သူတစ်ပါး အိတ်များထဲ ဖိတ်လျှံ လွင့်စင်ကုန်ခြင်း၏ မူလဘူတ

ကျွန်တော် မချမ်းသာပါဘူး။ သည်ကြားထဲကပဲ ဘန်ကောက်မှာ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ သွား လိုက်ပါတယ်။ တကယ်က စစ်ဆေးမှုခံရုံတင်ဆို သိပ်လည်း မကုန်ပါဘူး။ လေယာဉ်ခတည်းခိုခအပါအ၀င် ခြစ်ခြစ်ကုပ်ကုပ်သာ သုံးမယ်ဆိုရင် စုစုပေါင်းကျပ် ခြောက်သိန်းလောက်ဆို လုံလောက်ပါတယ်။ အဲ... တစ်ခုတော့ ရှိသပေါ့။ ကျွန်တော်သွားစစ်ချိန်မှာ အလုံးစုံ အသေးစိတ်စစ်ဆေးမှုအတွက် ကျသင့်ငွေကို ၅၀% လျှော့ချပေးနေတဲ့ အချိန်မို့ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရှစ်သိန်း ကိုးသိန်း ကုန်မယ်ထင်တယ်။
သည်နေရာမှာ ဘန်ကောက်ဖြစ်ဖြစ်၊ စင်ကာပူမှာဖြစ်ဖြစ်၊ တခြား အာရှနိုင်ငံမှာဖြစ်ဖြစ် ဆေးသွားကုမယ်၊ ဆေးစစ်မယ်ဆိုရင် ဂျေစီအိုင် အသိအမှတ်ပြု ဆေးရုံ ဟုတ်မဟုတ် အရင် စုံစမ်းသင့်ပါတယ်။ ဂျေစီအိုင် ဆိုတာက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းများကို တရားဝင်လက်ခံ အသိအမှတ်ပြုပေးတဲ့ ကမ္ဘာ့အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အရှည်က Joint Commission International ပါတဲ့။
ထားပါတော့...ကျွန်တော် ပြောချင်တာ အဲဒါမဟုတ်ပါဘူး။ ဘန်ကောက်မှာ ဆေးစစ်ပြီး ရလာတဲ့ အဖြေတွေကို အင်တာနက်ပေါ်မှာ တင်လိုက်တော့ တစ်ယောက်က မေးလာတယ်။ “ဒါတွေကို မြန်မာပြည် မှာ စစ်လို့မရလို့လား”တဲ့။ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။ “အိုး... သိပ်ရတာပေါ့ဗျာ။ ဘန်ကောက်မှာ ပိုကောင်းတာ ကတော့ဗျာ၊ ဓာတ်ခွဲ ခန်းဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ရောဂါရှာဖွေရေး ဆရာဝန်တွေသာ မကဘူး၊ တံခါးစောင့်ကအစ မျက်နှာတွေ က ပြုံးလို့ ချိုလို့။ လူကို လူလိုဆက်ဆံလို့၊ လူသားတစ်ယောက် အနေနဲ့ ခံစားထိုက်တဲ့ ဂါရ၀တရားနဲ့ လေးစားမှုကို ပြသကြလို့ပါပဲ ခင်ဗျား” လို့ ပါ။
မှန်ပါတယ်။ သည်ကနေ ကျွန်တော်မထွက်ခင်ကတည်းက သည်က သက်ဆိုင်ရာ ဆေးရုံရဲ့ ကိုယ်စားလှယ်လုပ်ငန်းက ၀န်ထမ်းတွေက အစ ပြေပြစ်လှပါတယ်။ ချေငံလှပါတယ်။ အစစ အဆင်ပြေအောင် ဆောင်ရွက်ပေးကြတယ်။ ပြည်ဝင်ခွင့်၊ လေယာဉ်လက်မှတ်၊ ထွက်ခွာ ပုံစံများကိုအစအဆုံး လုပ်ပေးတယ်။ ဟိုရောက်တော့ လာကြိုပေးမယ်လို့ ပြောပြီး တကယ်တမ်းမှာ လာမကြို ဖြစ်ကြဘူး။ ကျွန်တော်က ဘန်ကောက်မှာရှိတဲ့ အဲဒီ့လုပ်ငန်းက မြန်မာလူငယ်ကို လေဆိပ်ကနေ ဖုန်းလှမ်းဆက်တော့ သူ့ကို လေဆိပ် မှာ မကြိုနဲ့တော့လို့ အဲဒီ့မနက်ကမှ အကြောင်းကြားလို့ မကြိုဖြစ်တဲ့ အကြောင်း၊ သည်အတွက် တောင်းပန်ပါကြောင်း၊ ခဏစောင့် ပေးမယ်ဆိုရင် သူချက်ချင်းလာကြိုမှာ ဖြစ်ကြောင်းတွေ ချေချေငံငံပြန် ပြောပေးခဲ့ပါတယ်။

တစ်သက်နဲ့တစ်ကိုယ် ကိုယ်မသိတဲ့ ဆရာဝန်တစ်ယောက်၊ ဆေးရုံ/ ဆေးခန်းက ဆရာဝန်တစ်ယောက်နဲ့ ဒါအကြာဆုံး စကားပြောဖူးတာပါ ခင်ဗျား။ ဆရာဝန်က နာရီတကြည့်ကြည့်လည်း မရှိဘူး၊ လောပျာနေတဲ့ပုံ လည်း တစ်ချက်မှ မထွက်ဘူး...
ဘန်ကောက်က ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေပြီမို့ မစောင့်တော့ဘူး၊ ကျွန်တော့် ဘာသာပဲ လေဆိပ်ကနေ တည်းခိုမယ့် ဟိုတယ်ဆီ တန်းသွားလိုက်ပါတော့မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ကျွန်တော် ရောက်နေတဲ့ အချိန်မှာ မြန်မာပြည်ရုံးခွဲက ကျွန် တော့်ဆီ အင်တာနက်က တစ်ဆင့် ဆက်သွယ်လာပြန်သေးတယ်။ အဆင်ပြေရဲ့လား၊ လိုအပ်တာ ပြောပါ၊ ဘာညာပေါ့။ သည်မှာတင် ကျွန်တော်လည်း ရောက်ရောက်ချင်းမှာ လာကြိုမယ်ပြောထားပြီးမှ လွဲချော် သွားတာကိုတော့ စိတ်မချမ်းသာလှကြောင်း အကြောင်းပြန်လိုက်ပါတယ်။
နောက်တစ်ရက်မှာ အဲဒီ့ လုပ်ငန်းပိုင်ရှင်ကိုယ်တိုင်က တောင်းပန်စာ ချက်ချင်းပြန်ပို့လာတယ်။ အခုလို ဖြစ်သွားတဲ့အတွက် သူကိုယ်တိုင်မှာ တာဝန်ရှိကြောင်းနဲ့ တောင်းပန်ပါကြောင်း၊ ကျွန်တော် ပြန်ရောက်လာတဲ့ရက်မှာ ရန်ကုန်လေဆိပ်မှာ လာကြိုပေးပြီး အိမ်အရောက် ပြန်ပို့ပေးရင်း ကျွန်တော့်ကို လူချင်းတွေ့ပြီး ထပ်မံတောင်းပန် လိုပါကြောင်းတွေ အထိ ပြောလာတာပါ။
မလိုအပ်ပါဘူး၊ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်း က အမှားအယွင်းကို ဘယ်သူ့အပေါ် မှလွှဲမချဘဲ ကိုယ်တိုင်တာဝန်ယူပေး၊ တောင်းပန်ပေးတဲ့အတွက်ပဲ ကျေနပ်လှ၊ ကျေးဇူးတင်လှပြီ ဖြစ်ကြောင်း ကျွန်တော့်ဘက်က ပြန်ကြားခဲ့ပါတယ်။
ဒါတွေကို ရေးပြနေရတာက စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့အခါမှာ ကိုယ့်ကို အားပေးသူအပေါ်မှာ တလေးတစားနဲ့ လူလူသူသူ ဆက်ဆံခြင်းရဲ့ အရေးကြီးပုံကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။
ကျွန်တော် ဘန်ကောက်ကို ရောက်ပြီး နောက်တစ်ရက် မနက် ၈ နာရီခွဲမှာ ကျွန်တော့်ကို ဟိုတယ် မှာ လာကြိုပေးမယ်လို့ ပြောထားပါတယ်။ ၈ နာရီခွဲခါနီး မိနစ်ပိုင်းအလို မှာ ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ (ဘန်ကောက်မှာက တယ်လီဖုန်းကတ်ကို ပဲလှော်လို နေရာတကာမှာ အလွယ်တကူ ၀ယ်လို့ရတာမို့ ကျွန်တော်လည်း ဘန်ကောက်ဖုန်းနဲ့ ဘာနဲ့ အိုခေမှာ စိုပြည်နေတာပါ ခင်ဗျ။) ယာဉ်ကြောပိတ်နေလို့ အရောက် နောက်ကျနေတာ ဖြစ်ကြောင်း၊ နောက်ငါးမိနစ်လောက် နေမှ ရောက်မှာဖြစ်ကြောင်းနဲ့တကွ နောက်ကျနေတဲ့အတွက် ကျွန်တော့်ကို တောင်းပန် ပြန်တာပါပဲ။

သူက ကျွန်တော့်ကို လူသားချင်း လေးလေးစားစား ဆက်ဆံပါတယ်။ လက်အောက်ငယ်သားတစ်ယောက်လို၊ လူနာတစ်ယောက်လို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံနေတယ်လို့ တစ်ချက်ကလေးမှ မခံစားမိခဲ့ရဘူး

သည်လိုနဲ့ ဆေးရုံရောက်သွားတော့လည်း လိုလေသေး မရှိပါဘူး။ ဆေးရုံဝန်ထမ်းတွေက အလွန် မျက်နှာချိုပါတယ်။ တလေးတစားနဲ့ ပျပ်ဝပ် ရိုကျိုးကြတာကိုတောင် တွေ့ နေရသေးတယ်။ စောင့်ရတယ်ဆိုတာလည်း မရှိသလောက်ပဲ။ ၀မ်းဗိုက် တစ်ပြင်လုံးကို အသံလွန်လှိုင်းစနစ်နဲ့ စစ်ဆေးမယ်ဆိုတော့မှသာ ဆီးအိမ်တင်းအောင် ရေများများသောက်ခိုင်းပြီး ဆီးအိမ်တင်းတဲ့အထိ စောင့်ရတာလေးပဲ ရှိပါတယ်။ စစ်ချက်တွေ အဖြေမပေါ်ခင်မှာ ကျွန်တော့်ကို မနက်စာစားဖို့ ကူပွန်လေး ပေးပါတယ်။ အချိန်က နေ့လည်ခင်းကို ရောက်နေပြီမို့ ကူပွန်အပြင် ကိုယ့်ပိုက်ဆံထပ်ဖြည့်ပြီး နေ့လည်စာ စား လိုက်ပါတယ်။ စားပြီးစမှာပဲ ဖုန်း ၀င်လာတယ်။ ကျွန်တော့် ဆေးစစ်ချက်ရလဒ်တွေ အသင့်ဖြစ်နေကြောင်းပါ။
ကျွန်တော် ပြန်ရောက်သွားတော့ ဆရာဝန်နဲ့တွေ့ရပါပြီ။ ဆရာဝန်က ဆေးစစ်ချက် အဖြေတစ်ခုစီ ကို ကွန်ပျူတာဖန်သားပြင်မှာ ပြသပြီး တစ်ချက်ချင်း ရှင်းပြပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် ကိုယ်မသိတဲ့ ဆရာဝန်တစ်ယောက်၊ ဆေးရုံ/ဆေးခန်းက ဆရာဝန်တစ်ယောက်နဲ့ ဒါ အကြာဆုံး စကားပြောဖူးတာပါ ခင်ဗျား။ ဆရာဝန်က နာရီတကြည့် ကြည့်လည်း မရှိဘူး၊ လောပျာနေတဲ့ ပုံလည်း တစ်ချက်မှ မထွက်ဘူး။ သူနဲ့ကျွန်တော် လက်ဖက်ရည်ဆိုင် မှာ ထိုင်ပြီး မိတ်ဆွေချင်း အေးအေး ဆေးဆေးပြောသလို ပြောနေတော့ တာပါပဲ။ ပြီးတော့ သူက ကျွန်တော့် ကို လူသားချင်းလေးလေးစားစား ဆက်ဆံပါတယ်။ လက်အောက်ငယ်သား တစ်ယောက်လို၊ လူနာတစ်ယောက်လို တစ်ဆင့်နှိမ့်ပြီး ဆက်ဆံ နေတယ်လို့ တစ်ချက်ကလေးမှ မခံစားမိခဲ့ရဘူး။
အားလုံး ပြီးတော့ မန္တလေးသား အဖေနဲ့ ထိုင်းမိခင်တို့ကနေ ဘန်ကောက်မှာ မွေးပြီး ကျွန်တော့် သမီးထက် လပိုင်းသာကြီးတဲ့၊ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မလေးက မွှတ်နေတဲ့ မြန်မာစကားနဲ့ ကျွန်တော့်ကိုပြန်ပို့မယ့် ကားပေါ် ရောက်တဲ့အထိ တာဝန်ယူပြီး ပို့ပေး ခဲ့ပါတယ်။ သူကလေးကလည်း ရိုကျိုးလိုက်ပုံများ အားတောင် နာမိရ တဲ့ အထိပဲ။
ဆေးကုသမှု ခရီးသွားလုပ်ငန်းဟာ အာရှမှာ တအားကို ဖွံ့ဖြိုး တိုး တက်နေတဲ့ “စီးပွားရေး”လုပ်ငန်းဖြစ် ပါတယ်။ အနောက်နိုင်ငံသားတွေ၊ အမေရိကန်တွေတောင်မှ အာရှကို အုံနဲ့ကျင်းနဲ့လာပြီးဆေးကုသမှု ခံယူ နေကြပါပြီ။
သည်အခါမှာ ‘စီးပွားရေး’ လုပ်ငန်းပီပီ အဲဒီ့လုပ်ငန်းမှာ ပါဝင်နေတဲ့ ၀န်ထမ်းတွေအားလုံးရဲ့ ဆက်ဆံရေးဟာ သိပ်ကို စကားပြောမှန်း သဘောပေါက် နေကြတာမို့ သူတို့က သူတို့ ဆီ လာရောက်ကြတဲ့ အားပေးသူတွေ ကိုတလေးတစားသာမက ပျပ်ဝပ်ရိုကျိုးစွာ ဆက်ဆံနေကြတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတာပါပဲ။
အဟဲ... ကျွန်တော်တို့မှာ ကျတော့ဗျာ... အခုတလော ရုပ်မြင်သံကြား အစီအစဉ်တွေမှာ ပြတဲ့ ကြော်ငြာတစ်ခုက သက်သေပါ။ အချိုရည် ကြော်ငြာလား၊ ကော်ဖီ ကြော်ငြာလားတော့ မသိဘူးခင်ဗျ။ အဲဒီ့မှာ လုံခြုံရေးဆိုတဲ့ စာတန်းရှေ့က တူညီဝတ်စုံဝတ်ထားတဲ့ သရုပ်ဆောင် က လာတဲ့လူကို မျက်နှာထားတင်းတင်းနဲ့ ဆီးဟောက်တဲ့ ပြကွက်ကို နှစ်ကြိမ်လားမသိဘူး၊ ပြထားပါ တယ်။ ရွှေတို့ရဲ့ လက်တွေ့ဘ၀ကို ရောင်ပြန်ဟပ်နေတဲ့ ပြကွက်ပါပဲ။
သူများနိုင်ငံမှာတော့ လုံခြုံရေး တာဝန်ကျများသာမက ရဲများကပါ ရှစ်ခေါက်ချိုး မထားကြပါဘူး။ ပုံမှန် မျက်နှာများနဲ့ ဖြစ်တဲ့အပြင် ကုန်တိုက်လို၊ ရထားလို၊ ဆေးရုံလို နေရာမျိုးက လုံခြုံရေးဝန်ထမ်းတွေဟာ မျက်နှာထား ချိုကြပါတယ်။ တချို့ဆို ပျပ်ဝပ်ရိုကျိုးပါတယ်။ ကုန်တိုက် တစ်ခုက ၀တ်စုံဖြူဝတ် လုံခြုံရေး တာဝန်ကျတွေဆိုရင် လာသမျှလူကို အလေးပြု၊ ဆလံသတာက ပါပါ သေးတယ်။ အဲဒါ စီးပွားရေး လာဘ်မြင်တာပါ။
ကျွန်တော် သူတစ်ပါးကို ပိုက်ဆံတွေ သွားပေးခဲ့ရပါတယ်။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်စေချင် ပေမယ့် ကိုယ့်အိတ်ထဲ ထည့်မယ်ဆိုရင် ရင်ဆိုင်ရမယ့် စိတ်ကသိကအောင့် ဖြစ်ရမှုများကို တွက်မိလို့ပါ။ စောင့်ဆိုင်းရမှာ၊ သူတို့ ကျွေးတဲ့ ထမင်းပဲ ကိုယ်ကစားနေရသလို  မသယ်နိုင်၊ မပိုးနိုင် မျက်နှာထားနဲ့ ကိုယ့်ကို ဆက်ဆံကြမှာ၊ ကိုယ့်ကိုအချိန်မပေး ကြမှာတွေကို တွက်ဆမိနေတယ်ဆို ရင် ကျွန်တော်များ လွန်နေသလားပဲ နော်။ ဒါမှမဟုတ် “သင့်မာနနှင့် စည်းစိမ်ကို အိမ်မှာထားခဲ့ပါ” ဆိုတဲ့ အရင်က ရှိခဲ့ဖူးတဲ့ ကားတချို့ပေါ် က စာတမ်းတွေလိုဟာမျိုးကို မုန်းတီးတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်ပဲ လားတော့ မသိဘူးပေါ့နော်။
မည်သို့ပင်ဆိုစေ...
ဖိတ်ချင်းဖိတ် သူတစ်ပါး အိတ် ထဲ ဖိတ်ဖိတ်ကုန်ရခြင်းအကြောင်း ရင်းတစ်ရပ်ကို ဆင်ခြင်မိရင်းက ဖတ်မိသူများပါ တွေးဖြစ်စေခြင်း အလို့ငှာ ကျွန်တော် တွေးမိ မြင်မိတာလေးတွေကို ပြန်လည်ဖောက်သည် ချလိုက်ရကြောင်းပါ ခင်ဗျား။

သြဂုတ်လ ၁၉ ရက်နေ့မှစ၍ အခေါက်ရွှေ တစ်ကျပ်သား ကျပ်ခုနှစ်သိန်းကျော် အထိရောက်ရှိ

နိုင်ငံတကာ ဈေးကွက်၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၆၂ ဒသမ ၆၀အထိ ဈေးနှုန်း မြင့်တက်နေမှုနှင့်အတူ ပြည်တွင်း၌လည်း သြဂုတ်လ ၁၉ ရက်နေ့မှစ၍ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းကျော် အထိ ရောက်ရှိ နေကြောင်း သတင်းရရှိပါသည်။
ပြီးခဲ့သည့် ၁၉၉၇ခုနှစ်အတွင်း က ပြည်တွင်း၌အခေါက်ရွှေဈေးနှုန်း မှာတစ်ကျပ်သားလျှင် ကျပ် ၄၇၃၆၀ ကျော်သာ ရှိခဲ့ရာမှ ၂၀၀၂ ခုနှစ်မှ စတင်၍ တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်တွင်းအခေါက် ရွှေဈေးနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် ကျပ်နှစ်သိန်းကျော်မှ ကျပ်သုံးသိန်း ကျော်သို့ လည်းကောင်း၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်း အထိတွင် ကျပ်လေးသိန်းငါးသောင်းကျော် သို့လည်းကောင်း၊ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၀၉ ခုနှစ် နှစ်ကုန် ပိုင်းအထိ ကျပ်ငါးသိန်းကျော်မှ ကျပ် ခြောက်သိန်းအတွင်း လည်းကောင်း အသီးသီးရောက်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလမှ စတင်ကာ ကျပ်ခြောက်သိန်း ကျော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
အလားတူ နိုင်ငံတကာဈေးကွက်၌ လည်း ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်တစ်သိန်း အထက်ရောက်ရှိခဲ့သည့် ၂၀၀၂ ခုနှစ် နှစ်လယ်ပိုင်းတွင်မူ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၉၀ သာ ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း နိုင်ငံတကာဈေးကွက်ရှိ နယူးယောက် ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၆၄၅ ဒသမ ၁၀ သို့ ရောက်ရှိနေရာမှ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်မူ ၇၈၃ ဒသမ ၁၀ သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ပြည်တွင်းအခေါက်ရွှေဈေး နှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ခြောက်သိန်းအထက်သို့ စတင်ရောက် ရှိခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီလ ဆန်းပိုင်းတွင်မူ နယူးယောက် ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၁၂၀ ဒသမ ၄၀ ဖြစ်ခဲ့ပြီး နောက်ပိုင်း တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာ ရာမှ ယခု ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်မူ  အမေရိကန်ဒေါ် လာ ၁၈၆၂ ဒသမ ၂၀ အထိ မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းတွင် လည်း အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ်ခုနှစ်သိန်း ငါးထောင်အထိ ဈေးနှုန်းအမြင့်ဈေးဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိသည်။
“နိုင်ငံတကာဈေးကွက်မှာက ရွှေဈေးနှုန်းတွေအရမ်းတက်နေတော့ ပြည်တွင်းကိုပါ အကျိုးသက်ရောက် မှုရှိလာတဲ့အတွက် အခုဆိုရင် နိုင်ငံ တကာရွှေပေါက်ဈေးကတစ်အောင်စ ကိုအမေရိကန်ဒေါ်လာ ၁၈၆၂ ကျော် လာသလို ပြည်တွင်းမှာပါ တစ်ကျပ် သားကို ကျပ်ခုနစ်သိန်းကျော်ရောက် ရှိလာတာပါ။ ပြီးခဲ့တဲ့သြဂုတ်လ ၁၀ ရက်နေ့တုန်းကတော့ အအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ခြောက်သိန်း ကိုးသောင်း ကိုးထောင်အထိ မြင့် တက်ခဲ့ပြီး ၁၅ ရက်နေ့မှာတော့ ကျပ်ခြောက်သိန်း ကိုးသောင်းအောက် ကို ပြန်ရောက်ခဲ့ပါတယ်။ ၁၇ ရက် နေ့မှာ ကျပ်ခြောက်သိန်း ကိုးသောင်း အထက်ပြန်ရောက်ခဲ့ပြီး ရွှေအရောင်း အ၀ယ်လောကရဲ့ စံချိန်တင်မြင့်တက်တဲ့ ဈေးဖြစ်တဲ့ ကျပ်ခုနစ်သိန်း အထက် ကတော့ သြဂုတ်လ ၁၉ ရက်နေ့မှ စဖြစ်တာပါ”ဟု ရွှေအရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

အမေရိကရောက် မြန်မာစီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး နေပြည်တော်တွင် စာတမ်းဖတ်ကြား

ဒေါက်တာဇော်ဦး
ယခင် ABSDF (All Burma Students Democratic Front) ခေါင်းဆောင်ဟောင်း အမေရိကန်တက0x081ကသိုလ် ပါရဂူဘွဲ့ရ အမေရိကရောက် မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးသည် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ကျင်းပပြုလုပ်လျက် ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ စာတမ်းဖတ်ကြား တင်သွင်းရန် နေပြည်တော်တွင် အစည်းအဝေးတက် ရောက်လျက်ရှိသည်ဟု ယင်းအစည်းအဝေး မစတင်မီ မိနစ်ပိုင်းအလိုက The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။

အမေရိကရောက် မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး ယနေ့မွန်းလွဲ ၁ နာရီတွင် စတင်ရန်ရှိသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအပြီး ညနေ ၃ နာရီ၌ ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပထမဆုံး စာတမ်းဖတ်ကြားမည် ဖြစ်ပြီး 0x158င်းဖတ်ကြားမည့် စာတမ်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဆက်စပ်နိုင်သည်ဟု အစည်းအဝေး တက်ရောက်သူများက ပြောဆိုကြသည်။

ဒေါက်တာဇော်ဦးသည် ထိုင်းနိုင်ငံ အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူသားအရင်းမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သော ABSDF ၏ တောင်ပိုင်းစစ်ဒေသ ကော်မတီ ဥက0x081ကဋ0x081ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာဇော်ဦးသည် အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက0x081ကသိုလ်တွင် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက0x081ကသိုလ် စီးပွားရေးပညာ ဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ0x081ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၉၈ မှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ယင်းနောက် အမေရိကန် တက0x081ကသိုလ် နိုင်ငံတကာရေးရာ ဝန်ဆောင်မှုဆိုင်ရာကျောင်းတွင် ဟတ်စ်ပညာရှင် (Hurst Scholar) အဖြစ် လေ့လာခဲ့ပြီး နိုင်ငံတကာ လေ့လာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာရပ်ကို စီးပွားရေး အသွင်ကူးပြောင်းမှုဆိုင်ရာ နိုင်ငံရေး အခြေခံများကို ကျမ်းပြု၍ ရယူခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၌ နိုင်ငံတော်သမ0x081မတသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား အားလုံးကို အမိနိုင်ငံ ပြန်လာခွင့် ပြုခဲ့ပြီး ပြည်တွင်းရှိ သဘောထားအမြင် မတူသော လူပုဂ0x081ဂိုလ် အဖွဲ့အစည်းများကိုလည်း မတူကွဲပြားမှုများကို ဘေးဖယ်၍ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။

ယခုနှစ် ကန်ဒေါ်လာ တန်ဖိုးကျဆင်းမှု ဒုတိယအကြိမ် စံချိန်တင်


စီးပွားရေး ဈေးကွက်တွင် ယုံကြည်မှု ကျဆင်းခံနေရသော အမေရိကန် ဒေါ်လာသည် မြန်မာ့ဈေးကွက်တွင် တန်ဖိုးနိမ့်ကျသွားခဲ့ပြီး စံချိန်သစ် တင်လိုက်ကြောင်း ပြည်တွင်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။၂၀၁၁ ခုနှစ် ဇွန်လအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၇၄၀ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းပြီး ထိုအချိန်က ကျဆင်းမှုသည် ပထမဆုံးသော စံချိန်တင် ကျဆင်းမှု ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် အမေရိကန်ဒေါ်လာ တန်ဖိုး ပြန်လည် မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၇၅၀ နှင့် ၈၀၀ ကျပ်အကြား အတက်အကျ ရှိခဲ့ကြောင်း၊ သို့ရာတွင် ဩဂုတ်လ ၁၇ ရက်နေ့၌ အမေရိကန် တစ်ဒေါ်လာ ၇၃၀ ကျပ်ဝန်းကျင်အထိ ဈေးကျသွားခဲ့ကြောင်း ဈေးကွက်ကျွမ်းကျင်သူများ ထံမှ စုံစမ်းသိရှိရသည်။" ဒေါ်လာတန်ဖိုး ကျရတဲ့အကြောင်းအရင်းက ကမ0x081ဘာ့စီးပွားရေး ဈေးကွက်နဲ့ ပတ်သက်မှု ရှိပါတယ်။ ကမ0x081ဘာမှာလည်း ဒေါ်လာ၊ ယူရိုငွေကြေး တန်ဖိုးတွေ ဆက်တိုက်ဆိုသလိုကို ကျနေတယ်။ ရွှေဈေးကလည်း တရိပ်ရိပ် တစ်ဟုန်ထိုး တက်နေတယ်။ စတော့ရှယ်ယာ ဈေးကွက်တွေလည်း အခြေအနေ မကောင်းလှဘူး။ ဥရောပသမဂ0x081ဂမှာ ဖြစ်နေတဲ့ အကြွေးပြဿနာတွေ၊ ဘဏ0x081ဍာရေး အကျပ်အတည်းတွေကလည်း ကြာလေကြာလေ နက်ရှိုင်းလာလေလေ ဖြစ်နေတယ်။ ပြည်တွင်း ဈေးကွက်ကလည်း ဒီလို အခြေအနေတွေကြောင့် လိုက်ကျတယ်။ နောက်ပြီး ငွေလဲနှုန်း တရားဝင် သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေါ်လာရောင်းအား များလာတာလည်း တစ်ခုအပါအဝင်ပေါ့ " ဟု နိုင်ငံခြားငွေလဲဒိုင် တစ်ဦးက ရှင်းပြသည်။အမေရိကန်ဒေါ်လာသည် ဩဂုတ်လ ၁၇ ရက်နေ့က တစ်ဒေါ်လာလျှင် အရောင်း ၇၃၀ ကျပ်၊ အဝယ် ၇၃၅ ကျပ်အထိ ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော FEC ငွေကြေးတန်ဖိုးမှာမူ တစ်ယူနစ်လျှင် ၆၈၀ ကျပ်အထိ ဈေးထိုးကျလျက် ရှိသည်ဟု ဩဂုတ်လ ၁၇ ရက်နေ့ ဈေးကွက်သတင်း အချက်အလက်များက ဆိုသည်။ရွှေဈေးနှုန်းမှာမူ ဒေါ်လာဈေး ကျဆင်းမှုကြောင့် ကမ0x081ဘာ့ရွှေဈေးကဲ့သို့ တစ်ဟုန်ထိုး မတက်နိုင်သော်လည်း အမြင့်ပိုင်းတွင် ဆက်လက် တည်ရှိနေပြီး ဩဂုတ်လ ၁၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် မြန်မာငွေ ၆၉၃,၅၀၀ ကျပ် ဈေးရှိသည်။ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း ဆက်လက်ကျဆင်း သွားပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ပို့ကုန်ရငွေ အမေရိကန် တစ်ဒေါ်လာ ၇၆၅ ကျပ်နှင့် ၇၇၀ အကြား ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။ရန်ကုန်မြို့တော် အခြေစိုက် နိုင်ငံခြား ငွေလဲဒိုင်အခိျု့နှင့် စီးပွားရေး ပညာရှင် အခိျု့ကမူ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၇၀၀ အောက်သို့ မကြာမီ ကျဆင်းသွားမည် ဖြစ်ကြောင်း ခန့်မှန်း ပြောဆိုထားပြီး ဖြစ်သည်။

"အဝေးမြေမှ ညီအစ်ကိုများသို့.." ဆောင်းပါးရှင် (အောင်မျိုးထွန်း)

"အဝေးမြေမှ ညီအစ်ကိုများသို့.."
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
အဝေးမြေမှ ညီအစ်ကိုတို့ရေ ပြန်လာချင်စိတ် ရှိခဲ့ရင်လည်း အောင့်အီးသည်းခံ နေပေးကြပါဦး။ မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အချိန်ထိပေါ့။ ကျေးဇူးမမေ့ပါဘူး။”

ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော်ရေးခဲ့တဲ့ စာသားလေးပါ။ နိုင်ငံရေးမှာ သံယောဇဉ်တို့၊ ခံစားမှုတို့ ဆိုတာ ရှိကိုရှိရမယ်လို့  ကျွန်တော်ခံယူထားပါတယ်။ ဦးနှောက်နဲ့ စဉ်းစားရမယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော့်ဘ၀ တလျှောက်လုံး ငြင်းပယ်ထားပါတယ်။ ၁၉၈၈ ခု၊ စစ်အာဏာသိမ်းအစိုးရရဲ့ အသားလွတ်ရင့်သီးနှိပ်စက်မှုတွေကို ထိုက်သင့်သလောက် ကျွန်တော်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ဖမ်းမမိလို့ အဖေနဲ့ ကျွန်တော့်ဇနီးကို စမ်းချောင်းရဲစခန်း၊ အင်းစိန်အကျဉ်းထောင်တို့ကို ပို့ပြီး ယုတ်မာရက်စက်စွာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာတွေကို ကျွန်တော် ဘယ်လို ဖျောက်ဖျက်ရပါ့မလဲ။ အဖေနဲ့ ဇနီးဟာ တစ်ချက်မှ မငြီးငြူခဲ့ပါဘူး။

အဲဒီလိုဖြစ်စဉ်မျိုးတွေ၊ တွေးလိုက်တိုင်း တနုံ့နုံ့ နာကျင်နေရတာမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ဒုနဲ့ဒေးပါ။ သား၊ သမီးတွေက နိုင်ငံရေးကြောင့် ထောင်ကျချိန်မှာ မိဘတွေက ကွယ်လွန်တိမ်းပါးသွားတာတွေ၊ မိဘတွေက အကျဉ်းထောင်ထဲရှိချိန်မှာ မိဝေးဘဝေးစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ရင်နှစ်သည်းချာတွေရဲ့ ဘ၀တွေ၊ နောက်ဆုံးထွက် သက်တွေကို မတွေ့လိုက် မမြင်လိုက်ရဘဲ ထာဝရဝေးကွာသွားခဲ့ကြတဲ့ နိုင်ငံရေးမိသားစုဝင်တွေ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုရအောင်လည်း ခက်လှပါတယ်။

“ယခုအချိန်သည် အချင်းချင်းငြင်းခုံ နေရမည့်အချိန်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်ပြောနေကြရမည့် အချိန်မဟုတ်တော့ကြောင်း....၊ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်”

သြဂုတ်လ (၁၇)ရက်နေ့က မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပြောသွားတဲ့ အထက်ပါ စကားတချို့နဲ့ ပတ်သက်ပြီး ပြည်ပကိုရောက်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ အမြင်သဘောထားတွေကို မီဒီယာတွေမှာ ဆက်တိုက် တွေ့ လာရပါတယ်။ ၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပြီးကတည်းက ဒီမိုကရေစီရေး တိုက်ပွဲအတွက် ပြည်ပကို ထွက်ခွာသွားကြတဲ့သူတွေထဲမှာ ကျွန်တော့်သူငယ်ချင်း မြောက်များစွာရှိပါတယ်။

နော်ဝေး၊ ထိုင်း၊ အမေရိကန်၊ကနေဒါ၊ အင်္ဂလန်၊ သြစတေးလျ စတဲ့နိုင်ငံတွေမှာ ရပ်တည်အခြေချပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်နေကြသူများရဲ့  ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်ကြဖို့ သိပ်အရေးကြီး ပါတယ်။ တယ်လီဖုန်း၊ အီးမေးလ်၊ ဖေ့စ်ဘွတ်တွေက တစ်ဆင့် သူတို့ရဲ့ အမြင်တွေ၊ ရှုထောင့်တွေ၊ ဆန္ဒတွေကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ကင်းကွာပြီး နိုင်ငံရပ်ခြားမှာ ဘ၀အခြေချ ရှင်သန်ဖို့ဆိုတာ ပြည်တွင်းမှာ ထိုင်နေပြီး “လွယ်ပါတယ်” လို့ လက်လွတ်စပယ် ငါ့စကားနွားရ ပြောလို့ မဖြစ်ပါဘူး။ သူတို့တတွေရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းဆင်းရဲစွာ အံကြိတ်ကြိုးစားရတာတွေ၊ အနှိမ်ခံအပြောခံပြီး လက်စ မသတ်နိုင်သေးတဲ့ ပညာရေးကို ပြီးမြောက်အောင် လုံ့လစိုက်ထုတ်ရတာတွေ၊ တရိပ်ရိပ်တက်လာတဲ့ အိမ်အလွမ်းစိတ်တွေက မျက်ရည်စတွေနဲ့ ကြိတ်မှိတ်အနားသတ်လိုက်ရတာတွေ စသဖြင့် နေ့နေ့ညည ခံစားချက်တွေကို ကျွန်တော်တို့ နားလည်ပေးရပါလိမ့်မယ်။ သူတို့  မပျော်ကြဘူးလို့  ကျွန်တော် တစ်ထစ်ချ ယုံတယ်။

အမေက ထောင် (၆) နှစ်၊ ညီမက ထောင် (၆၅) နှစ်၊ နောက်ညီမ တစ်ယောက်က ထောင် (၁၁) နှစ်၊ ညီမ ခင်ပွန်းက ထောင် (၁၁) နှစ်၊ နောက်ညီမ ခင်ပွန်းသည်တစ်ယောက်က ထောင် (၁၄) နှစ်.. သူကိုယ်တိုင်က
၈၈ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပမှာ ရှင်သန်ရေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီအောင်ရဲ့ အိပ်မက်မျိုးတွေကို ဘယ်သူက ဝေမျှမက်ဘူးမှာလဲ။ ညီညီအောင်ရဲ့ မိတ်ရင်းဆွေရင်း တွေဖြစ်တဲ့ ဌေးကြွယ်၊ မင်းဇေယျ၊ လှမျိုးနောင်၊ အံ့ဘွယ်ကျော်၊ သော်ဇင်၊ ကြီးသန်းတို့ အားလုံးလည်း လက်ရှိအစိုးရရဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ပါ။ ကိုညီညီအောင်လို သံတူကြောင်းကွဲ ဘ၀မျိုးတွေနဲ့ ပြည်ပမှာ အခြေချနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်များရဲ့  ညီညာတဲ့အသံတွေကို ရင်းနှီးစွာ ဂရုပြု နားစွင့်သင့်ပါတယ်။

ဗီယက်နမ်အစိုးရက သူ့နိုင်ငံ စီးပွားရေးကို တရှိန်ထိုးဦးမော့လာအောင် စေတနာရှိရှိနဲ့ ဆောင်ရွက်ချင်တဲ့အခါ ပြည်ပရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထူးထူးကဲကဲ ဖိတ်ခေါ်မှုမရှိဘဲ “နေချင်ရင်လည်း ဆက်နေကြပါ။ ပြည်ပမှာ ရောက်နေတဲ့ သူ့နိုင်ငံသားတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဗီယက်နမ်နိုင်ငံ အတွက်ပါဘဲ”လို့ ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်များက နားလည်မှုအပြည့်ခံယူပြီး တစ်ဘက်ကလည်း လက်တွေ့ လိုအပ်တဲ့ အမေရိကန်အစိုးရနဲ့ အပေးအယူမျှတစွာ ပူးပေါင်း ဆောင်ရွက်တဲ့အပြင် ပြည်ပရောက် သူ့နိုင်ငံသားတွေ အလိုလို ပြန်လာချင် စိတ်ပေါက်လာအောင် လိုက်လျောညီထွေတဲ့ ရေခံမြေခံကောင်းတွေကို မိန့်ခွန်းတွေပေး၊ ကြွေးကြော်ရေးတွေ မလုပ်ဘဲ ကမ္ဘာက အံ့သြသွားရတဲ့အထိ မှန်မှန်ကန်ကန်ုပ်ပြနိုင်ခဲ့ပါတယ်။ ဒီလို တစ်ပါတီစနစ်နဲ့ မောင်းနှင်တဲ့ အရှေ့တောင် အာရှနိုင်ငံငယ် တစ်ခုမှာတောင် ဆယ်စုနှစ်တစ်ခု စွန်းစွန်းအတွင်းမှာ ဖွံ့ဖြိုးမှုဆီ ရောက်ဖို့သွားကြရာမှာ ပြည်ပရောက် နိုင်ငံသားတွေအပေါ် ထားအပ်တဲ့ အစိုးရရဲ့ အမြင်ရှုထောင့်ကို လေ့လာကြည်သင့်ပါတယ်။

ကျွန်တော်တို့လို ပါတီစုံစနစ်နဲ့  ဒီမိုကရေစီနိုင်ငံကို မရောက် ရောက်အောင် ချီတက်ကြမယ်လို့  စိတ်ပိုင်းဖြတ် ထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ကွန်မြူနစ် ဗီယက်နမ်အစိုးရထက် သာလွန်ကောင်းမွန်အောင် လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဗီယက်နမ်နဲ့ နိုင်ငံရေးဘက် ဂရောင်းမတူဘူးလို့ အကြောင်းပြလို့ မရပါဘူး။ အစိုးရ ဆိုတာ ကျန်တဲ့ သဘာဝမတူတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေထက် လုပ်ပိုင်ခွင့် ပိုရှိသလို၊ ဖြစ်ပျက်ခဲ့မှု အားလုံးအပေါ် တာဝန်ခံမှုအပိုင်းမှာ အခရာ ပိုကျပါတယ်။ ဟိုးတုန်းက တန်းတူရှိခဲ့တဲ့နိုင်ငံတွေ၊ ကျွန်တော်တို့ထက် နောက်ကျခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ကျွန်တော်တို့ကို ကျော်ဖြတ်သွားရတဲ့ ၀မ်းနည်းနာကျည်းဖွယ် ဖြစ်အင်တွေ အပြီးသတ်ချင်တယ် ဆိုရင်ဖြင့်၊ သမ္မတကြီး မိန့်ခွန်းပါအတိုင်း အပြစ်မရှာပါနဲ့ ဆိုရင်ဖြင့် မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကိစ္စက ကြီးစွာသော သဘောကွဲလွဲမှုနဲ့ အစိုးရရဲ့ လုပ်ဆောင်မှု တွေအပေါ် မပြေးသော်ကန်ရာရှိ သံသယပွားစရာ ဖြစ်နေပါတယ်။ စိတ်ဝမ်းကွဲမှုရဲ့ ဇစ်မြစ်ဖြစ်နေပါတယ်။

ဒါကို မတူတဲ့ အရေးလို့ မှတ်ယူပြီး လောလောဆယ် ဘေးဖယ်ထုတ်ထားလို့ လုံးဝမဖြစ်နိုင်ပါဘူး။ လတ်တလော အရေတကြီး ဆောင်ရွက်ရမယ့် အထူးတလှယ်ကိစ္စလို့ မြင်ပါတယ်။ ဒါမှသာ လက်ရှိအစိုးရအနေနဲ့ အခြားတစ်ဘက်ကို အပြစ်ရှာ အပြစ်မပြော တော့ဘူးရယ်လို့ ကျွန်တော်တို့ ၀မ်းမြောက်စွာ ကောက်ချက်ချနိုင် ပါလိမ့်မယ်။ ရှစ်ဆယ့်ရှစ်ကို ခါးခါးသီသီး ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ အညှိုးအတေးစိတ်နဲ့ နာကျင်မှုတွေကို အထိုက်အလျောက် လျော့ပါးစေပါလိမ့်မယ်။ ဒီကမှ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံရေးဟာမိုနီပို ဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်အတွက် ပြန်လည်သင့်မြတ်ရေး အပေါင်းလက္ခဏာတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ အစိုးရဘက်က သဘောထားတွေ ပြောင်းလဲလာ သလိုမျိုး ထောင်ထဲက ရဲဘော်ရဲဘက်တွေအပေါ် သဘောထားတွေ မပြောင်းနိုင်တော့ဘူးလား။ တကယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ထက် အချိန်ပို စောခဲ့ပါတယ်။ တချို့သူငယ်ချင်းတွေဆို ထောင်သက်ပိုကြာပြီး တချို့ဆို ကြေကွဲဖွယ်ရာ အသက်ကိုတောင် ပေးခဲ့ရပါတယ်။ ဒါတွေကို မေ့ပစ်လိုက်ချင်ပါတယ်။


အောင်မျိုးထွန်း
၂၀- ၈- ၂၀၁၁

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နံနက်ပိုင်း တက်ရောက်ပြီး နေပြည်တော်မှရန်ကုန်သို့ပြန်









နေပြည်တော် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ပညာရှင်နှစ်ဦး၏ စာတမ်းနှစ်စောင်ဖတ်ကြားမှုအပြီး ၁၀ နာရီ မိနစ် ၃၀ တွင် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် အစည်းအဝေးကျင်းပရာ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနမှ ထွက်ခွာသွားပြီဖြစ်သည်။

သြဂုတ် ၁၉ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့မှုအပေါ် သတင်းထောက်များ က ဒေါ်အောင်ဆန်းစုကြည်သဘောထားအား မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု ဖြေကြားခဲ့သည်။

နေပြည်တော် တစ်ညအိပ် နှစ်ရက်ခရီးအပေါ် သူမ၏ အမြင်ကိုမေးမြန်းရာ "မနေ့က ခေါင်းမူးနေ လို့ နေပြည်တော်ကို သေချာမကြည့်လိုက်ရဘူး။ အခု မပြန်ခင်မှ လိုက်ကြည့်ရမယ်"ဟု ဖြေကြားခဲ့သည်။

စီးပွားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားစတင်ချိန် နံနက် ၉ နာရီတွင် ရောက်ရှိလာကာ ခမ်းမအတွင်း ရှေ့ဆုံးခုံတန်းတွင် စီးပွားရေးပညာရှင်နှစ် ဦးဖြစ်သော ဒေါက်တာဦးမြင့်နှင့် ပါမောက္ခဒေါ်ရီရီမြင့်တို့ကြားတွင် နေရာယူကာ စာတမ်းနှစ်စောင်ဖတ်ကြားမှုကို နားထောင်ခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင်နှင့် မီးရထားဝန်ကြီး ဌာန အထွေထွေ မန်နေဂျာတို့ဖတ်ကြားသော စာတမ်းနှစ်စောင်အား နားထောင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် စာတမ်းဖတ်ကြားမှု ပြီးဆုံးခဲ့သည်။

ထို့နောက် ခေတ္တနားချိန်တွင် ကော်ဖီ၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိပ်ဆုံး အထူးပုဂ္ဂိုလ်ဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့်အတူ မိနစ် ၃၀ နီးပါးစကားဝိုင်းဖွဲ့ခဲ့ကြောင်း အစည်းအဝေးရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

"စက်မှု(၁)၊ (၂) ၀န်ကြီး ဦးစိုးသိန်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ဦးမြင့်၊ ပါမောက္ခဒေါ်ရီရီမြင့်နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့တွေနဲ့ တစ်ဝိုင်းတည်းအတူထိုင်ပါတယ်။ ဗိုလ်ချုပ်သိန်းဌေးတစ်ယောက်ပဲ စစ်ဝတ်စုံနဲ့တွေ့ရပါတယ်။ သူတို့အားလုံး ရယ်လိုက်မောလိုက် နဲ့ တော်တော်ရင်းရင်းနှီးနှီးစကားပြောကြတာတွေ့ရတယ်။ စကားပြောပြီးဝိုင်းကထမှ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဓာတ်ပုံတွဲရိုက်ကြတယ်။ ပညာရှင်အချို့လည်း ပါ ပါတယ်။ ဦးဇော်ဇော်တို့ ဦးဝင်းအောင်တို့ကိုလည်း တွေ့ရတယ်"ဟု ဆွေးနွေးပွဲပထမပိုင်းအပြီး ခေတ္တနားချိန်မြင်ကွင်းကို သတင်းထောက်ကတယ်လီဖုန်းမှတစ်ဆင့် ပေးပို့ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၉ ရက် ညနေ ၄ နာရီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မအိမ်တော်ရှိ နိုင်ငံတော်သမ္မတ၏ရုံးခန်းတွင် တွေ့ဆုံခဲ့ရာ ထိုတွေ့ဆုံမှုမှတ်တမ်းများကို ထိုနေ့ညရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားကာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထားသော သမ္မတရုံးခန်း တွင် နိုင်ငံတော်သမ္မတနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးထားသည်ကိုလည်း ဖော်ပြထားသည်။

သတင်းဓာတ်ပုံ..
7Day News Journal

Myanmar's Suu Kyi 'happy' after meeting president

http://4.bp.blogspot.com/-Wu_e0qWUeB8/Tk9AI4ZaXeI/AAAAAAAAelI/dO4IAntq23I/s1600/Amay+Suu+Nay+Pyi+Taw9.jpgNAYPYITAW, Myanmar (AP) — Myanmar's pro-democracy icon Aung San Suu Kyi says she is pleased about her first meeting with the military-dominated country's new president. It was the opposition leader's highest contact with the new government since her release from house arrest in November.
The Nobel Peace Prize laureate told reporters she was "happy and satisfied" with Friday's meeting. She spoke Saturday after attending a government-sponsored forum in the administrative capital Naypyitaw.
Suu Kyi's government invitation to Naypyitaw has generated guarded optimism that the new nominally civilian government of President Thein Sein is committed to a dialogue with the opposition. Suu Kyi has repeatedly called for talks since her release from seven years of house arrest.

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လှိုက်လှဲစွာကြိုဆို

နေပြည်တော် ဩဂုတ် ၂၀
မြန်မာအစိုးရ မြို့တော်သစ် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပနေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက် ၉ နာရီက ရောက်ရှိလာခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အစည်းအဝေး တက်ရောက်နေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ0x081မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင်၊ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်တို့နှင့်အတူ ယနေ့နံနက်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိလာခဲ့ရာ ဝိုင်းအုံကြည့်ရှုနေကြသော လူပရိသတ် များပြားသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများက လုံခြုံရေးယူ၍ လမ်းရှင်းပေးခဲ့ရသည်ဟုလည်း 0x158င်းထံမှ သိရသည်။" အလုပ်ရုံဆွေးနွေးပွဲ တက်လာတဲ့သူတွေ ဒေါ်စုရောက်လာတော့ အံ့ဩဝမ်းသာနေကြတယ်။ အစည်းအဝေးသဘာပတိ ကိုယ်တိုင်ထပြီး နှုတ်ဆက်တယ်" ဟု The Voice Weekly သို့ တိုက်ရိုက်သတင်းပေးပို့သည်။ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းဝေးခန်းမ ရှေ့ဆုံးတန်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တစ်ဖက်တစ်ချက်စီ နေရာယူခဲ့ပြီး UMFCCI ဥက0x081ကဌ ဦးဝင်းအောင် ဖတ်ကြားသည့် ပုဂ0x081ဂလိက လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းနှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကြည်အေး ဖတ်ကြားသည့် စာတမ်းတို့ကို နားထောင်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် ခေတ0x081တရပ်နားစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးသုံးဦးနှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဇော်ဇော်၊ UMFCCI ဥက0x081ကဌ ဦးဝင်းအောင်၊ ဒုတိယဥက0x081ကဌ ဦးလှမောင်ရွှေတို့နှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသာ စီးနင်းသည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ0x081မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပေါ် တွေ့ဆုံဆွေးနွေးရေး၏ ခြေလှမ်းအစ ဖြစ်သည်ဟု မှတ်ချက်ပေး ပြောကြားခဲ့ကြောင်း ပြည်ပအသံလွှင့် မီဒီယာများ၏ ထုတ်လွှင့်ချက်များအရ သိရှိရသည်။ နှစ်ပေါင်း ၂၃ နှစ်ကျော်ကြာ နိုင်ငံရေးမုန်တိုင်း ပြင်းထန်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ၌ အစိုးရနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးမှုများကြောင့် မြန်မာ့နိုင်ငံရေးအတွက် ရလဒ်ကောင်းများ သယ်ဆောင်လာသည့် လေပြေလေညှင်းဖြစ်ကြောင်း အိန0x081ဒိယနိုင်ငံထုတ် ဟင်ဒူသတင်းစာကြီးက ဖော်ပြသည်

Myanmar's Suu Kyi "encouraged" by talks

NAYPYIDAW: Myanmar's democracy champion Aung San Suu Kyi on Saturday said she was "encouraged" by her first meeting with the country's new nominally civilian president.

In her first comments on Friday's discussions with President Thein Sein, a former general, the Nobel laureate indicated that the one hour meeting in the capital Naypyidaw had gone well.

"I am glad to see him and I am encouraged," she told reporters.

The talks, a rare encounter between Suu Kyi and one of the members of the junta who kept her locked up for much of the past two decades, are the latest example of contacts between the government and its most renowned critic.

It was the democracy icon's first visit to the capital Naypyidaw, at the invitation of the regime, which came to power in March after a widely condemned election marred by the absence of Suu Kyi and her party.

A Myanmar official, who asked not to be named, said the meeting was "quite good and quite open" without giving details of the nature of discussions, which were held behind closed doors.

Government mouthpiece the New Light of Myanmar said both sides sought "potential common grounds to cooperate in the interests of the nation and the people putting aside different views" in a short item on the talks.

The newspaper published a picture of Suu Kyi with Thein Sein at the presidential residence.

Suu Kyi remained in Naypyidaw overnight and attended a forum on the impoverished nation's economy on Saturday morning.

An AFP reporter at the event said the 66-year-old appeared relaxed and cheerful and spoke with senior government officials and ministers.

Suu Kyi was told in June to stay out of politics and warned that a political tour could spark chaos and riots.

But Myanmar's government led by Thein Sein, a former general and junta prime minister, has since appeared to want to soften its image.

In recent weeks Suu Kyi has held two rounds of talks with labour minister Aung Kyi in Yangon and has written an open letter offering to aid ceasefire talks between the military and ethnic rebels.

Last Sunday the daughter of Myanmar's liberation hero General Aung San travelled unhindered on her first overtly political trip outside her home city since being released from detention, addressing thousands of supporters.

The new government is also allowing UN rights envoy Tomas Ojea Quintana to visit Myanmar from Sunday for the first time in more than a year.

Quintana has been a vocal critic of Myanmar's rulers, enraging the junta after his last trip by suggesting that human rights violations in the country may amount to crimes against humanity and could warrant a UN inquiry.

Myanmar's elections last November followed nearly half a century of military rule.

Suu Kyi's National League for Democracy (NLD) boycotted the poll because of rules seemingly designed to exclude the democracy icon, and was stripped of its status as a political party as a result.

The NLD won a 1990 vote by a landslide but was never allowed by the junta to take power.

ယနေ့ နေပြည်တော် စီပွားရေးအလုပ်ရုံ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ပြည်သူ့ခေါင်းဆောင် (ဓါတ်ပုံ သတင်း)


ယနေ့ နေပြည်တော် စီပွားရေးအလုပ်ရုံဆွေးနွေးပွဲရဲ့ ရှေ့ဆုံးမှာ မြင်တွေ့ရတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...။
သမ္မတရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဦးမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...
အနောက်မှာ ထိုင်နေသူကတော့ ဇေကမ္ဘာဦးခင်ရွှေပါ...

ဓာတ်ပုံများအောက်မှာ ဆက်လက်ကြည့်ရှုပါရန်...


အများပြည်သူတွေ မျှော်လင့်နေတဲ့ ကြယ်တွေဆုံမယ့်ညကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်...
ဓာတ်ပုံ AP..

ဆောင်းပွန်း ဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ

ဗန်းမော်တင်အောင် 
ဆရာဗန်းမော်တင်အောင်ရဲ့ အပြောင်းအလဲ (တကယ်တော့ မျက်နှာဖုံး အဟောင်းအသစ် ပြောင်းလဲပွဲ) တခုမှာ ပါဝင်ပတ်သက်ကြသူတွေ ကိုယ်သန်ရာအမြင်နဲ့ ကိုယ်သန်ရာ အကျိုးစီးပွားကို ရှေ့ရှုပြောင်းလဲသွားကြပုံ ရေးထားတဲ့ ဝတ္ထုဆောင်းပါးလေး တခုဖြစ်ပါတယ်။ ပန်းဝေဟင်မြိုင် ဝတ္ထုရဲ့ နောက်ပိုင်းမှာ တွေ့ရှိရတာဖြစ်ပြီး ဆရာ ၁၉၇၂ ခုနှစ် ကိုကိုးကျွန်းက ပြန်လည် လွတ်မြောက်ပြီးစမှာ ရေးသားခဲ့ဟန် တူပါတယ်။ အချိန်က သခင်စိုးကြီး ပြောသလို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” တဲ့ ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကြီး အုတ်မြစ်ချပြီး ကာလဖြစ်ပါတယ်။ တချို့လဲ ဆိတ်ခေါင်းကြည့်ပြီး အဟုတ်မှတ်ကြသလို တချို့ကတော့ ခွေးသားမှန်း သိရက်နဲ့ပဲ တဘဝကောင်းဖို့ ကိုယ့်သမိုင်းကော တိုင်းပြည်နာဂါတ်ကိုပါ ရောင်းစားကြတယ်။ ဆရာဗန်းမော်တင်အောင်က သူ့မိတ်ဆွေ အပေါင်းဖော်တွေထဲက ရေဆန်ကို မလိုက်ရဲတော့ဘဲ ဘေးထိုင်သွားကြသူတွေ၊ ရေစုန်မျှောလိုက်ကြသူတွေ အကြောင်းကို ခေတ်ကြေးမုံတခုလို တင်ပြထားပါတယ်။
အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ/ နအဖစတဲ့ မျက်နှာဖုံးစွပ်တွေ အမျိုးမျိုးပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ အခုနောက်ဆုံး သန်းရွှေ/မင်းအောင်လှိုင်/သိန်းစိန် သုံးဦးဂိုဏ်းဟာ အတုအယောင် ရွေးကောက်ပွဲနဲ့ အရပ်သား မျက်နှာဖုံးစွပ်ပြီး ဟန်ပြ အပြောင်းအလဲကလေးတွေနဲ့ ခွေးသား ရောင်းနေပြန်ပါပြီ။ ဆိတ်ခေါင်းတောင် ချိတ်မပြတော့ဘူး။ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဆိုတဲ့ ဆိုင်းဘုတ်ကလေးတခုပဲ ထောင်ထားတယ်။
ဆရာဗန်းမော်တင်အောင်ရဲ့ ဆောင်းပါးဟာ ဒီနေ့ ကျနော်တို့ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ အံဝင်ဂွင်ကျ ထင်ဟပ်နေပါတယ်။ တော်လှန်သတိ သင်္ခန်းစာ အမြောက်အများ ပါဝင်နေတာကြောင့် မိတ်ဆွေအပေါင်းကို ထပ်ဆင့် မျှဝေလိုက်ရပါတယ်။ ရဲဘော်ကျော်သန်း)


  “အင်းစိန်တောရ” ဟူ၍ ၀ိနည်းလွတ် ခေါ်ဝေါ်လျက်ရှိသော အရပ်နေရာမှ ကျွန်တော်တို့လူသိုက်သည် ထွက်လာကြရသောအခါ နေ၀င်လုနီးပေပြီ။
           ကျွန်တော်နှင့်အတူ ကားကလေးတစီးထဲတွင် မွတ်တားခေါ်ဒလဦးထွန်းစိန်နှင့်မန္တလေးမှ သခင်ရန်ချွေနှစ်ယောက်တို့ပါ၏။ ကျွန်တော်တယောက်သာစာရေးဆရာဖြစ်လျက် သူတို့နှစ်ဦးစ လုံးကား ရဲရဲတောက်နိုင်ငံရေးသမားကြီးများဖြစ်ကြသည်။ ၁၉၃၆-ခုနှစ်ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ် တပ်မတော် အစရှိသော အမျိုးသားရေးလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လှုပ်ရှာမှုများ၊ စစ်ပြီးခေတ် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲများအဆင့်ဆင့်တွင် ရှေ့တန်းမှပါဝင်ခဲ့ကြသူချည်းဖြစ်သည်။ ကြိုးဒဏ်နှင့်ထောင်ဒဏ်များ အကြိမ်ကြိမ်အခါခါကျခံခဲ့ရဘူးသူ များလည်းဖြစ်သည်။
              အာဘောကသိုဏ်းကိုသုံးနှစ်မျှ၎င်း၊ အထွေထွေကသိုဏ်းများကိုလေးနှစ်မျှ၎င်း ထိုင်ခဲ့ရှုခဲ့ကြ သူများ ချည်းသာဖြစ်၍ “တောရ”မှ ဗြုန်းကနဲ ထွက်အလာတွင် ကျွန်တော်တို့ လူသိုက်သည် ကြောင်စီစီ ယောင်အမ်းအမ်းဖြစ်နေကြ၏။ နှစ်ကာလအတန်ကြာမျှ အသစ်ဖြစ်နေခဲ့ရသော လူ့ဘုံခန်းဝါနှင့် ရုတ်တရက် ပြန်လည်တွေ့ ထိရသဖြင့် အဆန်းအသစ်ကဲ့သို့လည်း ဖြစ်နေသည်။
              “တောရ”မှအထွက်တွင် ကျွန်တော်တို့လူသိုက်ကို တင်ဆောင်လာသော မော်တော်ကား ကလေးသည် ယခင်သွားနေကျ လမ်းရိုးအတိုင်း လက်ဝဲဘက်မှမဟုတ်ဘဲ လက်ျာဘက်လမ်းအတိုင်း မောင်းထွတ်လာသောအခါ ကျွန်တော်တို့ကမ္မဋ္ဌာန်းသမားသုံးဦးတို့သည်“ဟာ...သောက်ကျိုးနဲ ဘယ်လို ဖြစ်ကုန်ကြပါလိမ့်” ဟူသောအနေဖြင့် တယောက်မျက်နှာကိုတစ်ယောက် မျက်ရိပ်မျက်ခြည်ဖြင့် ပြူးတူးပြဲတဲလှမ်းကြည့်မိကြ၏။ သို့ရာတွင် စကားရဲရဲမပြောတတ်မဆိုတတ်ကြသေးသဖြင့် နှုတ်ပိတ် ကာလိုက်ပါလာကြသည်။ ကျယ်ဝန်းသော လမ်းမကြီးတွင် မော်တော်ကား ကလေးသည် တရိပ်ရိပ်ပြေးလွှားလျက်ရှိ၏။ ကားကြီးများကို ကျော်တက်ရန်ရှိသောအခါ ဟွန်းသံကို နားကလောလောက်အောင်ပေးရင်း လက်ဝဲဘက်မှ ကျော်တက် လာခဲ့သည်။
             သခင်ရန်ချွေဆိုသူသည် ဥယျာဉ်စိုက်ပျိုးရေးတွင် အထုံဝါသနာကြီးသူဖြစ်၏၊ ဇွဲနဘဲလည်း ကောင်း၏။ တလမ်းလုံး သူသည်စကားတလုံးမျှမပြော၊ ကမ္မဋ္ဌာန်းထိုင်ရင်း “တောရ”တွင် သူပြုစုထားခဲ့သော ဥယျာဉ်က လေးအကြောင်းကို စဉ်းစားချင်က စဉ်းစားလျက် ရှိပေမည်။
              ကျွန်တော်၏ လက်ျားဘက်ဘေးတွင် ငြိမ်သက်စွာလိုက်ပါလာသော မွတ်တားခေါ် ဒလ ဦးထွန်းစိန် တယောက်သည်လည်း ဘာတွေတွေးလာခဲ့သည်မသိ၊ ငြိမ်ချက်သားကောင်းလျက်ရှိ၏။ မြို့မကျောင်းထွက် တဦးပီပီ သူသည် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲလောက်နှင့် အချိန်လွန်ခဲ့သူ ဖြစ်ရကား အသက်လေးဆယ်နီးခါမှ အိမ်ထောင်ပြုနိုင်သူဖြစ်၏။ သို့ရာတွင် သူ၏ ချစ်ဇနီး ဒေါ်ခင်တင့်နှင့်ကြာကြာပင် မပေါင်းခဲ့ရ၊ သုံးနှစ်မျှသာ အကြင်လင်မယားအဖြစ်ဖြင့် အတူနေခဲ့ရသည်။ “တောရ”သို့ ထွက်မလာမီက သူ့တွင်အခါလည်သာသာအရွယ် သမီးကလေးတစ်ယောက် ကျန်ရှိခဲ့သည်။ ထို့ကြောင့် ထိုနိုင်ငံရေး သတ္တ၀ါသည်လည်း လူသားတယောက်ဖြစ်သဖြင့် သူ့ဇနီးနှင့် သမီးကလေးအကြောင်းတို့ကိုစဉ်းစားနေတန်ရာ၏။ အာဘောကသိုဏ်းကို သူနှင့်အတူ ကျွန်တော် ရှုခဲ့ရစဉ်က သူ့ဇနီးနှင့်သမီးများအကြောင်း မကြာမကြာပြောတတ်သည်။ ပြောသော အခါများတွင် လည်း လွမ်းလွမ်းဆွတ်ဆွတ် ပြောဆိုတတ်သည်။
               ကျွန်တော်၏ ဦးနှောက်သည်ဟင်းလင်းပြင်ဖြစ်နေသည်။ ဘာမျှမစဉ်းစား မတွေးတော မိအောင် ကျွန်တော်သည် အားထုတ်၏။ မော်တော်ကား၏ ထိုင်ခုံနောက်တန်းကိုမှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အာရုံများဝင်မလာနိုင်အောင် စိတ်တံခါးကိုပိတ်ထားရန် အားထုတ်နေခြင်း ပင်ဖြစ်သည်။
               ထိုအကြားထဲမှပင် တနှစ်,တနှစ်တွင် အသက်အရွယ်အားဖြင့် အိုမင်းလျက်ရှိနေပြီဖြစ်သော မိခင်ကြီး၏ရုပ်ပုံလွှာသည် မကြာမကြာစိတ်တံခါးကိုလာလာခေါက်၏။ တခါခါတွင်လည်း ပင်လယ်ရပ်ခြားတိုင်းတပါးတွင် သွားရောက်ပညာသင်ကြားနေသော သမီးကြီးသစ်သစ်သည် ဦးနှောက်အတွင်းသို့တိုးဝင်လာ၏။ ထိုမြေးအဖွားနှစ်ယောက်တို့ကိုကျွန်တော်သည် ဖယ်ရှားဆွဲထုတ်ပစ် လိုက်သည်။ အလားတူပင် ထိုမြေးအဖွားနှစ်ယောက်တို့ကို နောက်ယောင်ခံလိုက်ကာ စိတ်တံခါးဝတွင်သူတို့အလည့်အတွက် ချောင်းမြောင်းရပ်စောင့်နေကြသော မြိုင်တို့သားအမိ တတွေကိုလည်း မာန်မဲမောင်းထုတ်ပစ်လိုက်ရသည်။
            ကျွန်တော်သည် စိတ်အလုပ်များစွာ လုပ်ကိုင်ရသော “တောရ”မှ မနက်ပိုင်းလောက်ကမှ လွတ်မြောက်လာရသူဖြစ်၏။ ထို့ကြောင့် တတ်နိုင်သမျှမိမိစိတ်ကိုအနားပေးလိုသည်၊ သက်သက်သာသာ နားလိုသည်။
         “ဟေ့လူ ကိုအေးသွင်... ဒါ ခင်ဗျားအိပ်ပျော်နေတာလား...၊ ခင်ဗျားအိမ်ရောက်နေပြီဗျာ”ဟု ဒလ ဦးထွန်းစိန်က မှေးကနဲ အိပ်ပျော်သွားပုံရသော ကျွန်တော့်ပုခုံးကိုပုတ်နှိုးရင်း သတိပေးပြောကြားသံကို ၀ိုးတ၀ါးကြားလိုက်ရ၏။ သည်တော့မှ ကျွန်တော်သည် မှေးထားသောမျက်လုံးများကို ဖွင့်လိုက်ရသည်။
          ကျွန်တော်တို့လူသိုက်ကို “အင်းစိန်တောရ”မှ သယ်ဆောင်လာသော မော်တော်ကား ကလေးသည် ကျွန်တော့်အိမ်ရှေ့ ခြံဝင်းတံခါးဝတွင်ရပ်ထားလေသည်။ ကျွန်တော်သည် ကိုယ် ဆောက်ခဲ့သောအိမ်ကိုပင်ကောင်းစွာ မမှတ်မိချင်သလိုဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် “တောရ”သို့ ကျွန်တော်မသွားမီက စိုက်ပျိုးထားသော သစ်ပင်ပန်းပင်ကလေးများသည် အိမ်ရှေ့ မျက်နှာစာတွင်တောထ, နေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ကားပေါ်မှရုတ်တရက် မဆင်းဖြစ်နိုင် သေးဘဲ ကိုယ့်အိမ်ကိုပင် အဆန်းသဖွယ်ငေးမော ကြည့်ရှုနေမိ သည်။
           အချိန်ကလည်း မရှိတော့သည့်အပြင် ဒလဦးထွန်းစိန်နှင့် သခင်ရန်ချွေတို့နှစ်ဦးကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးစရာ ရှိနေသေးသောကားမောင်းသူက မော်တော်ကားဟွန်းသံကို တပေးထဲပေးလျက်ရှိ၏။ သို့ရာတွင် အိမ်တွင်းမှမြိုင်တို့သားအမိတတွေထဲက တယောက်မှ ထွက်မလာကြပေ။ အိမ်ကြီးတစ်ခုံးသည်လည်း လူသူတယောက်မျှ မရှိသလို တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။
         တောင်ကြီးကမှ မိုးဟာမက်ထံမလာလျှင် မိုဟာမက်ကတောင်ကြီးရှိရာသို့ သွားရမည်ဖြစ်ည့် အလျောက်ကျွန်တော်သည် ကားပေါ်မှဆင်းလိုက်၏။ ယင်းသို့ကားပေါ်မှ ဆင်းလာပြီးနောက် ခြံဝင်းတံခါးဝ၌ ရပ်အလိုက်တွင် ခွေးတကောင်သည် အိမ်အောက်ထပ်မှ ပြေးထွက်လာပြီးလျှင် ကျွန်တော့်ကို စူးစူးဝါးဝါးဟောင်၏။ ခွေးဆွဲမည်စိုးဟန်ဖြင့် ဒလဦးထွန်းစိန်နှင့် သခင်ရန်ချွေတို့သည် ကားပေါ်မှဆင်းလာကြပြီးလျှင် ဟောင်နေသောခွေးကို ၀ိုင်းဝန်းချောက်လှန့်ပေးကြသည်။ ခွေးသည် စောစောကလို စူးစူးဝါးဝါးမဟောင်တော့သည့်တိုင်အောင် ဆက်လက်၍မာန်ဖီနေ၏။
            ထိုအခိုက်သူ၏ကစားဖော်များနှင့်မလှမ်းမကမ်းတွင်ကစားနေရာမှ ကလေးတစ်ယောက်သည် ခွေးတကောင်နှင့် လူသုံးယောက်တို့ အချင်းဖြစ်ပွားနေသော ခြံဝင်းတံခါးဝသို့ ပြေးလာပြီးလျှင် “ဘယ်သူ့ကိုတွေ့ချင်လို့လဲ ခင်ဗျာ”ဟု မေး၏။ ထိုကလေးသည် ဆယ်နှစ်သားခန့် အရွယ်ဖြစ်၏။ ထိုကလေး၏ မျက်နှာပေါက်ကိုကြည့်ရင်း တခါကမြင်ဘူးသည်ဟု ကျွန်တော်သည် အောက်မေ့လျက် ရှိသည်၊ သို့ရာတွင် ဘယ်တုန်းကနှင့် ဘယ်နေရာတွင်ဟူ၍ကား စဉ်းစားမရတော့ပေ။
           “ဒါ စာရေးဆရာ ကိုအေးသွင်ရဲ့အိမ် မဟုတ်ဘူးလားကွ...”ဟု ဒလဦးထွန်းစိန်က သေချာသည်ထက် သေချာအောင် ထိုကလေးကို မေးမြန်းလိုက်၏။
           “ကျွန်တော်တို့ ဖေဖေအိမ်မှာမရှိတာကြာပြီ ဦးလေး၊ မေမေကတော့ရှိပါတယ်၊ ဒါပေမယ့် ဖျားနေတယ်ခင်ဗျာ” ထိုကလေးက ယင်းသို့ပြန်လည်ဖြေကြားလိုက်တော့မှ ထိုကလေးသည် ကျွန်တော်၏သားငယ် မောင်ကျော်မြင့်မှန်း ကျွန်တော်သိလိုက်ရ၏။ သို့ရာတွင် မောင်ကျော်မြင့်သည် သူ့ဖခင်ကို မသိတော့၊ မှတ်လည်း မမှတ်မိတော့။ သူ သုံးနှစ်သားအရွယ်လောက်က ကွဲကွာသွားသော သူ့ဖခင်ကို ထိုကလေးသည် သူ့အဖေမှန်း အဘယ်သို့ မှတ်မိ သိရှိနိုင်ပါ့တော့မည်နည်း။
            ကျွန်တော်တို့ သားအဖနှစ်ယောက်ဖြစ်အင်ကို ဘေးမှစိတ်မချမ်း မမြေ့ဟန်ဖြင့် ကြည့်နေရာမှ “ဒါ မင်းဖေဖေလေ၊ သွား...သွား မင်းဖေဖေ ရောက်နေတဲ့ အကြောင်း မင်းမေမေကို သွားပြောချေကွာ...”ဟု ဒလဦးထွန်းစိန်က ခိုင်းစေလိုက်တော့မှ မောင်ကျော်မြင့်သည် ကျွန်တော့်ကို မသိမသာ တချက်မျှလှမ်းကြည့်လိုက် ပြီးနောက်အိမ်ထဲသို့ပြေးဝင်သွား၏။ အိမ်ထဲသို့အရောက်တွင် နေထိုင်မကောင်းဖြစ်ကာ ခွေနေဟန်ရှိသော သူ့မိခင်ကို “ဖေဖေလို့ပြောတဲ့ လူကြီးတယောက် အိမ်ရှေ့မှာရောက်နေတယ် မေမေ...”ဟု ပြောဆိုနေသံများ ကျွန်တော်တို့လူသိုက် ကြားရ၏။
           သူ့မိခင်ကို သူ့ဖခင်ဆိုသော လူကြီးတစ်ယောက် ရောက်ရှိနေကြောင်း သတင်းပေးပို့ပြီးနောက် မောင်ကျော်မြင့်သည်  အိမ်ရှေ့သို့ပြန်ထွက်လာပြီးလျှင် ခြံဝင်းတံခါးဝတွင် ကျွန်တော်တို့လူသိုက်အား မာန်ဖီရန်လုပ်နေသာ ခွေးကို “ဟေ့ကောင်... ဘိုဖြူ လာခဲ့...”ဟု လှမ်းခေါ်လိုက်သည်။ သည်တော့မှပင် ဘိုဖြူသည် သူ့သခင်အမိန့်ကို နားခံကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။
           ခြံထဲသို့ဝင်လာရစဉ် အိမ်အောက်ထပ်မှနေ၍ကျွန်တော့်ကို မျက်စောင်းတခဲခဲနှင့် ကြည့်နေ တုန်းဖြစ်သော ဘိုဖြူကိုသတိထားရ၏။ စိတ်ထဲတွင်လည်း မကောင်းလှ။ အဘယ့်ကြောင့်ဆိုသော် သုံးလသားအရွယ်လောက်မှစ၍ ကိုယ်တိုင်မွေးလာရသော ထိုသတ္တ၀ါသည် ကျွန်တော့်ကို မမှတ်မိ, မသိရှိတော့ဘဲရန်လုပ်နေသောကြောင့်ဖြစ်သည်။ ထို့အတွက်ဘိုဖြူကို အပြစ်ဆိုရန် အကြောင်းမရှိဟု ထင်၏။ ဘိုဖြူကို ကျွန်တော် ခွဲသွားသည်မှာ ကြာဘဲကြာလှပါပကောလား။
          “တောရ”မှ နေအိမ်သို့ ပြန်ရောက်ပြီးနောက် မိမိ၏သားမယား သားသမီးများနှင့် ပြန်လည် ပေါင်းစည်းရသောညက ကျွန်တော်သည်တညလုံးမအိပ်ပေ။ အသစ်ဖြစ်သော မိမိ၏ပတ်ဝန်းကျင်နှင့် တညလုံး ပဋိပက္ခဖြစ်ပွားလျက်ရှိ၏။ အပ ပတ်ဝန်းကျင်နှင့် လုံးသတ်ရသလို အတွင်းပတ်ဝန်းကျင် နှင့်လည်း လုံးသတ်ရသည်၊ ထို့ကြောင့် နာကျင်ပင်ပန်းသည်။
            သိတတ်ကြပြီ ဖြစ်သော နုနု၊ ချစ်ချစ်နှင့် မောင်တင်ထွန်းတို့ သုံးယောက်က သူတို့၏ ဖခင်ကို ခပ်စိမ်းစိမ်းနှင့် လက်ခံကြသော်လည်းအငယ်နှစ်ယောက်ဖြစ်သော စုစုနှင့် မောင်ကျော်မြင့်တို့ကမှု အလားတူလက်ခံရန် အဆင်သင့်မရှိကြသေးပေ၊ ကျွန်တော့်ကို လူစိမ်းသူစိမ်းလို ကြည့်ရှုနေကြသည်၊ သဘောထားနေကြပုံလည်းရသည်။ ဘိုဖြူ တစ်ကောင်ကလည်း ကျွန်တော့်ကိုမြင်တိုင်း သွားဖြဲ၍ ဖြဲ၍ပြဆဲပင်ဖြစ်၏။ ထို့ကြောင့် မိမိခြံဝင်းအပြင်မှ အရာဝတ္ထု၊ အကြောင်းအရာ၊ အဖြစ်အပျက်များနှင့် သဟဇာတ ဖြစ်အောင်လုပ်ဘို့ကိုင်ဘို့ အရေးထက် မိမိခြံဝင်းအတွင်းမှအရာဝတ္ထု၊ အကြောင်းအရာ၊ အဖြစ်အပျက်များနှင့် အံဝင်ဂွင်ကျဖြစ်အောင် တော်တော်ကလေးလုပ်ယူကိုင်ယူရဦးမည့် မိမိ၏အဖြစ်ကို ကျွန်တော်တွက်ချက် စဉ်းစားရသည်။
          “တောရ”တွင်ရောက်နေရခဲ့၍ ၎င်း၏ယောက္ခမကြီးဆုံးပါးသွားသည့်သတင်းကို မြိုင်သည် ဦးစွာပြောကြား၏။ မွေးသမိခင်၏ရုပ်ကလာပ်ကို ၀တ္တရားရှိသည့်အတိုင်း ကျွန်တော်သည် သင်္ဂြိုခြင်းအမှု မပြုလိုက်ရပေ။ အလားတူပင် သုံးရာပြည့် အရေးတော်ပုံ ကာလများအတွင်းကလည်း ကျွန်တော်သည် မိမိဖခင်၏ ရုပ်ကြွင်းကိုသင်္ဂြိုခဲ့ရသူမဟုတ်။ ထို့နောက် ထိုမိန်းမသည် တောင်ငူနှင့် ပဲခူး ဘက်တွင်ရှိကြသော နှစ်ဖက်ဆွေးမျိုးသားချင်းများ သတင်းနှင့်အခြေအနေကိုလျှောက်ပြော၏။ ကျွန်တော်သည် နားထောင်သူ သက်သက်မျှသာ ဖြစ်သည်။
           လူ့ဘုံခန်းဝါနှင့် နှစ်ကာလအတန်ကြာမျှ အဆက်ပြတ်နေရသူ ဖြစ်၍ ကျွန်တော်သည် အမေရိကန်ပုံပြင်လာ “ရစ်ဗင်ဝင်းကဲလ်”လို ခေတ်နောက်ကျ ကျန်ရစ်လျက်ရှိ၏။ ထို့ကြောင့် အပြင် အပမှအကြောင်းအရာနှင့် အဖြစ်အပျက်များကိုများစွာကြားလို, သိလိုသည်၊ အငမ်းမရ သိလို, ကြားလိုသဖြင့် မြိုင်တို့ သားအမိတတွေကို အားမနာတမ်း မေးရ, မြန်းရ၏။
             ကျွန်တော်နှင့် ရေးဖော်စာရေးဆရာ သတင်းစာဆရာများထဲမှ မြို့မအုန်း၊ ငွေမျှား၊ ဦးသိမ်မောင်(သံတော်ဆင့်)၊သန်းဆွေ၊သိပ္ပံကျော်ရင်(သံတွဲ)၊မြမျိုးလွင်၊ဦးဝင်းမြင့်ကြီး(သတင်းထောက်)၊ရွှေမြိတ်မောင်နှင့်စံထွန်းအောင်အစရှိသူတို့ ကွယ်လွန်ဆုံးပါးသွားကြပြီဖြစ်သော သတင်းများကြားရ၏။ အလားတူပင် မိမိတိုင်းပြည်နှင့် အမျိုးသားရေးကိစ္စများအတွက် အတူတကွလုပ်ကိုင်ခဲ့ကြသော သခင်ဘသော်(ကညွတ်ကွင်း)၊ သခင်ဘရင်(ရန်ကုန်စီရင်စု)၊ သခင်ဗတင်(သံတွဲ)၊ သခင်ဖေဌေး(အလံနီ)၊ ဗိုလ်မျိုးမြင့်(အသားဖြူ)၊ ဒေါ်ခင်ချစ် (တိုင်းချစ်)၊ သခင်လှမြိုင်(ဗိုလ်ရန်အောင်)၊ ကိုစိုးမောင်(ဗိုလ်မှူးချစ်ကောင်း)နှင့် အခြားရဲဘော်အတော်များများမရှိကြတော့ပြီဆိုသော သတင်းစကားများလည်း ကြားသိရသည်။၎င်းအပြင် အာရှတောင်ပိုင်းတွင် ဘင်္ဂလားဒက်ရှ်ဆိုသော နိုင်ငံသစ်ပေါ်ပေါက်လာသောကိစ္စ၊ အမေရိကန်သမတနစ်ဆင် တရုတ်ပြည်သို့ အလည်အပတ် သွားသောကိစ္စ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အနားယူသွားသောကိစ္စနှင့် ၁၉၆၉-ခုနှစ် တရုတ်-ဆိုဗိယက်တိုက်ပွဲ ကိစ္စများကိုပါကြားနာရသည်။ သားကြီးမောင်တင်တွန်းက သိသင့်သိထိုက် သောအကြောင်းအရာများနှင့် သတင်းစကားများကို ပြောကြား၍အပြီးတွင် သိပ္ပံပညာရပ်ကို ၀ါသနာထုံသောအငယ်ကောင်က အမေရိကန်မှအာကာသယာဉ်မှူးများ လသို့ ရောက်ရှိခဲ့ကြသော သတင်းကို ဖြည့်စွက်ပြောကြား၏။
            မိမိအိမ်သူ အိမ်သားများက ပြောပြသော အကြောင်းအရာ၊ အဖြစ်အပျက်နှင့် သတင်းများကို ကျွန်တော်သည် ကလေးသူငယ်တယောက်လို တအံ့တသြ နားထောင်ရ၏။ ထိုသို့နားထောင်ရင်း အမေရိကန်ပုံ ပြင်၌ လာသော ဇာတ်ကောင်ရစ်ဗင်ဝင်းကဲလ်ကိုလည်း လွန်စွာ ကိုယ်ချင်းစာနာမိသည်။ ထိုသတ္တ၀ါသည် လူ့ဘုံ ခန်းဝါနှင့် သူ့ တသက်ကြာမျှ အဆက်ပြတ်သွားခဲ့ရသည် မဟုတ်သလော။
              နံနက်လင်းလျှင်လင်းချင်း ဗိုလ်ကြီးဟောင်းနှင့် ရုပ်ရှင်ပညာသည်ဟောင်းလည်းဖြစ်၊ ဆရာဝန်နှင့် စာရေးဆရာလည်းဖြစ်ကာ အကယ်ဒမီဆု အမျိုးမျိုးရရှိခဲ့သော မောင်မောင်သင် တယောက် ဘယ်ကဘယ်လိုသတင်းကြားလာ၍မသိ၊ ကျွန်တော့်အိမ်သို့ ကတိုက်ကရိုက် ပေါက်လာ၏။ သို့ရာတွင် ယခင်ကလို မားစီးဒီးကား သစ်ကြီးနှင့်ကားမဟုတ်တော့၊ ဂျစ်ကားအိုကလေးနှင့်ဖြစ်သည်။ ထိုသူ၏ဘ၀သည်လည်း များစွာပြောင်းလွဲခဲ့ပုံရ၏။ မည်ကဲ့သို့ပင်ဖြစ်စေ သူ့တွင်နားကြပ်နှင့် ဆေးသတ္တာတလုံးပါလာ၏။ သူ့အကူအညီ လက်ထောက်ဆေးသ မားကလေးတယောက်လည်း ခေါ်လာသည်။
             ဆရာမောင်မောင်သင်သည် ခရီးရောက်မဆိုက် မြို့င်ကိုရေးနွေးအိုး အတည်ခိုင်းသည်။ ထို့နောက် သူယူဆောင်လာသောစမ်းသပ်မှုကိရိယာများဖြင့် ကျွန်တော့်တကိုယ်လုံး ကိုင်တွယ်စမ်းသပ်၏၊ စစ်ဆေး၏၊ ဆေးထိုးပြွန်နှင့်အပ်များ သန့်စင်ပြီးသောအခါ အကြောနှင့် အသားဆေးများထိုးသည်၊ စားဆေးများလည်းပေးသည်။
             စာရေးဆရာ စာပေကလပ်နှင့်သမဂ္ဂများ ထူထောင်ခဲ့ကြစဉ်က အဖွဲ့ဝင် စာရေးဆရာများ အားလုံး၏မိသားစုများအတွက် စေတနာ့ဝန်ထမ်းတာဝန်ယူကုသပေးခဲ့သော ဦးမောင်မောင်သင်၏ မေတ္တာသည် ကျွန်တော့်အတွက် အသစ်အဆန်းမဟုတ်တော့ပေ။ ၎င်းအပြင် သူနှင့် ကျွန်တော့်အတွက် အသစ်အဆန်း မဟုတ်တော့ပေ။ ၎င်းအပြင် သူနှင့်ကျွန်တော်သည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် ဂျာနယ်ကျော်စင်မြင့်မှလည်ပင်းဖက် တက်လာခဲ့ကြသော စာရေးသူချင်းလည်းဖြစ်၏။
             သူ့တာဝန်ကိစ္စများထမ်းဆောင်ပြီးစီး၍ပြန်ခါနီးတွင် “တောရမှာတုံးက ကိုစံဝင်းကြီး တယောက်နဲ့ကော ခင်ဗျားမတွေ့ခဲ့ဘူးလားဗျာ”ဟု ဦးမောင်မောင်သင်က မေးသည်။
            ကိုစံဝင်းသည် ရုပ်ရှင်ပညာသည် ဦးအောင်ကြီးခေါ်ဦးကျောက်လုံး၏ညီဖြစ်သည်။ စစ်ကြိုခေတ်ကဦးချစ်မောင်ဦးစီးထုတ်ဝေသောဂျာနယ်ကျော်တွင် ဆရာမောင်မောင်သင်၊ မြင်းခြံစိုးမြင့် ခေါ် ကိုအောင်ထွန်း ဗိုလ်မှူးချစ်ကောင်း၊ ကျွန်တော်တို့နှင့် ရေးဖော်ရေးဖက်များဖြစ်ကြ၏။ သူ၏လသာသာနှင့်ကိုကျော့ဖေစသော ၀တ္ထုတိုကလေးများသည် တပ်မက်စရာကောင်း၏။ ဂန္ထလောက တွင်လည်း ကဗျာကလေးများရေးတတ်သည့်အပြင် အင်္ဂလိပ်ဘာသာနှင့်ပါအရေးကောင်းသူဖြစ်၏။ ကိုစံဝင်း၊ကိုချစ်ကောင်းနှင့် ကိုမောင်မောင်သင်တို့ သုံးဦးစလုံးသည် မြင်းခြံသားများချည့် ဖြစ်ကြသည်။
             “ကြားတော့ အကြားသားဗျ၊ ဒါပေမယ့် လူချင်းတော့မတွေ့ခဲ့ရဘူး၊ ကျွန်တော်တို့ ကမ္မဋ္ဌာန်းကျောင်းမှာက ဒဂုန်တာရာ၊ ညိုမြ၊ မြသန်းတင့်၊ အောင်ဗလ၊ ခင်မောင်ရီ၊ မောင်မောင်မြင့်လွင်နဲ့ ဂါးဒီယန်းဦးစိန်ဝင်းတို့ လူသိုက်လောက်ဘဲ နေကြတယ်” ဟု ကျွန်တော်က ပြန်လည်ပြောကြားလိုက်ရသည်။ ထို့နောက် ပျိုပျိုမျစ်မျစ်နှင့် ကြည့်ကောင်းတုန်းဖြစ်သော ထိုရုပ်ရှင်မင်းသားဟောင်းကို ငေးမောကြည့်ရှုရင်း“ခင်ဗျားက ခုထက်ထိချော တုန်း တင်တုန်းဘဲဗျာ”ဟု မိမိ၏ထင်မြင်ချက်ကို ဆက်လက်ပြောဆိုလိုက်သည်။ ဆရာမောင်မောင်သင်သည် ပြုံးရုံပြုံးကာ “ကျွန်တော်က ချောတာ, တင်တာ မဟုတ်ဘူးကိုအေးသွင်၊ ခင်ဗျားက ကျသွားလို့ပါ”ဟု ပြန်လည်ပြော ကြားရင်း အိမ်ပေါ်မှာဆင်းသွား၏။ ဆရာမောင်မောင်သင်က ထိုကဲ့သို့ သတိပေးပြောကြားတော့မှ ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်ရ၏။ ကျွန်တော့်တွင်သွားအတော်များများ မကျန်ခဲ့တော့ပြီဖြစ်၍ တကယ့် ကမ္မဋ္ဌာန်းရုပ်ပေါက်နေ၏။ ကမ္မဋ္ဌာန်းကို နှစ်ရှည်လများထိုင်ခဲ့ရသဖြင့် ကိုယ်အလေးချိန်သည်လည်း ပေါင်လေးဆယ်ခန့်မျှ ကျသွားခဲ့ပါပကော။
                ကျွန်တော်အိမ်ပြန်ရောက်သော သတင်းပျံ့နှံ့သွားပြီဖြစ်၍ နိုင်ငံရေး၊ စာပေမိတ်ဆွေများနှင့် ယခင်ကျွန်တော့်လုပ်ငန်းဟောင်းမှ သစ်တောအရာရှိများနှင့် ကုန်သည်များအိမ်ရောက်လာကြ၏၊ အကျိုးအကြောင်းမေးမြန်းကြ၏၊ သတင်းများပြောဆိုကြ၏။ အချို့အကြောင်းအရာ အဖြစ်အပျက်များ နှင့် ပတ်သက်၍ ကျွန်တော့်သဘောထားနှင့်ထင်မြင်ချက်များ တောင်းခံကြ၏။ သို့ရာတွင် ကျွန်တော်မှုကား နားထောင်သူသက်သက်မျှသာ ဖြစ်သည်။
                  နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များထဲတွင် စစ်ကြိုခေတ် ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်လေးမောင်ကဲ့သို့ပုဂ္ဂိုလ်ကြီးမှအစ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်ဟောင်းဒလဦးပြုံးချိုအလယ်၊ ကျောင်းသားလူငယ်များအထိပါကြ၏။ စာရေးဆရာများထဲတွင်လည်းတော်တော်စုံ၏။ သို့ရာတွင် ကျွန်တော်နှင့်ညီအကိုအရင်းနှင့်မခြားခင်မင်ရင်းနှီး၍ စစ်ပြီးခေတ်တလျှောက်လုံးလိုလို တစ်ယောက်နှင့် တယောက်မခွဲဘဲ တတွဲတွဲနေခဲ့ကြသော စာရေးဆရာတယောက်ကို မမြှော်လင့်ဘဲ တွေ့ရှိခဲ့ရ သောအခါ ပြောမပြနိုင်လောက်အောင် အားရ၀မ်းသာသွား၏။ ထိုသူကား လင်းယုန်နီပင် ဖြစ်သည်။ လင်းယုန်နီသည်သူ၏မော်တော်ကားကလေးနှင့်လာ၏။ သူ့သားကိုလည်းသူနှင့်အတူ ခေါ်လာသည်။ ထိုသားအဖနှစ်ယောက်ကိုတွေ့ရသောအခါကျွန်တော်သည်အတိတ်သို့လွင့်စဉ်၍ သွား၏။
             လင်းယုန်နီသည် သူငယ်ငယ်ကလိုမဟုတ်တော့၊ ယခင်ကသူသည် ပိန်ပိန်ပါးပါး နွဲ့နွဲ့နှောင်းနှောင်းဖြစ်၏။ ယခုတော့မူ အသက်ကြီးလာ၍လားတော့မသိ၊ ၀နေ၏။ သူ့ဖခင်ဖြစ်သူ ဦးငွေခင်မကွယ်လွန်မီကနှင့် တယောက်တည်းတပုံစံတည်းဖြစ်၏။ သူ့ဘေးတွင် ကပ်ပါလာသော သူ၏သားကြီးသည် သူငယ်ငယ်ကနှင့်တပုံစံတည်းဖြစ်သည်။ မျက်နှာပေါက်ရော, ကိုယ်လုံး ကိုယ်ပေါက်ရော, ဟန်အမူအရာရောပါဖြစ်၏။ ထိုကလေးသည် ကျွန်တော့်ကိုမမှတ်မိတော့။ ဆယ်နှစ်ကျော်လောက်က ထိုကလေးသည်ဘောင်းဘီတိုကလေးနှင့် စိန်ပေါကျောင်းသားဖြစ်သည်။ သူ၏ခေါင်းကိုပွတ်သတ်ပေးရင်း....“တကယ့်ကိုကျောင်းသားကြီးပါကလားကွ”ဟု ကျွန်တော်ကပြော တတ်၏။ ထိုအခါ ကလေး၏မိခင် ’မာ’က ပြုံးနေတတ်သည်။ သူတို့သားအဖနှစ်ယောက်တည်းသာ လာကြပြီး‘မာ’တို့သားအမိခေါ်မလာသည့်အတွက်ကျွန်တော်ကအကြောင်းမသိဘဲအပြစ်ဆို လိုက်သော အခါ သမီးဖြစ်သူ၏ကျောင်းကိစ္စ အတွက်ကြောင့် သူတို့သားအမိကိုမန္တလေးတွင် ခေတ္တ ထားပစ်ခဲ့ရ သေးသည့်အကြောင်း ပြောပြ၏။
              ကျွန်တော်သည် လင်းယုန်နီနှင့် ခေတ်ပြိုင် လူသိုက်ထဲမှ မိမိနှင့်လည်း ခင်မင်ရင်းနှီးသော ကိုသန်း (ဗကသ)၊ ကိုလှဝင်း၊ ကိုညီညီ(ဒေါက်တာ)၊ ကိုစောလွင်(လမ်းစဉ်)၊ ကိုထွန်းဖေနှင့် ကိုတင်ထွတ်(ရကသ)၊ ကိုစိုး သိမ်း(မြောင်းမြ)၊ ကိုစံလွင်(မမလေး)နှင့် ကိုအုန်းမြိုင်(ဖြူး)စသည့် လူများအကြောင်းကို သူ့ထံ မေးမြန်းရ၏။ သူ ကလည်း စိတ်ရှည်လက်ရှည်ပြောပြသည်။
               သူထ၍ပြန်ခါနီးတွင် “ခင်ဗျားကော စာရေးနိုင်သေးရဲ့လား”ဟု ကျွန်တော်က မေးလိုက်သောအခါ လင်းယုန်နီသည် ကျွန်တော်၏မေးခွန်းကို အဖြေပေးနိုင်ဟန်မရှိတော့ချေ။ သို့ရာတွင် “အလုပ်တာဝန်တွေက များလွန်းလို့ဗျာ”ဟု ကြိုးစားပမ်းစား ပြောပြသွား၏။
            ဆရာလင်းယုန်နီသည် ယခုအခါ နိုင်ငံခြားရုပ်ရှင် တင်သွင်းရေးဌာနတွင် တာဝန်ကြီးကြီးယူ၍ လုပ်ကိုင် နေကြရကြောင်း သူ့ထံမှကျွန်တော်ကြားသိရသောအခါ “ခင်ဗျားတော့ ရေငတ်တုန်း ရေတွင်းထဲ လိမ့်ကျတာနဲ့ တူတယ်”ဟု ကျွန်တော်က ရယ်စရာပြောဆိုလိုက်၏။ လင်းယုန်နီကလည်း ရယ်မောလိုက်၏။ သို့ရာတွင်ဘေးမှ ရပ်နားထောင်နေသော သူ့သားတယောက်ကတော့မူ အကြောင်းရင်း မသိရှာသဖြင့် နှစ်ယောက်သား ပြောဆို ရယ်မောနေကြသော သူ့ဖခင်နှင့် ကျွန်တော့်ကို တလှည့်စီကြည့်နေသည်။
             ဆရာလင်းယုန်နီသည် စစ်ပြီးခေတ် လူငယ်ကျောင်းသားဘ၀နှင့်တုန်းက အလွန်တရာ ရုပ်ရှင်ကြည့်သူဖြစ်၏။ အထူးသဖြင့် နိုင်ငံခြားရုပ်ရှင်ကားကိုကြိုက်နှစ်သက်တတ်၏။ကားသစ် လဲတတ်သော သောကြာနေ့များတွင် တနေ့လျှင်လေးပွဲစလုံး ကြည့်တတ်ကြောင်းပြောလျှင် ရန်ကုန် ရုပ်ရှင်ဂျပိုးများပင် လက်ခံယုံကြည်ရန်ကျပ်၏။ သို့ရာတွင် ကျွန်တော် အလင်းရောင်သတင်းစာနှင့် ဂျာ နယ်များတည်းဖြတ်ထုတ်ဝေခဲ့သော ၁၉၅၀-၆၀ခုနှစ်များအတွင်းက ရုပ်ရှင်ကားသစ်များ လဲတတ်သော သောကြာနေ့များတိုင်း ထိုဆရာသမားသည် သတင်းစာဂျာနယ်တိုက်သို့ ပေါက်လာတတ်ပြီး ကျွန်တော့်အိတ်ကပ်ထဲက နှိုက်တတ်သည်ကိုမေ့မရနိုင်သေးချေ။ယခုအခါ တနေ့လျှင် လေးပွဲပြသဖြင့် လေးပွဲစလုံး ဘယ်လိုကဘယ်လိုကြည့်တတ်မှန်းမသိသော ဆရာလင်းယုန်နီသည် သူကြိုက်နှစ်သက် တတ်သော နိုင်ငံခြားရုပ်ရှင် တင်သွင်းရေးဌာနတွင် အလုပ် လုပ်ကိုင်နေရပါပကောလား။
              ‘တောရ’မှ အိမ်သို့ ပြန်ရောက်လာပြီးနောက် ရက်သတ္တတပတ်လည်သောနေ့တွင် ကဗျာဆရာနှင့်စန္ဒယားဆရာကိုမေဓာတယောက် နံနက်စောစော ကျွန်တော့်အိမ်သို့ ပေါက်ချလာသည်။ ကိုမေဓာနှင့် ကျွန်တော်သည် နှစ်ပေါင်းအစိတ်သာသာခန့်မျှစိတ်တူသဘောတူ ပေါင်းသင်းလာ ခဲ့ကြသောသူငယ်ချင်းများဖြစ်ကြ၏။ တယောက်တကြောင်းကိုတယောက် အတွင်းအပြင် သိထား သူများလည်းဖြစ်၏။ ယခုအကြိမ်ပါနှင့်ဆိုလျှင် ‘တောရ’မှ ကျွန်တော်ပြန်ရောက်လာပြီးနောက် ဒုတိယအကြိမ် လာရောက်ဖြင်းဖြစ်သည်။
            ကဗျာဆရာသည် နှစ်ပေါင်း အစိတ်သုံးဆယ်ကျော်အတွင်း ဘယ်တော့မှမချွတ်တတ်သော ဘန်ကောက်လုံဂွင်းကို ၀တ်ဆင်မြဲဝတ်ဆင်ထား၏။ သို့ရာတွင် အပေါ်အင်္ကျီတော့မပါ၊ လှိုင်းလိုထနေသော သူ၏ဆံပင်များကို မွှေးထုံသောဆီများလိမ်းကျံကာ သပ်ရပ်ကောင်းမွန်စွာ ဖီးသင်ထား၏။ သူသည် ယခုထက်တိုင်အိမ်ယာထောင်ခြင်းကိစ္စကို လျစ်လျူရှုထားသူဖြစ်သော ကြောင့်လားတော့မသိ၊ ပျိုမျစ်ဆဲဖြစ်သည်။ သို့ရာတွင် အချိန်၏ဖိစီးမှုဒဏ်ကိုကားသူသည် မလွန်ဆန်နိုင်ပေ။ သူ့မျက်နှာပြင်တွင် ကောက်ကြောင်းကလေးများ ပေါ်ပေါက်လျက်ရှိပါပကော။
               မိတ်ဆွေအတော်များများနှင့် လုပ်ဖော်ကိုင်ဘက် အတော်များများက ကိုမေဓာကို “ဓာတ်ခွဲ”ဘို့ခက်သည်ဟု ညည်းထွားပြောဆိုတတ်ကြသည်။ ကိုမေဓာသည် နိုင်ငံရေးသတ္တ၀ါလော၊ အနုပညာသမားလောဆိုသောပြဿနာဖြစ်၏။ သူသည်စစ်ကြိုခေတ် တကသစင်မြင့်တွင် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဂျမ်း၊ ကိုလှမောင်၊ ကိုထွန်းရှိန်၊ ကိုဗဆွေ စသူတို့နှင့် လက်တွဲခဲ့ ဘူးသလို ဂီတနှင့်စာပေလောကများမှ တကယ့်အကျော်အမော်များနှင့်လည်း လက်တွဲမဖြုတ်ပေ။ စောင်းကိုသသန်းသည် သူနှင့်များစွာခင်မင်ရင်းနှီး၏။ ပန်ချီဆရာကြီး ကိုအုန်းလွင်နှင့်လည်း သူလက်တွဲတတ်၏။ စာရေးဆရာများအသင်းကြီးတွင်လည်း သူသည်အသက်ငယ်ငယ် ရွယ်ရွယ်နှင့် ဥက္ကဋ္ဌ တင်မြှောက်ခြင်းခံခဲ့ရသော စာသမား တစ်ယောက်ဖြစ်သည်။
              အိမ်သို့သူပထမ လာရောက်သောနေ့ကပင် အစီအစဉ်များပြုလုပ်ထားခဲ့သည်ဖြစ်၍ ကိုမေဓာနှင့် ကျွန်တော်လိုက်ပါသွားသည်။ ခရီးသည်များကိုငါးပိသိပ်ငါးချဉ်သိပ် သိပ်ကာပို့ဆောင် သယ်ယူနေရသော ဘတ်စ်ကားကိုနှစ်ကြိမ်မျှပြောင်းစီးရပြီးနောက် ရွှေတိဂုံစေတီတော်ခြေရင်းကို ကျွန်တော်တို့နှစ်ယောက် ရောက်ရှိလာကြ၏။ အားခွန်ဗလကို စမ်းသပ်တိုင်းထွာကြည့်လိုသဖြင့် ကျွန်တော်သည် လျှပ်စစ်ဓာတ်အား၏ အကူအထောက်မယူဘဲ ကုန်းတော်ဘက်သို့ ခြေလျင် တက်ကြည့်သည်၊ လမ်းခုလပ်တွင် နှစ်ကြိမ်လောက်နားရ၏၊ တော်တော်ကလေးဟိုက်သွား၏။
                 ရင်ပြင်တော်ထက်တွင်လူစည်ကားသည်၊ တိုင်းတပါးသား အများအပြားကိုလည်း တွေ့ရ၏။ သို့ရာတွင် ထိုအရပ်သားများသည်ခြေနင်းမပါကြတော့ချေ။ လွန်လေပြီးသော အနှစ်ငါးဆယ် လောက်က ဘုရားပေါ်သို့ ဘွတ်ခြေနင်းစီး၍မတက်ရန် အကြောက်အကန်တိုက်ပွဲဆင်ခဲ့ကြသော မြန်မာ့ သုခမိန်ကြီးတဆူဖြစ်သူ ဒေါက်တာကိုယ်တော်မှိုင်းနှင့် ကာတွန်းဆရာကြီးဦးဗကလေးတို့၏ ဂုဏ် ကျေးဇူးများကို သတိရအောက်မေ့မိ သည်။
                  ဘုရားပေါ်တွင်မမြှော်လင့်သော ယခင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တော်တော်များများကို တွေ့ရ၏၊ စိပ်ပုတီးများနှင့်ဖြစ်ကြသည်။ လည်ပင်းတွင်စိပ်ပုတီးဆွဲထားသော ယခင် မာ့က္ခစ်ဝါဒ သမားဆိုသူတယောက်က“နိုင်ငံရေးသမားတွေတောင်ဘုရားလူကြီးဖြစ်ကုန်ကြပြီဗျ....”ဟု ကျွန်တော့် ကိုသတင်းပေး၏။ ကျွန်တော်သည် အံ့သြသွား၏။ နိုင်ငံရေးသမားတွေ အဘယ်သို့ ဖြစ်ကုန်ကြပါလိမ့်။
                ဘုရားပေါ်မှဆင်းလာပြီးနောက် “ညိုမြ”တည်ခင်းသော နံနက်စာကို ဆူးလေဘုရားလမ်း ပျော်ပွဲစား ရုံတစ်ခုတွင်စားသောက်ရ၏။ “ညိုမြ”သည် သူအစွဲအလမ်းအားကြီးသော “အိုးဝေ” အမည်ဖြင့် ဂျာနယ်တစောင် ထုတ်ဝေလျက်ရှိသည်။ သူ့ဟန်ပန်အမူအရာနှင့် ဂိုက်ဆိုက်များသည် ယခင်ကအတိုင်း အေးတိအေးစက်နှင့်သာဖြစ်သည်။ ကိုမေဓာ၏ ဝေါဟာရကို ငှားရမ်းသုံးစွဲရလျှင် “မတုန်မလှုပ်”ဟူ၍သာ ပြောဆိုရမည်ပင်။
                “တောရ”မှ ပြန်ရောက်လာပြီးနောက် “ဒါရိုက်တာဆရာကျော်” ဦးစီးထုတ်ဝေလျက်ရှိသော ရှုမ၀မဂ္ဂဇင်းမှ ညိုမြ၏ကဗျာနှင့်ဆောင်းပါးများအကြောင်း ကျွန်တော်ကစကားစလိုက်၏။ ရသစာပေ မရေးသည်မှာ သူ့တသက်ဘဲရှိလေပြီဖြစ်သော ညိုမြ၏ နိဗ္ဗိန္ဒကဗျာ အကြောင်းကိုစပ်လိုက်၏၊ ညိုမြသည် မုံရွာနယ်ရှိ ဖိုးဝန်းတောင်ကိုနောက်ခံထား၍တရားဓမ္မအားထုတ်ချင်ကြောင်း ညည်းထွား သေးသည်။ ယင်းကဗျာတပုဒ်အပြင် ကမ္ဘာနှင့်အ၀ှန်းပေါ်ပေါက်လျက်ရှိသော လူငယ့်ပြဿနာ ဆောင်းပါးတပုဒ်ကိုလည်း ဖတ်ချင့်စဖွယ်လှလှပပရေးထားသည်။ သူသည် ထိုသို့ရေးရုံနှင့် အားမရနိုင် သေးသကဲ့သို့ “ကိုယ့်လူလဲ လူငယ်တွေ ဆေးခြောက်တို့ ဘိန်းဖြူတို့ မစားရဲ,မစားဝံ့အောင် ၀တ္ထုကလေး ဘာကလေးများ ရေးစမ်းပါအုံး”ဟု တိုက်တွန်းစကားပင် ပြော ကြားလိုက်သေး၏။
                   ညိုမြကနံနက်စာတနပ်ကျွေးသည့်အတွက်ကျွန်တော်ဝမ်းသာသည်။ ထို့ထက် စာမရေး သည်မှာကြာလှပြီဖြစ်သောထိုအညာသားတယောက် စာပြန်ရေးဖော်ရသည့်အတွက်ပို၍ ၀မ်းသာသည်။
                ပျော်ပွဲစားရုံထက်မှ ဆင်းလာခါနီးတွင် “တောရ”တွင် မတွေ့ခဲ့ဘူးလား-ဟု ဆရာ မောင်မောင်သင် မေးသော မြင်းခြံသား “စံဝင်း”ကို မမြှော်လင့်ဘဲ တွေ့ရပြန်၏။ ဤအညာသား စာရေးဆရာ တယောက်သည် လည်း စာပေလောကနှင့် အိုးစားကွဲသွားသည်မှာ ကြာလှပါပကော။ သူသည် စကားပြေရော, ကဗျာပါ အရေးအသား,အစပ်အဟပ်ကောင်း၏။ “တက်တိုး”စာတည်း လုပ်စဉ်က ဂန္တလောကမဂ္ဂဇင်းတွင် “ငှက်ဖိုးခေါင်ချစ်နယ်ချဲ့သူတို့ ခွန်းတွဲ့တွဲ့ချို”ဆိုသော ကဗျာကို ယခုတိုင် ကျွန်တော်အလွတ်ရ၏။
              စံဝင်းသည် သူ၏ ရေကြည်ရာ မြက်နုရာ အရပ်နေရာကို ဖွေရှာရင်း ရေနံလုပ်ငန်းတွင်လည်း အလုပ်လုပ်ခဲ့၏၊ တိုင်းတပါးသို့လည်း ရောက်သွား၏။ ထိုကမှတဖန် ပြန်လာပြီးနောက် အင်္ဂလိပ်သတင်း စာတစောင် တွင် အလုပ် လုပ်ခဲ့သေး၏။
               “ကျွန်တော်အခု ရှုမ၀ မဂ္ဂဇင်းမှာ စာပြန်ရေးနေပြီဗျ....”ဟု စံဝင်းက ၀င့်ဝင့်ကြွားကြွား ပြောဆိုလိုက်သောအခါ ကျွန်တော်သည် စာပေလောကသို့တပတ်ပြန်လည်လာခဲ့ပြီဖြစ်သော ထိုအညာသား စာရေးဆရာအတွက် များစွာအားရ ဂုဏ်ယူမိသည်။
            နံနက်စာစားသောက်ပြီးသောအခါ ၁၁-နာရီထိုးပြီးသွားပြီဖြစ်၏။ ကိုမေဓာက ရုပ်ရှင်ကြည့်ရန် ပြောဆိုလာသောအခါ မြာနှင့်သူရာလောက်သာ ကြိုက်တတ်သော ညိုမြသည် ကျွန်တော်တို့နှင့်အတူ မလိုက်တော့၊ လမ်းခွဲသွားသည်။
                 မည်သည့်ရုပ်ရှင်ကားကိုကြည့်မည်ဟု အစီအစဉ်မရှိသဖြင့် ရုပ်ရှင်ရုံများဖြင့် ကျပ်ခဲ ပြွတ်သိပ်နေသော ဆူးလေးဘုရားနှင်ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးများတ၀ိုက်တွင် ကျွန်တော်နှင့် ကိုမေဓာတို့သည် ရစ်သီ ရစ်သီ လုပ်ကြရ၏။ ကြည့်၍ သင့်မည့်,ကောင်းမည့်ကားကို လိုက်လံကြည့်ရှုနေရခြင်းဖြစ်သည်။
                 ဆူးလေနှင့် ဗိုလ်ချုပ်လမ်းတ၀ိုက် နိုင်ငံပိုင် ရုပ်ရှင်ရုံများတွင် တနေ့လျှင် လေးပွဲမျှပြသနေကြသော နိုင်ငံခြားရုပ်ရှင်ကားများသည် လိင်၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်သော ရုပ်ရှင်ကားများသာဖြစ်ကြ၏။ ထို့ကြောင့် နိုင်ငံခြားရုပ်ရှင်ကားများကို အကဲခပ်ကြည့်ရှုရန် စိတ်ကူးကိုစွန့်လွှတ်လိုက်ရတော့သည်။ နိုင်ငံခြား ရုပ်ရှင်ကားများ တင်သွင်းသော ဌာနတွင် တာဝန်ယူလျက်ရှိကြသော ယခင်ကရေးဘော်ရေးဘက်များဖြစ်ကြသည့် စာရေးဆရာ လင်းယုန်နီ၊ ကိုကိုနှင့် မင်းရှင်တို့ လူသိုက်ကိုလည်း နောက်ထပ်လူချင်းတွေ့ရသောအခါ ပြောဦး ဆိုဦးမည်ဟု အောက်မေ့ထားလိုက်၏။
                  ကျွန်တော်တို့သည် မြန်မာကားများပြသော ရုံများကို လိုက်လံကြည့်ရှုရပြန်၏။ သို့ရာတွင် မြန်မာရုပ်ရှင်ကားများသည်လည်း နိုင်ငံခြားရုပ်ရှင်ကားများ၏ လွှမ်းမိုးခြင်းခံနေရပုံကို တွေ့မြင်ရသော အခါ ကျွန်တော်သည်များစွာကျောချမ်းသွားမိ၏။ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားသော မြန်မာနိုင်ငံ တွင် မြန်မာရုပ်ရှင်ထုတ်လုပ်ကြသူများသည်လိင်၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှု ရုပ်ရှင်ကားများကို အဘယ့်အတွက် အစုလိုက်အပြုံလိုက်ထုတ်နေကြသနည်း။ နိုင်ငံခြားရုပ်ရှင်ကားများကို အဘယ့် အတွက် မြန်မာလို ဆင်ယင်ထုံးဖွဲ့ကာ ပြသနေကြသနည်း။ ရုပ်ရှင်စီစစ် ကြည့်ကြပ်ရေးဌာနတွင် တာဝန်ရှိနေကြသော ယခင်ကရေးဖော်ရေးဘက်စာရေးဆရာ များဖြစ်ကြသည့် တက္ကသိုလ် ခင်လေးမောင်၊ တက္ကသိုလ်မောင်မောင်ခင်တို့နှင့် လူချင်းတွေ့ရတော့မှ ပြောရဆိုရဦးမည်ဟု တေးထားလိုက်ရသည်။
              နောက်ဆုံး၌ ကြည့်စရာကားမရှိတော့သဖြင့် “ကတ္တီဖိနပ်စီး-ရွှေထီးဆောင်း” အမည်ရှိသော ရုပ်ရှင်ကားကိုကျွန်တော်တို့ဝင်ကြည့်ကြရ၏။ ထိုရုပ်ရှင်ကားမှာ စာရေးဆရာမောင်သာရရေးသော ၀တ္ထု ကို စာရေးဆရာသာဓုပိုင်သော ရုပ်ရှင်ကုမ္ပဏီက စာရေးဆရာသာဓု၏သားကြီးဖြစ်သူ မောင်ဝဏ္ဏက ရိုက်ကူးသောရုပ်ရှင်ကားဖြစ်သည်။ ထုတ်လုပ်သူရော ၎င်း၏သားသာမက ၀တ္ထုရှင်စာရေးဆရာနှင့်ပါ ကျွန်တော်သည် ခင်မင်ရင်နှီး၏။ သာဓုဆိုလျှင်ကျွန်တော်နှင့်လွန်ခဲ့သော အနှစ်အစိတ်ခန့်လောက် ကတည်းက ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သော နိုင်ငံရေးသမားနှင့် စာပေသမားတယောက်ဖြစ်၏။ သူ့ကို သခင်ဖေသန်းအဖြစ်နှင့်သိရှိကြသူ နည်းပါးလျက်ရှိ၏၊ သူ့သားကြီး မောင်ဝဏ္ဏကို ကျွန်တော် စတွေ့ခါစက သူ့မိခင်ဖြစ်သော ဆရာမဒေါ်ခင်ညို၏ရင်ခွင်ထက်တွင် နို့စို့နေတုန်းအရွယ်ဖြစ်၏။ စာရေးဆရာမောင်သာရသည်လည်း သူကျောင်းသားလူငယ်ဘ၀နှင့်တုန်း ကတည်းက ကျွန်တော်၏ သတင်းစာနှင့် ဂျာနယ်တိုက်များတွင် တံခါးမရှိ ဓါးမရှိ ၀င်ထွက်နေသူဖြစ်သည်။
              “ကတ္တီပါဖနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်ကားကို ကြည့်ရှုပြီး၍ ရုံတွင်းမှ ထွက်လာကြသော အခါ ဤကဲ့သို့ ၀တ္ထုဇာတ်လမ်းမျိုးကိုရေးကြီးခွင်ကျယ်လုပ်ရေးကာ ဤကဲ့သို့ရုပ်ရှင်ကားမျိုးကို ထုတ်လုပ်သော စာရေးဆရာမောင်သာရနှင့် သာဓုတို့ကို ကျွန်တော်များစွာအံသြမိ၏။ မောင်သာရသည် ၎င်းအမျိုးသားစာပေဆုရသော “မတ်တတ်ရပ်လို့ လမ်းမှာငို”ကဲ့သို့ လူများစုကြီးနှင့် နီးစပ်သောဝတ္ထုမျိုးကို ဖိ၍ရေးဖို့ကောင်း၏။ ထုတ်လုပ်သူ ဆရာသာဓုတယောက်သည်လည်း အများစုကြီး၏ဘ၀ကို ဖော်ကျူးထားသောရုပ်ရှင်ကားများထုတ်လုပ်သင့်ပြီထင်၏။ ယင်းသို့ ၀ါရင့် စာရေးဆရာနှင့်ထုတ်လုပ်သူများအကြားတွင်“ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း” ကဲ့သို့သော ရုပ်ရှင် ကားမျိုးကို စိတ်ဝင်စားအောင်နှင့် ကြည့်ပျော်ရှုပျော်ဖြစ်အောင် ရိုက်ကူးတင်ပြသွားသော ဒါရိုက်တာမောင်ဝဏ္ဏကိုကား ချီးမွမ်းအံ့သြရမည်ဖြစ်သည်။
                 ရုပ်ရှင်ရုံမှထွက်အလာတွင် ဆရာသာဓုနှင့် တွေ့ရ၏။ လူရင်းချင်းဖြစ်ကြ၍ ထိုကဲ့သို့သော ဇာတ်လမ်းမျိုးထုတ်လုပ်သည့်အတွက် ကျနော်ကအပြစ်တင်လိုက်သောအခါ သာဓုသည် ပြုံး၍သာ နေသည်၊ ဘာမှ ပြန်လည်ချေပငြင်းခုံခြင်းမပြုပေ။ သူသည် အပြင်လောကအကြောင်း ကျွန်တော့်ထက် သိကျွမ်းနားလည်၍သာဖြစ်တန်ရာသည်။ တကယ်ဆိုတော့ ကျွန်တော်သည် လူ့ဘုံခန်းဝါသို့ ပြန်ရောက်သည်မှာ ဘာမျှမကြာလှသေး၊ ရက်သားမျှလောက်သာ ရှိပေသေးသည် မဟုတ်သလော။
               တယောက်နှင့်တယောက် လူချင်းခွဲခါနီးတွင် “ဟေ့ လူသခင်ဖေသန်း၊ ခင်ဗျားစာကလေး ဘာလေး မရေးတော့ဘူးလားဗျ” ဟု ကျွန်တော်က မေးလိုက်သောအခါ သူသည် ပြုံးစေ့စေ့သာ လုပ်နေ၏။ ဆရာသာဓု သည် နားအာရုံ အားနည်းသူ ဖြစ်သဖြင့် ကျွန်တော်ပြောလိုက်သော စကားကို မကြား၍လားဟု ထင်မှတ်ကာ “စာပေလောကကို တကြိမ်က စွန့်ခွာသွားကြတဲ့ စာရေးဆရာ အတော်များများ စာပြန်ရေးနေပြီဗျ၊ ခင်ဗျားကော ဘာပြုလို့မရေးသေးသလဲ”ဟု ကျွန်တော်က အသံမြှင့်၍ မေးမြန်းလိုက်သောအခါ “ကိုယ့်လက် အရှိသားဘဲ မဟုတ်လား၊ ကိုယ့်ဟာကို ရေးပေါ့”ဟုဆိုကာ ထိုဆရာသမားကပြုံးဖြဲဖြဲနှင့် ပြန်ပြောလိုက်သဖြင့် သူပြောဆိုလိုက် သောစကားကို လေးလေးနက်နက် စဉ်းစားရင်း ကိုမေဓာနှင့် ကျွန်တော်တို့နှစ်ယောက်သည် “ဒါရိုက်တာဆရာကျော်” ဖိတ်ကြားထားသော ညစာ စားသောက်ရန်အတွက် ဆင်းဒွစ် လမ်းရှိ ရှုမ၀ မဂ္ဂဇင်းတိုက်သစ်သို့ ထွက် လာခဲ့ကြရ၏၊

                                                                                                     ဗန်းမော်တင်အောင်

Myanmar president meets Aung San Suu Kyi for first time



NAY PYI TAW - Myanmar President U Thein Sein met with noted political figure Aung San Suu Kyi at the President' s office in Nay Pyi Taw Friday for the first time, according to official sources.
The highest level meeting came a week after Aung San Suu Kyi met with Union Minister of Labor U Aung Kyi in Yangon for the second round on August 12, agreeing to four points -- to join hand in hand to carry out tasks for the country's stability and peace and development to fulfill the wish of the people; to cooperate constructively for the development of the country's economic and social affair and for the development of democracy system; to avoid disputed views and carry out cooperative tasks on reciprocal basis; and to  continue dialogue.
Meanwhile, at a meeting in the capital on Wednesday involving officials from economic and social sectors, associations and organizations, President U Thein Sein outlined some new policy dealing with the country's economy, armed conflicts with ethnic armed groups and dissidents staying in and out of the country.
Dealing with dissidents in and out of the country, U Thein Sein said "Any individuals and organizations in the nation, that have different views from the government, should not take account of disagreements", inviting them to work with the government for common goals in the national interest.

အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

အိန္ဒိယ နိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အသက် (၇၄) နှစ် အရွယ် အန်နာဟာဇရီ ကို သူ့အနေနဲ့ အပြည့်အ၀ အားပေးထောက်ခံတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် The Times of India သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။
The Times Of India News
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အန္ဒိယနိုင်ငံ ဒေလီမြို့တွင် အန်နာဟာဇရီ ဦးဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲ ဖြစ်ပါသည်။
မစ္စတာဟာဇရီကို အိန္ဒိယ အာဏာပိုင်တွေ ခေတ္တ မထိန်းသိမ်းခင် အချိန်က The Times of India သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်း ခဲ့တာပါ။ ကမ္ဘာ့ နေရာတိုင်းမှာ အကျင့်ပျက်ခြစားမှု၊ အဂတိ လိုက်စားမှု တွေကို စက်ဆုပ်ရွံရှာ မုန်းတီးကြ တယ်ဆိုတာ အန်နာဟာဇာရီ ရဲ့လှုပ်ရှားမှုက ပြသနေပါတယ်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက် ရေးဟာ အိန္ဒိယနဲ့ တကွ ကမ္ဘာ့ပြည်သူတွေ အားလုံး မလုပ်မဖြစ် လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ အန်နာဟာဇရီရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တိုက်ပွဲဟာ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း လုပ်ဆောင် သွားရကြရမှ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က The Times of India သတင်းစာကို ပြောဆို ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ - ပြည်တွင်း ပြည်ပ မီဒီယာများရဲ့  တင်ပြချက်များ စုစည်းမှု

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နွေးထွေးမှု ရှိဟုဆို

Published on August 19, 2011 
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး  ဒီနေ့ညနေပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ညနေလေးနာရီကနေ ငါးနာရီအထိ တနာရီကြာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးမှုဟာ ပေါ့ပေါ့ပါးပါး နွေးနွေးထွေးထွေးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေပြည်တော်ကို လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
တွေ့ဆုံမှုကနေ ပြည်သူတွေ သိသင့်တဲ့အရာလေးတွေ   ဦးခွန်သာတို့ အနေနဲ့ ပြောနိုင်တာလေးတွေ ပြောပြပေးပါ။
“တွေ့ဆုံပွဲမှာ ဘာတွေပြောကြလဲ ဆိုတာတော့ ကျနော်တို့ကိုယ်တိုင်လည်း မသိဘူးခင်ဗျ၊ ပြောပြီးတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးမှုကတော့ ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးမှုရှိတာ တွေ့ရတယ်ဗျ။ မျှော်လင့်မယ်ဆိုရင်လည်း အဲ့အပေါ်မှာ ကြည့်ပြီးတော့ မျှော်လင့်လို့ရမယ်။ ဘာတွေဆွေးနွေးလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗဟိုအလုပ်အမှုဆောင်​ ကော်မတီကို တင်ပြပြီးတော့မှ သတင်းထုတ်ပြန်မယ်လို့  ထင်ပါတယ်။”
နေပြည်တော်မှာ လုပ်တဲ့ နိုင်ငံတော်အဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဖို့ သက်ဆိုင်ရာက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိဘဲ နောက်နေ့ တက် မတက် ဒီညမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည်
နေပြည်တော်တွင် ပထမဆုံးအကြိမ် အဖြစ် သောကြာနေ့က တွေ့ဆုံခဲ့ကြောင်း ၇ ရက် သတင်းဂျာနယ်တွင်
ဖေါ်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ သောကြာနေ့ နေ့လည် ၁ နာရီတွင် တွေ့ဆုံကြောင်း နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူ တဦးက မဇ္ဈိမ၏ မေးမြန်းချက်ကို အတည်ပြု ဖြေကြားသည်။
dsandts
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြားက ထုတ်လွှင့်သွားခဲ့သည့် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော် ရုံးခန်းတွင် ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှုကို တွေ့စဉ် ဆွေးနွေးနေစဉ် ။ ဓာတ်ပုံ- MRTV-4

နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို နေ့လည် ၁ နာရီတွင် စတင်ရန် ရှိသော်လည်း သမ္မတနှင့် ဒေါ်စုတို့ တွေ့ဆုံနေမှုကြောင့် အစီအစဉ်မှာ တနာရီခန့် နောက်ကျခဲ့ရသည်ဟုလည်း ၇
ရက် သတင်းဂျာနယ်က ဆိုသည်။

သုံးရက်ကြာ ကျင်းပမည့် အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်
သည် တရားဝင် ဖိတ်ကြားခံရကာ၊ ဆွေးနွေးပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ ဆွေးနွေးပွဲသို့ အစိုးရ အဆင့်မြင့် အရာရှိကြီးများ၊ ရွေးကောက်ပွဲဝင် ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် ဆွေးနွေးပွဲသို့
သောကြာနေ့လည်အထိ ရောက်ရှိလာခြင်း မရှိသေးဟု ၇ ရက်သတင်း ဂျာနယ်က ဆိုသည်။

အစိုးရ၏ အထူးအစီအစဉ်ဖြင့် ရဲမှူးကြီး ဝင်းနိုင်ထွန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို သူ၏နေအိမ်မှ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်သို့ သွားရောက်ရန် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
နှစ်ကြိမ်တွေ့ဆုံမှု အပြီး အစိုးရနှင့် ဒေါ်စုတို့အကြား ဆက်ဆံရေး တိုးတက်လာခြင်းလည်း ဖြစ်သည်။

 နိုင်ငံတော် သမ0x081မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံ 
Written by The Voice Weekly


နိုင်ငံတော်သမ0x081မတကြီး ဦးသိန်းစိန်သည် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်းခံ၍ နေပြည်တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ0x081မတရုံး၌ ယနေ့ညနေ လေးနာရီက လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာများက ယနေ့ည ၈ နာရီသတင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။» နိုင်ငံတော်သမ0x081မတနှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ဝန်းကျင်ကို လိုက်လံကြည့်ရှုလျက်ရှိပြီး မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည့် အလုပ်ဆွေးနွေးပွဲကို တက်ရောက်ဖွယ် ရှိကြောင်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်လျက်ရှိကြောင်း 0x158င်း၏ အဆိုအရ သိရသည်။» ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ သွားရောက်ပြီး အရပ်သားအစိုးရအဖွဲ့၏ အကြီးအကဲ နိုင်ငံတော်သမ0x081မတ ဦးသိန်းစိန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော်လည်း အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ ဖွင့်ပွဲအခမ်းအနားကိုမူ တက်ရောက်ခြင်းမရှိခဲ့ကြောင်း အစည်းအဝေးတက်ရောက်နေသူ The Voice Weekly အယ်ဒီတာက သတင်းပေးပို့သည်။နေပြည်တော် ဩဂုတ် ၁၉နေပြည်တော်တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ0x081မတ ဦးသိန်းစိန်တို့သည် တွေ့ဆုံမှုများ ပြုလုပ်နေသဖြင့် အလုပ်ရုံဆွေးနွေးပဲ ကျင်းပမည့် အချိန်ကို တစ်နာရီခန့် နောက်ဆုတ်ရွှေ့ဆိုင်းထားရကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly အယ်ဒီတာတစ်ဦးက ပြောကြားသည်။ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ 0x158င်းက သတင်းပေးပို့ခြင်း ဖြစ်သည်။"အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံး အစည်းအဝေးခန်းမထဲ ရောက်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ0x081မတတို့တော့ မရောက်သေးဘူး။ သူတို့ အလွတ်သဘော တွေ့နေတယ်လို့ သတင်းတွေ ထွက်လာတယ်။ ဘယ်သူ့မှ အတိအကျ မသိဘူး" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူနေသူ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။နေပြည်တော်၌ ပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ခေါ်ဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့်အတူ နံနက်ကိုးနာရီခန့်တွင် တက0x081ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ထွက်ခွာသွားသည်ဟု မြန်မာဘာသာဖြင့် ထုတ်လွှင့်သော ပြည်ပအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။အထက်ပါကိစ0x081စနှင့်ပတ်သက်၍ The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်ထံ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အတည်ပြုမေးမြန်းခဲ့ရာ "ဒေါ်စု၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း" ပြန်လည်ဖြေကြားသည်။နောက်ဆုံးရရှိသော သတင်းများအရ မွန်းလွဲတစ်နာရီ မိနစ်ငါးဆယ်အချိန်အထိ အစည်းအဝေးကို စတင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း The Voice Weekly အယ်ဒီတာက ထပ်မံ သတင်းပေးပို့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့(၁၉-၈-၂၀၁၁) ညနေ ၄နာရီခန့်က နေပြည်တော်ရှိ
သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက
တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို
ခင်မင်ရင်းနှီးစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်
မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ်
အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ၌ ပူးပေါင်းဆောင်ရွက်ကြမည့် အလားအလာများကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဌာန၏ ည ၈နာရီ သတင်းအစီအစဉ်တွင်
ထုတ်ပြန်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင်ယနေ့စတင်ကျင်းပသော
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ သို့
တက်ရောက်ရန်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ မနက်ဖြန်(၂၀-၈-၂၀၁၁)နေ့တွင်ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ
ဒုတိယနေ့သို့တက်ရောက်မည်ဟုလည်း သိရသည်။ နေပြည်တော်တွင် ယနေ့(၁၉-၈-၂၀၁၁)စတင်ကျင်းပသော
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့်
အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)မှာ မူလကမွန်းလွဲ(၁)နာရီတွင်စတင်ရန်ရှိသော်လည်း မွန်းလွဲ ၂ နာရီခွဲတွင်မှ
နိုင်ငံတော်သမ္မတရောက်ရှိပြီး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်နဲ့ ၁နာရီကျော်ကြာတွေ့ဆုံ

2011-08-19
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတအိမ်တော် မှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

AFP PHOTO/Soe Than WIN
မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ (AFP PHOTO/Soe Than WIN)
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစလို့ (၃) ရက်ကြာ ကျင်းပမယ့် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနာရီကြာလောက် တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ “သမ္မတ အိမ်တော်မှာ တွေ့ပါတယ်။ သမ္မတ နဲ့ အမနဲ့ ၄ နာရီကနေ ၅ နာရီအထိပေါ့။ နှစ်ယောက်ထဲ တွေ့တာပါ။ နောက်တော့ ကျနော်တို့ပါ ပါတယ်။ ၁၅ မီးနစ်လောက် အလ္လာပသလ္လာပ မိသားစုကိစ္စ ပြောကြ တာပါ။ အဲဒါပြီးတော့ ပြန်လာ ပါတယ်” ဒီကနေ့ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု မရှိကြောင်း၊ မနက်ဖြန်မှာ ဆက်လက် ကျင်းပမယ့် ဒုတိယမြောက် နေ့ကို တက်ရောက်ဖွယ် ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။ “ဒီနေ့တော့ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မတွေ့ သေးဘူး။ မနက်ဖြန် တက်မလား မသိဘူး။ ဒီမှာတော့ တိုင်းပြည်ရဲ့ မိုက်ခရို စီးပွားရေးနဲ့ ပတ်သက်တာကို ရှုထောင့် ပေါင်းစုံက တင်ပြကြတယ်။ လိုအပ်ချက်တွေ ဖော်ထုတ်မယ်။ အများကြီး အကျိုးရှိ မှာပါ။ အခြေအနေ မှန်တွေကို ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေး နိုင်ကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြည်ပက ဆရာ ကျော်ရင်လှိုင်တို့ ဒေါက်တာ ဇော်ဦးတို့ တွေ့ပါတယ်” သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အခုလို ပထမဆုံး အကြိမ် တွေ့ဆုံ နိုင်တာဟာ အပြန်အလှန် နားလည်မှု တိုးတက်ရေး အတွက် အထူး အရေးကြီး တာကြောင့် ကြိုဆိုကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ “ဦးသိန်းစိန်နဲ့ တွေ့လိုက်ခြင်း အားဖြင့် ထူးခြားမှုတွေ ရှိတယ်လို့ ကျနော်တို့ ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အဆင့်ဆင့် ဆက်လက် ပြီးတော့လည်း ဆောင်ရွက်စရာတွေ ရှိသေးတယ်။ အဲသလို ဆောင်ရွက်တဲ့ အခါမှာ အခု ဦးသိန်းစိန်နဲ့ တွေ့ဆုံခြင်းဟာ တဆင့် တိုးပြီးတော့ အရေးကြီးတဲ့ ကိစ္စများ ဖြစ်ထွန်းရေး အတွက်ကို ထိရောက်မှု မရှိသေးဘူး ဆိုရင်တောင်မှ နောင် ဆက်လက်ပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေ အတွက် အများကြီး အကျိုးရှိ သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို့တွေ့တာဟာ နှစ်ဦး နှစ်ဘက် နားလည်မှု တိုးတက် လာတယ်လို့ ယူဆလို့ ရပါတယ်။ ဒါဟာ အရေးကြီး ပါတယ်” အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပြောသွားတာပါ။ နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထားကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ

နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

Thein_Sein_and_Daw_Suu
ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်