ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇ ​တွေ့​ဆုံ

မြန်မာစီး​ ပွား​ရေး​ လုပ်ငန်း​ရှင်​တွေထဲမှာ စစ်အဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေရဲ့​ မိသား​စုနဲ့​ ရင်နှီး​ကျွမ်း​ဝင်သူလို့​ လူသိများ​တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်​နေအိမ်နဲ့​ နီး​စပ်သူ​တွေဆီက သိရပါတယ်။
ဦးတေဇ

ဒီ​တွေ့​ ဆုံမှုနဲ့​ ပတ်သက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​နေနဲ့​ တရား​ဝင် အတည်ပြုချက်မ​ပေး​ပါဘူး​။ အ​မေရိကန်နဲ့​ ဥ​ရောပ နိုင်ငံ​တွေက ဦး​တေဇနဲ့​ သူရဲ့​ ကုမ္ပဏီဖြစ်တဲ့​ ထူး​ထ​ရေး​ဒင်း​နဲ့​ ဆက်စပ် ကုမ္ပဏီ​တွေကို စီး​ပွား​ပိတ်ဆို့​ ဒဏ်ခတ်ထား​ပါတယ်။
အ​မေရိကန် နိုင်ငံခြား​ဝန်ကြီး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မ​တွေ့​ဆုံခင် ရက်ပိုင်း​အလိုမှာ အခုလို့​ ဦး​တေဇက ​ဒေါ်​အောင်ဆန်း​စုကြည်ဆီ သွား​ရောက်​တွေ့​ဆုံခဲ့​တာ ဖြစ်ပါတယ်။ 

သတင်း---ဒီဗွီဘီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

30 Days Stats

Sponsors

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

အင်္ဂလိပ်သတင်းများ