ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်အောင်ဇော်

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။


နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ 
ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။
By:Freedom Person (Facebook စာမျက်နှာမှကူးယူဖော်ပြသည်)
ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို Reviewed by သစ်ထူးလွင် on 15:56 Rating: 5

41 comments:

Anonymous said...

good because the whole world respect to her
that's great for our leader DAW SU

အိုးဝေ said...

အေး နောက် 2015 ဒေါ်စုသမတ ဖြစ်ရင် ခွက်ဆွဲပြီးသာ တောင်းစားပေတော့။မင်းတို့ကို ဘယ်သူမှ မပေးတော့ဘူး။ဘာမှလဲဖြစ်မြောက်အောင် လုပ်တာလဲမဟုတ်ပဲနဲ့။

sai william said...

မှန်တယ်။ ကိုယ့်တိုင်းပြည် မကောင်းပြောတဲ့လူပေးမယ့်အစား ကိုယ့်တိုင်းပြည်က အကူအညီလိုတဲ့လူတွေပေးတာ ၀မ်းတောင်သာရအုံးမှာ။

admin said...

ငါဆံပင်ရှည်ထားတာ ဖြတ်ရောင်းဖို့ကွာ ငါက ကြိုမြင်တယ် အားလုံးကို.... မယုံရင် အောင်မျိုးမင်းကို မေးကြည့်ပါလား.....

admin said...

ငါပြောတာ သိတယ်ဟုတ်

Michael Linn said...

ရတုန်းကတော့ ကြိတ်စားနေတယ်ခုလို အစာမ၀မှ ထဟောင်တာ၊ ခွေးဟောင်လို့ဖုန်မထပါဘူး မင်းတို့ကို ဘယ်သူကမှလည်း မယုံကြည့်တော့ဘူးဟေ့

ven said...

အင်း ဒီလိုလဲ ဖြစ်တတ်သကိုး၊ ဒါတွေက လူ့သဘာဝတွေပါ၊ အပြစ်မမြင် ချစ်ခင်ကြပါနော်။

The Wild Rose said...

တနေ့ ဒီလိုပြောလာလိမ့်မယ်ဆိုတာ သိထားပြီးသား ... တလျှောက်လုံး လုပ်စားလာတာ ကြာပါကော ... မင်းတို့ကို ပေးမဲ့အတူတူ အထဲက အလုပ်လုပ်တဲ့သူ တကယ်လိုအပ်နေတဲ့သူတွေ တိုက်ရိုက်ပေးတာ မကောင်းဘူးလား ... အေးလေ ဘယ်ကောင်းပ့ါမလဲ ... မင်းတို့ အကျိုးစီးပွါး ထိခိုက်နစ်နာသကိုး ... ဝင်ငွေ မကောင်းဖြစ်တာကိုး ......

zhkk said...

These guys are parasites. They have been living on donations and sucking the blood money of Burmese for a decate. I am really support the DASSK judgment.

Aung said...

ဖြတ်သင့်တာပေါ့

ကိုနေ said...

အော် အခုတော့ ဒီလိုလဲ အပြစ်တင်တတ်တာကိုး ကိုအောင်ဇော် ။ ကျွန်တော် အမြင် ပြောရရင် အဲ့တာက သူများနဲ့ မဆိုင်ဘူး ကိုအောင်ဇော်တိှု့နဲ့ပဲဆိုင်တယ် ။ အဲ့တာလို ပြောလို့ ရန်ပုံငွေ ထောက်ပံ့ မယ့်သူ မရှိဘူး ဆိုရင် ကိုအောင်ဇော်တို့လည်း ပြန်ပြောလေ တခြား အဖွဲ့အစည်းတွေကို မထောက်ပံ့ နဲ့ ဧရာဝတီ ကိုပဲ ထောက်ပံ့လို့

Kha_Laung said...

DVB နဲ့  Irrawaddy က တကယ်ပြောတာ ကောဟုတ်လို့ လား။ သူတို့ တွေက အရူးတွေမှ မဟုတ်တာ။ ချင့်ယုံဗျို့ ။

yein said...

အောင်မာ.....ရာရာစစ......မင်းတို့ပါးစပ်က..စကားတွေအမျိုးမျိုးထွက်
လည်းထွက်နိုင်တယ်...ဒို့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို...ရင့်ရင့်သီးသီး
(အောင်ဆန်း)လို့ရေးခဲ့တဲ့ကောင်တွေ
အမေစုကြောင့်ထောက်ပံ့ကြေးမရတော့လို့ဆိုပဲ
မရတော့ရင် ပြည်တွင်းပြန်လာလေ ဒီမှာလုပ်စရာတွေအများကြီး...
သတ္တိရှိရင် ပြည်တွင်းကနေလုပ် အဝေးကြီးကလှမ်းအော်နေတာရပ်...

Thaw Demo said...

"စကားဆိုတာပြောတိုင်းလည်း မကောင်းပါဘူး ။။ problem အစ ပါးစပ် က "သတိ" ထားပြောလေ" ကိုယ်ပြောတာအားလုံး မှန်တယ်လို့ တော့မထင်လိုက် ပါနဲ့။ ခင်
ဗျား ဘာကိုဆိုလို တာနဲ့ ...စာဖတ်သူ ဘာတွေ ထင်သွားလည်းဆိုတာ ? so,,,,,ခင်ဗျားတို့ တိုင်းပြည်ကို အများကြီးလုပ် ခဲ့ရင် လုပ်ခဲ့မယ် ...BUT စကားကို သတိလေးထားပြီး ပြေစေချင်ပါတယ်။ ခင်ဗျား အဲဒီ လောက် မဆိုးပါဘူး။ မာန်လေးတော့နဲနဲ လျော့ပေါ့။ အမေ့ကို ခင်များ မပုတ်ခက်ပါနဲ့။ အမေက ကျွန်တော်တို့ရဲ့ ''ဘ၀'' ပါ။ အမေ မရှိရင် ...........ခင်များစဉ်းစား??? အားလုံး ခွေး ဖြစ်ကုန်မယ်။ ခင်များရဲ့ personal ကိုစော်ကားတာ မဟုတ်ပါဘူး ။ ဒီမို ကရေစီ စနစ်ဆိုတော့ ခင်များပြောလို့တော့ ရပါတယ် ။ အမေ့ရဲ့ personal ကို တော့မပြောပါနဲ့။။။။ ကျေးဇူးတင်ပါတယ်။။ အခုလက်ရှိ ကျွန်တော့်စိတ်ခံစားချက်။ ။ DVB နဲ့ ခင်များပါ တဲ့ dateline ARRIAWADDY အစီစဉ် တောင် ကျွန်တော် မကြည့်ချင်လောက်အောင် ဖြစ်သွားခဲ့ပါပြီ။

saw said...

This event point out your situation and everyone easy to know that is your associations are spare.No need for current society.

yein said...

ိdhammawadi နှင့် tony tony တို့ရေ မင်းတို့commentကြမ်းကြမ်းတွေ
နဲ့ဆော်ချင်ရင်..ဒီသတောင်းစားခွက်စောင်းခုတ်တွေကိုဆော်ဟေ့

စက်တင်ဘာထာဝရ said...
This comment has been removed by the author.
thetswan88 said...

အခုလိုဖြတ်ပစ်တာကိုကြားရတဲ့အတွက် အရမ်းဝမ်းသာကြောင်း၊နောင်လုံးဝ မပေးတော့ရန် ဆုံးဖြတ်လျှင် ပိုမိုပြီးဝမ်းသာကြောင်း.........

angry ppl said...

What is their purpose? What are they doing? People donate to Daw Su is better, she can make develop for country. All of you are talk only nothing for our nation and our country. All news are not describe true. Shouting only, she is really to do develop our nation. Now every countries like to invest in our country.We support DAW AUNG SAN SU KYI AND HER PARTY.

Allion said...

ရတုန်းကတော့ ကြိတ်စားပြီးတော့မှ... ငတ်ခါနီးမှလာအော်နေတယ်...
ဟဟ... အပြင်မှာနေပြီးအော်နေမဲ့အစား ပြည်တွင်းပြန်လာပြီး တိုးတက်ရာတိုးတက်ကြောင်းလေးလာလုပ်ပါ့လား...
အမေစုပြောတာမှန်တယ်လေ ပြည်တွင်းမှာတကယ်လိုအပ်နေတဲ့နေရာကိုလှူရမှာပေါ့... အဲလို အမေစုတို့ကို အပြစ်ပုံချတာကတော့မကောင်းပါဘူးဗျာ...
ခွေးစိတ်ပေါက်နေတယ်နဲ့တူတယ်နော်... အဲဒီပြည်ပြေးတွေ...

kokomg said...

every body pls attention

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်အောင်ဇော် he's blame to our nation leader MOTHER of BURMA DAW SU
so we have to punish aung zaw please we are no read the ဧရာဝတီ နှင့် ဒီဗွီဘီ

thanks

Tri Asian Taste said...

မင်းတို့ မရှိလည်းဖြစ်တယ်ဆိုတာ သိတဲ့အချိန်နောက်မကျသေးပါဘူး။ ကိုကျော်သန်းရေး ဒီတခါ ဆင်ဖြူတော်ဂွေးကြားက သန်းတွေ သူတို့  အီးက နေပြည်တော်တခွင်မလွှမ်းနိုင်တော့ဘူးတဲ့

Yangon Thar said...

DVB and Irrawaddy news are excellence news agencies that had informed the world about Burmese people struggle for democracy and support democratic movement in Burma and stand with Daw Aung San Suu Kyi and NLD since 1988.
But they are non government agencies and need support from public donation from governments,non government organizations and private organization and readers.

Since financial crisis and budget short falls across the world, these organizations which used to give financial support have to cut cost, hence less funding for DVB and Irrawaddy.

The less financial support from the supporter should not be blamed on NLD and Daw Aung San Suu Kyi. Its a very simplistic explanation view of Ko Aung Zaw. He should be careful when talking to other news outlet who could twist your statement into something like this.

Ar Ga said...

သူတို့ ထောက်ပံ့ကြေး၇ဖို့ကို အမေစု က ထောင်ထဲ ပြန်ဝင်၇မယ့်ပုံပဲ ၊ အဲလိုကြီး တကယ်ပြောတာေ၇ာ ဟုတ်ပါ့မလား ။ ဟုတ်၇င်တော့ ခေါင်းထဲမှာ ချီးပဲ၇ှိမယ့်ကောင်တွေ ။

burma said...

ခွေးမသားအောင်ဇော်လုပ်စားနေတာသိသာတယ်...ခွေးမလား..မင်းဗမာပြည်လာကြည့် သင်္ဂျိုင်းကုန်းပို့မယ့်သူတန်းစီနေမယ်...ခွေးသား..ရနေတော့ဒေါ်အောင်ဆန်းစုကြည်..မရတော့ ဒေါ်စုကြည်..မကောင်းတတ်လို့ ဒေါ်စုကြည်လို့ခေါ်တာနေမှာ...မဟုတ်ရင်တော့ စုကြည်လို့ခေါ်မယ့်ကောင်....ခွေးသား....ခွေးသတင်းဌာန....

Saw Kyaw said...

ဧရာဝတီ . . . . . ငိုနေပြီ
ဆိုတဲ့သီချင်းလေးတော့ တောထဲမှာနေတုံးက ဘိတ်ထားဝယ်ခရိုင်က စောလယ်ဝါးဆိုထားတာ နားထောင်ဘူးတယ် အခုတော့ ဧရာဝတီ တကယ်ငိုနေရပြီပေါ့

Cho Tuu Mar said...

ရန်ကုန်သား ပြောတာမှန်တယ်။ ကမ္ဘာ တဝှန်း စီးပွားရေးတွေ မကောင်းလို့ အလှုငွေ လျော့သွားတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်အလှုငွေရတာ လျော့တာ အန်တီစုနဲ့ အန်အယ်လ်ဒီကို အပြစ်ပြောတာ အရုပ်ဆိုးပါတယ်။ တကယ်က အလှုရှင့်သဘောပါ။ လှုချင်တဲ့ဆီ လှုမှာပါ။ အပေါ်မှာ တယောက်ရေးသလို ကိုယ်လည်း အလှုခံပေါ့၊ လှုချင်အောင် လုပ်ပြပေါ့။ အခုတော့ အန်တီစုကိုတောင် ခေါ်ပုံ၊ ရေးပုံက ဒေါ်စုကြည်တဲ့။ နိုင်ငံခြားသားတွေက Ms. Suu Kyi ခေါ်တာက နောက်ဆုံး Sir name အနေနဲ့ ခေါ်တာ။ စစ်အစိုးရက ခေါ်တာက နှိမ်ပြီးခေါ်တာ။ ဧရာဝတီက ဘာသဘောနဲ့ ဒေါ်စုကြည် ခေါ်တာပါလဲ။ မသိလို့မေးတာပါ။ ကျွန်မသိသလောက် အန်တီ့ကို လေးစားသူအားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ မစု၊ အမစု၊ အန်တီစု၊ အမေစု ပဲ ခေါ်ကြလို့ပါ။ အခေါ်အဝေါ်က ကိုယ့်တွင်းကိုယ်တူးသလို ဖြစ်လာပြီနော်။

Lun Lunn said...

((နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။))

ဒေါ်စုနဲ့NLD ကို အဓိက တရားခံလို့ သုံးနှုန်းပြောရဲတဲ့ (ဦး)အောင်ဇော်ဆိုသူကိုတော့ အံ့သြမိပါရဲ့။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲု့မြန်မာနိုင်ငံသားတိုင်း ဘယ်သူကမှ ဒေါ်စုကြည်လို့ ခေါ်တာမကြားဖူးပါ။ အမေစု၊ ဒေါ်စုလို့သာ ချစ်မြတ်နိုးမှုနဲ့ ခေါ်ကြတာမို့ ဒေါ်စုကြည်လို့ ခေါ်ဝေါ်သုံးစွဲမှုအပေါ်လည်း စဉ်းစားစရာပါပဲ။

မူရင်း http://www.thithtoolwin.com မှာ ဖတ်ရသလောက် သတင်း ခေါင်းစည်း နဲ့ သတင်းဖော်ပြချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်လို့ အမြဲသုံးထားတာ တွေ့ရပြီး ဒီသတင်းရဲ့ သတင်းဖော်ပြချက်မှာသာ ဒေါ်စုကြည်လို့ ခေါ်ဝေါ်သုံးစွဲထားတော့ ဒီဆိုဒ်က ဒီတစ်ကြိမ် ခေါ်ဝေါ်သုံးစွဲတာလား၊ (ဦး)အောင်ဇော်ရဲ့ ခေါ်ဝေါ်သုံးစွဲမှုအတိုင်း ဖော်ပြတာလားဆိုတာတော့ မသိပါဘူး။

အလှူရှင်ဆိုတာ သူအသုံးဝင်မယ်လို့ ထင်တဲ့နေရာကိုပဲ လှူမှာပဲ။ ဒါ လုပ်သင့်လုပ်ထိုက်တာမို့ သာဓု မောဒနာတောင် ခေါ်ဆိုရဦးမှာ။ ခုတော့ မုဒိတာ မပွားနိုင်တာကို ဖုံးမရစွာ ဖွင့်ထုတ်လိုက်တာဆိုတော့ တစ်မျိုးကောင်းတာပါပဲ။

philosophermgmyathar said...

အောင်ဇော်ဆိုတဲ့ကောင်နဲ့အပေါင်းပါများ ...မင်းတို့က ဒေါ်စုကြည်လို့ပြောရ
အောင် မင်းတို့က အန်တီနံမည်ကိုဘာဖြစ်လို့အပြည့်အစုံမပြောတာလဲ.နအဖ
နဲ့ တချိုးထဲ .စောက်ကျင့်တွေက ...ငါလိုးမသားတွေ..ဟိုတခါလည်း ၈၈
အရေးတော်ပုံက မင်းတို့ကြောင့် ရှင်သန်နေရသတဲ့ ..မင်းတို့ကနိုင်ငံရေးလုပ်
စားများပါ ..ဒေါ်စုကြည်လို့ နောက်တခါခေါ် ရင် မင်းတို့ မဲဆောက်ကိုငါလာ
ပြီး မင်းတို့ကို ပါးရိုက်မယ်..နောက်တခါခေါ်ရဲရင်ခေါ်ကြည့် ..အခြောက်
လိုလို ..လီးလိုလို မှိုလိုလို ..မျှစ်လိုလိုနဲ့ ...သတိထား

U Thar said...

မင်းမျက်နှာကြီးပြပြီးတော့ပြော၇ဲတဲ့သတ္တိ
ကိုတော့လေးစာသွားပီး ထိုင်းအခြေစိုက်
မှာသွားပီးသသက်လုံးဘဲ ဧ၇ာဝတီ ကို
သူများပေးနေတဲ့ထောက်ပံ့စာနဲ့၇ပ်တည်
ပြီးထိုင်စားတော့မယ်ထင်တယ် ကို့အား
ကိုကိုးပီး၇ှာမစားတတ်တော့ဘူးထင်တယ်
နိုင်ငံေ၇းခံယူချက်နဲ့ထွက်လာတဲ့သူတွေတဲ့
..ထွီ..ဒီလိုေ၇း၇ဲတာတော်တော်သတ္တိ
တော့မဟုတ်ဘူး အ၇င်း၇ှင်၇ဲ့မျိုးဆက်တွေ
ဘဲဖြစ်မယ် ပြည်တွင်းမှာငတ်မွတ်နေတဲ့ပြည်
သူတွေအတွက်လုပ်ဆောင်နေတာကို မင်း
တို့အတွက် နစ်နာတယ်လို့ပြော၇ဲသေးတယ်
ပြည်တွင်းထဲကနိုင်ငံအတွက်လှုပ်၇ှာနေတဲ့
သူတွေ၇ဲ့မျက်နှာတွေကိုလဲ တချက်လောက်
မျက်နှာငဲ့ပါအုံးမင်း၇ှက်တတ်မယ်ဆို၇င်အပေါ်
ကမှတ်ချက်ပေးတဲ့သူတွေ၇ဲ့စာကိုဖတ်ပြီးသေ
သင့်ပြီ မင်းတို့ထင်ထားတလိုအ၇င်ပြည်သူတွေ
မဟုတ်တော့ဘူး မျက်စိတွေနားတွေပွင့်လာပြီ
အားလုံးကိုသိလာပြီ။

aung san lin said...

သူတောင်းစား ခွပ်ဖတ်စား လူလိမ် မိုတ်ရိုင်း စည်းကမ်းမရှိ အဖစော်ကား( ပေါက်ပင်ကိုင်းရိမ်း ထမီဝတ်ကြောင် ခွေးလိုဟောင် ကြောင်လိုပွတ်သပ် ခိုလိုညဉ်း ကျီးလိုမြည် လဒလိုအသနားခံ)လဲ မင်းတို့လိုကောင် ၀ဲစားတွေကို မပေးဘူးဟေ့....။ ပြည်တွင်းက အကျိုးပြု သူတွေပေးလှူတာပိုမြတ်တယ်ကွ.....မင်းတို့က စားပြီးနားမလည် သူများပေးတဲ့ငွေနဲ့ထောင်ထောင်ထောင်ထောင် ဖြစ်ပြီး အဖကိုတောင်စော်ကားတဲ့ကောင် ခွေးသူတောင်းစားတွေ....အို့အို့အို့ အစာကျွေးဖို့ခေါ်တာမဟုတ်ဘူး စောက်ကန်ဖို့ခေါ်နေတာ...။

Kha_Laung said...

ဧရာဝတီ နဲ့ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း ဘယ်မှာမှရှာလို့ မတွေ့ ဘူး။ ဧရာဝတီ နဲ့ DVB ကို မလိုလား တဲ့ သူတချို့ က ချွန်လိုက်တာဖြစ်နိုင်ပါတယ်။ ၁၉၉၀ခုနှစ်နောက်ပိုင်း ကတည်းက မြန်မာ့ရေးရာဆိုရင် အားလုံးက သူတို့ ကိုစောင့်ဖတ်ရတာဘဲလေ၊
သူတို့ တာဝန်ကျေခဲ့တာတွေအများကြီရှိပါတယ်။ အထက်က ဝေဖန်သူများရော ဘာတွေများ တာဝန်ကျေခဲ့ တာရှိပါသလဲ။

ွှအဓိကဆိုလိုချင်တာကတော့ ဘယ်သူက အခုအပေါ်မှရေးထားတဲ့သတင်းကိုဘာရည်ရွယ်ချက်နဲ့  ဖြန့် တာလဲ။ ဘယ်လိုအတည် ပြုလို့ ရမလဲ။

ဒေါင်းမင်း said...

ဧရာဝတီကကောင်ကစောက်ချိုးမပြေဇောက်ထိုးသေချင်နေလား
မင်းတို့ကိုအလှူငွေဖြတ်ပစ်တော့တောင်းစားပေါ့ကွာသူတောင်းစား။
များမမိုက်ရိုင်းချင်ဘူး။ခွေးမသားဒီမိုကရေစီးဗန်းပြပြီး.တောင်းစား
နေတဲ့ခွေးသူတောင်းစားတွေ..မင်းတို့သူတောင်းစားဖြစ်လို့
မြန်မာပြည်ပြန်လာတောင်းရင်.စောက်ခွပ်ကြီးဖြတ်ကန်ပစ်မယ်
ခွေးမသားအောင်ဇော်နဲ့အဖွဲသားတွေ။ဒီဗီဘီကခွေးမသားတွေ
သေချာမှတ်ကြ။

lovefordead said...

နိုင်ငံရေး အဓွန့်ရှည်ပါစေ လူတန်းစားတော့ မလုပ်ကြနဲ့ကွာ... ဒေါ်အောင်ဆန်းစုကြည်ကြောင့် နိုင်ငံတော်ကောင်းစားနေရင် မင်းတို့က ကျေနပ်ရမယ့်ဟာကို ဘာလို့များ အပြစ်တင်နေရတာတုန်း။

noreen said...

ဘယ်သူတွေဘာပဲပြောနေပါစေ။ ကိုယ်လုပ်တာ မှန်ဖို့နဲ့ လူတွေအတွက် အကျိုးရှိဖို့ အရးကြီးပါတယ်။

payit2011 said...

ငွေမှန်နေတုန်းက ဘီယာစုတ်ရင်းပေါက်ကရရေုးတုန်းက နအဖက ဒေါ်စုလို့သုံးနုန်းတာကိုတောင်မကျေနပ်တဲ့သတင်းဌာနတွေက အခုခွေးစားခွက်နဲ့စားရမယ်ဆိုတော့ဟောင်ပြီပေါ့ ၊မောင်အောင်ဇော်ဆိုတဲ့ငတုံးရေ၊ဒေါ်စုကိုအရင်းပြုပြီး ပေါက်ကရရေးလို့မင်းတို့ နှစ် ၂၀ လောက် ရပ်တည်ခဲ့တာကိုလဲ (ခိုင်...ခဲ့တာကိုလည်း)ထည့်တွက်ကြလေကွာ၊ ဒေါ်စုနဲ့ အင်အယ်လ်ဒီသာမရှိရင် ၊စစ်အစိုးရမှာ ဒေါ်စုလို အတိုက်အခံအုပ်စုကောင်းကောင်းမရှိရင် မင်းတို့လဲကောင်းကောင်းဖွလို့မရ၊ ဘာရေးရမှန်းလဲမသိပဲနဲ့ အဲဒီကတည်းကမင်းတို့ ဘိုင်ပြတ်ပြီး ဖင်ပေါင်နေရတာကြာပေါ့ ၊ ကျေးဇူးရှင်ကိုစော်ကားတယ်၊ ဒေါ်စုတို့ ကမင်းတို့ကျေးဇူးရှင် ၊ထမင်းရှင်လို့တောင်ပြောလို့ရတာကွ ..၊မင်းတို့ရတဲ့ငွေက..နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးပြောင်းလဲမှာဆိုတာကို မင်းတို့ရဲ့ သောက်သုံးမကျတဲ့ဖြုတ်ဦးနှောက်နဲ့ အပတ်စဉ်ဆွေးနွေးနေတဲ့စကားဝိုင်းထဲက ချီးဘရိန်းတွေ မသုံးသပ်ခဲ့ကြဘူးကြိုတင်မတွေးဆခဲ့ကြတာကတော့ ခံကြပေါ့ကွာ...သူတို့ရဲ့မယားပါသားမို့ မင်းတို့ကို အမြဲတမ်းထောက်ပံ့နေရမှာလား တ..တလင်းချိတ်..နဲ့တုံး.တဲ့ငတုံးများရေ။

chawthu said...

ရယ်လည်း ရယ်ရတဲ့ကောင်တွေကွာ...... ကိုယ်ကျိုးမရတော့ နိုင်ငံအတွက် လုပ်နေတဲ့ အမေနဲ့ NLD တောင် တရားခံဖြစ်ရသေးတယ်.......။ ပြောတတ်လိုက်တဲ့ ပါးစပ်..... ရွှေချထားဖို့ကောင်းတယ်။ အေး....ဟိုမှာ ခွက်ဆွဲနေရမှ မြန်မာပြည်ထဲ ပြန်မလာနဲ့နော်...... မင်းတို့လို တစ်ဘို့ထဲ သမားတွေအတွက် အခုအချိန်က နေရာမရှိဘူး......။ ငါ့အထင်တော့ မင်းတို့က အမေ ပြန်လွတ်မြောက်လာတာ ကျေနပ်မယ် မထင်ဘူး......။ ဟား..... မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှုကို လိုလားတယ်ဆိုတဲ့ ကောင်တွေက...... အမေ့ကိုများ လက်ညှိုးထိုးရတယ်လို့..... တောက် !!!!!!

maungtutshwe said...

What is better than Country?

နတ်ငမူးရဲ့စာ said...

ဟေ့စောက်ငတ်....အောင်ဆန်းလို့ ခေါ်အုန်းလေ..မအေပေးလေး...ဟောင်လိုက်တာဆိုတာပြောမကောင်းဘူးစောက်ဖြစ်ကတချက်မရှိ

ming said...

http://www.naytthit.net/?p=17014

pzz said...

အန်တီစု လုပ်တာမှန်ပါတယ်။ တကယ်တော့ ပြည်တွင်းကအလုပ်လုပ်မှ Society ကိုမြှင့်တင်ဖို့အလုပ်ဖြစ်မှာပါ။ ပြည်ပရောက်ဒေါ်လာစားများကတော့ မကြိုက်ဘူးပေါ့။ တကယ်တော့ ပြည်တွင်းမှာပဲ အင်အားကပိုရှိတာပါ။ အဲဒီအင်အားတွေ ပိုအားကောင်းဖို့အတွက် အန်တီစုပြောတာ ကိုမှန်ကန်တယ်လို့ လက်ခံရမှာပါ။ အောင်ဇော်ကို ပြောချင်တာက ရန်ပုံငွေရမှ ခင်ဗျားတို့ မီဒီယာကြီးကလည်ပတ်နိုင်မှာဆိုရင် ခင်ဗျားတို့အလုပ်ဆက်မလုပ်ရင်ကောင်းမယ်။ မြန်မာပြည်တွင်းမှာ ဘာရန်ပုံငွေမှမယူပဲ ကိုယ့်ထမင်းကိုစားပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူတွေ အများကြီးပါ။ ကိုယ့်လိပ်ပြာ ကိုယ်သန့်နိုင်ကြပါစေ---။

Powered by Blogger.