နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော ဟီလာရီကလင်တန်ကို တွေ့ရစဉ်


နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်လေဆိပ်သို့ ယနေ့ ညနေ ၄နာရီခွဲခန့်တွင် ရောက်ရှိ

နေပြည်တော်လေဆိပ်သို့ ယနေ့ညနေ ၄နာရီခွဲခန့်တွင် ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် လာရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။ ပြည်တွင်းပြည်ပ သတင်းထောက် ၁၅၀ ၀န်းကျင်ခန့်လာရောက် သတင်းရယူနေကြကြောင်း သိရှိရပါသည်။
 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မနက်ဖြန် ဒီဇင်ဘာ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဟု သိရှိရသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။ ဟီလာရီကလင်တန်သည် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တည်းခိုမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
Eleven Media Group
Myanmar News Now
နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော ဟီလာရီကလင်တန်ကို တွေ့ရစဉ် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော  ဟီလာရီကလင်တန်ကို တွေ့ရစဉ် Reviewed by သစ်ထူးလွင် on 18:06 Rating: 5

1 comment:

မိုးယံ said...

သတင်းကောင်းတွေ မျှော်လင့်တယ်ကွယ်။

Powered by Blogger.