ကေအိုင်​အေကို အစိုး​ရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့်​ လက်နက်ဖြင့်​ တိုက်ခိုက်

ကချင်လွတ်လပ်​ ရေး​တပ်မ​တော် (​ကေအိုင်​အေ) ကို မြန်မာအစိုး​ရစစ်တပ်က ထိုး​စစ်ဆင်တိုက်ခိုက်​နေရာမှာ ဓာတုလက်နက်လို့​ ယူဆရတဲ့​ လက်နက်ကြီး​ကျည်နဲ့​ ပစ်ခတ်တိုက်ခိုက်​နေတယ်လို့ ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
အခုလ ၂၉ ရက်​နေ့​က မြစ်ကြီး​နား​ – လိုင်ဇာလမ်း​ပေါ်ရှိ ဝိုင်း​မော်မြို့​နယ်၊​ ဂါး​ဒါယန်​ကျေး​ရွာ ဆု​တောင်း​ကုန်း​မှာ ​ခြေကုပ်ယူတပ်စွဲထား​တဲ့​ ​ကေအိုင်​အေတပ်ဖွဲ့​တွေကို အစိုး​ရစစ်တပ်ဘက်က အ​မြောက်လက်နက်​တွေနဲ့​ ပစ်ခတ်​နေစဉ်အတွင်း​ ဓာတုလက်နက်လို့​ ယူဆရတဲ့​ အ​မြောက်ကျည်နှစ်လုံး​ ကျ​ရောက်​ပေါက်ကွဲခဲ့​ပါတယ်။
အ​မြောက်ကျည် ကျ​ရောက်​ပေါက်ကွဲတာ​ကြောင့်​ ​ကေအိုင်​အေစစ်​ကြောင်း​ကို တာဝန်ယူ​နေရတဲ့​ သူကိုယ်တိုင် ​ဝေဒနာခံစား​ရလို့​ စစ်​ကြောင်း​တခုလုံး​ ဆုတ်ခွာ​ပေး​ခဲ့​ရတယ်လို့​ ​ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
“သူတို့​ ပစ်တဲ့​အခါ မီး​ခိုး​ အမည်း​ရောင်ထွက်တယ်။ နှစ်လုံး​ ပစ်တယ်။ တခြား​ အ​မြောက်နဲ့​ ​ရောပြီး​ ပစ်တယ်။ အဲဒါ ​ခေါင်း​မူး​သွား​တယ်။ ရင်ဘတ်ထဲမှာ နာသလို ဖြစ်သွား​တယ်။ ကျ​နော်နဲ့​ ၄ ​ယောက်ဖြစ်သွား​တယ်။ ကျ​နော်တို့​ ဘုရား​ဆု​တောင်ကုန်း​ထဲမှာ ထိုင်​နေတယ်။ အဲဒီမှာ သူတို့​ ဓာတုလက်နက်ပစ်လို့​ ​ခေါင်း​မူး​သွား​လို့​ ​နောက်ဆုတ်သွား​တယ်၊​ ည​နေ ၃ နာရီမှာ ဂါး​ဒါယန်ဆု​တောင်း​ကုန်း​မှာ ထိုင်​နေတာ ဆုတ်သွား​တယ်​လေ။”
အဆိုပါ ​ကေအိုင်​အေအဖွဲ့​ဟာ အခုလလယ်ပိုင်း​ကစလို့​ မြစ်ကြီး​နား​ – လိုင်ဇာလမ်း​ပေါ်ရှိ ​ရွှေ​ညောင်ပင်နဲ့​ ဂါး​ဒါယန်​ကျေး​ရွာအကြား​မှာ ​ခြေကုတ်ယူပြီး​ မြစ်ကြီး​နား​မှ ချီတက်လာတဲ့​ အစိုး​ရစစ်​ကြောင်း​တွေကို ရက်သတ္တ ၂ ပတ်နီး​ပါး​ ခုခံတိုက်ခိုက်​နေခဲ့​တာပါ။ အဲဒီ​ဒေသမှာရှိတဲ့​ ရင်ခွဲ​တောင်ဆိုတဲ့​ ​နေရာမှာ ခုခံ​နေစဉ် အခုလို ဓာတုလက်နက်လိုမျိုး​နဲ့​ တိုက်ခိုက်တာ ကြုံခဲ့​ရ​သေး​တယ်လို့​ ​ကေအိုင်​အေတပ်မှူး​ လမိုင်လှနူး​က ​ပြောပါတယ်။
“ကျ​နော် လက်ဖက်​ခြောက်စား​တယ်။ စား​ပြီး​မှ နည်း​နည်း​သက်သာသွား​တယ်။ လဲ​တော့​ မလဲပါဘူး​။ ဒါ​ပေမယ့်​ ခဏတဖြုတ်​ခေါင်း​မူး​သွား​တာ။ ကြုံဖူး​တာ​ပေါ့​။ တလ​တောင် မကြာ​သေး​ဘူး​။ နှစ်ပတ်​လောက်။ ရင်ခွဲ​တောင်မှာ ​နေတယ်။ အဲဒီမှာ ပစ်တဲ့​အချိန်မှာလည်း​ အဲလိုမျိုး​ ၂ လုံး​ ၃ လုံး​လောက် ပစ်တယ်။ အဲဒီအချိန်မှာလည်း​ ကျ​နော့်​ရဲ​ဘော် တ​ယောက် အန်​တောင် အန်တယ်။”
အစိုး​ ရစစ်တပ်ဘက်က စစ်​ကြောင်း​တွေမှာ ​ပေါ်တာအထမ်း​သမား​တွေအသုံး​ပြုလို့​ လက်နက်ကြီး​ကျည်​တွေ သယ်​ဆောင်ကာ အ​မြောက်​တွေနဲ့​ တရစပ်ပစ်ခတ် တိုက်ခိုက်​နေတာ ဖြစ်ပြီး​ ​ကေအိုင်​အေဘက်က​တော့​ မိုင်း​နဲ့​ တိုက်ခိုက်ကာ အနီး​ကပ်ချုံခိုပစ်ခတ်​နေတာဖြစ်​ကြောင်း​၊​ အဲဒီအတွက် ထိခိုက်ကျဆုံး​မှုက အစိုရတပ်​တွေဘက်က ပိုများ​လာ​နေပြီး​ ဓာတုလက်နက်လိုမျိုး​ လက်နက်ဆန်း​တွေပါ သုံး​လာ​နေတာလို့​ အဆိုပါ ​ကေအိုင်​အေအရာရှိက ​ပြောပါတယ်။
အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစလို့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာ​နေပြီး​ ​ကေအိုင်​အေဘက်က တရုတ် – မြန်မာနယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​တွေကို ထိန်း​ချုပ်ထား​လိုက်ရာ ထိုလမ်း​ကြောင်း​များ​ကို ပြန်လည်စိုး​မိုး​ဖို့​အတွက် အစိုး​ရတပ်​တွေက ထိုး​စစ်ဆင် တိုက်ခိုက်​နေတာလည်း​ ဖြစ်ပါတယ်။

သတင်း---ဒီဗွီဘီ
ကေအိုင်​အေကို အစိုး​ရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့်​ လက်နက်ဖြင့်​ တိုက်ခိုက် ကေအိုင်​အေကို အစိုး​ရစစ်တပ်က ဓာတုလက်နက်ဟုယူဆရသည့်​ လက်နက်ဖြင့်​ တိုက်ခိုက် Reviewed by သစ်ထူးလွင် on 13:30 Rating: 5

1 comment:

Anonymous said...

ငြိမ်းချမ်းရေးဆိုတာဒါလားလို့ သိန်းစိန်အစိုးရကို မေးပေးပါအုံး။ လူထုအသံကို နားထောင်တယ်ဆို×××××××× လူထုလိုချင်တာ တိုင်းပြည်မှာ စစ်မဖြစ်ရေးပါ။
စစ်ဖြစ်နေမှတော့ ဘာငြိမ်းချမ်းရေးလုပ်ဆောင်နိုင်မှာလဲ×××××××××× ဒေါ်အောင်ဆန်းစုကြည်ကိုပြောပေးပါ သူတို့ကိုယုံပြီး ပါတီကို မှတ်ပုံမတင်လိုက် ပါနဲ့လို့ တိုက်ပွဲကို အခုလို ဆက်တိုက်ပါလို့××××××-
ရင်ခုန်စွာစောင့်မျှော်နေမဲ့။
ပြည်သူတစ်ဦး။

Powered by Blogger.