အိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲ ဗုဒ္ဓစွယ်တော် ပေါ်တယ်ဆိုတဲ့ သတင်းကြောင်း လူတစ်သောင်းကျော် ရောက်လာ




မင်္ဂလာဒုံမြို့နယ်(၁၀)ရပ်ကွက်မဥူလမ်းနေအိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲတွင်အဖြူရောင်အဆင်းရှိအလုံးသဏ္ဍန်တစ်ခုပေါ်ပေါက်ရာမှ ဗုဒ္ဓစွယ်တော်ဟုယူဆပြီးလာရောက်ဖူးမြှော်သူဦးရေတစ်သောင်းကျော်ထိရှိလာကြောင်းThe Messenger သတင်း အရသိရသည်။
yangonchronicle ရဲ့  သတင်းမှာတော့--
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြတ်စွယ်တော် ရန်ကုန်သို့ ကြွရောက်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ နေအိမ်တစ်အိမ်၏ သောက်တော်ရေခွက်မှ စွယ်တော်အရိပ်တစ်ဆူ ပေါ်လာကြောင်း သိရသည်။
ရန်ကုန်သို့စွယ်တော် ကြွရောက်လာသည်ကို ယင်းမိသားစုမှ ဖူးမြော်နေစဉ် ဘုရားသောက်တော် ရေခွက်ထဲတွင် စွယ်တော်နှင့်သဏ္ဍန်တူသည့် အရာဝတ္တုတစ်ခုပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပေါက်ကုန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်တင်လှက ပြောကြားသည်။
“မနေ့က ည ၁၁ နာရီကျော်ကတည်းက ဘုရားဖူးတွေလာနေတာ အခုထက်ထိပဲ။ လုံခြုံရေးတွေတောင် မနိုင်ဘူး။ တန်းစီပြီး ဘုရားဖူးနေရ တယ်”ဟု ယင်းက ဆက်လက်ပြောဆိုသည်။
နိုဝင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီကျော်အချိန်မှ စတင်ကာ စွယ်တော်နှင့်တူသည့်အရာဝတ္ထု စတင်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ အရာဝတ္ထုအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။
“သူတို့စစ်ဆေးသွားတာပဲ၊ ဘာကြောင့်ဆိုတာ ထုတ်မပြောသွားဘူး”ယင်း အိမ်ပိုင်ရှင် ဦးသိန်းလှက ပြောကြားသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက စွယ်တော်နှင့်ဆင်တူသည့် အရာဝတ္ထပေါ်နေသည့် ဖန်ခွက်ထဲမှရေများအား သွန်ပစ်ခြင်း၊ လက်နှင့်မွှေနှောက် ရှာဖွေခြင်းများ ပြုလုပ်သော်လည်း ယင်းအရာမှာပေါ်နေကြောင်း ဦးသိန်းလှက ဆက်လက် ပြောကြားသည်။
“နောက်တော့ သူတို့လက်လျော့သွားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ ဘုရားဖူးတွေလည်း မစဲဘူး”ဟု ယင်းက ပြောကြားသည်။
နေပြည်တော်တွင် ၁၆ ရက်ကျော် အဖူးမြော်ခံသည့် ဗုဒ္ဓမြတ်စွယ်တော်သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးလိုဏ်ဂူသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ အများပြည်သူတို့၏ ဖူးမြော်မှုကို ခံယူမည် ဖြစ်ကာ၊ မန္တလေးမြို့သို့ ဆက်လက်ကြွရောက် မည်ဖြစ်သည်။
YC(KS)
 
အိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲ ဗုဒ္ဓစွယ်တော် ပေါ်တယ်ဆိုတဲ့ သတင်းကြောင်း လူတစ်သောင်းကျော် ရောက်လာ အိမ်တစ်အိမ်ရှိဘုရားသောက်တော်ရေခွက်ထဲ  ဗုဒ္ဓစွယ်တော် ပေါ်တယ်ဆိုတဲ့ သတင်းကြောင်း လူတစ်သောင်းကျော် ရောက်လာ Reviewed by သစ်ထူးလွင် on 20:52 Rating: 5

10 comments:

Anonymous said...

ဟုတ်မှလဲလုပ်ကြပါဗျာ။သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးမှာ ပါရဂူဗျ။
လူတွေ စိတ်ပြောင်းအောင် လုပ်တာဖြစ်နေပါဦးမယ်။
ကိုယ့်မှာဘုရားရှိရက်နဲ့ တရုတ်ဘုရားပင့်တယ်။
ကိုယ့်မှာ အားကစားသမားတွေ ရှိရက်နဲ့ တရုတ်အားကစားသမားတွေ ငှါးပြီး ဆီးဂိမ်းပြိုင်တာ ကိုယ့်အောက်မှာ ရှမ်းပြည်နယ်လောက်ရှိတဲ့နိုင်ငံလေးတွေဘဲ ရှိတော့သဗျာ။ကိုသိန်းဂိန်ကတော့ ဒီနှစ်အားကစား အောင်မြင်သတဲ့။

Saw Kyaw said...

ရခိုင်ပြည်အတွင်းက ဆင်းဖြူတော်ကိုခိုး၊ တရုပ်က ဘရားကိုပင့်။ မင်းကျင့်တရားနဲ့ မညီတဲ့သူတွေကို သိအောင်လို့ တရားဟောနေတဲ့
ဆရာတော်ကြီးတွေရဲ့ တရားဟောပွဲတွေကိုပိတ်ပင်။ နိုင်ငံရေးအကျဉ်း
သားတွေကိုထောင်ပြောင်း။ ကပြောင်းကဆန် လုပ်နေတဲ့ မြန်မာအစိုးရသစ်
အမြစ်ပါမကျန်အော်လှန်ပြီးမှ ဒီမိုကရေစီ အပင်သစ်ကို ပြန်စိုက်လို့ရမယ်။

Anonymous said...

ကွန်မန့်၂ခုလုံး ကြိုက်လို့ ကူးပြီး ရှယ်ပြီဗျို့။

Anonymous said...

ကျွန်တော်မယုံဘူးဖြစ်နေတယ်....ဒါပေမယ့်မြန်မာပြည်မှတကယ်လွဲချော်မှုရှိတယ်လိုကျွန်တော်ကြားပါတယ်...အကိုရေးတာကောင်းပါတယ်..ဆက်ကြိုးစားပါနော်

Anonymous said...

အင်း..ခက်ပါသေးတယ်...ဒီလို သူများယောင်လို့ ယောင်ရတယ်...အမောင်တောင်မှန်း မြောက်မှန်းမသိဆိုတာမျိုးတော့ ဖြစ်နေပြီ..

Anonymous said...

မစ္စတာဘင်း ကားကိုကြည့်ပြီးအဲဒီလောက် မရယ်ရဘူးဖြစ်နေတယ်....
အခုမှပဲ ..တော်တော် ၇ယ်ရတယ် ..

sai said...

အိမ်က ဘုရား အားနာစရာဗျာ

newfunnyboy said...

မြတ်စွာဘုရားက ဟောထားတာရှိတယ်တဲ့ ရုပ်ကိုယ်အဆင်းကိုကြည်ညိုနေတာသည် ဘုရားကို မြင်တာမဟုတ်ဘူးတဲ့။ တရားကိုမြင်မှ ဘုရားကိုမြင်တာတဲ့။ ဘဘကြီးကတော့ တရုတ်နိုင်ငံနဲ့ရေစက်ဖြစ်မှာ စိုးရိမ်လို့ သွားပြီးမကန်တော့ပါဘူး ။ ကိုယ့်အိမ်ထဲကနေ တရားထိုင်နေပါတယ်။

မိုးချစ်သူ said...

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြတ်စွယ်တော်ကို ဖူးချင်ပါတယ်... ဒါပေမယ့် ဘုရားလာဖူးတဲ့သူတွေကို တရားခံစစ် စစ်သလိုလုပ်၊ စိတ်ရှုပ်စရာကောင်းလောက်အောင်ဆိုရင်တော့ ကုသိုလ်မရဘဲ... ဘာလုပ်မှာလဲ...ဓါတ်ပုံရိုက်ခွင့်မရှိဘူး.... ဘာလို့လဲ ... ကိုယ့်အသက်အရွယ်က လိုက်မမီလို့လားတော့မသိဘူး... နားမလည်ဘူး...

Unknown said...

ဟုတ်မှလဲလုပ်ကြပါဗျာ။သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးမှာ ပါရဂူဗျ။
လူတွေ စိတ်ပြောင်းအောင် လုပ်တာဖြစ်နေပါဦးမယ်။
ကိုယ့်မှာဘုရားရှိရက်နဲ့ တရုတ်ဘုရားပင့်တယ်။
ကိုယ့်မှာ အားကစားသမားတွေ ရှိရက်နဲ့ တရုတ်အားကစားသမားတွေ ငှါးပြီး ဆီးဂိမ်းပြိုင်တာ ကိုယ့်အောက်မှာ ရှမ်းပြည်နယ်လောက်ရှိတဲ့နိုင်ငံလေးတွေဘဲ ရှိတော့သဗျာ။ကိုသိန်းဂိန်ကတော့ ဒီနှစ်အားကစား အောင်မြင်သတဲ့။
..ပြောတာကသဘာဝမကျပါဘူး...တရုတ်ဘုရားပင့်တယ်ဆိုတဲ့စကားက အရမ်းကိုဆိုးရွားတဲ့စကားပါ။ ထေရ၀ါဒ buddhism ကိုစော်ကားတဲ့စကားပါပဲ။ ဘုရားရဲ့ စွယ်တော်ကိုတန်းစီပြီးနေပူခံပီးဖူးနေတဲ့လူတွေကိုကြည့်ကြည့်ပီးမှ ကိုယ်ဘာရေးမလဲဆိုတာကိုစဉ်းစားပီးရေးသင့်တယ်...မဟုတ်ကဟုတ်ကဘေးကနေအချောင်ဝင်ပီးအဆိုးမြင်ဝါဒကိုမရေးသင့်ဘူးလို့ထင်တာပဲ..သတင်းကိုအတင်းတော့လုပ်သင့်သလားမလုပ်သင့်ဘူးလားဆိုတာကိုတွေးသင့်ပါတယ်..

Powered by Blogger.