လူနာတွေဆီမှတောင်းခံငွေ ကျပ်ငွေသိန်းပေါင်းထောင်နှင့် ချီ

မြန်မာနိုင်ငံ၏အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်းထောင်နှင့် ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင်ပြည်သူ့ ကျန်းမာ ရေး တက္ကသိုလ်၌ ပြုလုပ်ခဲ့သော ကျန်းမာရေးအသုံးစရိတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ဖြည့်ဆည်းစရာများရှိနေသည့်  ကြားကပင်   နိုင်ငံတော်သို့ ယခုနှစ် ပထမလေးလပတ်က ငွေကျပ် သိန်း ၁၃ဝဝ နှင့် ဒုတိယလေးလ ပတ်တွင် ငွေကျပ်သိန်း ၁၂ဝဝ ကျော် ပေးသွင်းနိုင်ခဲ့ကြောင်း ၄င်းက ထပ်လော င်းပြောကြားသည်။ ယင်း ပြန်သွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေးစနစ်တစ်ခုတည်းက ပြန်လည်ပေးသွင်းခဲ့သည့် ပမာဏ ဖြစ်ပြီး တခြားဝန်ဆောင်မှုများအ တွက် ကောက်ခံထားသော ငွေ ကြေးပမာဏများမပါလာသေးကြောင်း ဒေါ်နုနုသာက ဆိုသည်။ယင်းပြန်သွင်းထားသော ငွေ ကြေးပမာဏများထဲမှ အစိတ်အပိုင်း အချို့ ကို ပြန်လည်ရရှိပါက ဆေးရုံ ကြီးအတွက် လိုအပ်သော ဆေး ပစ္စည်းကိရိယာများ၊ စက်ပစ္စည်း အသစ်များထပ်မံဝယ်ယူရန်နှင့် ပြု ပြင်ရန်လိုအပ်နေသည့် ကျန်းမာရေး စစ်ဆေးပေးသည့် စက်များ၊ ဓာတ် မှန်ရိုက်စက်များ၊ ဃွှ စကင်စက်များ ကို ပြန်လည်ပြုပြင်နိုင်မည်ဖြစ် ကြောင်း ဆေးရုံအုပ်ကြီးက ဖြည့် စွက်ပြောကြားသွားသည်။
လတ်တလောကာလ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက် ကုသနေသော နွမ်းပါးလူနာများ အတွက် ဆေးရုံတာဝန်ရှိသူများ ကပင် အလှူငွေများရှာခြင်း ၊ ငွေ ကြေးတတ်နိုင်သော လူနာများတွင် ဆေးဝါးဝယ်ယူခြင်း၊ ဆေးစစ်ခြင်း စသည့်ကုန်ကျစရိတ်များတွင်ဆေးရုံ အလှူခံ ဘေလ်ထပ်ပေါင်း ထည့် ခြင်း၊ ဆေးရုံဝင်း အတွင်း ဖွင့်လှစ် ထားသော ဈေးဆိုင်များမှ အလှူ ခံငွေထည့်ပေါင်းတောင်းခံခြင်းများကို ဆောင်ရွက်နေရကြောင်း၊ သို့သော် တက်ရောက်လာသည့် နွမ်းပါးလူ နာနှင့်ရရှိသည့်ငွေပမာဏလုံလောက် မှုမရှိသေးကြောင်း ယင်းဆေးရုံကြီး မှ စီမံခန့်ခွဲရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သည် လူနာ များ၏အဓိကအားထား ရာ ဆေးရုံကြီးတစ်ခု ဖြစ်နေသော် လည်း စက်ပစ္စည်းများနှင့် ကုသရ သော ကုထုံးများအတွက်စောင့်ဆိုင်း ရသည့် အချိန်ကြာမြင့်ခြင်း၊ ဝန်ဆောင် မှုနှင့် သန့်ရှင်းရေး ကိစ္စရပ် များတွင်ကောင်းမွန်ခြင်းမရှိသေးကြောင်း ယင်းဆေးရုံတွင်တက်ရောက်ကုသခဲ့ ကြသည့် လူနာများနှင့် လူနာရှင်များ ထံမှ သိရသည်။
နိုင်လင်း
လူနာတွေဆီမှတောင်းခံငွေ ကျပ်ငွေသိန်းပေါင်းထောင်နှင့် ချီ လူနာတွေဆီမှတောင်းခံငွေ ကျပ်ငွေသိန်းပေါင်းထောင်နှင့် ချီ Reviewed by သစ်ထူးလွင် on 00:55 Rating: 5

No comments:

Powered by Blogger.