NLD နှင့် ခမောက်တံဆိပ်လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန်

NLD ကြေညာချက်
ရန်ကုန်၊ ဒီဇင်ဘာ- ၁၁ ခမောက်တံဆိပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်းယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများ တွင်အဆိုပါပါတီကတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။ ခမောက်ပုံအမှတ်တံဆိပ်ကို ပါတီအမှတ်တံဆိပ်အဖြစ်သုံးစွဲလျက်ရှိသည့် အခြားသော နိုင်ငံရေးပါတီများလည်း ရှိနေသည့်အတွက်လာမည့်ကာလတွင်ခမောက်ပုံတံဆိပ်ကြောင့်မဲဆန္ဒရှင်ပြည်သူများအကြားထင်ယောင်ထင်မှား မဖြစ်စေလိုသဖြင့် ယခုကဲ့သို့ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစာများတွင်ဖော်ပြပါရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ခမောက်တံဆိပ်ကို ပါတီအမှတ်တံဆိပ် အဖြစ်အသုံးပြုခဲ့ခြင်းအပေါ်အင်န်အယ်ဒီပါတီကကန့်ကွက်ခဲ့သော်လည်းကော်မရှင်ကတစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသဖြင့်ခမောက်သည်အင်န်အယ်ဒီနှင့်သက်ဆိုင်နေသေးသကဲ့သို့ မဲဆန္ဒရှင်များအကြားယခုတိုင်ထင်ယောင်ထင်မှား ဖြစ်နေ ကြကြောင်း ကြားသိနေရကြောင်းယင်းကြေညာချက်ထဲတွင်ဖော်ပြထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမှတ်တံဆိပ်အသစ်ကို အနီရောင်အောက်ခံတွင်အဖြူရောင်ကြယ်နှင့် ရွှေရောင်ခွပ်ဒေါင်းပုံ၊ အဖြူရောင်“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”စာတန်းကို အောက်ခြေတွင်ဖော်ပြထားသည့် စံပြုအရွယ်အစားအားဖြင့်ထောင့်မှန်စတုဂံပုံ အလျား ၁ ဒသမ ၆၂ လက်မ၊ အနံ ၁ လက်မ အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ကြောင်းအဆိုပါ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထား သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်၊ရွေးကောက်ပွဲမ၀င်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)သည်ပါတီအဖြစ် အသစ်ပြန်လည်တည်ထောင်ရန်ပြီးခဲ့သည့်နိုဝင်ဘာ ၁၈ ရက်တွင်ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၆ ရက်အကြာ နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီပြန်လည် တည်ထောင်ရန် (NLD) မှ တာဝန်ရှိသူများက သွားရောက်လျှောက်ထားပြီးဖြစ်သည်။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်အထိ ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း မကြေညာသေးပေ။
7Day News Journal
Myanmar News Now
NLD နှင့် ခမောက်တံဆိပ်လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန် NLD နှင့် ခမောက်တံဆိပ်လုံးဝသက်ဆိုင်ခြင်း  မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 15:44 Rating: 5

No comments:

Powered by Blogger.