ဦးဝင်းထိန် မိထ္တီလာ၊ ဒေါက်တာတင်မျိုးဝင်း ကျွန်းစု၊ မုံရွာအောင်ရှင် ပုလဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်

ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်
 NLD ပါတီ၏ ရုံးအဖွဲ့မှူးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ မန္တလေးတိုင်းတိုင်းဒေသကြီး မိထ္တီလာမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ဒေါက်တာတင်မျိုးဝင်း
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ၏သမီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာတင်မျိုးဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း ဒေါက်တာတင်မျိုးဝင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

မုံရွာအောင်ရှင်
 လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ တခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မုံရွာအောင်ရှင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံဖွယ်ရှိကြောင်း သိရသည်။
NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၈ နေရာလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုထားရာ ပုလဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
By: သစ်ထူးလွင်
ဦးဝင်းထိန် မိထ္တီလာ၊ ဒေါက်တာတင်မျိုးဝင်း ကျွန်းစု၊ မုံရွာအောင်ရှင် ပုလဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင် ဦးဝင်းထိန် မိထ္တီလာ၊ ဒေါက်တာတင်မျိုးဝင်း ကျွန်းစု၊ မုံရွာအောင်ရှင် ပုလဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင် Reviewed by သစ်ထူးလွင် on 23:41 Rating: 5

No comments:

Powered by Blogger.