MCC ပညာရေး ရန်ပုံငွေပွဲ ပရိတ်သတ်တစ်သောင်းကျော်အားပေး (သတင်း-ဓါတ်ပုံ)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ။ အဲ့ဒီပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပရိသတ်တွေ အများအပြား လာရောက် အားပေးခဲ့ကြတာဖြစ်ပါတယ်။ 

MCC ၀င်းအတွင်း မှချထားတဲ့ ထိုင်ခုံတစ်သောင်း ပြည့်သွားတဲ့အပြင် ပရိတ်အများအပြားဟာ မတ်တက်ရပ် ကြည့်ခဲ့ရကြောင်းသိရပါတယ်။ 


By: သစ်ထူးလွင်
MCC ပညာရေး ရန်ပုံငွေပွဲ ပရိတ်သတ်တစ်သောင်းကျော်အားပေး (သတင်း-ဓါတ်ပုံ) MCC ပညာရေး ရန်ပုံငွေပွဲ ပရိတ်သတ်တစ်သောင်းကျော်အားပေး (သတင်း-ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 05:35 Rating: 5

6 comments:

MCC said...

ဘာမှတော့ မပြောချင်ပါဘူး၊ ဒါပေမယ့် တစ်ခုပဲ
" ဓါတ်ပုံတွေကြည့်ပြီး ၀မ်းသာလို့ မျက်ရည်တောင် ကျမိတယ် "

LAMIN KO KO said...

အေးချမ်းစွာ ပြီးဆုံးသွားတဲ့ အတွက် ၀မ်းသာပါတယ်..အမေ ဘေးမသိ ရန်မခပါစေနဲ့ အမြဲဆုတောင်းပေးပါတယ်.. အမေ..

tun ye zaw said...

မင်းသမီးမင်းသားမင်္ဂပွဲမှာတော့ တစ်တိုင်းပြည်လုံးသိအောင်ရုပ်/သံအဖွဲ့သားတွေလာရိုက်သွားတယ် အခုပွဲမလာတာဘာကြောင့်ပါလိမ့် မောင်သိန်းစိန်မောင်သိန်းစိန်

htun said...

အခုလိုအေးအေးချမ်းချမ်းနဲ့ပြီးဆုံးသွားတဲ့အတွက် ငြိမ်းချမ်းရေးကိုလိုလားသော
တာဝန်ရှိသူများကိုလေးစားရပါကြောင်း

hlaing said...

အရမ်းကိုတည်ငြိမ်းချမ်းစွာနဲ့ပျော်စရာကောင်းခဲ့တဲ့ပွဲလေးပါ။စည်းလုံးခြင်းသည်အင်အားဆိုတာကိုမီးမောင်းထိုးပြလိုက်သလိုပါဘဲ။အန်တီစုကိုအရမ်းလေးစားအားကျမိပါတယ်။အားလုံးငြိမ်းချမ်းရေးအစစ်အမှန်ကိုအမြန်ဆုံးရစေဖို့ဆုတောင်းပါတယ်။

Aung Wai Phyo(Architectureal Design) said...

အမေစု အေးချမ်းစွာနဲ့တိုင်ပြည်ကိုဦးဆောင်သွားနိုင်ပါစေလို့ ဆုတောင်းနေပါတယ် အမေစု ဘေးမထိရန်မခပဲအေးချမ်းစွာတည်ရှိနေနိုင်ပါစေ

Powered by Blogger.