မြောက်ဥက္ကလာပမှာ နောက်ထပ်လူသတ်မှုတခုထပ်ဖြစ် ဒီတခါ အသတ်ခံရတာ ကျူရှင်ဆရာမ

ရန်ကုန်တိုင်း​ ​မြောက်ဥက္ကလာပမြို့​နယ်မှာ ​ဘောလုံး​ပွဲ ​လောင်း​ကစား​တာကို အ​ကြောင်း​ပြုပြီး​ လူသတ်မှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။
မြောက်ဥက္ကလာပမြို့ ​နယ် အမှတ် ၂ ရပ်ကွက် ဘုန်း​ကြီး​လမ်း​မှာ​နေတဲ့​ အသက် ၂၅ နှစ်အရွယ် ကျူရှင်ဆရာမ မထက်ထက်​အေး​ကျော်ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က အသတ်ခံခဲ့​ရတာပါ။
ခင်ပွန်း​သည်က ​ဘောလုံး​ပွဲ​လောင်း​ရာ ရှုံး​ပြီး​ ​ငွေ​တောင်း​လို့​မရတာ​ကြောင့်​ ဇနီး​ဖြစ်သူ မထက်ထက်​အေး​ကျော်ကို သတ်တာလို့​ အမှတ် ၂ ရပ်ကွက်​နေသူ တဦး​က ​ပြောပါတယ်။
“ဘယ်လိုဖြစ်တာလဲဆို ​တော့ အသတ်ခံရတဲ့​ ​ကောင်မ​လေး​ရဲ့​ ​ယောက်ျား​က ​​ဘောပွဲရှုံး​လို့​ ဆိုပြီး​တော့​ အဲဒီ ​ဘောပွဲဖိုး​ ပိုက်ဆံ သိန်း​ ၂၀ ဆိုလား​ မသိဘူး​ အဲဒါ ရှုံး​တာ။ သူ့​မိန်း​မဆီမှာ​တောင်း​တာ။ သူ့​မိန်း​မက ငါ့​မှာ အဲဒီ​လောက် သိန်း​ ၂၀ ​တော့​ မရှိဘူး​ ဆိုပြီး​။ ​ကောင်မ​လေး​က စာသင်တယ်​လေ ကျူရှင်မှာ။ အဲဒီမှာ စာသင်​တော့​ ​ကျောင်း​သား​တွေ​ရှေ့​မှာ သူ့​ကို အဲဒီလိုမျိုး​ ​အော်လိုက်လို့​တဲ့​ ​ကောင်မ​လေး​ကို အိမ်ခန်း​ထဲ​ခေါ်ပြီး​တော့​ အဲဒီမှာ ပုလင်း​ကွဲ အရက်ပုလင်း​နဲ့​ အခန်း​ထဲမှာ ပိတ်ပြီး​တော့​ ထိုး​တာတဲ့​။ သူ့​မိဘ​တွေ လာတာ​တောင်မှ မိဘ​တွေကို မလာနဲ့​လို့​ ​ပြောတယ်တဲ့​။ လာရင် မိဘ​တွေပါ ထိုး​မယ်လို့​ ​ပြောလို့​။”
ဒီလူသတ်မှုနဲ့​ ပတ်သက်လို့​ အ​သေး​စိတ်သိရဖို့​ ​မြောက်ဥက္ကလာပ မြို့​နယ်ရဲစခန်း​ကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။
မထက်ထက်​အေး​ ကျော်ရဲ့​ ခင်ပွန်း​သည်ကို​တော့​ အခင်း​ဖြစ်တဲ့​ညမှာ ရဲကဖမ်း​ဆီး​ပြီး​ စစ်​ဆေး​နေတယ်လို့​ အိမ်နီး​နား​ချင်း​တဦး​က ​ပြောပါတယ်။
“၂ ရပ်ကွက် ရဲ​တွေ အဲဒီညတွင်း​ချင်း​ ၁၀ နာရီမှာ ဖမ်း​သွား​တာ။ အဲဒီရဲက သူ့​ကို စစ်တယ်တဲ့။ စစ်တဲ့​အခါကျ​တော့​ ​ကောင်​လေး​က အကုန်လုံး​ဖွင့်​ပြောတယ်။ ဖွင့်​ပြောလို့​ ရဲကလူ​တွေနဲ့​ သွား​ပြီး​ အိမ်မှာ ရှာကြ​ဖွေကြ​တော့​ ​တွေ့​တယ်။ ချွန်ထက်တဲ့​ အရာဝတ္ထုနဲ့​ ​ကောင်မ​လေး​ကို ထိုး​ပြီး​တော့​ အဲဒီ အိမ်သာထဲတည့်​တာ။ အဲဒါ ရဲ​တွေက အကုန်လုံး​ပေါ့​နော် လူ​တွေများ​များ​နဲ့​ ရှာတာ ရှာလို့​ ​တွေ့​တယ်။ ​ကောင်​လေး​က အကုန် အစအဆုံး​ ထုတ်​ဖော်​ပြောတယ်တဲ့​။”
သေဆုံး​သူ မထက်ထက်​အေး​ကျော်ဟာ ကိုယ်ပိုင်လိုင်စင်နဲ့​ ကျူရှင်ဖွင့်​ သင်ကြား​ပေး​တဲ့​ ​ကျောင်း​ဆရာမဖြစ်ပြီး​ သား​သမီး​မရှိ​သေး​ဘူး​လို့​ သိရပါတယ်။
မထက်ထက်​အေး​ကျော်ရဲ့​ ရုပ်အ​လောင်း​ကို ဒီ​နေ့​ ည​နေ ၃ နာရီမှာ သင်္ဂြီုဟ်ခဲ့​ပါတယ်။ 
ဒီဗွီဘီ
မြောက်ဥက္ကလာပမှာ နောက်ထပ်လူသတ်မှုတခုထပ်ဖြစ် ဒီတခါ အသတ်ခံရတာ ကျူရှင်ဆရာမ မြောက်ဥက္ကလာပမှာ နောက်ထပ်လူသတ်မှုတခုထပ်ဖြစ် ဒီတခါ အသတ်ခံရတာ ကျူရှင်ဆရာမ Reviewed by သစ်ထူးလွင် on 20:45 Rating: 5

5 comments:

Myanmar Online Music said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

Anonymous said...

မှတ်ချက်ပေးရမဲ့ နေရာမှာ ၀က်ဆိုဒ်ကြော်ငြာလိုက်ထဲနေတာဟာ သတင်း ဖတ်တဲ့သူတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီ ကြော်ငြာပိတ်ပေး ပါခင်ဗျား။
Myanmar Online Music said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Anonymous said...

ယုံတောင်မယုံနိုင်ပါဘူး...အဲဒါ တစ်ရက်ကွပ်ထဲနေခဲ့တဲ့ အမတစ်ယောက်ပါ
အခုမှ အိမ်တွေပြောင်းကုန်ုလို့ အဆက်အသွယ်တွေ ပြတ်ကုန်တာ ပါ
သူ အမျိုးသားနာမည်ကဘယ်သူလဲမသိဘူးနော်
ယုံတောင်မယုံနိုင်ပါဘူး..

Anonymous said...

သြော် မြန်မာပြည် နစ်ချင်တိုင်းနစ် မြှပ်ချင်တိုင်းမြှပ်နေတဲ့ မြန်မာပြည်။ ။ စိမ်းလဲ့ကန်သာ လူသတ်မှုကို မဖော်ထုတ်၇ဲသေ၇ွ့ မြန်မာတွေဘယ်တော့မှ ခေါင်းဖော်နိုင်မှုာ မဟုတ်ဘူး။ ။

Anonymous said...

စိန်လဲကန်သာ အမူ့ကဘယ်မှာလာ ပေါ်မှတုံး ဗိုလ်ချုပ်သန်းရွှေသမီးအငယ် ဝက်မမင်္ဂလာဆောင်တုံးက ဝတ်တဲ့စိန်တွေက အဲဒီအသတ်ခံ၇တဲ့ သူဌေးဦးဂျော်နီမိသားစုရဲ့ စိန်တွေပါ။ အဲ့တုံးက ရဲချုပ်ခင်ရီ မသိဘဲဘယ်နေမလဲ ဒါကြောင့်ဝန်ကြီး၇ာထူ၇တားပေါ့။သွားသတ်တဲ့သူတွေက ပါဂျဲရိုးစီးပြီးဝင်သွားတာ စစ်သားတွေတဲ့။အဲ့ဒီသူဌေးအိမ်အတွင်းမှာ လုံခြုံရေးကင်မရာတွေ တတ်ထားပါတယ်။အဲ့ဒါတွေက ခင်ရီလက်ထဲမှာပါ။

Powered by Blogger.