ကမ္ဘာ့နံပါတ်(၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ

ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားရောက်လည်ပတ်တဲ့ ပုဂံဒေသ ပုဂံအလှ
အမေရိကန်ပြည်ထောင်စု အတ္တလန်တာမြို့အခြေစိုက် ကမ္ဘာကျော်ရုပ်/ သံသတင်းဌာနCNN ကမြန်မာနိုင်ငံကို လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန် အကောင်းဆုံးနေရာကိုးခုအနက် နံပါတ်(၃) အဆင့်အဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထည့်သွင်းဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့ ထည့်သွင်းဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူလေးဦးထံမှ ကိုယ်တွေ့သွားလာမှုထောက်ခံချက်များမှ ရယူဖော်ပြခဲ့ခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းတွင်ဖော်ပြပါရှိသည်။ “မြန်မာနိုင်ငံကို သွားလာခဲ့ရတာ ရင်သပ်ရှုမောပါပဲ။ ကမ္ဘာမှာ မပျက်စီးသေးတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။ မြန်မာပြည်မှာရှိတဲ့ လူတွေလောက် ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ သူတွေ မတွေ့ဖူးပါဘူး” ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတို့ကို ကိုးကား၍ CNN က ဖော်ပြသည်။ ၂၀၁၂ ခုနှစ်တွင် ခရီးသွားများသွားလာလည်ပတ်ရန် အကောင်းဆုံး နေရာကိုးခုအနက် အင်္ဂလန်၊ မာယာ လူမျိုးတို့နေထိုင်ခဲ့ရာ မက္ကဆီကို နယ်တွင်းဒေသ၊ မြန်မာနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု ချီကာဂို၊ အီတလီနိုင်ငံ ဗင်းဆင့်၊ နယ်သာလန်၊ ကနေဒါနိုင်ငံ အတ္တလန်တစ်၊ တောင်အမေရိကတိုက် ဥရုဂွေး နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ရှိ အော်လန်ဒိုဒေသတို့ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း Lonely Planet ခရီးသွားလမ်းညွှန်ကမ္ဘာကျော်စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံးလူမျိုးများနေထိုင်ရာ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန် အကောင်းဆုံးဒေသများအနက် နံပါတ် ၂ နေရာတွင်ရှိသည် ဟု ထည့်သွင်းဖော်ပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

By: သစ်ထူးလွင်
ကမ္ဘာ့နံပါတ်(၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ ကမ္ဘာ့နံပါတ်(၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ Reviewed by သစ်ထူးလွင် on 12:54 Rating: 5

9 comments:

bay bay said...

This is our Myanmar..........

ဘင်ဘင် said...

ကြည့်ပါလား ဦးသန်းရွှေကြီးက မြန်မာနိုင်ငံကို ပျက်စီးမှာစိုးလို့ မထိရက်မကိုင်ရက် သဘာဝအတိုင်း ဒီတိုင်းထားထားတာ ဒါမှ ကမ္ဘာကလူတွေ ရှေးဟောင်းနိုင်ငံ ရှေးဟောင်းလူမျိုးဆိုပြီး လေ့လာခွင့်ရကြမှာလေ...

မျိုးချစ်မြန်မာလူငယ် said...

ဟား.....ဟား "မြန်မာနိုင်ငံကို ပျက်စီးမှာစိုးလို့ မထိရက်မကိုင်ရက် သဘာဝအတိုင်း ဒီတိုင်းထားထားတာ ဒါမှ ကမ္ဘာကလူတွေ ရှေးဟောင်းနိုင်ငံ ရှေးဟောင်းလူမျိုးဆိုပြီး လေ့လာခွင့်ရကြမှာလေ..."
ဟုတ်တယ်ဟေ့...
မြန်မာနိုင်ငံမှာလည်း အအိုတွေနဲ့၊ကလေးပေါက်စ တွေပဲရှိတော့တယ်။

bobo said...

i want to photo and write english...how i can get

Anonymous said...

ဟဟဟ လူအိုတွေလို့ပြောပါကွ။မှန်ပါတယ် မှန်ပါတယ်ဟဟဟ

moethout said...

မြင့်မြတ်တဲ့မြန်မာကိုကတစ်ကမ်ဘာလုံးကသိနိုင်ကြပါစေ

pknai9c said...

နံပါတ်(၃)ဆိုတာမဟုတ်ပါဘူး....နံပါတ်(၆)ပါ

BOU Agent said...

http://edition.cnn.com/2011/12/27/travel/top-destinations-2012/index.html

shein said...

ဝမ်းမြောက်စရာပါပဲ။ များများလာလည်ဖို့ ဒီက အလွယ်တကူ ခွင့်ပြုပါ့မလား။ အခက်အခဲ အတားအဆီးတွေက များနေတုန်းပဲ။ တကယ်လာလည်စေချင်ရင် အများကြီးဖြေလျော့ဖို့လိုသေးတယ်။

Powered by Blogger.