လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း

Michael Aris, Aung San Suu Kyi and their first son Alexander, in 1973 Photo: ARIS FAMILY COLLECTION/GETTY IMAGES
အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကို ကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံ က တောင်တန်းတွေ ကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင်မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ သုသေသနပြုလုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ကိုယ်တို့  နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ ကြတယ်လေ။

 မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေစကား မျိုး ကို အနှောင်အဖွဲ့ ကင်းကင်းနဲ့  ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ့  အရေးကို ဆောင်ရွက်ဖို့  လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို့  ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီးမှ သာ ကိုယ့်အချစ် ကို မင်းက လက်ခံခဲ့တာလေ။ အဲဒီအချိန်ကတည်းက မင်းရဲ့ နှလုံးသားမှာ တိုင်းပြည်နဲ့  မြန်မာပြည်သူပြည်သားတွေ သာ ပထမ နေရာမှာ ရှိနေခဲ့တယ် ဆိုတာကို ကိုယ် ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။ မင်းရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ့ ပါရမီဖြည့်ပေးဖို့ လဲ ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။
Photo: internet
ကိုယ်တို့ ရဲ့ အိမ်ထောင်သက်တမ်း ၁၆ နှစ်သာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ့  အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။ အလုပ်တာဝန်က တဘက်နဲ့  အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ့  ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ့  တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့် တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို့  နေခဲ့တယ်။  
သားနှစ်ယောက် အသက် ၁၂နှစ်နဲ့  ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ ( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို့မိသားစုရဲ့ ကွဲကွာခြင်းအစလို့  ကိုယ်တို့  အားလုံး ကြိုတင် မသိထားခဲ့ကြဘူးနော်။
စုရေ မင်းဟာ…အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးကောင်းတစ်ယောက် လဲ ဖြစ်လို့  နေပြန်ပါရောလား။  မေတာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘ၀ကနေ၊ နူးညံ့သိမ်မွေ့ တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။မိခင်တစ်ဦးအနေနဲ့  ရော၊ အိမ်ထောင်ရှင်မ တစ်ဦးအနေနဲ့ ပါ သားတွေကို စွန့် ၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ့ ပြတ်သားတဲ့ လုပ်ရပ်ကို မင်းသူငယ်ချင်းအချို့  က နားမလည်စွာနဲ့  ပြောဆိုဝေဖန်ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုပ်တွေကို လုပ်နေတာပါ” လို့  ပြန်ပြောလေ့ရှိတယ်။ “ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို့  မင်းပြောခဲ့ဖူးတယ်။ ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလှုပ်ငန်းတစ်ခုတည်း အပေါ်အာရုံထားဖို့ ၊ ကလေးတွေ အတွက် မပူပန်ဖို့  ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေ ဟာ ကလေးတွေ အပေါ်တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။  
မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ  ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို့ သားအဖတွေဟာ မင်းရဲ့  လှုံခြုံရေးအတွက် အချိန်နဲ့  အမျှ စိုးရိမ်ပူပန်နေခဲ့ကြရပါတယ်။ ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို့  အမြဲမျှော်မိခဲ့ကြတယ်။ “မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။ စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို့  သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အနရာယ်တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို့  ကိုယ်ဖြေတွေးတွေးခဲ့ပါတယ်။
မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာ တွေ ပေါ်ထွက်လာတိုင်း ကိုယ့်ကြောင့် မင်းရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကို လည်း စိတ်မကောင်းကြီးစွာဖြစ်လို့ နေခဲ့ရပါတယ်။ မြန်မာ့အရေးအတွက် ကိုယ်လဲ တတ်နိုင်တဲ့ ဘက်က ပါဝင်ဆောင်ရွက်ချင်တာမို့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် နိုင်ငံရေး၊ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂိုလ်တွေ နဲ့ ကိုယ် တိတ်တဆိတ် သွားရောက်တွေ့ ဆုံပြီး စည်းရုံး လှုံ့ ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာ စိုးတဲ့အတွက် လျှို့  ၀ှက်စွာနဲ့  ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေကို လဲ ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။
နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေ ပို့ ပေးခဲ့တယ်။ နယ်ဆလ်မင်ဒဲလားအကြောင်း၊ ဂနီအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ့ လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။ အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ်မျိုးစုံ တွေရယ်၊ မင်းရထားတဲ့ နိုဘယ်ဆု အပါအ၀င် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂ်ုယူစွာနဲ့  ခင်းကျင်းပြင်ဆင်ထားတယ်။
စုရေ နေအိမ်အကျယ်ချုပ်ဘ၀နဲ့  အထိန်းသိမ်းခံဘ၀ဟာ မင်းအတွက် ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။ တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘ၀နဲ့  မင်းသေများသွားပြီလားလို့  တွေးပူနေချိန်မှာ ဒေါ်စုအိမ်က စနရားသံကြားရတယ်လို့  သတင်းကြားလိုက်ရလို့  ကိုယ့်မှာ ပြောမပြတတ်လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို့ ရတဲ့ စနရားသံတောင် မကြားရတော့ဘူး ဆိုတဲ့ အချိန်မှာ ကိုယ် သွေးပျက်ခဲ့ရပါတယ်။ စနရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကြပ်တည်းလို့ ရောင်းလိုက်ရတာများလား ဆိုပြီး တွေးပူရသေးတယ်။ ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ်နေချိန်၊ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ့  ရှေ့ ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘ၀ကို လဲ ငါမုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုးအတွက် သတိရှိရှိနဲ့ တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ့  ခင်ပွန်းသည်ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂ်ုယူမိပါတယ်။
၁၉၉၅ ခု ရဲ့  နေ့ တစ်နေ့ မှာ ဖုန်းထဲက နေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ်အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်လာပြီလို့  သိလိုက်ရတော့ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တို့ တွေ ပျော်ပျော်ပါးပါးနဲ့ မြန်မာပြည် ကို အပြေးသွားခဲ့ကြတယ်။ သားငယ်ကင်မ် က လူပျိုကြီးဖားဖား ဖြစ်နေတာကို မြင်တော့ အပြင်မှာတွေ့  ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို့ မင်းပြောခဲ့သေးတယ်နော်။ စုရေ ..တယောက်တည်း အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရပေမယ့် မင်းဟာ အရင်ကထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့သံမိစိတ်ာတ်တွေကို ကိုယ်မြင်တွေ့  ခဲ့ရတယ်။ အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ့  အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို့ မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့  ကိုယ်ကျေနပ်ခဲ့မိပါတယ်။
အဲဒီ ၁၉၉၅ ခုနှစ် ဟာ မင်းနဲ့ ကိုယ်နဲ့  နောက်ဆုံးတွေ့ ခဲ့ကြရတာပဲနော်။ ၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို့  သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ့  လောကကြီးထဲ နေရဖို့  အချိန်သိပ်မကျန်တော့လို့ ၊ မသေခင်မှာ မင်းကို လူချင်းတွေ့ ပြီး နှုတ်ဆက်သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခြဲ့ကဘူး။ မြန်မာအစိုးရရဲ့  ဗီဇာငြင်းပယ်မှုကို အားမလျော့ပဲ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃၀လောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခနာကိုယ်က လဲ သိသိသာသာ ကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ့  အမေရိကန်သမတ ကလင်တန်တို့ အပါအ၀င် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတာရပ်ခံစာ ရေးခဲ့ကြပေမယ့် ဗီဇာမရခဲ့ပါဘူး။ ဆိုးဝါးရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို့  အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ့ ပြီး ကိုယ်နဲ့  လာတွေ့  ဖို့  အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်းထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန် မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့်အပိတ်ခံရမှာ မို့  မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထု ကို မင်းဘယ်လို အင်အားနဲ့ မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသားပါ။ တိုင်းပြည်နဲ့  မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီးနေခဲ့ပေမယ့်၊ ကိုယ်တို့  နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။ ကိုယ်တို့  ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှင် ပဓာန ဆိုတာ နှစ်ယောက်စလုံးနားလည်သဘောတူခဲ့ပြီးသားမို့ ၊ မင်းပြန်လာဖို့  ဆိုတဲ့ အကြောင်းကို ကိုယ်တို့ ဆွေးနွေးစရာတစ်ခု အနေနဲ့ တောင် မယူဆခဲ့ကြဘူး။  
စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း...ဗြိတိသျှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊ ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်အောင် အားအင်တွေ ချိနဲ့ လာနေပြီ။ တကယ်လို့  ကိုယ်သေသွားခဲ့ရင် ကိုယ့်ကို လာမတွေ့  နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ့ ၊ ကိုယ်တို့ မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ့ ။ မင်းကို ပိုပြီးလိုအပ်နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့  မျက်နှာကို ကြည့်ပါနော်။ ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ့ သွားချင်ပါတယ်။ ဒါပေမယ့် ကိုယ့် အမြင်တွေ ကေ၀၀ါးလာနေပြီ..အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်...ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ့  ပုံရိပ်ကလည်း ဝေးလို့ ဝေးလို့  ကျန်နေခဲ့ပြီ.....
***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ့  ပြောကြားချက်အရ ဒေါ်စု က ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယို အခွေ ကို ဗြိတိသျှသံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို့ ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့်မရလိုက်ဘူးလို့ သိရပါတယ်)  
ဝန်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်း ကျွန်မဖတ်ဖူးသော စာများမှ အချက်အလက်များကို ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ခံစားရေးသားထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်းရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သာဖြစ်ပါကြောင်း။
1.        
1 1. The untold love story of Burma's Aung San Suu Kyi By Rebecca Frayn (Telegraph, Dec 11, 2011)

2.       http://en.wikipedia.org/wiki/Michael_Aris

http://littlevoicefromburma.blogspot.com မှ ကူးယူဖော်ပြပါသည်။

လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း လူသိနည်းသော မိုက်ကယ်အဲရစ်၏ စွန့် လွတ်အနစ်နာခံမှု အကြောင်း တစေ့တစောင်း Reviewed by သစ်ထူးလွင် on 11:06 Rating: 5

21 comments:

Phyu Ei Khin said...

so sad that :(

Unknown said...

buddhist တယောက်အနေနဲ့အဲ့လိုမပြောသင့်ပါဘူး ကံပါလို့ပြုရတာပါ
ဒီလောက်ပေးဆပ်ထားတာတောင် ဘာတွေထပ်ပြီးပေးဆပ်စေချင်သေးတာလဲ
ကိုယ်လည်းလူသားတစ်ယောက်အနေနဲ့ကိုယ်ချင်းစာပေးသင့်တယ်လို့ထင်ပါတယ်
ထင်မြင်ချက်လေးကိုပြောတာပါ

mr said...

ဒေါင်းမင်းဆိုတဲ့ ကောင်းရေး မင်းကဘာကောင်းမို့ ပြောနေရတာလဲ

mr said...

ဃွေမသား သတ္တိရှိလာခဲ့ ပစပ်ကပြောမနေနဲ့ ကန်းတော်ကြီးစော်ကို မင်းကတိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့ပြောနေတာလည်း မင်းတို့လို အခွင့်ရေးသမား စိတ်ဓါတ်နဲ့ ငါ့တို့အမေကို မနိုင့်ွာ

thida said...

She's generation of General Aung San and she has the ability. Getting married with the foreigner may break the tradition. But I imagine no Myanmar guy might be around her when she got met with her husband. In such a situation, she might be difficult not to accept him. So we cannot put blame on her. To be sure is that she did try her best. I admire her. I support her. I got surprised whenever she was attacked personally for getting married with the foreigner. Getting married with the local may means loving the country. But Getting married with the foreigner may not mean no loving the country. Important is how much someone can contribute to the country. We have to recognize somebody's effort for the country no matter who he or she is. Life is too short for somebody to do good deeds.

ven said...
This comment has been removed by the author.
Nyi Zaw said...

အပေါ်က ဒေါင်းမင်းပြောတာတော်တော်လွန်မယ်ထင်ပါတယ်.... ဘယ်သူဘဲဖြစ်ဖြစ် အမေစုနေရာရောက်နေရင် ဒီလိုဘဲဖြစ်နေမှာပါဘဲ..... မျိုးမစစ်လို့ရင်နာတယ်ပြောရအောင်.... အဲဒီမျိုးစစ်စစ်ကြီးတွေကရော နိုင်ငံကောင်းအောင်ဘာတွေလုပ်ပေးခဲ့ကြသလဲ???? အမေစုလိုမျိုးရော အနစ်နာခံခဲ့ကြပါသလား???? ကုန်ကုန်ပြောရရင် အမေစုမပြောပါနဲ့ ကိုတို့ရဲ့ နောက်ဆုံးမင်းဆက် မဟာဆီမဟာသွေး သီပေါမင်းမျိုးနွယ်တွေတောင်မှ နောက်ဆုံးအိန္ဒိယရောက်တော့ အိန္ဒိယလူမျိုးတွေနဲ့ဘဲ ညားကြရတာဘဲလေ.... ဒီအချိန်မှာ ကပြားတွေ မျိုးစစ်တွေကိုဘေးချိတ်လို့ မေးပါရစေဦး.. ကိုဒေါင်းမင်းလို မျိုးစစ်စစ်ကြီးကရော နိုင်ငံအတွက် ပြည်သူအတွက် ကုန်ကုန်ပြောရရင် ရပ်ကွက်လေးအတွက် ဘာကောင်းကျိုးတွေသယ်ပိုးပီးဘီလဲ???? လူစိတ်ရိရင် လူလိုတွေးတတ်ရင် စဉ်းစားလို့ရပါတယ်..... ဒီမှာလာပီးတော့ အများအတွက်ကိုယ်ကျိုးမငဲ့ မိသားစုမငဲ့ဘဲ အနှစ်၂၀လောက်ကြီး ပင်ပန်းစဉ်းရဲခဲ့တဲ့ အမေစု မိသားစုကို ဒီလိုပြောတာတော့ တော်တော် လူမဆန်ဘူးထင်တာဘဲ..... မင်းဟာ ကိုယ်တို့ ဗုဒ္ဓရားတော်ကို ယုံကြည်ကိုးကွယ်ဆီးကပ်တဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးကောင်းတယောက် ဟုတ်တယ်ဆိုတာကိုတောင် သံသယဖြစ်စရာပါ.... ခုခေတ်ပြောပြောနေကြသလို ပြောရရင်တော့ “ရှက်တတ်ရင် သေလို့ရပါတယ်” မျက်နှာတော့ တော်တော်ပြောင်မှာဘဲနော်.. ဟီရိသြတပ္ပ အရက်တရားဆိုတာကို နားမလည်လို့လဲ ဖြစ်မှာပေါ့လေ.....

naung said...

ဒေါင်းမင်းဆိုတဲ့သူကဘာတွေပြောနေတာလဲ အတော်စိတ်ပျက်ဖို့ ကောင်းတယ်

myochitthu said...

ဘာဘဲဖြစ်ဖြစ် အမေစုဟာ ပြည်သူတွေ အတွက်တော့ သူရဲကောင်းပါ၊ စကားပြောရင် ပြည်သူ့မျက်နှာနဲ့ဘဲ ပြောပါတယ်။ အဒိအချက်ကိုတော့ တော်တော်လေးစား နှစ်ခြိုက်ပါတယ်။

RealSteel said...

အရာရာတိုင်း ကံစည်မှန်ရာ အတိုင်းဘဲပေါ့ ...
အမေစု ကိုအမြဲဆုတောင်းပေးနေပါတယ်...
အမေစု ကျန်းမာပါစေ ချမ်းသာပါစေ..လို့

myochitthu said...

ကျနော်တို့တွေ ကျန်ရှိနေတဲ့ သမိုင်းကို ကောင်းမွန်ဘို့ ၀ိုင်းဝန်းပြီး လက်တွဲညီညာစွာ ကြိုးစားကြဘို့ပါဘဲ။

zin said...

ဖတ်ပြီးသွားတဲ့အချိန်မှာ ရင်ထဲမှာ တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ မိုက်ကယ် တစ်ယောက် ဘ၀ ဆက်တိုင်း ဆက်တိုင်း မှာ သာယာလှပ တဲ့ မိသားစု ဘ၀ လေး နဲ့ နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အမေ့ ရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စိတ်ထားကိုလဲ ပိုပြီးတော့ လေးစားရပါတယ်။

myochitthu said...

ဗိုလ်ချုပ်ကဲ့သို့သောသူ တယောက် နောက်ထပ်ပေါ်ထွန်းပါစေလို့ အခါခါ ဆန္ဒပြုပါရဲ့။

atu said...

အမြင်တွေ သိပ်မကျဉ်း နဲ. အဖြူ အမဲခွဲခြားတတ်တဲ. ဘ၀ကနေ ၇ုန်းထွက်ကြ စမ်းပါ။

ven said...

လူကတော့ ဒေါင်းမင်းတဲ့ ရေးလိုက်တဲ့စာက ကိုယ်ချင်းစာစိတ် ကင်းသလိုမျိုး ဖြစ်မနေမလား၊ ဘဝဟာ မျှော်လင့်ချက်များစွာနဲ့ အသက်ရှင်နေကြတာ။ လူ့လောကကြီးမှာ ချစ်ခြင်းတရားတွေနဲ့ အသက်ရှူနေကြတာ၊ မြန်မာဖြစ်လို့ မြန်မာကိုသာ ချစ်ရမယ်ဆိုရင် ပဒေသရာဇ် ဆန်မနေဘူးလား၊ လူ့လောကမှာ လူသားတိုင်း ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အခွင့်အရေးတွေ မင်းက မြောင်းထဲ ပစ်လိုက်တော့မယ်ပေါ့။ ကိုယ်ခြင်းစာ မေတ္တာစိတ်ထား ကောင်းစားမည်။

Tenissary said...

မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲ မှု အတွက် အမှားအယွင်းမခံနှိုင်လောက်အောင် အလွန်ပင် သိမ်မွေ့  နက်နဲ ခက်ခဲ အရေးကြီးနေသောယခု့ လိုအချိန်အခါမျိုးတွင်၊ ကျနော့်တို့  တိုင်းပြည် ပြောင်းလဲမှု အတွက် မည်သည့်အမှားမျိုးကှို မည်သည့်ရည်၇ွယ်ချက်မျိုးဖြင့် မည်သူကြောင့်ပင်ဖြစ်ပါစေ လက်ခံယုံကြည်ပေးနှိုင်မည်မဟုက်ပါ။
ကျနော့် ယုံ ကြည် မှုမှာ
ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်လမ်းညွှန်မှု အား၊ တတိုင်ပြည်လုံးမှ ပြည်သူလူထုတရပ်လုံး(ပြည်တွင်းပြည် ပ မြန်မာပြည်သားအားလုံး ၊ စစ်သားများ ၊ လက်နက်ကိုင်လူမျိုး စုများအပါအပါအဝင်) မှ မြေဝယ်မကျ ကိုယ် တိုင် ကိုယ်ကျ ပါဝင်ပှုးပေါင်း လုပ်ဆောင်နှိုင်ကြပါမှ၊ ကျနော် တို့  လိုချင်သော စစ်မှန်သည့် ဒီမိုကရေစီစံနှစ်သို့ ချီတက်အရောက်လှမ်းနှိုင်မည်ဟု ယုံကြည်ပါသည်။
ကျနော့် တို့ ၏အမျိုးသားခေါင်း ဆောင် ဒေါ်စု ၏ (အမေစု ဟု ရင်ထဲကခေါ်ပါသည်။)အခန်းကဏ္ဍမှာ လုံးဝ အထိမခံ ရွှေ ပုဂံ လို ဖြစ်နေသည်ကို အားလုံးနားလည်သဘောပေါက်နားလည်ကြမည်ဟုယုံကြည်မိပါသည်။
ကျနော် အခု့  တလောစဉ်း စား ဖြစ်နေသောအကြောင်းအရာတခု့ မှာ ဒေါ်အောင်ဆန်းစု ကြည် ၏ယောင်္ကျား မိုက်ကယ်အဲရစ်အကြောင်း၊ ဗမာ့သတင်းတွေထဲမှာရော၊ တခြား နှိုင် ငံတွေရဲ့မီဒိရာ တွေမှာပါ အသားပေး ရေးသား မိတ်ဆက်လာ တာတွေ ကို၊ တွေ့ လာ မြင်လာ
ရ ပေသည်။ တွေ့ ရ မြင်ရ ကြားရဖန်များလာသောအခါ တင်လာကြသော ထို ထို ပုဂ္ဂုလ်
တို့ ၏ လုပ်ရပ်ကို အဖက်ဖက်မှ အနည်းငယ်သံသယဝင်စဉ်းစားလာမိပါကြောင်း။
ကျနော့်အနေဖြင့် မြင် မြင်သမျှ ကြား ကြားသမျှ တို့  ကို သံသယဝင်ကာ မကောင်းမြင်ခြင်း ဖြင့် မြင်နေခြင်းထှောက်ပြဝေဖန်နေခြင်း မဟုတ်ပါ ။
အားလုံးမှ ဝိုင်းဝန်း၍ ဆယ်စုနှစ် နှစ်ခု့ ကျော်ကျော် ပေးဆပ့်လုပ်ဆောင်ခဲ့ကြရသော ကျနော်တို့ အားလုံး ၏ မျှော်လင့်ချက်ကြီး တခု အား ဘာမဟုတ်သည့်အကြောင်းအချက်လေးတခုကြောင့်ရေစုံမြောလိုက်ရ
မှာကို မဖြစ်စေချင်လို့  ပါ ခင်ဗျား။
အောင်မိုး (ကနေဒါ)

vitalyforever said...

who can do like this ?

The Wild Rose said...

ကပြားမျိုးမစစ်လို့ ပြောတဲ့ကောင် .... မင်းတို့အမျိုးကကော စစ်လို့လားလို့ ပြန်စစ်ကြည့်လိုက်ဦး .... စစ်ပါတယ်ကွာလို့ ရမ်းမတုတ်နဲ့ သေချာပြန်စစ် သေခြာမှပြော ဟုတ်ပြီလား .... ပိန်းလိုက်တဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေ .... မျက်ကန်းမျိုးချစ် ....
မျိုးချစ်စိတ် ဆိုတာ ဘယ်လိုအနက် အဓိပ္ပါယ်ဖွင့်ပြီး လက်ခံထားလဲ ... ကျီးကန်းလိုမျိုး အမျိုးချစ်တဲ့ မျိုးချစ်စိတ်လား ... (ဆရာဦးအောင်သင်း ပြောသလိုပဲ ... အဲဒီလို ဝေဖန် ထောက်ပြတော့လည်း ပြောကြပြန်ရော ထိုအနှီ မျိုးချစ်ပုဂ္ဂိုလ်ကြီးများက ... ကျွန်စော်နံတယ် ကျွန်စိတ်မပျောက်ဘူးတို့ အပြောခံရသေးတယ်တဲ့) .......
အတွေးအခေါ်တွေက ခုအချိန်အထိ ..... ပြောင်းလဲ တိုးတက် မလာဘူး .... ဟိုး ပဒေသရာဇ်ခေတ်ကို နောက်ပြန်သွားနေတာလား ... ဒါမှမဟုတ် ခုချိန်ထိ အဲဒီအထဲက ရုန်းမထွက်နိုင်သေးတာလား မသိ ........

၇ဲ said...

နိုင်ငံခြားသားကို လက်ထပ်တာတစ်ခုနဲ့ပဲ သူလုပ်ခဲ့သမျှ ကောင်းကွက်တွေအားလုံးကို သင်ပုန်းခြေပြစ်ရမှာလား။
လူပဲ..အမှားတော့ရှိမှာပေါ့။ (ဒါဟာလည်း အမှားတစ်ခုတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဘဝအတွက် သူနှစ်သက်ရာကို ရွေးချယ်ခွင့် ရှိပါတယ်။ )အရာရာ ပြီးပြည့်စုံနေရအောင် ရဟန္တာမှ မဟုတ်တာပဲ။
နိုင်ငံခြားသားကို လက်ထပ်လို့ မျိုးမစစ်ဘူးဆိုရင် “မျိုးစစ်ပါတယ်၊ တိုင်းပြည်ကို ချစ်ပါတယ်” လို့ ကြွေးကြော်နေတဲ့ အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတဲ့ စစ်သားကြီးတွေကရော ဘာတွေများ လုပ်ပေးခဲ့ပါသလဲ။
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်လမ်းပြမှု မလုပ်ခဲ့ရင်၊ သူသာ တိုင်းပြည်ကို ပြန်မလာခဲ့ရင် ဗမာပြည်တွင်းမှာ ဒီမိုကရေစီဆိုတာ စားစရာ မုန့်တစ်ခုလို့တောင် ဒီနေ့ထက်ထိ ပြည်သူအများစုက ထင်နေကြဦးမှာ။
သူအနစ်နာခံ ဦးဆောင်လမ်းပြမှုပေးခဲ့လို့သာ လူတွေဟာ ဒီမိုကရေစီရဲ့ သဘောတရားကို နားလည်သဘောပေါက်ပြီး စွန့်လွှတ်အနစ်နာခံခဲ့ကြလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုအခြေအနေရောက်လာရတာပဲ။ ကမ္ဘာက သတိထားမိပြီး စစ်အစိုးရက လမ်းဖွင့်ပေးလို့မရလောက်တဲ့ အနေအထားကို ရောက်လာရတာပဲလေ။
တကယ်လို့ သူသာ မရှိခဲ့ရင် တိုင်းပြည်ကြီးဟာ ခုချိန်ထိ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အရာရာဟာ မှောင်အတိကျနေဦးမှာ။ ဆင်းရဲတွင်းနက်နေဦးမှာပဲ။
စစ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ခုသာ လက်သင့်ရာ စားတော်ခေါ်ပြီး ကြီးပွားနေဦးမှာပဲ။

naynay said...

ကောင်လေးတွေစကားကိုကောင်းကောင်းပြောကြပါ။မင်းတို့ကိုသိပါစေဆိုတဲ့စိတ်နဲ့တင်ပေးထားတဲ့ ကိုသစ်ထူးလွင်ကိုအားနာပါ။ အမြင်ချင်းမတူလို့ အတိုက်အခံပြောနေမယ်ဆိုရင် သေချာတာကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။ဘယ်လိုမှညှိလို့မရရင်တော့ တိုင်းပြည်အတွက် မင်းတို့ဘာလုပ်ပေးနိုင်သလဲဆိုတာစဉ်းစားပြီးလုပ်ပေးလိုက်ပါ။သေချာတာတစ်ခုတော့ပြောလိုက်မယ်။ မင်းတို့ တိုင်းပြည်အတွက်မလုပ်ခင် မင်းရဲ့မိသားစုအတွက်တာဝန်ယူပြီးလုပ်နိုင်အောင်အရင်ကြိုးစားပါအုံး။ရပြီဆိုရင်လည်း တည်မြဲအောင်ကြိုးစားပါ။ ကိုယ့်အတွက်ကိုယ်လုပ် ပြီးမှတခြားဟာ စဉ်းစားပါ။ မင်းအတွက်မှမလုပ်ရသေးဘူးဆိုရင်တော့ တိုင်းပြည်အတွက်ဆိုတဲ့ စကားကိုမသုံးပါနဲ့။ ငါ့ကိုပြောချင်တယ်ဆိုရင်တော့ မင်းမေးလ် လိပ်စာထားခဲ့ပါ ။ ငါဝင်လာခဲ့ပါတယ်။

ဘာမထီ said...

မျိုးစစ်တာတွေ.မျိုးမစစ်တာတွေက အဓိက ဟုတ်လို့လား.လူ.လူချင်းပဲကိုဘာတွေများ ခြားနားနေလို့လဲ..လူကိုလူလို့ပဲမြင်.အဲ့ထဲမှာမှ.လူကောင်းနဲ့လူယုတ်မာနှမျိုးပဲ
ရှိတယ်..ဘာပဲဖြစ်ဖြစ်..မိုက်ကယ်အဲရစ်လို.တိုင်းတပါးက လူမျိုးခြားကတောင် မြန်မာနိုင်ငံအတွက်ဆိုတာ.တွေးမိတာကိုပဲ.လေးစားလှပါပြီ.ဒီကဟာတွေကတော့
ပြောချင်တော့ပါဘူးဗျာ..

Powered by Blogger.