မြန်မာပြည်အ​ခြေအ​နေမှန် မစ္စကလင်တန်ကို တိုင်း​ရင်း​သား​များ​အသိ​ပေး​မည်

မြန်မာပြည်တွင်း ​ ဖြစ်​ပေါ်​ပြောင်း​လဲမှု ပကတိအ​ခြေအ​နေ​တွေကို သိရှိနိုင်​စေဖို့​အတွက် အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ မစ္စ ဟီလာရီကလင်တန် မြန် မာနိုင်ငံကို ​ရောက်ရင် အိတ်ဖွင့်​ပေး​စာတ​စောင် ​ပေး​ပို့​ပြီး​ တင်ပြဖို့​ ယူအန်​အေ (ညီညွတ်​သောတိုင်း​ရင်း​သား​မဟာမိတ်များ​အဖွဲ့​) က စီစဉ်​နေပါတယ်။
မစ္စကလင်တန်ဟာ နိုဝင်ဘာလကုန်က​နေ ဒီဇင်ဘာ ၂ ရက်​နေ့​အထိ မြန်မာ နိုင်ငံကို ​ရောက်လာမှာဖြစ်တယ်။
ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)
ခရီး​စဉ်မှာ မစ္စကလင်တန်ဟာ အစိုး​ရတာဝန်ရှိသူ​တွေနဲ့​ရော အတိုက်အခံ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က တာဝန်ရှိသူ​တွေနဲ့​ပါ ​တွေ့​ဖို့​ရှိ​နေပြီး​ တိုင်း​ရင်း​သား​ အဖွဲ့​တွေနဲ့​တော့​ ​တွေ့၊​ မ​တွေ့​ မသိရ​သေး​ပါဘူး​။
တိုင်း​ရင်း​ သား​ ၇ ပါတီက​တော့​ မြန်မာနိုင်ငံရဲ့​ ဖြစ်​ပေါ်​ပြောင်း​လဲမှု​တွေဟာ ထင်သာမြင်သာ မရှိ​သေး​ဘူး​ဆိုတာကို သတိထား​မိ​စေဖို့​ ရည်ရွယ်ပြီး​ ပူး​ပေါင်း​ စာ​ရေး​သား​ဖို့​ ကြိုတင်ညှိနှိုင်း​မှု​တွေ ပြုလုပ်ခဲ့​ပြီး​ပြီလို့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဦး​စိုင်း​လိတ်က ​ပြောပါတယ်။
“အဓိက​တော့​ မြန်မာပြည်ရဲ့​ ဖြစ်​ပေါ်တိုး​တက်မှု အ​ခြေအ​နေဟာ အား​လုံး​က ​ပြော​နေသလို ထင်သာမြင်သာ ရှိ​သေး​တာ မဟုတ်ဘူး​။ အပြည့်​အဝ ပြုပြင်​ပြောင်း​လဲ မှု​တွေ ရှိ​သေး​တာမဟုတ်ဘူး​ဆိုတာကို မစ္စကလင်တန်အ​နေနဲ့​ သူ့​အဖွဲ့​သား​တွေ အကုန်လုံး​ သတိထား​ပြီး​တော့​မှ သတိရှိရှိနဲ့​ သိသွား​စေချင်လို့​ပါ။”
ဒီစာကို ပူး​ပေါင်း​ရေး​သား​မယ့်​ မဟာမိတ်အဖွဲ့​ထဲမှာ ပြည်​ထောင်စုတိုင်း​ရင်း​ သား​လူမျိုး​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​အတူ ရှမ်း​တိုင်း​ရင်း​သား​ များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်၊​ ရခိုင်ဒီမိုက ​ရေစီအဖွဲ့​ချုပ်၊​ မွန်အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်၊​ ဇိုမီး​အမျိုး​သား​ကွန်ကရက် စတဲ့​ ညီညွတ်​သောတိုင်း​ရင်း​သား​များ​ မဟာမိတ်အဖွဲ့​ဝင် ၇ ဖွဲ့​တို့​ပါဝင်ပြီး​ မ​နေ့​က ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြတာပါ။ 

ဒီဗွီဘီ
မြန်မာပြည်အ​ခြေအ​နေမှန် မစ္စကလင်တန်ကို တိုင်း​ရင်း​သား​များ​အသိ​ပေး​မည် မြန်မာပြည်အ​ခြေအ​နေမှန် မစ္စကလင်တန်ကို တိုင်း​ရင်း​သား​များ​အသိ​ပေး​မည် Reviewed by သစ်ထူးလွင် on 11:10 Rating: 5

No comments:

Powered by Blogger.