ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထုထိတ်လန့်

ဓါတ်ပုံ (googleimages)
ရွေဘိုမြို့သူမြို့သားများ၏ သောက်သုံးရေ အဓိကရင်းမြစ်ဖြစ်သည့် မဟာနန္ဒာကန်တော်ကြီးထဲသို့ ဇီးကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ ပိုင်ဆိုင်သည့် သကြားစက်မှ စွန့်ပစ်ရေဆိုးများ စီးဝင်မှုကြောင့် ရေသတ္တဝါများနှင့် မြွေများ သေဆုံးပြီးနောက် မြို့နေလူထုမှာ ထိတ်လန့်နေကြောင်း ဒေသခံများက ပြောကြားသည်။
ဇီးကုန်းကျေးရွာအနီးရှိ သကြားစက်နှင့် တွဲထားသော BE အရက်ချက်စက်ရုံမှ အီသနောများ မဟာနန္ဒာကန်တွင်းသို့ စီးဝင်သော ပင်မဦးအောင်ဇေယျ တူးမြောင်းအတွင်းသို့ ရေမည်းများစီးဝင်ပြီး ယင်းရေမြောင်းတစ်လျှောက်ရှိ ကျေးရွာသားများ ရေချိုးရာတွင် ယားယံမှုများ အဖုအပိန့်များ ထွက်သူများရှိကြောင်း စုံစမ်းသိရှိရသည်။
ယင်းစက်ရုံ မတည်ဆောက်ခင်း အနီးတဝိုက်ရှိ ကြံခင်းဧကတစ်ထောင်ကျော်ကို စက်ရုံဧရိယာအဖြစ် သတ်မှတ်သိမ်းယူ ခဲ့ပြီး လျှော်ကြေးမပေးခဲ့ကြောင်း ယခုရေဆိုးများကို စက်ရုံပိုင်မြေအတွင်းမှာပင် စွန့်ပစ်လို့ရနိုင်ကြောင်း ကြံတောင်သူတစ်ဦးက ပြောကြားသည်။
မဟာနန္ဒာကန်မှ ရေကို ရွေဘိုမြို့ရှိရပ်ကွက် ၁၀ရပ်ကွက်မှ ပိုက်များဖြင့် သွယ်သုံးကြပြီး မဟာနန္ဒာကန်ဟုခေါ်သည့်ကန်ကို ကုန်ဘောင် မင်းဆက်ကို ထူထောင်ခဲ့သူ အလောင်းဘုရားဦးအောင်ဇေယျက တူးဖော်ခဲ့ခြင်းဖြစ်သည်။
ယင်းသကြားစက်ကို ဦးပိုင်ထံမှ ဦတေဇ လွဲပြောင်းလုပ်ကိုင်နေကြောင်း ဆရာတော်တစ်ပါးက ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ဦးတေဇအနေဖြင့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသော်လည်း အရက်၊ ဆေးလိပ်၊ ငါး လုပ်ငန်း မလုပ်ဟု ပြောဆိုထားသည်။
MP
By: သစ်ထူးလွင်
ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထုထိတ်လန့် ဦးပိုင် သကြားစက်မှ ရေဆိုးများကြောင့် ရွေဘိုမြို့လူထုထိတ်လန့် Reviewed by သစ်ထူးလွင် on 07:01 Rating: 5

3 comments:

ပီတိ said...

ယခုသတင်းဟာအမှန်အကန်ဖြစ်ကြောင်းထောက်ခံပါတယ်ကျနော်လဲသကြားစက်အနီးကျေးရွာတစ်ရွာကပါထိုသကြားစက်ရေဆိုးကြောင့်အနီးဝန်းကျင်ရှိပုပ္ပားရွာ၊ထန်းတပင်၊သပြေသာ၊ဇီးကုန်းမှလူအများနေ့စဉ်ရေပုပ်အနံ့ဆိုးကြီးကိုအလူးအလဲခံနေရပါတယ်အလွန်ပြင်းတဲ့ရနံ့ဆိုးကြီးပါသို့သော်တာဝန်မဲ့စွာကျေးလက်လူထုအပေါ်မှာမျက်ကွယ်ပြုနေကြပါတယ်နေ့စဉ်လေကောင်းလေသန့်မရရှိပဲဖြစ်နေပါတယ်ကြာရင်ဝန်းကျင်ကျေးရွာနေလူများကျန်းမာရေးအတွက်စိုးရိမ်စရာကောင်းလှပါတယ်မယုံသူများသွားရောက်လေ့လာကြည့်စေလိုပါတယ်သင်ပျတဲ့ရနံ့ဆိုးကြီးနဲ့သင်ရင်ဆိုင်ရမည်မှာမလွှဲမသွေပါပဲ ကျေးဇူးတင်ပါတယ်ကိုသစ်ထူးလွင်

Myanmar said...

စစ်ကိုင်းပြည်နယ်အစိုး၇ဆီ စာအမြန်တင်ပါ။ ပြည်သူ၇ဲ့တာဝန်ကိုယူဘို့ေ၇ွးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်တွေ၇ှိပါတယ်။ အမြန်တင်ပါ။ ဦးပိုင်ဆီကိုလဲ တိုက်၇ိုက်စာတင်ပါ။ မြို့နယ် တ၇ား၇ုံးကို စာတင်ပါ။ သက်ဆိုင်၇ာေ၇ွးကောက်တင်မြှောက်ခံ ပြည်နယ်အမတ်တွေ အိပ်ပျော်နေတာ အ၇ုပ်ဆိုးလှပါတယ်။။

ko oo said...

မြန်မာနိုင်ငံမှာလူကိုလူလို့ တန်ဖိုးထားရမယ့်ဥပဒေတွေမရှိသေးပါဘူး။ စက်ရုံမှ အညစ်အကြေးများကို စွန့်ထုတ်ရာတွင် ချက်ချင်းမစွန့်ထုတ်ရပါဘူး။သေချာစစ်ပြီး ဘေးထွက်ဆိုးကျိုးအနည်းဆုံးကိုမှ စွန့်ထုတ်ရပါတယ်။ စက်ရုံနားမှာနေတဲ့လယ်သမားတွေ၊ ငါးဖမ်းတဲ့သူတွေ ဘယ်လိုဆက်လက်ရပ်တည်နိုင်ပါတော့မလဲ။
လေးစားစွာဖြင့်
ကိုဦး(အညာမြေ)

Powered by Blogger.