ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ် (ပေးစာ)

အနိုင်ကျင့်ခံရသူ ကိုနိုင်ဝင်း
ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂)မှဗိုလ်အောင်အောင်လတ်၊အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ် ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ် အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟုဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။
၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။

ကော့သောင်းသားတစ်ဦး
ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ် (ပေးစာ) ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ် (ပေးစာ) Reviewed by သစ်ထူးလွင် on 18:19 Rating: 5

3 comments:

1234567 said...

ခွေးကိုက်ရင် ခွေးကိုဘဲအပြစ်မတင်ပါနဲ့..ခွေးရှင်မှာလဲအပြစ်ရှိတယ်.ခွေးရှင်တွေကို သိအောင်လုပ်ပေးပါ

soethine said...

ဒီလိုမျိုးလုပ်ရပ်တွေကြောင့်တပ်မတော်နဲ့ပြည်သူအကြားသွေးကွဲ
စေပါတယ်

တင်းတိန် said...

ပြောင်းလဲပွင်းလင်းလာပြီဖြစ်တဲ့နိုင်ငံရေး အခြေအနေ၊ လူမှုရေး၊စီးပွားရေး အခြေအနေတွေကို အောက်ခြေအထိ ချမပြ၊ အရာရှိငယ်တွေကလဲ မလေ့လာ သတင်းအမှောင်ချထားတဲ့ တပ်မတော်ရဲ့ထုံးစံကြောင့် ဒီလိုတပ်မတော်တွင်းမှာ အရာရှိငယ်တွေ ဒီလိုဖြစ်စဉ်တွေဖြစ်ရတယ် လို့ ယူဆပါတယ်...

Powered by Blogger.