ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲ သမ္မတဦးသိန်းစိန် သ၀ဏ်လွှာပေးပို့ 

 ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ သ၀ဏ်လွှာပေးပို့ ၊
သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူမည်

ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသော ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သတင်းရယူလျက်ရှိသည့် Eleven Media Group သတင်းထောက်များ၏ တိုက်ရိုက် သတင်းပေးပို့ချက်အရ သိရပါသည်။

အဆိုပါသ၀ဏ်လွှာအရ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူမည်ဖြစ်ကြောင်း၊ ယခင်က မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ကိုင်တွယ်ခဲ့ပြီး ယခုအခါ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ယူတော့မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တရားဝင်ကြေညာပြီး ခန့်အပ်ခဲ့ကြောင်းနှင့် ခေတ်နဲ့အညီ ပြောင်းလဲလာသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရပါသည်။
Eleven Media Group

ဒီသတင်း နဲ့ ပါတ်သတ်လို့ The Voice - Facebook စာမျက်နှာမှာတော့---


အရပ်သား အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သူ နိုင်ငံတော် သမ္မတက ပြည်ထောင်စု အဆင့် ဝန်ကြီးနှစ်ဦးကို ပြောင်းလဲ တာဝန် ပေးအပ်ခြင်းနှင့် ဝန်ကြီးဌာန နှစ်ခု ပြင်ဆင် ဖွဲ့စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ အသိပေး တင်ပြခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

" သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်ကို မွေး/ ရေ ဝန်ကြီးတာဝန် ထပ်ပေးလိုက်တယ်။ ဦးတင်နိုင်သိန်း ကတော့ National Planning တစ်ခုပဲ ကိုင်မယ်။ စက်မှု (၁) နဲ့ (၂) ကို စက်မှု ဝန်ကြီးဌာန ဆိုပြီး ပေါင်းလိုက်တယ် " ဟု အမျိုးသား ဒီမိုကရေ စီ အင်အားစု ပါတီမှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲခဲ့သော ကျေးရွာ အုပ်စုနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

Myanmar News Now
ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲ သမ္မတဦးသိန်းစိန် သ၀ဏ်လွှာပေးပို့  ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲ သမ္မတဦးသိန်းစိန်  သ၀ဏ်လွှာပေးပို့  Reviewed by သစ်ထူးလွင် on 20:52 Rating: 5

No comments:

Powered by Blogger.