စစ်ပွဲတွေရပ်ပစ် - ကျော်သူ

ငြိမ်းချမ်းရေးချစ်တဲ့ ကျော်သူ
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသော အလှတရားများပျက်စီးမှုကို ကာကွယ်ရေး အတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီး ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်မှုကို အင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

       ယခုဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေးရှောင်ရှားနေရသော တိုင်းရင်းသား ဒုက္ခသည် မိဘဆွေမျိုးညီအစ်ကိုမောင်နှမများတို့အားလူသားချင်းစာနာထောက်ထားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကူညီဖေးမပေးရန်အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။

       ထို့ကြောင့် လူသားချင်းစာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့်  ရှောင်ရှားနေရသော တိုင်းရင်းသားဒုက္ခသည် ညီအစ်ကိုမောင်နှမများအားပထမအကြိမ်မြောက်မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအားလှူဒါန်းရန် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတော့သည်။

       ကျွန်တော်သည် တစ်ချိန်တုန်းကကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင် ဇာတ်ကား လာရောက်၍ ရိုက်ကူးစဉ်ကခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူသောစာပိုဒ်အား ခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ် တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူ၍သီဆိုကာဘုရားသခင်ထံဆုတောင်းမေတ္တာပို့လိုက်ပါသည်။

  •        တိုင်းရင်းသားညီအစ်ကိုမောင်နှမများဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
  •        လက်နက်ကိုင်အဖွဲ့များအမြန်ဆုံး ငြိမ်းချမ်းမှုရကြပါစေ။

စစ်ပွဲတွေရပ်ပစ်!
ငြိမ်းချမ်းမှုကိုလိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)



ငြိမ်းချမ်းရေးချစ်တဲ့ ကျော်သူ
စစ်ပွဲတွေရပ်ပစ် - ကျော်သူ စစ်ပွဲတွေရပ်ပစ် - ကျော်သူ Reviewed by သစ်ထူးလွင် on 19:53 Rating: 5

5 comments:

Unknown said...

သိပ်ကောင်းတဲ့ အက်ရှင်တခုပါဗျာ ကျနော်ဆိုက်မှာတင်ပေးထားပါတယ်
www.sawkyawoo.com

မိုးချစ်သူ said...

တကယ်ကို ကောင်းတဲ့လုပ်ရပ်တစ်ခုပါ... လေးစားဂုဏ်ယူမိပါတယ်.ပစ်ခတ်မှုတွေရှိနေသမျှ လူသားအားလုံးဆင်းရဲခြင်းများစွာနှင့်ပေါ့....မြန်မာနိုင်ငံထဲမှာ ရှိတဲ့တိုင်းရင်းသားအားလုံးဟာ ညီအစ်ကိုမောင်နှမတွေပါပဲ... နွားကွဲရင် ကျားဆွဲတက်တယ် ဆိုတဲ့စကားပုံဟာ ရှေးလူကြီးတွေက အလကားထားခဲ့တာမဟုတ်တော့ စည်းလုံးသင့်ပါတယ်။ ရုပ်ရှင်ထဲမှာသာကြည့်ဖူးသော စစ်ဆိုတာကို ကျွန်တော်တို့ မကြုံတွေ့ပါရစေနဲ့.... မြန်မာပြည်ကြီး လွတ်လပ်ပါစေ....

shein said...

ဒီလိုမျိုးတွေ ချုပ်ငြိမ်းသွားဖို့၊ ဆက်လက်မဖြစ်ဖို့ ကျွန်တော်တို့..ခင်ဗျားတို့ အတူတကွ ကူညီပူးပေါင်းဆောင်ရွက်ကြစို့လား..

Thein Sein said...

ကျော်သူကိုတော့ အတော့်ကိုလေးစားပါတယ်။ ပြည်သူကိုချစ်တဲ့အနုပညာသည်ဆိုဒါ ဒါပါပဲ။
ပြည်သူကိုချစ်လှပါရဲ့၊ ကျေးဇူးဆပ်ချင်လှပါရဲ့ဆိုနေတဲ့ အများစုသော အနုပညာရှင်တွေက စားကောင်းအောင်၊ အကယ်ဒမီတွေရအောင်၊ FM ကပေးတဲ့ အကောင်ဆုံးဆိုတဲ့ ဘွဲ့တံဆိပ်တွေ ရအောင်ပြောဆိုနေတာပါ။
ကျော်သူ က ပြည်သူလူထုကိုချစ်တဲ့အချစ်ကတော့ ဘယ်အနုပညာသမားကမှ နှိုင်းယှဉ်လို့မရပါဘူး။

Myanmar said...

ကျော်သူဆိုတာ အသွေးထဲအသားထဲအထိ ၇ိုးဖြောင့်တဲ့သူပါ။ သူ၇ဲ့သ၇ုပ်ကွက်တွေကိုကြည့်၇င် သူဟာလူ၇ိုးလူဖြောင့်လူကောင်းတစ်ယောက်ဆိုတာသိသာလှပါတယ်။ သူ့ဇာတ်ကားတွေကို အ၇မ်းသဘောကျခဲ့တယ်ဗျာ။ သူဟာ၇ိုသားစွာပြုံးတတ်သူတစ်ယောက်ပါ။ ခပ်တည်တည်သ၇ုပ်ဆောင်နေ၇င်းနဲ့ ၇ယ်မောအောင်စွမ်းဆောင်နိုင်သူပါ။ ဒီနေ့သူ၇ဲ့ပေးဆပ်မှုတွေကို ပြောမပြတတ်အောင်လေးစားအထင်ကြီးမိပါတယ်။ သူတကာထက် စွမ်းပါပေတယ်။ အပြောနဲ့မဟုတ် လက်တွေ့လုပ်ပြ၀ံ့ပါပေတယ်။ ကိုကျော်သူ ခင်ဗျားကို မြန်မာပြည်သူတွေက လိုအပ်တယ်လို့ တာဝန်မပေးခဲ့ပေမယ့် ခင်ဗျားတာဝန်သိခဲ့တယ်။ တာဝန်ကျေခဲ့တယ်။ ၀င်ငွေကောင်းတဲ့ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံကျော်ဘ၀ကို ခင်ဗျားစတေးပစ်ခဲ့တယ်။ ကျနော်လိုလူအလကား ဘာတစ်ခုမှ တိုင်းပြည်အတွက်မပေးဆပ်ဘူးသေးဘူး။ လေးစားပါတယ် အားကျပါတယ်။ အတုယူဘို့ ကြိုးစား၇အုံးမယ်..။ ။

Powered by Blogger.