ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်ပေါတော့မယ်လို့ MIC ဥက္ကဋ္ဌ ဦးစိုးသိန်း ကပြော

MIC ဥက္ကဋ္ဌ ဦးစိုးသိန်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) တွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ဆွေးနွေးနေကြောင်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးခြင်းဖြစ်ရာ မြှုပ်နှံမှုများနှင့်အတူ အလုပ်အကိုင်များပါရရှိလာ မည်ဖြစ်ကြောင်း၊ သို့သော်အများ ပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် အဆင်သင့်လုပ်ထားရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။ 
နေပြည်တော်တွင် အောက်တို ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် အမှတ် (၁)၊ (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) ဥက္ကဋ္ဌ ဦးစိုးသိန်းက ''အခု MIC မှာ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေကနေ လာပြီး ဆွေးနွေးနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ၀င်လာမှာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အလုပ်အကိုင် အများကြီးရှိလာမှာ။ ပြည်သူတွေဘက်ကပဲ Skill Full ဖြစ်ဖို့ အဆင်သင့်လုပ်ထားပါ။ ဘိလပ်မြေစက်ရုံတွေလည်း သတ်မှတ်ချက်နဲ့ညီရင် ထောင်ခွင့်ပေးမယ်။ သတ်မှတ်ချက် ဆိုတာ ဘိလပ်မြေစက်ရုံထောင်ချင်တဲ့သူတွေဆို လောင်စာကဘာကို သုံးမှာလဲ လောင်စာကိစ္စ ပြေလည်မှာလား။ နောက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့အထိ တစ်နေရာတည်းမှာ စက်ရုံတွေအများကြီး ထောင်ခွင့်မပေးဘူး။ ဒါတွေနဲ့ညီရင် ထောင်ခွင့်ပေးတယ်။ ဥပမာ ကျောက်ဆည်တစ်နေရာတည်းမှာ ခြောက်ရုံ ရှိတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့ လုပ်ခွင့်ထပ်မပေးတော့ဘူး။ နောက် အသေးစား အလတ်စားလုပ်ငန်းတွေအတွက်လည်း  ပြည်ပကို ဖိတ်ခေါ်ထားတာရှိတယ်'' ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအချို့ကြောင့် ယခင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သံသယရှိခဲ့သော နိုင်ငံအချို့ပင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာ၊ တချို့အပိုင်းတွေ ခိုင်မာတယ်လို့ ယုံကြည်လာတာကြောင့် ဂျပန်လိုနိုင်ငံတောင် မြန်မာမှာမြှုပ်နှံဖို့ ပြန်ဆွေးနွေးလာပြီ။ အခုအများဆုံး လာဆွေးနွေးတာက ကိုရီးယားပါ'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''အခုနောက်ပိုင်းမှာ ပြည်ပနိုင်ငံ တော်တော်များများက မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်ဖို့အတွက် စိတ်ဝင်စားပြီး လာရောက်ဆွေးနွေးကြတာ များပါတယ်။ အသင်းချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အချက်တွေရှိပါတယ်။ လာလုပ်နိုင်အောင်လည်း လိုအပ်တဲ့ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းတွေကို ရှင်းပြရတာပေါ့။ လာဆွေးနွေးတဲ့နိုင်ငံတွေထဲမှာ အရင်ကတည်းက မြန်မာနိုင်ငံကိုသံသယရှိတဲ့ နိုင်ငံတွေလည်း ပါလာတယ်။  မြန်မာနိုင်ငံအနေနဲ့ကတော့ ပြည်ပနိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးကို လုပ်နေပါပြီလို့ ပြောချင်ပါတယ်''ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်မောင်မောင်လေးက ပြောပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံများ
(အမေရိကန်ဒေါ်လာ၊ သန်း)
 စဉ် နိုင်ငံအမည်ပမာဏ (၃၁-၁-၂၀၁၁)ပမာဏ (၃၀-၄-၂၀၁၁)ပမာဏ (၃၁-၈-၂၀၁၁)
၁။တရုတ်၉၆၀၃ .၁၆၈၉၆၀၃ .၁၆၈၉၆၀၃ .၁၆၈
၂။ထိုင်း၉၅၆၈ .၀၉၃၉၅၆၈ .၀၉၃၅၆၈ .၀၉၃
၃။ဟောင်ကောင်၅၉၀၇ .၉၁၈၆၃၀၈ .၄၉၅၆၃၀၈ .၄၉၅
၎။ကိုရီးယား၂၉၀၄ .၁၀၆၂၉၃၀ .၂၁၇၂၉၃၅ .၀၁၇
၅။ဗြိတိန်၂၆၅၉ .၉၅၄၂၆၅၉ .၉၅၄၂၆၅၉ .၉၅၄
၆။စင်ကာပူ၁၇၇၈ .၅၄၃၁၈၁၈ .၆၁၃၁၈၁၈ .၆၁၃
၇။မလေးရှား၈၉၈ .၃၄၇၉၇၅ .၀၉၇၉၇၅ .၀၉၇
၈။ပြင်သစ်၄၆၉ .၀၀၀၄၆၉ .၀၀၀၄၆၉ .၀၀၀
၉။အမေရိကန်၂၄၃ .၅၆၅၂၄၃ .၅၆၅၂၄၃ .၅၆၅
၁၀။အင်ဒိုနီးရှား၂၄၁ .၄၉၇၂၄၁ .၄၉၇၂၄၁ .၄၉၇
၁၁။နယ်သာလန်၂၃၈ .၈၃၅၂၃၈ .၈၃၅၂၃၈ .၈၃၅
၁၂။ဂျပန်၂၀၄ .၇၆၂၂၁၁ .၉၀၂၂၁၁ .၉၀၂
   သတင်း---Eleven Media Group
ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်ပေါတော့မယ်လို့ MIC ဥက္ကဋ္ဌ ဦးစိုးသိန်း ကပြော ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်ပေါတော့မယ်လို့  MIC ဥက္ကဋ္ဌ ဦးစိုးသိန်း ကပြော Reviewed by သစ်ထူးလွင် on 16:02 Rating: 5

1 comment:

Anonymous said...

ဦးစိုးသိန်းရေ နိုင်ငံတကာနဲ့ညီမျှတဲ့ လုပ်အားခတွေပေးမယ်ဆိုရင် နိုင်ငံသားတွေကတော့ အဆင်သင့်ပဲလေ အခုတော့ဦးစိုးသိန်းမိန်းမနဲ့သားသမီးတွေကိုအရင်ခိုင်းထားလိုက်အုံးနော်။

Powered by Blogger.