့ မတွေ့ဖို့ မှာထားတဲ့အတွက်ကြောင့်ပါ တဲ့။
ဒါရိုက်တာက အချိန်ယူပြီး၊ တဆင့်ပြီးတဆင့် ဆောင်ရွက်ခဲ့တဲ့နောက်ပိုင်း
ဒီမှတ်တမ်းရုပ်ရှင် ရိုက်ဖြစ်သွားတာပါ။

နမူနာ ၄ မိနစ်စာကို http://www.youtube.com/watch?v=MhIhYSTuh2U မှာ ကြည့်နိုင်ပါတယ်။



ဓာတ်ပုံတွေကို မှတ်တမ်းရုပ်ရှင်ဝက်ဆိုက် http://www.ladyofnofear.com/about-film က ယူပါတယ်

နန်မာဒိုလ် တိုင်ဖုန်းမုန်တိုင်း ထိုင်ဝမ်ကျွန်းဆီ ဦးတည်နေ

ထိုင်ဝမ်ကျွန်းမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်ကို ရွှေ့လာတဲ့ မုန်တိုင်းဒဏ်ကို ရင်ဆိုင်နေကြရပါပြီ။ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာတုန်းက လူဇုန်ကျွန်း (Luzon) မှာ ရက်နဲ့ချီ မိုးသည်းထန်စွာ ရွာခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရပြီးပါပြီ။
ဒီနေ့ ညနေပိုင်းမှာတော့ တဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ မုန်တိုင်းဟာ တိုင်ပေမြို့ကနေ မိုင် ၁၅၀ ကျော် အကွာကို ရောက်နေပြီလို့ မိုးလေ၀သ ခန့်မှန်းသူတွေက ဆိုနေကြပါတယ်။
ထိုင်ဝမ်အစိုးရ သတင်းဌာနတွေကလည်း ပင်လယ်ကမ်းခြေ ဒေသတွေမှာ ရွှေ့ပြောင်းမှုတွေ ဆက်လုပ်နေတာကို သတင်းထုတ်ပြန်ပေးနေပါတယ်။
ဒီ နန်မာဒိုလ် (Nanmadol) တိုင်ဖုန်းမုန်တိုင်းဟာ မနက်ဖြန် တနင်္လာနေ့ညနေ သို့မဟုတ် အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ကြီး ခေါင်စီယွန်း (Khaosiung) ကို ၀င်ရောက်တိုက်ခတ်ဖို့ ခန့်မှန်းထားကြပါတယ်။ နိုင်ငံ အရှေ့ဘက်ကမ်းခြေကို မတိုက်ခင်မှာ ဒီမြို့ကို စပြီးတိုက်မှာ ဖြစ်ပါတယ်။
စနေနေ့ မနက်ပိုင်းတုန်းကတော့ တနာရီ မိုင် ၉၀ ကျော်နှုန်းရှိတဲ့ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။
မြောက်ပိုင်း လူဇုန်က တောင်ထူထပ်ပြီး ဝေးကွာတဲ့ ဒေသတွေက သတင်းတွေ ရောက်လာဖို့ ရှိနေချိန်မှာ ဖိလစ်ပိုင် အရာရှိတွေဘက်ကလည်း သေကျေ ဒဏ်ရာရတဲ့သူတွေ တိုးလာနေတယ်လို့ ခန့်မှန်းနေကြပါတယ်။
လက်ရှိ ထိခိုက်ခံစားခဲ့ရတဲ့ အထဲမှာတော့ ရွှံ့မြေပြိုရာမှာ သေခဲ့ရတဲ့ ကလေးတွေ အများအပြား ပါတယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ဆိုကြပါတယ်။ နောက်ထပ် ၆ ဦးလည်း ဒီနေ့အထိ ပျောက်ဆုံးနေပြီး ပင်လယ်ထဲ မျောပါသွားနိုင်တယ်လို့ အရာရှိတွေက ယူဆနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ကျွန်းပေါင်း ၁၁ ခုမှာ လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ မုန်တိုင်းဒဏ် ခံနေကြရပြီး မီးပြတ်တာနဲ့ ကြုံနေကြရပါတယ်။

အိုင်ရင်းန်မုန်တိုင်း နယူးယောက်မြို့ကို ၀င်ပြီး အားပျော့သွားပြီ

အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်း တလျှောက်လုံးကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ရင်းန် (Hurricane Irene) ဟာ အင်အားပျော့ပြောင်းတဲ့ မုတ်သုံမုန်တိုင်းအဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ နယူးယောက်မြို့ကို ဖြတ်သွားတဲ့ အချိန်မှာတော့ မိုးသည်းပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု အဖြစ်နဲ့ ဖြတ်သွားခဲ့ပါတယ်။
မုန်တိုင်း စတင်ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းကတော့ မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ်ထဲကို တနာရီ မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အတွက် သစ်ပင်တွေကြိုးကျ၊ လျှပ်စစ်မီးတွေ ပြတ်တောက် ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၈ ဦး သေဆုံးခဲ့သလို ကုန်းကြောင်း၊ လေကြောင်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ မိုးရွာပြီး မြေကြီးတွေ ပျော့နေရာက လဲကျလာတဲ့ သစ်ပင်တွေ ပိမိပြီး သေဆုံးကြတာ များတယ်လို့ ဆိုပါတယ်။
ဟာရီကိန်း အိုင်ရင်းန်ဟာ နယူးယောက်မြို့ကို ၀င်ရောက် တိုက်ခတ်တဲ့ အချိန်မှာ အင်အားပြင်းပြီး တနာရီ မိုင် ၇၀ နှုန်းလောက် ရှိမယ်လို့ အမျိုးသား ဟာရီကိန်း လေ့လာစောင့်ကြည့်ရေး ဌာနက ခန့်မှန်းထားခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ မိုးမျှော် အဆောက်အဦးတွေဟာလည်း အောက်ထပ်တွေထက် အပေါ်ထပ်က မုန်တိုင်းဒဏ်ကို ပိုခံရနိုင်တယ်လို့ မိုးလေ၀သ ပညာရှင်တွေက ပြောပါတယ်။
မုန်တိုင်းနဲ့ ပါလာတဲ့ မိုးဒဏ်ကြောင့် နယူးယောက်မြို့ အတွင်းကိုလည်း ရေတွေ ၂ လက်မခွဲလောက်အထိ ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် မန်ဟက်တန်အတွင်း ရေကြီးပြီး လူတွေ အတော်လေး ဒုက္ခရောက်နိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့က မြေအောက် မြို့ပတ်ရထားလမ်းတွေလည်း မနေ့ကတည်းက ပိတ်ထားခဲ့ရပြီး ဖြစ်ပါတယ်။
နယူးဂျာစီ (New Jersey) ပြည်နယ်အတွင်းက ကမ်းရိုးတန်းဒေသ တလျှောက်မှာလည်း ရေကြီးနိုင်တဲ့အတွက် အဲဒီဒေသမှာ ရှိတဲ့သူတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်စ် ခရစ်စ်တီး (Chris Christie) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အိုင်ရင်းမုန်တိုင်း အားပျော့သွားပြီ

အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ကို ဝင်ရောက်တိုက်ခတ် နေတဲ့ အိုင်ရင်း ဟာရီကိန်း မုန်တိုင်းဟာ အားလျော့သွားပြီ ဖြစ်ပြီး၊ မိုးလေဝသ ပညာရှင်တွေက ဒီမုန်တိုင်းကို ဟာရီကိန်းအဆင့်ကနေ မုတ်သုန်ရာသီ မုန်တိုင်းအဆင့်အဖြစ် လျှော့ချ သတ်မှတ်လိုက်ပါပြီ။အစောပိုင်းကတော့ အိုင်ရင်း ဟာရီကိန်း မုန်တိုင်းဟာ လေပြင်းတွေနဲ့ အတူ မိုးကြီးတွေ ပါရွာသွန်းပြီး နယူယောက်မြို့ကို ဝင်ရာက်ခဲ့ပါတယ်။မုန်တိုင်းကြောင့် ရေလှိုင်းတွေလည်း တက်လာခဲ့ပြီး၊ လှိုင်းလုံးတွေဟာ လာမယ့် နာရီပိုင်း အတွင်း ၂.၅ မီတာ အမြင့်အထိ ရောက်ရှိနိုင် တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း ဌာနက ခန့်မှန်း ပြောကြားခဲ့ပါတယ်။ရေလှိုင်းတွေဟာ မန်ဟန်သန်က ရေမတက်အောင် ကာထားတဲ့ အကာအရံတွေကို တိုက်စား သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးပွားခဲ့ပါတယ်။နယူးယောက်မြို့ လမ်းတွေပေါ်မှာ ချောက်ချားဖွယ် တိတ်ဆိတ်နေတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။မုန်တိုင်းအန0x081တရာယ် ကျရောက်နိုင်တဲ့ ဇုန်ဒေသက လူ ၂ သိန်းကျော်ကို ဘေးလွတ်ရာကို သွားကြဖို့ အမိန့်ပေးထားခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ကိုလည်း ပိတ်ပစ် ထားခဲ့ပါတယ်။နယူးယောက်မြို့မှာ နေထိုင်တဲ့ ဦးမြင့်လှိုင်ကလည်း မြို့မှာ စပြီးရေကြီးနေပြီ ဖြစ်ကြောင်းနဲ့ မုန်တိုင်းဖြတ်မယ့် ကမ်းခြေသွားတဲ့လမ်းမှာ ရေတွေ ကျော်နေတာကို တွေ့ရကြောင်း ဘီဘီစီကို ပြောပြပါတယ်။နောက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတဲ့ မြန်မာမိသားစုတွေလည်း အန0x081တရာယ်မရှိ အေးအေးဆေးဆေးရှိကြတယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့က လူတွေဟာ မနေ့က မနက်ကတည်းက လိုအပ်တာတွေ ဝယ်ယူစုစောင်းထားကြတယ်လို့လည်း သူကပြောပါတယ်။မုန်တိုင်းကြောင့် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် အကြီးအကျယ် ပျက်ဆီး မှုတွေ ရှိခဲ့ပြီး မြောက်ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ ဆိုရင် သန်းနဲ့ချီတဲ့ လူတွေဟာ လျှပ်စစ်မီး ပြတ်လပ် နေကြပါတယ်။

လုံခြုံရေးဆိုင်ရာများကို ရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူရန် စတင်ပြင်ဆင်


ယခုအခါ မြန်မာနိုင်ငံ၌ ပါတီ စုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီဖြစ်သည့် အရပ်ဘက် အစိုးရက အုပ်ချုပ်နေပြီဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ မြို့ပေါ်လုံခြုံရေးဆိုင်ရာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အပြည့်အ၀ လုံခြုံရေးရယူရန် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။