မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ

MIC ဥက္ကဋ္ဌ ဦးစိုးသိန်း
အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များမှ ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ဂျာမဏီ၊ ဆွီဒင် နှင့် နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ လာရောက်ထောက်ပံ့ခြင်းများ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်ဟု လည်းသိရှိရသည်။
"အမေရိကန်သံရုံး ယာယီတာဝန်ခံက ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်အစိုးရဘက်က တစ်ချို့လူတွေ လာရောက်မြှုပ်နှံချင်တယ်လို့ ပြောတယ်။ အမေရိကန်မှ မဟုတ်ပါဘူး ဆွီဒင်၊ နော်ဝေနဲ့ အီးယူနိုင်ငံတွေကလည်း လာရောက်မြှုပ်နှံပြီး နည်းပညာတွေ ထောက်ပံ့လိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်"ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ရန်ကုန်မြို့ကဲ့သို့ အချက်အခြာကျသည့် မြို့များတွင်သာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များပြားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်းများ ရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမှ လုပ်သားတွေရဲ့ နေ့စဉ်ဝင်ငွေ တိုးတက်လာ မှာပါ။ အခု မြန်မာက အရှေ့တောင်အာရှမှာ တစ်ရက်ဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲ ပါနေတာလေ။ ဘယ်နိုင်ငံက မဆို သတ်မှတ်ချက်နဲ့ ညီရင် အားလုံးကို မြှုပ်နှံခွင့်ပြုသွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမယ့် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။ ဘယ်ကဏ္ဍမဆို မြှုပ်နှံချင်ရင် MIC မှာ လာပြီးတွေ့ဆုံဆွေးနွေးပါ။ အမြန်ဆုံး ပြန်ချပေးသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန် ဒေါ်လာ ၃၆ ဘီလျံကျော်ရှိပြီး အီးယူနိုင်ငံများ အနေဖြင့် အလုံးအရင်းဖြင့် မြှုပ်နှံမှုမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုသိရသည်။

Eleven Media Group
Myanmar News Now
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ Reviewed by သစ်ထူးလွင် on 17:52 Rating: 5

4 comments:

Bravo said...

နိုင်ငံခြားကုမ္မဏီတွေလာတော့မယ်ဆိုတော့ ကိုယ့်ဖက်ကဘာတွေပြင်ဆင်ထားပြီးပြီလဲ။ တိုင်းပြည်နဲ့တိုင်းရင်းသားတွေအတွက်မနစ်နာအောင် ကာကွယ်ထားတဲ့ဥပဒေတွေ ခိုင်ခိုင်မာမာရှိရမယ်၊ လမ်းပန်း(ရေလမ်း၊ကုန်းလမ်း၊လေလမ်း)ဆက်သွယ်ရေးကောင်းရမယ်။ ဆက်သွယ်ရေး(အင်တာနက်၊တယ်လီဖုန်း)လိုင်းတွေ စံနှုန်းမှီရမယ်။ လာတ်စားမှုကင်းရမယ်။

aung naing said...

တရားဥပဒေစိုးမိုးရေးမှမရှိ၊လာဏ်ပေးလာဏ်ယူကိစ္စတွေရှိနေတာတွေကိုအရငိနိမ်နင်းသင်ံတယ်။

ye gyi said...

အပြုသဘောပြောတာနော်.....ဘယ်နိုင်ငံကိုယ်ပဲသွားကြည့်ကြည့် ဘယ်ဒေသကိုယ်ပဲသွားကြည့်ကြည့် လိုအပ်နေတာတွေ အများကြီးပါ........ဒါကြောင့်.........ဘေးကနေ ထိုင်ပြောမနေပဲ တတက်တအား ဝိုင်းဝန်းကူညီပေးလိုက်ရင် မကောင်းပေဘူးလားသူငယ်ချင်းတိုရေ..........

Dattha said...

ဝုတ်ဒယ်..တူကြောတာမန်ဒယ်.....

Powered by Blogger.