NLD ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နိုင်ကြောင်း ဦးအောင်သိန်းလင်းက ပြောကြား

ဦးအောင်သိန်းလင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အတွက် ပြိုင်ဆိုင်မှု ပိုပြီးပြင်းထန်လာမည်ဟု ထင်ပါသလားဟူသော မေးခွန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ''အဲဒါတော့ ဖြစ်နိုင်တာပေါ့။ ပြိုင်ဘက်တွေ ပိုပြီးများလာတယ်ဆိုရင် ပိုမြိုင်မှာပေါ့။ ပြိုင်တဲ့သူတွေများတော့ ပြိုင်ဆိုင်မှု များမှာပေါ့''ဟု ပြန်လည်ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပမည့် လစ်လပ်မဲ ဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိသလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိကြောင်း သိရသည်။
''လစ်လပ်မဲဆန္ဒနယ် အားလုံးပြိုင်မှာပါပဲ။ လူကတော့ လျာထားပြီးတော့မှ ဗဟိုဌာနချုပ်ကို တင်ထားတယ်။ ဗဟိုဌာနချုပ်က အတည်ပြုမှာပေါ့''ဟုလည်း ၎င်းက ပြောကြား ခဲ့သည်။
ထို့ပြင် ဦးအောင်သိန်းလင်းက ''အရေးကြီးတာကတော့ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သူတစ်ပါး သြဇာခံရတဲ့နိုင်ငံ မဖြစ်ဖို့။ အဲဒီနိုင်ငံဘ၀ကို မရောက်ဖို့ ဒါပဲအရေးကြီးတယ်။ ဘယ်သူတွေပြိုင်တာ၊ မပြိုင်တာထက်ကို အရေးကြီးတာက တို့တိုင်းပြည် တို့လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တို့တွေ သားစဉ်မြေးဆက် ဘယ်တော့မှ သူများသြဇာခံရတဲ့ဘ၀ကို မရောက်ဖို့ အရေးကြီးတယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။
လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး / ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က အကြောင်းကြားထားပြီး၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျှက်ရှိသည်။
Eleven Media Group
Myanmar News Now
NLD ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နိုင်ကြောင်း ဦးအောင်သိန်းလင်းက ပြောကြား NLD ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နိုင်ကြောင်း ဦးအောင်သိန်းလင်းက ပြောကြား Reviewed by သစ်ထူးလွင် on 11:58 Rating: 5

9 comments:

myonaing said...

ဟဲ ဟဲ ဟဲ.....လန့်နေကြပြီလား

aung naing said...

ပြည်သူအရေးမလုပ်တဲ့သူတွေမဲမပေးပါဘူး၊

tommy said...

သူတစ်ပါး သြဇာခံရတဲ့နိုင်ငံဘ၀ကို မရောက်ဖို့ ဒါပဲအရေးကြီးတယ်။ဆိုတော့ တရုတ်သြဇာခံနေဘ၀ရောက်အောင် ဘယ်သူတွေလုပ် ခဲ့တာလဲ ?

Myanmar said...

ဟ ဒီကောင် နားသွားပီထင်တာ ပြန်ပေါ်လာပြန်ပီ။ ပြသာနာဘဲ။ ။

Taw Lu Thit said...

ဒီလူလူတွေကို စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးနေတာဗျ လက်နက်အင်အားနဲ့ အင်အားသုံး အနိုင်ကျင့်တာ တရားတာ မတရားတာထက် အနိုင်ရဖို့ ဘယ်နည်းမဆို သုံးတာတွေကို စနစ်ကြီးက မွေးထုတ်ထားတာ ခွင့်ပြုထားတာ လမ်းတခြမ်းခင်းအောင်သိန်းလင်း မရှိလဲ နောက်လာဦးမယ့် သူလိုလူတွေ အောင်သိန်းလင်းပေါက်စတွေ အများကြီး ရှိပါသေးတယ်..
အဲ့ဒီမတရားမှုတွေ အနိုင်ကျင့်မှုတွေကို ဥပဒေနဲ့ ထိထိရောက်ရောက်တားနိုင်မှ ဥပဒေနဲ့ အရေးယူနိုင်မှ စိတ်ချရမှာပါ။ အုပ်ချုပ်သူတွေ လုပ်ချင်ရာလုပ်ခွင့် ရနေသေးတာကိုက ဥပဒေမရှိတာပါ ဒါတောင်ကြီးကြီးကျယ်ကျယ် ဥပဒေဘောင်တွင်း ၀င်လာခဲ့ပါ ဘာညာတွေ ပြောသေးသဗျ..

Myanmar said...

အန်တီစုကို အားပေးလိုက်၇အောင်ဗျို့ ခုတလော ၇န်ကုန်မြို့တော် (သူဟာသူဘာဖြစ်ဖြစ် ငါတို့၇င်ထဲက မြို့တော်) မှာ ဥပဒေမဲ့၇မ်းကားနေသံတွေ မိုးမွှန်နေတာဘဲ။ ဒါလဲ လူကြီးဆိုတဲ့သူတွေက ၇ှက်၇ကောင်းမှန်းမသိဘူး။ တုတ်တုတ်တောင်မလုပ်ဘူး။ သူတို့ မိသားစုကိုမထိနိုင်ဘူးဆိုတာ သိတယ်လေ။ ဘာဘဲဖြစ်ဖြစ် ဥပဒေစိုးမိုးမှု၇ှိဘို့ အန်တီစုတစ်ယောက်ဘဲ ကယ်နိုင်တယ်။ ယုံကြည်တာ အန်တီစု တစ်ယောက်ဘဲ၇ှိတယ်။ ငါတို့၇ဲ့ ၇ှင်းလင်းပြတ်သားတဲ့ ၇ပ်တည်မှုနဲ့ အန်တီစုကို ၀န်း၇ံကြ၇အောင်။ ။

CHO said...

ပြည်သူ့ဆန္ဒတွေကို မေ့ချင်ဟန်ဆောာင်မနေကျပါနဲ့။
ပြည်သူတွေကဘယ်သူ့ကိုဘဲချစ်တယ်-ယုံကြည်တယ်ဆိုတာကို
မင်းတို့အသိဆုံးပါ။မင်းလုပ်ရပ်(မဲမသမာမူ)တွေကိုလ
ဲမင်းအသိဆုံးပါ။
ရှက်တတ်ရင်လဲသေဘို့ကောင်းတယ်။
မင်းမျက်ခွက်ကြီးကိုပြည်သူတွေ
မတွေ့ချင်ဆုံးဘဲဆိုတာနာလယ်စမ်းပါ။
အရှက်ကိုမရှိတဲ့ဟာတွေ။

Ko Ko Min Zaw said...

Come on Mr Aung Thein Linn, Now 21st century.No country can be colonized.Having you get that type of mentality is so sorry to see as a leader in your organization.Please open your mind set.work smart and deal smart when you encounter in diplomatic role.No one can over run.How is china deal with Mr Than Shwe group? Almost our nation is going to be prostitute country because of wrong approach.Right? Bare in mind ,you have no capability in that bigger role player. So move aside.

tinayepnpygn said...

ဒီအဖွဲ့ အစည်းက ရံပုံငွေ တွေတယ်ပေါဆိုဘဲဗျာ။
ဘယ်ကရတာလဲ မသိဘူး။

Powered by Blogger.