UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ်

ဗြိတိသျှ သံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher ဟာ ( ၂၇.၁၂ .၁၁ ) အင်္ဂါနေ့  မနက် ( ၆ ) နာရီမှာ ရန်ကုန်မြို့ မှ စက်ဘီးနဲ့ စတင် ထွက်ခွာပြီး ကော့မှူးမြို့ သို့ မနက် ( ၁၁း ၃၀ ) နာရီမှာ ချောမောစွာ ရောက်ရှိခဲ့ပါတယ်။
ကော့မှူးမြို့  အဖွဲ့ ချုပ်အ၀င်များ၊ ပညာရေးကွန်ယက်မှ လူငယ်များ၊ အမေ့အလင်းရောင် ပညာဒါနကျောင်းမှ ကလေးငယ်များက ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြပါတယ်။
NLD ပညာရေးကွန်ယက်ရဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းလေးကိုလည်း သွားရောက် လေ့လာပြီး ကလေးငယ်များ၊ ဆရာဆရာမများနဲ့  ရင်းနှီးစွာ တွေဆုံ နှုတ်ဆက် စကားပြောခဲ့ကြပါတယ်။
သူ့ ခရီးစဉ်ရဲ့  အဓိက ရည်ရွယ်ချက်ကတော့
( ၁ ) NLD ပညာရေး ကွန်ယက်က လုပ်ဆောင်နေသည့် ပညာရေး လုပ်ငန်းများကို လေ့လာရန်။
( ၂ ) ဒလ နှင့် ကော့မှူးဒေသရှိ လူနေမူ ဘ၀ အခြေအနေကို လေ့လာရန်။
( ၃ ) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပြည်သူများ လိုက်ပါဆောင်နိုင်စေရန် တို့ ဖြစ်ပါတယ်။
ကော့မှူးမြို့ ဆံတော်ရှင် ဆုတောင်းပြည့် စေတီ၊ ဘုရားကြီး ဆရာတော်တို့ ကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြီး ကော့မှူးဒေသ လူနေမူဘ၀ ၀ါးယက်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း လေ့လာသွားခဲ့ပါတယ်။
Mr. Joe Fisher ဟာ မွန်းလွဲ ( ၃း၃၀ ) နာရီမှ ကော့မှူးမြို့ NLD အဖွဲ့ဝင်များကို နှုတ်ဆက်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။










ကိုငယ်
ဒီဇင်ဘာ ၃၀၊ ၂၀၁၁

မိုးမခမီဒီယာ
UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ် UK သံတမာန်တစ်ဦး၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ် Reviewed by သစ်ထူးလွင် on 17:13 Rating: 5

3 comments:

Maunglusoe said...

ဆိုယ်ကယ်စိးတာဥိးထုတ်လဲမဆောင်းဘူး
စည်းကမ်း မလို

Yangon Thar said...

Bicycle helmet DO NOT save the rider from serious accident nor injuries. Only riding skills, cycle road regulation and periodic maintained bicycle such as brake, light, reflector, bell, etc.)can prevent accident and personal injuries.

SN said...

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို တည်ဆောက်နေသောသူများကိုယ်တိုင် အသေးအဖွဲကစ စည်းကမ်းရှိဖို့လိုပါတယ်.....အပြစ်မြင် ပြောတာမဟုတ်ပါ...မေ့နေတာကို သတိပေးယုံ သက်သက်ပါ...

Powered by Blogger.