Myanmar president meets Aung San Suu Kyi for first time



NAY PYI TAW - Myanmar President U Thein Sein met with noted political figure Aung San Suu Kyi at the President' s office in Nay Pyi Taw Friday for the first time, according to official sources.
The highest level meeting came a week after Aung San Suu Kyi met with Union Minister of Labor U Aung Kyi in Yangon for the second round on August 12, agreeing to four points -- to join hand in hand to carry out tasks for the country's stability and peace and development to fulfill the wish of the people; to cooperate constructively for the development of the country's economic and social affair and for the development of democracy system; to avoid disputed views and carry out cooperative tasks on reciprocal basis; and to  continue dialogue.
Meanwhile, at a meeting in the capital on Wednesday involving officials from economic and social sectors, associations and organizations, President U Thein Sein outlined some new policy dealing with the country's economy, armed conflicts with ethnic armed groups and dissidents staying in and out of the country.
Dealing with dissidents in and out of the country, U Thein Sein said "Any individuals and organizations in the nation, that have different views from the government, should not take account of disagreements", inviting them to work with the government for common goals in the national interest.

အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

အိန္ဒိယ နိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အသက် (၇၄) နှစ် အရွယ် အန်နာဟာဇရီ ကို သူ့အနေနဲ့ အပြည့်အ၀ အားပေးထောက်ခံတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် The Times of India သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။
The Times Of India News
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အန္ဒိယနိုင်ငံ ဒေလီမြို့တွင် အန်နာဟာဇရီ ဦးဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲ ဖြစ်ပါသည်။
မစ္စတာဟာဇရီကို အိန္ဒိယ အာဏာပိုင်တွေ ခေတ္တ မထိန်းသိမ်းခင် အချိန်က The Times of India သတင်းစာက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်း ခဲ့တာပါ။ ကမ္ဘာ့ နေရာတိုင်းမှာ အကျင့်ပျက်ခြစားမှု၊ အဂတိ လိုက်စားမှု တွေကို စက်ဆုပ်ရွံရှာ မုန်းတီးကြ တယ်ဆိုတာ အန်နာဟာဇာရီ ရဲ့လှုပ်ရှားမှုက ပြသနေပါတယ်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက် ရေးဟာ အိန္ဒိယနဲ့ တကွ ကမ္ဘာ့ပြည်သူတွေ အားလုံး မလုပ်မဖြစ် လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ အန်နာဟာဇရီရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တိုက်ပွဲဟာ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း လုပ်ဆောင် သွားရကြရမှ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က The Times of India သတင်းစာကို ပြောဆို ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ - ပြည်တွင်း ပြည်ပ မီဒီယာများရဲ့  တင်ပြချက်များ စုစည်းမှု

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နွေးထွေးမှု ရှိဟုဆို

Published on August 19, 2011 
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး  ဒီနေ့ညနေပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ညနေလေးနာရီကနေ ငါးနာရီအထိ တနာရီကြာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးမှုဟာ ပေါ့ပေါ့ပါးပါး နွေးနွေးထွေးထွေးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေပြည်တော်ကို လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
တွေ့ဆုံမှုကနေ ပြည်သူတွေ သိသင့်တဲ့အရာလေးတွေ   ဦးခွန်သာတို့ အနေနဲ့ ပြောနိုင်တာလေးတွေ ပြောပြပေးပါ။
“တွေ့ဆုံပွဲမှာ ဘာတွေပြောကြလဲ ဆိုတာတော့ ကျနော်တို့ကိုယ်တိုင်လည်း မသိဘူးခင်ဗျ၊ ပြောပြီးတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးမှုကတော့ ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးမှုရှိတာ တွေ့ရတယ်ဗျ။ မျှော်လင့်မယ်ဆိုရင်လည်း အဲ့အပေါ်မှာ ကြည့်ပြီးတော့ မျှော်လင့်လို့ရမယ်။ ဘာတွေဆွေးနွေးလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗဟိုအလုပ်အမှုဆောင်​ ကော်မတီကို တင်ပြပြီးတော့မှ သတင်းထုတ်ပြန်မယ်လို့  ထင်ပါတယ်။”
နေပြည်တော်မှာ လုပ်တဲ့ နိုင်ငံတော်အဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဖို့ သက်ဆိုင်ရာက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိဘဲ နောက်နေ့ တက် မတက် ဒီညမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည်
နေပြည်တော်တွင် ပထမဆုံးအကြိမ် အဖြစ် သောကြာနေ့က တွေ့ဆုံခဲ့ကြောင်း ၇ ရက် သတင်းဂျာနယ်တွင်
ဖေါ်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ သောကြာနေ့ နေ့လည် ၁ နာရီတွင် တွေ့ဆုံကြောင်း နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူ တဦးက မဇ္ဈိမ၏ မေးမြန်းချက်ကို အတည်ပြု ဖြေကြားသည်။
dsandts
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြားက ထုတ်လွှင့်သွားခဲ့သည့် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော် ရုံးခန်းတွင် ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှုကို တွေ့စဉ် ဆွေးနွေးနေစဉ် ။ ဓာတ်ပုံ- MRTV-4

နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို နေ့လည် ၁ နာရီတွင် စတင်ရန် ရှိသော်လည်း သမ္မတနှင့် ဒေါ်စုတို့ တွေ့ဆုံနေမှုကြောင့် အစီအစဉ်မှာ တနာရီခန့် နောက်ကျခဲ့ရသည်ဟုလည်း ၇
ရက် သတင်းဂျာနယ်က ဆိုသည်။

သုံးရက်ကြာ ကျင်းပမည့် အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်
သည် တရားဝင် ဖိတ်ကြားခံရကာ၊ ဆွေးနွေးပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ ဆွေးနွေးပွဲသို့ အစိုးရ အဆင့်မြင့် အရာရှိကြီးများ၊ ရွေးကောက်ပွဲဝင် ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော် ဆွေးနွေးပွဲသို့
သောကြာနေ့လည်အထိ ရောက်ရှိလာခြင်း မရှိသေးဟု ၇ ရက်သတင်း ဂျာနယ်က ဆိုသည်။

အစိုးရ၏ အထူးအစီအစဉ်ဖြင့် ရဲမှူးကြီး ဝင်းနိုင်ထွန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို သူ၏နေအိမ်မှ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်သို့ သွားရောက်ရန် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
နှစ်ကြိမ်တွေ့ဆုံမှု အပြီး အစိုးရနှင့် ဒေါ်စုတို့အကြား ဆက်ဆံရေး တိုးတက်လာခြင်းလည်း ဖြစ်သည်။

 နိုင်ငံတော် သမ0x081မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံ 
Written by The Voice Weekly


နိုင်ငံတော်သမ0x081မတကြီး ဦးသိန်းစိန်သည် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်းခံ၍ နေပြည်တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ0x081မတရုံး၌ ယနေ့ညနေ လေးနာရီက လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာများက ယနေ့ည ၈ နာရီသတင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။» နိုင်ငံတော်သမ0x081မတနှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ဝန်းကျင်ကို လိုက်လံကြည့်ရှုလျက်ရှိပြီး မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည့် အလုပ်ဆွေးနွေးပွဲကို တက်ရောက်ဖွယ် ရှိကြောင်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်လျက်ရှိကြောင်း 0x158င်း၏ အဆိုအရ သိရသည်။» ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ သွားရောက်ပြီး အရပ်သားအစိုးရအဖွဲ့၏ အကြီးအကဲ နိုင်ငံတော်သမ0x081မတ ဦးသိန်းစိန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော်လည်း အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ ဖွင့်ပွဲအခမ်းအနားကိုမူ တက်ရောက်ခြင်းမရှိခဲ့ကြောင်း အစည်းအဝေးတက်ရောက်နေသူ The Voice Weekly အယ်ဒီတာက သတင်းပေးပို့သည်။နေပြည်တော် ဩဂုတ် ၁၉နေပြည်တော်တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ0x081မတ ဦးသိန်းစိန်တို့သည် တွေ့ဆုံမှုများ ပြုလုပ်နေသဖြင့် အလုပ်ရုံဆွေးနွေးပဲ ကျင်းပမည့် အချိန်ကို တစ်နာရီခန့် နောက်ဆုတ်ရွှေ့ဆိုင်းထားရကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly အယ်ဒီတာတစ်ဦးက ပြောကြားသည်။ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ 0x158င်းက သတင်းပေးပို့ခြင်း ဖြစ်သည်။"အစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံး အစည်းအဝေးခန်းမထဲ ရောက်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ0x081မတတို့တော့ မရောက်သေးဘူး။ သူတို့ အလွတ်သဘော တွေ့နေတယ်လို့ သတင်းတွေ ထွက်လာတယ်။ ဘယ်သူ့မှ အတိအကျ မသိဘူး" ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်သတင်းရယူနေသူ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။နေပြည်တော်၌ ပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ခေါ်ဆောင်သော ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့်အတူ နံနက်ကိုးနာရီခန့်တွင် တက0x081ကသိုလ်ရိပ်သာလမ်း နေအိမ်မှ ထွက်ခွာသွားသည်ဟု မြန်မာဘာသာဖြင့် ထုတ်လွှင့်သော ပြည်ပအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။အထက်ပါကိစ0x081စနှင့်ပတ်သက်၍ The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်ထံ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အတည်ပြုမေးမြန်းခဲ့ရာ "ဒေါ်စု၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း" ပြန်လည်ဖြေကြားသည်။နောက်ဆုံးရရှိသော သတင်းများအရ မွန်းလွဲတစ်နာရီ မိနစ်ငါးဆယ်အချိန်အထိ အစည်းအဝေးကို စတင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း The Voice Weekly အယ်ဒီတာက ထပ်မံ သတင်းပေးပို့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့(၁၉-၈-၂၀၁၁) ညနေ ၄နာရီခန့်က နေပြည်တော်ရှိ
သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက
တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို
ခင်မင်ရင်းနှီးစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်
မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ်
အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ၌ ပူးပေါင်းဆောင်ရွက်ကြမည့် အလားအလာများကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဌာန၏ ည ၈နာရီ သတင်းအစီအစဉ်တွင်
ထုတ်ပြန်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင်ယနေ့စတင်ကျင်းပသော
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ သို့
တက်ရောက်ရန်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ မနက်ဖြန်(၂၀-၈-၂၀၁၁)နေ့တွင်ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ
ဒုတိယနေ့သို့တက်ရောက်မည်ဟုလည်း သိရသည်။ နေပြည်တော်တွင် ယနေ့(၁၉-၈-၂၀၁၁)စတင်ကျင်းပသော
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့်
အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)မှာ မူလကမွန်းလွဲ(၁)နာရီတွင်စတင်ရန်ရှိသော်လည်း မွန်းလွဲ ၂ နာရီခွဲတွင်မှ
နိုင်ငံတော်သမ္မတရောက်ရှိပြီး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်နဲ့ ၁နာရီကျော်ကြာတွေ့ဆုံ

2011-08-19
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတအိမ်တော် မှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

AFP PHOTO/Soe Than WIN
မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ (AFP PHOTO/Soe Than WIN)
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစလို့ (၃) ရက်ကြာ ကျင်းပမယ့် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနာရီကြာလောက် တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။ “သမ္မတ အိမ်တော်မှာ တွေ့ပါတယ်။ သမ္မတ နဲ့ အမနဲ့ ၄ နာရီကနေ ၅ နာရီအထိပေါ့။ နှစ်ယောက်ထဲ တွေ့တာပါ။ နောက်တော့ ကျနော်တို့ပါ ပါတယ်။ ၁၅ မီးနစ်လောက် အလ္လာပသလ္လာပ မိသားစုကိစ္စ ပြောကြ တာပါ။ အဲဒါပြီးတော့ ပြန်လာ ပါတယ်” ဒီကနေ့ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု မရှိကြောင်း၊ မနက်ဖြန်မှာ ဆက်လက် ကျင်းပမယ့် ဒုတိယမြောက် နေ့ကို တက်ရောက်ဖွယ် ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။ “ဒီနေ့တော့ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မတွေ့ သေးဘူး။ မနက်ဖြန် တက်မလား မသိဘူး။ ဒီမှာတော့ တိုင်းပြည်ရဲ့ မိုက်ခရို စီးပွားရေးနဲ့ ပတ်သက်တာကို ရှုထောင့် ပေါင်းစုံက တင်ပြကြတယ်။ လိုအပ်ချက်တွေ ဖော်ထုတ်မယ်။ အများကြီး အကျိုးရှိ မှာပါ။ အခြေအနေ မှန်တွေကို ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေး နိုင်ကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြည်ပက ဆရာ ကျော်ရင်လှိုင်တို့ ဒေါက်တာ ဇော်ဦးတို့ တွေ့ပါတယ်” သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အခုလို ပထမဆုံး အကြိမ် တွေ့ဆုံ နိုင်တာဟာ အပြန်အလှန် နားလည်မှု တိုးတက်ရေး အတွက် အထူး အရေးကြီး တာကြောင့် ကြိုဆိုကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ “ဦးသိန်းစိန်နဲ့ တွေ့လိုက်ခြင်း အားဖြင့် ထူးခြားမှုတွေ ရှိတယ်လို့ ကျနော်တို့ ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အဆင့်ဆင့် ဆက်လက် ပြီးတော့လည်း ဆောင်ရွက်စရာတွေ ရှိသေးတယ်။ အဲသလို ဆောင်ရွက်တဲ့ အခါမှာ အခု ဦးသိန်းစိန်နဲ့ တွေ့ဆုံခြင်းဟာ တဆင့် တိုးပြီးတော့ အရေးကြီးတဲ့ ကိစ္စများ ဖြစ်ထွန်းရေး အတွက်ကို ထိရောက်မှု မရှိသေးဘူး ဆိုရင်တောင်မှ နောင် ဆက်လက်ပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေ အတွက် အများကြီး အကျိုးရှိ သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို့တွေ့တာဟာ နှစ်ဦး နှစ်ဘက် နားလည်မှု တိုးတက် လာတယ်လို့ ယူဆလို့ ရပါတယ်။ ဒါဟာ အရေးကြီး ပါတယ်” အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပြောသွားတာပါ။ နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထားကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ

နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

Thein_Sein_and_Daw_Suu
ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

Myanmar government urges peace talks with ethnic rebels

By Aung Hla Tun
YANGON (Reuters) - Myanmar's new government on Thursday called for peace talks with armed separatists along its borders with Thailand and China, the latest in a series of conciliatory gestures towards long-time opponents of the former military regime.
In a statement read out on national television, it urged rebel groups engaged in conflict with the military to contact regional governments and start dialogue as soon as possible.
Numerous ethnic militias have battled for decades with the central government, to preserve de facto autonomy held by groups like the Shan, Wa, Kachin, Karen and Mon. Ceasefires have been agreed previously, but no political deals have ever been made.
"Ethnic armed groups, which are willing to work for peace after resolving armed conflicts, are invited to contact respective state/division governments," said a statement attributed to cabinet secretary, Tin Myo Kyi. "After that, the union government will form a delegation to have peace talks."
Myanmar's army has battled since June with the Kachin Independence Army (KIA) and has also clashed with the Shan State Army. Both Shan and Kachin states border China, the country's biggest economic ally, which is concerned conflicts will harm its energy interests in the region.
Separate clashes have also taken place along the eastern border with Thailand between government troops, ethnic Mon rebels and the powerful Karen National Union.
In the run up to an election last year, the first in two decades, the military junta ordered ethnic groups to disarm and join the political process, promising to give militias a job in an army-run Border Guard Force and hinting strongly the groups would be crushed if they refused.
Several smaller groups agreed, but the larger armies ignored the call. Although there has been low-level fighting this year, no major government offensive have so far been launched.

စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုချုပ်ကိုင်မှူ လျှော့ချရေး ချင်းပါတီဆွေးနွေးမည်

နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေး နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာရှိမှု နှင့် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရေးကိစ္စများကို တင်ပြဆွေးနွေးသွားမည်ဟု ချင်း အမျိုးသားပါတီက ပြောသည်။  
‘‘စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုရင် ဗဟိုချူပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်သလောက် လျှော့ချရမှာလေ၊ Transparency (ပွင့် လင်းမြင်သာရှိမှု) ပိုပြီး ဒီထက်ကောင်းလာဖို့ လိုလာလိမ့်မယ် ဆိုတဲ့ဟာတွေကို ကျနော်တို့အတွက် ပြောခွင့်အချိန်ပေးရင်တော့ တင်ပြဆွေးနွေး သွားမှာပါ’’ဟု ချင်း အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင်က ဆိုသည်။
မနက်ဖြန် စတင်ကျင်းပမည့် ဆွေးနွေးပွဲတွင် တက်ရောက်ရန် တရက်အလိုမှသာ ဖိတ်စာရရှိသည့်အတွက် ၄င်းတို့ပါတီအနေဖြင့် လုံလောက်သော ပြင်ဆင်ချိန် မရှိသည့်ကြားထဲက အခြေအနေ ပေးသလောက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
သြဂုတ်လ ၁၉ နှင့် ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပမည့် ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် အစိုးရက နိုင်ငံရေး ပါတီ ၃၇ ပါတီကို ဖိတ်ကြားရာတွင် ချင်း အမျိုးသားပါတီလည်း ပါဝင်သည်။
အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသော Clean government ကိုအမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရန်နှင့် နိုင်ငံတကာက အသိအမှတ်ပြုနိုင်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုမှတဆင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းမှုရှိလာပြီးမှသာ စီးပွားရေး၊ လူမှုရေး ကိစ္စများကို အမှန်တကယ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အရင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆလိုင်း ကျဲအိုဘခ်ထောင် က ထောက်ပြသည်။
‘‘နိုင်ငံရေးအရရော၊ စီးပွားရေး အရပါပြုပြင်ပြောင်းလဲဖို့ လုပ်တော့မယ်ဆိုရင် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးရမယ်၊ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး အဖြေရှာရမယ်၊ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီမရှိနိုင်ဘူး၊ ဒီမိုကရေစီမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရှိနိုင် ဘူး’’ဟု ၎င်းက ပြောသည်။
ချင်း အမျိုးသား ပါတီအနေနှင့် အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင် အပါအ၀င် ကိုယ်စားလှယ်၂ ဦး ဆွေးနွေးပွဲတက်ရောက်မည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက တရားဝင် ဖိတ်ကြားထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တက်ရောက်မည် မတက်ရောက်မည်ကိုမူ အသေအချာ မသိရသေးပေ။

အမျိုးသား သတင်းဆု ကော်မတီ ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း သတင်းစာ လောက ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုဖို့ နဲ့ ထူးချွန်တဲ့ သတင်းသမားတွေကို ထိုက်ထိုက်တန်တန် အားပေး ဂုဏ်ပြုနိုင်ဖို့ အမျိုးသား သတင်းဆု ကော်မတီ National Press Award ကော်မတီတရပ်ကို မြန်မာ ပုဂ္ဂလိက စာနယ်ဇင်းဆရာတွေက ဦးဆောင် စည်းဝေးပြီး ဒီကနေ့ မှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
Photo: RFA
ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်းကျင်းထားသည့် မြင်ကွင်း။
ဒီကော်မတီကို မြန်မာစာပေနဲ့ စာနယ်ဇင်းအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာစာနယ်ဇင်း ဆရာတွေက ဦးဆောင်မယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ကနေ နှစ်စဉ် သတင်း အခြေခံတဲ့ အကောင်းဆုံးဆုတွေ ချီးမြင့်သွားမယ်လို့ ကော်မတီ ဥက္ကဌ ဖြစ်တဲ့ ပြည်သူ့ခေတ် ဂျာနယ်က ဆရာမောင်ဝံသက ပြောပါတယ်။ "အကောင်းဆုံး သတင်းလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ သတင်းဆုနဲ့ထိုက်တန်တဲ့ သတင်းမျိုးတွေ့ရင်တော့ ဆုချီးမြှင့်မှာပါဘဲ။ မရှိဘူးဆိုရင်တော့ အဲဒီ ဆုအမျိုးအစား တခုကတော့ ပယ်လိုက်ရမှာပေါ့။ နောက် သတင်းဆောင်းပါးဆု ဆိုရင်လည်း အလားတူပါဘဲ။ တိုင်းပြည်မှာ တကယ်တန်း အရေးကြီးနေတဲ့ အကြောင်းအရာတွေကို ဝေဖန်မယ် ထောက်ပြမယ်၊ တကယ် အပြုသဘောနဲ့ ဝေဖန်ထောက်ပြမယ်ဆိုရင် အဲဒီလို သတင်းမျိုးတွေကို ကျနော်တို့ ဆုပေးဖို့ ရှိပါတယ်။" ကော်မတီနာယက အဖြစ် ဆရာမောင်မိုးသူ၊ ဆရာ ဖိုးသောကြာနဲ့ ဆရာ လယ်တွင်းသား စောချစ်တို့ ပါဝင်ပြီး ဥက္ကဌ အဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဒုဥက္ကဌအဖြစ် ဦးကိုကိုကြီး (ကြေးမုံ)၊ အတွင်းရေးမှူး ဦးဝင်းငြိမ်းတို့ ဖြစ်ပြီး အတွင်းရေးမှူးတွေ အဖြစ် ဆရာ ဦးကိုကို စက်မှုတက္ကသိုလ်၊ ဦးကျော်မင်းဆွေတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ဟာ မြန်မာအစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က ကမကထ ပြုတာဖြစ်ပေမယ့် လွတ်လပ်စွာ ရွေးခြယ် ဆုံးဖြတ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး သီးသန့် ပညာရှင်တွေ ပါဝင်မယ့် ဆုရွေးခြယ်ရေး အဖွဲ့ကို ထပ်မံ ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်

ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၁ခုနှစ် သြဂုတ်လ ၁၈ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/ ၂၀၁၁ ကို ထုတ်ပြန်ခဲ့ပါသည်။
ယင်းကြေညာချက်အပြည့်အစုံ မှာ -
၁။ နိုင်ငံတော်အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည်ပါသည်။
၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၃။ ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖိတ်ခေါ်အပ်သည်။
ဟု ဖော်ပြပါရှိသည်။

အဆိုပါကြေညာချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏အတွင်းရေးမှူး ဦးတင်မျိုးကြည်က အမိန့်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်တွင် စက်မှုဇုန်ထောင်မည်

နယ်စပ်ဒေသ မြို့များတွင် စက်မှုဇုန်များ တည်ထောင် သွားမည်ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းစိုးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

လုပ်သားအင်အား အများအပြား အသုံးပြုရသော လုပ်ငန်းများကို အဓိက တည်ထောင်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်မြို့များတွင် အစပြုမည်ဟု ၀န်ကြီးက ပြောကြားသည်။

hpa-an7
ဘားအံမြို့တွင်း တနေရာကို တွေ့ရပုံ။ ဘားအံ နှင့် လှိုင်းဘွဲ့ဒေသတွင် စက်မှုဇုန် တည်ဆောက်တော့မည်ဟု စက်မှု ၂ ၀န်ကြီးက ဆိုသည် (ဓာတ်ပုံ - Daniel Barreto)

“ဘားအံ နဲ့ လှိုင်းဘွဲ့ ကြားက စက်မှုဇုန်ကို စလုပ်မယ်။ ပြီးရင် မွန်ပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့မှာ ဆက်လုပ်ဖို့ စီစဉ်မယ်” ဟု  နေပြည်တော်တွင် ကျင်းပသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အစည်းအဝေးအတွင်း ၀န်ကြီးက ရှင်းပြသည်။

စက်မှုဇုန်တည်ဆောက်ရေးသည် သမ္မတဦးသိန်းစိန်၏ ဆင်းရဲမှု လျှော့ချရေး အစီအစဉ်များထဲမှ တခု ဖြစ်သည်ဟု ဆိုသည်။

“ဒီကနေ့ မနက်က သမ္မတကြီးနဲ့ တွေ့တော့ အဲဒီ စက်မှုဇုန်ကိစ္စ တင်ပြတာ ခွင့်ပြုချက် ရခဲ့ပါတယ်။ ” ဟု ၀န်ကြီးက ပြောသည်။

စက်မှုဇုန်တခုတွင် ပါဝင်မည့် စက်ရုံ အရေအတွက်၊ အမျိုးအစား၊ အကျယ်အ၀န်း၊ တည်ဆောက်မည့်ဇုန်နေရာရှိ ဒေသခံများကို ဖယ်ရှားရေးတို့နှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆိုခြင်း မရှိပေ။

တည်ဆောက်မည့် နယ်စပ် စက်မှုဇုန်များသည် ဒေသအနီး ၀န်းကျင်မှ လူများ အလုပ်အကိုင် ရရှိစေရန်၊ ပြည်ပနိုင်ငံများသို့  သွားရောက် အလုပ် လုပ်ကိုင်ခြင်း လျော့နည်းစေရန် တို့ကို ရည်ရွယ်သည်ဟုလည်း ၀န်ကြီးက ဆိုသည်။

အစည်းအဝေးတက်ရောက်သူ လုပ်ငန်းရှင်တဦးက “ဌာနဆိုင်ရာက ဘယ်လို ပံ့ပိုးပေးမလဲ ဆိုတာ စောင့်ကြည့်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်သွားမယ်” ဟု ပြောသည်။

လုပ်သားများစွာ အသုံးပြုမည့် လုပ်ငန်းများဟု ဆိုသဖြင့် အထည်ချုပ် စက်ရုံ၊ အီလက်ထရွန်နစ် ပစ္စည်း တပ်ဆင်သည့်စက်ရုံတို့ အများစု ပါဝင်ဖွယ် ရှိကြောင်း စက်မှုလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်းအတွင်း တည်ဆောက်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင်လည်း စက်မှုဇုန်များပါဝင်သည်ဟု သိရသည်။

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် စတင်

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

News_Piple_across_the_shan_state_Yan_Pai_Aug_16_2011
သီပေါမြို့တွင် တွေ့ရသော တရုတ် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင် တနေရာ (ဓာတ်ပုံ - ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့)

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ ပန်ဆိုင်း စသည့် ဒေသများကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ယခုအခါ ကျောက်မဲမြို့နယ်တွင် ပိုက်လိုင်းဖြတ်သန်းမည့်နေရာများ၌ ရှိနေသည့် ဥယျာဉ်ခြံမြေများအတွက် CNPC က လျော်ကြေးများ စတင်ပေးနေကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပိုက်လုံးတွေပုံဖို့ မြေငှားချင်တယ် လာပြောတယ်။ အဆောက်အဦးပါ ဆောက်မယ်။ သူတို့ပြန်ရင် အဆောက်အဦးကို ကိုယ်ပိုင်မှာပေါ့” ဟု ၄င်းမြို့ခံက ဆိုသည်။

အဆောက်အဦး ဆောက်လုပ်ခြင်းနှင့် ပိုက်လုံးများ စုပုံရန် နေရာအဖြစ် မြေ ၇ ဧကအတွက် ငှားခ ၁ လလျှင် ၁၆၁ သိန်းပေးကြောင်း၊ CNPC မှ တာဝန်ရှိသူများက ဒေသတွင်းဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးမည်ဟု ဆိုကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ယခု စီမံကိန်းတွင် ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မီးရထားလမ်းအပြင် ကားလမ်းပါ ပါရှိမည်ဟု သိရသည်။

အဆိုပါ စီမံကိန်းအရ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှနေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်းမြို့နယ်အတွင်း ၀င်ရောက်မည်ဖြစ်သည်။

ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှတဆင့် ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်သည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများချကာ လုပ်ငန်းများလုပ်ဆောင်နေပြီး သီးနှံပျက်စီးမှုများနှင့် ထွန်ယက်စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်းထားရသည့် တောင်သူများကို CNPC  က သီးနှံထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေးပေးကြောင်း ရေနံချောင်းဒေသခံတဦးက ပြောသည်။

ပိုက်လိုင်းသည် စုစုပေါင်း ၂၈၀၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ဖြတ်သန်းမည့် ဒေသတလျှောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် CNPC က အမေရိကန် ဒေါ်လာ ၆ သန်း မြန်မာအစိုးရကို ပေးအပ်ထားသည်။

သို့သော် ရခိုင်ပြည်နယ်တွင်မူ အလုပ်အကိုင်များနှင့် ပတ်သက်၍ ခေါင်းပုံဖြတ်မှုများ၊ အဓမ္မ လယ်မြေသိမ်းဆည်းခံရမှုများ၊ လူအခွင့်အရေး ချိုးဖောက်ခံရခြင်းများ ဖြစ်ပေါ်နေသည်ဟု ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ပြောသည်။

လူ့အခွင့်အရေးကောင်စီ တိုင်မည့် NLD အစီအစဉ် ကြန့်ကြာနေ

ချင်းမိုင် (မဇ္ဈိမ) ။      ။မြန်မာ အစိုးရသစ်က တရားမဝင်ဟု ဆိုနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က
ပါတီ ရပ်တည်ရေးနှင့် ပါတီအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီထံ တိုင်တန်းရန် ပြင်ဆင်နေမှုများ ကြန့်ကြာနေသည်။

မူလက သြဂုတ်လ ပထမပတ်ထဲတွင် တိုင်တန်းရန် ပြင်ဆင်ထားသော်လည်း စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂ဝ
ကျော် NLD ဖြတ်သန်းလာရသည့် အခြေအနေများကို အသေးစိတ် ပြုစုနေသဖြင့် ခန့်မှန်းသည်ထက် ပိုကြာ
နေရခြင်း ဖြစ်ကြောင်း ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရသော်လည်း အာဏာ လွှဲပြောင်းပေးအပ်ခြင်း မခံရ
သည့် NLD ပါတီ၏ ဥပဒေ ရေးရာ အကြံပေး တဦးဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောသည်။
nlsheadquater
NLD က ပါတီ ရပ်တည်ရေးနှင့် ပါတီအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ တိုင်တန်းရန် ကြန့်ကြာနေ (ဓါတ်ပုံ မဇ္ဈိမ)

“နှစ် ၂ဝ ကျော် ကျနော်တို့ ပါတီအပေါ်မှာ ဖိနှိပ်ခဲ့တဲ့ဟာတွေကို စေ့စေ့စပ်စပ် အကုန်ရေးနေရတာကြောင့် ကြာနေတာပါ” ဟု ဦးဉာဏ်ဝင်း က မဇ္ဈိမကိုပြောသည်။

တိုင်တန်းမှု မလုပ်ဖြစ်ခြင်းသည် NLD  အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့အကြား
တွေ့ဆုံဆွေးနွေးမှုများနှင့် မသက်ဆိုင်ကြောင်း ၎င်းက တဆက်တည်း ငြင်းဆိုသွားသည်။

ယခင် နအဖ စစ်အစိုးရ လက်ထက်နှင့် အစိုးရသစ် ပေါ်ပေါက်လာသည့် ကာလအတွင်း ပါတီရပ်တည်ခွင့် ရရန် တရားဝင် ဥပဒေ လမ်းကြောင်းမှ အကြိမ်ကြိမ် ကြိုးစားခဲ့မှုများကို ပယ်ချခံခဲ့ရသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်  ပါတီ၏ ဥပဒေရေးရာ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်သည့် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့ ဆွေးနွေးခဲ့ကြပြီး လူ့အခွင့် အရေး ကောင်စီထံ တိုင်ကြားရင် ပြင်ဆင်နေကြခြင်း
ဖြစ်သည်။

တိုင်တန်းရန် အချက်များကို ဥပဒေ အကြောင်းအရ စိစစ်မှုများ ပြုလုပ်နေလျက်ရှိပြီး မကြာမီ တိုင်တန်းနိုင်တော့မှာ
ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာကင်တားနား နှင့်တွေ့ဆုံသည့်အခါတွင်လည်း ယင်းကိစ္စကို
ဆွေးနွေးသွားမည်ဟုလည်း ဦးဉာဏ်ဝင်း က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီက စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈
အခြေခံ ဥပဒေ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများကို မျှတမှု မရှိဟု ဆိုကာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်
ယှဉ်ပြိုင်ခြင်း မပြုဘဲ နေခဲ့သည်။

ပါတီမှတ်ပုံခြင်း မပြုသဖြင့် ပါတီ၏ တရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။

ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ရှိခွင့်
ရှိကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့် လျှောက်ထားခဲ့
သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် ယခုကဲ့သို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအား တင်ပြရခြင်း
ဖြစ်လာခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ဥပဒေများနှင့် အညီ တိုင်တန်းသွားမှာဖြစ်ပြီး ကုလသမဂ္ဂ၏ အခွင့်အာဏာဖြင့် ကြားဝင် ဖြေရှင်းပေးမည်ကို မမျှော်လင့်ပဲ အမှန်တရားကို ဖေါ်ထုတ်နိုင်ရန်သာ ကြိုးစားနေခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက  ပြောသည်။

“ကျနော်တို့ တရားဥပဒေအရ ဘယ်လောက်မှန်တယ်။ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ကိုက်ညှိပြီးတော့ ဆုံးဖြတ်တာမျိုး ကျနော်တို့ မျှော်လင့်တာပေါ့။ အခွင့်အာဏာဆိုတာကတော့ နိုင်ငံတကာ ဥပဒေအတိုင်းပါပဲ။ မှားတယ်မှန်တယ် အကျိုး အကြောင်းနဲ့ ပြောမယ်။ Enforce လုပ်ဖို့ကတော့ ကုလသမဂ္ဂရော ဘယ်မှာမှ အာဏာမရှိပါဘူး။ ကျနော်တို့က အမှန်ကိုဖေါ်ထုတ်ဖို့  အဓိကကြိုးစားနေတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၈၈ စစ်တပ်မှ အာဏာသိမ်းပြီး ၁၉၉ဝတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာတွင် NLD ပါတီမှ
ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ သို့သော် ထိုစဉ်က စစ်အစိုးရက အာဏာလွှဲပြောင်း မပေးပဲ စစ်အစိုးရနှင့် NLD နိုင်ငံရေးအရ ထိပ်တိုက်တွေ့ခဲ့ရာ NLD ပါတီဝင်များနှင့် ထောက်ခံလှုပ်ရှားသူများ အဖမ်းခံခဲ့ကြရသည်။

ယင်းကာလ မှ ယနေ့ အစိုးရသစ် ပေါ်ထွန်းချိန်အထိ မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော်ရှိပြီး ထိုအထဲတွင် NLD အဖွဲ့ဝင် ၆ဝဝ ကျော်ပါဝင်ကြောင်း ဦးဉာဏ်ဝင်းက
ပြောသည်။

ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

ချင်းမိုင် (မဇ္ဈိမ) ။       ။ သောကြာနေ့တွင် နေပြည်တော်၌ ကျင်းပမည့် သမ္မတ ဦးသိန်းစိန် တက်ရောက်မည်
ဖြစ်သော နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် တရားဝင် ဖိတ်ကြားထားပြီး ဖြစ်သည်။

အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဗုဒ္ဓဟူးနေ့
က သွားရောက်ကာ ဖိတ်စာပေး ဖိတ်ကြားထားခြင်း ဖြစ်သည်။
dassk
“ဖိတ်စာ မနေ့က ရပါပြီ၊ စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲပါ၊ ၁၉ ၇က် ၂ဝ ရက်နေ့ နှစ်ရက်အတွက် ဖိတ်တာပါ” ဟု သူ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ တက်ရောက်ပါမည်လား ဆိုသော အမေးကိုတော့ ဦးဥာဏ်ဝင်းက မသိပါကြောင်း ဖြေကြားသည်။

သို့သော် ပါတီတွင်း သတင်းရပ်ကွက် တခုက ဒေါ်အောင်ဆန်းစုကြည်သည် လေ့လာသူ အနေဖြင့် တက်ရောက်ရန် သဘောတူညီပြီး ဖြစ်သည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ သုံးရက် ကြာမြင့်မည် ဖြစ်ကာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပမှာ ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားသည်။

သမ္မတဦးသိန်းစိန် ကျော်သူ့ ပရိသတ်ပါတဲ့


ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ဆိုကြသည့် ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးခွင့်နှင့် သရုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရသည့် နောက် လူမှုကူညီရေး လုပ်ငန်းများ
ဇောက်ချလုပ်နေသည့် အကယ်ဒမီ ကျော်သူ သည် သမ္မတကြီးဦးသိန်းစိန် အားပေးနှစ်သက်ခဲ့သည့် မင်းသား
ဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တက်ရောက်ခဲ့သည့် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်အား နှုတ်ဆက်စဉ် သမ္မတ ဦးသိန်းစိန် က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
kyawthu
လူမှုကူညီရေး လုပ်ငန်းများ ဇောက်ချလုပ်နေသည့် အကယ်ဒမီ ကျော်သူ သည် သမ္မတကြီးဦးသိန်းစိန် အားပေးနှစ်သက်ခဲ့သည့် မင်းသား ဖြစ်သည်ဟု သိရ (Photo:: http://www.facebook.com/ShweZeeKwet)

“သမ္မတကြီး ပြောတာက ကျော်သူဟာ ဟိုတုန်းက သူသိပ်သဘောကျခဲ့ရတဲ့ သိပ်ချောတဲ့ သိပ်ခန့်တဲ့ မင်းသားပါတဲ့ အဲလိုပြောပါတယ်” ဟု ဒေါ်ရွှေဇီးကွက် က မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာနှင့် အတူ ဆွမ်းကပ် လှူဒါန်းခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရ လက်ထက်မှ ယခု ဦးသိန်းစိန် အစိုးရ လက်ထက်ထိ ပိတ်ပင်ခံခဲ့ရသည်။

အနုပညာ လောကထဲ လှုပ်ရှားခွင့် မရသည့်နောက် ဦးကျော်သူက ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးများ ထားရှိလာခဲ့သည်။

သမ္မတ ဦးသိန်းစိန်က ကျော်သူ့ အနေဖြင့် ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွေးများကို ရိတ်ပြီး မင်းသားပုံစံဖြင့် နေစေချင်
ကြောင်းကိုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“အရင်တုန်းကပေါ့လေ သူတို့ သိပ်သဘောကျခဲ့တဲ့ သိပ်ချောတဲ့ မင်းသားက ဘာဖြစ်လို့ လှလှပပ မနေတော့တာ
လဲ ပေါ့။ အရင်တုန်းက မင်းသားလေးလိုပဲ နေပါလို့ ပြောတာပါ” ဟု ဒေါ်ရွှေဇီးကွက် က သမ္မတပြောဆိုမှုကို ပြန်
ပြောပြသည်။

အကယ်ဒမီ ၂ ဆုပိုင်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ဦးကျော်သူ သည် ၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှု အသင်းကို ထူထောင်ခဲ့ပြီး ဆင်းရဲချမ်းသာ မရွေး အခမဲ့ သဂြုင်္ိလ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ နောက်ပိုင်းတွင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းများကိုပါ ဖွင့်လှစ်ပြီး ပရဟိတ လုပ်ငန်းများကို စိုက်လိုက်မတ်တပ် လုပ်ကိုင်နေသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်ထားသည့် ရုပ်ရှင် ရိုက်ကူးခွင့်နှင့် သရုပ်ဆောင်ခွင့်ကို အကယ်၍ ပြန်လည် ခွင့်ပြုခဲ့ပါက ခင်ပွန်းဖြစ်သူ အနေဖြင့် လူထုအကျိုး ဖြစ်ထွန်းစေမည့် ရုပ်ရှင်ကားများ၊ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကား
များကို စီးပွားရေးအရ မဟုတ်ပဲ ရိုတ်ကူး စေလိုကြောင်း ဇနီးသည် ဒေါ်ရွှေဇီးကွက် ကပြောသည်။

ဦးကျော်သူကမူ “ဖြစ်ရပ်မှန်တွေကို ရိုက်ခွင့် ရခဲ့ရင်လည်း တပိုင်းပေါ့ဗျာ သို့သော်လည်း ဆင်ဆာ အဖွဲ့ အပြောင်း အလဲ ဖြစ်မှ သာလျင် ကျနော်တို့က လုပ်လို့ရမယ်။ ကိုယ်က သမိုင်းအစစ်ကို ဘယ်လောက်ပဲ ရိုက်ရိုက် ဆင်ဆာ
အဖွဲ့က အမျိုးမျိုး ဖြတ်တောက်လိုက်ရင် သမိုင်းအစစ်က ဘယ်လိုမှ ရမှာ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယခုအချိန်တွင် သူ့အနေဖြင့် ရုပ်ရှင်လောကထဲတွင် သရုပ်ဆောင်နေခြင်းထက် အများအကျိုးကို ချက်ချင်း ထိရောက်စေမည့် ပရဟိတ လုပ်ငန်းတွင် အချိန်ကုန်ဆုံးစေရန် ဆုံးဖြတ်ထားပြီး မုတ်ဆိတ်မွေး၊ ပါးသိုင်းမွှေးများ
ကို ရိတ်ကာ လှလှပပ ပြုပြင် နေထိုင်ဘို့ အတွက်လည်း စိတ်ဆန္ဒ မရှိတော့ဟု ဦးကျော်သူက ဆက်ပြောသည်။

“ကျနော်တို့က အများအတွက် နာရေးကိစ္စတွေ လုပ်နေရတော့ နေ့တိုင်း အနိစ္စတရားကို မြင်နေရတယ်။ အတွင်းစိတ်
က အရေးကြီးပါတယ်။ အပေါ်ယံတွေက အရေးမကြီးပါဘူး။ အဲဒါကို ကျနော်သိတဲ့ အတွက် ကျနော် ကိုယ့်ကိုကိုယ် လည်း မပြုပြင်တော့ပါဘူး” ဟု ဆက်ပြောသည်။

ကျော်သူသည် ၁၉၈ဝ ပြည့်လွန် နှစ်ဦးပိုင်းများတွင် ရုပ်ရှင်လောကသို့ ဝင်လာခဲ့သည်။

ယင်းမှ မြန်မာနိုင်ငံတွင် ကျော်ကြားသည့် ရုပ်ရှင်မင်းသား တဦး ဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် “တစ်ပြည်သူ
မရွှေထား” ဇာတ်ကားဖြင့် အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့သည်။ တဖန်၂ဝဝ၃ ခုနှစ်တွင်
“အမေ့နို့ဖိုး” ရုပ်ရှင်ကားနှင့် အကောင်းဆုံး ဒါရိုက်တာ ဆု ချီးမြှင့်ခံရသည်။ သူသည် အစိုးရဝါဒဖြန့် ရုပ်ရှင်ကား
များ ရိုက်ကူးပေးရန် ကမ်းလှမ်းမှုကို တတ်နိုင်သမျှ ငြင်းဆိုလေ့ရှိသူဟု ရုပ်ရှင်အသိုင်အဝိုင်းက ပြောဆိုကြသည်။

ဦးအောင်ကြည်နဲ့တွေ့ဆုံမှု ကောင်းသော စတင်ခြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
 "အမေ့ရဲ့ ငြိမ်းချမ်းရေး ပန်ကြားချက်နဲ့ ပတ်သက်လို့ အတော်များများက လိုလိုလားလားနဲ့ ထောက်ခံကြပါတယ်။ ချက်ခြင်းကြီး အဖြေမပေါ်တာက အံ့သြစရာ မဟုတ်ပေမဲ့ လူတိုင်းလူတိုင်းက တတ်နိုင်သမျှ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ပေါ်ထွန်းလာမှာပါ။ ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန် ကြေငြာချက်မှာ ပါတဲ့ အတိုင်းဘဲ အများပြည်သူအတွက် အကျိုးရှိစေဖို့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ အစဘဲဆိုပေမဲ့ ကောင်းသောစခြင်းလို့ ပြောချင်ပါတယ်။" RFA က အပတ်စဉ် တင်ဆက်နေတဲ့ “လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် သောတရှင် တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားခဲ့တဲ့ ပဲခူး နိုင်ငံရေး ခရီးစဉ် အတွက် သူ့အနေနဲ့ ကျေနပ်အားရ ဖြစ်ရကြောင်းလည်း ပြောပါတယ်။ "ကျမရဲ့ ပဲခူး နိုင်ငံရေး ခရီးစဉ်ကို ကျေနပ်အားရ ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့မှု ရှိနိုင်ခဲ့တာဟာ အင်မတန်မှ စိတ်ချမ်းမြေ့စရာပါဘဲ။ အာဏာပိုင်တွေဘက်ကလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်း ဆောက်ရွက်ခဲ့ကြတာမို့ သက်ဆိုင်သူတွေ အားလုံးအတွက် ၀မ်းမြောက်စရာ ဖြစ်ခဲ့ရပါတယ်။" အပြည့်အစုံကို သောကြာနေ့ညပိုင်းမှာ ထုတ်လွှင့်မယ့် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။ ဒီအတောအတွင်း နေပြည်တော်မှာ မနက်ဖြန်က စပြီး နှစ်ရက်ကြာ ကျင်းပမယ့် အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ ဖိတ်ကြားတဲ့စာ မနေ့က လက်ခံရရှိတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဒီနေ့ ပြောပါတယ်။ ဖိတ်စာကို အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ ဦးစီး ကော်မတီက ပေးပို့တာပါ။ "စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ၁၉ - ၂၀ ရက်မှာ ကျင်းပမှာပေါ့။ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ ဦးစီး ကော်မတီက ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတဲ့စာ ၁၇ ရက်နေ့က လက်ခံ ရရှိပါတယ်။" ဖိတ်စာ လက်ခံရရှိတာပဲ ပြောနိုင်ပြီး ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်-မတက်ဘူး ဆိုတာကိုတော့ ဦးအုန်းကြိုင်က ပြောဆိုနိုင်ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကို ကိုယ်စားပြု ဖိတ်ကြားတာ မဟုတ်ဘဲ ပုဂ္ဂိုလ် တဦးချင်း အနေနဲ့ ဖိတ်ကြားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို ခွဲထုတ်တာလို့ လေ့လာသူ တချို့က ဝေဖန်ထားတာ ရှိပါတယ်။

ရုပ်သိမ်းမည့် FEC ပေါက်ဈေးနှင့် အညီ လဲပေးမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြား

Exchange Rate Unification  ကိစ္စ ဆောင်ရွက်လျှင်FEC ရုပ်သိမ်းရေးကိစ္စလည်း အလို အလျောက်ပါသွားမည် ဖြစ်ပြီး၊ ယင်း အခါတွင်လည်း FEC လက်ဝယ်ရှိ သူများ မနစ်နာစေရန်  ပေါက်ဈေး နှင့်အညီ ကျပ်ငွေ (သို့) ကန်ဒေါ်လာ ရရှိစေမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းက သတင်းစာ ရှင်းလင်းပွဲ (၁/၂ဝ၁၁) တွင် ပြော သည်။ ”နစ်နာမှုမရှိစေဖို့အတွက် တာ ဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု၎င်းကသတင်းစာဆရာ ဦးအောင် လှထွန်း (ရိုက်တာသတင်းဌာန) မှ FEC ၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ငွေလဲနှုန်း ၆ မျိုးခန့်ဖြစ်နေ သည့်ပြည်တွင်း ကန်ဒေါ်လာဈေး ကို တစ်မျိုးတည်းသတ်မှတ်ရေး အတွက် အစိုးရကို ကူညီရန် IMF (နိုင်ငံတ ကာငွေကြေးရန်ပုံငွေအဖွဲ့)သည် နိုဝင်ဘာတွင် လာရောက်မည်ဖြစ် သည်။ အာဆီယံဒေသတွင်း ငွေလဲ နှုန်းပြောင်းလဲရေး ကျန်ရစ်နေ သည့် မြန်မာ အတွက် ထိုသိုIMF မှ လာ ရောက်ကူညီမည်ဟု ဆိုခြင်းသည် ကောင်းသည့်လက္ခဏာဟု ပြည် တွင်းဘဏ်လုပ်ငန်းအတွေ့အကြုံ အနှစ် ၃ဝ ကျော်ရှိ ဘဏ်လုပ်ငန်း ပညာရှင်တစ်ဦးက ပြောသည်။ သို့သော် ၄င်းကဈေးနှုန်းပြောင်း လဲမည်ဆိုလျှင်မူ ”အိမ်နီးချင်း နိုင်ငံတွေရဲ့ ဈေးနှုန်း ပြည်တွင်းဈေး   နှုန်းကို ချိန်ထိုးရမယ်”ဟု သတိပေး သည်။ ”ငွေလဲနှုန်း တစ်မျိုးတည်း ဖြစ်သွားရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင် လာမယ်”ဟု သူကထပ်လောင်း   ပြော သည်။ ငွေကြေးစနစ်က နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုအတွက်အဓိကကျကြောင်း ပြောလာသည့်မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက မူ ”အာရှတိုက်မှာရှိတဲ့ ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို သွားတဲ့နေရာ မှာ ငွေကိုလို အပ်တာ ထက်ပိုပြီးတော့ လျှော့ချခဲ့တယ်။ Trade  မှာ သူတို့က ယှဉ်ပြိုင်နိုင် စွမ်းရှိအောင်ချတာ”ဟု ငွေတန်ဖိုး သတ်မှတ်ရေးနှင့်ပတ်သက်ပြီး သူ၏ အမြင် ကိုပြောသည်။ ”လောလောဆယ် ဒီနေ့ချက် ချင်းလုပ်ရမယ့်ဟာကတော့ တစ် ဒေါ်လာ ဘယ်လောက်ပေါက်ပေါက် မြန်မာငွေကို ၉ဝဝ၊ ၁ဝဝဝ ကျပ် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ စိတ်ဝင်စားတယ်”ဟု လက်ရှိငွေဈေးနှုန်း အဆမတန် ကျဆင်းနေ၍ ကုန်ထုတ်လုပ်ငန်း ထိခိုက်မှု ရှိနေခြင်းကို ထောက်ပြ ပြောသည်။ ကန်ဒေါ်လာအား အစိုးရသတ် မှတ်နှုန်း၊ အပြင်ပေါက်ဈေးနှုန်း၊MFTB, MITB ဘဏ်ဈေးနှုန်း၊ ပို့ကုန် ၏ ဝင်ငွေကန်ဒေါ်လာဈေးနှုန်း၊FEC  ဈေးနှုန်းဟူ၍ ရှိနေသည့် ငွေ ကြေးသတ်မှတ်ဈေးပြဿနာကို ဦးစွာဖြေရှင်းသင့်ကြောင်းပြောသည့် ဘဏ်လုပ်ငန်း ပညာရှင်က ထိုကိစ္စ ပြီးမှသာ အတိုးနှုန်းကိစ္စ၊ အခွန် ကိစ္စများဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း သူ၏အမြင်ကိုပြောသည်။ ”ဒါတွေကို ဖြေရှင်းဖို့က ကျွမ်း ကျင်သူတွေကိုခေါ်ယူသုံးစွဲဖို့ လို အပ်တယ်။ နိုင်ငံခြားက ကျွမ်းကျင် သူတွေကိုခေါ်ပြီးအသုံးပြုမှ ပြေ လည်မယ်။ နည်းပညာပိုင်းမသိဘဲ ရမ်းလုပ်လို့ရ တဲ့ ကိစ္စ မဟုတ်ဘူး” ဟု အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြော ကြားသည်။
တင်ဇာဇော်၊ဝေယံမိုးမြင့်

ခုံးကျော်တံတားပေါ် ဈေးရောင်းသူများကိုပါ စည်ပင်အရေးယူမည်

ရန်ကုန်မြို့တွင်းရှိ လူကူးခုံးကျော်တံတားများပေါ် ဈေးရောင်းမှုကိုပါ အရေးယူသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။ လမ်းဘေးဈေးသည် ရှင်းလင်း ရေးစီမံချက်ကြောင့် မြို့တွင်းရှိ ခုံးကျော်တံတားများပေါ်၌ ဈေးရောင်းချမှုများ ပိုမိုရှိလာရာ ၄င်းဈေးသည်များအား ယခုလအတွင်း အရေးယူ ဖယ်ရှားသွားမည်ဖြစ်သည်။ အဆိုပါဈေးသည်များကိုလည်း သတ်မှတ်ထားသည့် အချိန်နှင့် အတူ ခွင့်ပြုထားသည့်နေရာများတွင်သာ ရောင်းချရန် တိုက်တွန်းသွားမည် ဟုလည်း အထက်ပါဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ဆူးလေခုံးကျော်တံတား၊ သိမ်ကြီး ဈေးပတ်လည် ခုံးကျော်တံတား၊ ဗိုလ်ချုပ်ဈေးနှင့် အစရှိသော အခြား မြို့နယ်များရှိ ခုံးကျော်တံတားများ ပေါ်၌ ရောင်းချသည့် ဈေးသည် များကို တွေ့ရှိနေရကြောင်း ၄င်းက ပြောသည်။ YCDC မှ ယခုလအတွင်း ထုတ်ပြန် ခဲ့သော လမ်းဘေးဈေး သည်ရောင်းချမှု စည်းမျဉ်း စည်း ကမ်းသည် မြို့တွင်း ၆ မြို့နယ် အပြင်ရှိ မြို့နယ်များကိုပါ ရိုက်ခတ် လျက်ရှိကြောင်း အလုံမြို့နယ်ဈေး သည်များထံမှသိရသည်။ ”ရပ်ကွက်ထဲက လမ်းတွေမှာ လည်း ဖမ်းမယ်လို့ ပြောလို့ တချို့ လမ်းဘေးဆိုင်တွေ မထွက်ရဲကြဘူး၊ အမြတ်လိုချင်ပေမယ့် အဖမ်းခံရ ဖို့ တော့ကြောက်တယ်။ ဈေးကောက်လည်းဘယ်သူမှ လာမကောက်တော့ဘူး။ အဖမ်းခံရရင် ကိုယ့်ဘာ ကိုယ်သာခံလို့ ပြောထားတယ်” ဟု လမ်းဘေးကွမ်းယာဆိုင်ရှင်တစ်ဦး က ဆိုသည်။

မတူညီသော လောက . . .

ဈေးရောင်းကောင်းမည့် အချိန် မိုးက သည်းသည်းထန်ထန်ရွာ၍ ဈေးရောင်းမကောင်းသည့်ရက်တွင် စည်ပင်မှ ၀င်ဖမ်း၍ ဟင်းရွက်မျိုးစုံ အပြင် ဈေးခင်းသည့် ဗန်းနှင့်ခုံပါ အသိမ်းခံလိုက်ရသည်။
ဈေးမရောင်းရန် သတ်မှတ်ထားသည့် လမ်းဘေးတွင် ဈေးရောင်းမိသည့် ဈေးသည်များ အရင်းပြုတ်ကာ လက်ဗလာဖြင့် အိမ်ပြန်ကြရသည်က မကြာခဏ။ နေ့ပြန်တိုးနှင့် ငွေပြန်ရှာ ပြန်ရင်းကြရသည်က မကြာခဏ။ သူတို့
သတ်မှတ်ထားသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်၍လည်း စည်ပင်မှ ဖမ်းခြင်း ဖြစ်သည်။
ရန်ကုန်-အင်းစိန် လမ်းမပေါ် ဘူတာရုံလမ်း တစ်ဝိုက်တွင် မည်သည့် ဆိုက်ကားမျှ လမ်းမပေါ်တက်၍ မနင်းရ၊ ဂိတ်မထိုးရ၊ သတ်မှတ်ထားသည်။အုံနာခနှင့် ကလေးကျောင်းစရိတ် အတွက် နည်းနည်းပိုရနိုင်၍ အရဲစွန့်ကာ လမ်းပေါ်တက်ပြီး ခရီးသည် စောင့်သော ဆိုက်ကားသမား တစ်ဦး၊ ဆိုက်ကားအား စည်ပင်မှဖမ်းကာ ဒဏ်တပ်ရိုက်သည်။ ဒဏ်ငွေက ကျပ် ၅၀၀၀၊ ဆိုက်ကားအား ၇ ရက်တိတိ ဖမ်းချုပ်သည်။ ဆိုက်ကား ၇ ရက် မနင်းရတော့သော်လည်း နေ့စဉ် ကျသင့်နေသည့် အုံနာခ တစ်ရက် ကျပ် ၈၀၀၊ ၇ ရက် အတွက် ကျပ် ၅၆၀၀၊ ဒဏ်ငွေဖြင့်ပေါင်းသော် ကျပ် ၁၀၆၀၀ ကို အခြား ရင်းနှီးသူ ဆိုက်ကားသမား၏ ဆိုက်ကားအား ပြန်ငှားနင်းခြင်း သို့မဟုတ် ၂၀ ကျပ်တိုးဖြင့် ငွေချေးခြင်းများဖြင့် ပြန်ရှာပြန်ရွေး လုပ်သည်။ သတ်မှတ်ထားသည့် စည်းကမ်းဖောက်၍ ဒဏ်ရိုက်ရခြင်း ဖြစ်သည်။
ဗျောက်အိုး၊ မီးရှူးမီးပန်း မရောင်းရ၊ ရောင်းလျှင် ထောင်ဒဏ်လို့ ကြေညာချက် ထုတ်ပြန်ပြီး သီတင်းကျွတ်မှာ လူအများ စိတ်မညစ်ညူးအောင် ရည်ရွယ်ကာကွယ်ထားသည်။တစ်ခြားကာလတွေမှာ ဈေးရောင်းတာထက် အကျိုးအမြတ် မဆိုသလောက်ကလေး ပိုရ၍ ရောင်းမိပါသည် ဆိုသော ရပ်ကွက်ဈေးသည် တစ်ဦး ကြေညာချက် ဖောက်ဖျက်မှု၊ တားမြစ်ထားသည့်အရာကို ချိုးဖောက်မှုဖြင့် အရေးယူခံရသည်။
နေ့စဉ် စိစိစစ်စစ်ဖြင့် အရေးယူ ပေးနေမှုများကြောင့် ဥပဒေအထက်တွင် နိမ့်ပါးသူလည်း မရှိ၊ နိမ့်ပါး၍ သက်ညှာရမည် ဆိုသည်လည်းမရှိ ဆိုသည့်အချက်ကို လက်ခံပြီး ဥပဒေအထက်တွင် မည်သူမျှမရှိ ဆိုသည်ကို ထပ်မံ
လက်ခံဖို့သာ ကျန်တော့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာ့ စက်မှုဆိပ်ကမ်း (မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် ကွန်တိန်နာများအတွင်း ကားအစီးလိုက်ကို အချိုရည်များဖြင့် ကာရံပြီး တရားမ၀င်၊ ဥပဒေချိုးဖောက်ကာ တင်သွင်းလာသည့် ကွန်တိန်နာ ၁၀ လုံး ဖမ်းမိသည်ဟု ဓာတ်ပုံနှင့်တကွ တိကျသည့် သတင်း ထွက်လာသည်။
ဥပဒေကိုချိုးဖောက်၍ အဆိုပါ ကွန်တိန်နာများကို သိမ်းဆည်းလိုက်သည်။ ထပ်မံ၍ ဆက်တိုက်ပင် အေးရှားဝေါလ်ဆိပ်ကမ်း (မြန်မာ့နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် တရားမ၀င် ကားအစီးလိုက်စာ ကွန်တိန်နာ ၂၀ ထပ်မိသည်။ ဆက်တိုက်ဆက်တိုက် ထပ်ဖမ်းသည်။ ထပ်မိသည်။
တားမြစ်ထားသည်ကို ချိုးဖောက်၍ ပစ္စည်းများအားလုံး သိမ်းလိုက်သည်။ဆက်လက်၍ အဓိက သက်ဆိုင်သူအား အရေးယူသည်ဟုတော့ လတ်တလော မကြားသိခဲ့ရသေးပါ။
တရားဝင် တင်သွင်းမှရမည့် ဆိပ်ကမ်းများတွင် တရားမ၀င် မှောင်ခိုခြင်း ပြုသည်ကို မြင်တွေ့ရ၍ နယ်စပ်များကို လေ့လာကြည့်သော် လှေဖြင့်တစ်မျိုး လူဖြင့်တစ်သွယ် စားသောက်ကုန်မှ လူသုံးကုန် အထိ ကုန်သွယ်ကြသည်။ တရားဝင်တော့ မဟုတ်ပါ။
ယင်းမှာ မြန်မာနိုင်ငံသို့ ပြည်ပမှ တရားမ၀င် စီးဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င် စီးထွက်နေခြင်းကိုကြည့်သော် - နယ်စပ်မှ မြန်မာ့သစ်လုံးများ ပြည်ပ ထွက်နေသည်။ ကျောက်စိမ်းလည်း ထိုနည်းနှင်နှင်။ ရလျှင်ရသလို ထွက်သည်။ ကြိမ်၊ ၀ါးမှစကာ တောကောင်များအထိပင် တရားမ၀င် ထွက်နေခြင်း ဖြစ်သည်။
ခြုံငုံကြည့်လျှင် အရေးယူ မခံရနိုင်၍ လိုင်စင်မဲ့ကား စီးကြသည်၊ ယခင်က အဖမ်းမခံရဘဲ အကျိုးအမြတ် ရခဲ့၍၊ ရနေ၍ ကွန်တိန်နာဖြင့် မှောင်ခိုကြခြင်းသာ ဖြစ်လိမ့်မည်။
ဖြစ်ရပ်များကို ကြည့်သော် တရားမ၀င် မှောင်ရိပ်ခို လုပ်ငန်းရှင်များမှာ သူများထက်ပို၍ အကျိုးအမြတ် ရလို၍ လုပ်ခဲ့သည့်ဖြစ်ရပ်များ ဖြစ်သည်။ အကျိုးအမြတ် ပိုရလို၍ စည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်သည်။ နိမ့်ပါးသူများ စည်းကမ်းဖောက်မှု အပေါ်တွင်သာ ဥပဒေ သက်ရောက်မှု မရှိသင့်ပါ။
ဆိုလိုရင်းမှာ ပြည်ပမှ တရားဝင် သင်္ဘောကြီးများဖြင့် တရားမ၀င် သွင်းသူ၊ ပြည်ပသို့ သယံဇာတများ မှောင်ရိပ်ခိုနေသူ၊ တွေ့ကရာနံပါတ်ဖြင့် ကားအကောင်းစားကြီးများကို လိုင်စင်မဲ့ စီးနေသူများသည် တစ်ဦးတည်း မဟုတ်ပါ။ အုပ်နှင့်သင်းနှင့် ဖြစ်သည်။ နောက်ကွယ်တွင်လည်း အင်အားတောင့်တင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီပိုင်ရှင်ကြီးများ ဖြစ်သည်။ (အခြားအခြားသော ဥပဒေ လက်တစ်လုံးခြား လုပ်သူများလည်း အပါအ၀င်)
ဆိုက်ကားသမားသည်လည်း ယခင်က စည်းကမ်းဖောက်သည့်တိုင် အဖမ်းမခံရပဲ လွတ်မြောက်ခဲ့ဖူးသည့်အတွက် ရလျှင်ရသလို စည်းကမ်းဖောက်မိသည် ဆိုသော် မှောင်ခိုလုပ်ငန်းဖြင့် ကြီးပွားသူများသည်လည်း အခွင့်အရေးရခဲ့၍ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် မှောင်ခိုခဲ့ကြခြင်းဟု ယူဆရမည် ဖြစ်သည်။
ရပ်ကွက်ထဲက ဈေးသည်၊ ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသူများ အပေါ်တွင် ဥပဒေ စိုးမိုးသည်၊ ဥပဒေ အထက်တွင် သူတို့တွေ မရှိသည်ကို ကျွန်တော် လက်ခံလိုက်ပြီး ဖြစ်သည်။ ထိုဥပဒေကိုလည်း ကျွန်တော် ယုံကြည်သည်။ လုပ်ငန်းရှင်ကြီးဟု အမည်တပ်ကာ မှောင်ရိပ်ခို ချမ်းသာသူများ၏ လုပ်ရပ် အပေါ်တွင်လည်း စည်းမျဉ်းစည်းကမ်း ဥပဒေ သက်ရောက်ရန် လိုသည်။
အဆိုပါစကားသည် လိုင်စင်မဲ့ကား အကောင်းစား စီးပြနေသူများ၊ အုပ်စုဖွဲ့ မှောင်ခိုနေသူများကို ဒဏ်ရိုက်လိုက်ပြီ၊ ပိုင်ရှင်ကို အရေးယူလိုက်ပြီ ဟူသော သတင်းတစ်ရပ် ထွက်ပေါ်လာမှသာ ပြည့်စုံတော့မည်။
ဆိုက်ကားသမားတစ်ဦး ဖမ်းမိလျှင် ပြည်သူအတွက် အခွန် အဖြစ် ရောက်ရှိသွားမည့် ဒဏ်ကြေး ကျပ် ၅၀၀၀ ရသည် ဆိုသော်။ ကျပ် ဘီလျံချီတန်သည့် အိမ်၊ ကျပ်သိန်းထောင်ချီတန်သည့် ကားစီးနိုင်သည့် လုပ်ငန်းခွဲပေါင်းများစွာဖြင့် အမည် မဖော်နိုင်သည့် ငွေကြေးများဖြင့် ချမ်းသာနေသူများကို မိလိုက်လျှင်ဖြင့် ပြည်သူအတွက် အခွန်ငွေရမည်၊ နိမ့်ပါးသူနှင့် သူကြွယ်များကြား ဥပဒေ စိုးမိုးမှု တူညီမည် ဖြစ်သည်။
လိုင်စင်မဲ့ကား အစီးရေက တစ်သောင်းဝန်းကျင် အနည်းဆုံး ရှိနေသည်မှာ ငြင်းမရ။ မော်ဒယ်လ်မြင့်မှ မော်ဒယ်လ်နိမ့် အမျိုးအစား အလိုက် တရားဝင် အခွန်ဆောင်လျှင် တစ်စီးပျမ်းမျ ကျပ်သိန်း ၄၀၀ အနိမ့်ဆုံးရမည် ဆိုသည်ကို ကားကျွမ်းကျင်သူများက ကာလပေါက်ဈေးဖြင့် တွက်ချက်ထားကြသည်။
ထို့အတွက် လိုင်စင်မဲ့ကား တစ်မျိုးတည်းမှ အခွန်ငွေ ကျပ်ဘီလျံ ၄၀၀ ရှောရှောရှုရှု ရမည်။ ကားအစီးလိုက် ကွန်တိန်နာဖြင့် မှောင်ရိပ်ခို သွင်းနေသူများကို ကြပ်မတ်လိုက်ရုံဖြင့် တစ်လ အတွင်း၌ပင် ကားအစီး ၃၀ ကျော်
ဖမ်းမိခဲ့ခြင်းကြောင့် ပြည်သူအတွက် အခွန်ငွေ ကျပ်သိန်း ၃၀၀၀ ကျော် နစ်နာမည့် အရေးမှ ကင်းလွတ်သွားပြန်သည်။ ယခင် မည်မျှ လက်တစ်လုံးခြား လုပ်ခဲ့သည်ကို မှန်းဆနိုင်သည်။
သစ်အလုံးလိုက် မှောင်ခိုခြင်းအား ဖိဖိစီးစီး ဖမ်းခြင်းဖြင့် ရလာမည့် အခွန်အား တွက်ချက်ကြည့်သင့်သည်။ ကျောက်စိမ်းကိုလည်း ကြည့်လိုက်။ ဖိဖိစီးစီး ဥပဒေ အတိုင်း ဖမ်းခြင်းဖြင့် Black Jade အမျိုးအစားများသာ မှောင်ခို
မထွက်တော့လျှင် အခွန်ငွေမှာ ကျပ်သိန်း ရာထောင်ချီဦးမည်။ ကချင်ပြည်နယ်ရှိ တောင်များ ထက်ခြမ်းကွဲသည် အထိ တူးနေသည်များမှ အခွန်တိတိကျကျ ရမည်။
သို့သော် အခွန်ရဖို့ တစ်ခုတည်း ဆိုလျှင်တော့ ပြည့်စုံမှုရှိမည် မဟုတ်ပါ။ မတူညီမှုများ လျော့ပါးရေးမှာလည်း အဓိက ကျသည်။ မှောင်ရိပ် တစ်ခါခိုရုံမျှဖြင့် လွတ်လျှင် ၅ နှစ်စာလောက် ထိုင်စားနိုင်ပြီး မိလျှင် ပစ္စည်းပေးလိုက်ရုံ ဆိုသော် ဆိုက်ကားသမားသည်လည်း မှောင်သွားခိုလိမ့်မည်၊ ၀န်ထမ်းများကိုလည်း ဖျက်စီးနေကြလိမ့်ဦးမည်။
မတူညီသော လောကမှ တူညီသောလောကသို့ ပြောင်းရန် အစိုးရသစ်မှ မကြာခဏ ထုတ်ဖော်ထားပြီး ဖြစ်သည်။ ဇွန်လ အတွင်းက အစိုးရသစ်မှ ထုတ်ပြန်ခဲ့သည့် အစိုးရ အသုံးစရိတ်များ လိုအပ်ချက် ရှိနေသည်၊ လိုအပ်သည်ထက် နည်းနေသည် ဆိုသည့် သတင်းများ ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ တရားမ၀င်များ များနေသ၍ အခွင့်အလမ်း ရနေသ၍ အခွန်ငွေ ဆိုသည်မှာ တရားဝင် ပေးဆောင်နေသူများထံမှသာ ခြစ်ကုတ် ကောက်ခံနေရဦးမည်သာ ဖြစ်သည်။
နိမ့်ပါးသူများ စည်းကမ်းဖောက်သည်က ထိခိုက်သည်ဟု ယူဆကြသည် ဆိုသော် လုပ်ငန်းရှင် အမည်ခံ တရားဝင်လုပ်ငန်း ဗန်းပြ မှောင်ခိုမှုများက နိုင်ငံအား မည်မျှ ထိခိုက်မည်ကို တွက်ချက်နိုင်သည်။
ဆိုက်ကားသမား၊ လမ်းဘေးဈေးသည်များက ၀မ်းရေး အတွက် လိုအပ်၍ လုပ်မိခြင်းသာ ဖြစ်လိမ့်မည်။ လုပ်ငန်းရှင် များကတော့ သူများထက် ထူး၍ ထူး၍ အကျိုးခံစားလိုခြင်း ဖြစ်လိမ့်မည်။
တရားဝင်လုပ်ငန်း ဗန်းပြကာ မှောင်ခိုသူများကဲ့သို့ပင် မရှိသင့်တော့သည့် လောကမှာ နေရာတကာတွင် ပါမစ် ယာဉ်ကျေးမှုကို ဖော်ဆောင်နေသူများ ဖြစ်သည်။ လမ်းဘေးဈေးသည် ဈေးမရောင်းရတော့သည့် အချိန်တွင် ကားတစ်စီး ပါမစ် သက်သက်သည်ပင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ ရကာ ကြီးပွားသထက် ကြီးပွားနေမှုများလည်း မရှိသင့်တော့ပါ။
ယိုပေါက်များ ပိတ်လိုက်ခြင်းကြောင့် အခွန်လည်းရ၊ ၀န်ထမ်းများ ရှေ့လျှောက် ငွေအင်အားဖြင့် ဖျက်ဆီးခံရသည့် အနေအထားလည်း သက်သာ၊ နိမ့်ပါးသူများ ဥပဒေအထက်တွင် မရှိသလို ကုမ္ပဏီထောင် မှောင်ရိပ်ခို၊
အခွန်ရှောင်နေသူများလည်း . . .။

ပဲခူး ရေဘေးဒုက္ခသည် ၁၅,၀၀၀ ခန့် သောက်သုံးရေပြတ်လပ်

by Zay Latt on Tuesday, August 16, 2011 at 12:37pm
ပဲခူးမြစ်ရေ လျှံမှုကြောင့် မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် ရေဘေး ဒုက္ခသည် ၁၅,၀၀၀ ခန့် သောက်သုံးရေ ပြတ်လပ်နေသည်။
ရေကြီးမှု ဖြစ်ပွားပြီး ရက်သတ္တ တစ်ပတ်ကျော် ကြာခဲ့သော်လည်း မြို့အနောက်ပိုင်းနှင့် မြောက်ပိုင်း ရှိ ရပ်ကွက်များအပြင် ပတ်ဝန်းကျင် ကျေးရွာများတွင် သောက်သုံ ရေများ ပြတ်လပ်နေသည်ဟု ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ဆရာတော် ဦးကိတ္တိ က မိန့်ကြားသည်။

“သောက်သုံးနေတဲ့ ရေကန်တွေရှိတယ်လေ။ အဲ့ဒီကန်တွေ၊ တွင်းတွေထဲကို ရေကြီးတဲ့အခါ ရေနဲ့ပါလာတဲ့ အညစ် အကြေးတွေ၊ အမှိုက်တွေမှန်သမျှ အကုန်ဝင်ကုန်တာ။ အဲ့ဒီမှာ သောက်ရေအခက်အခဲတွေ ဖြစ်ကုန်တာ။ အခုက သောက်ရေပြတ်ကုန်ရော။”

ပဲခူးတိုင်းအတွင်း ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ မိုးပြင်းထန်ခဲ့ပြီး မြို့ပေါ် ရပ်ကွက် ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ယခု သောက်သုံးရေ ခက်ခဲနေသည့် နေရာများမှာ ပဲခူးမြို့ပေါ်ရှိ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက်တန်း၊ မဇင်း၊ အိုးလေးစု၊ ရွာသစ်၊ မုန်တိုင်း၊ရှမ်းစုနှင့် ဥဿာမြို့သစ် ရပ်ကွက်များ ဖြစ်သည်။

ကျောက်ကြီးစု ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ကနီးရွာမှ ဒေသခံတစ်ဦးက “မြို့ပေါ်က ရပ်ကွက်တွေကအစ သောက်ရေပြတ်တာ။ သောက်ရေတွင်းတွေက ဘယ်လိုမှကို သုံးလို့မရတော့ဘူး။ ရေကဝါညစ်ညစ်ကြီး၊ ရေထဲမှာ အမှိုက်တွေကလည်းအများကြီး၊ သောက်ဖို့မပြောနဲ့ သုံးဖို့တောင် အဆင်မပြေဘူး။” ဟု ပြောသည်။

လောလောဆယ်တွင် ပဲခူးတိုင်း အနောက်ပိုင်းရှိ ကျေးရွာ (၂၀) ကျော်၌ သောက်သုံးရေများ ပြတ်လပ်နေပြီး ပဲခူးမြို့ အထွက်ရှိ ကနီး၊ ကျောက်ကလေး၊ အဝိုင်းကျေးရွာများတွင် လယ်မြေဧက (၇၀၀) ကျော် ပျက်စီးသွားသည်ဟု ဆရာတော် ဦးကိတ္တိ က မိန့်ကြားသည်။

ထို့အပြင် ရေးဘေးဒုက္ခသည်များ သောက်သုံးရေအတွက် “ဒေသခံတွေကပဲ အချင်းချင်း လှူနေကြတယ်၊ နိုင်တဲ့လူတွေက တစ်ယောက် သောက်ရေသန့်ဘူးကြီး ၅၀ တို့၊ ၁၀၀ တို့ဆိုပြီး ဒုက္ခသည်စခန်းတွေကို လှူတယ်” ဟု ဆက်လက် မိန့်ကြားသည်။

ယခုအခါ မြို့ပေါ် ရပ်ကွက် လမ်းမများပေါ်တွင် ရေအနည်းငယ်လျော့ကျသွားသော်လည်း ဒုက္ခသည်များမှာ ပဲခူးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း(၂၂) ခုတွင် ဆက်လက်ခိုလှုံနေကြသည်။ ထို့ပြင် ယခုနှစ် ရေကြီးမှုမှာ (၄၇) နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

ရေဘေးဒုက္ခသည်များအား ဒေသခံအာဏာပိုင်များက ယခုလ (၉) ရက်နေ့တွင် လာရောက် ကြည့်ရှုခဲ့ပြီး အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ဖယောင်းတိုင် တို့ကို ပေးဝေခဲ့ သော်လည်း လုံလောက်မှုမရှိဟု ဒေသခံများကပြောသည်။

ပဲခူးမြစ်ရေသည် ယနေ့တိုင်းထွာချက်အရ ပဲခူးမြို့တွင် ၉၁၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၈ စင်တီ မီတာ (၀.၃ ပေခန့်) ကျော်လွန် နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။


ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်း
နှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသူများကို
ပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။
theinseinecometinnpdပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ်များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်
ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်း
အောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက
ပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့ အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်
တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

အမေရိကန်အရာရှိက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲအကြောင်း မေးမြန်း

http://cnreviews.com/wp-content/uploads/2009/07/john-kerry-american-flag.jpgအမေရိကန် အထက်လွှတ်တော် အမတ် John Kerry ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ လက်ထောက် အရာရှိ Mr. Atman Trivedi နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံ ပါတယ်။
ပဲခူး ခရီးစဉ် အောင်မြင်တာနဲ့ ပတ်သက်ပြီး သဘောကျ ကျေနပ်တယ် ဆိုတဲ့ အကြောင်း၊ မှတ်ပုံတင်မည့် ကိစ္စ၊ ရွေးကောက်ပွဲဝင်မည့် အလားအလာ ဘယ်လိုရှိတယ် ဆိုတဲ့ အကြောင်းများကို မေးမြန်းသွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က RFA ကို ပြောပါတယ်။ Mr. Atman Trivedi နဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင် နာရီပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ ခေါင်းဆောင်တွေကို NLD ရုံးချုပ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ Mr. Trivedi က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဘယ်လောက် မျှော်မှန်းထားသလဲ ဆိုတာကိုလည်း မေးမြန်းတယ်လို့ ဆိုပါတယ်။ Mr. Trivedi နဲ့အဖွဲ့ဟာ မနက်ပိုင်းကလည်း တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင် တချို့နဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာတော့ Mr. Atman Trivedi က ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အခြေအနေတွေ၊ ပါတီတွေနဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေကို မေးမြန်းခဲ့တယ်လို့ ဒီမိုကရက် တစ်ပါတီ မြန်မာပြည် ဥက္ကဌ ဦးသုဝေက ပြောပါတယ်။ အထက်လွှတ်တော် အမတ် John Kerry ရဲ့ အကြံပေး ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူ့အနေနဲ့ အရှေ့တောင် အာရှကို အတော်လေး လေ့လာခဲ့ဖူးကြောင်း၊ လက်ရှိအခြေအနေကို အထက်လွှတ်တော် အမတ် John Kerry က သိရှိလိုကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှိခဲ့တဲ့ အခက်အခဲ၊ အခု အခြေအနေတွေ ပြောင်းလဲမှု ရှိ မရှိ၊ အစိုးရရဲ့ ဆောင်ရွက်မှုတွေနဲ့ အထူးသဖြင့် လူမျိုးစုပါတီများကို လာမည့်လွှတ်တော်မှာ အဆိုပြုမည့် အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့အနေနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဖို့ အတွက် ကြိုတင် ရေးဆွဲထားတဲ့ စာတမ်း တစ်စောင်ကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာတမ်းမှာ မိတ်ဆွေ ပါတီများကို ဖွဲ့စည်းပြီး အစိုးရနဲ့ တကွ နိုင်ငံတကာကို တိုက်တွန်း ဆောင်ရွက်ချက်တွေ အကြောင်း ပြုစု ရေးသားထားတယ်လို့ ဆိုပါတယ်။ ဒီစာတမ်းအရ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။ အမေရိကန် ကိုယ်စားလှယ်တွေ ကလည်း နိုင်ငံ အတွက် အသိပညာ ပေးရေး ကိစ္စတွေမှာ ၀ိုင်းဝန်း ကူညီပေးမဲ့ အကြောင်း ပါတီ ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် အထက်လွှတ်တော် အမတ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ဒီမိုကရေစီ မဟာမိတ် ပါတီများ အဖွဲ့က ပါတီ ခေါင်းဆောင် ၈ ဦး နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ခေါင်းဆောင် တစ်ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ ထိုင်ဝမ် နိုင်ငံ အတိုက်အခံ ပါတီဖြစ်တဲ့ Democratic Progressive Party က အမျိုးသမီးတဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ထိုင်ဝမ် အတိုက်အခံပါတီ ဥက္ကဌ Ms Tsai Ing-wen ကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောဆိုတယ်လို့ သိရပါတယ်။ Ms. Tsai Ing-wen ဟာ ၂၀၁၂ ဇန်နဝါရီမှာ ကျင်းပမည့် ထိုင်ဝမ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု


ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ဦးသိန်းစိန်က ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေရပ်ရင်း ပြန်လာပြီး အတူပူးပေါင်း လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အစိုးရသစ် တာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီလောက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဦးသိန်းစိန်က သူတို့ အစိုးရသစ် လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ခဲ့တာတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မိနစ် ၂၀ လောက် ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုခဲ့တာတွေထဲမှာ ထူးခြားတာ တခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာ ရောက်ရှိနေသူတွေကို တိုင်းပြည် တိုးတက်ရေးအတွက် မြန်မာပြည်ကို ပြန်လာပြီး အတူပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်တဲ့ အချက်လည်း ပါဝင်တယ်လို့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးခင်ရွှေက အခုလို ပြောပါတယ်။
“အဓိကတော့ အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေပေါ့၊ ပြည်တွင်းလာပြီး အလုပ်လာပြန်လုပ်ဖို့။ မြန်မာပြည်ရဲ့ စီးပွားရေးအရ တိုးတက်အောင် ဆောင်ရွက်တော့မယ်၊ အဲဒီကာလမှာ ပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်များလည်း ပြည်တွင်းပြန်လာပြီးတော့ မြန်မာပြည် တိုးတက်ရာ၊ တိုးတက်ကြောင်း ၀ိုင်းဝန်းကြပါ။ တကယ်လို့ အပြစ်များ ရှိခဲ့လို့ရှိရင်လည်း တော်ရုံတန်ရုံ အပြစ်တွေ ခွင့်လွှတ်ပေးမယ်ဆိုတာ အဲဒီတချက်ကတော့ ထူးခြားပါတယ်။”
ဒါ့အပြင် အခြား ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
“KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ ကချင်လူထုကို ကိုယ်စားမပြုဘူး။ အဲဒီကိစ္စကိုလည်း ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းလေးတွေ။”
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်းကတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လက်ရှိ ကောက်ခံနေတဲ့ အခွန်အခတွေကို လျှော့ချပေးနေသလို ဆက်လက် လျှော့ချပေးသွားဖို့ ရှိကြောင်း ပြောဆိုသွားတယ်လို့ အခုလို ပြောပြပါတယ်။
“အဓိက Export Tax တွေနဲ့ ပတ်သက်လို့၊ Export Tax တွေ၊ အထည်ချုပ်နဲ့ ပတ်သက်တာ၊ ကောက်ပဲသီးနှံနဲ့ ပတ်သက်တာ၊ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ၊ ပြည်တွင်းက စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ Tax တွေ လျှော့ချပေးပြီး ဖြစ်တယ်လေ။ ပြီးတော့ မကြာခင်မှာ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်လို့လည်း သူတို့ Tax တွေကို လျှော့ချပေးဖို့ရှိတယ်။ နောက် တခြားဟာတွေနဲ့ ပတ်သက်လို့ လျှော့ချပေးဖို့ရှိတယ်။ ပြီးတော့ ခရီးသွားလုပ်ငန်း အပါအ၀င် တခြားလုပ်ငန်းတွေမှာလည်း Tax တွေကို လျှော့ချပေးဖို့၊ ပြန်လည်သုံးသပ်ပေးဖို့ ဆက်လုပ်သွားမယ်လို့ ပြောတယ်။”
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပင်စင်လစာ တိုးပေးရေး၊ လက်ရှိ ရေဘေးဒဏ် ခံနေရတဲ့ ပဲခူး၊ ဧရာဝတီနဲ့ ကရင် ဒေသတွေက ပျက်စီးသွားတဲ့ လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး၊ အရံဆန်စပါး ထားရှိရေး စတာတွေကို ဆောင်ရွက်နေတာနဲ့ ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို ထိခိုက်နေတဲ့အတွက် ငွေလဲနှုန်းကို ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လူမှုအသင်းအဖွဲ့ ခေါင်းဆောင်တွေ ၄၀၀ လောက် တက်ရောက်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ရှင်းလင်း ပြောဆိုပြီးတဲ့အခါ တက်ရောက်လာသူ တချို့ကို နှုတ်ဆက်တာ၊ မေးမြန်းတာနဲ့ စကားပြောဆိုတာတွေ ရှိခဲ့ပေမဲ့ အပြန်အလှန် ဆွေးနွေးတာတော့ မရှိခဲ့ဘူးလို့ တက်ရောက်သူတွေက ပြောပါတယ်။

၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

မိလယီထော – ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်စခန်း၌ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ သေနတ်သံ ၂၁ ချက်ဖေါက်ပြီး အခမ်းအနားဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း သဘာပတိမိန့်ခွန်းပြောကြားနေစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း သဘာပတိမိန့်ခွန်းပြောကြားနေစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း၊ အဖွဲ့ဝင်အဖြစ် ဗလဲ့ဒွန်းဖိုက်ကျောင်းထိုင်ဆရာတော်၊ MNLA အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်း၊ အခမ်းအနားမှူးအဖြစ် ဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်ထောရွတ် တို့ဆောင်ရွက်ခဲ့ပြီး ဒေသခံများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်းက မွန်ပြည်သစ်ပါတီဗဟို၏ ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ကြေညာချက်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ပေးပို့သော သဝဏ်လွှာတို့ကို၎င်း၊ အခမ်းအနားမှူး နိုင်ထောရွတ်က တော်လှန်ရေးကာလတလျှောက် ကျဆုံးပါတီဝင်စာရင်းနှင့် ယခုနှစ်တော်လှန်ရေးဇွဲဆုရရှိသူများစာရင်းကို ဖတ်ကြားခဲ့သည်။
“မွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင် မရောက်ရှိသေးမီ (ဝါ) နိုင်ငံရေးအရငြိမ်းချမ်းစွာမဖြေရှင်းနိုင်သေးသဖြင့် မွန်အမျိုးသားတို့၏တော်လှန်ရေးပန်းတိုင် ခရီးပြီးဆုံးသည်အထိ ချီတက်နေရဦးမည် ဖြစ်သည်။ ထို့ကြောင့် မွန်အမျိုးသားတရပ်လုံးနှင့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် ဇွဲဝီရိယ၊ သတ္တိ၊ ညီညွတ်မှုခိုင်မာစွာဖြင့် ပကတိအခြေအနေကိုသုံးသပ်ပြီး မဟာမိတ်အင်အားစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံတကာနှင့်အတူပူးပေါင်းပါဝင်သွားကြရန် တော်လှန်ရေးနေ့တွင်တိုက်တွန်းလိုပါကြောင်း” စသည်ဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထို့အပြင် “မွန်ပြည်သစ်ပါတီအနေဖြင့် ထပ်မံတောင်းဆိုလိုသည်မှာ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (Mon Affairs Union) ၏ဦးဆောင်မှုဖြင့် မွန်အမျိုးသားတရပ်လုံးညီညွတ်မှုကိုတည်ဆောက်စေလိုကြောင်း၊ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) အား ၂၀၀၈ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ရာတွင် ပြည်တွင်းမှမွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်အသင်းအဖွဲ့များ၊ တော်လှန်ရေးနယ်မြေတွင် မွန်ပြည်သစ်ပါတီနှင့် လက်အောက်ခံအသင်းအဖွဲ့များ၊ ထိုင်းနိုင်ငံရှိ မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ (Mon Unity League) နှင့် အသင်းအဖွဲ့များ၊ အမေရိကန်၊ ကနေဒါ၊ သြစတေလျနှင့် ဥရောပနိုင်ငံရောက် မွန်တိုင်းရင်းသားများ ပါဝင်လျှက်ရှိသည်” ဟု ဖေါ်ပြပါရှိသည်။
မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ အခမ်းအနားဖွင့်လှစ်ရန် သေနတ်သံ ၂၁ ချက်ဖေါက်နေစဉ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ အခမ်းအနားဖွင့်လှစ်ရန် သေနတ်သံ ၂၁ ချက်ဖေါက်နေစဉ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

မွန်အမျိုးသားရေးရာ (MAU) အနေဖြင့်လည်း အထက်ပါအင်အား ၄ ရပ်မှအမြင်များကိုပေါင်းစုပြီး “ကျွန်ုပ်တို့မွန်အမျိုးသားရေးပန်းတိုင်ဆိုသည်မှာ လွယ်လင့်တကူ ရယူနိုင်သောအရာမဟုတ်ပါ။ သွေးထွက်သံယိုမှုများ၊ မိသားစုခွဲခွါကွေကွင်းမှုများ အခက်အခဲမျိုးစုံကို ဖြတ်သန်းခဲ့ကြရပြီး အောင်မြင်မှုအသီးအပွင့် အတော်အတင့်ရရှိခဲ့သော်လည်း အထွဋ်အထိပ်ပန်းတိုင်သို့ ရောက်ရှိရန်ကိုမူ မွန်တမျိုးသားလုံး၏ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ အပြစ်ခွင့်လွှတ်ခြင်းများကို ဖြည့်ဆည်းတည်ဆောက်ရပြီး မွန်အမျိုးသားတိုင်း အမျိုးသားရေးပန်းတိုင်သို့ မိမိတို့နှင့် ထိုက်သင့်သည့် နေရာအတွင်းမှပါဝင်၍ အမျိုးသားရေးတာဝန်ကို ပါဝင်ထမ်းရွက်တာဝန်ယူကြပါစို့” ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့ (၁၉၊၈၊ ၁၉၄၈) ၌ မွန်လူငယ်တစ်စု ဘားအံမြို့နယ်၊ ဇာသပြင်ရွာရဲစခန်းကို လက်နက်ဝင်ရောက်လုယူသဖြင့် တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့်နေ့အား မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

ကန်ဒေါ်လာ ကျပ်ခုနှစ်ရာ အောက်အထိ ကျမည်ဟုဆို၊ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများလည်း ဆက်တိုက်ကျ

ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေး ဈေးကွက်တွင် အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ရာ အောက်အထိ ကျဆင်းသွားမည့် အခြေအနေများ တွေ့မြင်နေရပြီး လက်ရှိတွင် ငွေမာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသော အမေရိကန် ဒေါ်လာကို ဝယ်ယူ စုဆောင်းသည့် အလေ့အထ ပျောက်ကွယ်လုနီးပါး ဖြစ်လာကြောင်း နိုင်ငံခြားငွေလဲဒိုင် အခိျု့က သုံးသပ် ပြောကြားသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှုနှင့်အတူ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများလည်း ဆက်တိုက်ဆိုသလို လိုက်ပါ ကျဆင်းလာသည်ကို တွေ့ရသည်။

ဩဂုတ်လ ၂ ရက်နေ့တွင် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ် ပါတီတို့အကြား လအတော်ကြာအောင် အငြင်းပွားနေခဲ့သော အမေရိကန် ဘဏ0x081ဍာရေး အကျပ်အတည်းကို အမေရိကန်သမ0x081မတ အိုဘားမားက အမေရိကန် ကြွေးမြီပမာဏ တိုးမြှင့်ရေး ဥပဒေနှင့် အစိုးရအသုံးစရိတ် လျှော့ချရေး သဘောတူညီချက်များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ကမ0x081ဘာ့စီးပွားရေး နယ်ပယ်တွင် အမေရိကန် ပြည်ထောင်စုနှင့် အမေရိကန် ဒေါ်လာအပေါ် ယုံကြည်မှုများ ထိုးကျသွားခဲ့ကြောင်း၊ ငွေချေးယူနိုင်သော စိတ်ချရသည့် အဆင့်အတန်း သတ်မှတ်ပေးသည့် S & P (Standard & Poor's Corp) အေဂျင်စီက အမေရိကန် ပြည်ထောင်စုက ထုတ်ဝေသော အေသုံးလုံး ငွေကြေးစာချုပ်များကို အေနှစ်လုံး အဆင့်သို့ လျှော့ချခဲ့မှုကြောင့် အမေရိကန် ဒေါ်လာအပေါ် ယုံကြည်မှု ပိုမိုကျဆင်းခဲ့ကြောင်း၊ ထို့ပြင်အခြား ဥရောပနိုင်ငံများတွင်လည်း ဥရောပ ဗဟိုဘဏ်က အီတလီနှင့် စပိန်တို့တွင် ထပ်မံကြုံတွေ့ လာရသည့် ဘဏ0x081ဍာရေး အကျပ်အတည်းများကို ကူညီဖြေရှင်း ပေးနေရကြောင်း၊ တစ်ကမ0x081ဘာလုံးသို့ ရိုက်ခတ်နေသော အမေရိကန်နှင့် ဥရောပ ဘဏ0x081ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ကမ0x081ဘာ့စီးပွားရေး ဈေးကွက်တွင် စတော့ရှယ်ယာ တန်ဖိုးများ ထိုးကျလျက်ရှိကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။

"မြန်မာ့စီးပွားရေးက ကမ0x081ဘာနဲ့တော့ တိုက်ရိုက်ပတ်သက် ချိတ်ဆက် ထားတာမျိုးတော့ မရှိဘူး။ သို့သော်လည်း နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုးကျ၊ ရွှေတန်ဖိုး တက်နေတော့ မြန်မာ့ဈေးကွက်မှာလည်း ဒေါ်လာ တန်ဖိုးကျပြီး ရွှေဈေးတက်တာမျိုး ရှိတယ်။ ဒါပေမဲ့ မြန်မာကျပ်ငွေ တန်ဖိုးတက်တာက သူများနိုင်ငံတွေလို မဟုတ်ဘူး။ ထိန်းမနိုင်၊ သိမ်းမနိုင် တက်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ငွေတန်ဖိုးတက်လို့ ဝမ်းသာစရာ မဟုတ်ဘူး။ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပို့ကုန်ကဏ0x081ဍတွေမှာ အကြီးအကျယ် ထိတယ်။ လူတန်းစား အားလုံး ထိတယ်" ဟု ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားငွေလဲဒိုင် တစ်ဦးက ပြောကြားသည်။

ကျပ်ငွေတန်ဖိုး အလွန်တက်ခြင်းသည် နိုင်ငံ့စီးပွားရေး အထူးသဖြင့် အများပြည်သူ လုပ်ကိုင်နေသော ပုဂ0x081ဂလိက ပို့ကုန်ကဏ0x081ဍကို အထိနာစေကြောင်း၊ ပို့ကုန်ကဏ0x081ဍ နာလန်မထူလျှင် နောက်ဆက်တွဲ အရှုံးပေါ်ခြင်း၊ ဈေးကွက် ပျောက်ခြင်း၊ အလုပ်လက်မဲ့ ပိုမိုများပြားလာစေခြင်းများ ဖြစ်ပေါ်စေမည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်သည်။

မြန်မာငွေတန်ဖိုး မြင့်တက်ခြင်းသည် ကျပ်ငွေဘီလီယံချီတန် နိုင်ငံပိုင် လေလံများ ရောင်းချမှု၊ ကျပ်ငွေရှားပါးမှု၊ လူအများစုက ဘဏ်တိုးအပေါ် မှီခိုပြီး ငွေအပ်နှံ အတိုးယူ စားသုံးမှု အပါအဝင် ပြည်တွင်းတွင် မူမမှန်သော စီးပွားရေး အလေ့အကျင့်များနှင့်ပါ တိုက်ရိုက် ပတ်သက်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

" မြန်မာကျပ်ငွေ တန်ဖိုးတက်တာက အတော်ကို မြန်ဆန်တယ်။ ရာခိုင်နှုန်း များတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် အမေရိကန် တစ်ဒေါ်လာ ထိုင်းဘတ် ၃၀၊ ၂၉ ကြားမှာ ငြိမ်နေတယ်။ ဒီမှာက တစ်ရိပ်ရိပ်ကို ထိုးတက်တာ။ ငွေတန်ဖိုး အတက်အကျ မြန်လွန်းတာက စီးပွားရေး ခိုင်မာမှု မရှိတာကို ပြနေတယ်။ ငွေတန်ဖိုး မတည်ငြိမ်မှုက စီးပွားရေး အားနည်းတာကို ပြတယ် " ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

အမေရိကန် ဒေါ်လာသည် ဩဂုတ်လ ၂ ရက်နေ့က တစ်ဒေါ်လာလျှင် ၇၆၇ ကျပ်ဈေး ရှိခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ၇၅၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလာခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၇၄ဝ ကျပ်အထိ ဈေး အနိမ့်ဆုံး ထိုးကျခဲ့ဖူးသည်။

" နိုင်ငံတကာ စီးပွားရေးကို သုံးသပ်လိုက်ရင် ကမ0x081ဘာ့ရွှေဈေး တက်ဦးမယ်၊ ဒေါ်လာတန်ဖိုး ထိုးကျဦးမယ်။ မြန်မာ့ဈေးကွက်မှာတော့ ကျပ်ငွေတန်ဖိုး ထပ်ပြီးတော့ကို တက်နိုင်ခြေ များတယ်။ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခုနစ်ရာ ဝန်းကျင်နဲ့ ခုနစ်ရာအောက်ထိ ရောက်ဖို့ များတယ် " ဟု ကျောက်တံတား မြို့နယ်တွင် နှစ်ပေါင်းများစွာ နိုင်ငံခြား ငွေလဲဒိုင်အဖြစ် လုပ်ကိုင်နေသူ စီးပွားရေးသမား တစ်ဦးက သုံးသပ်သည်။

ရန်ကုန်စီးပွားရေး လုပ်ငန်းရှင် အခိျု့နှင့် ပညာရှင်အခိျု့ကလည်း အမေရိကန် တစ်ဒေါ်လာ ကျပ်ငွေခုနစ်ရာ အောက်အထိ ကျဆင်းနိုင်သည် ဆိုသော ယူဆချက်ကို သဘောတူညီကြသည်။

"လောလောဆယ် သတင်းတစ်ခု ထွက်လာတယ်။ အစိုးရဘက်က တစ်ဒေါ်လာကို ၆၀၀ သတ်မှတ်နိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလ သတင်းတွေထွက်တယ်။ ဟုတ်တာ၊ မဟုတ်တာထက် ဒီသတင်းတွေက ဘာကို ပြလဲဆိုရင် ဒေါ်လာတန်ဖိုး ထပ်ကျပြီး ကျပ်ငွေတန်ဖိုး တက်မယ့် အရိပ်အယောင်တွေကို မြင်သာထင်သာ ရှိစေတယ်" ဟု မြန်မာအစိုးရနှင့် ဂျပန် စီးပွားရေးကုမ0x081ပဏီတို့ ဖက်စပ်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်နေသော ငွေကြေးဆိုင်ရာ ကုမ0x081ပဏီကြီး တစ်ခုတွင် တာဝန် ထမ်းဆောင်နေသည့် စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူ ပညာရှင် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော FEC ငွေကြေးသည် တစ်ယူနစ်လျှင် ၇၂၀ ကျပ်ကျော် ဝန်းကျင်တွင် ရှိနေပြီး ပို့ကုန်ရငွေ တန်ဖိုးသည် အမေရိကန် တစ်ဒေါ်လာလျှင် ၇၈၀ ကျပ် ဝန်းကျင်တွင် ရှိကြောင်း ဩဂုတ်လ ၉ ရက်နေ့ ဈေးကွက်အတွင်းမှ ရရှိသော သတင်း အချက်အလက်များအရ သိရှိရသည်။

မြန်မာပို့စ်ဂျာနယ် Vol.3, No.31


ကြည့်မြင်တိုင် တစ်ဖက်ကမ်း နေအိမ် ၂၀၀ ကျော် ပြောင်းရွှေ့ရန် ထုတ်ပြန်


ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ငါးစင်၊ ဦးမြဆိပ်ကြီး ရပ်ကွက်ရှိ လှိုင်မြစ်ကမ်းနားတွင် နေထိုင်သော နေအိမ် ၂၀၀ ကျော်ကို ဩဂုတ်လ အကုန်တွင် ပြောင်းရွှေ့ရန် ဇူလိုင်လ ၂၂ ရက်နေ့က သက်ဆိုင်ရာက အမိန့်ထုတ်ပြန် ထားကြောင်း အဆိုပါ ပြောင်းရွှေ့ရမည့်သူများက တညီတညွတ်တည်း ပြောကြားသည်။အဆိုပါ နေအိမ်များမှာ လှိုင်မြစ် ကမ်းနံဘေးတွင် ခြေတံရှည်အိမ်များ တည်ဆောက် နေထိုင်ပြီး ယင်းအိမ်များမှာ သဘာဝဘေး အန0x081တရာယ်နှင့် ကမ်းပြိုမှု မဖြစ်ပေါ်စေရန်အတွက် ပြောင်းရွှေ့ပေးခြင်း ဖြစ်ကြောင်း အဆိုပါ ငါးစင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကဆိုသည်။"ရေတက်လာရင် ထွက်ပြေးရတယ်။ တစ်ညလုံး မအိပ်ရဘူး" ဟု အဆိုပါ နေအိမ်များတွင် နေထိုင်သူ အသက် ၄၉ နှစ်အရွယ်ရှိ ဒေါ်ထွေးမိုးက ပြောသည်။ပြောင်းရွှေ့နေအိမ်များကို ဦးမြရပ်ကွက်ရှိ လယ်သမားနှစ်ဦး လှူဒါန်းထားသော လယ်ခြောက်ဧကပေါ်ရှိ အလျား ပေ ၂၀၊ အနံပေ ၄၀ ရှိ မြေကွက် ၂၃၇ ကွက်တွင် ပြန်လည် နေရာချထားပေးမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ရွှေ့ပြောင်းနေထိုင် ဆောက်လုပ်သူ တစ်ဦးသာ ရှိသေးကြောင်း အဆိုပါ မြေဧက သုံးဧက လှူဒါန်းခဲ့သူ ဦးအောင်စိုးက The Voice Weekly သို့ ပြောကြားသည်။" နေရာပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပြောင်းဖို့ ပိုက်ဆံမရှိဘူး" ဟု အသက် ၂၂ နှစ်အရွယ် မတင်တင်နွဲ့က ဆိုသည်။အဆိုပါ ပြောင်းရွှေ့ရသော နေအိမ်များမှာ ဆင်းရဲနွမ်းပါးပြီး ကျပန်း လုပ်ကိုင်သူ များပြားကြောင်းနှင့် လတ်တလောတွင် ပြောင်းရွှေ့ရန် အခက်အခဲ များစွာ ရှိနိုင်ကြောင်း ပြောင်းရွှေ့ရမည့်သူများက ဆိုကြသည်။လတ်တလောတွင် ဗုဒ0x081ဓဘာသာဝင်တို့၏ ဝါတွင်းကာလ ဖြစ်သောကြောင့် ဝါတွင်းကာလတွင် နေအိမ်ပြောင်းရွှေ့ခြင်းကို မလုပ်ဆောင်လိုကြောင်း၊ အကယ်၍ အတင်း ဖျက်ခိုင်းပါက ဖျက်ပေးရမည် ဖြစ် ပြီး ယခုနေအိမ်မှ ပစ0x081စည်းများဖြင့်သာ တစ်ဖက်ရပ်တဲ ထိုး၍နေရန် အစီအစဉ် ရှိကြောင်း ငါးစင်ရပ်ကွက် သီရိမဂင်0x081လာလမ်းတွင် နေထိုင်သည့် အသက် ၇၅ နှစ်အရွယ် ဦးရောင်းက ပြောပြသည်။"ဝါတွင်းကာလမှာ ငှက်တောင် အသိုက်ပြောင်းကြတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဘယ်ပြောင်းချင်ပါ့မလဲ" ဟု ဦးမြရပ်ကွက်တွင် နေထိုင်သူ အသက် ၅၄ နှစ် အရွယ် ဦးသန်းဦးက ပြောဆိုသည်။မြေကွက် ၂၃၇ ကွက်ကို ရပ်မိရပ်ဖများက နေရာများကို မဲနှိုက်ရွေးချယ်၍ မြေကွက်များ ပေးအပ်မည်ဖြစ်ပြီး ယခင်က အဆိုပါ ကမ်းနားရှိ နေအိမ်များ မှာ မြေငှားဂရန်စာချုပ် မရှိသော်လည်း ယခု မဲနှိုက်ပေးသော မြေကွက်များမှာ ဂရန်ရရှိမည့် မြေကွက်များ ဖြစ်ကြောင်း မြေကွက်လှူဒါန်းသူ ဦးအောင်စိုးက ပြောကြားသည်။အဆိုပါ မြေကွက်များကို ရောင်းချခြင်းမပြုရန်နှင့် နေအိမ် ဆောက်လုပ်နေထိုင်ခြင်း မရှိပါက ပြန်လည် သိမ်းဆည်းသွားမည်ဟုလည်း အသိပေးထားကြောင်း ပြောင်းရွှေ့ရမည့်သူများထံမှ သိရသည်။အဆိုပါ ဦးမြ၊ ငါးစင်နှင့် ဆိပ်ကြီးရပ်ကွက်တို့တွင် အိမ်ထောင်စု ၂၀၀ ကျော် နှင့် လူဦးရေ ၆၀၀ ကျော် ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါ ရပ်ကွက် (၃) ရပ်ကွက်တွင် အိမ်ခြေပေါင်း ၂၇၀၀ ကျော်ဖြစ်ပြီး လူဦးရေ ၁၁,၃၇၂ ဦး နေထိုင်ကြောင်း အဆိုပါ ရပ်ကွက်များထံမှ သိရသည်။

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၆၇

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့  မိန့်ခွန်း ဗွီဒီယို

ဒေါ်အောင်ဆန်းစုကြည်

စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်တို့ကို ရာထူးချထား

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ နှစ်ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများနှင့် စုံစမ်းဆေးလျက်ရှိပြီး လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်များကို ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

Khin_Zaw_Oo_and_Wai_Lwin
ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ဗိုလ်ချုပ် ဝေလွင်
ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး၏ ရာထူးတာဝန်များကို ဆိုင်းငံ့ထားလိုက်ပြီး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌအသစ်အဖြစ် လေကြောင်းရန် ကာကွယ်ရေးမှ ဗိုလ်ချုပ် စိန်ဝင်းကို ခန့်အပ်လိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

“လေကြောင်းရန်ကာကွယ်ရေးက ဗိုလ်ချုပ် စိန်ဝင်းက ရိုးဂုဏ်ကြောင့် နာမည်ကြီးတယ်။ သူက လာဘ်ပေးလာဘ်ယူ အတော်ကင်းတဲ့ပုဂ္ဂိုလ်လို့ တပ်မှာ လူသိများတယ်” ဟု စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်သည်လည်း စုံစမ်းစစ်ဆေးခံနေရချိန် ရာထူးအချခံထားရပြီး လက်ရှိအနေအထားအရ ဗိုလ်ချုပ် ဝေလွင်နှင့် ဗိုလ်ချုပ် ခင်ဇော်ဦးတို့သည် မကြာမီ အနားပေးခံရရန် သေချာနေကြောင်း စစ်ဘက် သတင်းရပ်ကွက်က ဆိုသည်။

“ခေတ္တ ရာထူးချခံထားရတယ်ဆိုတာက ပြုတ်ဖို့ ၈၀ ရာခိုင်နှုန်းသေချာပြီလို့ ပြောလို့ရတယ်။ စစ်တပ်ထဲမှာတော့ အကွဲအပြဲတွေရှိလာပြီ။ အဓိက က လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီး ဗိုလ်ချုပ် တယောက်ပြီးတယောက် အဖြုတ်ခံနေရတယ်။ အရင်လူတွေ လာဘ်စားတာက တော်တော် ကြီးကြီးကျယ်ကျယ် လုပ်ကြတာ။ အခု အဖြုတ်ခံနေရတဲ့သူတွေက သာမန် လာဘ်စားမှုလောက်လို့ ပြောလို့ရတယ်။ မြေကွက်ရောင်း၊ ကားသွင်း ဒီလောက်ပါပဲ။ ဒါကို လာဘ်စားတယ်ဆိုပြီး ဗိုလ်ချုပ်တွေကို အနားပေးနေတာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ ရည်ရွယ်ချက် တခုခုရှိပုံရတယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူတဦးက သုံးသပ်သည်။

ယခုနှစ် ဇူလိုင်လအတွင်းက ခေါ်ယူ စစ်ဆေးခံရသည့် ဗိုလ်ချုပ် ၅ ဦးအနက် တပ်မတော်စစ်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဖြိုးသည် ယခုလ အစောပိုင်းတွင် အနားပေးခံရပြီး ယခု ဗိုလ်ချုပ် ခင်ဇော်ဦး ရာထူးဆိုင်းငံ့ခံခဲ့ရသည်။ ခေါ်ယူစစ်ဆေးခံရသည့် ကျန် ဗိုလ်ချုပ် ၃ ဦးမှာ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ဖြစ်သည်။

ဗိုလ်ချုပ် ခင်ဇော်ဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် ဝေလွင်သည် နေပြည်တော်တိုင်း စစ်ဌာချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၎င်းတို့ တိုင်းမှူးဘ၀က ကျူးလွန်ခဲ့သော လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် စုံစမ်းစစ်ဆေးခံရသည်ဟု သိရှိရသည်။

စစ်တပ်အသိုင်းအ၀ိုင်းက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သူ၏အာဏာ တည်ဆောက်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုကို အကြောင်းပြကာ ဗိုလ်ချုပ်များကို ဖြုတ်ပယ်နေသည်ဟု လေ့လာသူများက ပြောဆိုကြသည်။

“တပ်မှာ ရာထူးကြီးကြီးဖြစ်ဖို့ တဘ၀လုံး ရင်းရတာလေ။ တသက်လုံး တပ်ထဲမှာပဲနေပြီး ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ပြီးမှ ဗိုလ်ချုပ်ရာထူးရကြတာ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ သူ့ရဲ့အာဏာ တည်ဆောက်ရေး ရည်ရွယ်ချက်က တပ်ကွဲသွားစေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်ပုံစံမျိုးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက်လာလိမ့်မယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်မှူးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်ချုပ် ကျော်ဖြိုးတို့ကို ရာထူးတာဝန်များ ဆက်တိုက် အနားပေးခံခဲ့ရသည်။

KIA & Burmese Government- Peace Talk

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့  နိုင်ငံရေးခရီးစဉ် (ဗွီဒီယို)

တနင်္ဂနွေနေ့ ရန်ကုန်-ပဲခူး ခရီးစဉ်အတွင်း အဘက်ဘက်မှ ကူညီသော ဒေသဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကြေညာချက်ထုတ်ပြီး ပြောကြားလိုက်သည်။




အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်