တနင်္ဂနွေနေ့ ရန်ကုန်-ပဲခူး ခရီးစဉ်အတွင်း အဘက်ဘက်မှ ကူညီသော ဒေသဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကြေညာချက်ထုတ်ပြီး ပြောကြားလိုက်သည်။




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ်

မ ​နေ့​က ပဲခူး​ခရီး​စဉ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က​နေ ပြန်လွတ်လာတဲ့​နောက်ပိုင်း​ အ​ရေး​ကြီး​တဲ့​ နိုင်ငံ​ရေး​စမ်း​သပ်မှုအဖြစ် ​စောင့်​ကြည့်​ခဲ့​ကြပါတယ်။
၂၀၀၃ ခုနှစ်၊​ အထက်မြန်မာပြည်ခရီး​စဉ် ​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပ နိုင်ငံ​ရေး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။ ဒီခရီး​စဉ်မှာ ပဲခူး​နယ်ခံလူထု ​ထောင်​သောင်း​ချီပြီး​ကြိုဆိုခဲ့​ကြသလို အာဏာပိုင်​တွေဘက်က လိုက်​လျောမှု​တွေ ပထမဆုံး​ ထူး​ထူး​ခြား​ခြား​တွေ့​ခဲ့​ရတဲ့​အတွက် ထူး​ခြား​တယ်လို့​ ဆိုကြပါတယ်။ ဒီခရီး​က​နေ မြန်မာပြည် နိုင်ငံ​ရေး​ ​ရှေ့​အလား​အလာအတွက် ဘယ်လိုအဓိပ္ပာယ်​ဆောင်ပါသလဲ။
ပဲခူး​မြို့​က ၁၉၉၀ ​ရွေး​ကောက်ခံလွှတ်​တော်အမတ် ဦး​မြတ်လှကို ​မေး​မြန်း​ထား​ပါတယ်။
“ကျ​ နော်သိရသမျှ​တော့​ လူထုတက်​ရောက်မှုများ​တယ်၊​ လူစည်တယ်။ လူငယ်​တွေ ​ခေါင်း​ဆောင်ပါဝင်တယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ ဝိုင်း​ဝန်း​ကူညီကြတယ်။ ဒီအချက် ၃ ချက်က​တော့​ ထူး​ခြား​တယ်။”´
အဲ့ ​တော့​ အခုလိုမျိုး​ လူငယ်​တွေလည်း​ပါဝင်လာတယ်၊​ အာဏာပိုင်​တွေဘက်ကလည်း​ ကူညီလာ​တော့​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ ​ရှေ့​အလား​အလာနဲ့​ပတ်သက်ပြီး​တော့​ ဘယ်လိုမျိုး​ တက်လှမ်း​နိုင်မယ်လို့​ တွက်လဲဗျ။
“ကျ​နော်တို့​ လည်း​ သူတို့​ကို​တွေ့​စက ယုန်ထင်​ကြောင်ထင်​ပေါ့​ဗျာ။ ​နောက်​တော့​ သူတို့​က အခုတ​ခေါက်ခရီး​စဉ်မှာ တက်တက်ကြွကြွနဲ့​ လုံခြုံ​ရေး​ကို ပါဝင်ကူညီ​ပေး​တယ်။ မဏ္ဍိုင်ဘုန်း​ကြီး​ကျောင်း​မှာ ဘုန်း​ကြီး​သွား​ဖူး​တဲ့​အခါမှာလည်း​ ရဲမင်း​ကြီး​ကိုယ်တိုင် လက်ဖက်ရည်ပွဲနဲ့​ ဧည့်​ခံတယ်။ ရဲတပ်သား​တွေ၊​ ယာဉ်ထိန်း​ရဲ​တွေဆိုရင်လည်း​ လှိုက်လှိုက်လှဲလှဲ အကူအညီ​ပေး​ကြပါတယ်။ ဒါ​တွေကိုကြည့်​ပြီး​တော့​ စစ်အစိုး​ရနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ အဆင်​ပြေလာကြပြီလို့​ ကျ​နော်တို့​က ​ကောက်ချက်ချမိတယ်။ အခုခရီး​စဉ်မှာ ​တွေ့​မြင်ရတာနဲ့​ ပတ်သက်ပြီး​တော့​ မြင်တာ​ပေါ့​။ ဘယ်​လောက်အထိ မှန်မယ် မမှန်ဘူး​ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ဒီ​နေ့​ပွဲ​လေး​က​တော့​ ထူး​ထူး​ကဲကဲ အာဏာပိုင်​တွေဘက်က လိုက်​လျောတာ​တွေ ကျ​နော်တို့​တွေ့​ရတယ်။”
လူထုအများ ​အပြား​ထွက်ပြီး​ ကြိုဆိုကြတဲ့​အ​ပေါ်မှာ အာဏာပိုင်​တွေက လုံခြုံ​ရေး​အရ ကြိုတင် ​ကြေညာထား​တာ​ကြောင့်​လား​၊​ ​ဒေါ်စုကို ​တွေ့​ချင်စိတ်​ကြောင့်​လား​၊​ ဘယ်လို အ​ကြောင်း​ရပ်​တွေ​ကြောင့်​လို့​ ထင်လဲခင်ဗျ။
“​ဒေါ်စုကို ချစ်မြတ်နိုး​ကြတဲ့​သူ​တွေက ဒီမှာ တ​နေ့​တခြား​ များ​လာတယ်ဗျ။ ​တော​ရော မြို့​ကလူ​တွေပါ ​ဒေါ်စုကိုယ်တိုင်လာမယ်ဆို​တော့​ အပြင်မှာ​တွေ့​ချင်ကြတယ်ဗျ။ အဓိက သူတို့​မျက်မြင်ကိုယ်တိုင် ​ဒေါ်စုကို ​တွေ့​ချင်ကြတာ အဓိကလို့​ထင်ပါတယ်။ ​နောက်တချက်က အာဏာပိုင်​တွေက ကြိုတင်​ပြောဆို ထား​တာ​တွေ​ကြောင့်​လို့​လည်း​ ထင်ပါတယ်။”
အာဏာပိုင်​တွေဆိုတာက အရင်ကတည်း​က ဆက်ဆံခဲ့​တဲ့​ သူ​တွေလား​။ ဒါမှမဟုတ် လူသစ်​တွေလား​ဗျ။
“အထူး​သဖြင့်​ ရဲ​တွေ​ပေါ့​။ လူက​တော့​ပြောင်း​သွား​တာ​ပေါ့​ဗျာ။ အင်အား​အ​နေနဲ့​က​တော့​ ရဲက​တော့​ ရဲပဲ​ပေါ့​။”
သူတို့​ဆက်ဆံ​ရေး​ပုံစံက ​ပြောင်း​သွား​လား​။
“​ပြောင်း​သွား​တယ် အများ​ကြီး​ကို​ပြောင်း​လဲသွား​တယ်”
ဦး​မြတ်လှအိမ်​ရှေ့​မှာ အန်တီစုမိန့်​ခွန်း​ပြော​တော့​ လူပရိသတ်အင်အား​ ဘယ်​လောက်ရှိလဲခင်ဗျ။

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ် ၆ နာရီ ကြာပစ်ခတ် ဒဏ်ရာရများပြား

သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့အချိန် ကြာမြင့်စွာ တိုက်ပွဲဆက်လက်ဖြစ်ပွါးရာနှစ်ဘက် စလုံး ဒဏ်ရာရသူများပြားကြောင်းစုံစမ်းသိရှိရပါ သည်။
“ ၁၃ ရက်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ မွန်းလွဲ ၂ နာရီ ကနေ ည ၈ နာရီအထိ တိုက်ခိုက်ကြတယ်၊ နှစ်ဘက်လုံး အထိနာတယ်” - ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

SSPP-SSA-group
သျှမ်းပြည်တပ်မတော်သားများ Photo: S.H.A.N.
ဩဂတ်စ် ၁၃ ရက် မွန်းလွဲ ၁၄:၀၀ နာရီ မှ ည ၂၀: ၀၀ နာရီအထိ သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့အရှေ့ မြောက်ဘက် ဝမ့်ဖွီးရွာ မြောက်ဘက် တောတွင်းတနေရာ၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရ စစ်တပ်တို့အကြား ၆ နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆို၏။

မြန်မာအစိုးရတပ်ဘက် ၅ ယောက်သေဆုံးပြီး ၁၀ ယောက် ထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့ မြန်မာစစ်တပ် အသိုင်းအဝိုင်းက ဆို၏။

ထို့အတူ ဗိုလ်မှူးစိုင်းလ က-“ကျနော်တို့ ကြားရတာက မြန်မာတပ် ဘက် ၁ ယောက်သေတယ်၊ ၈ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့လဲ ၆ ယောက်ဒဏ်ရာရတယ်။ အသေအကျတော့ မရှိဘူး” ဟု ပြောသည်။

မြန်မာအစိုးရတပ် ခမယ ၅၀၃ မှ အင်အား ၁၀၀ ခန့်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ ၏ တပ်ရင်း ၅၇၆ တို့ကြား ဖြစ်ပွါးသောတိုက်ပွဲဖြစ်ပါသည်။

Weekly Eleven News Journal Vol(6) No(46)


The Voice Weekly No.7/ Vol.35

ဆရာနန္ဒာသိန်းဇံရဲ့ ဗုဒ္ဓပညာ (ရွှေညဝါ)အသံဖိုင်နှင့် ဓာတ်ပုံများ...


ရွှေညဝါဆရာတော်ကြီးနှင့် ဆရာနန္ဒာသိန်းဇံတို့ရဲ့ နွေရာသီ ရွှေညဝါ ဆရာဖြစ်သင်တန်းမှာ အမှတ်တရ...
၂၀၀၅ခုနှစ်က ကြည့်မြင်တိုင် နတ်စင်လမ်းရှိ သာဓုပရိယတ္တိ စာသင်တိုက်ကြီး၌ (၄)ကြိမ်မြောက် ဓမ္မာစရိယနှင့် အဘိဓမ္မာရွှေညဝါ ဆရာဖြစ်သင်တန်းမှာ ဟောပြောပွဲခဲ့တဲ့ ဆရာနန္ဒာသိန်းဇံရဲ့ ဗုဒ္ဓပညာ (ရွှေညဝါ)ခေါင်းစဉ်နဲ့ ဟောပြောခဲ့စဉ်က ဆရာ့ပုံရိပ်တွေပါ...

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်

ပန်းချီနေမျိုးဆေးရဲ့ ဂုဏ်ပြုလက်ရာ ဆရာနန္ဒာသိန်းဇံ
မြန်မာပြည်က နာမည်ကျော် စာရေးဆရာ နန္ဒာသိန်းဇံဟာ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ နန္ဒာသိန်းဇံဟာ အတွေးအခေါ်ရေးရာနဲ့ ပတ်သက်တဲ့ စာအုပ်စာပေ အများအပြား ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာနမှာလည်း ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ သူ့ရဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်စာတမ်းတွေဟာ စာဖတ်ပရိသတ်ကို အများကြီး လွှမ်းမိုးခဲ့ပါတယ်။
နာမည်ကျော် စာရေးဆရာ တယောက်ပဲဖြစ်တဲ့ စာရေးဆရာ ဖေမြင့်က အတွေးအခေါ် စာရေးဆရာ နည်းပါးလှတဲ့ မြန်မာစာပေလောကမှာ ဆရာ နန္ဒာသိန်းဇံ ကွယ်လွန်သွားတာဟာ အတွေးအခေါ် စာပေပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံး လစ်ဟာမှုကြီးပဲ ဖြစ်တယ်လို့ ပြောပါတယ်။
“ဆရာ နန္ဒာသိန်းဇံက စောစောပိုင်းတုန်းက တော်တော်များများ ရေးခဲ့တယ်ဗျ။ သူ့စာတွေက တော်တော်ကြီး လွှမ်းမိုးပါတယ်။ နောက်ပိုင်း ဆရာ နန္ဒာသိန်းဇံက ကျန်းမာရေး မကောင်းလို့လား မသိဘူး၊ သိပ်ပြီး မရေးဖြစ်တာ တော်တော်ကြာပါပြီ။ ကျနော်တို့ကတော့ ဆရာ့စာအုပ်တွေ မှတ်မိတယ်၊ ဆရာနဲ့အတူ ဟောပြောပွဲတွေ ဘာတွေ ဟောပြောဖူးတယ်၊ ပြောတဲ့အခါမှာ ဆရာ နန္ဒာသိန်းဇံက ဘာထူးခြားလဲဆိုတော့ အတွေးအခေါ် အကြောင်းအရာကို တော်တော်စိတ်ဝင်စားအောင် သူက ပြောနိုင်တယ်ဗျ။ အဲဒါကတော့ သူ့ရဲ့ ထူးခြားချက်ပဲ။ ဒဿန အကြောင်းအရာ တရပ်ကို သာမန်ပရိသတ်တွေ စိတ်ဝင်စားအောင် ပြောနိုင်တယ်။”
ဆရာ နန္ဒာသိန်းဇံ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း၊ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ စတဲ့စာအုပ်တွေက အောင်မြင် ထင်ရှားလှပြီး သူ့ရဲ့ ဒဿနိကဗေဒဆိုင်ရာ ဟောပြော ပို့ချချက်တွေကိုလည်း လူကြိုက်များကြပါတယ်။ လူမှုရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးတွေလည်း အများအပြား ရေးသားခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဆရာဟာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလက စပြီးတော့လည်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဌာနမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ကို  ရရှိခဲ့ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

Author Biography

နန္ဒာသိန်းဇံ (၁၉၄၇-)
     ၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။
     ၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။
     ၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။
     ၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
     ၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့်ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။
     ၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
     ၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြစ်သည်။
     ၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။
     ၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။
     ၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။
     ၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။
     ၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။
     ၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။
     ၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။
     ၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။
     ၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။
     ၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။
     ၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။
     ၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှပြန်လည်ချေပချက်များနှင့်စိန်ခေါ်မှုကိုတုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။
     ၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။
     ၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးလျက်ရှိ။ ယခုအချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားလျက်ရှိ။
 
    ''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
    ၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
    ၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
    ၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
    ၄။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
    ၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
    ၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
    ၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
    ၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
    ၉။ဖြေဆည်ရာ
    ၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
    ၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
    ၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
    ၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
    ၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
    ၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
    ၁၆။တွေးချိန်ချင့်စရာ
    ၁၇။Through Life}s Perils
    ၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပြီ

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၄၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည်က ရေဘေး ဒုက္ခသည်များကို အားပေးစကား ပြောကြားပြီးနောက် မြန်မာစံတော်ချိန် ၃ နာရီ၌ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်သွားပြီ ဖြစ်သည်။

“ဒုက္ခသည်တွေက တက်တက်ကြွကြွ ကြိုဆိုကြတာပေါ့။ ဒုက္ခသည်တွေရော၊ အဲဒီရပ်ကွက်က လူတွေကော အားလုံးပေါင်း ၂၀၀၀ လောက်က ပြွတ်သိပ်ကြပ်နေတာဘဲ။ အခုတော့ ဘုန်းကြီးကျောင်း ကနေ ရန်ကုန်ကို ပြန်နေပါပြီ။ အခုက လမ်းပေါ်မှာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖဲကြိုးဖြတ် ဖွင့်လှစ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၂၆ မိနစ်
Amay-Suu-Bago-Trip
  • အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အတွက် ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ-Citizen journalist
ရေဘေးဒုက္ခသည်များတွေ့ဆုံ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၄၉ မိနစ်
ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်းတိုက်ရှိ ရေဘေးဒုက္ခသည်များကို ဒေသစံတော်ချိန်
၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။

“အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ
ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။

ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၅၁ မိနစ်
- ၁၉၈၉ ဇန်နဝါရီ ၁၄ - ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အဖြစ် မအူပင်သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့သည်။ မအူပင် မဝတမြို့နယ်ကောင်စီမှ ပြည်သူလူထုအား “မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်း မဆက်ရ၊ လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ” ဟူ၍ ကန့်သတ်ခဲ့သည်။

- ၁၉၈၉ ဖေဖော်ဝါရီ ၁၁ - ရှမ်းပြည်နယ် ပင်လုံသို့ နိုင်ငံရေးခရီးစဉ်ထွက်ခဲ့ကာ တိုင်းရင်းသားနိုင်ငံရေး ပါတီများ
နှင့် တွေ့ဆုံခဲ့သည်။ ပင်လုံကျောက်တိုင်ရှေ့ ပြည်ထောင်စုရင်ပြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ သဘောထားနှင့် ယေဘုယျ လုပ်ငန်းစဉ်များအား ရေးသား ဖော်ပြထားသည့် “ဒီမိုကရေစီ ပြည်ထောင်စုသစ်
ကြေညာစာတမ်း” ကို ဖတ်ကြားခဲ့သည်။

- ၁၉၈၉ ဧပြီ ၅ – NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူမြို့တွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်ခဲ့သည်။

- ၁၉၈၉ ဧပြီ ၂၇ - ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြစ်ကြီးနား အဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည့်အပြင် ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းနောက် ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက် KNDC ရုံးသို့သွား၍ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အမြင်ဖလှယ်၊ တွေ့ဆုံဆွေးနွေးခဲ့သည်။

- ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

- ၁၉၉၆ မတ် ၁၃ – မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲ
ကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့သည်။

- ၁၉၉၈ ဇူလိုင် ၂၃ – ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရသည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့ အနီး ၁၃ ရက်ကြာ ပိတ်ဆို့ ခံရသည်။

- ၂ဝဝဝ သြဂုတ် ၂၄ – ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံခဲ့ရသည်။ ယင်းနောက်
ခေတ္တ ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂ ရက်နေ့ကျမှသာ နေအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

- ၂ဝဝဝ စက်တင်ဘာ ၂၁ – မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရပြီး နေအိမ်သို့ ပို့ဆောင်ခံရကာ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရသည်။

- ၂ဝဝ၃ ဧပြီ ၁ဝ - အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် ချင်းပြည်နယ် မတူပီသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အောင်မြင်ခဲ့သော်လည်း ခရီးစဉ် အဆင်ပြေချောမွေ့ရေးနှင့် လုံခြုံရေး အထူးတာဝန်ယူထားသူ ဆလိုင်း
လှမိုး အပါအဝင် မတူပီမြို့နယ် အတွင်းရေးမှူး ဆလိုင်းအောင်ထန်း၊ လူငယ်ရေးရာတာဝန်ခံ ဆလိုင်းပါထိန်းကို ခရီးစဉ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

- ၂ဝဝ၃ မေ ၃ဝ – အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရသည်။ ယာဉ်မောင်းဖြစ်သူ ကိုကျော်စိုးလင်းမှ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ ထိုမှတဆင့် နေအိမ် အကျယ်ချုပ်ကျခံရသည်။
ခရီးစဉ်အပေါ် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု- FDB မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က ဘယ်လိုမြင်လဲ။
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၃၉ မိနစ်
“ပထမတခုအနေနဲ့ကတော့ လူထုခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်အောက်ခြေပါတီ အဖွဲ့အစည်းဝင်တွေနဲ့ လူထုနဲ့ သွားတွေ့တာ ကောင်းပါတယ်။ ဒီခရီးစဉ်ကြည့်ရတာ ဒုတိယအကြိမ် တွေ့ဆုံပြီးတော့ သွားတယ်ဆိုတော့ ဘာပဲပြောပြော ညှိညှိနှိုင်းနှိုင်းလုပ်ကြတဲ့ပုံပေါ့လေ။ ဆိုတော့ ဒီခရီးထဲမှာ စာကြည့်တိုက်ဖွင့်မှာတို့၊ ကိုယ့်အဖွဲ့ဝင် လူငယ်တွေနဲ့တွေ့မှာတို့အပြင် တခြားလူထုတွေကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်တွေ့မလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ လူထုတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့တယ်ဆိုလို့ရှိရင်တော့ ဆွေးနွေးပွဲရဲ့ ပူးပေါင်းဆောင်ရွက်မှုက တခုမြင့်လာတယ်လို့ ပြောရမယ်။ ဒါပေမဲ့လို့ စာကြည့်တိုက်ဖွင့်ရုံပဲ သွားတယ်ဆိုရင်တော့ တဖက်နဲ့ တဖက် အပြန်အလှန် မထိခိုက်ရေး အောက်မှာပဲ ညှိညှိနှိုးနှိုင်းနဲ့ လုပ်နေကြသလားဆိုပြီးတော့ ယူဆရမှာပေါ့။

“တခုရှိတာကတော့ အခုလို ဆွေးနွေးညှိနှိုင်းနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးနေရတဲ့ အသေးစိတ်နဲ့ မဟာဗျူဟာတွေကို သူ ရှင်းပြချင်မှ ရှင်းပြနိုင်မှာပါ။ ဒါပေမဲ့လို့ အခုလိုမျိုး လူထုကို တွေ့တဲ့ အချိန်မျိုးမှာတော့ဖြင့် သူ့အနေနဲ့တော့ ကျနော်တို့ ပြည်သူတွေ အားလုံးလိုချင်တဲ့ ပြောင်းလဲမှုကို ရဖို့ ဘယ်လိုမျိုး စဉ်းစားချက်တွေ လုပ်ဆောင်သွားမယ်။ ဘယ်လိုမျိုး အခြေခံတွေကိုတော့ဖြင့် ဘယ်လိုမျိုး ကိုင်ဆောင်သွားမှာ ဖြစ်တယ်။ နောက် ဒီလူထုအပိုင်းကလည်း ဘယ်လောက် တိတိကျကျ ပါဝင်ရမယ်ဆိုတဲ့အပိုင်းတွေကို သေသေချာချာ ပြောဖို့ လိုတယ်ထင်တယ်”

“ဆိုလိုတာက ကျမတို့ပဲ လုပ်လို့မရဘူး။ လူတွေလည်း လုပ်ဖို့ လိုတယ်ဆိုတာ။ ဒါပေမဲ့ ဘာလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အထူးသဖြင့် ကျနော်မြင်တာက လူငယ်တွေနဲ့ တွေ့တဲ့အပိုင်းမှာ ဒီလူမှုရေးကွန်ယက်တွေ ဖွဲ့ကြပါ။ လူတွေထဲမှာ နိုင်ငံရေး ချကြပါဆိုပေမယ့်လို့ အဲဒီလို နိုင်ငံရေးချတဲ့ အလုပ်တွေက ဘယ်လို ပုံစံမျိုးနဲ့ ချမှာလဲ။ လူမှုရေးလုပ်ငန်းဖြစ်တဲ့ NGO ကို လုပ်ငန်းသက်သက်လား။ နိုင်ငံရေး ပညာပေးရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ ဘယ်လောက် ပါမှာလဲ။ အဲဒီလို လုပ်ငန်းတွေကို NLD က ဘယ်လို ကူညီပေးမှာလဲ။ အရည်အသွေးဖြည့်ပေးမှာလဲ။ အဲဒါတွေ ဆက်စပ်အောင် ဘယ်လိုလုပ်မှာလဲ။ လက်တွေ့ လုပ်ငန်းသဘောပါတဲ့ ဆွေးနွေးမှုမျိုးတွေ ပို လုပ်ပေးနိုင်ရင် လူငယ်တွေလည်း ပိုပြီး အားရှိမယ်။ အမြင်လည်း ပိုတွေ့မယ်။ လုပ်ငန်းလည်း ပိုကောင်းလာတယ်ပေါ့”
“၁၁ နှစ်တခါမှ လာတာ”
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၁၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နှုတ်ချက် (၁)

(ပဲခူးမြို့ရှိ ဦးမြတ်လှ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားခဲ့သော မိန့်ခွန်းကို ကောက်နှုတ် ဖော်ပြ ထားခြင်း ဖြစ်သည်။)

“ ကျမ ပဲခူးကို တခေါက်လာတုန်းက အဲဒီတုန်းက ကမ္ဘာ့ဘောလုံးပဲ နောက်ဆုံးနေ့ ဖြစ်တယ် အဲဒီနေ့မှာတောင်မှ ပဲခူးက မြို့သူမြို့သားတွေက ထွက်ပြီးတော့ ကြိုကြတာ၊ အဲဒီတုန်းက ဘဘ ဦးတင်ဦးက မေးတယ် ဘောလုံးပွဲ မကြည့်ဘူးလားလို့ မေးတယ် ဆိုတော့ ပြန်ဖြေတာက ဘောလုံးပွဲကတဲ့ ၄ နှစ်တခါ ကြည့်ရတယ်တဲ့ ကျမလာတာက ၁၁ နှစ်မှ တခါလာတာတဲ့”

“အဲဒီတော့ ဒီလိုထောက်ခံမှုတွေ ရှိလာတော့ ကျမတို့မှာ တာဝန်ရှိလာပါတယ်၊ လူထုက ထောက်ခံတယ် ဆိုတာ ဟာ မျှော်လင့်ချက်နဲ့ ထောက်ခံတာပါ၊ ဒါလည်း ဖြစ်သင့်ပါတယ် ပြည်သူလူထုဘက်ကလည်း ကိုယ်မျှော်လင့်နိုင် သလောက် ထောက်ခံရမှာပေါ့၊ မဟုတ်လို့ရှိရင် ဘာလို့ ထောက်ခံမလဲ မောတယ်၊ တယောက်ယောက်ကို
မျှော်လင့်ချက်နဲ့ ထောက်ခံတယ် ဆိုတော့ ကျမတို့ကလည်း ကိုယ့်တာဝန် ကိုယ်ကျေရမယ် ဆိုတာ ကျမတို့ အများကြီး နားလည်ပါတယ်"

“နိုင်ငံရေးဆိုတာဘာလဲဆိုတော့ ကိုယ့်နိုင်ငံကို တိုးတက်အောင် အေးချမ်းအောင်လို့ တည်ငြိမ်အောင်လို့ ညီညွတ်အောင်လို့ ဒါမှသာ နိုင်ငံရေးခေါ်တယ် အဲဒီတော့ နိုင်ငံရေးဟာ နိုင်ငံရေးပဲ နိုင်ငံရေးကို ရှေ့ထားပြီးတော့ ကျမတို့ လုပ်နိုင်ရမယ်၊ အမှန်ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ချင်း တယောက်ချင်းစီမှာ
ဇောက်ချ ပြီးတော့ ဘဝပေးပြီးတော့ နိုင်ငံရေးမှာ လုပ်နိုင်ရမယ်”

“ကျမတို့နိုင်ငံမှာ ပြောပြောနေတယ် ဝန်ထမ်းတွေလိုတယ်၊ ကျောင်းဆရာ ဆရာမတွေလိုတယ်၊ ဆရာဝန်တွေ
လိုတယ် အမျိုးမျိုးပေါ့၊ အဲဒီတော့ လိုအပ်ချက်တွေက အများကြီးရှိတဲ့အခါကျတော့ လူတိုင်းလူတိုင်းက အချိန်ပြည့်
နိုင်ငံရေး လုပ်ရမယ်လို့ မဆိုလိုဘူး”

“နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကိုယ်စားပြုတဲ့ ပြည်သူလူထု
မျှော်လင့်ချက်တွေကို အကောင်အထည် ဖေါ်ဖို့ လိုပါတယ် အဲဒီတော့ နိုင်ငံရေး လုပ်တယ် ဆိုတာဟာ အလုပ်နဲ့ တာဝန်နဲ့လည်း တွဲရမယ်၊ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူတွေ တာဝန်သိမှ ကိုယ်လိုချင်တဲ့ ကိစ္စတခုကို ပုံစံဖေါ်နိုင်မှာ၊ ကိုယ်က တာဝန်မယူဘဲနဲ့ ငါတို့လုပ်ချင်တဲ့ ပုံစံမဖြစ်ဘူး အဲဒီလို ပြောလို့ မရဘူး၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရအောင်လို့ ကျမတိုက်တွန်းချင်တယ်”
စိတ်ဓာတ် ကြံ့ခိုင်ဖို့လို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်
(မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)

ဒေါ်အောင်ဆန်းစုကြည်၏ ၁၅ မိနစ်ကြာ မိန့်ခွန်းတွင် သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပေါ် မကြာမီ လူထုကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်ရန်
ပြောဆိုသွားသည်ဟု ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

“သူက လူတွေ ညီညီညွတ်ညွတ်ရှိဖို့ ပြောတယ်။ နောက်တခုက ဦးအောင်ကြည်နဲ့ သူနဲ့ တွေ့တဲ့ ကိစ္စကို သိပ်သိချင်ကြမယ်။ အခုလည်း ပြောသင့်သလောက်တော့ ပြောပြီးပါပြီ။ နောက်သေချာတဲ့ အချိန်ကြရင်
လူထုကို ထုတ်ပြီး ပြောပါ့မယ်တဲ့။ တခြားက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရမ်း အရေးသိပ်ကြီးတယ်ပေါ့။ စိတ်ဓါတ်ကြံ့ခိုင်မှ ရှေ့ဆက် အလုပ်လုပ်လို့ ရမယ်ပေါ့။ အဲဒါတွေပြောတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းမှ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ၅ သိန်း လှူဒါန်းခဲ့သည်
ဟု သိရသည်။

“အခု ရေဘေးဒုက္ခသည်တွေကို လှူဖို့ ကျနော့်ကို လွှဲပေးနေတယ်။ ထမင်းစားပြီးရင်တော့ ပဲခူးတိုင်းက ရှေ့နေ ကွန်ယက်တွေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ အခုက ထမင်းစားနေတုန်းဆိုတော့ မပြောရသေးဘူး”ဟု သူက ဆက်ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ် ဓာတ်ပုံများ


ပဲခူးနေ့ချင်းပြန်ခရီးစဉ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ကြိုဆိုနေကြသော ဒေသခံများ 

စာဖတ်ခန်းဖွင့်ပွဲ





ဒေသခံတို့ကို နှုတ်ဆက်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

Aung San Suu Kyi in first political trip beyond Rangoon


Aung San Suu Kyi in Bago, 14 August 2011 Crowds of supporters gathered at a pagoda in Bago
Burmese pro-democracy leader Aung San Suu Kyi has made her first political trip outside Rangoon since her release from house arrest last November.
She called for national unity as she visited Bago, about 80km (50 miles) north of Burma's main city.
Hundreds of people lined the streets as her convoy made its way to Bago.
The Burmese authorities had earlier warned that such a trip could trigger unrest and security agents were monitoring the convoy.
However, the BBC's South-east Asia correspondent, Rachel Harvey, says recent moves have suggested a thaw in relations could be under way.
Security concerns Ms Suu Kyi travelled in a three-car convoy that was followed by a host of vehicles carrying reporters and supporters.
Hundreds of people lined the roads in towns and villages on the way to Bago, waving banners and shouting slogans. Our correspondent says many simply wanted to catch a glimpse of a woman held for years under house arrest.
At a pagoda in Bago, crowds shouted "Long Live Daw Aung San Suu Kyi!"
Ms Suu Kyi, 66, delivered a speech to about 600 people as she opened a library in Tha Nat Pin, close to Bago.
"We can develop this country only when we all work together," she said.
"Unity is a strength, unity is needed everywhere and it is needed especially in our country."
Aung San Suu Kyi, 14 August 2011 Ms Suu Kyi also opened a library in Tha Nat Pin
She vowed to continue her work "as much as I can".
Security was a major concern for the trip.
On a similar excursion in 2003, her convoy was attacked by a group widely believed to be linked to the old military government.
The incident left several people dead and resulted in a seven-year period of house arrest for Aung San Suu Kyi.
But, our correspondent Rachel Harvey says, times have changed somewhat - a new nominally civilian government is now in place and in recent weeks it has shown a willingness to try to reach an accommodation with Ms Suu Kyi. This visit will be a test of that accommodation, our correspondent says.
There have been two rounds of talks between the pro democracy leader and a government minister, with both sides expressing a desire to cooperate for the good of the country.
Ms Suu Kyi has made one trip outside Rangoon since her release from house arrest. She visited the ancient city of Bagan last month on a private pilgrimage that contained no speeches.
Ms Suu Kyi's NLD party won an election in 1990 but was never allowed to take power by military rulers.
An election last year was won by parties linked to the military but was boycotted by the NLD amid complaints of vote-rigging and intimidation.
Ms Suu Kyi was released from seven years of house arrest after the November poll.

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တို့၏ တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက် အသံဖိုင် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် ပြည်သူလူထုမှ သောင်းသောင်းဖြဖြကြိုဆို (ဓာတ်ပုံ)

 
ပဲခူးမြို့ကျက်သရေဆောင် ရွှေမောဓော စေတီတော် မြတ်ကြီးအား ဖူးမျှော်စဉ်..
အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲမှာ မေမေစုကို ချစ်တယ် ဆိုတဲ့ ပိုစတာများနဲ့ ကြိုဆိုကြပါတယ်..
ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုပါရန်...
ဓာတ်ပုံ AP

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် သတင်းစုစည်းတင်ဆက်ခြင်း




ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် တိုက်ရိုက် တင်ဆက်မှု

ပဲခူး ရွှေမော်ဓောမှာ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၅၀ မိနစ်
ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ချိန်တွင် ကြည်ပြာရောင် ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ပါလာသော ကားအစီးပေါင်း ၃ဝ ကျော်သည် ပဲခူးမြို့သို့ ရောက်ရှိလာပြီး ရွှေမော်ဓောဘုရားကို ပထမဆုံး ဝင်ရောက် ဖူးမျှော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါလာသော လုံခြုံရေး လူငယ်အဖွဲ့က ရွှေမော်ဓော အနောက်ဘက် မုဒ်တွင် ရောက်ရှိလာပြီး ပဲခူးမြို့မှ လုံခြုံရေး အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး အပြည့်ဖြင့် ရွှေမော်ဓော အနောက်ဘက်မုဒ်မှ တပတ်ပတ်ကာ ဖူးမျှော်ခဲ့သည်။

ဘုရားအရှေ့မြောက်ထောင့်ရှိ ပဲခူးမြို့တွင် ယခင် နှစ်ပေါင်း ၇၅ နှစ်ကျော်က ငလျင်ကြောင့် ငှက်ပျော်ဖူးမှ ပြိုကျခဲ့သော ဘုရားကို စိတ်ဝင်တစား ကြည့်ရှုသည်ဟု မျက်မြင်ဒေသခံ တဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ပဲခူးမှာ ငလျင်လှုပ်ခဲ့တယ်။ ရွှေမော်ဓော ဘုရားကြီးက ထီးတော် ငှက်ပျောဖူးကနေ စပြီးတော့ ပြိုကျခဲ့တာ ရှိတယ်။ အဲဒီ ပြိုကျခဲ့တဲ့ ငှက်ပျောဖူးကလည်း ဘုရားရဲ့ အရှေ့မြောက်ထောင့်မှာ ယနေ့အချိန်ထိ ရှိနေတယ်။ အဲဒီနားမှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းတာတွေ ကျနော်တွေ့တယ်။ ကျနော်က နည်းနည်းလှမ်းတော့ သူက ဘုရားကျောက်စာတွေ ကြည့်ပြီးတော့ မေးတာတွေ တွေ့ရတယ်”

ဒေါ်အောင်ဆန်းစုကြည်က ရွှေမော်ဓောဘုရား အင်္ဂါထောင့်တွင် ပန်းကပ်ဆုတောင်းခဲ့ပြီးနောက် တောင်ဘက်မုဒ်မှ ဆင်းကာ သာသနာ့မာန်တိုင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၈ နာရီ ၅ မိနစ်ဖြစ်သည်ဟု ယင်းဒေသခံက ပြောသည်။

ဘုရားဖူးနေချိန်အတွင်း လူရာဂဏန်းရှိ ပြည်သူထူထုက ဘုရားပေါ်တွင် ပြည့်သွားခဲ့သည်ဟု လည်းသိရသည်။

“လူတွေက အရမ်းအားတက်ပြီးတော့ ပျော်မြူးပြီးတော့ စိတ်ထဲမှာ ကျနော် တော်တော်ခံစားရတယ်။ လူတွေက အရမ်း အားကိုးတယ်။ အရမ်းလေးစားတယ်။ အရမ်း တန်ဖိုးထားတယ်။ အဲဒီလို ဖြစ်နေတယ်။ လူထုရဲ့အနေအထားကို ကြည့်ပြီးတော့ ဗိုလ်ချုပ်က တခွန်းပြောလိုက်ရင်ပြည်သူ လူထုတရပ်လုံးက ဗိုလ်ချုပ်ပြောတဲ့အတိုင်း လိုက်ပြီးတော့ ပါသလိုမျိုး မြန်မာပြည်မှာ ရောက်လာဖို့ သိပ်မကြာတော့ဘူးလို့ဘဲ ကျနော် သုံးသပ်ချင်တယ်”ဟု သူက ဆက်ပြောသည်။

“ကျနော်က လူသားတွေအတွက် သူရဲကောင်း တယောက်လို လက်ခံ အတိအမှတ်ပြုပြီးတော့ လေးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အတွက် ကျနော်က လူဖြစ်ရကျိုး နပ်သွားပြီလို့ နည်းနည်းပြောချင်ပါတယ်ခင်ဗျာ” ပဲခူးမြို့သား တဦးကပြောသည်။

ထိုမှတဆင့် သနပ်ပင်မြို့နယ် စာကြည့်တိုက်ဖွင့်ပွဲသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား သံရုံးကားများလည်း တွေ့ရသည်ဟု ဒေသခံ တဦးက ပြောသည်။
စာကြည့်တိုက်ဖွင့်ပြီး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်
(မြန်မာစံတော်ချိန် ၁ဝ နာရီ ၃ဝ မိနစ်)

ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ နံနက် ၉း၃ဝ က ပဲခူတိုင်း သနပ်ပင်မြို့နယ်ရှိ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

စာကြည့်တိုက်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ သနပ်ပင်မြို့နယ် ရပ်မိ၊ ရပ်ဖ တဦးချင်းစီတို့မှ မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အဓိကအားဖြင့် ပညာရေးနှင့်ပတ်သက်၍ အထိကထား ပြောကြားပြီး လူငယ်များ စာဖတ်ကြရန်လည်း တိုက်တွန်းပြောဆိုသွားသည်။

သနပ်ပင်မြို့မှ ပဲခူးမြို့သို့ နာရီဝက် ခရီးစဉ်အတွင်း လမ်းတလျောက်ရှိ ဒေသခံ ပြည်သူများမှလည်း ၅ ယောက် အုပ်စု၊ ၄ ယောက်အုပ်စု၊ ၃ ယောက်အုပ်စု၊ စသည်ဖြင့် အုပ်စုငယ်ကလေးများဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ကြကြောင်း ထိနေရာတွင် ရောက်နေသည့် သတင်းထောက်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည်ပိုင်းအတွင် ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှ အိမ်တွင်ထားရှိသည့် စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးဦးမည်ဖြစ်သည်။
ဒေါ်စု ပဲခူးရောက်ပြီ ဒေသခံ ၃,ဝဝဝ ကျော်ကြိုဆို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၉ နာရီ ၂၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။          ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးတိုင်းအတွင်းရှိ စာကြည့်တိုက်များ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ရာ၊ ဒေသ စံတော်ချိန် ၉ နာရီခန့်က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ ပဲခူးတိုင်း သနပ်ပင်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ၏ ဒုဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုမူ NLD ဗဟိုလုံခြုံရေးလူငယ်အဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ သနပ်ပင်မြို့ မင်းလမ်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ဒေသခံ ၃,ဝဝဝ ခန့် ကြိုဆိုနှုတ်ဆက်ကြသည်ဟုလည်း NLD ၏ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

"ပရိသတ်က ကြိုဆိုနှုတ်ဆက်နေတယ် မေမေစုကို ချစ်တယ် ဆိုတဲ့ စာတမ်းလေးတွေကို ဝှေ့ရမ်းပြီးတော့ ပရိသတ်က ကြိုဆိုနေတယ်၊ လူထုက ကြိုဆိုနေတုန်းပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ လူခန္ဓာကိုယ်ထက်ကြီးတဲ့ ပိုစတာကြီးတွေ အဲဒါတွေနဲ့ ကြိုဆိုကြတယ်"

သတင်းပေးပို့ချိန်တွင် ပရိသတ်မှ ဒေါ်စုကို မိန့်ခွန်းပြောရန် တောင်းဆိုနေပြီး ဒေါ်စုမှလည်း မိန့်ခွန်းပြောရန် အစီအစဉ်ရှိသည်ဟု ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ NLD ၏ ဗဟိုလုံခြုံရေး အဖွဲ့ဝင်များသည် ရန်ကုန်မှ တနင်္ဂနွေနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပဲခူးမြို့ ရွှေမောဓော စေတီကို နံနက် ၇း၎ဝ တွင် ဝင်ရောက်ဖူးမျှော်ကြပြီး ပဲခူးမြို့ သာဓုကန် ဗုဒ္ဓ တက္ကသိုလ်တွင်လည်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့သေးသည်။

မိုးရွာပြီးရေကြီးနေသည့် ပဲခူးတွင် ရေပြန်ကျသွားပြီဖြစ်ကာ ရာသီဥတုလည်း သာယာကြောင်း NLD ၏ ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

"မိုးလေဝသက တော်တော်ကောင်းတယ် မနေ့ကညက နေသာနေတယ်၊ အခုလည်း နေသာတယ်"

ရန်ကုန်မှ သတင်းထောက် အများအပြား လိုက်ပါသွားရာ ယာဉ်တန်းတွင် ကားအစီးပေါင်း ၂ဝ ခန့် ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် "အောင်ဆန်းဂျာမွန်း" စာဖတ်ခန်း (သနပ်ပင်) ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

by The Voice Weekly on Sunday, August 14, 2011 at 12:24am
ပဲခူး သြဂုတ် ၁၄

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ် အမှတ် (၁၂၈)၊ နရဝတ်ကိုးသွယ်လမ်းရှိ "အောင်ဆန်းဂျာမွန်း" စာဖတ်ခန်းနှင့် အင်္ဂလိပ်စာ ပညာဒါနသင်တန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ထို့မှတဆင့် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ပဲခူးမြို့ပေါ်ရှိ "အောင်ဆန်းဂျာမွန်း" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ ဆက်လက် ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ထိုနောက် ရေဘေးသင့်ပြည်သူများအား ထောက်ပံကူညီရေး ပစ္စည်းများ ပေးအပ်ကူညီရန်ရှိကြောင်း ပဲခူးရောက် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

သနပ်ပင်မြို့မှ ပဲခူးမြို့သို့ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ရာနှင့်ချီသော ပဲခူးဒေသခံများက ရွှေမောဓောဘုရားလမ်း ဘေးဝဲယာ တစ်ဘက်တစ်ချက်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်
ပဲခူး ဩဂုတ် ၁၄
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်း သနပ်ပင်မြို့နယ် အမှတ် (၁၂၈)၊ နရဝတ်ကိုးသွယ်လမ်းရှိ "အောင်ဆန်းဂျာမွန်း" စာဖတ်ခန်းနှင့် အဂင်0x081လိပ်စာ ပညာဒါနသင်တန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ထို့မှတဆင့် နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် ပဲခူးမြို့ပေါ်ရှိ "အောင်ဆန်းဂျာမွန်း" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ ဆက်လက် ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ထိုနောက် ရေဘေးသင့်ပြည်သူများအား ထောက်ပံကူညီရေး ပစ0x081စည်းများ ပေးအပ်ကူညီရန်ရှိကြောင်း ပဲခူးရောက် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။သနပ်ပင်မြို့မှ ပဲခူးမြို့သို့ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ရာနှင့်ချီသော ပဲခူးဒေသခံများက ရွှေမောဓောဘုရားလမ်း ဘေးဝဲယာ တစ်ဘက်တစ်ချက်မှ ကြိုဆိုနှုတ်ဆက်ကြသည်။» ပဲခူးမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ဂ နာရီ ၂ဝ မိနစ်တွင် ပဲခူးမြို့ သာသနာ့မဏ0x081ဍိုင်ကျောင်း ဆရာတော်ကို ဝါဆိုသဃင်0x081န်း ကပ်လှူပူဇော်ပြီးနောက် ယခုအခါ သနပ်ပင်သို့ ဆက်လက်ထွက်ခွာနေကြောင်း ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ဒေါ်အောင်ဆန်းစုကြည်သည် သနပ်ပင်မြို့တွင် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်မည် ဖြစ်သည်။» နံနက် ၇ နာရီ မိနစ် ၄ဝ တွင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးရွှေမောဓောဘုရားသို့ ရောက်ရှိဖူးမြော်နေ» သတင်းတင်ချိန် - ၆ နာရီ ၃၈ မိနစ်၊ ဩဂုတ် ၁၄ ရက် ၂၀၁၁ (တနဂင်0x081နွေ)» ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက် ၅ နာရီ ၄၅ မိနစ်တွင် ပဲခူးခရီး စတင်ထွက်ခွာဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၅ နာရီ ၄ဝ မိနစ်တွင် တက0x081ကသိုလ်ရိပ်သာလမ်း နေအိမ်မှ စတင်ထွက်ခွာပြီး ထိုမှတစ်ဆင့် အင်းလျားလမ်းအတိုင်း၊ ထိုနောက် ရန်ကုန် - ပြည်လမ်း၊ ထိုမှတစ်ဆင့် ရန်ကုန် - ပဲခူးလမ်းမကြီး၊ ထို့နောက် လက်ရှိပဲခူးတွင် ဖြစ်ပေါ်နေသော ရေကြီးမှုကို ရှောင်ကွင်းနိုင်ရန် နေပြည်တော် အမြန်လမ်းအတိုင်း ဘုရားကြီးဘက်မှတစ်ဆင့် ပဲခူးမြို့သို့ ဝင်မည်ဟု အဆိုပါခရီးစဉ်ကို လိုက်ပါသတင်းရယူနေသူ The Voice Weekly သတင်းထောက်မှ ဆက်သွယ်သတင်းပေးပို့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် ရောက်ရှိမည်ဟု သိရသည်။ထို့နောက် ပဲခူးရွှေမောဓောဘုရားကို ဝင်ရောက်ဖူးမြော်မည် ဖြစ်ပြီး ထိုမှတဆင့် သာသနာ့မဏ0x081ဍိုင်ကျောင်းတိုက်တွင် ဝါဆိုသဃင်0x081န်းကပ်လှူမည် ဖြစ်သည်။ ထို့နောက် သနပ်ပင်တွင် စာကြည်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်မည် ဖြစ်သည်။ ထို့နောက် ပဲခူးသို့ ပြန်လာကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကယ်ဆယ်ရေးပစ0x081စည်းများ ပေးအပ်ကူညီမည် ဖြစ်သည်ဟု 0x158င်းက ဆက်လက်သတင်းပေးပို့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးတစ်လျှောက်တွင် ပဲခူးဒေသခံ လမ်းပြကြယ် ဦးအေးမြင့်လည်း လိုက်ပါမည်ဟု သိရသည်။

အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်စုကြည်နှင့်အဖွဲ့ဝင်များ၏ပဲခူးတိုင်းစည်းရုံးရေးခရီး
by Nldla HQ on Sunday, August 14, 2011 at 11:43am
ယနေ့မနက် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်စုကြည်နှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းစည်းရုံးရေးခရီးစဉ်ကို ရန်ကုန်မှအမြန်လမ်းမသစ်ကနေ ဘုရားကြီးသို့သွား၊ ပဲခူးသို့ဝင်ပါသည်။ နံနက်(၇း၃၀)၀န်းကျင်ရွှေမော်ဓောဘုရားပေါ်တက်ရောက် ကြည်ညိုဖူးမျော်ပါသည်။ ဘုရားပေါ်မှပြန်ဆင်ပြီး ဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ၀ါဆိုးသင်္ကန်ကပ်လှူပါသည်။ ဘုန်းကြီးကျောင်းမှ သနက်ပင်မြို့သို့ ထွက်ခွါကြပါသည်။ (၈း၅၅) တွင် သနက်ပင်သို့ရောက်ရှိပါသည်၊ ပဲခူးတိုင်းအရှေ့၊အနောက်ခြမ်းများမှ ပါတီဝင်များအားလုံးတတ်ရောက်ကြပါသည်၊ အောင်ဆန်းဂျာမွန်စာဖတ်ခန်းနှင့် အင်္ဂလိပ်စာသင်တန်းကိုဖွင့်လှစ်ပေးပါသည်၊ မနက်(၁၀း၀၀) တွင်လာရောက်ကြိုဆိုသော ပြည်သူလူထုကို ဒေါ်စု စကားထွက်ပြောပါသည်။ သနက်ပင်မှ ပဲခူးသို့ ပြန်မည်ဖြစ်ပါသည်၊ ပဲခူးရွှေမော်ဓော ဘုရားပေါ်တွင် ဒေါ်စု ပဲခူးမြို့သို့ပြန်အ၀င်လာကို ကြိုဆိုရန် လူထုတွေ အများကြီးစောင့်နေကြပါသည်။ ပဲခူးတွင် ဆက်လက်ပြီး စာကြည့်ခန်းနှင့် အင်္ဂလိပ်စာသင်တန်းကိုဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းရှိအဖွဲ့ချုပ်စည်းကော်မတီဝင်များနှင့် တွေ့ဆုံစကားပြောပါမည်၊ ပြီးရင် လာရောက်ကြိုဆိုသည့် ပြည်သူလူထုကို စကားပြောပါမည်။ ညနေတွင် ရန်ကုန်ပြန်ရောက်ပါမည်။ ယခုအချိန်ထိ လုံခြံရေးကိစ္စ အားလုံးအဆင်ပြေချောမွေ့ပါသည်။
တင်ဆက်ခြင်း

၆၁နှစ်တိုင်ခဲ့ပြီ နေ့ထူးနေ့မြတ် ကရင့်အာဇာနည်

၆၁နှစ်တိုင်ခဲ့ပြီ နေ့ထူးနေ့မြတ် ကရင့်အာဇာနည်
သြဂုတ်လ ၁၂ရက်။ ခေါင်ဆူလိုင့်
“အခမ်းအနားမှာ အာဇာနည်နေ့အကြောင်း ပြောရင် ရင်ထဲမှာ အလုံးကြီး ဆို့တက်လာတယ်။ အသက်ရှူလည်း မ၀တော့ဘူး ဖြစ်လာတယ်။ အဲလိုဖြစ်တာ ၂နှစ်ရှိပြီ။ ဒီနှစ်တော့ ကျနော့်ကို အာဇာနည်နေ့ အခမ်းအနားမှာ ပြောခိုင်းရင်တော့ မပြောတော့ ဘူး။ မဟုတ်ရင် စောဘဦးကြီးလို အာဇာနည်ဖြစ်သွားအုံးမယ်။”
အသက် ၈၄နှစ်အရွယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ ဒုတိယ ဗိုလ်မှူးကြီးစောဒူးက သူ့ရဲ့ခံစား ချက်နှင့် ခံနိုင်ရည်အား လျော့နည်းလာမှုကို ပြောပြသည်။
၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ရက်နေ့က ဖဆပလတပ်များ၏ တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးတို့ ကျဆုံးသွားခဲ့သည့်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်သွားရန် ၁၉၅၁ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် Karen Government Body-KGB အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ပြီး ထိုနှစ်မှစ၍ ယနေ့အချိန်ထိ ပြုလုပ်လာခဲ့သည် မှာ ယနေ့ဆိုလျှင် ၆၁နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
နဘူးမြို့နယ်၊ ထီးစံရွာ ကရင်ရွာသား စောမောင်အဲ၏ သတင်းပေးမှုကြောင့် ဗိုလ်စိန်လွင် ဦးဆောင်သည့် ဖဆပလ တပ်စုတစု သည် KNU ခေါင်းဆောင် စောဘဦးကြီးတို့ရှိရာ ကရင်ပြည်နယ် (ယခင် မော်လမြိုင်ခရိုင်) နဘူးမြို့နယ်၊ ထိုကော်ကိုးကျေးရွာ အနီးရှိ လယ်တဲကို ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ မနက်ဝေလီဝေလင်းအချိန်၌ အလစ် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ ကို ခုခံတိုက်ခိုက်ရင်း စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ၊ ဗိုလ်ကြီးလေးတောနှင့် ဆရာဝေါလေ အပါအ၀င် တပ်ဖွဲ့ဝင် ၈ဦးတို့ ကျ ဆုံးခဲ့ရသည်။
ထိုအချိန်က အသက် ၂၃နှစ်သာရှိသေးသည့် ဒုဗိုလ်မှူးကြီးစောဒူးမှာ ကရင့်လွတ်မြောက်ရေးတပ်ဦး(Karen Armed Forces-KAF)၏ တပ်စုမှူး(ထိုအချိန်က ဒုခွဲမှူးတာဝန်)ဖြင့် မုန်းမြို့နယ်တွင် လှုပ်ရှားနေရင်း စောဘဦးကြီးတို့ ကျဆုံးမှုကို သတင်းစာ တွင် ဖတ်ရှုသိရှိခဲ့သည်ဟုလည်း သူက ပြောဆိုသည်။
“အမှန်တော့ ကရင်အချင်းချင်း သစ္စာဖောက်လို့ စောဘဦးကြီးတို့ သေရတာ။ အဲဒီအချိန်တုန်းက ကျနော်က မုန်းမြို့နယ်မှာ ကညွှတ်ကွင်း မီးရထားလမ်းမှာရှိတဲ့ ရန်သူတပ်စိတ်တစိတ်ကို သွားတိုက်ဖို့ ပြင်ဆင်ချိန်။ ကြေးမုံသတင်းစာထဲမှာ စောဘဦးကြီး ကျဆုံးတဲ့သတင်းကို တွေ့လိုက်ရတယ်။ နေ့ရက်နဲ့ သတင်းခေါင်းစဉ်ကိုတော့ ကျနော် မမှတ်မိတော့ဘူး။ သတင်းစာထဲက ဓာတ်ပုံဟာ စောဘဦးကြီးအလောင်းကို ယူနီဖောင်းဝတ် အစိုးရစစ်တပ်က တရွတ်တိုက်ဆွဲလာနေတဲ့ပုံလေ။”
အာဇာနည်ဟု ဆိုရာတွင် အများအကျိုး၊ မိမိအမျိုးသားများ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဘ၀တစ်ခုလုံး အပ်နှံ ရင်း တိုက်ပွဲဝင်ကာ ကျဆုံးသွားသူများကို အာဇာနည်အဖြစ် သတ်မှတ်လေ့ရှိကြသည်။
ကရင့်အမျိုးသားအာဇာနည် စောဘဦးကြီးကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ဘဲဂယက်ကျေးရွာတွင် ၁၉၀၅ခုနှစ်က ဖွားမြင်ခဲ့ သည်။ သူသည် ၁၉၄၂ခုနှစ် ဂျပန်ခေတ်က ဖြစ်ပွားခဲ့သည့် ကရင်-ဗမာ အဓိကရုဏ်းတွင် အသတ်ခံရသော ကရင်အမျိုးသား ပါလီမန်အမတ် စောဖေသာ၏ ၀မ်းကွဲညီအစ်ကိုအရင်း ဖြစ်သည်။
ဖခင် မြေပိုင်ရှင်ကြီး စောသာမြတ်ကြီး၏ သားဖြစ်၍ ပုသိမ်မြို့၊ နီကောလ်(ကိုသာဖြူ)ကျောင်းတွင် အထက်တန်း၊ မော်လမြိုင်ရှိ မစ္စတာဝက်ဒက်စမွန်ကျောင်းတွင် အထူးအင်္ဂလိပ်စာသင်ကြားပြီးနောက်ပိုင်း ဗြိတိန်သို့ သွားရောက်ပညာသင်ကြားကာ ၀တ်လုံ ဘွဲ့(ဥပဒေ)ကို ရရှိခဲ့သူဖြစ်သည်။
၁၉၄၉ခုနှစ်ကတည်းက ကရင့်တော်လှန်ရေးတွင် တောက်လျှောက် ပါဝင်လာခဲ့ပြီး ၁၉၅၀ခုနှစ်၊ ဖာပွန်ကွန်ဂရက်တွင် ၎င်းပြော ဆိုခဲ့သည့် “လက်နက်ချစကား အလျင်းမပြောရ။ မိမိလက်နက် မိမိလက်ထဲတွင် ရှိရမည်။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်။” ဆိုသည့်စကားလေးရပ်ကို တော်လှန်ရေး၏ မူလေးချက်အဖြစ် ကေအဲန်ယူ အပါအ၀င် ကရင် လူထုတစ်ရပ်လုံးက ယနေ့ထက်တိုင် ကိုင်စွဲလာခဲ့ကြသည်။
သို့သော် ကရင့်အာဇာနည်နေ့သည် ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးသမားများနှင့် ကရင်ပြည်သူလူထု၊ လူတန်း စား အဖွဲ့အစည်းများ၏ ပြဌာန်းချက်ဖြစ်၍ ဗမာပြည်ကို အုပ်ချုပ်လာခဲ့သော အုပ်စိုးသူအဆက်ဆက်က ယနေ့ထက်တိုင် လက် ခံအတည်ပြုခြင်း မရှိခဲ့။
ကရင့်တော်လှန်ရေး နယ်မြေဒေသများတွင် အာဇာနည်နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြရာ၌ အလံတော်လွှင့်ထူခြင်း၊ အာဇာ နည်ကျောက်တိုင်တွင် ကျဆုံးသွားသူများအား အလေးပြုခြင်း၊ ဘာသာအလိုက် ၀တ်ပြုဆုတောင်းခြင်း၊ ဂုဏ်ပြုတေးသီချင်းများ နှင့် လွမ်းသူ့ပန်းခွေချခြင်း စသည့်အစီအစဉ်များကို ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တပုံစံတည်း ပြုလုပ်လေ့ရှိကြ သည်။
(ကေအဲန်အယ်လ်အေ ဒုဗိုလ်မှူးကြီးစောဒူး)
နှစ်ပေါင်း ၆၀ကျော် ကြာမြင့်ခဲ့သည့် ကရင့်တော်လှန်ရေးသက်တမ်းတလျှောက် အချိုးအကွေ့၊ အထိအခိုက်၊ အကျအဆုံးများ နှင့် အာဇာနည်များစွာ အသက်ပေးဆပ်ခဲ့ကြရသည်။ လက်နက်ခဲယမ်း၊ စစ်သည်အင်အား လျော့နည်းခဲ့ရသည်။ သို့သော် အာ ဇာနည်စိတ်ဓာတ်ဖြင့် ကရင့်တော်လှန်ရေးစစ်သည်များ၏ စိတ်ခွန်အားမှာ မလျော့ပါးခဲ့ကြ။ ယနေ့ ကျရောက်သည့် ၆၁နှစ်မြောက် အာဇာနည်နေ့ကို ကေအဲန်ယူ တပ်မဟာ၊ တပ်ရင်းများ အသီးသီးတွင် ၀တ်ပြုဆုတောင်း ပွဲ၊ ဟောပြောပွဲ၊ အခမ်းအနား စသည်ဖြင့် ပြုလုပ်ခဲ့ကြရာ၌ နယ်ခြားစောင့်တပ်ကို ဆန့်ကျင်၊ တော်လှန်ခဲ့သူ ဒီကေဘီအေ တပ် ဖွဲ့ဝင်များလည်း စုပေါင်းပါဝင် ဆင်နွဲခဲ့ကြသဖြင့် ဤသည်မှာ ဆယ်စုနှစ်ကျော်ကြာ ကွဲပြားလာမှုများ၏ ပြန်လည်စုစည်းမှု အင် အားတစ်ရပ်ပင်ဖြစ်သည်။
ကေအဲန်ယူ တပ်မဟာ(၇)နှင့် ပြန်လည်ပူးပေါင်းခဲ့သည့် နယ်ခြားစောင့်တပ်(၁၀၁၂)မှ တပ်ခွဲ(၃) ဒုခွဲမှူး တပ်ကြပ်ကြီးစောဒို့စေး က “ကျနော့်အတွက်က ကရင်အာဇာနည်နေ့ဟာ အခု ပထမဆုံးအကြိမ် အတွေ့အကြုံပဲ။ ဒီကေဘီအေမှာတုန်းက အစိုးရက လုပ်ခွင့်မပေးဘူး။ အခု ဟောပြောပွဲဟာ ကျနော့်အတွက်တော့ စိတ်အားထက်သန်မှုရလာပြီး ဆက်လက် တိုက်ပွဲဝင်ဖို့အတွက် စိတ်ဓာတ်လည်း ပိုမို ခိုင်မာလာတယ်။”ဟု ဆိုသည်။
၁၉၉၄ခုနှစ်က ကေအဲန်ယူမှ ခွဲထွက်ကာ စစ်အစိုးရလက်အောက်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)အဖြစ် ၁၅နှစ်ကြာ ရပ်တည်လာခဲ့သည့်တစ်လျှောက် အာဇာနည်နေ့ဆိုသည်ကို ကြားပင်မကြားဖူးခဲ့ဘဲ နှစ်သစ်ကူးနေ့၊ ဒီကေဘီအေနေ့များကိုသာ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း စောဒို့စေးက ပြောသည်။
ကရင့်တော်လှန်ရေးတွင် စောစံဖိုးသင်၊ စောဟန်တာသာမွှေး၊ စောဘဦးကြီး၊ မန်းဘဇန်၊ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ စောဘသင်စိန် နှင့် လက်ရှိ ဗိုလ်ချုပ်ကြီးစောတာမလာဘောတို့သည် ကေအဲန်ယူ၏ ဥက္ကဌများအဖြစ် အဆင့်ဆင့် တာဝန်ယူလာခဲ့ကြသည်။
အလားတူ ဗမာပြည်တွင်း၌လည်း စစ်အုပ်စု အဆက်ဆက်ဖြစ်သည့် မဆလ၊ န၀တ၊ နအဖနှင့် ယခု ကြံ့ဖွံ့အစိုးရ လက်ထက် တိုင်အောင် တိုင်းရင်းသားများမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် မရရှိကြသေးဘဲ တော်လှန်သူများအဖြစ်သာ ဆက်လက် တည်ရှိနေ ရင်း အမျိုးသား တော်လှန်ရေးနေ့၊ အမျိုးသား အာဇာနည်နေ့၊ အမျိုးသား တပ်မတော်နေ့ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခွင့် မရရှိသေးဘဲ ဖြစ်နေသည်။
(ကေအဲန်အယ်လ်အေ တပ်မဟာ ၇ တပ်ဖွဲ့ဝင်တစ်ဦး)
သို့သော် ၂၀၀၆ခုနှစ်မှစ၍ နယ်စပ်မှ တတိယနိုင်ငံများသို့ ရောက်ရှိသွားကြသည့် ကရင်လူမျိုးများက မိမိတို့ရောက်ရှိရာ နိုင်ငံ များတွင် လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်နှင့် သမိုင်းများကို ထိန်းသိမ်းသည့်အနေဖြင့် နှစ်သစ်ကူး၊ လက်ချည်ပွဲ စသည့် ရိုးရာယဉ် ကျေးမှု ပွဲတော်များအပြင် ကရင့်အာဇာနည်နေ့ကိုလည်း ကျင်းပနေကြပြီး ဖြစ်သည်။ ယခုနှစ် အာဇာနည်နေ့အတွက် ထုတ်ပြန်သည့် ကေအဲန်ယူ ဥက္ကဌ စောတာမလာဘော၏မိန့်ခွန်းတွင် ကရင်အမျိုးသားများ သည် စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားသော်လည်းပဲ ယနေ့အထိ အောင်မြင်မှုပန်းတိုင် သို့ မရောက်ရှိသေးသည့်အတွက် စောဘဦးကြီးကဲ့သို့သော အာဇာနည်များ သွေး၊ ချွေးဖြင့် ခင်းထားသည့် တော်လှန်ရေးခရီး လမ်းကို ဆက်လက် လျှောက်လှမ်းသွားရမည်ဖြစ်သည်ဟု ပြောဆိုထားသည်။
ကေအဲန်အယ်လ်အေ ဒုဗိုလ်မှူးကြီးစောဒူးအနေဖြင့်လည်း လက်ရှိ အစိုးရတပ်ကို တော်လှန်ရင်ဆိုင်နေသည့် ကရင့်တော်လှန် ရေး တပ်မှူးတပ်သားများကို အာဇာနည်များ၏ ရည်မှန်းချက်အတိုင်း ဆက်လက်လျှောက်လှမ်းသွားရန် ယခုကဲ့သို့ တိုက်တွန်း ပြောဆိုလိုက်သည်။
“အာဇာနည်တွေ အသက်ပေးသွားတဲ့အပေါ်မှာ သူတို့က တာဝန်ကျေပြီ။ ကျန်နေတဲ့ ကျနော်တို့ တပ်မှူးတပ်သားတွေကတော့ တာဝန်မကျေသေးဘူး။ အာဇာနည်တွေရဲ့ ရည်မှန်းချက်မပျောက်အောင် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်သွားရမယ်။ ကျနော်တို့တတွေ တာဝန်ကျေရမယ်။”

(၆၁နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင်တွေ့ရသည့် ကလေးငယ်များ)

ပညာရေးဝန်ထမ်း ကရင်လူငယ်တစ်ဦးက “ဒီလို အာဇာနည်နေ့ အခါသမယကြီးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် သွေး ခန္ဓာကိုယ် ပေးလှူသွားခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ၊ ရဲဘော် ရဲမေတွေနဲ့ ပြည်သူလူထုအားလုံးကို ဂုဏ်ပြုပါတယ်။ တဆက် တည်းမှာပဲ ဒီမပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကို ဆက်လက် လျှောက်လှမ်းပြီး အာဇာနည်တွေ မျှော်မှန်းချက်ထားတဲ့ ပန်း တိုင်ရောက်အောင် ကြိုးစားဆောင်ရွက်သွားရမယ်။” “မျိုးချစ်အာဇာနည်များ ကောင်းရာ သုဂတိလားပါစေ။”
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်