သာကေတမြို့နယ် ၁၃ ရပ်ကွက် မီးလောင်မှုဖြစ်ပွား



ရန်ကုန်၊နိုဝင်ဘာ ၂၉
သာကေတမြို့နယ်၊ (၁၃)ရပ်ကွက်၊ဇေယျဝတီ (၂ )လမ်းရှိ လောင်စာဆီ သိုလှောင်ထားသောအိမ်တွင် ယနေ့ ညနေ ၅ နာရီခန့်က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အိမ်ခြေ (၈)လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး အိမ်(၅)လုံးခန့်အား မီးကူးစက်လောင်ကျွမ်းခြင်း မရှိစေရန် ဖြိုချခဲ့ရကြောင်း အဆိုပါ မီးလောင်မှုကို သွားရောက်သတင်းရယူခဲ့သည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ အချိန် ၁ နာရီအကြာလောင်ကျွမ်းခဲ့သော အဆိုပါမီးကြောင့် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မီးဘေးသင့်ပြည်သူများကို အဆိုပါ ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယာယီနေရာချပေးထားကြောင်း ဆက်လက်ပြောကြားသည်။
The Voice Weekly
 Myanmar News Now
သာကေတမြို့နယ် ၁၃ ရပ်ကွက် မီးလောင်မှုဖြစ်ပွား သာကေတမြို့နယ် ၁၃ ရပ်ကွက် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:47 Rating: 5

No comments:

Powered by Blogger.