တောင်းပန်ကြားလွှာနှင့် အတူ လက်မှတ် ၁ သောင်းကျော် သံဃမဟာနာယကအဖွဲ့ ထံပေးပို့

ဒီဇင်ဘာ ၁၄ ရက်နေ့က လက်ခံရရှိသည့် သံဃနာယကအဖွဲ့ဆုံးဖြတ်ချက် နှင့်ပတ်သက်ပြီး ရွှေည၀ါဆရာတော်မှ တောင်းပန်လျှောက်ထားလွာနှင့်အတူ ကြည့်မြင်တိုင် မြို့နယ်မှ အရပ်သားများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ် တသောင်းကျော်ကိုပါ ယနေ့ ပေးပို့လိုက်ကြသည်။

ရွှေည၀ါ ဆရာတော် ဦးပညာသီဟက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်စာ အပေါ် တောင်းပန်လျှောက်ထားလွှာ ရေးသားကာ ပေးပို့ရန် စီစဉ်နေစဉ်မှာပင် ကြည့်မြင်တိုင်မြို့နယ်နေ လူပရိတ်သတ်က ဆရာတော်အနေဖြင့် ၀ိနည်းနှင့် အညီနေထိုင်ပါကြောင်း ယခုကဲ့သို့ဆုံးဖြတ်ချက်မျိုး မချမှတ်သင့်ကြောင်းကို စာရေးသား လက်မှတ်ကောက်ယူပြီး တတွဲထည်း ပေးပို့ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က ဆရာတော်အား ကျောင်းတိုက်မှဖယ်ရှားမည် ဆိုသည့်သတင်းကြောင့် စိတ်မကောင်းစွာဖြင့် လာရောက်ကြည့်ရှုနေကြသည့် တကာ၊ တကာမအချိ့ ကိုမြင်တွေ့ရစဉ်၊

လက်မှတ်ရေးထိုးသူ အရေအတွက်မှာ ယနေ့ညနေပိုင်းထိ တသောင်းတထောင်ကျော် ရရှိခဲ့သည်ဟု ရွှေည၀ါ ဆရာတော်က မိန့်ကြားသည်။ လက်မှတ်ရေးထိုးသူများမှာ ကြည့်မြင်တိုင် မြို့နယ်သာမက အနယ်နယ်အရပ်မှ တပြည့်သာဝက များလည်း ပါဝင်သည်ဟုလည်း ဆက်လက်မိန့်ဆိုသည်။

“အခုစာနဲ့ တောင်းပန်ပြီးပါပြီ ကိုယ်နဲ့ ဦးတိုက်လျောက်ထားတောင်းပန်ဖို့ပဲကျန်တော့တယ် ၊ အဲဒါပြီးရင် အားလုံးအေးချမ်းသွားမှာပါ  “ဟု ကြည့်မြင်မြို့နယ်သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် ဦးပညာသီဟက YPI သို့မိန့်ကြားသည်။

တောင်းပန်လျှောက်ထားစာတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးများ၏ သြ၀ါဒကိုစောင့်မျှော်မိကြောင်း၊ ထိုသို့ခေါ်ဆိုဆုံးမ သြ၀ါဒပေးခဲ့မည်ဆိုပါက လေးနက်စွာခံယူမည်ဖြစ်ကြောင်းကို  ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း ပါရှိသည်။ ထို့အပြင် တပည့်သားကဲ့သို့ဆိုဆုံးမ ပြီး သာသနာပြု အခွင့်အလမ်းများ ပြန်လည်ခွင့်ပြုခွင့်ပေးရန်လည်း တောင်းပန်လျောက်ထားကြောင်း သိရှိရသည်။

ကြည့်မြင်တိုင် နတ်စင်လမ်းနေကိုယ်တိုင်လက်မှတ်ထိုးခဲ့သူ မသီတာက “ ဗြန်းဆို အဲလောက်ကြီးထိ ဖြစ်သွားတာတော့  စိတ်မကောင်းဘူးပေါ့ ။ သာသနာ့ အကျိုးလုပ်နေတဲ့ စာချစာသင် ဆရာတော်တစ်ပါးကို အဲလောက်ကြီး ဆုံးဖြတ်တာ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်” ဟု ပြောသည်။

ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ တရားဟောကြားခဲ့ခြင်းကြောင့်
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ပိုင် သာဓု ကျောင်းတိုက်မှဖယ်ရှားရန်။ သံဃာအဖွဲ့အစည်း အဆင့်ဆင့် ၏ဆုံးမညွန်ကြားသည်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်(ဆိုဆုံးမရခက်ခဲသည့် ပုဂ္ဂိုလ်)  အဖြစ် သတ်မှတ်ရန်နှင့် ကျောင်းတိုက်တွင် ခွင့်ပြုချက်မရဘဲ မည်သည့် သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန်  တွဲဖက်အကျိုးတော်ဆောင် ဆရာတော်လက်မှတ်ဖြင့် ယခုလလ ၁၂ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဦးပညာသာမိကမူ “တိုင်းပြည်အပေါ်မတရားမှုတွေကို ဟောကြားလို့ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်လို့မရပါဘူး ၀ိနည်းနဲ့မညီလို့ ဆုံးမမှသာမြောက်တာ”ဟုမိန့်ကြားသည်။

ရွှေည၀ါ ဆရာတော်သည် ဒီဇင်ဘာလ၂ ရက်နေ့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်က အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ် ၁၀ ဦးနှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် တပါးတည်းသော ဆရာတော် ဖြစ်သည်။        ။


ဒီဇင်ဘာ ၁၀ ရက်နေ့ ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက် ဖွင့်ပွဲတွင် တွေ့ရသည့် ရွှေည၀ါဆရာတော် ဒီဇင်ဘာ ၁၆၊ ၂၀၁၁ (YPI)
တောင်းပန်ကြားလွှာနှင့် အတူ လက်မှတ် ၁ သောင်းကျော် သံဃမဟာနာယကအဖွဲ့ ထံပေးပို့ တောင်းပန်ကြားလွှာနှင့် အတူ လက်မှတ် ၁ သောင်းကျော် သံဃမဟာနာယကအဖွဲ့ ထံပေးပို့ Reviewed by သစ်ထူးလွင် on 08:31 Rating: 5

2 comments:

aung san lin said...

ဒီလိုနိုင်ငံရေး လုပ်တိုင်း နိုင်ငံရေးတရားဟောတိုင်းသာ သံဃာ့ဝိနည်းနဲ့မညီဘူးဆိုရင် သမိုင်းဝင် ဆရာတော် ဦးဥတ္တမ ၊ ဆရာတော် ဦးဝိစာရ တို့ဟာ သမိုင်းဝင်သံဃာ့ အာဇာနည်တွေဖြစ်လာကြမှာမဟုတ်ဘူး ၊အမြင်ပိုင်းမှာ ၀ိနည်းညီတယ်ထင်ရပြီး မမြင်ရာမှာ ညထမင်းစား ။ ရည်းစားစာပစ်။ တရားမကျင့် တရားမပြ တရားမဟော ငွေသာအဓိက အလှူခံ ဆွေမျိုးနဲ့ ကိုယ်တော့် အရေးသာကြည့်တဲ့ ကိုယ်တော်တွေအများကြီးတွေ့ရပါတယ် ဒါတွေ ဟာဝိနည်းနှင့်ညီပါသလား....တစိတ် ကိုတအိတ်လုပ် တဲ့အကျင့်တွေ ဖျောက်ကြဖို့ သင့်ပါပြီ....အခုပိတ်ပင်တဲ့ ဆရာတော်တွေထဲမှာ အရိယာ ဖြစ်နေတဲ့ ရဟန္တာ တွေဖြစ်နေ ပါနေပါပြီလား အများအတွက်မလုပ်နိုင်ရင် မိမိအတွက်လွတ်မြောက်အောင်အရင်လုပ်စေချင်ပါသည် အများအတွက် လုပ်ဆောင်သူအတွက်မပိတ်ပင်ပါနဲ့ဘုရား.....ကိုယ်မလုပ်နိုင်ရင် လုပ်နေသူအပေါ် မနှောက်ယှက်ကြပါနဲ့....မိမိကမှန်တယ်ထင်ရင် အားပေးပါ မမှန်ဘူးထင်ရင် မဝေဖန်ပါနှင့် မပုတ်ခတ်ပါနှင့် သူဘာသာသူ ဆုတ်ယုတ်သွားပါလိမ့်မယ်.....ကိုယါကျိုးမကြည့် အများအတွက်ကြည့်နိုင် မြင်နိုင် ဆောင်ရွတ်နိုင်ကြပါစေ..aungsanlin74@gmail.com

Anonymous said...

သံဃာတော်တွေရဲ့ အကျင့်သီလကို မဲဆွယ်ဖျက်စီးနေကြတာ နိုင်ငံ့ရေးသမားတွေပါပဲ။

Powered by Blogger.