မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်၏ ၂ဝ၁၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ကျော်ကိုကို ရရှိ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှပေးအပ်ချီးမြှင့်သော ၂ဝ၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုအား ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆုရ ယူ ၂၃၊ မြန်မာဘောလုံးအသင်း ရှေ့တန်းတိုက်စစ်မှူး ကျော်ကိုကို ရရှိသွားခဲ့ကြောင်း သိရသည်။ တတိယနေရာ လုပွဲတွင် မြန်မာအသင်းအတွက် ကျော်ကိုကို အား  မြန်မာ   နိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးတေဇမှ ၄င်းအား ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ် လာ ၃ဝဝဝ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ညက ဆီဒိုးနားဟိုတယ်၌ ကျင်းပ   သော မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဆုပေးပွဲ အခမ်းအနား၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ MNL ကလပ်အသင်းပိုင်ရှင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက် ခဲ့သည်။ ထို့ နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာ စကား ပြောကြားခဲ့ပြီး MNL အရန် အသင်း ပြိုင်ပွဲ MNL Cup 2011  ပြိုင်ပွဲ၊ Max Cement Cup  ပြိုင်ပွဲ များမှ ပထမ၊ ဒုတိယ၊ တတိယ နှင့် အသန့်ရှင်းဆုံးအသင်းများအား လည်းကောင်း၊ အာဆီယံ တတိယ ဆုရ မူဆယ်အသင်း၊ဆီးဂိမ်း တတိယ ဆုရ မြန်မာလက်ရွေးစင်   ဘောလုံးအသင်း၊မဲခေါင်ဒေသတွင်း  ဘောလုံးပြိုင်ပွဲ ပထမဆုရ အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးအသင်း၊ AFF ဖလားဘောလုံး ပြိုင်ပွဲ ပထမဆုရ U 16 ၁၆ အမျိုးသား ဘောလုံးအသင်းတို့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ယခုနှစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး လူငယ်ဒိုင်လူကြီး အဖြစ် ဦးခင်မောင်ဝင်း၊ အကောင်း ဆုံး လူငယ်ဘောလုံးသမားအဖြစ် နေပြည်တော် FC ယူနိုက်တက်မှ ဇော်လင်း အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားအဖြစ် စန်းစန်းမော်၊ MNL Cup ပြိုင်ပွဲတစ်လျှောက် ဂိုး သွင်းအများဆုံး အဖြစ် ချာလ်းကိုး၊MNL Cup အရန်အသင်းပြိုင်ပွဲ ဂိုးသွင်း အများဆုံးအဖြစ် ကောင်းစည်သူ၊ အကောင်းဆုံး ဒိုင်လူကြီးဆု အဖြစ် မစ္စတာဟန်ဆန်တို့က ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
PN-202 ပေါ်ပျူလာဂျာနယ်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်၏ ၂ဝ၁၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ကျော်ကိုကို ရရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်၏ ၂ဝ၁၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ကျော်ကိုကို ရရှိ Reviewed by သစ်ထူးလွင် on 08:53 Rating: 5

No comments:

Powered by Blogger.