NLD ကြားဖြတ်ဝင်မည်ဆိုခြင်းကြောင့် ၁ဝ ပါတီ၏အစီအစဉ် ဖျက်သိမ်းခဲ့ဟု ဆို

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDသည် နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ကာ ကြားဖြတ်ရွေးေ ကာက်ပွဲအားနေရာ လပ်မရှိ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်းကြောင့် ၁ဝ ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် မူလကချမှတ်ထားသောအစီ အစဉ်ကို ဖျက်သိမ်း လိုက်ရသည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ ”ကျွန်တော်တို့က ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် ကျွန် တော်တို့ မဟာမိတ်ပါတီ ၁ဝ ပါတီ စုပေါင်းထားတဲ့ ၁ဝ  ပါတီ က ညှိနှိုင်းဆွေးနွေးထားတာရှိတယ်။ ၁ဝ ပါတီက မဲဆန္ဒနယ် တစ်ခုမှာ တစ်ယောက်ပဲပြိုင်၊ ကျန်တဲ့သူက ဝင်ကူဆိုပြီးလုပ်ထား တာ။ အဲဒါက လည်း ပြီးခဲ့တဲ့သုံးလလောက်ကတည်းက စီစဉ်ထား တာ။ ကျွန်တော်ဆိုရင် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှာဝင်ဖို့ စာရင်း ပေးထားတယ်။ ဒါပေမဲ့ အခုကျတော့NLDကပါ ကြားဖြတ်ရွေး ကောက်ပွဲဝင်မယ်ဆိုတော့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေက ပျက် သွားပြီ။ ဘယ်လိုလုပ်ရမလဲ မပြောတတ်သေးဘူး။ ပြန်တိုင်ပင်ရဦး မယ်။NLD ကဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်လာခဲ့ရင်လည်း ကျွန်တော် တို့အတွက်က အခက်အခဲ မရှိပါဘူး”ဟု ဦးသုဝေက ဆိုသည်။ဆက်လက်၍ ၄င်းက NLD ပါတီအနေဖြင့် တရားဝင်ပါတီ အဖြစ် ရပ်တည်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်၍ လူထုအဆုံး အဖြတ်ခံယူခြင်းအား ကြိုဆိုကြောင်း NLDပါတီတွင် လုပ်နိုင်ကိုင် နိုင်သူများရှိသည့်အပြင် ထိုလူများမှာ လူထုကိုယ်စားလွှတ်တော် ထဲတွင် ပြောနိုင်ဆိုနိုင်မည်ဟု ယူဆကြောင်း၊ အကယ်၍ လူထု ဆုံးဖြတ်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ ပါကလည်း လူထုဆန္ဒဖြစ်သည့်အတွက် လက်ခံပါကြောင်း ၄င်းက ထပ်လောင်းပြောသည်။
 သူရထွန်း
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်