ပါတီဝင်များ ပါတီကိစ္စဖြင့် ခရီးသွားလိုပါက ကော်မရှင်သို့ အကြောင်းရမည်

နိုင်ငံရေးပါတီများအနေဖြင့် ပါတီကိစ္စရပ်ဖြင့် ခရီးသွားလိုပါက ကော်မရှင်သို့ အကြောင်းကြား ရန် ညွှန်ကြားချက်ထပ်မံ ထုတ်ပြန်ထားကြောင်း သိရသည်။

" နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီကိစ္စသွားမယ်ဆိုရင် ကော်မရှင်ကို အကြောင်းကြားဖို့ စာပို့ဖို့ ထပ်ညွှန်ကြားထားတယ် ပြောပါတယ်။ စာတော့ ပို့ထားပြီးပြီ။ အရင်ကလဲ ဒီလိုညွှန်ကြားထားတာမျိုး ရှိပါတယ်။ အခုကတော့ပိုပြီး ချုပ်လိုက်တဲ့သဘောပဲလို့ ထင်တယ်။ အခုက ကော်မရှင်အနေနဲ့ အသိပေးတာပေါ့နော်။ ဘယ် သွားသွား ကော်မရှင်ကို အသိပေးပါဆိုတာမျိုးပေါ့" ဟု မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အထွေထွေအ တွင်းရေးမှူး ဦးတင်မောင်အေးက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်အား ဒီဇင်ဘာပထမပတ်တွင် ကော်မရှင်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ အဆို ပါထုတ်ပြန်ချက်ကြောင့် ပါတီများ အနေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းများ ပိုမိုခက်ခဲသွားနိုင်ရန် မရှိကြောင်း သိရ သည်။

" ဒေသဆိုင်ရာ ကော်မရှင်တွေကို အကြောင်းကြားဖို့ပြောထားတော့ ကျွန်တော်တို့ကလဲ သွား သမျှနေရာတွေကို စာပို့ပေးရုံပဲပေါ့။ သိပ်တော့ပြဿနာမရှိပါဘူး။ သူတို့အနေနဲ့ ဒေသဆိုင်ရာကော်မရှင်တွေက ပါတီက ဆောင်ရွက်လှုပ်ရှားမှုတွေကို မှားအရးယူမျာစိုးလို့ ထုတ်ပြန်တာမျိုးလဲဖြစ်နိုင်ပါတယ်။ စာရဲ့ အောက် ဆုံးမှာ ဒေသဆို်င်ရာ ကော်မရှင်တွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ဆောင် ရွက်ဖို့ ညွှန်ကြားထားတာလဲ တွေ့ရပါတယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ပြော သည်။

ပန်းသတင်းဂျာနယ်
Myanmar News Now
ပါတီဝင်များ ပါတီကိစ္စဖြင့် ခရီးသွားလိုပါက ကော်မရှင်သို့ အကြောင်းရမည် ပါတီဝင်များ ပါတီကိစ္စဖြင့် ခရီးသွားလိုပါက ကော်မရှင်သို့ အကြောင်းရမည် Reviewed by သစ်ထူးလွင် on 00:32 Rating: 5

1 comment:

မင်းမြတ် said...

ကိုအေးလွင်တို့ပါတီလို တံတားဖြတ်ခ၊ အဝေးပြေး ကားလမ်းဖြတ်ခ တွေပေး နေရမှာစိုးလို့ စေတနာနဲ့ လုပ်ပေးတာလဲဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ သေချာတာကတော့ နိုင်ငံရေး ပါတီတွေ လွတ်လပ်စွာသွားလာခွင့်မရှိဘူးဆိုတာကို အရိပ်အမြွက်ပြလိုက်တဲ့သဘောပါ၊ အစိုးရသစ်ရဲ့ နည်းပညာအသစ်တခုပေါ့ဗျာ၊

Powered by Blogger.