အင်းစိန် ထောင်တွင် ထားရှိနိုင်သည့် အကျဉ်းသား အရေအတွက်ထက် များစွာ ကျော်လွန်လျက်ရှိ

အင်းစိန် အကျဉ်းထောင်တွင် ထားရှိသည့် အကျဉ်းသား အရေအတွက်သည် အများဆုံး ထားရှိနိုင်သည့် အရေအတွက်ထက် များစွာ ကျော်လွန်လျက် ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက် လေ့လာခဲ့ရာ မကြာသေးမီက အစာငတ်ခံ ဆန္ဒပြခဲ့ကြသော အကျဉ်းသားများနှင့်လည်း တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ တွေ့ဆုံမေးမြန်းချက်များ အရ ဆန္ဒပြ အကျဉ်းသားများအား သောက်ရေ မပေးခြင်း၊ ခွေးတိုက်၌ ထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားချက်များ အရ သိရသည်။
The Voice Weekly
အင်းစိန် ထောင်တွင် ထားရှိနိုင်သည့် အကျဉ်းသား အရေအတွက်ထက် များစွာ ကျော်လွန်လျက်ရှိ အင်းစိန် ထောင်တွင် ထားရှိနိုင်သည့် အကျဉ်းသား အရေအတွက်ထက် များစွာ ကျော်လွန်လျက်ရှိ Reviewed by သစ်ထူးလွင် on 16:14 Rating: 5

1 comment:

Thanlwin said...

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလူတွေ ဗြောင်လိမ်နေပြီ။ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြရင် ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို လူစုခွဲထားတာ၊နောက် ရေဖြတ်လိုက်တာတွေဟာ ဦးနေဝင်း ခေတ်ထဲက ထောင်မှာ လုပ်ခဲ့တာပါ။ အစာငတ်ခံ ဆန္ဒပြသူတွေကို ကြာကြာမခံနိုင်အောင် အခန်းထဲက သောက်ရေအိုးတွေကိုပါ ဝန်ထမ်းတွေက သယ်ထုတ်သွားကြတာ။ကိုယ်တွေ့ မို့လို့ ပြောတာ။ဒီလူတွေရဲ့ ခုလိုပြောဆိုမှုကြောင့် ဒီအဖွဲ့အစည်းအပေါ်ယုံကြည်နိုင်မှုစံနှုန်းဟာ သုည ဖြစ်သွားပြီဆိုတာရှင်းနေတယ်။သိန်းစိန် စစ်တပိုင်းအစိုးရရဲ့်မကောင်းမှုတွေကို ရှေ့ကနေ လိုက်ညာပေးဘို့ ဖွဲ့ပေးလိုက်တာပါ။

Powered by Blogger.