မိုးနှောင်းကာလ မုန်တိုင်းအန္တရာယ်


အခုဆိုရင် ရာသီကာလအပိုင်း အခြားအနေနဲ့ ၂ဝ၁၁ ခုနှစ်ရဲ့ မိုး နှောင်းကာလကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ မိုးနှောင်းကာလရဲ့ ထူးခြား ချက်ကတော့ မုတ်သုံလေပြန်လည် ဆုတ်ခွာခြင်းပဲ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ စက်တင်ဘာ မကုန်မီမှာ မုတ်သုံလေ ဆုတ်ခွာမှုနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။  ၂ဝ၁၁ ခုနှစ်ဟာ ထူးခြားတဲ့ ရာသီဥတုရှိတဲ့နှစ်တစ်နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂ဝ၁၁  ခုနှစ်ဟာ မိုးတွေကောင်းတဲ့နှစ်တစ်  နှစ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မိုးတွေ   ကောင်းတယ် ဆိုပေမယ်လို့ ခါတိုင်းနှစ်တွေနဲ့နှိုင်း ဆရင် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပေါ်မှုအနေနဲ့တော့ အလွန်နည်းနေတာကိုတွေ့ရပါတယ်။ ဘယ်လောက်အထိ နည်းနေသလဲ ဆိုရင် အခုစက်တင်ဘာလလယ် ကျော်လွန်လာတဲ့အထိ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတစ်ကြိမ် တစ်ခါမှမဖြစ်သေး တာကို ကြည့်ရင် သိနိုင်ပါတယ်။  ဒါပေမဲ့လည်း မုန်တိုင်းတွေ မဖြစ်ခဲ့သလို မြန်မာနိုင်ငံအရှေ့ဘက် မှာရှိတဲ့တောင်တရုတ်ပင်လယ်အတွင်း ကမုန်တိုင်းအကြွင်းအကျန် တိမ်တိုက် များမရောက်ခဲ့တာကိုလည်း တွေ့ရ ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မုန် တိုင်းများနဲ့ပတ်သက်တဲ့ မုန်တိုင်းမိုး တွေ အထူးသဖြင့် သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ များစွာလျော့ နည်းနေခဲ့ပါတယ်။  မုန်တိုင်းမိုးတွေမရွာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ မိုးပြတ်တယ်လို့ မရှိခဲ့ တာကိုလည်း ကျွန်တော်တို့တွေ့နေ ရပါတယ်။ ဒါကတော့ ဒီနှစ်မှ ထူးထူး ခြားခြားတွေ့ရတဲ့ မုတ်သုံလေအား ပျိုးမှုဖြစ်စဉ်များကြောင့် ဖြစ်နေတာ ကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံကြီး ရှိတယ်။ အိန္ဒိယနိုင်ငံ ရဲ့အနောက် ဘက်မှာ အာရေဗျပင်လယ်ရှိပါ တယ်။ ဒီနှစ်ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ အာရေ ဗျပင်လယ်ထဲမှာ မုတ်သုံလေအား သစ်ပျိုးမှု မကြာခဏ   ဖြစ်နေတာကို တွေ့ရတယ်။ အနည်းဆုံးတစ်ပတ် တစ်ခါ သို့မဟုတ် ၁ဝ ရက်တစ်ခါ အာရေဗျပင်လယ်ထဲမှာ မုတ်သုံလေ များမကြာမကြာအားကောင်းလာ တာတွေ့ရ ပါတယ်။ အဲဒီအာရေဗျ ပင်လယ်ထဲမှာ မုတ်သုံလေအား ကောင်းလာခဲ့ရင် အဲဒီမုတ်သုံလေ တွေက အိန္ဒိယနိုင်ငံကိုဖြတ်ကျော် ပြီးတဲ့နောက်   မြန်မာနိုင်ငံနဲ့ ဆက်စပ် နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲကို တိုးဝင်လာတာပါပဲ။ ဘင်္ဂလားပင်လယ်အော်ထဲ တိုးဝင်လာတဲ့အချိန် အထူးသဖြင့်  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ကပ္ပလီ ပင်လယ်ပြင် မှာ မုတ်သုံလေ အားပျိုးမှုတွေမကြာခဏဖြစ်နေတာ ကိုတွေ့ရပါတယ်။ ဒီလိုမုတ်သုံလေ အားပျိုးမှုဖြစ်တယ်ဆိုတာနဲ့ ကမ်းရိုး တန်းတစ်လျှောက်မှာ မိုးများ ရွာ တော့တာပါပဲ။ နောက်ထူးခြားချက် တစ်ခုကမုတ်သုံလေဦးဟာ ဒီနှစ်မှာ အရှေ့တောင်၊ အနောက်မြောက် ခပ်စောင်းစောင်းအနေအထားနဲ့ မြန်မာနိုင်ငံ အပေါ်မှာ   နေ့စဉ်လိုလိုရှိနေ ခြင်းပဲ ဖြစ်ပါတယ်။ ဒီမုတ်သုံလေ ဦးဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းအစပ်လောက် အထိတက်သွား တဲ့နေ့တွေရှိသလို၊ ကပ္ပလီ ပင်လယ်ပြင်ထဲအထိ ပြန် ဆင်းသွားတဲ့နေ့တွေ ရှိနေပါတယ်။ တစ်နည်းပြောရရင်တော့ တောင် မြောက်အတက်အဆင်း လုပ်နေ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မုတ် သုံလေဦးရဲ့အထဲမှာ မုတ်သုံလေ ဖိအားနည်း ချိုင့်ဝှမ်းဆိုတာ ဖြစ်ပေါ် နေပါတယ်။ မုတ်သုံ လေဖိအားနည်း ချိုင့်ဝှမ်းထဲမှာ လေဖိအားနည်းရပ် ဝန်းတွေ၊  လေဆိုင်ဝဲတွေ အမြဲလို ဖြစ်ပေါ်နေလေ့ရှိပါတယ်။ အဲဒီ ဖြစ်ပေါ်နေတဲ့ လေဆိုင်ဝဲများဟာ ဦးတည်ရာဘက်အနေနဲ့ အရှေ့ တောင်မှအနောက်မြောက်ဆီသို့ ဦးတည်ပြီး အမြဲလိုလို   ရွေ့လျားနေပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ပြောရရင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကအ စပြုပြီး နောက်တစ်ဆင့်ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နောက် တစ်ဆင့်  ဧရာဝတီတိုင်း ဒေသကြီး၊ နောက်တစ်ဆင့်ရခိုင် ပြည်နယ်၊ ဦးတည်ရာဘက်အတိုင်း တစ်ပတ်ကိုနှစ်ကြိမ် သုံးကြိမ်ခန့် လေဆိုင် ဝဲတွေနေ့စဉ်လို   ရွေ့လျား   နေတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း မဖြစ်၊ အရှေ့ဘက်က မုန်တိုင်း အကြွင်းအကျန်များ မလာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ မိုးပြတ်တယ် လို့ မရှိခဲ့ တာကိုတွေ့ ရပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ဝ ရက်နေ့အထိ ၂ဝ၁၁ ခုနှစ်အတွင်း ရွာသွန်းခဲ့ပြီးဖြစ်တဲ့ မိုးရွာသွန်းမှုအခြေအနေတွေကြည့်တဲ့  အခါ   မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရွာသွန်းမြဲကို မပြည့်မီဘဲ ရွာသွန်းမြဲရဲ့အောက် လျော့တဲ့နေရာကိုတစ်ခုမှမရှိခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ်ဟာ လက်ရှိအချိန် အထိ မိုး ကောင်းတဲ့နှစ်လို့ခေါ်ရမှာဖြစ်ပါတယ်။  အဲဒီအထဲမှာမှ ထူးထူးခြားခြား ရွာသွန်းမြဲရဲ့အထက်ကျော်လွန်အောင် ရွာသွန်းခဲ့တဲ့ ဒေသများအနေနဲ့တော့ ကချင်ပြည် နယ်၊ မြန်မာနိုင်ငံအလယ် ပိုင်းဒေသများဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသဖြစ် တဲ့ ကယားပြည်နယ်၊ တောင်ပိုင်းဒေသ ဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေ ပါဝင်နေပါတယ်။ ဆက်လက်ပြီး ၂ဝ၁၁ ခုနှစ်ရဲ့ လက်ကျန်ကာလတွေမှာ ဘယ်လို ရာသီဥတုမျိုးဖြစ်လာနိုင်သလဲဆိုတာ နဲ့ပတ်သက်ပြီးပြောရရင် ပထမဦးဆုံး ပြောရမယ့်ကိစ္စကတော့ မုတ်သုံ လေဆုတ်ခွာမှုပဲဖြစ်ပါတယ်။ မုတ်သုံဟာ အမှန်ပြော ရရင်တော့ အာရှ တောင်ပိုင်းဒေသက စပြီးဆုတ်ခွာ နေပြီဖြစ်ပါတယ်။ ဒီကနေ့ အခြေ အနေကိုကြည့်ရင် ပါကစ္စတန်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ နောက် တစ်ဆင့်အိန္ဒိယ အချို့ ဒေသတွေကနေပြီး မုတ်သုံလေ ဆုတ်ခွာလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေက ဆုတ်ခွာ နေပြီဖြစ် ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ ရှိတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းဆိုတဲ့ ဒေသ တွေကိုကြည့်ရင်   ဆောင်းအစ   ဆောင်းလေများဖြစ်တဲ့ အရှေ့ မြောက်လေများ တစ်စတစ်စ တိုး ဝင်လာတာတွေ၊ မိုးတိမ်ကင်းစင်နေ တာတွေ၊ စတာတွေကို နေ့စဉ်လိုလို တွေ့မြင်နေရပါတယ်။ အဲဒါအပြင် မုတ်သုံလေဆုတ်ခွာတဲ့အခါ ဖြစ်ပေါ် တတ်လေ့ရှိတဲ့လေထုမငြိမ်မသက်မှု ကြောင့် မိုးတိမ်တောင်ဖြစ်မှုတွေ လည်းမြန်မာနိုင်ငံတစ်နံ တစ်လျားမှာ နေ့စဉ်လိုလို ကြုံတွေ့နေရပါတယ်။  မုတ်သုံလေဆုတ်ခွာမှုကို ဒီ နှစ်ခန့်မှန်းရရှိတာတော့ စက်တင် ဘာ ၂ဝ ရက်ပတ်ဝန်းကျင်မှာ မုတ် သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသ ကနေပြီး စတင်ဆုတ်ခွာ ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ စက်တင်ဘာလ ၂၅ ရက်နေ့ လောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကဆုတ်ခွာပြီး စက်တင် ဘာလ   နောက်ဆုံးအပတ်များမှာ မြစ် ဝကျွန်းပေါ်ဒေသများကနေပြီး ဆုတ် ခွာလိမ့်မယ်လို့ ခန့်မှန်းရရှိထားပါ တယ်။ တစ်နိုင်ငံလုံးအနေနဲ့တော့ စက်တင်ဘာလကုန် သို့မဟုတ်   အောက်တို ဘာလဆန်း ၂ ရက်၊ ၃ရက်မှာ လုံးဝ ဆုတ်ခွာသွားလိမ့် မယ်လို့ ခန့်မှန်းရရှိထားပါတယ်။ ၂ဝ၁၁ ခုနှစ်မုတ်သုံလေဆုတ် ခွာပြီးတဲ့နောက် ကျန်တဲ့ လက်ကျန် ကာလဟာ ၃ လတာမျှပဲကျန်ရှိ တော့မှာဖြစ်ပါတယ်။ အင်္ဂလိပ်လအ နေနဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဟာ ရာသီဥတုအပိုင်းအခြား အနေနဲ့ မိုးလွန်ကာလ များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ်  လက်ကျန်ကာလမှာ ဘယ်လိုရာသီ ဥတုမျိုးတွေရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်တဲ့အခါ မှာတော့ ဒီအချက်တွေကိုသတိပြုမိ ဖို့လိုတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ မကြာခင်မှာ တွေ့ကြုံရမယ့်မုတ်သုံလေ ဆုတ်ခွာစဉ် ကာလမှာတွေ့ရ တတ် တဲ့ သဘာဝဘေး အခြေအနေဖြစ်ပါ တယ်။ မုတ်သုံလေ ဆုတ်ခွာစဉ် ကာလမှာ လေထုဟာ မငြိမ်မသက် ဖြစ်ပေါ်လေ့ ရှိပါတယ်။ လေထု မငြိမ်မသက်ဖြစ်ပေါ်တာနဲ့ မိုးတိမ် တောင်တွေ ဖြစ်တော့တာပါပဲ။ မိုးတိမ်တောင်တွေဖြစ်ရင် လျှပ်စီး လက်တာ၊ မိုးခြိမ်းတာ၊ မိုးကြိုးပစ် တာ၊ နေရာကွက်မိုးကြီးတာ၊ မိုး သက်လေပြင်းတိုက်တာ၊ည   လေဆင် နှာမောင်းတိုက်တာ စတဲ့ဘေးတွေ ပါလာတတ်ပါတယ်။အခုဟာကတော့ မိုးလွန်ကာလနဲ့မိုးနှောင်းကာလဖြစ်တဲ့ အတွက် လေဆင်နှာမောင်းဖြစ်ဖို့ အလား အလာတော့နည်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို မုတ်သုံလေဆုတ်ခွာစဉ် လေထု မငြိမ်မသက်ဖြစ်ရာက မိုးတိမ်တောင် များဖြစ်လာမယ်ဆိုရင်တော့ မိုးကြိုး ပစ်တာတွေ၊ လျှပ်စီးလက်တာတွေ၊ မိုးခြိမ်းတာတွေ၊ နေရာကွက်မိုးကြီး တာတွေ၊ မိုးသက်လေပြင်းတိုက် တာတွေကတော့ မလွဲမသွေကြုံ တွေ့ရမှာဖြစ်ပါတယ်။    နေရာကွက် ပြီး မိုးကြီးမယ်ဆို မိုးကြီးတဲ့နေရာကို လိုက်လို့ လျှပ်တစ်ပြက် ရေကြီးတာတွေ၊ မြေပြိုတာတွေ ဒီဟာတွေဟာ အန္တရာယ်ပေး တတ်ပါတယ်။   သောအားဖြင့်    မြေပြိုတာနဲ့လျှပ်တစ် ပြက်ရေကြီးတာတွေဟာ တောင် ကြားဒေသတွေ၊ ကုန်းမြင့်ဒေသတွေ မှာရှိတဲ့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အလယ် ပိုင်းဒေသတချို့မှာ   ဖြစ်ပေါ်တတ်   လေ့ရှိပါတယ်။ ကချင်ပြည်နယ်၊ စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်စတဲ့ဒေသတွေ ဟာမြေပြို မှုမှာ နာမည်ကြီးတဲ့ဒေသ တွေဖြစ်ပါ တယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ ဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသ ကြီးတချို့ တို့မှာလည်း မြေပြိုမှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အထူးသတိထားရမှာကတော့၂ဝဝ၆ ခုနှစ်ကစပြီး နှစ်စဉ်လိုလိုလူတွေကို ရာနဲ့ချီပြီးသေစေအောင်လုပ်နေတဲ့ မိုးကြိုးပစ်ခြင်းအန္တရာယ်ဖြစ်ပါတယ်။  မိုးကြိုးပစ်မှုဟာ အမြဲလိုလိုနောက် ပိုင်းနှစ်တွေမှာ ပိုလာတတ်တာကို ကျွန်တော်တို့သတိပြုဖို့လို ပါလိမ့်မယ်။  နောက်တစ်ခု သတိ ထားရမယ့်အချက် ကတော့ရေကြီးမှုအန္တရာယ်ပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ရေကြီးမှု နှစ် စဉ် သုံးကြိမ်ကြုံတွေ့ရတတ်လေ့ရှိ ပါတယ်။ များသောအားဖြင့် ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင်၊ သြဂုတ်လမှာ တစ်ကြိမ်နဲ့ စက်တင်ဘာ၊ အောက် တိုဘာလတို့မှာတစ်ကြိမ် သုံးကြိမ် ကြုံတွေ့ရတတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရေကြီးမှုဟာ ဒုတိယ အကြိမ်ရေကြီးမှုဖြစ်ပါတယ်။ လော လောဆယ်အနေနဲ့ မိုးရွာသွန်းမှုတွေ လျော့နည်းနေတဲ့အတွက် များသော အားဖြင့် မြစ်ရေများဟာပြန်လည် ကျဆင်းနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ၂ဝ၁၁ ခုနှစ်အတွင်းမှာ တတိယရေကြီးကာလကို ကျော် ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီရေ ကြီးကာလကတော့ များသော အားဖြင့် မုတ်သုံလေဆုတ်ခွာစဉ် ကာလမှာဖြစ်ပေါ်တဲ့ မိုးတိမ်တောင် များကြောင့် မိုးရွာသွန်းမှုနဲ့ အရှေ့ ဘက်သို့မဟုတ် ဘင်္ဂလားပင်လယ် အော်မှာဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်း များကြောင့် မိုးပိုလာမှုနှစ် ကြိမ်ကြုံ ကြိုက်တဲ့အခါမှာ ပိုပြီးဖြစ်ပေါ်တတ် လေ့ရှိပါတယ်။ တတိယအကြိမ်ရေကြီးကာ လဟာ ဒုတိယအကြိမ်ရေကြီးကာ လလောက်အတိုင်းအတာအားဖြင့် မပြင်း ထန်ပေမယ်လို့ ၂ဝ၁၁ ခုနှစ်အ  တွက်တော့သတိထားရမယ့် အချက် တွေရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၂ဝ၁၁ ခုနှစ်ဟာနှစ်စက တည်းက မိုးကောင်းခဲ့ တဲ့နှစ် တစ်နှစ် ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာရှိတဲ့မြစ်တွေအားလုံးလိုလို ရေခံတွေကောင်းနေတဲ့အတွက်အကယ် ၍များမိုးသည်နှစ်ရက်၊ သုံးရက် အဲဒီ ကတစ်ဆင့်   လေးရက်လောက် ဆက်တိုက်ရွာမယ်ဆိုရင် မြစ်ရေများ ဟာသေချာပေါက်စိုးရိမ်ရေမှတ်အထက် ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒါ ကြောင့်မို့ ပြည်သူတွေအနေနဲ့ တတိ ယအကြိမ်ရေကြီးကာလကို အောင် အောင်မြင်မြင်ကျော်လွှားနိုင်ဖို့အတွက် သတိပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက် တစ်ချက်သတိထားရမယ့်အချက်က တော့ လာမယ့် မိုးလွန်ကာလအ တွင်းမှာ မြန်မာနိုင်ငံဘက်ကိုလာ နိုင်တဲ့အရှေ့ဘက်တောင်တရုတ်ပင် လယ်ကရွေ့လျားလာတဲ့မုန်တိုင်းအြ<ွကင်းအကျန်တိမ်တိုက်များပဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံအရှေ့ဘက်မှာရှိ တဲ့တောင်တရုတ်ပင်လယ်ပြင်နဲ့ ပစိ ဖိတ်သမုဒ္ဒရာအနောက်ပိုင်းဒေသဟာ ကမ္ဘာပေါ်မှာမုန်တိုင်းအဖြစ်ဆုံးဒေ သဖြစ်ပါတယ်။ တစ်နှစ်ကိုပျမ်းမျှ အားဖြင့် မုန်တိုင်း ၂၉ ကြိမ်ရှိပါ တယ်။လက်ရှိအချိန်အထိအဲဒီဒေသ မှာမုန်တိုင်း ၁၉ ကြိမ်ဖြစ်ပြီးပါပြီ။ ဒါကြောင့်မို့နောက်ထပ်မုန်တိုင်း ၁ဝ ကြိမ်ဖြစ်ဖို့ လိုပါသေးတယ်။ အဲဒီ ၁ဝ ကြိမ်ထဲကမြန်မာနိုင်ငံဘက်ကိုရောက် ရှိလာနိုင်တဲ့မုန်တိုင်းအြ<ွကင်းအကျန် များအဖြစ် လောလောဆယ်ခန့်မှန်း ရရှိထားတာ ကတော့   မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မှာတည်ရှိနေတဲ့ထိုင်းနိုင်ငံ ဆီကို အောက်တိုဘာလအတွင်းမှာ အနည်းဆုံးနှစ်ကြိမ်၊ နိုဝင်ဘာလ အတွင်းမှာ အနည်းဆုံးတစ်ကြိမ်ရှိ   နိုင်တယ် လို့ခန့်မှန်းထားရှိပါတယ်။ ဒီလိုရောက်ရှိလာတဲ့အခါ အောက် တိုဘာလအတွင်းရောက်လာတဲ့ တိမ်တိုက်များကတော့ ထိုင်းနိုင်ငံ အတွင်းမှာရပ်တန့်မသွားဘဲအနောက် ဘက်ကိုဆက်လက်ရွေ့လျားသွားပြီး မြန်မာနိုင်ငံထဲကို ရှမ်းပြည်နယ်၊ အဲဒီကတစ်ဆင့်မြန်မာနိုင်ငံအလယ် ပိုင်းဒေသများကို  ဖြတ်ကျော်သွား  လေ့ရှိပါတယ်။ နိုဝင် ဘာလအတွင်း ဝင်လာတဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကတော့တောင်ဘက် ကိုအနည်းငယ်နိမ့်ဆင်းသွားပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ အဲဒီကမှ တစ်ဆင့် ကရင်ပြည်နယ်၊ ပဲခူးတိုင်း  ဒေသကြီးစသဖြင့် ရွေ့လျားသွား လေ့ရှိပါတယ်။ ဒီလိုမုန်တိုင်းအကြွင်း အကျန်တိမ်တိုက်တွေမြန်မာနိုင်ငံကို ဖြတ်သန်းသွားရင်   သေချာ    ပေါက်မိုး ရွာစေမှာဖြစ်ပါတယ်။ အဲဒီမိုးရွာစေတဲ့အဖြစ်ထက် ပို မိုပြီးဆိုးရွားတဲ့ဖြစ်စဉ်များ ဖြစ်နိုင်ပါ သေးတယ်။ အဲဒါကတော့ အဲဒီမုန် တိုင်းတိမ် တိုက်တွေ   မြန်မာနိုင်ငံ ကို ဖြတ်ကျော်ရင်းနဲ့ အားပျော့ပျက်ပြယ် သွားခြင်းမရှိဘဲ အနောက်ဘက်ကို ဆက်လက်သွားမယ်ဆိုရင်ဖြင့် ဘင်္ဂ လားပင်လယ်အော်နဲ့ ကပ္ပလီပင် လယ်ရေပြင်များ အပေါ်ကို ရောက်ရှိ သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရေပြင် များအပေါ်မှာ မုန်တိုင်းအကြွင်းအကျန်အရှေ့လေပွေလှိုင်းများရောက် ရှိသွားမယ်ဆို ရင်ဖြင့်   ရေထိတဲ့ကြာ လို ပြန်လည်ပြီးလန်းဆန်းရှင်သန် လာလေ့ရှိပါတယ်။ များသော အားဖြင့်မိုးနှောင်းကာလနဲ့မိုးလွန်ကာ လမှာဖြစ်တဲ့မုန်တိုင်းများဟာအရှေ့ဘက် ကလာတဲ့လေပွေ လှိုင်းများကြောင့် ပြန်လည်အားပျိုးရာကဖြစ်လာတတ် တာများပါတယ်။ အဲဒီလို မုန်တိုင်း တွေဘင်္ဂလားပင်လယ်အော်မှာ ပြန် လည်ဖြစ်ပြီဆိုရင်ဖြင့် မုန်တိုင်း မိုးတွေ လည်းရရှိစေဦးမှာဖြစ်ပါ တယ်။ နောက်တစ်ချက် သတိထား ရမှာကတော့ မုန်တိုင်းများပဲဖြစ်ပါ တယ်။   ၂ဝ၁၁ ခုနှစ် လက်ရှိစက်တင် ဘာလအထိ ဘင်္ဂလား ပင်လယ်ပြင်   ရေပြင်ပေါ်မှာမုန်တိုင်းများ တစ်လုံး မှမဖြစ်သေးတာတွေ့နေရပါတယ်။ အမေရိကန်ပြည်ထောင်စု IRI လို့ ခေါ်တဲ့မုန်တိုင်းကြိုတင်ခန့်မှန်းရေး ဗဟိုဌာနရဲ့  ထုတ်ပြန် ချက်အရ စက် တင်ဘာလ ၂၆ ရက်နေ့အထိ ဘင်္ဂ လားပင်လယ်အော်မှာ မုန်တိုင်းများ ဖြစ်ပေါ်နိုင်ခြင်းမရှိဘူးလို့ခန့်မှန်းထား တဲ့အတွက်ကြောင့် စက်တင်ဘာ လကုန်တဲ့ အထိ မုန်တိုင်းများဖြစ်ပေါ် လာနိုင်စရာမရှိဘူးလို့ ဆိုရမှာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ မှာလွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၄ နှစ် သက်တမ်းရှိတဲ့ မုန်တိုင်းများရဲ့အတိတ် ရာဇဝင်မှတ်တမ်းတွေရှိနေပါတယ်။ အဲဒီ ၁၃၄  နှစ်သက်တမ်းများကို တစ်နှစ်ချင်းသေချာလေ့လာကြည့်တဲ့ အခါမှာတော့ ဘင်္ဂလားပင်လယ်   အော်ရဲ့သမိုင်းမှာ မုန်တိုင်း တစ်ကြိမ် တစ်ခါမျှမရှိတဲ့နှစ်ရယ်လို့ မရှိခဲ့တာ တွေ့ရပါတယ်။ နှစ်စဉ်မုန်တိုင်းဖြစ် လေ့ရှိပါတယ်။    အနည်းဆုံးမုန်တိုင်း   လေးကြိမ် ဖြစ်တတ် တာကို  တွေ့ရ ပါတယ်။ ၁၉၇၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ပေါ်တဲ့ မုန်တိုင်း များ လျော့နည်းလာခြင်းဟာလည်း အကြောင်းတစ်ခု ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ် တဲ့ မုန်တိုင်းများ   လျော့နည်း တယ် ဆိုပေမယ့် တစ်နှစ်ပျမ်းမျှ ၆ လုံး တော့ ဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့်၂ဝ၁၁ခုနှစ်ဟာ နှစ်ကုန်တဲ့ အခါ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းအနည်းဆုံး ၄ လုံးမှ ၆လုံးဖြစ်နိုင် တယ်လို့ ခန့်မှန်းခြင်းဟာ မမှားနိုင်တဲ့ခန့်မှန်းခြင်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ သို့သော် အဲဒီမုန်တိုင်း ၄ လုံး မှ ၆ လုံးဖြစ်မယ့် အချိန်ကာလ ကတော့များစွာ တိုတောင်းနေ ပါတယ်။  လက်ကျန်ကာလ ၃လဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင် ဘာအထိ ဒီ ၃ လအတွင်းမှာဖြစ် ပေါ်ရမယ့်သဘော ပြနေပါတယ်။ အဲဒီမုန်တိုင်း များဖြစ်ပေါ်မှုနဲ့ ပတ်သက် လို့မြန်မာနိုင်ငံအတွက် အရေးကြီး တဲ့အချက်နှစ်ချက်စဉ်းစားဖို့လိုပါတယ်။ ပထမအချက်ကတော့ ၂ဝ၁၁ ရဲ့ လက်ကျန်ကာလဖြစ်တဲ့ မိုးလွန်ကာ လမှာ မုန်တိုင်း များဖြစ်ခဲ့မယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံအတွက်မုန်တိုင်းအန္တရာယ် ဟာ သတိထားရမယ့်သဘောကို ပြနေပါတယ်။ ၁၈၇၇ ကစပြီး ၂ဝ၁ဝ ခုနှစ်အထိ၊ ၁၈၈၇ ခုနှစ်က စပြီး ၂ဝ၁ဝ ခုနှစ်အထိ လွန်ခဲ့တဲ့ နှစ် ပေါင်း ၁၃၄ နှစ်တာကာလအတွင်း မှာမြန်မာနိုင်ငံကို မုန်တိုင်း ၈၄ ကြိမ် ဖြတ်သန်းခဲ့ရာမှာ အဲဒီ ၈၄ ကြိမ်ရဲ့ ၅၁ ရာခိုင်နှုန်းဟာ မိုးကြိုကာလ မှာဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။  အင်္ဂလိပ်လအနေနဲ့ ဧပြီလနဲ့ မေလ ဖြစ်ပါတယ်။ ကျန်တဲ့ ၄၉ ရာခိုင် နှုန်းဟာ မိုးလွန်ကာလ အင်္ဂလိပ်လ အနေနဲ့   အောက်တိုဘာ၊   နိုဝင်ဘာ နဲ့ ဒီဇင်ဘာလတွေမှာဖြစ်ပါတယ်။  အဲဒါကြောင့် မိုးလွန်ကာလဆိုတာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကာလ မှာဖြစ်တဲ့ မုန်တိုင်းများဟာ မြန်မာ နိုင်ငံကို အန္တရာယ်ပေးတတ်ပါတယ်။ သို့သော်ငြားလည်း ဒီနေရာမှ အ ကြောက်မလွန်ဖို့တော့လိုအပ်ပါတယ်။ အဲဒီမိုးလွန်ကာလ မှာဖြစ်တဲ့    အောက် တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဒီ ၃ လအတွင်းမှာ ဘင်္ဂလားပင်လယ် အော်မှာဖြစ်တဲ့ မုန်တိုင်းအားလုံးဟာ မြန်မာနိုင်ငံကို အန္တရာယ်ပေးတတ် လေ့မရှိ ဘူးဆိုတာ အတိတ် စာရင်း ဇယားများက ဖော်ပြနေပါတယ်။ စာရင်းအင်းနည်းပညာအရ လေ့လာ ကြည့်တဲ့အခါမှာ မိုးလွန်ကာလ ၃လဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ  ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်း များအားလုံးရဲ့ ၈ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံကို ဝင်ရောက်တတ်တဲ့ အတွက် ဒီကာလမှာဖြစ်တဲ့ မုန်တိုင်း များဟာ အန္တရာယ်ရှိသော်လည်း  မုန်တိုင်းအားလုံးက အန္တရာယ် ပေးတတ်တာ မဟုတ်ဘူးဆိုတာ သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။ မိုးလွန်ကာလမှာ ဖြစ်လာမယ့် မုန်တိုင်း များနဲ့ပတ်သက်ပြီး ဒုတိယ အရေးကြီးတဲ့အချက်တစ်ခုကတော့ ဒီကာလမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရွေ့ လျားရင်းနဲ့ အရှေ့မြောက်ဘက် ကိုပြန်ကွေ့သွားတတ်တာဖြစ်ပါ တယ်။ ဘင်္ဂလားပင်လယ်အော်ထဲ မှာ အရှေ့မြောက်ဘက်ကိုကွေ့ သွားမယ်ဆိုရင်ဖြင့် ဘင်္ဂလားပင် လယ်အော်ရဲ့ အရှေ့ဘက်ကမ်းရိုး တန်းမှာရှိတဲ့နိုင်ငံနှစ်နိုင်ငံသာအများ အားဖြင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ ရတတ်လေ့ရှိပါတယ်။ အများဆုံးကြုံ တွေ့ရတတ်တဲ့နိုင်ငံကတော့ ဘင်္ဂ လားဒေ့ရှ်ဖြစ်ပါတယ်။ အဲဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တောင်ဘက် နည်းနည်းပိုစောင်းတဲ့ အရှေ့ဘက် လားရာအတိုင်းရွေ့မယ် ဆိုရင်တော့ များသောအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းပဲဖြစ် ပါတယ်။ ဒါပေမဲ့ လည်းရာသီဥတုပြောင်းလဲမှုကြောင့် နောက်ပိုင်းမှာမုန်တိုင်း သွားရာ လမ်းကြောင်း ပြောင်းလဲသွား တတ်တာကို နာဂစ်မုန်တိုင်းက သက်သေပြပြီးဖြစ်ပါ တယ်။ အဲဒါကြောင့် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန် တိုင်းဖြစ်တယ်ဆိုတာနဲ့ မုန်တိုင်း သတင်းကိုပြည်သူများအနေနဲ့ ဂရု တစိုက်နားဆင်ဖို့လိုပါတယ်။ မုန်တိုင်းများနဲ့ ပတ်သက်ပြီး သွားရာလမ်းကြောင်းဟာအရှေ့ မြောက်ဘက်ကိုကွေ့မယ်၊ အရှေ့ဘက်ကို ကွေ့မယ်ဆိုရင် ပိုပြီးတော့ သတိထားဖို့လိုအပ်ပါလိမ့်မယ်။ အဲဒီ အရှေ့မြောက် ဘက်  သို့မဟုတ် အရှေ့ဘက်ကိုကွေ့လာတဲ့မုန်တိုင်းများ ဟာမြန်မာနိုင်ငံ ကိုမဖြတ်သည့်တိုင်အောင်ဒီ မုန်တိုင်းများကို အကြောင်း ပြုပြီး မြန်မာနိုင်ငံမှာမိုးများရွာတော့ မှာဖြစ်ပါတယ်။ မိုးရွာတဲ့အချိန်ကိုကြည့်မယ် ဆိုရင် မိုးလွန်မှရွာတဲ့မိုးများဖြစ်တဲ့ အတွက် ဒီမိုးတွေကိုအခါလွန်မိုး၊ မိုးလေဝသအဆိုတော့ အချိန်အခါမဲ့ မိုးလို့ခေါ်လေ့ရှိ ပါတယ်။ အချိန်အခါ မဟုတ်ဘဲရွာတဲ့မိုးဖြစ်တဲ့အတွက် ကြောင့် ဒီမိုးတွေဟာကောင်းကျိုး ဆိုးကျိုးဒွန်တွဲနေလေ့ ရှိပါတယ်။ မိုးကိုအကျိုးရှိအောင် သုံးလိုတဲ့သူပဲဖြစ်ဖြစ်၊ ဒီမိုးရဲ့ဒဏ်ကိုကာကွယ် လိုတဲ့သူပဲဖြစ်ဖြစ် သေချာပေါက် မလွဲမသွေဆောင်ရွက်ရမယ့် အလုပ်ကတော့  ဒီမိုးများနဲ့ပတ် သက်တဲ့ကြိုတင်ကာကွယ်မှုပဲဖြစ်ပါ တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်အနေနဲ့ရော၊ မိမိရဲ့လုပ်ငန်းလိုအပ်မှုအနေနဲ့ရော လာမယ့်မိုးလွန်ကာလမှာ ကြုံတွေ့ လာနိုင်တဲ့အခြေအနေတွေ၊ မုန်တိုင်း အခြေအနေတွေကို နားဆင်နေဖို့ လိုပါတယ်။ မုန်တိုင်းသတင်းများနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အချက် လေးတစ်ခုကို တင်ပြလိုပါတယ်။ မိုးလေဝသဌာန အနေနဲ့တော့ ဘင်္ဂ လားပင်လယ်အော်မှာ မုန်တိုင်းတစ် လုံးဖြစ်ပြီဆိုရင်ဖြင့် သတင်းများ ထုတ် ပြန်ရမယ့်တာဝန်ရှိပါတယ်။ ဒါ ကြောင့်မုန်တိုင်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေထုတ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုဝင်သည်ဖြစ်စေ၊ မဝင် သည်ဖြစ်စေ သတင်းများထုတ်ပြန် ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ တွေအနေနဲ့ ထုတ်ပြန် တဲ့သတင်းကို ကြည့်ပြီးဒီမုန်တိုင်းကတော့ မြန်မာ ပြည်ကိုဝင်မယ် အန္တရာယ်ပေးမယ့် မုန်တိုင်း၊ ဒီမုန်တိုင်းကတော့ မြန်မာ ပြည်ကို အန္တရာယ်မပေးမယ့်မုန်တိုင်း လို့ အလွယ်တကူခွဲခြားနိုင်တဲ့နည်း လေးရှိပါတယ်။ အဲဒီနည်းလေး ကတော့ ထုတ်ပြန်တဲ့ သတင်းရဲ့ ခေါင်းစဉ်လေးကို သတိထားဖို့လိုပါ တယ်။ မိုးလေဝသဌာန အနေနဲ့   မြန်မာနိုင်ငံကိုမဝင်တဲ့ မုန်တိုင်းများကို မုန်တိုင်းသတင်းလို့ပဲ ထုတ်ပြန်လေ့ ရှိပါတယ်။   မြန်မာနိုင်ငံကိုဝင်မယ့် မုန်တိုင်းများကို မုန်တိုင်း သတိပေးချက်လို့ ထုတ်ပြန်လေ့ ရှိပါတယ်။ မုန်တိုင်းတွေမှာ လူတွေကို အန္တရာယ်ပေးတဲ့လက်နက်သုံးမျိုး ရှိပါတယ်။ မိုးသည်းထန်စွာ ရွာသွန်း ခြင်း၊ ပြင်းထန်သော လေတိုက် ခတ်ခြင်းနဲ့ မုန်တိုင်း ဒီရေလှိုင်း  များတက်ခြင်းဆိုတာပဲဖြစ်ပါတယ်။ များသောအားဖြင့် ဒီ ၃မျိုးမှာလူတွေ ရဲ့အသက်ကိုအန္တရာယ်အပေးဆုံးက မုန်တိုင်းဒီရေလှိုင်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီတော့မုန်တိုင်းဒီရေလှိုင်းများနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခုကို သိထားဖို့လိုအပ် ပါတယ်။ အဲဒါက တော့ မုန်တိုင်းတွေကမ်းခြေကိုဖြတ် တဲ့အခါ မုန်တိုင်းရဲ့  အင်အားလေ တိုက်နှုန်းဟာ ကျွန်တော့်ရဲ့အတွေ့ အကြုံအရ မိုင် ၁ဝဝ အထက်မ တိုက်မချင်း ကမ်းပေါ်ကိုရေတက် လေ့မရှိပါဘူး။ ယခင်အတိတ်အတွေ့ အကြုံများအရ    လေတိုက်နှုန်း အနည်းဆုံး တစ်နာရီမိုင် ၁၂ဝ နဲ့အထက်လေများ၊ မုန်တိုင်းများက သာကမ်းခြေ များပေါ်မှာ မုန်တိုင်း ဒီရေလှိုင်းများတက်တဲ့ သဘာဝရှိတယ်ဆိုတာ ကျွန်တော့်ရဲ့အတွေ့ အကြုံအရ သိရှိထားရပါတယ်။ ဒါကြောင့်အများပြည်သူကို အရေးကြီးတဲ့ အချက်အနေနဲ့အချုပ် အားဖြင့် တင်ပြလိုတာကတော့ လာမယ့်ကာလ အတွင်းမှာ မုန်တိုင်း တွေဖြစ်ဖို့ရှိနေပါတယ်။ ဒါကြောင့် လာမယ့်ကာလများမှာ မုန်တိုင်းသတင်း ထုတ်ပြန်တိုင်း သေချာနား ဆင်ဖို့လိုပါတယ်။ ဒီလိုနားဆင်တဲ့ အခါမှာ မုန်တိုင်းသတိပေးချက်လို့ ဆိုရင်မြန်မာနိုင်ငံကိုဖြတ်တော့မယ့် မုန်တိုင်းလို့သိဖို့ လိုပါတယ်။   မြန်မာ   နိုင်ငံကိုဖြတ်တဲ့မုန်တိုင်းမှာ  အင်အား အဆင့်ကို လိုက်လို့   ရေမ တက်တတ်တာ ကိုလည်းသတိပြုဖို့လိုပါတယ်။ နာဂစ်မုန်တိုင်းလို လူတွေများစွာသေအောင် ရေလှိုင်းကြီး   တွေဖြစ်တတ် တဲ့မုန်တိုင်းဆိုတာ တစ်နာရီမိုင် ၁၄ဝ၊ ၁၅ဝ   ဖြစ်ပါတယ်။ အဲဒါအ ပြင်မုန်တိုင်းဝင်ရောက်ရာဒေသကို လိုက်လို့အသေအပျောက်ကလည်း ကွာခြားနိုင်ပါ တယ်။ လေ့လာတွေ့ရှိ မှုများအရ မုန်တိုင်းကကမ်းခြေကို   ဖြတ်တဲ့ အခါမုန်တိုင်းရဲ့လေတိုက် နှုန်းဟာလည်း ၁၂ဝထက်ကျော်မယ် ဆိုရင် ရေတက်ပါမယ်။ ဒါပေမဲ့ တက်တဲ့ရေရဲ့အမြင့်ဟာ ရခိုင်ကမ်း ရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် အလွန် ကွာခြားပါတယ်။ ကိုယ်တွေ့တိုင်းထွာ ချက်များအရရော၊ သီအိုရီတွက်ချက် မှုများအရရော   မြစ်ဝကျွန်းပေါ် ဒေသဟာ ရခိုင်ကမ်းရိုးတန်းထက် မုန်တိုင်းအင်အား ချင်းတူသည့်တိုင် အောင် ရေနှစ်ဆခန့်ပိုမြင့်အောင် တက်တတ်တယ်ဆိုတာကို မြစ်ဝ ကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့ ပြည်သူများ အထူးသတိပြုဖို့လို အပ်ပါတယ်။ နိဂုံးအားဖြင့် ပြောလို တာကတော့ မုန်တိုင်းဟာဖြစ်မယ်။ ဖြစ်တဲ့မုန် တိုင်းကလည်းကိုယ့်ဆီ လာမယ်။ အထူးသဖြင့် မြစ်ဝကျွန်း ပေါ်ကို ဦးတည်မယ်ဆိုရင် မလွဲ မသွေ လုပ်ရမယ့် အလုပ်ကတော့ မိမိတို့မုန်တိုင်းဘေးမှ ကင်းရာအရပ် ကို ရှောင်ရှားကြဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မုန်တိုင်းနဲ့ပတ် သက်ပြီးသေစေတတ်တာ၊ မုန်တိုင်း ဒီရေလှိုင်းဖြစ်တဲ့အတွက် ရှောင်ရှား တဲ့နေရာမှာအနည်းဆုံး ၁ဝမီတာ၊ သို့မဟုတ် ပေ၃ဝခန့်မြင့်တဲ့ နေရာတစ်ခုကို အမြန်ဆုံးရောက်အောင်  ပြောင်းရွှေ့နေထိုင်ဖို့ သင့်တဲ့အကြောင်း တင်ပြအပ်ပါတယ်။
မောင်ထွန်းလွင် (မိုးလေဝသ)
မိုးနှောင်းကာလ မုန်တိုင်းအန္တရာယ် မိုးနှောင်းကာလ မုန်တိုင်းအန္တရာယ် Reviewed by သစ်ထူးလွင် on 22:11 Rating: 5

No comments:

Powered by Blogger.