ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကြေညာ

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကြေညာ
 |
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့  |
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက်
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊
ရုပ်သိမ်းခြင်း၊ အတည်ပြုကြေညာခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ
သတ်မှတ်ကြေညာခြင်း၊ ကြေညာချက်အမှတ် (၆၂/၂၀၁၁)ကို ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့်
ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ
လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်
အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာလိုက်သည်။ လွှတ်တော်အသီးသီး၏
မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင်
တင်သွင်းနိုင်သည့်နေ့ရက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်။ လွှတ်တော်အသီးသီး၏
မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင်
တင်သွင်းနိုင်သည့် နောက်ဆုံးရင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက
ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်
ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကြေညာ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။