၁၂၅ သိန်းတန် တီရှပ်

ရန်ပုံငွေပွဲမှာ အဆိုတော်အားလုံး လက်မှတ်ထိုးထားတဲ့ ၁၂၅ သိန်းတန် တီရှပ် Photo (Myit Makha Mediagroup)
ပညာရေးရန်ပုံငွေဂီတဖျော်ဖြေ
ပွဲအမှတ်တရ တီရှပ်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များလက်မှတ်ရေးထိုးထားသောတီရှပ်ကို ကျပ် ၁၂၅ သိန်းဖြင့် လေလံဆွဲဝယ်ယူသွားခဲ့သော ဒေါ်မာလာဝင်း ကို တီရှပ်နှင့်အတူတွေ့ရစဉ်။
 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။
By: သစ်ထူးလွင်
၁၂၅ သိန်းတန် တီရှပ် ၁၂၅ သိန်းတန် တီရှပ် Reviewed by သစ်ထူးလွင် on 12:25 Rating: 5

44 comments:

pioneerboy said...

အားလုံးရုးနေကြပြီလားမသိပါဘူးဗျာ....

Quote For Life said...

pioneerboy ရေ စကားပြော နည်းနည်းလေး ပြန်သုံးသပ်လိုက်ပါဦး
ဝယ်ယူသူ ဒေါ်မာလာဝင်း ရဲ့ ရည်ရွယ်ချက်ကို နည်းနည်းလေးစားပါဦးဗျာ

Aung Thura said...

ရူး လို့  ၀ယ် တာ မဟုတ်ဘူး

ဒါလေးတောင် မသိဘူးလား

The Wild Rose said...

Why? ....
ကမ္ဘာပေါ်မှာ ... အဲဒီလို အမှတ်တရ ဖြစ်စေမဲ့ ပစ္စည်းတွေကို လေလံဆွဲပြီး ရောင်းချကြတာပဲ ... အမှတ်တရ အဖြစ် တန်ဘိုးထား သိမ်းထားချင်တဲ့ သူတွေက ဒေါ်လာ သန်းနဲ့ချီပြီးတောင် အပြိုင်အဆိုင် ဝယ်ကြတာ ....
အခုလဲ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ကြတာပဲလေ ထူးဆန်းတဲ့ ကိစ္စ အကြောင်းအရာမှ မဟုတ်တာ .... နောက်တခါ ကာယကံရှင်က သူ့ရဲ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ စေတနာ သဒ္ဒါတရားနဲ့ လှူဒါန်းချင်တာကြောင့် သူတတ်နိုင်တဲ့ တန်ဘိုးကိုပေးပြီး ဝယ်လိုက်တာပေါ့ ... အလှူဒါနလဲဖြစ် နောင်တချိန်ကျရင် သမိုင်းဝင် အမှတ်တရ ဖြစ်လာမဲ့ ပစ္စည်းတခုကို ရသွားတာပေါ့ .....
နောက်ပြီး ဒီရရှိတဲ့ ငွေကြေးတွေကို အများအတွက် အကျိုးပြုမဲ့ နေရာသုံးမှာပဲ ....
နိုင်ငံတကာက အဲဒီလို အမှတ်တရတွေ စုဆောင်းတတ်တဲ့ ဝါသနာရှိသူ ငွေကြေးတတ်နိုင်တဲ့သူတွေ အပြိုင်ဆွဲကြတဲ့ လေလံပွဲမှာဆို ဒီထက်မက တန်ဘိုးပေးပြီး ဝယ်ယူမဲ့သူတောင် ပေါ်လာနိုင်တယ် ...

hm said...

တချို့ကျတော့စာကိုဖတ်သွားတယ်အဓိပ္မာယ်ဘာမှန်းမသိဘူးစာကိုသေချာဖတ်ပြီးcomment ရေးပါ pioneerboy

KoTOE said...

pioneerboyရေ.......
ကိုယ်ညံ့တာထုတ်ပြတိုက်တာလား......
မောင်ရင်ကိုယ့်သူငယ်ချင်းဆို...နရင်းရိုက်တယ်....
နာမည်လိပ်စာလေးများပေးရဲသလား

KoTOE said...

Messageထဲမှာက...အနီရောင်
ဓါတ်ပုံထဲမှာက....အဖြူ...?????????
any comment ?????

လင်းလတ်ကြယ် said...

pioneerboyရေး
မင်းဟားအင်မတန်မှစိတ်ဓါတ်ကျနေတဲ့လူပါလား
မင်းလိုလူမျိုးတို့ပြည်ကြီးမှာရှိနေတာရင်နာဖို့ကောင်းပါတယ်

Thitsar said...

နောင်၁၀နှစ်နေရင် အဲ့အကျီက ဒီထက်တန်ဖိုးလဲတက်နိုင်သေးတယ်လေ။ အကျီကို အရူးထပြီးဝယ်တာမဟုတ်ဘူး လှူတာ လို့ခေါ်တယ်

Aung Wai Phyo(Architectureal Design) said...

သူ့ရဲ့စိတ်ဓါတ်ကို အခုဒီနေရာမှာဖွင့်ပြလိုက်တာပဲလေ ဦးနှောက်မရှိဘူးဆိုတာသေချာနေပြီ စဉ်းစားဥာဏ်လဲ မရှိတော့ ဘာဆိုဘာမှဖြစ်လာမယ့်လူလဲမဟုတ်ပါဘူး
(ရည်ရွယ်သူ pioneerboy)

peoplelike said...

ဒါဟာတကယ့်ကိုစေတနာပါ ၀ယ်သွားသူအနေနဲ့ နာမည်ကျော်ချင်တာလဲပါပါတယ် ဒါကဘယ်သူမဆိုပါ နောက် စေတနာနဲ့လှူတန်ချင်တာလဲပါတယ်လို့ထင်ပါတယ်...ဒီကရမယ့်ငေတွေအားလုံးဟာ တစ်ဦးအဖွဲ့စည်းတစ်ခု ကောင်းစားရေးအတွက် လုပ်တာမဟုတ်ပါဘူး
ကျွန်တော်တို့ ဆင်းရဲသာပြည်သူတွေအတွက် ပညာရေးအတွက်ပါ..ဒါဟာဘယ်လိုပဲဖြစ်ဖြစ် ၀မ်းသာပိတိဂုဏ်ယူစရာပါ..ဒါကို ဘာမှပုတ်ခတ်နေစရာမလိုပါဘူး..တိုင်ပြည်တစ်ခုလုံးကို တစ်ဦးတည်းက တာဝန်ယူပြီလှူဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဖြစ်နိုင်တယ်ထားဦး..ဒီမိုကရေစီမရသေးတဲ့နိုင်ငံမှာ..အရာရာကိုသတိထားနေရတာပါ

The Wild Rose said...

Ko Toe ရေ တီရှပ်က နှစ်ထည်ဗျ .... ခုဓါတ်ပုံက အဖြူရောင်တီရှပ်ကို အန်တီ အမှတ်တရအဖြစ် သိမ်းထားဖို့ပေးအပ်ခဲ့ပြီး ... အနီရောင်တီရှပ်ကို လေလံတင် ရောင်းချခြင်းဖြစ်ပါတယ် ......
အော် ဒါနဲ့ pioneerboy ကို စောစောက ပြောဖို့ ကျန်သွားလို့ ... သာမာန်ရိုးရိုး တီရှပ်တထည်ကို အဲဒီတန်ဘိုးနဲ့ ဝယ်လိုက်တာဆိုရင် မင်းပြောသလို ဖြစ်နိုင်ပေမဲ့ အဲဒီ တီရှပ်ပေါ်က လက်မှတ်တွေဟာ ဒီထက်မက တန်ဘိုးရှိတဲ့ .... အမှတ်တရ သမိုင်းတွင်မဲ့ မှတ်တမ်းဖြစ်နေလို့ဟေ့ ... အားလုံးမရူးဘူးဆိုရင်တော့ မင်းပဲရူးနေတာ ဖြစ်လိမ့်မယ် .....

ကိုသူရ said...

pioneerboyရေ.......
ဘာဘဲဖြစ် အလှူလုပ်တဲ့အနေနဲ့ ၀ယ်တာဘဲ အားပေးလိုက်စမ်းပါ သာဓုခေါ်လိုက်ပါလေ....... ရည်ရွယ်ချက်ကိုလည်ကြည့်ပါအုံး ကောင်းလိုက်တာ ကိုယ်မလုပ်လို့ သူများလုပ်နေတာ အားကျစမ်းပါ အဆိုတော် တွေ၊ ပွဲစီစဉ်သူတွေကို ချီးမွမ်းပါတယ်၊ လာကြည့်ကြတဲ့ ပရိတ်သတ်ကိုလည်း ကျေးဇူးတင်တယ်၊ ပရိတ်သတ်ကြီး မရှိဘူးဆိုရင် လုပ်လို့မရဘူးလေ.... ဘာဘဲဖြစ်ဖြစ် ပညာရေးအတွက်လုပ်တာကို အသိအမှတ်ပြုတယ် ကြည်နူးတယ် စိတ်ချမ်းသာတယ် ပညာတင့်မှ လူမျိုးတင့်မှာ မဟုတ်လား၊ လူမျိုးတင့်မှ တိုင်းပြည်တင့်မှာ လေ...

mmiteb said...

Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်း၇ဲ့စိတ်ဓါတ်ကိုလေးစားပါတယ်

koye said...

comment တွေဖက်၇တာစိတ်ညစ်စ၇ကောင်းလိုက်တာ သူဖာသာဘယ်လောက်နဲ့ေ၇ာင်း၂ ဘယ်လိုပဲတန်ဖိုး၇ှိပါစေ ဘယ်လိုပဲကောင်းပါစေ သဘောတူချင်မှတူမယ် တဘောမတူပိုင်ခွင့် ၇ှိတယ် ဒါမှ ဒီမိုကေ၇စီဆန်တဲ့ အဆင့်အတန်း၇ှိတဲ့ လူပတ်ဝန်းကျင် ဖြစ်မှာပေါ့ အဲ့ဒါကို ဘာလို့သဘောမတူ၇တာလဲလို့ ပြောဆို အော်ငေါက် လုပ်ချင်တဲ့ သူတွေ၇ဲ့စိတ်ဓါတ်က ပိုသေးသိမ်၇ာေ၇ာက်တယ် ထင်တယ်

jeelay said...

ဒေါ်မာလာဝင်း ဆိုတာ အသက်အရွယ်အားဖြင့် 35 ၀န်းကျင်ပဲရှိသေးတာပါ ဒါပေမဲ့ ကျွန်တော်သိသလောက်ကတော့ အလှူအတန်းတွေ ကို အရမ်း လုပ်ခဲ့သူပါ သူ့ရဲ့ အမျိုးသားကတော့ အင်ဒိုနီးရှားလူမျိုးပါ ဒါပေမယ့် ဗုဒ္ဓဘာသာအဖြစ် ခံယူထားပါတယ်.....တကယ်ကို ခေါင်တဲ့နေရာတွေမှာတောင် သူတို့လင်မယား နှစ်ယောက်စလုံး ကိုယ်ရောစိတ်ပါ သွားရောက် လှူဒါန်းခဲ့တာတွေ မနည်းပါဘူး အင်းဝ ထီးလှိုင်ရှင်ဘုရားနားက အိုးတုတ်ကုန်းကျေးရွာကိုသွားတဲ့ လမ်းမှာ တံတားတစ်ခု ဆောင်လုပ်လှူဒါန်းထားတာလည်းတွေ့ဖူးတယ်....140 ကျော်မယ် မြန်မာငွေ တကယ်မွန်မြတ်တဲ့သူတွေပါ ရူးလို့ ၀ယ်တာမဟုတ်ပါဘူး....

linlinthet said...

အရမ်းကိုလေးစားမိတယ် ဒေါ်မာလာဝင်းကို အထူးကျေးဇူးတင်ပါတယ်...Jeelay ရေ့ဘယ်သူနဲ့ဘဲယူယူ ကိုယ့်အမျိုးချစ်ဖို့အရေးကြီးပါတယ်

KoTOE said...

Natural Rose ( တောရိုင်းနှင်းဆီ) ......

ကျေးဇူး......မျက်စေ့လည်သွားလို့ ပါ ဗျာ

winnaing said...

ဒေါါ်မာလာဝင်းဆင်းရဲသားများအတွက်
အမြဲလှူဒါန်ါးနိုင်ပါစေ

minmaung said...

ရည်ရွယ်ချက်ကိုသိတဲ့ လူတွေကတော့ အင်မတန်မွန်မြတ်သောအလှူဟုသိရှိနိုင်သကဲ့သို့..ရည်ရွယ်ချက်ကိုမသိသော မျက်ကန်းတစ္ဆေများကတော့ ရှုးတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်...

lunlay007 said...

ဟေ့ကောင် pioneerboy .....ဒေါ်မာလာဝင်း က ရုးတာမဟုတ်ဘူး.....မင်းကမှ စောက်ရုးကောင်....သတောင်းစား......မင်းလို ကောင်တွေ လူ့ ပြည်မှရှိတာ.....မြေလေးတယ်......မင်းကို ငရဲသားတွေစောင့်နေတယ်....မြန်မြန်သွားပါတော့ ကွာ.......ဟေ့....ကောင်....go go go go go

toe said...

koye , kin myar pyaw tar ne' ne' lo nay tal, bar lo lae' so top democracy a ya so yin, a myar su ka lat ma khan nai tar ko bar lo. ta yout hte' ka against load nay tar lae', democracy so dar a myar su yet tha baw a tai phit ya mal, thay char lay. lar par, pioneerboy, i don't no why u say like that and what u mean. but it's not really good.

thetswan88 said...

ဒေါ်မာလာဝင်းရဲ့ မွန်မြတ်လှသောစိတ်ဓါတ်ကို အလွန်လေးစားပါတယ်..

aung san lin said...

ဒေါ်မာလာဝင်း က ကိုယ့်အမိနိုင်ငံအတွက်တန်ဖိုးရှိရှိ အသုံးပြုသွားတာပါ ၊ တချို့ကသာ လူအထင်ကြီးအောင် မိမိနိုင်ငံအတွက် မှန်းမသိ သူတပါးနိုင်ငံအတွက်မှန်းမသိ ဆွယ်တော်မြတ်ဆိုတာနဲ့ပဲ လှူလိုက်ကြ ပြိုင်လိုက်ကြနဲ့ အရူးထလိုက်တာ တတပြီးယုတ်တဲ့(တရုတ်)ပြည်ကြီးကောင်းစားသွားတော့တာပဲ...။ကျွန်တော်ဆိုလိုတာ အားလုံးသဘောပေါက်ကြမှာပါပဲ ဘယ်လိုပဲလှူ လှူ မိမိနိုင်ငံအတွက်အကျိုးပြုသူကို ဂုဏ် ပြု သာဓုခေါ်ကြပါဗျာ.....။

မောင်မောင် said...

လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။
အယင်ဆုံး မှတ်ချက်၊ ဝေဖန်ချက်ပေးသူ ကနေပြီးတော့ နောက်ဆက်တွဲတွေမှာ ကိုယ့်ဗမာတွေ ရဲ့  အထင်အမြင်သေးတတ်မှု့ ၊ တစ်ယောက်နဲ့ တစ်ယောက်စည်းလုံးညီညွတ်မှု့ မရှိဘဲ၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း တဲ့ စိတ်ဓါတ်၊ အားနည်းသူကို ဖေးမမကူပဲ နဲ့ နှိမ့်ချပြောဆိုတတ်တဲ့ စိတ်ဓါတ်၊ အထင်ကြီးချင်ယင်လဲပဲ သူတို့ ကြီးချင်ရာ ကို စွတ်ပြီးတော့ကြီးတဲ့၊ အထင်သေးချင်ယင် ဇွတ်အထင်သေးတတ်တဲ့ စိတ်ဓါတ်၊ ကိုယ်နဲ့သဘောမတူ ယင်ရန်သူ လို
ပဲ မြင်တတ်တဲ့စိတ်ဓါတ်၊မျိုးတွေမြင်ရပါတယ်။
ဟုတ်ပါတယ်။ သာမန်တိုင်းသူပြည်သားတစ်ယောက်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အခြေခံလူတန်းစားတစ်ယောက်အဖို့ ၊ တီရှပ်တစ်ထည်ကို သိန်း ၁၃၅ သိန်းပေးဝယ်လိုက်တယ် ဆိုတာကြားယင် ရူးတယ် လို့ ပဲ ပြောမှာပါ။ သူ့ ဖက်ကကြည့်ယင် သူဟာတစ်နေ့ လုပ်မှတစ်နေ့ စားရတဲ့ တစ်ရက်လုပ်အားခ ငွေ ၂၀၀၀ ကျပ်လောက်ရသူဖြစ်နေကောင်းဖြစ်နေမှာပဲ။
သူမြင်တာ သူပြောမိတာ ကွန်မန့် ရေးမိတာ အပြစ်မရှိပါဘူး။ နင်ဘဲ ငါ့စ ဆဲရေးတိုင်းထွာပြီး ရေးပြလာသူတွေ ကျတော့ မြင်သာပါတယ်။
အခုလုပ်တဲ့ပွဲ ကို ၁၀၀ ရာနှုန်းထောက်ခံသူရှိချင်မှ ရှိမှာပါ။ ၈၀ လောက် ထောက်ခံမယ် ၂၀ က တော့ မကောင်းမြင်ရေးယင်
သူတို့ အမြင် နဲ့  သူတို့ အတွေး ထားလိုက်ပေါ့။
ပညာရေး ရံပုံငွေများ လက်မှတ်ရောင်းကတည်း က သုံးသောင်း ကနေ စလို့  ငါးထောင်မှာ ဆုံးတယ်။
မြန်မာပြည်အောက်ခြေ လူတန်းစား ၊ တစ်နေ့ လုပ်မှ တစ်နေ့ စား က အဲဒီလက်မှတ်ဖိုး သုံးသောင်းကနေ ငါးထောင်အထိ မတတ်နိုင်ကြပါဘူး။
တကယ်ပဲ ခြိမ့်ခြိမ့်သဲ လုပ်ကြမယ်ဆိုယင် ၊ အနုပညာရှင်တွေကရော လက်မှတ်ကို ခုလို ဈေးမြှင့်ရောင်းပဲ နဲ့ 
စေတနာသဒ္ဓါပေါက်သလောက် တစ်ရာ နှစ်ရာ ငါးရာ လောက် နဲ့ ပေးဝင်ကြည့်ပါ။ ရန်ကုန်တစ်မြို့ လုံးက လူခြောက်သန်းမှာ သုံးသန်းပဲ
လာပါစေ။ တစ်ယောက်ကို ငွေ တစ်ကျပ်ပဲ ထည့်ပါ။ ငွေကျပ်သုံးသန်း
ကို ပညာရေးအတွက်လှူကြမှာပါ။
ခုတော့ လဲ ပဲ ပညာရေးရံပုံငွေ အကြောင်းပြတယ်။ ရလာတဲ့ ရံပုံငွေ ကို အစိုးရမဟုတ်တဲ့ ပညာရေးသင်တန်းကျောင်းတွေ ကို ထောက်ပံ့မယ်
ဘယ်လောက်ရပြီး ဘယ်လို စီမံမယ်၊ ဘာတွေလုပ်မယ် ထုတ်ပြန်ထားပါသလား။
ရှေ့ ပြေးစီမံပြီးတော့ ဒီက ရလာတာ ကို ဘယ်ရာခိုင်နှုန်း ကို ဘယ်မှာနေရာမှာသုံးမယ် ထင်သာမြင်သာအောင် ပွင့်လင်းအောင်ရော
စီမံထားပြီးပြီလား
အနုပညာရှင်တွေ နဲ့ ဒေါ်စု ကို မရောထွေးပစ်ကြနဲ့။ ဒေါ်စု လောက် အနစ်နာခံ၊ ဘ၀ အပျက်ခံပြီးတော့ နိုင်ငံချစ်ခဲ့ကြပေမယ့် အခုတော့
ဒေါ်စုကို အမှီပြုပြီး တော့ ဟိုလိုလုပ်ကြဒီလိုလုပ်ကြ တာ၊ ဘယ်လိုပြောရမှာလဲ။ ဒေါ်စု အကျဉ်းကျနေစဉ် အခု နာမယ်ကြီး အနူပညာရှင်တွေက အနှစ်နှစ်ဆယ် အတော်အတွင်း ဘယ်သူက နစ်နာခံ
ဘ၀ အနစ်မွန်းခံ ပြီး ဆောင်ရွက်ခဲံလဲ။ အခု
ဒေါ်စု လွတ်လာပြီးမှ ၊ တခါတည်း နဲ့ လုပ်လိုက်ကြတာ ချစ်လိုက်ကြတာ
အမေစု၊ ဒေါ်စု၊ နဲု့ လေ
ဒါကြောင့်မို့ ဘယ်သူမဆို သူ့ အမြင်နဲ့ သူ ကော်မန့် ရေးတာ ကိုပွင့်လင်းထင်စွာ ကောင်းမွန်စွာတုန့် ပြန်သင့်ပါတယ်၏။
တကယ်ပဲစေတနာရှိလို့ ၊ နာမယ်ထင်ရှားစေချင်လို့ ၊ စီးပွားရေးအရ အရေးပါချင်လို့ ၊ နောင်တခေတ်မှာ ဒေါ်စုပါတီ အာဏာရမှာ ဟုတ်လို့ 
စီးပွားရေး ကို ကြိုတင်ပြီး ရင်းနှီးတာ ၊ လဲ ဖြစ်နိုင်တယ်။
ဗမာတပြည်လုံးက ပရဟိတ ထမင်းငတ်နေတဲ့ ကလေးပေါင်း သောင်းခြောက်ထောက် ကို တစ်ရက် တစ်ကျောင်း နဲ့ တစ်ရက် တစ်ထောင် နဲ့ ကျွေးမွေးလို့ ခုလောက် မကုန်ပေမယ့်ဘယ်သူမှ မသိဘူး။ အခုတော့ ခုလိုပွဲမှာ သိန်း ၂ထောင်ကုန်လဲ လူသိများပြီး
တော့ အကျိုးများမယ် ဆိုယင် ကလေးပေါင်း တစ်သောင်းကျွေးလို့ ကုန်မှာ ကို တော့ ရင်းရဲတာလေ။ စီးပွားရေးသမား
အနုပညာရှင်သမားတွေ ဟာ ခေတ်အဆက်ဆက်မှာ ဒီလို ပဲ ပေါင်းစား
ရိုက်စား နဲု့  ရှင်သန်ခဲ့ ကြရပါတယ်။
မရှင်သန်နိုင်ခဲံယင် တခြားနည်းတခု နဲ့ ဖောက်ထွက်ရတယ်လေ။

Tri Asian Taste said...

pioneerboy ရေ ရူးလို့ ဝယ်တာမဟုတ်ဘူး ၀င်ပြောတဲ့ မင်းက ရူးနေတာ မင်းကွာ ကိုယ့်ကိုကိုယ် လူကြားထဲ ရူးကြောင်းထုပ်ထုပ်ပြီးမပြပါနဲ့ 

philosophermgmyathar said...

ရူး တာက မင်း ဟ ..ဒါလေးတောင် သဘောမပေါက်တော့ မင်းက ရူး ရုံ
တင် မဟုတ်ဘူး မင်းက နှမ်းနေတာ ..စစ်အုပ်စုလိုပဲ ..အရူးအနှမ်းဆိုတာ
သဘောမပေါက်တတ်ဘူးကွ..

Kyaw said...

Please forgive him for what he (Pioneerboy) has said. He will understand one day that what he said is insulting others. The democracy does not encourage us to insult others, but to express freely what we think.

lawstudent said...

pioneerboyက ဗိုလ်ချုပ်ကိုဆော်ကားတဲ့ သားကြီး လို အဆဲခံချင်နေပီနဲ့တူတယ်.. pioneerboy ရေ...မင်းရဲ့ အရူးချီးပန်းစကားတွေလာမပြောနဲ့ဟ......
မင်းကစောက်သုံးမကျတဲ့အကောင်ပဲ.....

soethuralwin said...

ဒေါ်မာလာဝင်း ရဲ့စိတ်ဓာတ်ကိုအင်မတန်လေးစားမိပါတယ်ဗျာ................ ဒါပေမယ့် ရည်ရွယ်ချက်ကိုမသိသော ဂေါက်ကြောင်pioneerboy ကိုတော့ သနားမိပါတယ်ဗျာ..............

marga said...

လေးစားပါတယ်ဗျာ၊ဂုဏ်လဲယူပါတယ်၊အားလဲကျပါတယ်၊
နောက်လဲဒီလိုမျိုးအကျိုးရှိမယ့်နေရာတွေမှာလှူတန်းနိုင်ပါစေလို့
ထာဝရဆုတောင်းပေးနေပါတယ်ဗျာ။

thant zaw said...

commentပေးတဲ့လူတွေအပြင်မှာတွေ့ပေးစေချင်တယ်...pioneerboyကိုဘယ်လိုဝိုင်းဆော်ကြမလဲမသိဘူး...သိချင်တယ်ဟိ...ဟိ...

thin zar said...

ခွေးမသား pioneerboy ရူးနေတာ မင်းတယောက်ထဲ..ခွေးမျိုး....

thin zar said...

သာဓု...သာဓု...သာဓု...

ကိုနေ said...

သူငယ်ချင်းများအားလုံး နားမလည်သူကို နားလည်လာအောင် ပထမ ရှင်းပြဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော် ဆရာ ၀င်လုပ်တာမဟုတ်ပါ။ comment မှာ အမှတ်တမဲ့ ၀င်ရေးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပိုင်အိုနီးယား ဘွိုင်းရေးလိုက်တာ အားလုံးရူးနေပြီလားမသိပါဘူးဗျာ လို့ပဲရေးထားတာပါ ။ ကျွန်တော်လည်း သူ့ရဲ့ သုံးသပ်ချက် ကို လက်မခံနိုင်သူပါ။ သူနားမလည် နိုင်လို့ ရေးလိုက်တာ ဒါမှမဟုတ် သူ့ရဲ့ အာလုပ်စကားလည်းဖြစ်နိုင်ပါတယ် ဒီမိုကရေစီ ကိုလိုလားသူများအနေနဲ့ မှားတာ မှန်တာ နောက်ထား လူတယောက်ရဲ့ သဘောထားကို လွတ်လပ်စွာ တင်ပြနိုင်ပါတယ်။ အခုလို ၀ိုင်းဆဲ လိုက်တော့ သူနားလည်မယ်ထင်သွားလား။ ဗိုလ်ချုပ်ကို စော်ကားတဲ့ သူမျိုးဆိုရင်တော့ တမျိုးပေါ့လေ။ ဒီနေရာမှာ ဗိုလ်ချူပ် မိန့်ကြားခဲ့တဲ့ စကားလေး ကို ပြန်ရှယ် ပါရစေ။ လွတ်လပ်ရေး ဆိုတာ ကိုယ် တဦးတယောက်အတွက် ကိုယ့်မိသားစု အတွက် ကိုယ့်တိုင်းပြည် လူမျိုး အကျိုးစီးပွားအတွက် သူတပါး အကျိုးစီးပွား သူတပါးရဲ့ လွတ်လပ်မှုကို မထိခိုက်ပဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြံစည်ပြောဆို နိုင်တာပါ။ အခု ပိုင်အိုးနီးယား ရဲ့ ယူဆချက်က တဖက်သားကို ထိခိုက်နေတယ်။ ကျွန်တော်တို့ လမ်းပြကြရအောင်။ လက်တွဲ ခေါ်ရအောင်ဗျာ။

Thu Ri Ya said...

pioneer boy တော့မဖြစ်နိုင်
pioneer girl ဘဲဖြစ်မယ်
လေ့လာမှုနဲတဲ့ကောင်ဘဲ ဒီလိုကောင်တွေကနားမ
လည်တဲ့ကောင်တွေမဟုတ်ဘူး ၇၇ှားကကောင်တွေ တစညကကောင်တွေဘဲဖြစ်မှာ ခုချိန်ကလူတိုင်း၇ူး
သွပ်နေတာ ဘာကြောင့်လဲဆိုတော့တိုင်းပြည်မှာခေါင်း
ဆောင်ကောင်းတွေလိုချင်နေတယ် ဆင်း၇ဲကြပ်တည်း
ပြီးဒုက္ခေ၇ာက်နေတာတွေကိုဖြေ၇ှင်းပေးနိုင်တဲ့သူတွေ
ကိုမျော်လင့်နေတာလေအဲဒီချိန်မှာ ခုလိုဝင်ေ၇း၇င်
ဝိုင်းပြောခံ၇မှာပေါ့ မှတ်ချက်တခုပေး၇င်၇မ်းပီးမပေး
၇ဲတဲ့သင်ခန်းစာတော့၇မှာပါ ဒါမှပတ်ဝန်းကျင်လေ့လာ
မှုသုံသပ်မှုတွေ၇ှိလာမှာ ကျိမ်းသေတာတခုကတော့
သူတို့ပထွေးဟာဆို၇င်တော့ဘယ်သူမှအဲ့လိုဈေးပေး
နေမှာမဟုတ်ပါဘူး

Thu Ri Ya said...

ပတ်ဝန်းကျင်လေ့လာမှုမ၇ှိဘူးထင်တယ်

yein said...

pioneerboyရေ သတင်းကိုသေချာဖတ်ဟ
မင်းအရေးမတတ်တော့မင်းကိုဝိုင်းဆော်ကုန်ပြီ

common purpose companyမှ ဒေါ်မာလာဝင်းအား အမေစုနှင့်
ဒီမိုကရေစီဘက်တော်သားများကိုယ်စားလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါ
ကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ယနေ့မှစ၍နောင်နှစ်ပေါင်းများစွာ
ကျန်းမာချမ်းသာသုခအဖြာဖြာပြည့်စုံ၍စိတ်ချမ်းသာကိုယ်ကျန်းမာနှင့်
ဘာသာ သာသနာအကျိုး တိုင်းပြည်အကျိုးတိုးတက်အောင်ပို၍
ထောက်ပံ့လှူဒါန်းနိုင်ပါစေကြောင်း နှစ်သစ်မင်္ဂလာဆုမွန်ကောင်းတောင်း
အပ်ပါသည်။

ဒီမိုကရေစီဘက်တော်သားများ၊ရဟန်းရှင်လူများခင်ဗျာ
common purpose company အားတဖန်ပြန်လည်အားပေးကြရန်
ဤနေရာမှတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(မှတ်ချက်)ထိုcompanyသည်မည်သို့သောcompanyဖြစ်သည်ကို
ကျွန်တော်တို့ကိုယ်တိုင်သေချာမသိသောကြောင့် သိရှိသူများမှ
အများပြည်သူအတွက် ကြော်ငြာပေးပါရန်တောင်းဆိုအပ်ပါသည်။

BBHS said...

♥Common Purpose ကုမ္ပဏီမှ(MD)ဒေါ်မာလာဝင်း ဒီတတ်မကလှူနိုင်ပါစေ..မိသားစုဝင်တွေကျန်မာ၊ချမ်းသာပျော်ရွှင်နိုင်ပါစေ..♥
pioneerboy ကတော့နာမလည်းလို့ပြောမိတာနေမယ်.ကိုယ်တန်ဖိုးတဲ့အရာ
ကဘယ်အရာနဲ့မှတန်ဖိုးဖြတ်မရဘူးသားရဲ့ စဉ်းစားကြည်မင်းညီမကိုလဲ .
လူကြီးတစ်ယောက် 125သိန်းဝယ်ခဲ့ရင် ဒီလူမှအရှုးဖြစ်လိမ့်မယ် သူကနှာကိစ္စ
ဒါကျတော့ရှုးတာမဟုတ်မွန်မြတ်တာနောက်တခါဦးနှောက်ဆုံးဖြတ်ပေါ့ သား

kyitharoo said...

အခွန်လွတ် ။ စီးပွားရေးတွင်။ :) နောက်ပိုင်း လူသိများလား။ ဒီနေရာမှ။ တစ်ခြားစီးပွားရေးလုပ်ငန်းအခွန်လွန်ကောင်းဖြစ်နိုင်။ လုပ်ငန်းပါမစ်များ ဖြစ်နိုင်။

ုkyaw said...

လေးစားစရာကောင်းပါတယ် လည်ကတုံးအ၀တ်အစားဝတ်ပြီးအီးယောင်ဝါးလုပ်စားနေတဲ့လူတွေရှက်သင့်ပါတယ်

Tin Maung Lwin said...

pioneerboy ရေ လူထူရင်အနူထတာလား။

aung naing said...

pioneer boy ကအရက်သမား၊ကြောင်နေတာ၊ ဒေါ်မာလာဝင်းဒိထက်ပိုချမ်းသာပါစေ။

tun tun kyaw(yangon ) said...

စောက်ရူးကောင်...မင်းနာမည် တွေ.ကတည်းက လေးတန်းမအောင်တဲ့ ကောင်မှန်း ငါသိပြီးသား...pioneerboy တဲ့ ဖွတ်လချီး....

Powered by Blogger.