ဗေဒါစာဖတ်ခန်းဖွင့်ပွဲ

Daw Aung San Suu Kyi and large crowd attend opening of Bayda Institute Library. (photo: mizzima)
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးတဦးက လုံခြုံရေး လူငယ်များကြားမှ ပန်းပေးနေသည်ကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းများတွင် ပညာရေးနှင့် ပက်သက်ပြောဆိုလေ့ရှိပြီး စာဖတ်ခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အချို့ကို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်း ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနေသူများကြားတွင် တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာ တခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော NLD ဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
သတင်း/ဓါတ်ပုံ -- Facebook မဇ္ဈိမ
 
ဗေဒါစာဖတ်ခန်းဖွင့်ပွဲ ဗေဒါစာဖတ်ခန်းဖွင့်ပွဲ Reviewed by သစ်ထူးလွင် on 18:47 Rating: 5

No comments:

Powered by Blogger.