သမ္မတဦးသိန်းစိန် နှင့် သူကြွယ်ဂျော့ဆိုရော့စ် တွေ့ ဆုံမည်

ဓါတ်ပုံဒီဇိုင်း (သစ်ထူးလွင်)
ပြည်ပရောက် မြန်မာနိုင်ငံ လှုပ်ရှားသူများစွာကို ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုတို့အတွက် ပညာသင်ခွင့်နှင့် အခြားအထောက်အပံ့များ ပေးအပ်ခဲ့သည့် Open Society Institute (OSI) နှင့် Soros Management Fund တည်ထောင်သူ သူကြွယ်ဂျော့ဆိုရော့စ် ဒီဇင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတကြီး အပါအဝင် အစိုးရအကြီးအကဲများနှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။ ဆိုရော့စ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ ငွေကြေးမူဝါဒဆိုင်ရာ အကြံဥာဏ်များပေးရန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်ပြီး လုပ်ကိုင်နိုင်စွမ်းရှိစေရေးအတွက် အကြံဥာဏ်များပေးရန်ဖြစ်ကြောင်း ၄င်းနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ ဆိုရော့စ်မှာ ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ဆိုရော့စ် တည်ထောင်ခဲ့သည့် Open Society Institute (OSI) သည် ဒီမိုကရေစီထွန်းကားရေးကို ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ယင်း၏အထောက်အပံ့ခံ Burma Project/ Southeast Asia Institute သည် အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများကို ပံ့ပိုးရန်တည်ထောင်ထားခြင်း ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
သမ္မတဦးသိန်းစိန် နှင့် သူကြွယ်ဂျော့ဆိုရော့စ် တွေ့ ဆုံမည် သမ္မတဦးသိန်းစိန် နှင့် သူကြွယ်ဂျော့ဆိုရော့စ် တွေ့ ဆုံမည် Reviewed by သစ်ထူးလွင် on 13:07 Rating: 5

6 comments:

ဘင်ဘင် said...

ကျွန်တော်တို့သမ္မတလည်း လုပ်တော့လုပ်နေတာပဲ..တစ်ချိန်လုံးတော့တွေ့နေတာပဲဟိုလူနဲ့ဒီလူနဲ့..ဘာမှ ပီပီပြင်ပြင်ဖြစ်တော့မလာသေးဘူး..အားလုံးက
ဝါးတားတားနဲ့ ..စီမံကိန်းတွေကြောင့် မြေဈေးတွေထိုးတက် 2သိန်းနဲ့သီလ၀ါမှာ ၀ယ်မဲ့သူမရှိတဲ့မြေကွက်က ခုသိန်းနှစ်ထောင် ဖြစ်နေပြီ စီမံကိန်းက ဘယ်တော့ စမယ်မသိဘူး မြေဈေးတွေထိုးတက်လို့ ဆင်းရဲသားတွေမွဲသထက်မွဲကုန်ကြပြီ ....လုပ်သာလုပ်နေတယ်ဘာတစ်ခုမှ မပီပြင်ဘူး ..ကိုယ်ကတော့ ဟာ ငါတို့နိုင်ငံပြောင်းလဲပြီထင်လို့ဝမ်းသာအားရနဲ့ တစ်ကယ်တမ်းတော့ သိပ်မထူးခြားနားပါပဲ..အစိုးရရုံးတွေမှာ အရင်လောက် တင်းတင်းမာမာ မရှိတော့တာကလွဲရင်ပေါ့..ခုရေတွင်းတူး ခုရေကြည်သောက်လို့မရမှန်းသိပေမဲ့ စိတ်ထဲမှာ ဘ၀င်မကျစရာတွေကတော့ အများကြီးပါပဲ..

tharrgyi said...

အဲဒါကြောင့်မို့ပြောတာပေါ့ မပြီးခင် ဗမာမမြင်စေနဲ့ လို့
ပြောပါလိမ့်မယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့

tharrgyi said...

ထပ်ပြောဦးမယ် ဒီဆိုဒ်လေးကကောင်းပါတယ်။
ဒါပေမယ့် comment ပေးဖို့ကို အဆင့်ဆင့် လုပ်နေရသလားလို့ admin ရေ။

Maunglusoe said...

ဆိုင်တော့မဆိုင်ပါဘူး the voice မှာသတင်းတွေ တင်တာလွဲတင်ထားတယ်
အဲ က commentေ၇းလဲမတက်ဘူးဗျ

shein said...

အခုအခြေအနေကို အားမလိုအားမရဖြစ်မိတာတော့ အမှန်ပဲ။ ဘာမှ ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အခွန်တွေကတော့ တစ်မျိုးပြီးတစ်မျိုး တက်လိုက်ကြတာ ၀န်ကြီးဋ္ဌာနတွေ အပြိုင်လိုက်တိုးနေသလားမှတ်ရတယ်။
မီတာခ၊ ရထားခ၊ အမှိုက်ခွန်၊ ရေခွန်၊ လမ်းတံတားကြေး စသည်ဖြင့် ပြောရင် ပြီးတော့မှာမဟုတ်ဘူး ပြည်သူတွေရဲ့ ၀င်ငွေတိုးလာအောင် အရင်မလုပ်ပေးပဲ၊ အရင်မလုပ်သေးပဲ အခွန်တွေပဲ တိုးတိုးကောက်နေတော့ ပြည်သူတွေမှာ ခါးချိရုံမကဘူး...ကျိုးကုန်တော့မယ်။ ဒီကြားထဲ ကုန်ဈေးနှုန်းတွေက အတက်ပဲရှိပြီး အကျမရှိဘူး။ ရရှိလာတဲ့ ၀င်ငွေကတော့ မတိုးတက်လာဘူး။ ဒီအထဲ အခွန်တွေက ဘက်ပေါင်းစုံကနေ တိုးကောက်နေတော့ ဘာဆက်ပြောရမှန်းကို မသိတာ့ဘူး..။ ဆင်းရဲမွဲတေမှုတွေ လျော့ချမယ်..ဘာမယ်...စတဲ့ စကားတွေ၊ ဂတိတွေကို တစ်ဖြည်းဖြည်း ယုံကြည်မှုတွေလျော့လာမိတယ်။

kelvin kawasaki said...

အကျိုးရှိမယ့် တွေ့ ဆုံမှုကိုပဲ လိုလားပါတယ်

Powered by Blogger.