အင်တာနက်ကြောင့် ဘ၀ပျက်ရတဲ့ မုံရွာမြို့ မှ မိန်းကလေး
အင်တာနက်မှအသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ်တစ်ဦးသားမယားအဖြစ် လိမ်လည်ပေါင်းသင်းခံရကာ လက်ဝတ်လက်စားများလိမ် လည်ယူဆောင်ခံခဲ့ရကြောင်းသတင်းရရှိသည်။
    မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ
၈ယ/---- လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက် လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ်မှာကြားခဲ့သည်။
    နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ နေအိမ် သို့ပြန်လည်ခေါ်ယူထားခဲ့သည်။ မ-- ၏ ပြောပြချက်အရ လွန်ခဲ့သောသုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅ ကြိမ်ခန့် ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို -- သည် နိုဝင်ဘာ ၆ ရက်က မုံရွာမြို့သို့ ရောက်ရှိလာ ပြီး မ--အား ရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ တည်းခိုခန်းတစ်ခု၌ သား မယားအဖြစ် ပေါင်းသင်းနေထိုင် ပြီး ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားခဲ့သဖြင့်ဆိုင်ရာသို့တိုင်တန်းခဲ့ရာ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ကို --အား (ပ) အမှတ် ၆၃၇/၂၀၁၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၆၆/ ၄၂၀ အရ အမှုဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။
    မိန်းကလေးငယ်ထံမှ လိမ် လည်ရယူသွားသော လက်ဝတ် လက်စားနှင့် ဆိုင်ကယ်မှာ စုစု ပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟုဆိုသည်။
    “ဒီနေ့ အသက်အရွယ်ငယ် တဲ့ကလေးငယ်တွေလည်း အင် တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးက အင်တာနက်အသုံးပြု တတ်တာ တိုးတက်တဲ့လက္ခဏာ ဆိုပေမယ့် အခုလိုအဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက်အသုံးပြုချိန်မှာ စောင့်ကြည့်သင့်တယ်”ဟု မုံရွာမြို့ ဒေသခံ မိဘအုပ်ထိန်းသူတစ်ဦး ကပြောသည်။
မျိုးမင်းဦး---မုံရွာ
8 comments:
မိုးချစ်သူ said...
သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေးဆိုတာ အင်တာနက်ကိုပြောတာထင်ပါရဲ့...သုံးတက်ရင် တကယ်ကို ဗဟုသုတ အကျိုးကျေးဇူးတွေရပေမယ့် စိတ်ရဲ့ထွက်ပေါက်အနေနဲ့သုံးရင်တော့ အခုလို အဖြစ်မျိုးတွေနဲ့ကြုံတွေ့ရတာပါပဲ.....အင်တာနက်သုံးပြီး ဘ၀ပျက်တဲ့မိန်းကလေးငယ်ပေါင်းမနည်းတော့ပါဘူး... အင်တာနက်ပေါ်မှာ ချစ်တယ်ကြိုက်တယ်လို့ ပြောလာရင် ကိုယ့်ကို လိမ်တော့မှာပါလားဆိုတာကို ကြိုတင်သိသင့်တာပေါ့...တကယ်ချစ်တဲ့သူ နှမချင်းစာနာတဲ့သူ တော်တော့ကို ရှားပါတယ်...အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် တွဲကြတာတောင်မှ ကိုယ်မသိတာတွေအများကြီးရှိတာပဲဟာ.....အကောင်းဆုံးကတော့ အင်တာနက်မှာ မေတ္တာအစစ်အမှန်မရှိဘူးဆိုတာ ယုံကြည်ထားဖို့ပါပဲ...အမျိုးသမီးများအားလုံး စစ်မှန်တဲ့မေတ္တာများကိုရှာတွေ့နိုင်ပါစေ....
Taw Lu Thit said...
စောင့်ကြည့်တာထက် နားလည်သဘောပေါက်အောင် မိဘတွေ လူကြီးတွေက ရှင်းပြသင့်ပါတယ် အချိန်ကိုလဲ ကန့်သတ်ပေးထားရင် သုံးသင့်တဲ့ ဆိုဒ်တွေသုံးစေချင်ရင် ပိုကောင်းမယ်ထင်ပါတယ်..ဗျာ
hnin said...
yes..i know.
ဗြဟ္မစိုရ် said...
အင်တာနက်မှာ ကောင်းတာတွေအရမ်းများပါတယ် သူ့ကြောင့် အမြင်တွေကျယ်နိုင်သလို ခနလေးအတွင်း ကိုယ်သိ့ချင်တာတွေကို ချက်ချင်းဆိုသလိုသိ့ခွင့်ရပါတယ် စသဖြင့်ပေါ့ အရမ်းများပါတယ် ဆိုးတာတွေလည်းရှိပါတယ်သို့သော် သုံးစွဲသူအပေါ်မှာ မူတည်ပီးပြောင်းလဲသွားတာပါ ။ ကျွန်မရဲ့အမြင်ပါ ... ကျေးဇူးတင်ပါတယ်
မိုးယံ said...
အဲလောက်တော့ တုံး ဖို့ မသင့်ပါဘူး။
သူကြီးမင်း (တုံးဖလား) said...
ဟုတ်တယ် မိုးယံပြောသလိုဘဲ။ သုံးရုံသုံးပါ။ မတုံးပါနဲ့။ အဲဒီလို ဒါမှမဟုတ် အဲဒီလောက် တုံးရင်တော့ ဒီလို ဇာတ်လမ်းမျိုးတွေ ထပ်ကြားနေရဦးမှာပါဘဲ။
Min said...
အင်း ကျွန်တော်တို့ယောကျာင်္းလေးတွေ ကလဲ ယောကျာင်္းသိက္ခာတွေ ဘယ်နေရာမှာသွားထားလဲမသိဘူး
ပြည်သူ့အော်သံ said...
ထိုသတင်းကိုလက်ခံပါတယ်။'အင်တာနက်ကြောင့်ဆိုသော'ခေါင်းစဉ်ကိုတော့ မိမိအမြင်ပြောရလျှင် မဆိုင်ဘူးလို့ယူဆပါတယ်။
တကမ္ဘာလုံးသုံးနေကြပါတယ်။တိုင်းပြည်ခေါင်းဆောင်သမတများကနေကျောင်းသားလူငယ်များအထိပါ။အင်တာနက်မှာ ဆက်သွယ်ရေးနည်းပညာတခုပါ။အချက်အလက်များတင်ပြစုစည်းရာဌာနတခုဆိုလည်းမမှားပါဘူး။
ထိုသို့လွတ်လပ်စွာ မည်သူမဆိုသုံးစွဲပိုင်ခွင့်ကို လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ မည်သို့သောဆိုဒ်ကိုမဆို အရွယ်ရောက်သူတိုင်းဝင်ရောက်ကြည့်ရှု့ပြောဆိုနိုင်ပါတယ်။အရွယ်ရောက်သူတိုင်းကိုယ့်ကိုယ်ကိုထိမ်းကျောင်းနိုင်ပြီး၊အကောင်းအဆိုးချင့်ချိန်နိုင်ရန်လိုအပ်ပါတယ်။ခလေးစကားပြောသလို ဖြစ်ပြီးမှဟိုလူ့ကြောင့်ဒီလူ့ကြောင့်၊ ဒီခေတ်ကြီးမှာ ပြောနေရင်ရယ်စရာကြီးဖြစ်နေပါလိမ့်မယ်။အတွေးအခေါ်မှန်ကန်အောင်ဗဟုသုတရှိရပါမယ်။
အင်တာနက်မပေါ်ခင်က စာတစောင်ကြောင့်ဘဝပျက်သွားသူတွေရှိခဲ့မှာပါ။ဒါလည်းဒီစာပေါ်မှာခံစားလိုက်မိလို့ပါပဲ။အဲဒီစာရွက်ကြောင့်မဟုတ်ပါဘူး။
Powered by Blogger.