ပရဆေး သိုလှောင်ဂိုဒေါင် အပူလွန်ကဲ၍ ပေါက်ကွဲခြင်းဖြစ်တယ်လို့ ဆို

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ အမျိုးသမီးကြီးတစ်ဦး
မေတ္တာမွန် ဂိုဒေါင်ဝင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ရခြင်းမှာ ဂိုဒေါင်ထဲတွင် သိုလှောင်ထားသော ပစ္စည်းများ အပူလွန်ကဲရာမှ လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်ရ သိရသည်။ မေတ္တာမွန် ဂိုထောင်ဝန်းအတွင်း တည်ရှိသော ဂိုထောင် အမှတ် (၇၉) မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ထိုဂိုထောင် (၇၉) တွင် ပရဆေးများ သိုလှောင်ထားခြင်း   ဖြစ်ကြောင်း၊ ယင်းဂိုထောင်၏ ပိုင်ရှင်အမည်မှာ ဦးမောင်မောင်ဝင်းဖြစ်ပြီး အသက် (၅၂) နှစ် ရှိပြီ  ဖြစ်ကြောင်း သိရသည်။  ယင်းပေါက်ကွဲမှုကြောင့် လူနေအိမ် ၉၈ အိမ် ပြိုကျပျက်စီး ခဲ့ပြီး ဒဏ်ရာရရှိသူ (၇၉) ယောက် ရှိကာ ၄င်းတို့ထဲမှ (၃၇) ဦးမှာ မီးသတ်သမား များ ဖြစ်ကြောင်း သိရသည်။ ”ထိခိုက်ဒဏ်ရာရသူက သန္ဓေမီးသတ်သမား (၃၁) ယောက် အရံမီးသတ်သမား (၆) ယောက်ပါ” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ များ၏ ပြောကြားချက်အရ သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် သေဆုံသူ စုစုပေါင်း (၁၆) ယောက်ရှိပြီး တာမွေမီးသတ်ဌာနမှ (၄) ဦး၊ ရုံးချုပ်မှ တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။”ရုံးချုပ်က သူက တာမွေမှာနေတာ မီးလောင်တော့ သူပါလိုက်သွားပြီး သေတဲ့အထဲမှာ သူပါ ပါသွားတာ” ဟု အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သေဆုံးသူတစ်ဦးအား သယ်ထုတ်လာစဉ်
၎င်းမီလောင်ကျွမ်းမှုကြောင့် စုစုပေါင်း တန်ဖိုးကျပ်သိန်း (၁၁၃၆) ရှိခဲ့ပြီး ဂိုဒေါင်နှစ်လုံး ၏ တန်ဖိုးမှာ သိန်း (၅ဝဝ)၊ ပျက်စီးမှုထဲတွင် ပါဝင်သော ကျန်ဂိုဒေါင် (၁၄) လုံးမှာ ကျပ်သိန်း ၂၈ဝ ရှိပြီး ပြိုကျပျက်စီးသည့် တန်ဖိုးမှာ ၂၂၆ သိန်း၊ ဆေးပေးခန်း ၁ ခန်း၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတို့၏ ဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၁၃ဝ ရှိကြောင်း သိရ သည်။  ယင်းကူးတို့ဆိပ်ရပ်ကွက်တွင် အနှစ် ၃ဝ ခန့်နေထိုင်သူတစ်ဦး၏ ပြောကြားချက်အရ ”အရင် အဲဒီနေရာက ဦးနေဝင်း လက်ထက်တုန်းက ဆန်တို့၊ ဆေးတို့ ပစ္စည်းတွေဝေတဲ့နေရာ အခု အစိုးရလက်ထက်မှာ ပုဂ္ဂလိကကို အငှားချ ထားခဲ့တာ။ အခုအစိုးရနဲ့ ဦးနေဝင်းတို့ ကြားထဲက အချိန်ကာလတုန်းက ငါးပိ၊ ငံပြာ ရည်တွေ လှောင်တဲ့ နေရာဖြစ်ခဲ့ဘူးတယ်” ဟု ပြောသည်။ ယခု မီးလောင်မှု မဖြစ်ပွားခင်အထိ နေ့စဉ်နှင့်အမျှ ကုန်များ အသွင်းအထုတ် လုပ်ခဲ့သည်။ ရပ်နားထားသည့် သင်္ဘော ၂ စင်း နစ်မြုပ်ခဲ့ကြောင်း၊ တစ်ဖက်ကမ်းရှိ သာကေတ၊ ဒေါပုံ မြို့နယ်အထိ ပေါက်ကွဲမှုကြောင့် ကျောက်တုံး ကျောက်ခဲများ လွင့်စင်ခဲ့ကြောင်း မီးလောင် မှု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ ရသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။  မီးစတင်လောင်ကျွမ်းရာ အမှတ် (၇၉) ဂိုထောင်၏ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်း ၃ဝဝ ခန့် ရှိကြောင်း မီးလောင်ရာသို့ လာရောက်ကြည့်ရှုသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းဂိုထောင်တွင် လက်ချား၊ ဇဝက်သာ၊ ယမ်းစိမ်း အစရှိသည့် ပယဆေး များ သိုလှောင်ထားခဲ့ပြီး မီးလောင်ကျွမ်းခဲ့မှုကြောင့် အောက်ခြေမြေကြီးထဲသို့ ၂ ပေခန့် နိမ့်ဝင်သွားကြောင်း စတင်လောင်ကျွမ်းချိန်မှာ နံနက် ၁ နာရီ မိနစ် ၄ဝ တွင် ဖြစ်ကာ ရန်ကုန်မြို့ကို တုန်ခါသွားစေသော ပေါက်ကွဲမှု ဖြစ်သည့်အချိန်မှာ နံနက် ၂ နာရီတွင် ဖြစ်ကြောင်း သိရသည်။
 တက်လူ (ပေါ်ပျူလာဂျာနယ်)
ဂိုဒေါင်များအား မီးလောင်နေပုံ
ပရဆေး သိုလှောင်ဂိုဒေါင် အပူလွန်ကဲ၍ ပေါက်ကွဲခြင်းဖြစ်တယ်လို့ ဆို ပရဆေး သိုလှောင်ဂိုဒေါင် အပူလွန်ကဲ၍ ပေါက်ကွဲခြင်းဖြစ်တယ်လို့ ဆို Reviewed by သစ်ထူးလွင် on 16:47 Rating: 5

10 comments:

Unknown said...

ဆာလ်လဖြူ ရစ်အက်ဆစ်ကန် ဆိုအခု ပယဆေးဖြစ်သွားပြီလား ??????????????????????ပယဆေးတွေ မီးလောင်တာက ရန်ကုန်တစ်မြို့လုံးကိုတောင် တုန်ခါသွားစေတယ်ပေါ့........ ??????????????????????ဘာတွေကိုဘယ်လိုယုံရမလဲကွယ်... ..............!!!!!!!!!!!!!!!!

soethuralwin said...

hote yat lar?

NLD Generation said...
This comment has been removed by the author.
Min Kha said...

ဒီလိုပါပဲ ... သူတို့ပဲအမျိုးမျိုး ... ကျွန်တော်ဆိုမီးစလောင်ကတည်းကရှိတာပဲ ... ပေါက်ကွဲမှုဖြစ်တော့ ကံကောင်းလို့ မသေတာ ... ခေါင်း ၃ ချက်ချုပ်လိုက်ရတယ်လေ ...

soethane said...

maybe we should only say like mr. ripley:"believe it or not!"

Bravo said...

ယခု media ခေတ်ပါ။ စာနယ်ဇင်းတွေ ဂျာနယ်တွေ ရောင်းရဖို့အရေးတခုထဲ အာရုံစိုက်နေရင်တော့ မင်းတို့လည်း ဝိသမလောဘသားတွေ ဖြစ်ကုန်လိမ္မယ်။ ကိုယ်ရေးတဲ့သတင်း ကိုယ်တာဝန်ယူရဲတဲ့ သတ္တိရှိမှရေးပါ။ ပြီးမှရတဲ့အတိုင်းရေးရတာတို့ ဘာညာကွိကွနဲ့ လျှောသွားတာမျိုးမဖြစ်စေနဲ့။ မပိုင်ရင်မရေးနဲ့။ ခုတော့ ဟိုဂျာနယ်ကတမျိုး ဒီဂျာနယ်ကတဖုံ အမျိုးမျိုးရေးနေရင် ဒါလုပ်စားတာလို့ပဲ ပြည်သူတွေကမှတ်ယူမှာပဲ။

http://www.mediafire.com/?06bg1xw6e7v7ml9 said...

ငွေပေါ့..ဗျာ...ကိုယ်ကြောင့်မီးလောင်လည်း...ငွေနဲ့သတ်လိုက်ရင်..သူများကြောင့်မီးလောင်တာဖြစ်သွားတယ်လေ..

kogyisoe said...

ပွင့်လင်းရာသီလေ။ အချိန်မရွေးချက်ပြုတ်ရေးက၊ လျှပ်စစ်ရယ်၊ ထင်းမီးသွေး၊ ဂက်စ် အစရှိသည်ဖြင့် အမျိုးမျိုးအသုံးပြုကာ အသုံးပြုကြရတယ်။ အရင်နှစ်တွေကဆို မီးကြိုတင်ကာကွယ်မှုအတွက် တာဝန်ရှိသူတွေအပိုင်းက ဆော်သြမှုပြုကြတယ်။ မေ့လျော့နေတယ်ထင်တယ်။ သူခိုးပြေးမှ ထိုးခွင်းထ နေလို့ မရနိုင်ဘူး။

နတ်ငမူးရဲ့စာ said...

ပေါ်ပြူလာ...လည်းယောင်ဝါးပါလား...ပရဆေးထုတ်ဖို့ .....ယမ်းစိမ်း(KNO3)..အဲ့လောက်စုဆောင်းထားတယ်ပေါ့...စာမတတ်လိုက်တဲ့ကောင်တွေကွာသေချာစဉ်းစားရေးပါလား..စာဖတ်တဲ့သူတွေနွားတွေမဟုတ်ဘူး......သစ်ထူးလွင်ကိုတော့..ဘာမှပြောစရာမရှိပါ...ကျေးဇူးအရမ်းတင်တယ်လို့ ပဲပြောချင်တယ်....ပေါ်ပြူလာကိုတော့..စာသင်ပေးချင်တယ်

kogyisoe said...

မဖြစ်နိုင်ဘူး....ကြားထားတဲ့သတင်းက..အဲဒီက ဂိုထောင်တော်တော်များများကို ဦးတေဇ က ကိုင်ထားတယ်လို့ကြားတယ်.
အဲဒီဘဲကြီး က လက်နက်ပွဲစားကြီးနော်......ဒါပေမယ့်...လိမ်ထားတာတော့ ပိရိတယ်...ဘာလဲ...ပရဆေးဂိုထောင်က ဓာတ်ပြုပြီးကွဲတာတဲ့

Powered by Blogger.