![]() |
ဓါတ်ပုံ (googleimages) |
ရွေဘိုမြို့သူမြို့သားများ၏
သောက်သုံးရေ အဓိကရင်းမြစ်ဖြစ်သည့် မဟာနန္ဒာကန်တော်ကြီးထဲသို့
ဇီးကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ
ပိုင်ဆိုင်သည့် သကြားစက်မှ စွန့်ပစ်ရေဆိုးများ စီးဝင်မှုကြောင့်
ရေသတ္တဝါများနှင့် မြွေများ သေဆုံးပြီးနောက် မြို့နေလူထုမှာ
ထိတ်လန့်နေကြောင်း ဒေသခံများက ပြောကြားသည်။
ဇီးကုန်းကျေးရွာအနီးရှိ
သကြားစက်နှင့် တွဲထားသော BE အရက်ချက်စက်ရုံမှ အီသနောများ
မဟာနန္ဒာကန်တွင်းသို့ စီးဝင်သော ပင်မဦးအောင်ဇေယျ တူးမြောင်းအတွင်းသို့
ရေမည်းများစီးဝင်ပြီး ယင်းရေမြောင်းတစ်လျှောက်ရှိ ကျေးရွာသားများ
ရေချိုးရာတွင် ယားယံမှုများ အဖုအပိန့်များ ထွက်သူများရှိကြောင်း
စုံစမ်းသိရှိရသည်။
ယင်းစက်ရုံ
မတည်ဆောက်ခင်း အနီးတဝိုက်ရှိ ကြံခင်းဧကတစ်ထောင်ကျော်ကို စက်ရုံဧရိယာအဖြစ်
သတ်မှတ်သိမ်းယူ ခဲ့ပြီး လျှော်ကြေးမပေးခဲ့ကြောင်း ယခုရေဆိုးများကို
စက်ရုံပိုင်မြေအတွင်းမှာပင် စွန့်ပစ်လို့ရနိုင်ကြောင်း ကြံတောင်သူတစ်ဦးက
ပြောကြားသည်။
မဟာနန္ဒာကန်မှ
ရေကို ရွေဘိုမြို့ရှိရပ်ကွက် ၁၀ရပ်ကွက်မှ ပိုက်များဖြင့် သွယ်သုံးကြပြီး
မဟာနန္ဒာကန်ဟုခေါ်သည့်ကန်ကို ကုန်ဘောင် မင်းဆက်ကို ထူထောင်ခဲ့သူ
အလောင်းဘုရားဦးအောင်ဇေယျက တူးဖော်ခဲ့ခြင်းဖြစ်သည်။
ယင်းသကြားစက်ကို
ဦးပိုင်ထံမှ ဦတေဇ လွဲပြောင်းလုပ်ကိုင်နေကြောင်း ဆရာတော်တစ်ပါးက
ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ဦးတေဇအနေဖြင့်
စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသော်လည်း အရက်၊ ဆေးလိပ်၊ ငါး
လုပ်ငန်း မလုပ်ဟု ပြောဆိုထားသည်။
MP
By: သစ်ထူးလွင်
