ရွှေချောင်းရဲ့ဒဏ္ဍာရီ (သို့မဟုတ်) ပခုက္ကူလွမ်းချင်း

အောက်တိုဘာလ ၁၉ ရက်နေ့ည ရုပ်သံနဲ့ရေဒီယိုက မုန်တိုင်းသတင်း ကြေညာနေ၏။ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းသည် မောင်တောအနီး မှတစ်ဆင့် အရှေ့မြောက်ကုန်းတွင်းသို့ ၀င်ရောက်နိုင်သည်တဲ့။ ဆက်ခါ ဆက်ခါ ကြေညာသည့်အခါ မြေပုံကိုကြည့်မိသည်။ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းအထိ မုန်တိုင်းလာနိုင်သည်ဟု ခန့်မှန်းမိသည်။ ဂီရိတုန်းကလိုဖြစ်မှာ တွေးပူ၍ အိမ်နီးနားချင်းများအား သတိပေး မိသည်။ စိတ်ပူမိသည်။ စိတ်ပူသည့်အလျောက် တစ်ညလုံးမအိပ်နိုင်။ ရွာလိုက်သည့်မိုးကလည်း တစ်ညလုံး။ လေမပါ၍လင်းခါနီးမှ အိပ်ပျော်သွားသည်။
''အဖေ အဖေ ထထ ရွှေချောင်းရေလျှံလို့ လူတွေအိမ်တွေ ရေထဲမျောပါကုန်ပြီ ရွှေချောင်းတံတားကြီးလည်း ကျိုးတော့မယ်တဲ့'' ဟူသော သမီးများအသံကြောင့် ကပျာကရာ အိပ်ရာကထသည်။ နာရီကြည့်တော့  ၆ နာရီခွဲရှိပြီ။ ကမန်းကတန်းမျက် နှာသစ်ပြီး တံတားဆီပြေးရသည်။  တံတားက အရေးကြီးသည်မဟုတ်ပါလော။ အရေးထဲ ကင်မရာကကြောင်နေ၍ မိတ်ဆွေတစ်ဦးထံမှ ကင်မရာအကူအညီယူရသည်။ တံတားထိပ် ရောက် တော့ တံတားကကျိုးသွားပြီတဲ့ အချိန်က နံနက် ၇ နာရီ ၁၅ မိနစ်။ လူတွေကကြိတ်ကြိတ်တိုး တစ်မြို့လုံးနီးပါး အနောက်ဖက်တံတားထိပ် ရောက်နေကြသည်။ ဆိုင်ကယ်၊ စက်ဘီး၊ ကား၊ ကြပ်ညှပ်နေသည်။ မိုးရွှဲရွှဲ၊ ဗွက်တသဲသဲကြား တိုးဝှေ့ရိုက်ရသည်။
'ဗျို့ဆရာကြီး အရမ်းမတိုးနဲ့ဗျ၊ ကမ်းပါးတွေကပြိုနေတယ်'' ဟု လုံခြုံရေးဝန်ထမ်းတစ်ဦးက လှမ်းသတိပေးသည်။ ကျေးဇူးတင်ပါ၏။ ဓာတ်ပုံကောင်းရဖို့ အရဲစွန့်ရိုက်ရသည်။ ဓာတ်ပုံရပြီဟု ၀မ်းသာသောအတွေးမဆုံးခင် မြောက်ကွက်သစ်နဲ့ ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်း၊ ၄ လမ်း၊ ၅ လမ်း ရွှေကံသာတစ်ရပ်ကွက်လုံး ရေထဲပါကုန်ပြီ။ အေးငြိမ်းချမ်းသာကျောင်းနဲ့ အန္တိသုခကျောင်းလည်း အခြေအနေမကောင်းတော့ဘူးတဲ့။ ကယ်ဆယ်ရေးတွေ သွားကုန်ကြပြီ။ စသည် စသည်အသံတွေကြားတော့ မြောက်ပိုင်းဆီ ပြေးရပြန်သည်။ ပစ္စည်းတွေ၊ လူတွေ ရှုတ်ယှက်ခတ်နေသည်။ အေးငြိမ်းချမ်းသာကျောင်းရောက်တော့ စေတီနဲ့သိမ်မရှိတော့။ ကျောင်းကရေထဲပါရန် တဲတဲကျန်တော့၏။ ဓာတ်ပုံရိုက်ရပြန်၏။ ဆရာလေးနှစ်ပါးက ကျောင်းထဲဝင်ပြီး ပစ္စည်းယူဖို့ပြန်နေ၍ အနားမှလူအများကဆွဲထားရသည်။ ငိုကြ၊ အော်ကြ၊ ပြေးကြနှင့် ကမ္ဘာပျက်သည့်အလား ဆူညံနေကြ၏။ အေးငြိမ်းချမ်းသာ ကျောင်းအရှေ့ဖက် အိမ်ခြေ ၂၅ အိမ်နီးပါး ရေထဲပါသွားသည်။အဆိုးဆုံးက ၂ လမ်း၊ ၃ လမ်း၊ ၁ လမ်း အိမ်များပင်ဖြစ်၏။
'ရွှေဘို'လက်ဖက်ရည်ဆိုင်က မုန့်ဆရာက ''ကျွန်တော်ကလွတ်ပြီထင်ပြီး ကလေးနဲ့မိန်းမကို မရွေ့မိဘူး။ ခုတော့ ကလေးငါးယောက်နဲ့မိန်းမပါ ရေထဲပါသွားပြီဗျာ''ဟု ငိုသံပါနှင့် ရင်ဖွင့်သည်။ ''ကျွန်တော်မိန်းမနဲ့ ကလေး လေးယောက်လည်း ရေထဲပါသွားပြီဆရာကြီး။ မိန်းမက ကလေးလေးဦးစလုံးကို မကွဲအောင်ကြိုးနဲ့ချည်ထားတာ အခုတော့ အခုတော့ သူ့ခမျာစကား ဆက်မပြောနိုင်တော့ချေ။ ဆို့နင့်ကြေကွဲနေလေ၏။ကိုယ်ချင်းစာစိတ်နှင့် စိတ်မကောင်းဖြစ်မိ၏။ တစ်အိမ်တည်း သုံးဦး၊ နှစ်ဦး၊ငါးဦး သေဆုံးကြသည့်သတင်းတွေက ဆက်တိုက်ဝင်လာသည်။ စိတ်မကောင်းဖွယ်ရာ အနိဌာန်ရုံများပါတကား။ အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ ဆိုစကား မှန်လိုက်သည့်ဖြစ်ခြင်း။ မီးရထားတံတား မြောက်ဘက်ကွက်သစ်ရောက်တော့လည်း ကြားရပြန်ပြီ။

ရွှေချောင်းတံတားကြီး၏ ရေလယ်တိုင်သုံးတိုင် ပျက်စီးသွားခဲ့ရသည်။ မည်သည့်အခါမှ မဖြစ်ဖူးခဲ့သော ရွှေချောင်း ချောင်းရေလျှံတက်မှုသည် မယုံချင်ပုံပြင်ဟုလည်း ဆိုနိုင်သည်။ ဒဏ္ဍာရီဟုလည်း ဆိုနိုင်သည်။
''ဟောသည်မှာဆရာရေ သမီး အကြီးငါးနှစ်သမီးရယ်၊ နို့ညှာယောင်္ကျားကလေးရယ် ရေထဲပါသွားပြီ။ မိခင်မမိုးသူကလှိုင်းပုတ်လို့ ကမ်းပေါ်တင်ကျန်နေတာ။ သူ့ယောင်္ကျား ကိုဝင်းဗိုလ်က တံတာမရောက်ခင် လှိုင်းကြောင့် ကမ်ခြေပေါ်တင်နေတာ လူတွေဝိုင်းဆွဲလို့။ သူတို့သား ခြောက်နှစ်ကလေးလည်း လှိုင်းပုတ်လို့ ငါးလမ်းမှာဆယ်ယူလိုက်ရတယ်'' သေသူသေ၊ သေကံမရောက် သက်မပျောက်ဆိုသည့် လူများ၏အဖြစ်ကလည်း သည်းထိတ် ရင်ဖိုဖွယ်ရာ။ ရွှေချောင်း ချောင်း၏အကျယ်သည် ပေ ၅၀၀ ခန့်သာရှိ၏။ မိုးရေ ချောင်းရေကြောင့် ချောင်းပြင်က ပေ ၁၀၀၀ ကျော်သွား၏။ အချို့အိမ်များ ရေလယ်ခေါင်တွင် ကျန်နေ၏။
'၀ါးလုံးထိုးလှိုင်းတွေကြောင့် မည်သူမှ ဆင်းမကယ်ရဲဘူး။ ရင်နာစရာတော့ ကောင်းပါတယ်ဗျာ။ စသော သတင်းစကားများကြောင့် ကလောင်လက်များက တုံ့နှေးသွားရ၏။ စိတ်မကောင်းစရာများက ပြည့်နှက်နေသည် မဟုတ်ပါလား။ချောင်း နှစ်ခွစီးဆင်း၍ ရေလယ်ခေါင်တွင်ကျန်ရစ်နေသော လူခုနစ်ဦး၏အသက်က မီးသတ်တပ်ဖွဲ့များက ကရိန်းကားနှင့် ကြိုးဆွဲလျှက် သက်စွန့်ဆံဖျား ကယ်တင်လိုက်နိုင်၏။ မီးသတ်ရဲဘော်များကြောင့် ပခုက္ကူမြောက်ဖျားကွက်သစ်က အသေအပျောက် နည်းပါးသွားခဲ့သည်။ သံခိပ်မိုးကုတ်ရိပ်သာ ဆရာတော်ကြီး ဦးသုန္ဒရကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားပြီတဲ့ ရွှေကံသာတစ်ရပ်ကွက်လုံးရွေ့နေပြီဟူသော အသံများ ကြား၍ မိုးကုတ်ရိပ်သာသို့ ပြေးရပြန်သည်။ မိုးကုတ်ရိပ်သာဦး ဇင်းလေး ဦးစန္ဒောဘာထံ မေးမြန်းကြည့်တော့ အိပ်ဆောင်စု ၁၄၈ စု၊ လူဦးရေ ၆၁၅ ဦး၊ ရွှေရောင်မှာ ၄၄ ဦး၊ ဓမ္မပါလမှာ ၃၄ ဦး၊ တိလောကမှာ လူဦးရေ ၂၀၀ ကျော်ရောက်နေပြီလို့ ကြားရတယ်'' ဟု ဦးဇင်းလေးက မိန့်သည်။
တာဝန်ရှိသူများ ချက်ချင်းရောက်လာသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ လ၀က၊ တိုင်းရေးဆေး ကျန်းမာရေးဝန်ကြီးဌာန ဌာနဆိုင်ရာများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြသည်။ ထမင်းထုပ်ဆင့်ကြ သည်။ မိုးကုတ်ရိပ်သာ ရောက် ကဗျာဆရာဒေါင်းသူရိန်မိသားစုလည်း ရေဘေးဒုက္ခသည်ဖြစ်သွားသည်။ ရေဘေးသင့်ချိန် ငွေငါးသောင်းရောက်လာ၍ သူ့ခမျာအတော်ကလေး ၀မ်းသာသွားရှာ၏။
''စာပေဗိမာန် ကဗျာစာမူတွေက ရေထဲပါသွားပြီ။လူတောင်မနည်း လွတ်အောင်ပြေးခဲ့ရတာ''ဟု ဒေါင်းသူရိန်ကပြောသည်။ ရွှေကံသာတစ်ရပ်ကွက်နှင့် ၂ လမ်း၊ ၃ လမ်း၊ ၄ လမ်း၊ ၅ လမ်း ချောင်းကမ်းပါးဝန်းကျင် အများစုမှာ တစ်နေ့လုပ်မှ တစ် နေ့စားရသည့်ဘ၀များကားများ၏။ အောက်ခြေလူတန်းစား ဆင်းရဲသားများမို့ ပဲညှစ်၊ ပန်းရံ၊ လက်သမား၊ ဇာတ်သမားနှင့် သံတိုသံစ အရောင်းအ၀ယ် ပလတ်စတစ်၊ ဒန်အိုးဒန်ခွက်၊ စက္ကူကောက် အရောင်းသမားများက များ၏။ ဖြစ်သလိုတဲထိုးပြီး ကျူးကျော်သမားများအဖြစ် ဘ၀ကို ခံယူနေကြရသည်။ အချို့က ချောင်းမြစ်လယ်ခေါင် နေကြရသည်။
၃ လမ်းနေ ဦးမောင်ဝင်းအား မေးကြည့်သည့်အခါ ''အိမ်ကမိန်းမ နဲ့ ကလေးတွေ ချောင်းပြင်မှာရှိတဲ့ ဓူဝံပဲကြော်ဖိုကိုသွားဖို့ သုံးနာရီလောက်ကတည်းကပြင်နေတာ မိုးကလည်း ရွာ၊ မီးကလည်းပျက်နေတော့ မသွားနဲ့ဦး စောသေးတယ်လို့ ပြောထားရတယ်။ နံနက် ၄ နာရီကျတော့ ချောင်းရေကပြင်းလာပြီး လူသံတွေကြားရလို့ ထွက်ကြည့်တဲ့အခါ အိမ်တွေရေထဲပါကုန်ကြပီ။ အဲသည်တော့ ပဲလည်းသွားမညှစ်နိုင်တော့ဘူး။ ပစ္စည်းတွေသယ်၊ အိမ်ဖျက်နဲ့တော်သေးရဲ့ အိမ်နဲ့နှစ်အိမ်ခြားမှာ ချောင်းရေ တိုက်စားတာရပ်သွားလို'' ဟု သူပြောပါသည်။
မိုးကုတ်တိလောက ရွှေရောင်ရိပ်သာ ဓမ္မပါလမတ္တတောင် (လေသာတိုက်သစ်) ရောက် ဒုက္ခသည် ရေဘေးသင့် စာရင်းကောက်သည့်အခါ မက္ကတောင်တွင် အိမ်ထောင်စု ၆၁ ဦး၊ မိုးကုတ်တွင် အိမ်ထောင်စု ၁၄၈ စု တိလောကတွင် အိမ်ထောင်စု ၁၈၀ လူဦးရေ စုစုပေါင်း နှစ်ထောင်နီးပါးနှင့် သေကြေပျောက်ဆုံး ၂၀၀ ကျော်၊ အိမ်ခြေ ပျက်စီး ၅၀၀ ကျော် ပစ္စည်းတန်ဖိုး သိန်း ၃၀၀၀ ၀န်းကျင် ဆုံးရှုံးနစ်နာခဲ့သည်။ ရွှေချောင်းတံတားကြီး၏ တန်ဖိုးမှာလည်း သိန်း ၅၀၀ ကျော် ပျက်စီးမျောပါသွားခဲ့ရသည်။ မည်သည့်အခါမှ မဖြစ်ဖူးခဲ့သော ရွှေချောင်း ချောင်းရေလျှံတက်မှုသည် မယုံချင်ပုံပြင်ဟုလည်း ဆိုနိုင်သည်။ ဒဏ္ဍာရီဟုလည်း ဆိုနိုင်သည်။ ပခုက္ကူသား စာရေးဆရာကြီး ကျော်အောင်ကမူ အညာလွမ်းချင်းတွင် ရွှေချောင်းနှင့် ကျောက်မိကျောင်း တောရအား လွမ်းမောဖွယ်ရေးသားဖွဲ့နွဲ့ထား၏။ စာရေးဆရာကြီးကား သက်ရှိထင် ရှားမရှိတော့။ သက်ရှိထင်ရှားရှိလျှင် ရွှေချောင်းရဲ့ ဒဏ္ဍာရီ (သို့မဟုတ်) ပခုက္ကူလွမ်းချင်းဟူ ၍ စာတစ်စောင် ပေတစ်ဖွဲ့ စာနာကြေကွဲစွာရေးဖွဲ့ဦးမည်ဟုထင်မိသည်။
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ တို့ကိုယ်တိုင် ရေဘေးသင့်ပြည်သူများကို အားပေးနွေးထွေးစွာ ကူညီပံ့ပိုးခဲ့၏။ လိုအပ်သည့်ကိစ္စကြီးငယ်များကို အမြန်ဆုံး အကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်၏။ ယခုဆိုလျှင် မီးသွေးကန်နှင့် ကျောက်မိကျောင်း တောရမြောက်ဖက်အကြား ရွှေချောင်းတစ်လျောက် ရေဘေးသင့်သူများအား အိမ်ရာများ ဆောက်လုပ်လျှက်ရှိနေပေပြီ။ ပေ၂၀ x ပေ၆၀ အတွက် နှစ်သိန်းတန်ဝန်းကျင် အိမ်ရာများဖြစ်သည်။ အနယ်နယ် အရပ်ရပ်မှစေတနာရှင်၊ ကုသိုလ်ရှင်၊ လူမှုရေးအဖွဲ့အစည်းများကလည်း ၀ိုင်းဝန်းလှူဒါန်းကြ၏။ သာဓုအနုမောဒနာ ခေါ်ဆိုပါ၏။ မြန်မာလူမျိုးပီသပါပေ၏'' ဟု ခံစားဂုဏ်ယူမိပါ၏။ သဘာဝဘေးရန်များသည် တိုးပွားလာဖွယ်ရာရှိရာ မြစ်နား၊ ချောင်းနား၊ ကန်နား၊ ဆည်နားနေသူများ အထူးသတိဝီရိယနှင့် နေထိုင်သွားဖို့ရာ ရှိလာ၏။ မုန်တိုင်းသတိပေး ချက်အပြင် ဆည်နား၊ ကန်နား၊ ချောင်းနား နေသူများကိုလည်း အထူးသတိပေးဖို့ လိုအပ်လာချေပြီ။  ပခုက္ကူရွေချောင်းရေလျှံမှုသာမက ယောချောင်း ရေလျံမှုကြောင့် ယောချောင်းဘေးရွာများလည်း သေကျေပျက်စီးကြရသည့် သတင်းများ ကြားလာရသည်။ ရေပြာတံတား အုန်း တောတံတားများကျိုး၍ ပေါက်နယ်၊ ချင်းပြည်နယ်ပါ အသွားအလာ အဆက်အသွယ် ပြတ်တောက်သွားရသည်။ ပခုက္ကူမြို့တွင် အောက်တို ဘာ ၂၀ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ဖုန်းလိုင်းမကောင်း၊ မီးကမလာနှင့် ညရှုခင်းကားမလှမပ တိတ်ဆိတ်နေရ၏။ ဆိတ်ဖြူနယ် ဂ၀ံလေးတိုင်၊ ချိုက်၊ ဖျားရင်းမျော၊ ဒေါင်းသာ၊ ကံတွင်း၊ မြစ်ဖျား စသည့်ရွာများ ပေါက်နယ်သက္ကကျင်း၊ ကိုင်းမ၊ တံစူး၊ လယ်ယာ၊ လက်ပံလှ၊ ဘို့မယ်၊ ၀န်ကျုံး၊ ဇီးတော၊ ရှခွကြီး၊ ရေပြာစသောရွာများ ရေဘေးသင့်ခဲ့ကြရသည်။ ပေါက်မြို့တွင်လည်း တောင်ကျရေကြောင့် ရေကပေါင် အထိ ရောက်သွားသည်။ ရေပြာတွင် လူတစ်ဦး အသက်ဆုံးရှုံးရသည်။ အိမ်ခြေ ၅၀ ကျော် ရေထဲမျောပါသည်။ ၁၅၀ ကျော် အိမ်များ ပျက်စီးရသည်။ မက်စ်မြန်မာနှင့် ဧရာဝတီဘဏ်မိသားစုတို့က ရေဘေးသင့်ဒေသများတိုင် သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ စောင် စသည်တို့ လှူဒါန်းကူညီသည်။
ဝါးတန်းရပ်ဗုဒ္ဓသာသနာ ပရဟိတကာရက အသင်းကလည်း နေ့စဉ်သွားရောက် လှူဒါန်းကြသည်။ စာနာအားပေးကြသည်။ ၀မ်းမြောက် စရာကောင်းလှပါ၏။ ပခုက္ကူခရိုင်အတွင်း ဆိတ်ဖြူနယ်၊ ပေါက်နယ်ယော ချောင်းတစ်လျှောက်ကလည်း အထိနာကြ၏။ တံစူးရွာတွင် ရွာလုံး ကျွတ်အိမ်ခြေ ၁၀၀ ပါသွား၏။ ဘို့မယ်ရွာကား ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းပါသွား၏။  သက်တော် ၈၉ နှစ်အရွယ် ဆရာတော်လည်း ရေထဲပျံလွန်တော်မူသွားရ၏။ မြိုင်နယ်တွင်ရှိသော ဆည်များ၊ ကန်များ အထူးသတိထားဖို့ လိုအပ်လာချေပြီ။ မြိုင်နယ်အောက် ပခုက္ကူဒေသသည် သဘာဝပတ်ဝန်း ကျင်ဘေးရန်များကို စဉ်ဆက်မပြတ် အသိနှင့်သတိရှိရှိ စုပေါင်း၍ ကာကွယ်သင့်လေပြီတည်း . . . ။
ပခုက္ကူသား စာရေးဆရာကြီး ကျော်အောင်ကမူ အညာလွမ်းချင်းတွင် ရွှေချောင်းနှင့် ကျောက်မိကျောင်း တောရအား လွမ်းမောဖွယ်ရေးသားဖွဲ့နွဲ့ထား၏။ စာရေးဆရာကြီးကား သက်ရှိထင် ရှားမရှိတော့။ သက်ရှိထင်ရှားရှိလျင် ရွှေချောင်းရဲ့ ဒဏ္ဍာရီ (သို့မဟုတ်) ပခုက္ကူလွမ်းချင်းဟူ ၍ စာတစ်စောင် ပေတစ်ဖွဲ့ စာနာ ကြေကွဲစွာရေးဖွဲ့ဦးမည်ဟုထင်မိသည်။
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ တို့ကိုယ်တိုင် ရေဘေးသင့်ပြည်သူများကို အားပေးနွေးထွေးစွာ ကူညီပံ့ပိုးခဲ့၏။ လိုအပ်သည့်ကိစ္စကြီးငယ်များကို အမြန်ဆုံး အကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်၏။ ယခုဆိုလျှင် မီးသွေး ကန်နှင့် ကျောက်မိကျောင်း တောရမြောက်ဖက်အကြား ရွှေချောင်းတစ်လျောက် ရေဘေးသင့်သူများအား အိမ်ရာများ ဆောက်လုပ်လျှက်ရှိနေပေပြီ။ ပေ၂၀ x ပေ၆၀ အတွက် နှစ်သိန်းတန်ဝန်းကျင် အိမ်ရာ များဖြစ် သည်။ အနယ်နယ် အရပ်ရပ်မှစေတနာရှင်၊ ကုသိုလ်ရှင်၊ လူမှုရေးအဖွဲ့အစည်းများကလည်း ၀ိုင်းဝန်းလှူဒါန်းကြ၏။ သာဓုအနုမောဒနာ ခေါ်ဆိုပါ၏။ မြန်မာလူမျိုးပီသပါပေ၏'' ဟု ခံစားဂုဏ်ယူမိပါ၏။ သဘာဝဘေး ရန်များသည် တိုးပွားလာဖွယ်ရာရှိရာ မြစ်နား၊ ချောင်းနား၊ ကန်နား၊ ဆည်နားနေသူများ အထူးသတိဝီရိယနှင့် နေထိုင်သွားဖို့ရာ ရှိလာ၏။ မုန်တိုင်းသတိပေး ချက်အပြင် ဆည်နား၊ ကန်နား၊ ချောင်းနား နေသူများကိုလည်း အထူး သတိပေးဖို့ လိုအပ်လာချေပြီ။
ပခုက္ကူရွေချောင်းရေလျှံမှုသာမက ယောချောင်း ရေလျံမှုကြောင့် ယောချောင်းဘေးရွာများလည်း သေကျေပျက်စီးကြရသည့် သတင်းများ ကြားလာရသည်။ ရေပြာတံတား အုန်း တောတံတားများကျိုး၍ ပေါက်နယ်၊ ချင်းပြည်နယ်ပါ အသွားအလာ အဆက်အသွယ် ပြတ်တောက်သွားရသည်။ ပခုက္ကူမြို့တွင် အောက်တို ဘာ ၂၀ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ဖုန်းလိုင်းမကောင်း၊ မီးကမလာနှင့် ညရှုခင်းကား မလှမပ တိတ်ဆိတ်နေရ၏။ ဆိတ်ဖြူနယ် ဂ၀ံလေးတိုင်၊ ချိုက်၊ ဖျားရင်းမျော၊ ဒေါင်းသာ၊ ကံတွင်း၊ မြစ်ဖျား စသည့်ရွာများ ပေါက်နယ်သက္ကကျင်း၊ ကိုင်းမ၊ တံစူး၊ လယ်ယာ၊ လက်ပံလှ၊ ဘို့မယ်၊ ၀န်ကျုံး၊ ဇီးတော၊ ရှခွကြီး၊ ရေပြာစသောရွာများ ရေဘေး သင့်ခဲ့ကြရသည်။ ပေါက်မြို့တွင်လည်း တောင်ကျရေကြောင့် ရေကပေါင် အထိ ရောက်သွားသည်။ ရေပြာတွင် လူတစ်ဦး အသက်ဆုံးရှုံးရသည်။ အိမ်ခြေ ၅၀ ကျော် ရေထဲမျောပါသည်။ ၁၅၀ ကျော် အိမ်များ ပျက်စီးရ သည်။ မက်စ်မြန်မာနှင့် ဧရာဝတီဘဏ်မိသားစုတို့က ရေဘေးသင့်ဒေသများတိုင် သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ စောင် စသည်တို့ လှူဒါန်းကူညီသည်။
ဝါးတန်းရပ်ဗုဒ္ဓသာသနာ ပရဟိတကာရက အသင်းကလည်း နေ့စဉ်သွားရောက် လှူဒါန်းကြသည်။ စာနာအားပေးကြသည်။ ၀မ်းမြောက် စရာကောင်းလှပါ၏။ ပခုက္ကူခရိုင်အတွင်း ဆိတ်ဖြူနယ်၊ ပေါက်နယ်ယော ချောင်း တစ်လျှောက်ကလည်း အထိနာကြ၏။ တံစူးရွာတွင် ရွာလုံး ကျွတ်အိမ်ခြေ ၁၀၀ ပါသွား၏။ ဘို့မယ်ရွာကား ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းပါသွား၏။  သက်တော် ၈၉ နှစ်အရွယ် ဆရာတော်လည်း ရေထဲ ပျံလွန်တော်မူသွားရ၏။ မြိုင်နယ်တွင်ရှိသော ဆည်များ၊ ကန်များ အထူးသတိထားဖို့ လိုအပ်လာချေပြီ။ မြိုင်နယ်အောက် ပခုက္ကူဒေသသည် သဘာဝပတ်ဝန်း ကျင်ဘေးရန်များကို စဉ်ဆက်မပြတ် အသိနှင့်သတိရှိရှိ စုပေါင်း၍ ကာကွယ်သင့်လေပြီတည်း . . . ။

Written by နေဦးမောင်(ပခုက္ကူ)    
ရွှေချောင်းရဲ့ဒဏ္ဍာရီ (သို့မဟုတ်) ပခုက္ကူလွမ်းချင်း ရွှေချောင်းရဲ့ဒဏ္ဍာရီ (သို့မဟုတ်) ပခုက္ကူလွမ်းချင်း Reviewed by သစ်ထူးလွင် on 01:08 Rating: 5

No comments:

Powered by Blogger.