ရန်ကုန်မြို့ကြီးကို စင်ကာပူ လိုဖြစ်အောင်လုပ်မယ်လို့  ၀န်ကြီးဦးစိုးသိန်း ပုံပြော

ရန်ကုန်မြို့ မှ ရပ်ကွက်တချို့ 
ရန်ကုန်မြို့တော်ကြီးကို စင်ကာပူကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ၏ ဆန္ဒအပေါ် အခြေခံ၍ ပြောကြားသည်။ ၂၈-၁၁-၂၀၁၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမှတ် (၂) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းကပြောကြားခြင်းဖြစ်သည်။

"အရင်တုန်းက ကျွန်တော်တို့နိုင်ငံကို စင်ကာပူးက လာကြည့်ရတာပေါ့။ ကိစ္စမရှိပါဘူး။ အခု စင်ကာပူကို ကျွန်တော်တို့က ပြန်ကြည့်တာပေါ့။ ဒါက သမ္မတက ရန်ကုန်ကို ဖြစ်စေချင်တဲ့ ဆန္ဒပါ" ဟု ယင်းက ပြောသည်။

ရန်ကုန်မြို့ကို စင်ကာပူနိုင်ငံကဲ့သို့ ပြုလုပ်ရာတွင် လတ်တလောအနေဖြင့် လမ်းကောင်းမွန်ရန်လိုခြင်း၊ ရေစီး၊ ရေလာ၊ ရေပေးဝေခြင်းစနစ် ကောင်းမွန်ရန်လိုခြင်း၊ ခရီးသည်တင်ယာဉ်များ အဆင့်အတန်း၊ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ မီးရထားလမ်းကွန်ရက်များ တည်ဆောက်ခြင်း၊ စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

"အခုလမ်းတွေ ပြင်နေတယ်။ ပျက်နေတာတွေ ပြန်ပြင်တဲ့အခါမှာ ညအချိန်မှာလုပ်ဖို့ တိုက်တွန်းထားတယ်။ Taxi Service၊ Bus Service တွေကအစ တစ်ဆင့်ချင်းလုပ်ရမယ်။ စင်ကာပူကို သွားကြည့်မယ်။ သူတို့ဘက်က အကြံပြုမယ်။ ဒါတွေပါတာပေါ့" ဟု ယင်းက ဆိုသည်။

ပြည်မြန်မာသတင်းဂျာနယ်
Myanmar News Now 
ရန်ကုန်မြို့ကြီးကို စင်ကာပူ လိုဖြစ်အောင်လုပ်မယ်လို့  ၀န်ကြီးဦးစိုးသိန်း ပုံပြော ရန်ကုန်မြို့ကြီးကို စင်ကာပူ လိုဖြစ်အောင်လုပ်မယ်လို့  ၀န်ကြီးဦးစိုးသိန်း ပုံပြော Reviewed by သစ်ထူးလွင် on 21:00 Rating: 5

7 comments:

Bravo said...

မှန်ပါတယ်။ ဟိုတုန်းက ကိုယ်ကသင်ပေးသူပါ၊ အခုတော့သင်ယူသူပေါ့။ ဘာပဲဖြစ်ဖြစ် အရေးကြီးတာက တိုးတက်ဖို့။ အပြုသဘောဆောင်တာကို ကြိုဆိုပါတယ်။

Tony said...

ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့တော်ကြီးကို စင်ကာပူ လို ခေတ်မှီဖွံ့ဖြိုးတိုးတတ်စေဖို့ရာ..အစိုးရ၀န်ကြီးဌာနတွေမှ စလို့ ဟိုး..အောက်ခြေ..ပြည်သူလူထု အထိ အားလုံး တတ်ညီလက်ညီ ဆောင်ရွက်သွားရမှာပါ..တစ်နေ့တော့ ဖြစ်လာရမှာပေါ့..

Nyi Nyi Aung said...

ပိုက်ဆံရှိရင် လုပ်လို့ရတယ်။

uuoak said...

အံတော့ အံသြစ၇ာ ၇န်ကုန်ကို အငြိုးအတေးနဲ့ပြစ်ထားတာ နှစ်ပေါင်မနဲ မီတင်မရှိုတာဘဲ ကျေဇူးတင်၇ဦးတော့မယ်။ကုန်ကေါက်စ၇ာ မရှိလုပ်ပြီးမှ စင်္ကပူလိုဖြစ်ချင်သတဲ့...... ခင်ရွှေ၊တေဇတို့ကို ခိုင်း၇င်တော့ ဒုန်ရင်း ဒုန်၇င်ပါဘဲ အိပ်ထဲကေါက်ထည့် သွားဦးမှာ....

Unknown said...

စစ်တပ်ကလူတွေ ပြောနေတာ ကြာပေါ့...ခင်ညွန့်လက်ထက်ကဆို စင်္ကာပူကြည့်..ဥယျာဉ်မြို့တော်ဆိုပီး ရန်ကုန်ကိုလုပ်ကြတာလေ..စိုက်လိုက်တဲ့ သစ်ပင် အောက်ကသစ်ပင် အပေါ်က ဓါတ်ကြိုး..စင်္ကာပူက လူတွေက ရီကြတယ်...စောက်ရူးတွေတဲ့...စင်္ကာပူက ဓါတ်ကြိုးအကောင်းစားတွေကို မြေကြီးထဲမှာ မြှပ်ထားတာ...အပေါ်မှာ သစ်ပင်စိုက် ဘာဓါတ်ကြိုးကိုမှ မထိဘူး..
စင်္ကာပူနဲ့ တူအောင် သာအောင်လုပ်ဘို့က ပညာတတ်ဘို့လိုတယ်...အမှတ်စာရင်း
တင်ပြရန်မလိုဆိုတဲ့ အကောင်တွေလုပ်လို့မဖြစ်နိုင်ဘူး...ပိုက်ဆံရှိတိုင်းလဲ လုပ်ရမယ်မထင်နဲ့...မြန်မာ့ဝန်ထမ်းလောကကြည့်လိုက်...မွမ်းမံသင်တန်းတဲ့ တစ်ခါလာ ပြည်ထောင်စု မပြိုကွဲရေး သဘောတရားရေးနဲ့ ပြည့်နေတာ..နောက်ပီးခိုးလိုက်တဲ့လူတွေ...ဘာအဆောက်အဦးဆောက်ဆောက်ခိုးတာက များများ...လုပ်လိုက်တဲ့ဖွင့်ပွဲ...စင်္ကာပူမှာအင်ဂျင်နီယာအလုပ်လုပ်ယင်ဘယ်အုပ်ချုပ်သူမှ မလာဘူး...ဖွင့်ပွဲမလုပ်ဘူး...မကောင်းယင်တော့ တရားစွဲခံရမယ်...မြန်မာမှာ အိမ်သာတောင်ကောင်းအောင်မဆောက်တတ်ဘူး..၂၄ နာရီမီးလာအောင် ရေကောင်းအောင် သန့်ရှင်းရေးကောင်းအောင်မလုပ်နိုင်သေးဘူး....

myozaw said...

မြန်မြန်လေးလုပ်ပါဗျို့.......ပြန်လာချင်ပြီ.....

Dattha said...

ပေါရဲလိုက်တာနော်...ပြီးတော့လည်း (အရင်အတိုင်း)ပြန်ဖြစ်သွားမှာပါ...

Powered by Blogger.