ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးရာတာဝန်တစ်ခုကို ရနိုင်ဖွယ်ရှိနေဟု သတင်းထွက်ပေါ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီကြားဖြတ်ရွေးကောက် ပွဲဝင်ပြီးနောက် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကို ပေးအပ်ခြင်းခံရနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုသံများကြားရသည်။ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်၊ ပြောဆိုသံများမှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကိုရလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုနေကြပြီး သမ္မတကြီး၏ နိုင်ငံရေးအကြံပေးအဖွဲက ခေါင်းဆောင် ဦးကိုကိုလှိုင်က 'ဒေါ်အောင်ဆန်းစုအနေနဲ့ ပါတီပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်၊ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ပြည်သူ့လွှတ်တော်က တာဝန်ထမ်းဆောင်ခွင့်ရလာမှာဖြစ်ပါတယ်။ သူရဲ့ အရည်အချင်း၊ နိုင်ငံတကာ ဝင်ဆံ့မှုတွေနဲ့ ထိုက်တန်တဲ့ နေရာကို အပေးခံရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုတာဝန်လဲဆိုတာတော့ မသိရပါဘူး။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်" ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးရာနဲ့ ပတ်သက်တာပဲ တန်တာလားလို့ မေးချင်ပါတယ်။ သူရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးက ဒါ့ထက်ပိုနေရင်ရော၊ ကျွန်တော်တို့ ပါတီပြန်ဝင်တာက လွှတ်တော်ထဲကို အရောက်သွားဖို့ ဝင်တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အချက်သုံးချက်ကိုပဲ အဓိကထားပြီး လွှတ်တော်ထဲကို ပြန်ဝင်မှာဖြစ်ပါတယ်။ အဲဒါတွေကတရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးဆိုတာပါပဲ" ဟု NLD ၏ ပြောရေးဆိုခွင့်ရသူ ဦးအုန်းကြိုင်က ပြောကြားသည်။

"ဒေါ်စုက နိုင်ငံတကာအတွေ့အကြုံ ကြွယ်ဝတယ်။ ဆက်ဆံရေးကောင်းတယ်၊ နိုင်ငံတကာကလည်း ထောက်ခံတယ်၊ လေးစားတယ်။ နိုဘယ်လ်ဆုရှင်လည်းဖြစ်တယ်။ တကယ်အသိအမှတ်ပြုပေးရင် ကောင်းတာပေါ့။ ကျေနပ်စရာကောင်းတယ်။ တိုင်းပြည်ရဲ့ အကျိုးအတွက် သူ့ကိုဘယ်လိုသုံးမလဲ။ သူ့ရဲ့ အရည်အချင်းကို သုံးတတ်ဖို့လိုပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်က မှတ်ချက်ပြုပြောကြားသည်။

ပြည်မြန်မာသတင်းဂျာနယ်
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးရာတာဝန်တစ်ခုကို ရနိုင်ဖွယ်ရှိနေဟု သတင်းထွက်ပေါ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးရာတာဝန်တစ်ခုကို ရနိုင်ဖွယ်ရှိနေဟု သတင်းထွက်ပေါ် Reviewed by သစ်ထူးလွင် on 21:06 Rating: 5

3 comments:

shein said...

ကျွန်တော့ရဲ့သေးနုတ်လှတဲ့အမြင်အရတော့ နိုင်ငံရေးရာဆိုရင်တောင်အနည်းဆုံး နိုင်ငံခြားရေးဝန်ကြီး လောက်တော့ ဦးစွာပေးသင့်ပါတယ်။

kyaw said...

From my own thinking , they will assign her as a foreign minister and she will chair ASEAN in 20140

သစ္စာတရား said...

ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးရာနဲ့ ပတ်သက်တာပဲ တန်တာလားလို့ မေးချင်ပါတယ်။ သူရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးက ဒါ့ထက်ပိုနေရင်ရော၊ ကျွန်တော်တို့ ပါတီပြန်ဝင်တာက လွှတ်တော်ထဲကို အရောက်သွားဖို့ ဝင်တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အချက်သုံးချက်ကိုပဲ အဓိကထားပြီး လွှတ်တော်ထဲကို ပြန်ဝင်မှာဖြစ်ပါတယ်။ အဲဒါတွေကတရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးဆိုတာပါပဲ" ဟု NLD ၏ ပြောရေးဆိုခွင့်ရသူ ဦးအုန်းကြိုင်က ပြောကြားသည်။ ............
.....
မြန်မလူမျိုးတွေက သိပ်ပြီးခက်တယ်။ အလုပ်က ဘယ်မှာနေမှန်းမသိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒီထက်ပိုမတော်ဘူးလားတဲ တော်ပြီးသားပါ လူတိုင်းသိပါတယ်။
‎(သူမရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးက ဒါ့ထက်ပိုနေရင်ရော)၊ ဆိုတာကတော့ သူမကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒီထက်တော်တာတွေ တက်တာတွေ ဘေးချိပ်ထားပါ။ နိုင်ငံတော်က ပေးတဲ့ တာဝန်ကို ပြည်သူစိတ်တိုင်းကျ ဆောင်ရွက်ပြဖို့လိုပါမယ်။ သူမရဲ့ အရည်သွေးအများစုက စစ...်အစိုးရဆန့်ကျင်ရေးတွေမှာပဲ သုံးပြုခဲ့တာများပါတယ် အခုတော့ ပြည်သူ့အတွက် အစွမ်းပြဖို့အချိန်တန်ပါပြီး။ သူမရဲ့ အချိန်ကာလတွေဟာလဲ အကျဉ်းထောင်ထဲမှာ အချိန်ကုန်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ အစိုးရ အဖွဲကနေပြီး နေရာတစ်ခုပေးမယ်ဆိုတော့ ဝမ်းသာစရာ သတင်းစကားပါ။ ဘာပဲဖြစ်နေနေ အခုတော့ သူမစိတ်တိုင်းကျ ပြည်သူလူထုအတွက် အလုပ်တွေ လုပ်ပြရမယ့် အချိန်ကောင်းတွေပေါ။
သူမ တော်ရင် သူမစွမ်းဆောင်နိုင်ခဲ့ရင် ပြည်သူလူထုက ဒီထက်အဓိကကျတဲ့ နေရာပေးမှာ မလွဲပါဘူး။ အခုချိန်မှာ သူမအနေနှင့် ရရာတာဝန်ကို ပြည်သူအတွက် အကျိုးပြုရမယ့် အချိန်တွေဖြစ်ပါတယ်။ (သူမရဲ့ အစွမ်းတွေက ဒီထက်တော်ပြီးသားပါ) တော်တိုင်း တက်တိုင်း လူမှန်းနေရာမှန်ကို လူတိုင်းမရကြပါဘူး။ သူမတစ်ယောက်တည်း အဲဒီလိုဘဝမျိုး ဖြတ်သန်းနေရတာမဟုတ်ပ်ါဘူး။ လူမှန်နေရာမှန်ရဖို့ အရမ်းခက်ပါတယ်။
အရေးကြီးတာကတော့ ပေးအပ်တဲ့ တာဝန်ကို မှန်မှန်ကန်ထမ်းဆောင်ပြီး မမှန်ကန်ကန်တာတွေကို ပြည်သူအတွက် ဖော်ထုတ်ပြဖို့ အချိန်ကောင်းတစ်ခုလို့ မြင်မိပါတယ်။
ဆန့်ကျင်ရမယ့် အချိန်မဟုတ်ပါဘူး ။ ပူးပေါင်းရမယ့် ကာလတစ်လို့မြင်ပါတယ်။
ကောင်းပါတယ် ။ သတင်းကောင်းပါ။

Powered by Blogger.