လူထုခေါင်းဆောင် ဒေါ်စု နှင့် ဦးအောင်ကြည် အောက်တိုဘာ (၃၀)ရက်နေ့ တွေ့ဆုံဆွေးနွေးချက်များ

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ စတုထ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၁နာရီ ၅၅မိနစ် အချိန်အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုအပြီး၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ကာ သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ပါသည်။ ''ယခင် ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေးလည် ပတ်သုံးစွဲခွင့်ရရှိရေးတို့၏ အရေးကြီးမှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်း သာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်'' ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိခဲ့ပါသည်။ ထို့နောက် သတင်းထောက်များအား မေးခွန်းသုံးခု မေးမြန်းခွင့်ပြုခဲ့ပြီး ပထမဆုံးမေးခွန်းကို ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက မေးမြန်းခဲ့ပါသည်။ ''လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာပြောရရင် နိုင်ငံရေး အကျဉ်းသားအချို့ လွှတ်ပေးတာ၊ the labour union ဖွဲ့ခွင့်ပေးတာ၊ ဆန္ဒပြခွင့်ပေးတယ်။ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီအရာတွေက NLD ပါတီပြန် မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များဖြစ်ပါပြီလား'' ဟု ဦး အောင်လှထွန်းက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။ "NLDပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာ တည်ပါတယ်။ အဲတော့ ဒီဥပဒေ အတည်ပြုပြီးတော့ ထွက်လာတဲ့အထိ ကျွန်မတို့စောင့်ပြီးမှ ပြောနိုင်မယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေက ထွက်လာပြီ ဆိုလို့ရှိရင် အစည်းအဝေးခေါ်ရမှာပေါ့။ ဒါကျွန်မ တို့ရဲ့ ပါတီစည်းမျဉ်းစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်'' ဟု ဒေါ် အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။ ''ကျွန်တော်သိထားတာကတော့ ဥပဒေပါ အကြောင်းအရင်းရဲ့ အဓိက အချက်သုံးချက်ကတော့ သိထားပြီးပါပြီ။ NLD က ဥပဒေပညာရှင်အချို့လည်း သိထားပြီးထင်ပါတယ်''ဟု ဦးအောင်လှထွန်းက ဆက်လက် မေးမြန်း ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဟုတ်တယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို မသိရသေးလို့၊ ကျွန်မတို့ မမြင်ရသေးလို့ မပြောသေးတာပါ'' ဟု ပြောကြားခဲ့ပါသည်။ အဆာဟိရှင်ဘွန်း သတင်းစာမှ ဦးတင်မောင်ဝင်းက '' ၀န်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာလည်း လေးကြိမ်ရှိတာ သိရပါတယ်။ အဲတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲတော့ ဘယ်နေ ရာတွေမှာ ဘယ်လိုတွေပေါ့နော်၊ နည်းနည်းအသေးစိတ် သိလိုရမယ်ဆိုရင်လည်း သိချင်တာလေးတွေရှိပါတယ်''ဟု မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းကို ဦးအောင်ကြည်က ''ကျွန်တော်တို့ သြဂုတ် ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းစဉ်မှာပါမက၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ကျွန်တော်တို့သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥစ္စာဟာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကိုကျော်စွာမင်း မေးမြန်းခဲ့သော''အခု ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ NLD ပါတီ မှတ်ပုံတင်ဖို့ ကိစ္စရပ်ရယ်၊နောက်တစ်ခါနိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးရေးကိစ္စရပ်ရယ်၊ နောက်တစ်ခါ အန်တီစုအနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံဖို့ကိစ္စရပ်တွေကိုရော ဆွေးနွေးခဲ့တာရှိပါသလား''မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။ ''ကျွန်မတို့ ဒီကိစ္စကို အားလုံး ဆွေးနွေးပါတယ်။ အမြဲပဲ တွေ့တိုင်းလည်း ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဘာလို့လဲဆိုရင် ဒါဟာကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ ဆက်နွှယ်နေတဲ့ကိစ္စမို့ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါသည်။ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် အစီအစဉ်ရှိမရှိ ဟူသော ဦးအောင်လှထွန်း၏ မေးခွန်းကို ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့ပါသည်။ ''ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်လှမ်းပြီးတစ်လှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒါအားလုံးလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့က စုံလည်းမခုန်ဘူး။ ရပ်လည်း မနေပါဘူး'' ဟု ဦးအောင်ကြည်က ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ ၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက် ၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက် ၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ၄။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက် ၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် ၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက် ၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက် ၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် ၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက် အစိုးရသစ် လက်ထက်တွေ့ဆုံမှု ၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက် ၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ၄။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ ၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက် ၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက် ၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ၄။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက် ၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် ၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက် ၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက် ၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် ၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက် အစိုးရသစ် လက်ထက်တွေ့ဆုံမှု ၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက် ၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ၄။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်
လူထုခေါင်းဆောင် ဒေါ်စု နှင့် ဦးအောင်ကြည် အောက်တိုဘာ (၃၀)ရက်နေ့ တွေ့ဆုံဆွေးနွေးချက်များ လူထုခေါင်းဆောင် ဒေါ်စု နှင့် ဦးအောင်ကြည်  အောက်တိုဘာ  (၃၀)ရက်နေ့ တွေ့ဆုံဆွေးနွေးချက်များ Reviewed by သစ်ထူးလွင် on 00:59 Rating: 5

No comments:

Powered by Blogger.