ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည်

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images) ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ NLD ပါတီ မှတ်ပုံတင် သွားတင်စဉ်တွေ့ ရပုံ

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၁၂ခုနှစ် ဧပြီ ၁ ရက်မှာ ပြုလုပ်မှာ​ ​ဖြစ်​ပြီး​နေပြည်တော်ကော်မရှင်က ပြည်နယ်တိုင်းဒေသကြီး ကော်မရှင်ရုံးတွေထံ စာပို့ အကြောင်းကြားလိုက်တယ်လို့ အမည်မဖော်လိုတဲ့ တိုင်းဒေသကြီး ကော်မရှင်လူကြီး တဦးက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ညပိုင်းမှာ အစိုးရသတင်းဌာနတွေက သတင်းထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားပြီး ကော်မရှင်ကို ပေးပို့ရမယ်လို့ အဲဒီ ကော်မရှင်လူကြီးက ဒီဗွီဘီကို ပြောပါတယ်။ 
ရွှေအောင် (ဒီဗွီဘီ)

ဒီသတင်းကို ---Myanmar News Now မှ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တနင်္ဂနွေနေ့တွင် လစ်လပ် ပြည်သူ့မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် သဘောတူ ဆုံးဖြတ်လိုက်သည်ဟု အစိုးရပိုင် သတင်းမီဒီယာတစ်ခုဖြစ်သည့် မြန်မာ့အသံ ရုပ်မြင်သံကြား သတင်းဌာနမှ ဒီကနေ့ည ၈း၀၀ နာရီ အချိန်တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
By: သစ်ထူးလွင်
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည် ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက် ကျင်းပမည် Reviewed by သစ်ထူးလွင် on 18:37 Rating: 5

4 comments:

marga said...

အာဏာရပါတီကိုတော့ သနားလိုက်တာ။
NLD ဘက်ကနေတူစားပေးပါတယ်။
၂၀၁၀တုန်းကလို မဲမလိမ်ရင်ပေါ့။
ပြည်သူ/သားတွေရဲ့ဆန္ဒအမှန်ကို
ဘာတွေနဲ့မှ ၀ယ်လို့မရပါဘူး ကြံ့ဖွံ့ရယ်

Peace said...

April Fool မဖြစ်ပါစေနဲ့ :)

Real Striker said...

Marga မင်းပြောသလို နိုင်သွားရင် ဒေါ်စုက ဘာလုပ်ပေးမှာလဲ ။ ငါသိချင်တယ် ။ ထိုင်းလို လုပ်ခ တိုးပေးမှာလား ၊ တယောက် ၂၀၀၀၀၀ လောက် ရမှာလား ။ ဒေါ်စုက ဘာလုပ်ပေးမှာလဲ ဆိုတာ ငါတို.သိသင်.ပြီ။ မင်းသိရင်လဲ ပြောပြကွာ ။

casinoprince said...

အမေစုကမင်းပြောသလိုတော့တစ်ယောက်၂၀၀၀၀၀ရအောင်ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး..ငါတို့လုပ်ချင်တာတွေ..လုပ်သင့်လုပ်ထိုက်တာတွေလုပ်နိုင်ဖို့ အခွင့်အလမ်းတွေပေါ်ပေါက်အောင်တော့လုပ်ပေးနိုင်မှာပါ.. မင်းပြောတဲ့ တယောက် ၂၀၀၀၀၀ ရရင်တောင်မင်းကကျေနပ်နေမှာလား... ကိုယ့်အားကိုယ်ကိုးစမ်းပါကွာ..ဘာပဲလုပ်လုပ်အားလုံးကိုကြောက်နေဖားနေရတဲ့ဘ၀ကလွတ်ရင်ကျေနပ်ပါပြီး..သိချင်သူတစ်ယောက်နားလည်နိုင်ပါစေ....

Powered by Blogger.