" အဲဒီအခန်းဖြတ် " ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။

ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်း ဖြတ်" ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။

ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။

 The Voice Weekly
" အဲဒီအခန်းဖြတ် " ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင် " အဲဒီအခန်းဖြတ် " ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင် Reviewed by သစ်ထူးလွင် on 20:03 Rating: 5

7 comments:

ဘင်ဘင် said...

ဝိုးးးးးးးးးးး.........ကိုဝိုင်းအတွက် အရမ်းဝမ်းသာပါတယ် ခုလို
ဝင်ပြိုင်ခွင့်ရတာ......

Maunglusoe said...

စည်းကမ်းမညီညွတ်ဘူးဆို

Yangon Thar said...

This short satire film is already won the heart of the audiences who saw it as "People Choice".

မောင်မောင် said...

အယင်တုန်း က သူတို့ ပဲ ရုပ်ရှင်မြှင့်တင်ရေး ရုံး ( ဇာတ်လမ်းရုပ်ရှင်)
ကို သူပုန်စဲခန်း အနေဲ့ လုပ်ဇာတ်ရိုက်ခဲ့ ကြတာပါ။
ရုပ်ရှင်မြှင့်တင်ရေးက ကားကူး၊ကားဆေး၊ အသံဖမ်း၊ ရုပ်သံတည်းဖြတ်
တွေ ကောင်းမှု့ နဲ့  မြန်မာ့ရုပ်ရှင်ကားတွေ သူ့ အဆင့်သူရှိခဲ့ပါတယ်။
မြှင့်တင်ရေးက ရုပ်ရှင်ရုံမှာ သူတို့ တင်ပြသလို မဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက ဦးဝင်းမြင့် ( ညွှန်မှူး)ပါ။ အသံဖမ်းက ဦးရွှေဝင်းပါ။ ကျွန်တော် တို့  Mixing, Dubbing ကို အဲဒီမှာလုပ်ခဲ့ကြပါတယ်။
တခြားအသံဖမ်းစရာတွေကို Nawarat မှာ အသံဖမ်းခဲပါတယ်။
ရုပ်ရှင်ဆင်ဆာ အတွက် မြှင့်တင်ရေးက ရုံမှာ ရုပ်ရှင်ပြသခဲ့တုန်းက
တော့ ညွှန်မှူး ဦးဝင်းမြင့်လာကြည့်ပါတယ်။ ဒါပေမယ့် အခု ကားထဲ ကလို ဘာမှ တော့ ကျွေးစရာမွေးစရာမလိုခဲ့ပါ။
နောကိပိုင်း စစ်အစိုးရတက်လာပြီးတော့ ကျွန်တော် ကိုယ်တိုင် နယ်ဖက်
မှာ အရာထမ်းလုပ်နေတုန်းကတော့ ဒုဝန်ကြီး ဦးမြင့်မောင် ကို မောင်တောမှာ ဘလက်လေဘယ်နဲ့  ဘလူးကား ပြပြီးဧည့်ခံဖူးပါတယ်။
ခုတော့ စစ်အစိုးရလက်ထက် က ဗိုလ်မှူးဟောင်းတွေ ကို ကာရာအိုကေခန်းခေါ်သွားပြတာ မရိုက်ပြတာ ကို ကံကောင်းတယ်ပြောရမှာပါ။
ခေတ်အလိုက် ခေတ်အကြိုက်တော့ သူ့ ခေတ်တွေ နဲ့သူရှိနေကြဦးမှာပါ။
ဒီမိုကရေစီခေတ်မှာ လည်းပဲ “ ငါးမူးတန်း က ရုပ်ရှင်ကြည့်တဲ့
ဗိုလ်ချုပ်အောင်းဆန်း လို” လိုမျိုးလဲ ပေါ်လာဦးမှာ သေချာပါတယ်။

ကိုယ်တွေ့ တွေချည်းပါ။

Bravo said...

သြော်....နောက်ဆုံးတော့လည်း တူတူချည်းပါလား။
လူခင်တော့ မူပြင်သွားကြလေရဲ့။
တိုးတက်ဖို့တော့ တယ်မမြင်။
ဒါဆိုဘာလို့များ စည်းကမ်းမညီဘူးပြောနေသေးလဲ။
နံမည်ကြီးဖို့ ဝိုင်းလှော်ကြတာလား???????

winnaing said...

အင်တာနက်မှာတင်တာအပြစ်လား
အားလုံးကပြည်သူအတွက်ဘဲမဟုတ်လား
ကိုဝိုင်းဒီနစ်သစ်မှာပြည်သူအကျိုးသယ်ပိုးနိုင်ပါစေ


ဝင်းနိုင်

င်္ဟသာ said...

ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ ပြောကြပါ အပြုသဘော ဆောင်သော အကျင့်တွေ နဲ့ တိုင်းပြည့်ရဲ့ ပကတိအခြေအနေ ကိုကောင်းအောင်ဝိုင်းဝင်းဆောင်ရွက်ကြပါ။ မီးလောင်ရာ လေပင့် အဆင်းကို ဘီးမတတ်ပေးကြပါနှင့်။ အခု ချိန်မှာ လက်ညိုးတွေ အလားဟတ်သပ် ၀ိုင်းထိုးနေကြမဲ့ အတူ နောက်ထက် လက်လေးချောင်းထက်စိုက်ပြီးတော့
ကျွန်တော်တို့ တိုင်းပြည်မှာလိုအပ်နေတဲ့ ပညာရေး ၊ ကျန်းမာရေး ၊စီးပွားရေး တွေကိုဝိုင်းဝန်း မတင် တွန်းတင် ပေးကြပါလို့ ဆနပြုပါတယ်။

Powered by Blogger.